–” E E ဘယ်သူပေါက်… မောင်ပေါက်… ပေါက်တဲ့သူ မှန်မှန်ပြော… E ဘွတ်တရားဟော… ဟောလို့ မကြေ သံပရာရည်… တောင်ပေါ်က ခရမ်းသီး… ဓားနဲ့ ပါးပါးလှီး …. E …”
– အာ.. ဒီကောင်တော့ လုပ်ချလိုက်ပြန်ပြီ မပြောနဲ့နော်… တကယ် ကြည့်လိုက်ရင် ရေမြေ့သနင်းချည်းပဲ… မန့်လိုက်ရင် ပြောပါတယ်… ဒီတော့ မန့်မကောင်းလို့လား… ဒါမှမဟုတ် စာတွေက လေးနေလို့လား…
– ဒီတော့.. ပေါ့ပေ့ါပါးပါး မဟုတ်က ဟုတ်က မန့်လို့ ရအောင် ပို့စ်တင်လိုက်တယ်ဗျာ…
– ကဲ … နှာခေါင်းလေးတွေ ပိတ်ပြီး ဖတ်လိုက်ကြရအောင်… 🙂
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– အပေါ်က ကဗျာ ပြောမလား… စာသားလေးတွေကို ဘယ်လို ပြောရမလဲ.. ငယ်ငယ်က တယောက်ယောက်က ထုလိုက်လို့ ရှိရင် အဲဒါလေး နဲ့ အဖြေရှာကြတယ်လေ…. 🙂
– မှန်မမှန်တော့ မသိဘူး… သိသလောက်က ပေါက်တဲ့ကောင်က စ ပြီး နှာခေါင်းအရင်ပိတ်တာပဲ…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– နည်းနည်း ကြီးလာတော့ ရှက်တတ်ပြီ… ကြိတ်ရှုရတယ်ဗျ… မခံနိုင်ရင် ကိုယ့်ရင်ဘတ်ထဲ ကိုယ့်ခေါင်းထိုးပြီး အသက်ကို လု ရှုရတယ်…
– စာသားတွေလဲ မရွတ်တော့ဘူး… အမူအရာ ပျက်နေတဲ့ကောင်ကိုပဲ ဘေးကတယောက်ကို အတင်းလှမ်းပြောရတယ်…
– ကိုယ့်အလှည့်ဆိုလဲ အရမ်းပေါက်ချင်ရင် ဖင်ကို လိမ်ထားရတယ်… သိသွားရင် ရှက်စရာကြီးလေ… E ပေါက်ကောင်ဆိုပြီးတော့…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– လူပျိုပေါက်လောက်ကျတော့ စားရင်တောင် ငံပြာရည်၊ ကြက်သွန်ဖြူ ရှောင်လာတယ်… ဒါတွေက အနံ့ ကို ပို သက်ဝင်စေတာကိုး…
– ချိုင်းကလဲ ချွေးစော် နံတတ်နေပြိလေ… လူရည်တော့ နည်းနည်း လည်လာတယ်… ကပ်တိုးလေး ချောင်ထဲ မှာ သွားပေါက်တတ်လာတယ်… ကျန်းမာရေး အသိလဲ ပါတာကိုး…
– ခံရဆိုးတာကတော့ လိုင်းကားတိုးရင် ဆိုးပြီ… မီနီဘတ်စ် ( ၂၀၄ ) စီးလို့ကတော့ တယောက်ယောက် ထုလိုက်ရင် ခေါင်းကလေးကို မော့ထားရတယ်… စုစည်းချုုပ်ထိန်းထားတာကို မတော် ပွင့်တာမျိုးဆို သေချင်စော်ကို နံတာ…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– လူပျိုလေး လဲ ဖြစ်လာရော ဟီး… မရှက်တော့ဘူး… လမ်းမှာ မျက်နှာချင်းဆိုင်က ကောင်မလေး ဖြတ်လာရင် ၂ ယောက် ကျောချင်းကပ် အနေအထားဆို ဒိန် ကနဲပဲ… ဟိ… 😀
– သူငယ်ချင်းတွေ ကြားထဲလဲ… Thank You က ခေတ်စားလာတယ်… တယောက်ဆို ရှိသေးတယ်… E ကြောတဲ့ နှိပ်ထားရင် ဆက်တိုက် အသံထွက်တယ်ဗျာ….
– မျက်နှာပိုပြောင်တဲ့ အချိန်မျိုးဆို ထွက်တဲ့ အချိန် လက်နဲ့ အုပ်… ပြီးရင် သူငယ်ချင်းတယောက် နှာခေါင်းနဲ့ ကပ်ပြီး… ဘာနံ့ကြီးလဲ ရှုကြည့်စမ်းဆို… ပျို့ပါ ပျို့ပါတယ်ဆို….
– ပြီးရင် လက်မောင်းက အထိုးခံရဖို့ ပြင်ထားပေရော့ပဲ… ဒါလဲ မမှတ်ပါဘူး…
– ဒါလေးတွေက ငယ်စဉ်တောင်ကျေးကနေ အမှတ်တရတွေပါ…
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
– အခုကတော့ ခွဲခြမ်းသုံးသပ်မှုပေါ့… တချို့က ဆိုတယ်… တိုးတိုးလေး က ပိုနံတယ်တဲ့… အသံကျယ်တာက ကျယ်တာပဲ ရှိတယ်… မနံဘူးတဲ့….
– ကျွန်တော်ကတော့ ထင်တယ်… ကျယ်လဲ နံမှာပဲ… ဘာလို့ဆိုတော့ ဒါက စွန့်ပစ် ရနံ့ကိုးဗျ… တခြားမကြည့်နဲ့ ပန်းပဲ ကြည့် လန်းတုန်းက မွှေးတယ်.. မလန်းဘူး စွန့်တယ် နံတယ်…
– ဒါဆို တိုးတိုးလေးက ဘာလို့ နံတာလဲ… ဒါက ရှင်းတယ်… တိုးတိုး ပေါက်ကတည်းက လူမသိစေချင်တာ… အခွင့်စောင့်တယ်.. မရဘူး.. အောင့်တယ်.. ကြာတော့… နှစ်ချို့သလိုဖြစ်ပြီး ပြင်းသွားတာ…
– ပြီး တချို့က E နဲ့ ချီး မကွဲဘူးဗျ… E ဆို ရနံ့ သက်သက် ဗျ… ချီးက အနံ့ ရော… အ_သာရော …. အဲ ဒုက္ခပဲ … ဘယ်လို ရေးရမလဲ… အော် … သိပြီ…
– E ဆိုတာ Gas… ချီး ဆိုတာ Solid With Gas…. အဲလို ဗျ…
– တခါ မေးဖူးတဲ့ မေးခွန်းလေး မှတ်မိမလားပဲ… လူက ဗိုက်နာလို့ မထုတ်ရသေးဘဲ ကြန့်ကြာရင် ဘာလို့ လေလည် ( E ပေါက် ) သလဲ ဆိုတာ…
– ထင်တာ ပြောရရင် အဲဒီ Solid မှာ အပူဓာတ်ပါတယ်ဗျ… ဒါကြောင့်လဲ ကမုတ်တွေထဲ ရေထည့်ထားတာ… တော်တော်ကို အရှိန်နဲ့ ဆင်းလာကြည့် ပလုံ ဆိုတာ နဲ့အတူ ရှဲ ဆိုတာကို သဲ့သဲ့လေး ကြားရလိမ့်မယ်…
– ရေထည့်တာလဲ… နောက်ရည်ရွယ်ချက်ရှိတယ်… ဘာဓာတ်လဲ မသိဘူး… ဝမ်းချုပ်ကြည့် ရေလေး နည်းနည်း ဖြန်းလိုက် အဆင်ပြေသွားတယ်… ဒါနဲ့ ဘာဆိုင်လဲ မေးရင်…
– ဝမ်းချုပ်တဲ့ အချိန်… အိမ်သာ မဟုတ်တဲ့ နေရာ ရေမြောင်းမပါနော်( ရေဓာတ်ပါနေဦးမယ်)… အလွတ်ကြီးမှာ အုတ်ခဲဆင့်ပြီး တက်ကြည့်… ဘယ်ဟာ ပို ချောမွေ့လဲ ဆိုတာ သိလိမ့်မယ်….
– ဒီတော့ ခုနက အပူရှိန်တွေဟာ အပြင်မထွက်သေးဘဲ ပိတ်မိနေတယ်… ဆိုရင် … လမ်းကြောင်းရှာမယ်… အလွယ်ဆုံး အနီးဆုံးက ဒါဆို ဒီကိုပဲ ထိုးထွက်လာတယ်…
– ဒါကိုပဲ လေဆက်တိုက်လည်တယ် ( ပါချင်တာကို ချုပ်တည်းထားတယ် ခေါ်တယ်)… မဟုတ်ရင် ဘာဖြစ်မလဲ… ဗိုက်ထဲ လေလာထိုးတယ်…
– ဒါကြောင့် လူတွေ ပရုတ်ဆီလိမ်းတယ်… လိမ်းတော့ ဗိုက်အနှံ့လိမ်းတယ်လေ… ဒီတော့ ပူရင် လေဆိုတာ ပွလာတယ်… ပေါ့လာတယ်… အပူကို ပြန်လာမကပ်တော့ … လမ်းကြောင်းရှာတယ်…
– နောက်ဆုံး အပူ မပေးတဲ့ နေရာ ဌာနေကို ပြန်သွားတယ်… အဲအချိန် လူက ကြိုဆိုရေး နဲ့ စောင့်မျှော်နေတော့…. အောင်မြင်စွာ ဘူ ကနဲ ထွက်လာပါတော့တယ်……
– စဉ်းစားတာ မှားနေရင် ပြန်ပြင်ပေးဖို့လဲ အကူအညီတောင်းပါတယ်နော်… 😀
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
စာကြွင်း – အနော်ရဲ့ ပို့စ်ကို ညစ်ပတ်လို့ ပြောလဲ တတ်နိုင်တော့ဘူးဗျာ… ပျော်စေ ပျက်စေဆိုပြီး တင်တာပါ.. စိတ်မဆိုးကြပါနဲ့….
– ပြီးတော့ လမ်းမှာ တွေ့လဲ ကျောချင်းကပ်အနေအထားဆို ရင်မထိတ်ကြပါနဲ့လို့ … အဲလို အခုဆို မလုပ်တော့ပါဘူးလို့… ဟီး…
– ဒီလောက်နဲ့ပဲ ပို့စ်ကို အဆုံးသတ်ပါရစေ ခင်ဗျာ….. 🙂
– အဆုံးထိ ဖတ် ပြီး နံ ပြီး မန့်သွားရင် ကျေးဇူးပါလို့…. နှာခေါင်းပိတ်ပြီး ဖတ်ဖို့ မမေ့ဘူး ထင်ပါတယ်… ဟဲ
ရေမြေ့သနင်း
Post Views: 574
24 comments
တောင်ပေါ်သား
November 10, 2014 at 3:36 pm
ဘူဆိုရင် တစ်ဝိုင်းလုံး လျော်ရပြီ ၊ 🙂
Yae Myae Tha Ninn
November 10, 2014 at 3:39 pm
ဘူကြီးဆော့တာဆိုရင်တော့ တဝိုင်းလုံး စားရမှာပေါ့… ဦးမျိုးရဲ့… 🙂
ကေဇီ
November 10, 2014 at 3:41 pm
နာ တို့ ၁ဝ တန်းတုန်းက အီး ဗုံးတွေ ခေတ်စားလိုက်သေးတယ်။
ဟေးဟေးးး
Yae Myae Tha Ninn
November 10, 2014 at 4:44 pm
ဟုတ်ပါ့…ဒါပေမဲ့ အတုကတော့ အစစ်လောက် ရနံ့ဘယ်သင်းမလဲ… 🙂
ဂျက်စပဲရိုး
November 10, 2014 at 4:04 pm
လက်ဝါးထဲ ထည့်ပြီး သူများ ကို ရှူခိုင်းတယ် ဆိုတာကြီးကတော့ လက်လန်သဗျာ။
စဉ်းစားမိလိုက်ရုံနဲ့ကို နှာခေါင်းရော ကျောရော မြီးညှောင့်ရိုး ပါ ရှုံ့ချင်သွားသလိုလိုပဲ…. း)
Yae Myae Tha Ninn
November 10, 2014 at 4:48 pm
လက်ဝါးထဲ ဟုတ်ဘူး.. ဂျက်.. လက်သီးလေး ဆုပ်ထားရတယ်.. မဟုတ်ရင် ရနံ့ ပြယ်သွားမှာ… တအားကြီးလဲ ဆုပ်လို့မရဘူး.. သူ့အတွက် နေရာလေး နည်းနည်း ချန်ပြီး ဆုပ်ရတာ.. ပြီးမှ တေ့ လိုက်… အိုး… တကယ် ပြည့်စုံတဲ့ အော်ဂလီဆန်မှု ကြီးပေါ့… 🙂 ခွီ
kyeemite
November 10, 2014 at 4:12 pm
.အသက်ကြီးတော့မှသိလာတယ်…လေလေးတဖျူ းဖျူ းမှနေလို့ကောင်းတာ
.လေချုပ်ရင်လူတော်တော်ခံရတယ်…ဒါ့ကြောင့်လေလည်တာကောင်းမှန်းသိလာတယ်
.ဒါတောင် လေနဲ့ဝမ်းမကွဲရင်ဒုက္ခရောက်တတ်သေးတယ်
.ဝမ်းတစ်လုံးကောင်း ခေါင်းမခဲဘူးလို့ ဆိုသမို့လား :mrgreenn:
Yae Myae Tha Ninn
November 10, 2014 at 4:58 pm
ဒါမှ ဦးကြီးမိုက်ကွ.. ထပ်မံ ဖြည့်စွက်သွားတယ်… ဟီး… လေနဲ့ ဝမ်း မကွဲရင်တော့ ဇာပျံလေး ကတိုးလျက်ဆား စားလိုက်… တော်တော်လေးများ စားလိုက်ရင် … မော်တော်လေးများသွားလိုက်သလို ဘွတ်ဘွတ် ဘွတ်ဘွတ် နဲ့လေ… 🙂
မြစပဲရိုး
November 10, 2014 at 10:30 pm
နင်းနင်းပေါက်
:))
Yae Myae Tha Ninn
November 11, 2014 at 8:47 am
အရီး နှာခေါင်းပိတ်ပြီး ဖတ်ရဲ့လား… 🙂
uncle gyi
November 10, 2014 at 11:32 pm
အီးပေါက်တာကျမ်းမာရေးအတွက်ကောင်းဆိုပေမဲ့
လူအများကြားဆိုအတော်ဂွကျတဲ့အလုပ်ကိုးဗျ
Yae Myae Tha Ninn
November 11, 2014 at 8:49 am
ဒါဆို လူကြားထဲရောက်လို့ မအောင့်နိုင်ရင် ဦးလေးကြီးက ရနံ့ မပြင်းအောင် ညှာပေါက်ပေးပေါ့… 😛
အလင်းဆက်
November 11, 2014 at 9:04 am
ကျနော် ဟိုတလောက ပယ်တယ်လို့ ယူဆထားတဲ့ ရသ…
အဲဒီ ရသကြီး ရတယ်… ။
Yae Myae Tha Ninn
November 11, 2014 at 9:22 am
ဘီလို ရသလဲ.. ဆက်ဆက်ရဲ့… လင်းပါဦး… 🙂
အလင်းဆက်
November 11, 2014 at 9:44 am
အနုပညာမှ ရရှိသော…
ခံစားမှုကို နှစ်သက်ကြည်နူးခြင်း / ရသ ဖြစ်သည်ဟု…ကျွန်တော်တင်ပြခဲ့ဖူးပါသည် ။
ကျွန်တော် သတ်မှတ်ခြင်းဖြစ်ပါသည် ။
ကျမ်းရိုးအလင်္ကာမှ ဝိဘစ္ဆရသ ကို ကျွန်တော်..လက်မခံလိုပါ ။
ဆိုလိုသည်မှာ… အနုပညာမှ ရသော ခံစားမှုသည်…နှစ်သက်ကြည်နူးခြင်းဟု..ဆိုပါလျှင်…
ဝိဘစ္ဆရသကို မထည့်သွင်းသင့်ပါ။
ဝိဘစ္ဆသည်… စက်ဆုပ်ရွံရှာမှု ( ဝါ )စက်ဆုပ်ရွံရှာမှု ဖြစ်ပေါ်စေသော ရသဖြစ်သည် ။
အခြားသော ရသများနှင့် နှိုင်းယှဉ်ကြည့်ပါ ။
ကြောက်ရွံ့စေသော…. ၊ ထိတ်လန် ့တုန်လှုပ်စေသော… ခံစားမှုဆိုပါလျှင်…
ကြောက်ရွံ ့ ထိန့်လန့် တုန်လှုပ်နေစဉ်မှာပင်… နှစ်သက်ကြည်နူးမှုကို…ရနေ၏ ။
ကြောက်ကြောက်ရွံ ့ရွ ံ့ ့နှင့်ပင်… ထိုခံစားမှုကို လက်ခံနေ၏ ။
ဆက်လက် ခံစားလိုစိတ် ရှိရ၏။
စက်ဆုပ်ရွံ ရှာမှုရသမှာ…. ထိုသို ့မဖြစ်နိုင်….။
တကယ် စက်ဆုပ်ရွံ ရှာဖွယ် ဖြစ်လာပါက ထို ခံစားမှုကို… မသာယာ မကြည်နူးနိုင်တော့…။
မနှစ်သက်နိုင်တော့…။
ထိုခံစားမှုကို ဆက်လက် မခံစားလိုတော့..။ လက်မခံလိုတော့…။
ဝိဘစ္ဆကို… ကျွန်တော်.. လက်မခံကြောင်းသာ ပြောခဲ့ပါသည်။
အများလက်ခံ မခံ ဆိုသည်မှာ.. အများသဘောဆန္ဒသာ… ဖြစ်သည် ။
ဇော်ဇော်အောင် / ဖတ်စာ / ကျိုက်ဝိုင်းစစ်တမ်း – စာမျက်နှာ 354 / 355 ….မှ…..
——————————————————————–
အဲဒီ .. အယူအဆကို ..
အဲဒီ ….စာအုပ်ထဲမှာ..
အဲဒီလို.. ဖတ်လိုက်ရတော့….
ကျွန်တော်…လည်း..
အဲဒီ အယူအဆအတိုင်း… လက်ခံလိုက်ပါတယ် ။
ဟုတ်တယ်…။
ကျွန်တော်လည်း…. အဲဒီ ဝိဘစ္ဆရသ ဆိုတာကြီးကို… နည်းနည်း.. အော့ကြောလန်တယ် ။
—————————————————–
အနုပညာအကြောင်း..ခပ်ကြမ်းကြမ်းပြောချင်နေတဲ ့..ကျွန်တော့်လို…….
အနုပညာပင်လယ်ကမ်းစပ်က…
အမှိုက်အတိုအစလေးတစ်ကောင်… က…
သမိုင်းအစဉ်အလာထဲက……. ဝိဘစ္ဆရသ ကို… မချစ်မနှစ်သက်နိုင်ဖြစ်နေတယ်…။
ဆရာဇော်ဇော်အောင်…ရဲ ့ အယူအဆအတိုင်းပေါ့…။
——————————————————-
ကျွန်တော်တို ့….
စုန်းကဝေ ဇာတ်ကားတွေ ကြည့်ဖူးကြပါတယ် ။
မလေးရှားစုန်းကားတွေပေါ့ ..။
အဲဒီလို ရုပ်ရှင် ( ရုပ်ရှင်အနုပညာ )ဇာတ်ကားတွေထဲမှာ…ပါတဲ ့…
ဇာတ်ဝင်ခန်းတချို ့ဟာ..အတော့်ကို ရွံရှာဖါယ်ရာ ဖြစ်တာတွေပါ ပါတယ် ။
ဥပမာ.. လောက်ကောင်တွေကို.. ဝါးစားနေတာတို ့….
မျက်နှာမှာ..လောက်တွေ တဖွားဖွားနဲ ့..အနာပက်ပြဲကြီးတို ့….
ခြေပြတ် လက်ပြတ် တွေ … ပုပ်ပွနေတာတို ့… စသည်ဖြင့်ပေါ့လေ…။
အဲဒီလို… ရွံစရာ.. စက်ဆုပ်စရာ.. ပြကွက်မျိုးကို.. မြင်တဲ ့အခါ….
ကျွန်တော်တို ့.. ကျေနပ်နှစ်သက်သလား…။
တစ်ိမ့်စိမ့်နဲ ့.. ကြည့်မဝနိုင်အောင်.. ထပ်ကြည့်မိသလား…
ပန်းကလေးတစ်ပွင့်ကိုကြည့်သလို.. မက်မက်မောမော မျက်တောင်မခတ်ပဲ.. အဲဒီ ရွံစရာပြကွက်ကို.. စိုက်ကြည့်နေသလား…။
နှစ်သက်ကြည်နူးမှု ဆိုတဲ ့.. တပ်မက်စွဲလမ်းဖွယ်.. အရသာ / ရသ ကို..ခံစားလို ့မဝ..နိုင်ပဲ..
တရှိုက်မက်မက်..ကြည့်မိပါသလား….
ကျွန်တော့်အတွက်တော့… နိုး ပါပဲ…။
လောက်ကောင်တွေ တဖွားဖါားကို စားပြတာမျို း… ရွံစရာ အနာကြီးကို…အနီးကပ်ပြလိုက်တာမျိုးကို..
ကြည့်မိတဲ့အခါ..ပျို ့တက်လာတဲ ့… ခံစားချက်… အန်ချင်လာတဲ ့..ခံစားချက်နဲ ့…
အကြည့်ကို လျွှဲဖယ်ပစ်လိုက်တာပါပဲ..။
နှစ်သက်မက်မောစွာနဲ ့….စိုက်ကြည့်နေဖို ့ဆိုတာ….အဝေးကြီးပေါ့…။
အကြည့်ကို.ချာခနဲလှည့်ပြီး..အဲဒီလို မြင်ကွင်းမျိုးကို…မြင်ရပြီးနောက်မှာ…
ချက်ချင်း မေ့ဖျောက်နိုင်ဖို ့..ကြိုးစားရတော့တာပါပဲ ။
မျက်လုံးထဲ..ထပ်ထပ် မြင်ယောင်နေရင်..ထမင်းစား…ပျက်လို ့…။
ဒီတော့…. စက်ဆုပ်ရွံရှာခြင်းကို.. ကျွန်တော် မကြိုက်ပါဘူး ။
ဒီတော့….ဝိဘစ္ဆရသ ကိုလည်း… ကျွန်တော်..မကြိုက်ပါဘူး ။
အနုပညာဆိုတာ..ဖန်တီးရာမှာ… ဝိဘစ္ဆရသ မြောက်အောင် ဖန်တီးရင်… ( ဖန်တီးထားတာက ဝိဘစ္ဆရသ မြောက်နေရင်…)
ကျွန်တော်တော့…အဲဒီအနုပညာပစ္စည်းကို.. နှစ်သက်ကြည်နူးစွား..လက်ခံနိုင်မှာ…မဟုတ်ပါဘူး ။
ဒီနေရာမှာ….
ဆရာဇော်ဇော်အောင်နဲ ့..ကျွန်တော်…
အယူအဆ / သဘောထားချင်း..တူညီပါတယ်…လို ့…။
————————————————————————-
နိဂုံး ထပ်ချုပ်လိုက်ပါ့မယ် ။
ဒီ ကိစ္စမှာ..ဆရာဇော်ဇော်အောင်နဲ ့.. အလင်းဆက်….
သဘောထား / အယူအဆချင်း… တူညီပါတယ် ။
ဆရာဇော်ဇော်အောင်..ပြောတဲ ့ အယူအဆကို …
အလင်းဆက်.. လက်ခံပါတယ် ။
————-
သေသေချာချာပြောခဲ့ချင်တာကတော့…
ဒီ သဘောထား / ဒီ အယူအဆ / ဒီအတွေး ဟာ…
ဒီအချိန်… ဒီနေရာမှာ… ကျွန်တော်.တွေးတော လက်ခံမိတဲ ့.. အတွေးအခေါ် / အယူအဆသာ ဖြစ်ပါတယ် ။
————-
ပြောစရာ ရှိ်တာတွေ.. အကြောင်းညီညွတ်ရင်..
ထပ်ပြောပါဦးမယ်..။
လေးစားစွာဖြင့်….
အလင်းဆက်
7. 10 .2013
alinsett.art@gmail.com
http://myanmargazette.net/186666
အနုပညာဖန်တီးရာမှာ…ဝိဘစ္ဆရသ …ကို မလိုလားဘူး
– အလင်းဆက်
Posted by အလင်းဆက် on Oct 7, 2013 in Arts & Humanities, Creative Writing, Critic,
Yae Myae Tha Ninn
November 11, 2014 at 12:21 pm
ဖတ်ရင်း နံချင်နံမိလိမ့်မယ်.. မအန်တော့ မအန်ချင်လောက်ပါဘူး… ချစ်စရာ အရေးအသားလေးတွေ ထည့်ထားတယ်လေ… ဥပမာ အီးစော်နံတယ် မသုံးဘူး… အဲဒီ ရနံ့လေး သင်းတယ်ဆိုပြီး နုထားပါတယ်… ဟဲ… 🙂
ဦးဦးပါလေရာ
November 11, 2014 at 11:25 am
.လေလည်တယ်ဆိုတာ ကိုယ့်တစ်ယောက်ထဲအတွက်တော့ သဘာဝဖြစ်စဉ်တစ်ရပ်ပါပဲ..
.ရှက်စရာမဟုတ်ပါဘူး…
.ခက်တာက
.လောကမှာ ကိုယ်က ကိုယ်တစ်ယောက်ထဲ နေတာမဟုတ်
.အများကြားမှာနေရတာဆိုတော့
….
.ကျုပ်ကတော့ လူနဲ့လှမ်းတဲ့နေရာသွားဖြေရှင်းရသပေါ့…
Yae Myae Tha Ninn
November 11, 2014 at 12:25 pm
ဟုတ်ပါ့… ဦးပါရေ… အဲလိုမှ မလုပ်မိရင်တော့… တနေကုန်ခံစမ်းပဲ နော့… 🙂
kai
November 11, 2014 at 2:00 pm
အနောက်နိုင်ငံက.. အဖြူတွေကျ.. လေလည်တာ.. လူကြားထဲလည်း..ပြဿနာသိပ်မရှိဘူး..
လေချဉ်တက်တာကိုတော့.. ရှိသဗျ..။
ထမင်းဝိုင်းထဲလေချဉ်တက်ရင်.. ရိုင်းတယ်လို့ထင်ပုံပဲ..။
ဆိုတော့..
ဂျပန်မှာအများသုံးအိမ်သာတွေ.. ရုံးတွေကအိမ်သာတွေထဲ.. သီချင်းသံလေးတွေဖွင့်ထားတယ်..။
အိမ်သာတက်ရင်း.. ဇိမ်ခံနားထောင်ဖို့ဆိုတာထက်… ဘူဘွမ်အသံကို.. တပါးသူတွေအနှောက်အယှက်မဖြစ်အောင်ဆိုတာပဲ..
အဲလိုမလုပ်ရင်.. အိမ်သာတက်နေသူတွေက.. ရေချည်းခဏခဏဆွဲချပြီး.. အသံဖျောက်နေတတ်သမို့.. ရေကုန်သတဲ့လေ..။
တချို့.. ဂျပန်မ အော့ဖ်ဖစ်လေဒီတွေများ.. လေလည်ရင်မွေးနေအောင်.. ဆေးတမျိုးကိုတောင်.. စားကြသတဲ့..။
ပြောချင်တာက..
မြန်မာ့အစားအစာတွေက.. လေလည်ရင်နံတယ်..။
အနောက်တိုင်းအစားအစာတွေက.. သိပ်နံပုံမရတာလည်း.. ဖြစ်ချင်ဖြစ်မှာပေါ့..။
အောက်မှာ.. လေလည်တာနဲ့ပါတ်သက်ပြီး.. ကောင်းတဲ့ဆောင်းပါးလေးပါတယ်..
ဂျင်းနဲ့ကြက်သွန်ဖြူကလေလည်တာ.. လျှော့ပေါ့နိုင်တယ်ဆိုပါတယ်..။
http://www.life-saving-naturalcures-and-naturalremedies.com/natural-remedy-for-gas.html
Foods That Will Give You Flatulence…
(ဒါတွေကတော့ .. လေလည်အားပေး.. အစားအစာတွေပါ)
There are certain foods that are gas-producing in the body and these should be avoided to prevent further build-ups. The worst culprits are cabbage, onions, prunes, brussels sprouts, beans, apples, peaches, pears, corn, oats, potatoes, dates, broccoli, cauliflower, milk, ice cream, soft cheese, fried foods, spicy foods, refined sugars, processed foods and fluffy wheat products such as bread.
There are also foods that produce minimal gas and bloating and can be safely eaten. These include; citrus fruits, bananas, grapes, rice, eggs, natural yogurt, hard cheese, meat (as long as you chew it fully) and non-carbonated drinks. Chewing on some fresh basil along with adding it to your cooking will also help to prevent further flatulence problems.
ဘေးရန်ကင်းစွာ.. လည်နိုင်ကြပါစေသတည်း..။ :k:
Yae Myae Tha Ninn
November 11, 2014 at 5:11 pm
လည်ရင် မွှေးတဲ့ဆေးက ဒီမှာရောင်းကောင်းလောက်ရဲ့… ဟီး… လာမန့်တာ ကျေးဇူးပါ.. တဂျီး… 🙂
kai
November 11, 2014 at 6:25 pm
Devrom® is an internal deodorant, flatulence deodorizer, and an FDA approved medicine to safely and effectively deodorize odor from flatulence and stool. A trusted name for 50 years, Devrom® is available without a prescription (noRx required).
http://www.devrom.com/faqs/
=
ဒါလေးဝယ်ကပ်ထားလည်း..ရတယ်…တဲ့..။ :k:
Yae Myae Tha Ninn
November 12, 2014 at 1:53 pm
ဟီး… အမျိုးသမီးသီးသန့်လား.. တဂျီး… ဖင်က အမျိုးသမီးဖင်ဖြစ်နေတယ်… 😛
အောင် မိုးသူ
November 12, 2014 at 9:56 am
အီးစကားပြောသွားတာကိုး း)))
Yae Myae Tha Ninn
November 12, 2014 at 1:55 pm
ဒါပေမယ့် မနံလိုက်ဘူးမလား… အောင်မိုးသူ… ပုံထဲမှာ နှာခေါင်းကို လက်နဲ့ ကွယ်ထားသလားပဲ… 🙂