Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Dr.ဒေါ်ခင်နွယ်ဝင်း၏ကျန်းမာရေးဟောပြောပွဲ အမေးအဖြေများမှ သတိပြုဖွယ်

padonmarDecember 22, 20141min4587

(၁) Hypothyroid ဖြစ်သောကြောင့် ဆေးသောက်နေလျှင်
နှလုံးခုန်မြန်ခြင်း
ချွေးထွက်ခြင်း
အိပ်မပျော်ခြင်း
ကိုယ်အလေးချိန်ကျခြင်း
စသည့် Hyperthyroid လက္ခဏာများ မရှိ လျှင် သွေးထဲမှ TSH အဖြေကျသော်လည်း ဆေးဆက်သောက်သင့် ပါသည်။
(၂) အရေပြား ၊ ယားနာ ၊ အဖုအပိန့် ၊ ဝဲနှင်းခူသမားများ
အူကျန်းမာအောင်နေပါ။
နွားနို့ +Gluten (ဂျုံ ၊ ရွှေကြည်မှုန့် တို့နှင့် ပြုလုပ်သော အစားအစာများ) ရှောင်ပါ။
(၃) Hepatitis B,C ရောဂါပိုးရှိသူများ
ခန္ဓာကိုယ် ခုခံအားတက်အောင်လုပ်ရမည်။
ရောဂါပိုးကို သဘာဝနည်းဖြင့် သတ်ရန် Probiotics 20 Billion ပါသော ဆေးတောင့် နေ့စဉ်သောက်ပါ။
(၄) နှလုံးရောဂါ ၊ သွေးကြောကျဉ်းသူများ
နှလုံးဆေးများသည် မောနေသောမြင်းကို ကြာပွတ်ဖြင့်ရိုက်ပြီး ဆက်ပြေးခိုင်းသလို ဖြစ်ပါသည်။ မောနေသောမြင်းကို အစာကြွေးသကဲ့သို့ D-Ribose Powder တိုက်ပေးပါ။
Co Q10 100-300 mg သောက်ပါ။
Magnesium 600 mg သောက်ပါ။
L Carnitine 500-1000 mg/day သောက်ပါ။
( L Carnitine သည် ခန္ဓာကိုယ်ထဲမှ အဆီကို နှလုံးကလာပ်စည်းထဲ ထည့်ပေးခြင်းဖြင့် နှလုံးကြွက်သားကို စွမ်းအင် ရရန် ထောက်ကူပေးပါသည်။)
(၅) သားအိမ် တွင်း/ပြင် အကျိတ်ရှိသူများ
သွေးဆုံးခါနီးဆိုလျှင် Ultrasound တွင် တွေ့သော်လည်း မနာမကျင် ၊ ဒုက္ခမပေးပါက မခွဲပါနှင့်။ သွေးဆုံးလျှင် ပြန်ကျုံ့သွားပါမည်။
(၆) အမျိုးသားများ ဆီးကြိတ်ရောင်လျှင်
တောင်ထန်းမှထုတ်ယူသော Saw Palmetto (Fame Pharmaceutical )သောက်နိုင်သည်။
Iodine ၁ နေ့ ၁ လုံးသောက်ပေးရပါမည်။
(၇) သားဥအိမ်တွင် အရည်အိတ်ရှိသူ
အသက်ငယ်သူများတွင် လတိုင်းရာသီလာ၍ သားဥလေးထွက်ပြီးပါက သားဥအိမ်တွင် အရည်အိတ်ကလေး ကျန်ခဲ့တတ်ပါသည်။ ရောဂါမဟုတ်၍ ခွဲစိတ်ရန်မလိုပါ။
(၇) သက်သက်လွတ်စားသူများ
B12 5000 mg နေ့စဉ်သောက်ပါ။

(၉) အကောင်းဆုံးအစာစားနည်း
အရွက်များများစားပါ။
ထမင်းလျှော့စားပါ။
အသားကို ၁ပတ် ၂ခါ ခန့်နည်းနည်းစီစားလျှင် လုံလောက်ပါသည်။

7 comments

  • Yae Myae Tha Ninn

    December 22, 2014 at 1:27 pm

    နံပါတ်လေး အချက်က နှလုံးဆေးဆို တခြမ်းသောက်ရင် မထိရောက်ဖူးဆိုတာ ဟုတ်လား… ပြီးတော့… လမ်းလျှောက်လို့ မောရင် မနားနဲ့ ဆက်လျှောက်ရတယ် ဆိုတာရော ဟုတ်လား… တကယ်သိချင်ပါသည်… 🙂

  • Kaung Kin Pyar

    December 22, 2014 at 1:59 pm

    အသီးအရွက်များများစားပြီး တစ်ပတ် ၂ ရက် အသားစားမယ်ဆိုရင် … ဘယ်လိုအသားမျိုး ရွေးစားသင့်လဲ အာတီဒုံ….။ အမဲသားတော့ မစားဘူး…။

  • kai

    December 22, 2014 at 3:27 pm

    အမတော်ရေ..
    ဒီလသတင်းစာအဖုံးမှာပါတဲ့.. ဒေါက်တာတင်တင်လှတို့ရဲ့ ဟောပြောပွဲကလည်း အချက်အလက်တွေနဲ့..တော်တော်သိကောင်းစရာတွေပါ..
    အောင်ဇေမီဒီယာမှာတင်ရင်..အမတော်ကိုလင့်ခ်ပေးပါမယ်…။

    • padonmar

      December 22, 2014 at 10:28 pm

      သူကြီးဘာသာပြန်ပေးခိုင်းတဲ့ ကျန်းမာရေး ဆောင်းပါးလေး တဝက်ရောက်မှ မအားလို့ ရပ်သွားတယ်။အားတော့မှ ပြန်ဆက်ရေးဖို့ကြိုးစားပေးပါမယ်။

  • CharTooLan

    December 22, 2014 at 4:03 pm

    (၄) နှလုံးရောဂါ ၊ သွေးကြောကျဉ်းသူများ….
    နှလုံးရောဂါမှာ သွေးကြောကျဉ်းတာမဟုတ်လဲ နှလုံးဆေးသောက်နေရသူတွေတိုင်း အဲ့တာတွေတွဲသောက်ပေးရမှာလား ခည
    ကျနော့် အမေက နှလုံးသွေးကြောအပိုကို လျှပ်စစ်နဲ့ဖြတ်ထားပီး အခုလဲ နှလုံးဆေးတွေဆက်သောက်နေရတုံးမို့လို့ပါ…………..
    ကျေးကျေးပါ အာတီဒုံ

  • ခင်ဇော်

    December 23, 2014 at 7:47 am

    ခုထိတော့ နံပတ် ၉ ပဲ လိုက်နာရမယ်။

    :k:

Leave a Reply