When the sky is blue, my words are true.
.ရွာသူ ကောင်းကင်ပြာ ရဲ့ အန်တီ ဒေစီ ပို့စ်လေးက ဟာသလေးစွက်ပြီး ရေးသွားတာ ဖတ်ရတာချောလို့။ ရွာထဲက အော်မေ့ဂိုဏ်းဝင်တွေရောက်လာပြီး မန်းမှုတ်ထည့်လိုက်တော့ အပျိုကြီး လုပ်တာ မှန်တယ် အိုကေတယ်ဆိုတဲ့
အနေအထားဖြစ်သွားပါရောလား။
ကွန်မင့်တွေထဲမှာ အပိုလို ပြောတာလည်း မှားမနေဘူးလေ။ ခုဆို မိသားစုတိုင်းလိုလိုမှာ အပျိုကြီး တစ်ဦးတလေကို တွေ့နေရတော့
ချဲ့တွေးမယ်ဆိုလည်း အများကြီးပေါ့။ တရုတ်မှာက ကလေးတစ်ဦးပဲ ယူခွင့်ရှိပေမယ့် သူတို့က မျိုးဆက်ကပ်တယ်။ မိန်းကလေးတွေကို အသက် ၂၅ အကျော်ကို မခံဘူး။
.သို့ပေမယ့် ဒီပို့စ်က အကြောင်းအရာကိစ္စလည်း မဟုတ်၊ သတင်းအချက်အလက်လည်း မဟုတ်၊
မိန်းမတစ်ယောက်ရဲ့ စိတ်တွင်း ပဋိပက္ခကို ခပ်ရိုးရိုးရေးပြတာသာ ဖြစ်တဲ့အပြင် အရှိတရားနဲ့ ဒက်ထိတွေ့ရတဲ့ အကြမ်းထည် သဘောထက် စိတ်ကူးလေး တငြိမ့်ငြိမ့်ယဉ်ပြီး
ဒေါမန၁သလေး ပွားရတဲ့အဆင့်ထိသာ ရေးထားတယ်။ ခံသာတာပေါ့လေ။
.အဲဒီတော့ ရွာသူ အဒေါ်ကြီးကလည်း ရင်ဖွင့်တယ်ပေါ့နော်။ ကိုယ့်တုန်းကဆို ဘယ်သူကမှ ရှင်းရှင်းလင်းလင်းနဲ့ တည့်တည့်ပြောတာမျိုး မရှိဘူး။ ဒီလို စိတ်တွင်း ပဋိပက္ခဆိုတာ အစ်မ ငယ်တုန်းက အများကြီးဖြစ်ခဲ့တာပေါ့ ဘလူးစကိုင်း ညီမလေးရေ။ သူငယ်ချင်းတွေထဲမှာ အသက်ငယ်ငယ်နဲ့ အိမ်ထောင်ကျတဲ့လူတွေရှိတော့ သူတို့ မီးဖွားတာကိုလည်း မြင်ခဲ့ဖူးတော့ မိန်းမတွေ မချိမဆံ့ခံရတဲ့ အဲဒီ အာဝေနိက ဒုက္ခကို အကြီးအကျယ် ကြောက်ခဲ့တာ။ ဒီအကြောက်တရားဟာ စိတ်ထဲမှာ အမြဲတမ်းရှိနေခဲ့တယ်။
.မိဘတွေရဲ့ အိမ်ထောင်ရေးပြိုကွဲတာရော၊ အမေက အိမ်ထောင်ရေးကို တင်းတင်းကျပ်ကျပ် ပိတ်ပင်ထားတာ ကြောင့်ရော၊ ကိုယ်တိုင်က သတ္တိမရှိတာရောကြောင့် ဘဝကို ဇဝေဇဝါနဲ့ ဖြတ်သန်းခဲ့၊ အချိန်တွေဖြုန်းခဲ့မိပါပေါ့။ နောက်တော့ အသိထဲက သူဌေး အပျိုကြီးတစ်ယောက် သေကောင်ပေါင်းလဲနဲ့ အိပ်ရာပေါ်လဲနေတဲ့ မြင်ကွင်းကိုကြုံရတယ်။ ဘောက်ထော်မှာနေတဲ့ ဒီအပျိုကြီးဟာ မဆုံးခင် အိပ်ရာပေါ်မှာ တစ်လလောက်လဲသွားခဲ့တယ်။ ဘေးမှာ တူမ တွေ ရှိပေမယ့် ကိုယ်ဖိရင်ဖိ မပြုစုဘူး။ ဝတ်ကျေတမ်းကျေ လောက်ပဲ။ လူက မသေသေးဘူး၊ ဝတ်နေကျ ဖက်ထုပ်စိန်နားကပ်ကြီး ဖြုတ်ထားလိုက်ကြပြီ။ ထမီ ဝတ်မပေးတော့ဘူး၊ ရွက်ဖျင်လို အစမျိုးနဲ့ လွှားပေးကြတယ်။ ဒီအပျိုကြီးသေရင် တူ တူမတွေ အများကြီးရမှာ။ ဒီမြင်ကွင်းကြောင့် အစ်မမှာ အိမ်ထောင်ပြုရမှာလည်းကြောက်၊ အပျိုကြီးလုပ်ရမှာလည်းကြောက်၊ အသိဉာဏ်မှာ တိမ်သလ္လာ ဖုံးနေတဲ့ ကာလရှည်ကြာကြီးပေါ့လေ။ အမေကတော့ အပျိုကြီး လုပ်ဖို့ကိုပဲ ဖိအားအရမ်းပေးတယ်။ သေကာနီး ဆိုရင်ကော ဆိုတဲ့ မေးခွန်းပေါ်မှာ ဒီလိုပဲ အဆင်ပြေသွားလိမ့်မယ်တဲ့၊ ရိပ်သာမှာ အေးအေးဆေးဆေး တရားကျင့်ပြီး ဘဝရဲ့နောက်ဆုံးကာလမှာ တရားအမြိုက်နဲ့ ဘဝကူးကောင်းအောင် လုပ်သင့်သတဲ့။ ပြီးတော့ ငွေရှိရင် ဘာမှ ကြောက်စရာ မလိုဘူးတဲ့။
.ငွေရှိရင် ကြောက်စရာမလိုဘူးဆိုတော့ ကိုယ်သေကာနီးမှာ ကိုယ့်ငွေကို ဘယ်သူက ကိုင်တွယ်စီမံပြီး ဆေးကုပေးမှာလဲ။ မြန်မာပြည်မှာက အနောက်နိုင်ငံတွေလိုမှ မဟုတ်နိုင်သေးတာ။ ပြီးတော့ သေတမ်းစာလည်း ရေးခွင့်မရှိဘူး။ တွေးကြည့်ရင် ကြောက်စရာကြီး။ ကိုယ့်မှာ သားထောက်သမီးခံ မရှိဘူးဆိုရင် ကိုယ့်ပစ္စည်းက တူ တူမ စတဲ့ ဆွေမျိုး တွေဆီသွားမယ်။ ဒီတော့ သူတို့က သူတို့ရမယ့်အထဲက အကုန်ခံပြီး ကိုယ့်ကို ဆေးကုပေးပါဦးမလား။ အင်းလေ၊ အစ်မ အတွေးခေါင်တာလည်း ဖြစ်နိုင်ပါတယ်။
.နောက်ထပ် ကြုံလာရတဲ့ ကိစ္စကတော့ “အပျိုကြီး ဘယ်တော့စားရမလဲ၊ ဒီအပျိုကြီး ခက်တာပဲ´´ စတဲ့ အရွှတ်အနောက်တွေ၊ ခလုတ်တိုက်တာတွေတင် မကတော့ဘူး။ အသက် ၃ဝ ရောက်တော့ ဆွေမျိုးထဲက တစ်ယောက်က “ဘယ်သူမှလည်း မယူပါဘူး´´ ဆိုတဲ့စကားနဲ့ တိတိပပ ရင့်သီးပြီ။ ဒီစကားက မိန်းမချင်းပြောတာ မဟုတ်ဘဲ ယောက်ျားတစ်ယောက်က ပြောခဲ့တာ။ ကိုယ်က အားနည်းချက်ရှိတဲ့လူဆိုတော့ ဒီစကားက သိပ်ပြီး ထိုးနှက်နိုင်တာပေါ့။ အရွယ်ကျလာတာနဲ့အမျှ ကိုယ့်ရဲ့ စိတ်ပူပန်မှုကို သိတဲ့လူကလည်း “ယောက်ျား မရလို့ မသေနိုင်ပါဘူး´´ ဆိုတဲ့ စကားနဲ့ သရော်ပြန်ရော။ တွေးကြည့်နော်။ အရွယ်လွန်ဘဝ။ မယူတော့ဘူးဆိုရင်လည်း အပြောခံရမယ်။ ယူဖို့ ကြိုးစားပြန်ရင်လည်း အပြောခံရမယ်။
.ဒါပေမယ့်လည်း အစ်မ အိမ်ထောင်ပြုခဲ့တယ်။ သမီးဦးကို မွေးပြီးပြီးချင်းမှာပဲ တစ်သက်လုံး ကိုယ့်ကိုခြောက်လှန့်ခဲ့တဲ့ အာဝေနိကဒုက္ခ ဆိုတာကြီး စိတ်ထဲရှင်းသွားခဲ့တယ်။ အခု အစ်မတို့ အိမ်ထောင်သက် ကိုးနှစ်။ နှစ်ဖက် ဆွေမျိုး တွေရဲ့ တိုက်ခိုက်မှုကို အကြီးအကျယ်ခံရတယ်။ မြန်မာတွေမှာ ဒီကိစ္စရှိတယ်။ တရုတ်မိသားစုထဲဝင်ရင်တော့ ချွေးမက သိပ်ခံရမှာမဟုတ်ဘူး။ မြန်မာစိတ်က တစ်မျိုးပဲ။
.အပျိုကြီးဘဝဟာ အနှောင်အဖွဲ့တွေကင်းလွတ်တော့ စိတ်သွားတိုင်းကိုယ်ပါတယ်။ ဒါပေမယ့် နောင်ရေး ရင်မအေးရဘူး။ အသက်ကြီးလာရင် စိတ်ဓာတ်ကျမှာ ကြောက်ရတယ်။ ခေါက်ခနဲသေသွားရင်တော့ ကောင်းတာပေါ့။ အိမ်ထောင်သည်ဘဝကတော့ သားဇောသမီးဇောနဲ့ ပဲ ရှင်သန်တက်ကြွသွားတယ်။ နှစ်ဖက်ဆွေမျိုးတွေရဲ့ လူ့သဘောသဘာဝအတိုင်း ဖြစ်လာတဲ့ ငြိုငြင်ငြူစူမှုကို ခံရတယ်။
.
.ဟိုခေတ်ကဆိုရင် မိန်းမက ယောက်ျားကို ရာနှုန်းပြည့်မှီခိုခဲ့ရပေမယ့် ဒီခေတ်မှာတော့ ငုတ်တုတ်ထိုင်တဲ့ မိန်းကလေး ရှားပါတယ်။ မိန်းကလေးတွေက ယောက်ျားလေးတွေထက်တောင် ဝင်ငွေပိုကောင်းကြသေးတယ်။ ဒါပေမယ့်လည်း အိမ်ထောင်ပြုမယ်ဆိုရင်တော့ ယောက္ခမတွေ၊ ယောက်မတွေရဲ့ ဒဏ်ကို ခံရဖို့ရှိတယ်။ ဘာလို့ဆိုတော့ နှစ်ဦးပေါင်းဝင်ငွေ ဘယ်လောက်ကောင်းကောင်း အိမ်ဈေး မြေဈေးတွေကြီး၊ အစစအရာရာ စရိတ်စကတွေကြီးတော့ နှစ်ဖက်မိဘတွေကို မှီခိုမြဲမှီခိုနေရတယ်။ သူများကို မှီခိုနေရသရွေ့တော့ တင်းပြည့်ကျပ်ပြည့် စိတ်ချမ်းသာမှုဆိုတာ ခပ်လှမ်းလှမ်းမှာပဲ ရှိနေမှာပေါ့။ ဒါပေမယ့်လည်း ဘယ်လိုအခက်အခဲတွေပဲ ရှိရှိ အိမ်ထောင်ပြုတာ မှန်တယ်လို့ အစ်မ ယုံကြည်ပါတယ်။
.နှစ်ဖက်ဆွေမျိုး ပေါ် မှီခိုရတဲ့ပြ၁သနာတစ်ခုတင်လား ဆိုတော့ မကသေးဘူး။ မြန်မာတွေက ချွေးမဆို နှိမ်တတ်တယ်။ တရုတ်မင်္ဂလာဆောင်မှာ အစ်မ သတိထားမိတာက မင်္ဂလာမောင်မယ်ဟာ နှစ်ဖက်မိဘတွေကို ဦးညွတ်အရိုအသေပေးပြီးရင် သတို့သားနဲ့ သတို့သမီး အချင်းချင်း အပြန်အလှန် ဦးညွတ်အရိုအသေပေးကြရတယ်။ ဘာအတွက် မင်္ဂလာဆောင်သလဲဆိုတော့ တစ်ယောက်ကိုတစ်ယောက် လေးစားဖို့။ မြန်မာမှာက ဒါမျိုး မရှိဘူး။ မိန်းမက ယောက်ျားကို ညအိပ်ရာဝင်ကာနီး ရှိခိုးရတာပဲ ရှိတယ်။ နယ်မှာ ခုထိ ဒီတိုင်းပဲ။ မိန်းမက အသက်ပိုကြီးနေရင်တောင် ဒီတိုင်းပဲ။
.ပြီးတော့ မိန်းမတွေရဲ့ စိတ်ထဲမှာ အိမ်ထောင်ရေးကံကောင်းဖို့ဆိုတာ ယူမိတဲ့ယောက်ျား ကောင်းဖို့ လိုတယ်လို့ ယူဆကြတယ်။ နှုတ်က ထုတ်မပြောပေမယ့် ဘယ်သူမဆို လင်ကောင်းသားကောင်း လိုချင်တယ်။ အစ်မအမြင်မှာတော့ အိမ်ထောင်ရေးကံကောင်းဖို့ဆိုတာ ကိုယ်တိုင် အရင်ကောင်းဖို့လိုတယ်။ ကိုယ့်ဘက်က ငွေကြေး ရှေ့တန်းမတင်ဖို့၊ အပေါစားမဆန်ဖို့ လိုအပ်သလို စည်းမျဉ်းစည်းကမ်းတွေနဲ့ ကိန်းခန်း မကြီးဖို့လည်း လိုတယ်ထင်ပါတယ်။ တစ်ဖက်လူကို ၆၀-၇ဝ ရာနှုန်းလောက် စိတ်တိုင်းကျနိုင်မယ်ဆိုရင်ပဲ လက်တွဲဖို့ စဉ်းစားသင့်ပါပြီ။ လောဘကြီးပြီး ကိုယ့်ထက်သိပ်မြင့်တဲ့လူကို မှန်းလို့ ရခဲ့ရင်လည်း လောကကြီးမှာ ဘယ်အရာမှ အလကားမရတတ်တဲ့ လောကဓမ္မတာအတိုင်း ကိုယ့်ဘက်ကလည်း ပြန်ပေးဆပ်ရတတ်တယ်။
.သိတဲ့အတိုင်း မိန်းမတွေမှာ အရွယ်က သိပ်စကားပြောတာ။ အရွယ်ကောင်း အချိန်ကာလက တိုတိုလေးရယ်။ အိမ်ထောင်ပြုတဲ့အရွယ်ဟာ ငယ်လည်းမကောင်း၊ ကြီးလည်းမကောင်း၊ ကလေး ကျောင်းထားသလိုပေါ့။ အသက် ၂၂ မှ ၃ဝ လောက်ပဲရှိနေတာ။ လူ့သက်တမ်း ၇ဝ ပျှမ်းမျှလောက်မှာ အိမ်ထောင်ပြုလို့ရတဲ့ အရွယ်က ၁ဝ နှစ်မပြည့်ချင်ဘူး။ ဒီအချိန်ကောင်းကို ဖြုန်းတီးပစ်လိုက်တာမျိုးဟာ မဖြစ်သင့်ပါဘူး။ တချို့ကလည်း ကိုယ်ရုပ်မလှလို့ အပျိုကြီးဖြစ်တယ်လို့ ယူဆကြတယ်။ အစ်မထင်တာကတော့ ဒီအသက်အရွယ်အပိုင်းအခြားပေါ် တန်ဖိုးထားမှု အားနည်းနေတယ်။ တခြားကိုယ့်ဘဝတိုးတက်ရေး ကိစ္စတွေနဲ့ နပန်းလုံးပြီး အာရုံစိုက်မှု ဒီကရီ နည်းနည်းချော်နေခဲ့တယ် ထင်ပါတယ်။
.အစ်မက ယောက်ျားအားကိုးရေး မူဝါဒကို အားပေးနေတာလည်း မဟုတ်ဘူး။ ကိုယ့်ရဲ့ တန်ဖိုးရှိအရွယ်ရယ်၊ ရလာမယ့် သားသမီးရတနာရယ် ဆိုတော့ အိမ်ထောင်ပြုတာ တန်ပါတယ်။
.ဒါကြောင့် အချိန်ရှိခိုက် လုံ့လစိုက်။
.အွမ် … မှားသွားလို့။ ဒီလိုပါ၊ အိမ်ထောင်ပြုခြင်းရဲ့ ဒုက္ခတွေ ဘယ်လိုပဲကြီးကြီး ယောက်ျားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချနိုင်အောင် ဒို့မိန်းမတွေ ကြံဆောင်ကြပါစို့လို့ ဆော်ဩချင်တာပါ။
ငါကွ။
40 comments
ဝင့်ပြုံးမြင့်
January 30, 2015 at 8:20 pm
.အန်တီဒေစီ ပို့စ်ထဲ ကွန်မင့်ပေးတာ ရှည်သွားလို့ ပို့စ်တင်တာပါ ဘလူးစကိုင်းလေးရေ။
Kaung Kin Pyar
January 31, 2015 at 10:28 am
အိုးးး….ကွန်မန့်အရှည်ကြီးအတွက်…ကျေးဇူးတင်ပါတယ်…မပြုံးရေ…
မပြုံးပြောတဲ့အချက်ကို…ကောင်းကင်ပြာ လက်ခံပါတယ်….။ ကောင်းကင်ပြာကိုယ်တိုင်လဲ အိမ်ထောင်ပြုကောင်း ပြု ဖြစ်ပါလိမ့်မယ်….။ သို့သော်..
ကောင်းကင်ပြာကိုယ်တိုင်ကပဲ ကံမကောင်းတာလားတော့ မသိဘူး..။ အဆင်မပြေတဲ့အိမ်ထောင်ရေးတွေနဲ့ အမြဲလို ကြုံတွေ့နေခဲ့ရတယ်…။ တစ်ခါကလဲ…အငယ်အနှောင်းထားချင်တာနဲ့ပဲ ကိုယ်ဝန်နေ့စေ့လစေ့နီးပါးဖြစ်နေတဲ့မိန်းမကို ပြသနာရှာပြီး တိုက်ခန်းလှေကားက ကန်ချတာ ကောင်းကင်ပြာ တိုက်ခန်းပေါ်တက်လာတဲ့အချိန်နဲ့ ကြုံပြီး ထိန်းလိုက်လို့သာပေါ့…။ မိန်းမမျက်နှာမှာလဲ အညိုအမဲစွဲရတာ အခါခါ။ အဲ့ဒါ အရမ်းရင်းနှီးတဲ့ ဆွေမျိုုးမကင်းတဲ့…ဦးလေးတစ်ယောက်၊ အဲ့ဒီကတည်းက သူ့မျက်နှာလဲ မကြည့်ခဲ့ဘူး၊ သူ့အိမ်လဲ မသွားခဲ့ဘူး၊ အိမ်လာမယ်ကြားရင်တောင် တခြားရှောင်ခဲ့တာပါ….။ ဆရာအတ္တကျော်ရေးတဲ့ ယောကျာင်္းမကောင်းကြောင်း စာတွေလဲ ဖတ်ခဲ့ဖူးတာ ပါမှာပေါ့လေ…။
ငယ်ငယ်ကတည်းက စစ်တပ်ထဲနေခဲ့ရတော့ ရေဘူးပေါက်တာမလိုချင်၊ ရေပါတာပဲလိုချင်တယ်ဆိုတဲ့ အိမ်ထောင်ရေးချည်းပဲ မြင်တွေ့နေခဲ့ရတယ်….။ တခါတလေ ခြေပါလက်ပါပေါ့….။ ညှိနှိုင်းတာ၊ ရှင်းပြတာလက်မခံဘဲ ငါပြောသလိုဖြစ်ရမယ်ဆိုတဲ့ အမိန့်ဆန်ဆန်တွေ။ သားသမီးကို Train တဲ့နေရာမှာလဲ ဒီအတိုင်းပဲ…။ ထားပါတော့လေ… ဒါကြောင့်…ငယ်ဘဝပတ်ဝန်းကျင်မှာကတည်းက ကောင်းကင်ပြာရဲ့ ဦးနှောက်ခပ်သေးသေးနဲ့ ယောကျာင်္းဆိုတာဒီလိုမျိုးလားလို့ တွေးပြီး…ဒီလိုယောကျာင်္းတွေကိုများ ဘာလို့ယူခဲ့တာလဲလို့…သူတို့မိန်းမတွေကိုကြည့်ပြီး သနားခဲ့ဖူးတယ်…
အရွယ်ရောက်တော့လဲ..သူချစ်တွေ့ရင် … ကိုယ်က မချစ်တော့ စိတ်တိုင်းမကျဘူး….။ နည်းနည်းလေးများ အမှားအယွင်းမဖြစ်လိုက်နဲ့….ဟင်း…လာပြန်ပြီ ဒီပုပ်ထဲက ဒီပဲတွေချည်း လို့ တွေးတွေးမိတယ်…။ ကိုယ်ချစ်ရှာပြန်တော့လဲ….အဆင်မပြေပြန်ပါဘူး…။
မိဘတွေကလဲ ပြောပါတယ်…၊ အသက် ၃ဝမကျော်ခင်…အိမ်ထောင်ပြုသင့်တယ်တဲ့….။ ခြေပါလက်ပါနဲ့ ငါတကောကောတဲ့ ယောကျာင်္းမျိုးနဲ့ဆုံမှာစိုးလို့….သမီး.သေချာရှာရဦးမယ်လို့..ပြောတော့..အဖေလဲ ဘာမှ မပြောတော့ဘူး..။ အန်တီဒေစီထဲကလို စပ်တာဟပ်တာတော့ ရှိပါရဲ့…။ စစ်သားဆို…တော်ပါပြီ…။
ဆိုက်ကိုဆိုရင်လဲ လက်ခံပါတယ်…မပြုံးရယ်..။
ကိုယ်စိတ်တိုင်းကျတဲ့လူနဲ့..စိတ်တိုင်းကျတဲ့ အိမ်ထောင်ရေးတစ်ခုဖြစ်မှ..တည်ထောင်မယ်လို့ ဆုံးဖြတ်ထားလေတော့…ခုချိန်ထိ စိတ်တိုင်းမကျနေသေးဘူးရယ်…။ ဒီလိုနဲ့ ၃ ဂဏန်း နီးလာတာပါပဲ…။
ခု လက်ရှိမှာလဲ…ကောင်လေး ရှိပါတယ်….။ လူကြီးဆန်ပြီး..သူ့အလုပ်ထဲမှာလဲ…Management ပိုင်း တော်တဲ့သူပါ….။ အလုပ်အတူတူလုပ်ခဲ့ဖူးလို့…သူအနေမှန်တာ…၊ တော်တာလဲ သိပါတယ်…။ မိဘတွေဘက်ကလဲ သူနဲ့ဆို ငြင်းဖို့မရှိပါဘူးတဲ့…..။ ဒါတောင်..ကောင်းကင်ပြာတစ်ယောက်ထဲ…ဘာတွေစိတ်တိုင်းမကျလို့ မကျမှန်းမသိ…ဖြစ်နေတာရယ်…။ ခုတစ်ယောက်ကတော့ ကိစ္စသေးသေးလေးလောက်နဲ့ ကောင်းကင်ပြာ ဆန်းဆန်းတင့်ဖြစ်တိုင်း…အဲ့ဒါ ဆိုက်ကိုလို့ ပြောတယ်…။ 🙁
ကိုယ်တိုင်လဲ တစ်ခါတစ်လေ သံသယဝင်ပါတယ်…၊ ငါပဲ Abnormal ဖြစ်နေလား မသိလို့….။
မပြုံးရေးတဲ့ စာတွေကို ကောင်းကင်ပြာ တကယ်ပဲ…အလေးအနက်ထားပါတယ်…။ ကျေးဇူးပါလို့ ထပ်ပြောပါရစေ…။ ကောင်းကင်ပြာ တွေးသင့်တဲ့ အတွေးတစ်ခုပေးလို့ မပြုံးကို ကျေးဇူးပါပဲနော်…။
ဝင့်ပြုံးမြင့်
February 1, 2015 at 12:19 pm
.တော်သေးတာပေါ့ ကောင်းကင်ပြာရယ်။ ၃ဝတော့ မကျော်စေနဲ့နော် သိလား။ အပျိုကြီးစစ်စစ် ဘဝကို မရောက်ခင် အရွယ်လွန်ဘဝကိုတောင် မနည်းဖြတ်သန်းရမှာ။ အစ်မ ရှည်ရှည်ဝေးဝေး ပြောချင်တာပါ။ အိမ်မှာ လိုင်းမရလို့ ဆိုင်မှာသုံးရတော့ အဆင်မပြေ၊ အူရားဖားရား ပြောရလို့ပါ။
padonmar
January 31, 2015 at 1:22 am
မျှစ်မမ အတည်ပြောတာကို မန့်တော့ပါဘူး။
အဲဒါ လာပြောတာ။
Crystalline
January 31, 2015 at 7:06 am
စိုက်တဲ့အတိုင်းပဲ ရိတ်ကြတာပေါ့မပြုံးရယ်.. :))
ဝင့်ပြုံးမြင့်
February 1, 2015 at 12:23 pm
.ခွစ်လည်း အခုအစ်မပြောတာ နည်းနည်းတော့ ပြန်စဉ်းစားပါဦး။ အစ်မတို့နေတဲ့ ရပ်ကွက်ဆိုရင် အပျိုကြီး ရပ်ကွက်လို့တောင် ပြောလို့ရတယ်။ အကုန်လုံးက အမာစားတွေချည်းပဲ။
Ma Ma
January 31, 2015 at 7:08 am
ကို်ယ့်အတွေးနဲ့ကိုယ် ကောင်းကင်ပြာပိုစ့်မှာ မန့်ထားပေမယ့်
မျှစ်ကြော်ရဲ့ အတွေးအခေါ်ကိုလည်း လက်ခံပါတယ်။
လူတကိုယ် ကံတမျိုးဆိုတော့……..
သားထောက်သမီးခံရှိပေမယ့် ပြုစုသူမရှိ ထောက်ပံ့သူမရှိနဲ့ ဘဝဇာတ်သိမ်းသွားရသူတွေလည်း မနည်းပါဘူး။
ဘဝရဲ့နောက်ဆုံးအချိန်ကို ကိုယ့်ကုသိုလ်ကံလို့ပဲ မျှော်လင့်ထားပါတယ်။
မိဘကို သိတတ်တဲ့ သားသမီးဆိုရင်တောင် တော်တော် တော်လှပြီလို့ ပြောရမှာမို့…..
အဒေါ်ဦးလေးတွေကို သိတတ်တဲ့ တူ/တူမ ဆိုတာကိုတော့ မမျှော်လင့်ပါဘူး။
(အမေကတော့ နင်တို့ ကိုယ့်အရိုးကိုယ်နိုင်တုန်း ပြောကြလို့တော့ ပြောတာပဲ။) :b:
နောင်တချိန် မပြောတတ်ပေမယ့်….
ခုချိန်ထိတော့ တူ/တူမတွေကလည်း သိတတ်လိမ္မာကြလို့ …..
မမျှော်လင့်ဘူးပြောပေမယ့် မျှော်တော့ မျှော်လင့်မိတာပဲ။ :p:
ဝင့်ပြုံးမြင့်
February 1, 2015 at 12:28 pm
.အန်တီမမရေ။ မောင်နှမသားချင်းများပြီး ငွေကြေးအဆင်ပြေမယ့်လူလို့ ထင်ပါတယ်။ ဒီတော့ တခြား မတင်မကျအပျိုကြီးတွေလောက်တော့ ဒုက္ခမများနိုင်ပါဘူး။ အခုခေတ်က အောက်ခြေက မိန်းကလေးတွေက အရှုံးမရှိဘူးဆိုတဲ့အတွေးနဲ့ ဘာမှ မစဉ်းစားမဆင်ခြင်ဘဲ အိမ်ထောင်ပြုလိုက်ကြတယ်။ ခိုးရာလိုက်တာပေါ့လေ။ ပညာတတ်ပြီး မတင်မကျ တွေအများစုကတော့ သိပ်စဉ်းစားကြတယ်။ အပျိုကြီး တွေ အဖြစ်အများဆုံး လူတန်းစားပါ။ ပတ်ဝန်းကျင်မှာ သတိထားကြည့်ရင် တွေ့နိုင်ပါတယ်။
Mike
January 31, 2015 at 11:39 am
.တိုတိုပဲပြောပါမယ်…ကြိုက်တယ်
Mike
January 31, 2015 at 1:03 pm
.အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းကျခံရအောင်
.စောင့်မျှော်ကြိုးစား နေသူ လူပြိုရီးတွေလည်း ရွာထဲတင် အများ သားကလား :k:
ဝင့်ပြုံးမြင့်
February 1, 2015 at 12:45 pm
တီဒုံ နဲ့ ဦးမိုက် အားပေးတာ ကျေးဇူးပါ။
မြစပဲရိုး
January 31, 2015 at 1:05 pm
ကိုယ့်ပါတ်ဝန်းကျင်ထဲ မတော့ ကျား အများစု က မယက တွေ မို့ အတော်လေး စိတ်ပျက်ခဲ့ဖူးသေး။
တစ်ချို့များ မိန်းမ အမိန့် မပါ အဝတ်တောင် မဝတ်တတ်ဘူး။
မပြောချင်တော့ ဘူး။ ဒါလဲ အစွန်းရောက်လေ။
ရွာထဲ တောင် မယက လား၊ မယန လား။ စစ်တမ်းကောက်ကြည့် ချင်သေး။
ထိပ်တန်း တစ်ချို့ ကို တော့ စစ်တမ်းတောင်မလို။ သိနေပြီး။ 😉
lol:-))))))
ဝင့်ပြုံးမြင့်
February 1, 2015 at 12:31 pm
.ဒါပေါ့ အမလတ်ရေ။ ယောက်ျားတွေကို မယက ဖြစ်အောင်လုပ်ရမှာ မိန်းမတွေရဲ့ သမိုင်းပေးတာဝန်။
အလင်းဆက်
January 31, 2015 at 1:10 pm
ချ ချ
:k:
ဝင့်ပြုံးမြင့်
February 1, 2015 at 12:47 pm
.သင်းတို့ ယောက်ျားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချနိုင်အောင် တတပ်တအား ကြိုးစားမှာပါတော်။
hmee
January 31, 2015 at 3:24 pm
မပြုံးရေ ကျွန်မလည်း ငယ်ငယ်က အတော်ကို အတွေးများခဲ့တာ။ မြပြုံးပြောတာတွေနဲ့ သိပ်တူတယ်။ ဒါကြောင့် အသက်ကြီးမှ အိမ်ထောင်ပြုဖြစ်တယ်။ အိမ်ထောင်ပြုတယ်ဆိုတာ အမှန်တော့ လူမှု အဖွဲ့အစည်းလေးတခု အစပြုတာတဲ့လေ။ သာမှုနာမှုတွေကို မျှဝေနိုင်မဲ့ အဖွဲ့လေးပါတဲ့။ ဒါပေမယ့် ဘာကိုမှတော့ ပုံသေတွက်လို့တော့ မရပါဘူး။ သားသမီး တကျိပ်လောက်မွေးထားပေမဲ့ အားကိုးမရပဲ ဒုက်တွေ တပွေ့တပိုက်နဲ့ အိုကြီးအိုမမှ ဒုက်ခရောက်နေသူတွေရှိသလို။ သားလေး တယောက်ဆိုဆိုသလောက် အားကိုးရြပြီး အိုဇာတာကောင်းသူ။ အပျိုကြီးအားကိုးစရာမရှိသူ။ အပျိုကြီး တူတူမတွေ ကောင်းလို့ ဘဝ ကောင်းသူ။ တခုတော့ရှိတာပေါ့ လင်မယားဆိုတာကတော့ မိဘကိုတောင် ရင်ဖွင့်မရတာတွေကို ရင်ဖွင့်လို့ရတယ်။ ကိုယ့် ရဲ့ ဒုက်ခ သုခတွေကို မျှဝေနိုင်တဲ့သူပါ။ ကိုယ်ကလည်း သူ့အတွက် သူ့ရဲ့ ဒုက်ခ သုခကို မျှဝေ ယူပေးနိုင်ရမယ်လေ။ ကျွန်မလည်း မြပြုံးကို ထောက်ခံပါတယ် သူတို့လို အတောင်နှစ်ဆယ်ဝတ်လို့ဆိုတဲ့ မင်းယောက်ကျားတွေကို လွတ်ရက်မရှိထောင်ချနိုင်တာ ကျွန်မတို့လို မိန်းမတွေပါ။ ဒါ့ကြောင့် အချိန်ရှိခိုက် လုံလ စိုက်ကြပါ။ 🙂
ဝင့်ပြုံးမြင့်
February 1, 2015 at 12:39 pm
.မမှီရေ။ ခေတ်က ဒရကြမ်း ပြောင်းနေပါပြီ။ ကျမတို့ မိန်းမတွေရဲ့ ဘဝကယ်တင်ရှင်အစစ်ဟာ ခေတ်မီဆေးသိပ်ပံပညာပါပဲ။ ဟိုအရင်ကဆိုရင် ဘာမှမတတ်နိုင် ခလေးတွေ တပြွတ်ပြွတ်မွေးရတယ်။ ဝေဒနာကို အရမ်းခံစားရတယ်။ ခုခေတ်မှာ ဒါမျိုး မရှိတော့ဘူး။ ဒါကြောင့် ပွဲကြမ်းလိုက်စမ်းပါ မြန်မာ အမျိုးသမီးများလို့တောင် အော်ချင်တာပါ။ သားသမီးကို လိုချင်တဲ့အတိုင်းအတာမှာ ထိန်းထားနိုင်ရင် ကိုယ့်ဘဝ ကမောက်ကမ မဖြစ်နိုင်ဘူး။ ကိုယ့်ဘဝနောင်ရေး ကို ကိုယ့်ဖာသာကိုင်တွယ်နိုင်ပါပြီ။ အသိအမြင်တွေ ပွင့်ပွင့်လင်းလင်း ချပြလို့ရတဲ့ခေတ်မှာ ကျမတို့ သက်ကြီးပို်င်းကလူတွေ တာဝန်ကျေဖို့လည်း လိုပါတယ်။ ကျမသာ ဟိုဘက်ခေတ်ကို နှစ် ၂ဝလောက် နောက်ဆုတ်ပြီးလူလုပ်ရမယ်ဆိုရင် အပျိုကြီးပဲလုပ်မှာပါ။
kai
January 31, 2015 at 4:01 pm
မျစ်မမတို့အမျိုးတွေ..လေကျယ်နေတယ်..။
လက်တွေ့မှာတော့… မြန်မာပြည်မယ်… မိန်းမဦးရေအချိုးတွေကများ…
ရှိတဲ့ယောကျာ်းထဲ.. အလုပ်မလုပ်.. မိန်းမတွေထမီခိုစားသူ.. မဟာပုရိသတွေကများ…။
များမှ…များ….။
သနား..သနား… :k:
ဝင့်ပြုံးမြင့်
February 1, 2015 at 12:41 pm
.ဪ သဂျီးရယ်၊ မြန်မာပြည်က ယောက်ျားတွေဟာ မိန်းမတွေရဲ့ သဘောထားကြီးမှုအောက်မှာ လွတ်လပ် ငြိမ်းချမ်းစွာ နေထိုင်ခွင့် ရနေတာပါ။
မြစပဲရိုး
February 1, 2015 at 5:18 pm
ကိုယ့်မိန်းမ တွေ ဘက်က ရပ်မပြောဘူး လို့ မထင်စေလို။ :))
တစ်ချို့ ကစားပွဲ တွေ မှာလို မင်းဘက်က အားနည်းလို့ အကျောယူလိုက် လို့ ပြောတာ ကို မကြိုက်တာမို့ ဝင် ငြင်း ပါပြီ။
အမှန်တော့ လင်မယား တွေ ကွဲတာ၊ မမြဲ တာ က တွဲ လိုက်ချိန် မှာ “ဘက်” မမှန်လို့။
အစ်မ ဆရာ တစ်ယောက် ပြောလေ့ရှိတာ။
လူချင်းတွဲတာ အခြမ်း ၂ ခု ကို ဆက်လိုက် သလိုဘဲတဲ့။
မှန်တဲ့ အခြမ်းချင်း ဆုံ မှ ပုံကျ တဲ့ အလုံး ဖြစ်မယ် ဆိုတဲ့ သဘောပေါ့။
လူတိုင်း ဟာ ကိုယ့် ပါစင်နယ်လတီ ကိုယ်စီ နဲ့ မွေးလာတာ။
တစ်ချို့ က မွေးရာပါ ကို သူများရှေ့ က နေချင်တယ်။
တစ်ချို့ ကတော့ အေးအေး နေချင်တယ်၊ သိပ်ပြီး ရုန်းကန် ရှေ့ထွက် မနေချင်ဘူး။
တစ်ချို့ က နဲနဲ အတ္တကြီးတယ်။
တစ်ချို့ က သူများ ကို အလေးထားကြည့်တယ်။
ဒါမျိုး သဘောတွေပေါ့။
တကယ်တော့ ကြည့်ရင် လောကကြီး က မတရားတာ မရှိပါဘူး။ မျှ တတ်ပါတယ်။
အားလုံး မှာ နေရက်ခိုက် အကောင်း အဆိုး ဒွန်တွဲ နေတာကိုး။
အင်မတန် ချမ်းသာလို့ ကံကောင်းလိုက်တာ သွားမတွေး နဲ့။
သူ့မလဲ သူ့ဒုက္ခ နဲ့ သူပူတတ်ရင် ပူ ရတာ။
အင်မတန် ဆင်းရဲ တယ် ဆိုပြီးလဲ သွား မသနား နဲ့။
ကိုယ့်ထက်တောင် စိတ် အေးချမ်း အောင် နေတတ်တာ။
ဒီတော့ ကိုယ့် အခြမ်း ကို ဘယ်လို ရွေးသင့် လဲ။
မြင်းမြင်းချင်း ချစ်မိတယ် ဆိုတာ ညာတာ။
အမှန်က မျက်စိထဲ နှစ်သက်လိုက်မိရုံ သက်သက်။
ဒါကို တစ်ဘဝ လုံး ယူလိုက်ဖို့ မလုံလောက်ဘူး။
ကိုယ့် နဲ့ ကိုက်ညီ တဲ့ သူကို သိဖို့ ကိုယ့်ဘက် က ကိုယ့် အခြမ်း ပုံစံ ကို မသိဘဲ အလုံး ဖြစ်လိုက်ချင်လို့ မရဘူး။
အံမဝင်ရင် ခဏ အတွင်း ချော်ပြီး ပြုတ်သွားမယ်။
သဘောက ကိုယ်ဘယ်လို လူမျိုးလဲ ဆိုတာ ကို ကိုယ့်ဟာကို ရိုးရိုးသားသား နားလည်နေဖို့ လိုတယ်။
ကိုယ်ဟာကိုယ် တောင် ဘာမှန်း မသိဘဲ သူများ ကို သိဖို့ ဆိုတာ ပိုခက်မယ်။
ဒီတော့ ကိုယ်က ရှေ့ က နေချင်ရင် နောက် က လိုက်မဲ့ သူကို ရှာ။
နောက် က နေတတ်သူဆို ရှေ့က နေမဲ့ သူ ကိုရှာ။
ဒါမျိုးပေါ့။
ဒါပေမဲ့လဲ လွယ်အိတ် လို ကန့်လန့် တိုက်သူလဲ ရှိတယ်။ (မြစာကလေး ကို မြင်ကြပါ)
ကိုယ့်ကို ဆရာလုပ်လဲ မကြိုက်။
ကိုယ် ပြောသမျှ လုပ်ဖို့ အမိန့်စောင့် နေသူ ကိုလဲ အထင်မကြီး။
ဒီမှာတင် အတော်လေး စဉ်းစားရင်း စဉ်းစားရင်း ဒီအတိုင်း နေတာ ကောင်းတယ်ဖြစ်လိုက်ရော။
ပြသနာ က လှံထမ်းလာတာ မြင်ရ ကံ ထမ်းလာတာ မမြင် ရမို့
တစ်ချက် အငိုက် မှာ ဂလို ဘဲ ပလန် မရှိ အိမ်ထောင်ရှင် ဖြစ်ခဲ့ပါပေါ့။
ဒါကြောင့် ဟို ဘက်မှာ သူကြီး မင်း ရဲ့ အေအိုင် Butterfly effect နဲ့ ကံ ကံ ၏ အကြောင်း အကျိုး ကို ဆက်ငြင်း ဖို့ လုပ်နေတာ။
အချက် စု လိုက်ဦးမယ်။
ဒီတစ်ပါတ် တော့ ငြင်း of the week ဘဲ။ lol:-)))
kai
February 2, 2015 at 2:54 pm
အောက်က..အယ်ဒီတာ့သင်ပုန်းမှာ… ကျုပ်နားလည်တဲ့.. ကံ-ကံရဲ့အကြောင်းအကျိုးကို.. နည်းနည်းဖွင့်ပြထားတယ်..။
အရီးလတ်ငြင်းဖို့.. အချက်ပိုရှာရလွယ်အောင်လို့..။ :k:
=
http://myanmargazette.net/200285
Chaos ဗရမ်းဗတာထဲစနစ်တကျရှိမှု
ခေးယော့သီအိုရီ၏ Butterfly effect အရကောက်ပြောရလျှင် “ရန်ကုန် မဟာဗန္ဓုလပန်းခြံမှလိပ်ပြာ၏အတောင်ပံခတ်မှုသည် အမေရိကပြည်ထောင်စု မီချီဂန်တွင် ဟာရီကိန်းမုန်တိုင်းကို ဖြစ်ပေါ်စေနိုင်သည်” ဟူ၏။
Cause and Effect အရ ဆက်စပ်တွေး ဉာဏ်ပြေးကြည့်ပါစို့၊
သင်သည် နာရီနှိုးစက်ကြောင့် မနက်စောစောထ အလုပ်သို့ကားမောင်းသွားသူ (သို့မဟုတ်) ရထားစီးသွားသူဖြစ်လျှင် ထိုအဖြစ်ကို အလွယ်ပင် စိတ်ထင်ကမ္ဘာတွင်မြင်တင်ကြည့်နိုင်သည်။
နာရီနှိုးသံ ၃ချက်မြည်အစား ၅ချက်အထိစောင့်ကာ ထလိုက်သဖြင့် သွားတိုက်မျက်နှာသစ် ကိုယ်လက်သန့်စင် ပုံမှန်လုပ်ရပ်တိုင်းတွင် အချိန်လွဲချော်မှု သေးမွှားစွာဖြစ်သွားပြီး ထိုထိုမျှ စက္ကန့်ပိုင်းအချိန်လေးကပင် မီးပွိုင့်မိ/လွတ်၊ ရထားမှီ/လွတ် အဖြစ်များဖြစ်သွားတတ်သည်ကို မြင်ကြည့်ပါလေ။
တချိန်တခါတွင် မိမိရှေ့စက္ကန့်ပိုင်းကျော်ပြီး မောင်းသွားသောကား တိုက်မိသည်ကို မြင်ဖူးလိမ့်မည်(သို့မဟုတ်)မိမိက တည့်တည့်ကြီးအချိန်/နေရာကိုက်ကျသည်ကို ဖြစ်ဖူးလိမ့်မည်။ ထိုယဉ်တိုက်မှုတွင်ပါသောတဖက်သူသည် မနက်လေယဉ်ဖြင့် ပဲရစ်မြို့သို့ခရီးသွားရန် လက်မှတ်ဝယ်ထားသူဖြစ်ပါမူ ထိုပြောင်းလဲမှုနှင့် သူ၏အကြောင်း-အကျိုးသက်ရောက်မှုတို့သည် ပဲရစ်မြို့အထိရောက်သွားမည်ဖြစ်ပါသတည်း။
၁စက္ကန့် အပေါင်းအနှုတ် အချိန်ကလေးသည် ပုဂ္ဂလိကတဦးတယောက်ချင်းစီ၏ဘဝကိုတိုက်ရိုက်ပြောင်းသွားစေနိုင်သည်မက ပတ်ဝန်းကျင်ဆက်စပ်ကမ္ဘာကြီးတခုလုံး၏ အချိုးညီလည်ပါတ်နေမှုကိုပင် အဆင့်ဆင့်ပြောင်းသွားနိုင်သည်ဟုဆိုလိုပါသည်။ တခုနှင့်တခုတို့သည် ကြောင်းကျိုးဆက်စပ်မှုမရှိသလိုနှင့် ရှိနေကြသည်သာဖြစ်၏။
မြစပဲရိုး
February 1, 2015 at 5:44 pm
ကျန်သေး။
အာဝေနိက ဒုက္ခ ဆိုတာကိုတော့ ကြောက်လွန်းလို့
ထင်တိုင်းကြဲ လို့ ရတဲ့ ရွှေပြည်ကြီး ဆီ တစ်ကူးတစ်က ပြန်ပြီး ခွဲ မွေးတယ်။
ဒီမှာလဲ မွေးချင်တဲ့ ရက် မွေးနိုင်တာမို့ ကွကိုယ်ကြိုက် တဲ့ ရက် ရွေး ထားပေါ့။
သို့ပေသည့် ဗိုက်ထဲက အမေတူ ဟာလေး က သူ့ကို အထိန်းအချုပ် မခံ ဘဲ သတ်မှတ်ရက် မတိုင်ခင် ထွက်လာတာ။
ကံကောင်းတာက ခွဲမဲ့ ဆရာဝန်မကြီး က လူချင်း ရင်းနှီးတာမို့ မနက်လင်းအားကြီး မှာကို အရေးပေါ် ခွဲထုတ် လိုက်ရပါရော။
တစ်ချို့ ဟာတွေ က လူတစ်ယောက် နဲ့ တစ်ယောက် အဖို့ အကြောင်း အခြေခံ အားလုံးတူတာတောင် ရလာတဲ့ ရလာဒ် မတူတာ ဘာကြောင့် ဆိုတာ ဘာကို လွဲချ သင့်လဲ။
တွေးကြည့်တာပါ။ :))
အပျိုကြီး ဖြစ်ခြင်း၊ မဖြစ်ခြင်း
အိမ်ထောင်ကျခြင်း ၊ မကျခြင်း ဟာ
လုပ်ချင်တိုင်း လုပ်လို့ ရတာ မဟုတ် လို့ ပြောချင်တာ က အနှစ်ချုပ်ပါလေ။ 😉
ဒါပေမဲ့ ပြသနာက
ကလေးရခြင်း၊ မရခြင်း က IVF လုပ်ယူလို့ ရတဲ့ အခြေအနေ မို့ ကိုယ့်အတွေး မှန်မမှန် အတပ်မပြောနိုင်တော့။
kai
February 2, 2015 at 2:41 pm
ထေရာဝါဒနဲ့.. ဟိန္ဒူတွေက.. ပြီးခဲ့တဲ့ဘဝဘဝတွေရဲ့ကံ….တဲ့..။
ထာဝရဘုရားကိုးကွယ်သူတွေကတော့.. God’s Will ဘုရားသခင်အလိုတော်အတိုင်း…။
ဗုဒ္ဓကတော့.. Cause and effect
ကျုပ်ကတော့.. ဟိုနားလေးက.. လိပ်ပြာအတောင်ပံခတ်လိုက်လို့.. .ပါလို့… ။
မိခင်သဘာဝပေါ့လေ..။ :k:
ဦးကြောင်ကြီး
February 2, 2015 at 11:20 am
ကင်းကောင်ပြာကို ဆားခြင်သီ…
Kaung Kin Pyar
February 2, 2015 at 3:51 pm
.ညှီပြီ
ဝင့်ပြုံးမြင့်
February 3, 2015 at 9:10 am
အရီးလတ် says: အပျိုကြီး ဖြစ်ခြင်း၊ မဖြစ်ခြင်း အိမ်ထောင်ကျခြင်း ၊ မကျခြင်း ဟာ
လုပ်ချင်တိုင်း လုပ်လို့ ရတာ မဟုတ် လို့ ပြောချင်တာ က အနှစ်ချုပ်ပါလေ။
—-
အမလတ်ပြောတာ ဖူးစာ ကိုပြောတာလား။ ဖူးစာချည်း အားကိုးနေလို့ ဘယ်ဖြစ်မလဲ၊ ကိုယ်ကလည်း ကြံရဖန်ရဦးမှာပေါ့။ အမလတ်ကော တစ်သက်နဲ့တစ်ကိုယ် ဘယ်ယောက်ျားကိုမှ နျူ ကလီးယား မလုပ်ခဲ့ဘူးလို့ ပြောရဲလား။
ခင်ဇော်
February 3, 2015 at 9:49 am
ဟီးးး
ဖတ်ပြီး ဘာ ပြောရမှန်းမသိလို့ ရှောင်နေတာ။
အစက ကောင်းကင်ပြာပို့(စ) ကို ဖုန်းနဲ့ဖတ်ပြီး ကော်မန့်အရှည်ပေးရမှာ အစဉ်မပြေလို့ အမဝင့် ပို့(စ) မှပဲ ပေးတော့မယ်။
အရှေ့တိုင်းက အထူးသဖြင့် ကျနော်တို့ဆီမယ် ဒီ အိမ်ထောင်ရေး/အချစ်ရေး ကို အတော်အသားပေးတာတွေ့ရတယ်။
:mrgreenn:
တစ်ယောက်တည်းမြင်ရင် “တစ်ယောက်တည်းပဲလား၊ ချစ်သူရည်းစား မရသေးဘူးးလား”
၂ ယောက်ဖြစ်သွားရင် “ဟေးး၊ ဘယ်တော့ စားရမှာလဲ”
ယူခါနီးဆိုရင် “ပွဲကို ဘယ်မှာလုပ်မလဲ၊ ဘယ်၂ပွဲဆောင်မလဲ”
ယူပြီး “ကလေးဘယ်တော့လောက် ယူမလဲ၊ ကလေး ယူသေးဘူးလား”
ကလေးတစ်ယောက် ရပြီး “တစ်ယောက်ပဲလား တော်ပြီလား၊ နောက်တစ်ယောက် မယူတော့ဘူးလား”
အဲဒါတွေသာကြည့်၊ အများတကာမေးတဲ့ မေးခွန်းတွေသာဖြေဖို့ ကြိုးစား လိုက်လုပ်ဖို့ ကြိုးစားနေရရင် သူများ ပါးစပ်မှာ ဘဝဆုံးတော့မယ်။
ဆိုတော့…..
ဘာဖြစ်တုန်းးး၊ အပျိုကြီးတိုင်းလည်း အို ကံ မကောင်းတာမဟုတ်။
သားသမီး လင် ရှိတိုင်းလည်း အထောက်အပံ့ဖြစ်တာမဟုတ်။
လုပ်ချင်တာသာလုပ်။ ကိုယ့် ဘဝ ကိုယ် ကျေနပ်နေဖို့ လိုတာပဲ။
သူများ ယောင်္ကျားနဲ့ ကလေးနဲ့ စည်ပင်တိုင်းလည်း အားကျနေလို့မဖြစ်သလို အပျိုကြီး ဆိုတာဟာလည်း နှိမ်စရာမဟုတ်လို့ မြင်တယ်။
အမျိုးမျိုးပေါ့လေနော့။
အပျိုကြီး လုပ်မယ် စိတ်ကူးပြီး အသက်ကြီးမှ ယောင်္ကျားယူတော့ ရော ဘာဖြစ်တုန်းး???
:mrgreenn:
ကိုယ့်ထမင်းကို စားရတာ။
လုပ်ချင်တာသာလုပ်။
ဟိဟိ။
:k:
pooch
February 3, 2015 at 1:27 pm
အေးလို့ဆို ဆွိ ဟီး :mrgreenn:
လုပ်ချင်တာလုပ်ဆိုလို့ ခုလောလောဆယ် ခွေးတကောင်ထပ်မွေးထားတယ်
မားသားရဲ့ မောနင်းတေးသံလေးတွေကလည်း ချိုလို့
ဒင်းလေးကလည်း ခြင်လုံဇကာကို နောက်ဖေးပေါက်ကနေ တခြစ်ထဲ ခြစ်လို့
Wow
February 3, 2015 at 2:10 pm
အဟွာလေ ဒီပို့စ်ကို သညားဝင်မဖတ်ခဲ့ဝူးလို့ သဘောထားလိုက်ကျပါနော်
ဝင့်ပြုံးမြင့်
February 4, 2015 at 12:29 pm
.ဒီအပျို ကြီး ၃ယောက်လည်း ခက်တာပဲ။
.ပထမအပျိ ု ကြီး ကတော့ အပျို ကြီးပဲ လုပ်သင့်ပါတယ်။ နှစ်ယောက်စာ ရှာကျွေးရမယ့် ပုဂ္ဂို လ် သနားစရာ ကောင်းလို့။ ဒုတိယ အပျို ကြီးကတော့ တောင်တက်ထွက်ရင် ခက်ဦးမှာမို့။ တတိယ အပျို ကြီးကိုတော့ မပြောတတ်ဘူး။ သူ့မှာ ဘာအကျင့်တွေရှိမှန်း မသိသေးဘူး ဟီး ..။
လုံမလေးမွန်မွန်
February 4, 2015 at 12:31 pm
အနော်လည်း ရည်းစားသာထားတာ.. အိမ်ထောင်ပြုဖို့ကျ သိပ်သတ္တိမရှိသေးဘူး…လက်ရှိဘဝလေးမှာပဲ ပျော်နေမိတယ်
ဝင့်ပြုံးမြင့်
February 5, 2015 at 9:24 am
.မွန်မွန်က နည်းနည်းတော့ ငယ်ပါသေးတယ်။ ဒါပေမယ့် ၃ဝ တော့ မကျော်စေနဲ့။ ကိုယ်ဝန်ဆောင် မီးဖွားရတာတွေက ဘာမှ မခံစားရဘူး။ အစ်မက အသက် ၄ဝကျော်မှ ခလေး နောက်တစ်ယောက်ထပ်ယူတော့ နို့ကြောင်းပိတ်ပြီး ခလေး နို့စို့ရင် အရမ်းနာတယ်။ မျက်ရည်တောင် ပေါက်ပေါက်ကျတယ်။ အဲဒါကြောင့် အသက်သာ မကြီးသွားစေနဲ့လို့ ပြောတာပါ။
Foreign Resident
February 4, 2015 at 3:17 pm
ဝင့်ပြုံးမြင့် says:
” ယောက်ျားတွေကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချနိုင်အောင် ၊
ဒို့မိန်းမတွေ ကြံဆောင်ကြပါစို့ ”
အောင်မယ် ၊ အောင်မယ် ။ ရာရာစစ ။
ဒီလို လေးလေး နက်နက်ရေးထားတဲ့ Post ကောင်းလေဘဲလေ ဆိုပြီး ၊
ပြုံးပြုံးလေး ဖတ်လာတာ ၊ အဆုံးနားမှ လာဖေါက်နေတယ် ။
ငါတို့ ယောက်ျားလေးတွေဖက်ကလဲ ပြန်ချေတဲ့သူ မတွေ့ရဘူး ။
ဒီအတိုင်း ၊ ဆက်လွှတ်ပေးလိုက်ရင်လဲ ၊ ငါဒို့ အဘ ရှိနေရဲ့ နှင့် ၊
ငါဒို့ ယောက်ျားလေးတွေဖက်က ခံခဲ့ရတယ် ဆိုပြီး ရာဇဝင် ရိုင်းတော့မယ် ။
ဆုတောင်းလေ ။ ဆုတောင်း ။
မိန်းမ ကြောက်ရတယ် မကြောက်ရဘူး တော့ မပြောချင်ဘူး ။ ဆက်ဖတ်ကြည့် ။
မိန်းမ က
” သူ့ဘေးနားမှာဘဲ အေးအေး ဆေးဆေး ထိုင် နေပါ ၊
သူ တစ်သက်လုံး ရှာဖွေကျွေးယုံတင်မကဘူး ၊
ကျန်းမာရေး ၊ ပညာရေး နှင့် ၊ အစစ တာဝန်ယူပြီး ၊
့ရွှေပေါ် မြတင် ဒိတ်ဒိတ်ကြဲ အခြေအနေ နှင့် လည်းထားပါ့မယ် ၊
လစဉ် အသုံးစရိတ် လည်း သိန်း — ဆယ် ပေးပါ့မယ် ၊
သင်္ဘော ကပ္ပတိန် အလုပ် ထွက် မလုပ်ပါနှင့်တော့ ”
ဆိုတဲ့ ပြောစကားတောင် နားမထောင်ဘဲ ၊
( ကဲ လို့ကောင်းအောင် ၊ ဟီ ဟိ ဤကား စကားချပ် )
သင်္ဘော ကပ္ပတိန် ထွက်လုပ်နေတာကွ ။
အဲဒါကိုမှ ၊
” မိန်းမ ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချနိုင်တယ် ” လို့
မပြောရင် ၊ ဘာပြောချင်သေးလဲ ။
ဆုတောင်းလေ ။ ဆုတောင်း ။
ငါ ကွ ။ ဘာ ပြောချင်သေးတတုန်း ။ ဘူး ထွား ဟား ဟား ။
PS : နောက်ထှာ ၊ အတည် ။
ခင်ဇော်
February 4, 2015 at 3:28 pm
ဘာပဲဖြစ်ဖြစ်လေ အချိန်တန် မိန်းမ ဆီတော့ ပြန်ရတာပဲ မို့လားးး
အလွတ်အကျွတ်မှ မဟုတ်ပဲနဲ့။
ဟိ။
:k:
အာ့မျိုးကျ ထောင်စောင့်ကြီးကို လာဘ်ထိုးရတဲ့ အပြင်သွားခွင့်ရတဲ့ ထောင်သားမျိုးး
ဟိ.။
:k:
Foreign Resident
February 4, 2015 at 4:06 pm
ကြည့်စမ်း ၊ ကြည့်စမ်း ။
ဇီဇီ က ၊ တောက်လျှောက် နီးပါး အဘဖေါ ကို ထောက်ခံလာခဲ့ပြီးမှ ။
အခုတော့ သူ့ Institution ( Female Gender ) ကို ထိတော့မှ ၊
ကက်ကက်လန်အောင် ပြန် ရန်တွေ့နေတယ်ပေါ့လေ ။ ဟဲ ဟဲ ။
ခင်ဇော် says:
” ဘာပဲဖြစ်ဖြစ်လေ အချိန်တန် မိန်းမ ဆီတော့ ပြန်ရတာပဲ မို့လားးး ‘
မပြန်လို့တော့ ဘယ်ဖြစ်မလဲလေ ။
တစ်သက်လုံး ရှာဖွေကျွေးပြီး ရွှေပေါ် မြတင် ထားမယ့် မဟေသီ လေ ၊
မနဲ ရှာထားရတာ ။ နောက် တှောက် ထပ်တွေ့ဖို့ လွယ်ဘူး ရယ် ။
ဟဲ ဟဲ ၊ အလကား ၊ စ နေတာပါကွယ် ။
တကယ့် တကယ်မှာတော့ ယောက်ျား ရယ် မိန်းမ ရယ် မဟုတ်ပါဘူး ။
ပို ချစ်ရတဲ့သူက ၊ ပို ရှုံးတာပါဘဲ ကွယ် ။
ဝင့်ပြုံးမြင့်
February 5, 2015 at 9:31 am
.ခက်တာပဲ၊ ယောက်ျားတွေများ တော်တော်အချစ်ခံချင်တယ်။ အဘ မဟေသီမှာ ခလေး ၃-၄ ယောက်လောက်များရှိရင် ဘေးကယောက်ျား လှည့်တောင်ကြည့်မှာ မဟုတ်ဘူး။ ပေါ်တာဆွဲရုံတင် မကဘူး၊ နှင်တံကိုင်ပြီးတောင် ခိုင်းဦးမှာ။ ထက်တဲ့မိန်းမဆို ပိုဆိုးတော့မပေါ့။ 🙂
—
ပို့စ်တစ်ပုဒ်လုံးက သဘောတရားတွေချည်းပဲ ပါတယ်လေ၊ သဘောတရားအရတောင် အိမ်ထောင်ပြုသင့်ရင် အချစ်ဆိုတာကိုပါ ထည့်သွင်းစဉ်းစားလိုက်ရင် ပိုတောင် အိမ်ထောင်ပြုသင့်သေးတာပေါ့ ဘဖောရေ။ ဘာအတွက်ကြောင့်များ လက်လွတ်ဆုံးရှုံးခံရမှာလဲ။
ဖားသက်ပြင်း
February 4, 2015 at 4:39 pm
တကယ်တော့ မိန်းမယူတယ်ဆိုတာ ကိုယ်နဲ့လည်းအမျိုးတစက်မှမတော်ဘဲတနေ့တခြားအိုမင်းယိုယွင်းလာမယ့်မိန်းမဂျီးကို မသေမချင်းကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှပြုစာစောင့်ရှောက်ယုယကြင်နာရမယ့် အလုပ်စုတ်စုတ်ကြီးဗျ
ငတုံးတေမှလုပ်တာ
🙂
ဒက်ဂလောက်ဒက်ဂလောက်
ဝင့်ပြုံးမြင့်
February 5, 2015 at 9:36 am
.ကိုယ်ကတော့ မအိုမှာကျနေတာပဲ။
ဦးကျောက်ခဲ
February 4, 2015 at 8:14 pm
အိမ်ထောင်ပြုတယ်ဆိုတာ Jigsaw Puzzle ပုံရိပ်ဆက်သလိုပါပဲ…
မတူညီတဲ့ အသိုင်းအဝိုင်းနှစ်ခုကို ပုံပေါ်အောင် ဆက်ကြည့်တယ်ပေါ့…
ကိုယ့်အိမ်ထောင်ဖက်နဲ့ ကီးကိုက်အောင်ညှိ ၊ နောက်ပြီး အသိုင်းအဝိုင်းနှစ်ခု…
အိမ်ထောင်ရေးမှာ အဓိက အခရာက နှစ်ဘက် နားလည်မှုလို့ လက်ခံထားပါတယ်…
ကျောက်စ် + မဒမ် လည်း အိမ်ထောင်ပြု နောက်ကျတာပါပဲ…
သားသမီးအတွက် အချိန်ကောင်းမရှိမှာပဲစိတ်ပူပါတယ်…
မြင်တွေ့ဖူးတာတွေများလို့ မြန်မာလို ဆေးပေးမီးယူဆိုတာ တကယ်အဟုတ်ဗျ…
“အလုပ်ကြမ်းနဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်းချနိုင်အောင် ဒို့မိန်းမတွေ ကြံဆောင်ကြပါစို့လို့”
This is commitment …. ဟီ ဟိ :k:
ဝင့်ပြုံးမြင့်
February 5, 2015 at 9:43 am
.ကျောက်စ်ရေ .. အိမ်ထောင်ရေးမှာ အခရာက နှစ်ဖက် နားလည်မှုလို့ယူဆရင်တော့ သာမန်လူငယ်တွေ ဘယ်တော့မှ အိမ်ထောင်ပြုနိုင်တော့မှာ မဟုတ်ဘူး။ နှစ်ဖက်ဆွေမျို း တွေဟာ ဘယ်တော့မှ နားလည်လာမှာ မဟုတ်ဘူး။ ကျောက်စ်တို့က စိန်နဲ့မြလို ဖြစ်နေလို့ ဒီအမြင်မျိုး ရှိတာပါ။ အများစုက အဆင်မပြေကြပါဘူး။ သဘောထားသေးမှုအောက်တွေ ဝေဖန်မှုမျိုးစုံအောက်မှာ နေနေကြတာပါ။ အထူးသဖြင့် အထက်မရောက် အောက်မရောက် မတင်မကျတွေမှာ ဖြစ်ကြတာ။ ဒါကြောင့် မတင်မကျတွေမှာပဲ အပျိ ု ကြီး တွေ ဒုနဲ့ဒယ်နဲ့ ဖြစ်နေကြတာပါ။