Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဒုံဒုံတိမ်တိမ်အင်တာဗျူး နဲ့ မဆုံးတဲ့ ပြဇာတ်

padonmarFebruary 8, 20151min221738

ဒုံဒုံတိမ်တိမ်အင်တာဗျူး

ဒီ အင်တာဗျူး မေးဖြစ်တဲ့ ဇာတ်လမ်းကတော့ ဒီလိုပါ။
Mark Zuckerberg က စတာပေါ့။
အဂ္ဂမဟာ ဖွဘုတ်တော်ကြီးမှာ ၂၀၁၄ နှစ်ကုန်တော့ ကလိစရာတွေ အမျိုးမျိုးတင်ပေးတယ်။ ကလေးတွေက ရှေ့ကနေ ရွစိရွစိ တင်ကြ၊ကျမတို့ အဖွားဂျီးတွေလည်း လိုက်ရူးကြ။
အဲဒီထဲ FB ID card ဆိုသဟာပါလာတယ်။
အဲဒါလေးလိုက်ကလိကြည့်တော့ ကိုယ့်ပရိုဖိုင်းပုံနဲ့ ကဒ်လေးထွက်လာတယ်။
အမယ်…အဲဒီမှာ Personality တဲ့။လက္ခဏာတွေ ဗေဒင်တွေကြည့်လို့ အင်မတန်သဘောကောင်း၊တော်တည့်ထက်မြက်တဲ့ စရိုက်ရှိ ဘာညာသာရကာဆို သိပ်ကြိုက်တာပေါ့။
အဲသလိုပဲ သူက ကိုယ့်စရိုက်ကို Assertive and Outspoken တဲ့။
အဲဒီ အဓိပ္ပါယ်တွေ ရေရေရာရာ မသိလို့ ဒစ်ရှင်နရီတော်ကြီး ပြေးလှန်ရသေးတယ်။
Assertive =Having or showing a confident and forceful personality (ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ရှိတယ်ပေါ့)
Outspoken=Frank in stating one’s opinion (ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းပြောတတ်တယ်) တဲ့။
ကိုယ့်ဖာသာ ယုံကြည်မှုရှိတာတော့ အမှန်ပဲ။(ဒီလောက် အရုပ်ဆိုးတဲ့ ရုပ်နဲ့တောင် လူကြားထဲကို ချည်ထည်အပေါစားနဲ့ပဲ သွားလာနေတာ)
အဲ..နောက်က ကိုယ့်အမြင်ကို ပွင့်ပွင့်လင်းလင်းဆိုတာကြီးကတော့ ကိုယ်ဟုတ်ပါ့မလားလို့ မယုံရဲဘူး။
ကိုယ့်ဘော်ဒါတွေထဲ ကိုယ့်လို အဲဒီ ကလိစရာတွေကို ကလိတဲ့လူတွေ လိုက်ကြည့်တော့ လားလား…
ကတိမ်မည်းကလည်း ဖေဖော်ဝါရီမွေးဖြစ်ပြီး ဒီလိုကဒ်မျိုးပဲ ဆွဲမိထားတာကိုး။
ဒါနဲ့ ကတိမ်မည်းရေ၊မှန်သလားဟေ့ လို့ သေဖော်ညှိလိုက်မိတယ်။
တိမ်မည်းက မှန်တယ် အန်တီတဲ့။ဒါပေမယ့် Outspokenကတော့ ငယ်ငယ်ကဖြစ်တယ်။အခု မဖြစ်တော့ဘူးတဲ့။
ဒါနဲ့ အင်တာဗျူးလေး စပါတယ်။
ပဒုမ္မာ- ကတဲမိန်..FB ID Card ထဲကလို ငယ်ငယ်ကတော့ Outspoken တကယ်ဖြစ်တယ်။အခု မဖြစ်တော့ဘူးပြောလို့ ၊ဒီထဲက ကွန်မန့်လေး ပြန်ဖတ်ကြည့်ပါအုံး။

 

အမုန်းမီးများငြိမ်းစေချင်

https://myanmargazette.net/153672/comment-page-1#comments

….
ဤဝတ္ထု၌ အမျိုးသမီးတစ်ယောက်သည် အမြုံမ ဖြစ်နေသဖြင့် လင်ယောက်ျားအတွက် မယားငယ်တစ်ယောက် ရှာပေးခဲ့ပုံ၊ မယားငယ် ကိုယ်ဝန်တည်သည့်အခါ ဝန်တိုစိတ်ဖြင့် အစာအာဟာရနှင့် ရောလျက် ကိုယ်ဝန်ဖျက်ဆေး ကျွေးခဲ့ပုံ၊ သုံးယောက်မြောက်ကိုယ်ဝန်
myanmargazette.net
တိမ်မည်း- ပြန်ဖတ်ကြည့်လိုက်ပါ့မယ်… အန်တီ….
ပဒုမ္မာ- အန်တီ့ပို့စ်တွေကို ကတဲမိန် မန့်တဲ့ထဲက ဒီပို့စ်မှာ မှတ်မှတ်ရရ သတိထားမိလို့ပါ။
တိမ်မည်း- အင်း အဲ့တုန်းက မှတ်မှတ် ရရ ၂၀၁၂… အမှတ်မမှားရင် ရခိုင်အရေးအခင်း အကြီးအကျယ် ဖြစ်နေတဲ့အချိန်ထင်ပါ့…. ပြည်မ (ဗမာပြည်) (ရခိုင်အများစုအခေါ်) က လူတွေက ပြည်နယ် အရေးအခင်းကို နားမလည်ကျဖူး… အဲ့တုန်းကလည်း ကျွန်တော်ကလည်း ပြည်နယ်က လူတယောက်လို ဖြစ်နေတော့ သူတို ့ စိတ်လေးတွေတော့ နဲနဲ ရှိသဗျ… အာ့ကြောင့် ရေးမိတာ နေမှာ… မူရင်း outspoken လေးလဲ ပါတော့ လေသံပိုမာသွားတာပေါ့….
ပဒုမ္မာ- အခုနေဆိုရင်ရော အဲလို ရေးဖြစ်အုံးမှာလား သိချင်ပါတယ်။(မိုက်ကိုင်၍ အိမ်သာဗျူးပါသီ)
တိမ်မည်း- ၂၀၁၃ ၂၀၁၄ က ကျွန်တော့်ဘဝကို သေစေနိုင်လောက်တဲ့ ဒဏ်ရာတွေ အပြည့်ရခဲ့ပါတယ်… အဲ့နောက်ပိုင်းမှာ အများကြီး ရင့်ကျက်လာတယ်လို ့လည်း ယူဆပါတယ်… ဒါပေမယ့် အခုထိ တချို ့အပိုင်းတွေ မှာ ကလေးဆန်တုန်းပါပဲ… အရင်ကထက်တော့ အများကြီး ထိန်းနိုင်နေတာတော့ သေချာပါတယ်… အဲ့တော့ အဲ့လို စာမျိုး ပြန်မြင်ရဖို ့တော့ မလွယ်လောက်ပါဖူး…
ပဒုမ္မာ- နှမျောစရာအေ။
ပဒုမ္မာ- နောက်တခု ဆက်ဗျူးပါရစေ။အခုနေဆိုရင်ရော အဲဒီ 2012က အနောက်ဖက်တံခါးကိစ္စကို ဘယ်လို သဘောထားမလဲ ဆိုတာလေး။(ဇီဇီဆာဆာအင်တာဗျူးထက်သာအောင် ဒုံဒုံတိမ်တိမ် အင်တာဗျူး လုပ်ပါသီ)
ပဒုမ္မာ – ကျုပ်တို့ ရွာထဲ Outspoken တွေ အများကြီး ရှိခဲ့ပြီး ပျောက်ကုန်တာ နှမျောလိုက်တာ။
တိမ်မည်း- နောက်ဆုံးတခုကိုအရင်ဆုံး ဖြေပါရစေ… စိတ်ထင် လူတွေ ခင်ကုန်တာက ထိပ်ဆုံးကပါမယ်ထင်တာပါပဲ….
တိမ်မည်း- ၂၀၁၂ ကိတ်စ ကို အခုအမြင်နဲ ့ပြောရရင်တော့ နိုင်ငံရေး လူမျိုးရေး ကစားကွက် တခုလို ့ပဲ မြင်ပါတယ်… သုံးဖတ်မြင် အမြင်လေးတွေလည်း ရှိပါတယ်… နောက်ဆုံး ကျတော့ ဘယ်သူ ့အပြစ်ဆိုတာ အင်မတန် ပြောရခက်လောက်အောင်ပါပဲ….
ပဒုမ္မာ- ဟုတ်တယ်။ခင်ကုန်တော့ အပျော်တွေပြောပြီး ဝေဖန်ရေးမှာ အားလျော့သွားတာ အမှန်ပဲ
ပဒုမ္မာ- ကတိမ်မည်းရေ၊သေချာတာကတော့ အခုပြည်နယ်ဖက်က သက်သက် ခံစားလို့ မရတော့ဘူးမလား။နီးစပ်မှုကလည်း ခံစားချက်တွေကို အတိုးအလျှော့လုပ်ပေးမယ်ထင်တယ်။
တိမ်မည်း- အဲ့လိုလည်း မဟုတ်သေးဖူး… ကျွန်တော်တို ့က အဲ့မှာ နေတာကြာတော့ ရပ်ကွက်က အတင်းအစ လွတ်တော်က စကားအဆုံး အကုန်နားထောင်ဖြစ်တယ်… ပြသာနာ အတိမ်အနက်ကို နောက်ပိုင်းကျတော့မှ အတိအကျ နားလည်တာ… အဲ့ဒါကြောင့် သုံးဖက်မြင်လို ့ပြောတာ… အဲ့မှာ နေကတည်းက အဲ့ပြသာနာကို နိုင်ငံရေး လူမျိုးရေး ကစားကွက်လို ့ မြင်ထားပီးသားပါ…. ဒီဘက်ရောက်မှ မဟုတ်ပါဖူး….
ပဒုမ္မာ- အန်တီပြောချင်တာက ကစားကွက်မှန်းတော့ သိကြတာပဲ။ အနားနီးသူတွေရဲ့ ခံစားချက်က ကိုယ့်ရဲ့ ခံစားချက်ဖြစ်သွားတာကို ပြောချင်တာ။ပိုခံစားရတယ်ပေါ့။
ပဒုမ္မာ- ဟိုတုန်းက ကိုထူးဆန်းလား ကိုဆာမိလားမသိ၊ပြဇာတ်ကနေတယ်ပြောခဲ့။အခုလည်း ပြဇာတ်ကြီးက ကမဆုံးပါပဲ ကတိမ်မည်းရေ။
တိမ်မည်း- ဖြစ်ဖြစ်ချင်းတုန်းက ကစားကွက်မှန်း မသိဖူး အန်တီ… အဲ့လောက်ကြီးမယ်လို ့လည်း မထင်ဖူး… ခံစားချက်ကတော့ အန်တီ ပြောသလိုပါပဲ…
ပဒုမ္မာ- ဤတွင် ဒုံဒုံတိမ်တိမ် အင်တာဗျူး ပြီးပါပြီ။ကျေးဇူးတင်ပါသည်။
January 19 at 10:23pm • Like • 2

အဲဒီလို အပြန်အလှန်ပြောရင်း ကတိမ်မည်းနဲ့ တီဒုံ ရွာထဲမှာ တချိန်က အပြန်အလှန်ရေးဖြစ်ကြတဲ့ ပို့စ်ကို သတိရပြီး အတောင်ဆိတ်မိပါတယ်။

အဲဒီပို့စ်ကိုရေးတဲ့ အချိန်က 2012 ၊
ရေးမိတာက ည သန်းခေါင်၊
ရေးဖြစ်တဲ့အကြောင်းရင်းက ရခိုင်မှာ မသီတာထွေးကစပြီး ဖြစ်လိုက်တာ တောင်ကုပ်ကိစ္စအပြီး..ဒီကိစ္စတွေ ပြီးပါပြီ ထင်နေဆဲ သံတွဲမှာ ဆူနေပြီလို့ ကထူးဆန်းက e-mail ပို့လာတယ်။
အန်တီမမကလည်း သူ့ရဲ့ ရခိုင်မှာ မွေး၊ရခိုင်မှာကြီးတဲ့ မွတ်စ်မိတ်ဆွေ တွေ အိမ်နဲ့ ပစ္စည်းတွေ ပစ်ပြီး ပြည်မကို ပြေးလာကြရတယ်လို့ စိတ်မကောင်းစရာတွေ ပြောပြတယ်။
အဲဒီမှာ စိတ်တွေ ပူပင်မိလို့ အမုန်းမီးများငြိမ်းပေးပါ ဆိုတာလေး ကောက်ရေး၊ကိုယ့်ရွာထဲ ရင်ဖွင့်မိတာ၊
မနက်လည်းကျရော ကိုရွှေသူကြီးက ရွာထိပ်မှာ စတစ်လုပ်ထားပါလေရော။
အို… ရန်အတွေ့ခံလိုက်ရတာ စုံနေတာပဲ။
ကိုယ်ကလည်း အဲဒီတုံးက အတော်စိတ်ပါနေတာ၊ကွန်မန့်တွေကို ဦးဆောင်ဆွေးနွေးရမည် ဆိုတဲ့ စည်းကမ်းအတိုင်း တယောက်ကမန့်လိုက် ကိုယ်က ပြန်ရေးလိုက်..အတောမသပ်ပဲ။
အဲဒီတုံးက ကိုယ်နဲ့ ဆန့်ကျင်ဖက်မှာ ချစ်ညီအမ မလတ်လည်းပါတယ်။
(မတူသောအမြင်နဲ့ ချရေးတာပါ)
Onyx ဆိုတဲ့ တယောက် ခုတော့ မတွေ့တော့ဘူး။အဲဒီကတည်းက တီဒုံကို စိတ်နာနာနဲ့ ရွာထဲ မဝင်တော့တာလား မသိဘူး။
နောက်ဆုံးကတော့ ကတိမ်မည်းပါ။
သူက တော်ပါတော့၊ထပ်မရေးပါနဲ့တော့ ဆိုတာနဲ့ အဲဒီမှာတင်ရပ်တန်းက ရပ်ခဲ့တာပါပဲ။
ပျင်းရင် ပြန်ရှာ ဖတ်ကြည့်ကြလေ။
အော်..အခုတော့ ၃နှစ်နီးပါးတောင် ရှိခဲ့ပြီ။

အဲဒီတုံးက ကထူးဆန်းလား၊ကဆာမိလား မသိပြောခဲ့တဲ့ ြပဇာတ်တွေ ကနေကြတာ ဆိုတာလေး အမှတ်ရမိလို့ပါ။
ရခိုင်ပြဇာတ်ပြီးတော့ မိတ္ထီလာပြဇာတ်၊မန္တလေးပြဇာတ် တွေ ကခဲ့ကြသေးတယ်။
မလေးရှားမှာ သေကြရတဲ့ အသက်တွေကိုလည်း ရေတွက်ကြည့်မိပါတယ်။

အော်….ဒီပြဇာတ်ကြီး ဘယ်တော့များ ဆုံးပါ့မလဲ။
ဝင်ကနေမိတုံးလည်း ငါပြဇာတ်ထဲ ရောက်နေပါလားလို့ သတိရကြမယ် မထင်ပါဘူး။
ကိုယ်လည်း ဒီပုတ်ထဲကပဲ ပါဘဲ။

38 comments

  • padonmar

    February 8, 2015 at 8:13 pm

    ဒါလေးရေးထားတာ ကြာပြီ။စိတ်ကရှုပ်/စိတ်မရှုပ်ရင် ရွာဝင်မရ/ရွာဝင်ရတဲ့အခါ အလုပ်ရှုပ်/အလုပ်မရှုပ်တဲ့အခါ စိတ်ရှုပ်နဲ့ ရွာနဲ့ အဆက်ပြတ်နေလို့ ရှိတာလေး ကောက်တင်လိုက်တာ။
    ဒိတ်အောက်နေပြီမြင်လည်း ပွိူင့်တက်အောင်လို့သာ မှတ်ပါဗျို့။

  • မြစပဲရိုး

    February 8, 2015 at 9:05 pm

    အိုးလာလား။
    ၃ နှစ်တောင် ရှိပြီ။
    သများ က မဆန့်ကျင်ပါဘူး။ နဲနဲဘဲ ကန့်လန့်တိုက်တာပါ။
    ပြန်ဖတ်ကြည့်တာ လူ တွေ အများကြီး ဆွေးနွေး ကြတာ ပျော်စရာကြီး။
    ကျွန်မ ခဲအို က ပြောတယ်။
    လေထဲ က ကျယ် နေတာ လောက် စိတ်ပျက်စရာမရှိဘူးတဲ့။
    ပြောလဲပြောစရာဘဲ။
    အများစု ကလဲ အစွန်းရောက် နှစ်ဖက် များနေတာ။
    တစ်ဖက်က စစ်အစိုးရ ပြုတ်မှာ ကြောက်လို့ နိုင်ငံရေး ပြောသူ ဆို အင်မတန် မုန်းတီးသူများ၊ နောက်တစ်ဖက် က စစ်အစိုးရ ကို အသေမုန်းတီးသူများ။
    အခုတော့ နောက် တစ်စွန်း ထပ်တိုးလာတာ။
    သူတို့ကတော့ နိုင်ငံရေးသမား နေရာ မရ မင်းသားကြီး မလုပ်ရလို့ ပတ်မကြီး ဖောက်ဖို့ ကြိုးစားနေသူများ။
    ဒီကြားထဲ ကျွန်မတို့လို ကြားကန့်လန့် တွေ က ဟိုဘက် ဝင်စွာလိုက် ဒီဘက် လှည့်ဟောင် လိုက် နဲ့။
    အမှန်တော့လေ။
    ကျွန်မ ခဲအို လို မလှုပ် မရှုပ် မပြုတ် တွေများ နေလို့ ပိုဆိုးနေတာ။ 😀 😉

  • padonmar

    February 8, 2015 at 10:21 pm

    မလတ်ရေ
    နှစ်ကာလကြာလာပြီးမှ ဖြစ်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ကြည့်တဲ့အခါ မတူသော အတွေးတွေ ထွက်လာတတ်ပါတယ်။
    အတိတ်ကငါကို ပစ္စုပ္ပန် ငါက ပြုံးမိတဲ့ အခါတွေလည်း ရှိမှာပေါ့။
    အမလည်း ပြန်ဖတ်ကြည့်မိတော့ ကိုယ့်ကိုယ်ကိုယ် ပြုံးရုံမက ရီမိတယ်။

  • အလင်းဆက်

    February 9, 2015 at 12:29 am

    အခုက ပြဇာတ်မှ မဟာပြဇာတ်ကြီး ကနေတာ
    အလွမ်း အကြမ်း အရမ်းနဲ့ ဟာသရော ပါလား ပါရဲ့
    ဇာတ်သိမ်းကိုတော့ ကြို တွေးလို့ရနေသလိုလိုကြီးပါပဲ
    (ဗမာပြည်တွင်း ဇာတ်ပီပီ )

  • မြစပဲရိုး

    February 9, 2015 at 12:45 am

    အစ်မဒုံ – အခုမှ စေ့စေ့တွေး ရေးရေးပေါ်လာသလားလို့။
    အစ်မ အခု ဝှိုက်ကဒ် အရေး မှာ စိတ်နဲနဲ ပြောင်းလာတယ် လို့ ဆိုချင်တာလား ရှင့်။
    ပုံ
    ဆွခင်စိန် 😉

    • padonmar

      February 9, 2015 at 9:47 pm

      မလတ်ရေ
      အရင်ရေးခဲ့တဲ့ အမုန်းမီးများ ငြိမ်းစေချင်မှာ ထားခဲ့တဲ့ သဘောထားကတော့ မပြောင်းသေးပါဘူး။
      ဒုံဒုံတိမ်တိမ် အင်တာဗျူး ရက်စွဲပါတယ်လေ။
      ဇန်နဝါရီ ၁၉ လို့။
      အဲဒီတုံးက ဝှိုက်ကဒ်ကိစ္စ မစသေးဘူး။
      ကျောင်းသားတွေတော့ စပြီ။
      ကိုယ့်ရွာထဲလည်း အမတ်ကြီးတို့ ကေဇီ၊ဂျီးဝါးတို့ မိုက်မိုက်တို့ကတဖက် ကယွဲစီနဲ့ အပေါင်းပါများကတဖက် သဘောထားကွဲစပြုပြီ။
      တောက်လျှောက် အတွေးညီခဲ့ကြတဲ့ ရွာသူားတွေတောင် ဒီတခါ မညီကြတော့ဘူး။
      တတိုင်းပြည်လုံးဆို ပိုဆိုးတော့မပေါ့။
      အဲဒါလေး တွေးမိလို့ အခု တယောက်တခွန်း ရေးနေကြတာတွေဟာ နောင် ၃နှစ်ဆို အတွေးတမျိုး ပြောင်းကြတော့မယ်ဆိုတာ စဉ်းစားမိတာလေးပါ။
      ကိုယ့်ကိုယ်ကိုယ်ကတော့ တချိန်က ရပ်နိုင်ပေ့၊ရပ်နိုင်ပေ့နဲ့ အားပေးခဲ့ရတဲ့ အစိုးမရကြီးကို လက်ခုပ်တီးပေးချင်စိတ်ကုန်သွားပြီဖြစ်လို့ ရီချင်မိတာပါ။

      • Wow

        February 11, 2015 at 4:56 pm

        ခုတော့ကျောင်းသားအရေးက (၁၁)ချက်လုံးသဘောတူလိုက်ပီတဲ့ တီဒုံ
        Kamayut Media

        BREAKING NEWS: (2/11/2015 – 4:24 pm)

        ခွပ်ဒေါင်းတို့တွန်သံ မိုးယံဘဝဂ်တိုင်စေသတည်း …. လေးပွင့်ဆိုင် ရလဒ်ထွက်ပြီ

        ရက်ပေါင်း ၂၃ရက်ကြာ မိုင်ပေါင်းများစွာကို ခရီးပြင်းချီတက်နေတဲ့ သပိတ်မှောက်ကျောင်းသားတွေရဲ့ ပညာရေးစနစ် ပြုပြောင်းလဲရေး တောင်းဆိုချက် ၁၁ချက်ကို အစိုးရ၊ လွှတ်တော်၊ NNER နဲ့ ဒီမိုကရေစီပညာရေးလှုပ်ရှားမှု ဦးဆောင်ကော်မတီတို့ရဲ့ လေးပွင့်ဆိုင် ဆွေးနွေးပွဲမှာ ဖေဖော်ဝါရီ ၁၁ရက်နေ့ညနေမှာ မူအားဖြင့် သဘောတူညီလိုက်ပါတယ်။

        အချက် ၁၁ချက်ထဲမှာတော့ ပညာရေးအသုံးစားရိတ်ကို နိုင်ငံတော်ဘက်ဂျက်ရဲ့ ၂ဝ ရာခိုင်နှုန်း သုံးစွဲမယ့်ကိစ္စကတော့ ဆွေးနွေးပွဲမှာ အချိန်ယူပြီး အကြိတ်အနယ်ဆွေးနွေးခဲ့ရပါတယ်။ ဒါဟာ နောက်ဆုံးအချက်ဖြစ်တဲ့ အလယ်တန်းအဆင့်ထိ မသင်မနေရ အခမဲ့ပညာရေးနဲ့လည်း တိုက်ရိုက်ချိတ်ဆက်နေတာကြောင့် ဆွေးနွေးပွဲပြီးခါနီးမှာ အချိန် တစ်နာရီကျော်ကြာ ဆွေးနွေးခဲ့ပြီးမှ အချက် ၁၁ချက်စလုံးကို ဥပဒေပြင်ဆင်ချက်ထဲ ထည့်သွင်းဖို့ လေးပွင့်ဆိုင်သဘောတူညီချက်တွေအတိုင်း အကောင်အထည်ဖော်ဖို့ဖြစ်ပါတယ်။

        သမိုင်းဝင် ဆွေးနွေးပွဲမှာတော့ တောင်းဆိုချက်တွေ သဘောတူညီချက်ရပြီဆိုတာနဲ့ အကြိုဆွေးနွေးပွဲတွေမှာ သဘောတူညီထားခဲ့တဲ့အတိုင်း ရွှေတောင်၊ မအူပင်၊ မကွေး၊ သထုံမြို့တွေမှာ ရောက်နေတဲ့ ပညာရေးသပိတ်စစ်ကြောင်းတွေကို ရပ်ဆိုင်းရမှာဖြစ်ပါတယ်။

        တောင်းဆိုချက် ၁၁ချက် –
        ၁။ ပညာရေးမူဝါဒနှင့် ဥပဒေများ၊ နည်းဥပဒေများ၊ ဆက်စပ်ဥပဒေများရေးဆွဲရာတွင် ကျောင်းသားကျောင်းသူ ကိုယ်စားလှယ်များ၊ ဆရာဆရာမကိုယ်စားလှယ်များပါဝင်ရန်ကိစ္စ
        ၂။ ကျောင်းသားသမဂ္ဂများ၊ ဆရာသမဂ္ဂများ လွတ်လပ်စွာဖွဲ့စည်းထူထောင် လှုပ်ရှားခွင့်နှင့် ၎င်းသမဂ္ဂများတည်ရှိမှုအပေါ် တရားဝင်အသိအမှတ်ပြုရေးကိစ္စ
        ၃။ လက်ရှိပြဌာန်းပြီးဖြစ်သော အမျိုးသားပညာရေးဥပဒေတွင် ပါဝင်သည့် အမျိုးသားပညာရေးကော်မရှင်နှင့် တက္ကသိုလ်များ ပေါင်းစပ်ညှိနှိုင်းရေးကော်မတီ ဖွဲ့စည်းထားခြင်းကိစ္စ
        ၄။ ဒေသအလိုက်နှင့် ကျောင်းအလိုက် လွတ်လပ်စွာ စီမံခန့်ခွဲနိုင်သည့် ပညာရေးဆိုင်ရာ ကိုယ်ပိုင်ပြဌာန်းခွင့်ကိစ္စ
        ၅။ လက်ရှိကျင့်သုံးလျက်ရှိသော စာမေးပွဲစနစ်နှင့် တက္ကသိုလ်ဝင်ခွင့်စနစ်များ ပြင်ဆင်ရန်ကိစ္စ
        ၆။ ကျောင်းသားများ လွတ်လပ်စွာ စဉ်းစားတွေးခေါ်နိုင်ပြီး ကိုယ်တိုင်လေ့လာ စူးစမ်းသင်ယူနိုင်သည့် သင်ကြားနည်းစနစ်များ ပြောင်းလဲရန်ကိစ္စ
        ၇။ တိုင်းရင်းသားမျိုးနွယ်စုများ၏ ဘာသာစကားလွတ်လပ်ခွင့်နှင့် မိခင်ဘာသာစကားအခြေပြု ဘာသာစကားစုံ ပညာရေးစနစ် (Mother Tongue based Multilingual Education) ကို အမျိုးသားပညာရေးဥပဒေတွင် ထည့်သွင်းပြဌာန်းရန်ကိစ္စ
        ၈။ မသန်စွမ်းကလေးများအပါအဝင် ကလေးအားလုံးအတွက် လူတိုင်းအကြုံးဝင်ပညာရေး (Inclusive Education) ကိစ္စ
        ၉။ ကျောင်းသားအရေးအခင်းများကြောင့် ကျောင်းထုတ်ခံခဲ့ရသည့် ကျောင်းသားများ ကျောင်းပြန်လည်တက်ရောက်ခွင့်ကိစ္စ
        ၁ဝ။ ပညာရေးအသုံးစားရိတ်ကို တစ်နိုင်ငံလုံး အသုံးစားရိတ်၏ ၂ဝ ရာခိုင်နှုန်း သတ်မှတ်နိုင်ရေးကိစ္စ
        ၁၁။ အခမဲ့ မသင်မနေရပညာရေးစနစ်ကို မူလတန်းအဆင့်သာမက အလယ်တန်းအဆင့်ထိ တိုးမြှင့်ကျင့်သုံးရေးကိစ္စ

        • Mr. MarGa

          February 11, 2015 at 5:28 pm

          သာဓုပါဗျာ လို့ပဲ…
          ခုလောလောဆယ်အထိတော့ ဖြစ်နေပုံတွေကို သဘောမကျသေး

        • ခင်ဇော်

          February 11, 2015 at 5:54 pm

          ဘဝမှာ ကိုယ် မယုံကြည်တာတွေ နည်းပါတယ် အချစ်ရယ်…!!!
          ကိုယ်လေ……..
          ဥသေးစိမ် အစိုးးရကို မယုံဘူးးးး
          ကြံ့ဖွတ်/ ပြည်ထိုင်ခိုးးပါတီကို မယုံဘူးးးး
          လွှတ်တော်ထဲက တစ်မတ်သားးကို မယုံဘူးးးးး
          :k:

        • ခင်ဇော်

          February 11, 2015 at 5:58 pm

          သံသယ၊ … တစ်သက်လုုံး ကတိမတည်ဘဲ လိမ်နေသူတွေအပေါ် မယုုံရတဲ့ သံသယ ..

          မူအားဖြင့် သဘောတူတယ် ဆိုုတော့ စဉ်းစားစရာ ရှိလာတာက၊ … ဖြတ်သန်းဖိုု့ အဆင့် ၃ ခုု ကျန်သေးတယ်။

          ၁။ အဲဒီ ၁၁ ချက်ကိုု ပြင်ဆင်ရေး မူကြမ်းထဲ တကယ်ထည့်ပြီး ရေးမှာလား
          ၂။ ရေးပြီးတာကိုုရော လွှတ်တော်က အတည်ပြုမှာလား
          ၃။ အတည်ပြုပြီးရင်ရော အသက်သွင်း လိုုက်နာဖိုု့ အစိုုးရကိုု ဘယ်သူက စောင့်ကြည့်မှာလဲ

          အဲဒီ ၃ ချက် ကျန်တယ်။ (နံပါ ၃ အချက်ကတော့ .. သီးခြား ပြသနာတော့ မဟုုတ်ပါဘူး။ .နိုုင်ငံရေး ယန္တယားထဲက အခြားအချက်တွေနဲ့ အတူ စောင့်ကြည့်ရမယ့် ကိစ္စပါ။)

          ဒါ့အပြင် သူတိုု့က သဘောတူတာတွေကိုု ကတိလုုံးဝ မဖျက်တောင် တချို့အချက်တွေကိုု ဟိုုလိုုလိုု ဒီလိုုလိုု လုုပ်တာတွေရှိလာရင် ..

          .. နောက်ပြီး လက်ရှိ အစိုုးရ သက်တမ်းဟာ တစ်နှစ်တောင် မကျန်တာကြောင့် ဒီအစိုုးရ သက်တမ်းအတွင်းမှာ သဘောတူတာတွေကိုု မူကြမ်းရေးပြီး တင်တာကနေ …. လွှတ်တော်မှာ အတည်ပြုတာတွေအထိ ပြီးအောင်လုုပ်သင့်တာကိုု အချိန်စွဲပြီး အစိုုးရ အဖွဲ့ ဖျက်တဲ့ အထိ ဘာမှ မလုုပ်၊ အစိုုးရ အသစ်တာဝန်ဆိုုပြီး .. ခေါင်းရှောင်တာတွေ လုုပ်လာခဲ့ရင် ..

          စတဲ့ အချက်တွေကိုု ထည့်တွေးပြီး သပိတ်ကိုု ဘယ်လိုု အချိန်မှာ လျော့မယ်၊ လှန်မယ်ဆိုုတာကိုု အကောင်းဆုုံး ဖြစ်အောင် သေချာ ဆုုံးဖြတ်ကြဖိုု့ပါ။

          သပိတ်ကိုု မလျော့ဖိုု့ တိုုက်တွန်းတာလည်း မဟုုတ်သလိုု၊ လျော့ဖိုု့ အကြုံတာလည်း မဟုုတ်ဘူး။ လျော့မယ် မလျော့ဘူး စဉ်းစားရာမှာ ထည့်သွင်း စဉ်းစားနိုုင်အောင်ပါ။ လက်တွေ့ မြေပြင် အခြေအနေတွေကိုု တကယ်လုုပ်နေသူတွေက ပိုုသိပါတယ်။ ဆုုံးဖြတ်ဖိုု့ စဉ်းစားဆွေးနွေးရာမှာ အထောက်အကူပြုဖိုု့သာ ရည်ရွယ်ပါတယ်။

          ဒါ့အပြင် အသေးစိပ် သတင်း အချက်အလက်ကိုု သေချာ မသိရသေးခင် .. မူအားဖြင့် သဘောတူချက် ရတယ် ဆိုုတာကိုု သိရရုုံ အခြေအနေပေါ် စဉ်းစားမိတာကိုု ရေးတာ ဖြစ်တာကြောင့် .. သတင်းစုုံ သတိရတဲ့အခါ ပိုုမိုုပြည့်စုုံတဲ့ သုုံးသပ်မှုတွေ လုုပ်ကြည့်ပါဦးမယ်။

          (ကိုုထိုုက်)

  • ခင်ဇော်

    February 9, 2015 at 8:26 am

    မနေ့ညက အဲဒီပို့(စ) ကို သွားကြည့်လိုက်ရသေးတယ်။
    ခိခိ
    ကိုယ့် ကော်မန့်က ထိပ်ဆုံးကြီးမှာ။
    ရွာဝင်ခါစ ထင်ပါရဲ့။
    ၂၀၁၂ ဆိုတော့။
    ခုတော့ ကိုယ်တိုင်က ရွှေပြည်မအေးနိုင်တော့လို့ ဘာမှ မပြောတော့ဘူးးး
    ခိခိ
    :mrgreenn:

    မွတ်ပြောင် သာ နောက် ၄ နှစ်ဆိုရင် မြန်မာပြည် ဘာသာသာသနာ အတွက် စိုးရိမ်မိတော့တယ်တို့ ဘာတို့ ပြောချင်တာ အောင့်ထားရတယ်။
    ခိခိ။

    :mrgreenn:

  • တိမ်မည်း

    February 9, 2015 at 8:38 am

    အတိတ်ကို လွမ်းသဗျှ အန်တီရဲ့ပိုစ်ကို ဖတ်တော့။ အခုလည်း တချက်ချက် outspoken ဖြစ်တုန်း။ ဖဘ မှာလည်း ရေးပီး ပြန် ဖျက် လိုက်တဲ့ ကော့မန့် လည်း နဲ့ တော့ဖူး။ လောလောဆယ် ရသ စာပေတွေ စမ်းရေးကြည့်နေတယ်။ လက်ရာကတော့ ချာပေတူး။

    လေးစားလျက်
    တိမ်မည်း

    • ခင်ဇော်

      February 9, 2015 at 8:46 am

      ချာပေမတူးဘူးး
      ဂွတ်တယ်။
      ဟိုတခါ ရုံးတက်တဲ့ ပို့(စ) လေ။
      မိုက်တယ်။
      ဆက်ရေးးး

      🙂

      • padonmar

        February 9, 2015 at 10:10 pm

        ကတဲမိန် စာရေးကောင်းပါတယ်။ထပ်ရေးပါအုံး။

  • Ma Ma

    February 9, 2015 at 9:15 am

    ကိုယ့်ကိုကိုယ်လည်း ဘယ်ထဲပါနေလဲ တွက်စစ်ကြည့်တော့…
    ကိုယ်တကိုယ်စာ နေသာရင် (သို့) နေသာသလို (သို့) နေသာအောင်ပဲ နေတတ်တော့တယ်။ :e:

    • padonmar

      February 9, 2015 at 10:25 pm

      အဲဒါ လူလိမ္မာလို့ ခေါ်ပါတယ် ချစ်မ။

  • Mike

    February 9, 2015 at 11:46 am

    .လူမျိုးရေး၊ ဘာသာရေးမုန်းတီးမှုတွေကတော့ ပျောက်မသွားတဲ့အပြင် .ပိုတိုးအောင်တောင်တမင်လုပ်နေသလိုပဲ…
    .ဝှိုက်ကဒ် ကိုင်ဆောင်သူ( ဘယ်လူမျိုး မဆို) မဲပေးခွင့်ပြုတာတော့ ပေါ်တင်ကြီး မဟုတ်တာလုပ်ချလိုက်တာပဲ
    .ဖြစ်ရမှာက ရွေးကောက်ပွဲမတိုင်ခင် ဝှိုက်ကဒ်ကိုင်ဆောင်ထားသူတွေကို ဥပဒေနဲ့အညီစိစစ်ပြီး
    .ပေးသင့်တဲ့လူကိုနိုင်ငံသားပေးဖို့ အရင်ဆောင်ရွက်ရမှာပါ..နိုင်ငံသားဖြစ်ပီးရင်တော့ အလိုလျှောက်နိုင်ငံသား
    .အခွင့်အရေးတွေရမှာပဲလေ…
    .ဝှိုက်ကဒ် ကိုင်ဆောင်ထားသူများ ဆိုတာနဲ့ ဘင်ဂါလီ တစ်မျိုးထဲပြေးမြင်မနေကြဖို့လည်း အရေးကြီးတယ်ဗျ
    .ဆိုင်ဆိုင် မဆိုင်ဆိုင် ပြောချင်တာပြောသွားပါသည် :e:

    • kai

      February 10, 2015 at 6:24 pm

      မြန်မာ-မွတ်စလင်က.. ဦးရေသန်းချီရှိတော့ကာ.. အဲဒီမဲတွေကို.. ပြည်ခိုင်ဖြိုးဖက်ပြန်ဆွဲယူချင်နေပုံပေါ်ပါတယ်..။
      ဝှိုက်ကဒ်က.. အဲဒီအတွက်.. ကစားတာလို့.. ထင်..။ :k:

      • padonmar

        February 10, 2015 at 8:44 pm

        အသေအချာပေါ့ သူကြီးရယ်။

  • မွသဲ ( 17082011 )

    February 9, 2015 at 4:10 pm

    ခုကခင်ကုန်တာရယ် ဖုန်းတွေနဲ့မို့စိတ်ရှိလက်ရှိမမန့်နိုင်တာရယ်ကြောင့် အတိုက်အခံတွေမလုပ်နိုင်တော့ဘူးအာဒုံရယ်။ မုဒ်ဝင်လာလို့မန့်မယ်ဆိုရင် ဖုန်းဝင်လာလိုက် လိုင်းပျောက်သွားလိုက် ထပ်ကြိုးစားတော့ ဖုန်းကပူလာတော့ကြာကြာမကိုင်နိုင်တော့ဘူး။ ဒီကြားထဲ တမိနစ်လေးကျပ်ကြီးကလဲပါသေး

    • naywoon ni

      February 9, 2015 at 9:33 pm

      ငင်​ မွသဲက ခုထိ မပုတု သုံး​နေတုံးလား ¿ ခု​တော့ ပြဇာတ်​​ပေါ့ဗျာ ​နောက်​ကျ​တော့ တစ်​​ထောင်​့တစ်​ည ထက်​ရှည်​လျားတဲ့ ပုံပြင်​ဖြစ်​သွားဦးမှာ 🙂

      • မွသဲ ( 17082011 )

        February 10, 2015 at 9:51 pm

        အိမ်ဖက်မပုတုပဲရတယ်ဘနွေရယ်။ တယ်လီနွားကလဲ ဖြူတခါပြာတလှည့်။ နေရာတိုင်းမရသေး။ အူရဒူကတော့ ဝရန်တာထွက်ရင်မိတချက်မမိတချက် 😥

  • မြစပဲရိုး

    February 11, 2015 at 2:05 pm

    {{{ ကိုယ့်ရွာထဲလည်း အမတ်ကြီးတို့ ကေဇီ၊ဂျီးဝါးတို့ မိုက်မိုက်တို့ကတဖက်
    ကယွဲစီနဲ့ အပေါင်းပါများကတဖက် သဘောထားကွဲစပြုပြီ။
    တောက်လျှောက် အတွေးညီခဲ့ကြတဲ့ ရွာသူားတွေတောင် ဒီတခါ မညီကြတော့ဘူး။
    တတိုင်းပြည်လုံးဆို ပိုဆိုးတော့မပေါ့။ }}}

    အစ်မဒုံ ပြောတာ မနေ့ည က ဖတ်ခဲ့တယ်။
    အတော် ညဉ့်နက် နေလို့ အခု မှ ပြန်လာ ဆွေးနွေးပါတယ်။

    လူတစ်ယောက် နဲ့ တစ်ယောက် တစ်ချိန်လုံး သဘောမျှ နေမှာ မဟုတ်တာ မှန်ကန် တည်မြဲ တဲ့ သဘာဝတရားပါ။
    အဲဒါကို နားလည်ပြီး မတူညီတာ တွေ ကို ညှိပြီး ပူပေါင်းနေထိုင် နိုင်တာ ဒီမိုကရေစီ ရဲ့ အနှစ်သာရပါ။
    မြန်မာပြည် ရဲ့ ဒီမိုကရေစီ အကူးအပြောင်း ဆိုတာ အင်မတန် မြန်လွန်းလို့ ( ဟိုဘက် က ဒေါ်ပြုံး ရေ – ပြန်လာမယ်) လူတိုင်းမှာ အဲဒီ သဘော ကို မသိကြဘူး။
    ဘာလို့ မသိလဲ လို့ တော့ အဲဒါကို စနစ်တကျ မှန်ကန်တဲ့ ဘရိန်းဝပ်ရှ် လုပ်ဖို့ အချိန်မရှိခဲ့ ဘဲ ဒီ အတိုင်း သိချင် သလို သိ နေကြလို့ ပေါ့။
    လုပ်ပေးနိုင်ဖို့ ကို လဲ သိရဖို့ မသိ၊ စေတနာလဲ မရှိ လေ။
    သူများဆီမှာ မွေးထဲ က ဒီလို စနစ် ထဲ ကြီးလာတော့ မသိမသာ ကို ပုံစံ ဝင်သွားတာ။
    ဒါ ကို သင်ပေးတော့ ပို ပို မြင့်လာတဲ့ စရိုက် တွေ ရလာတာပေါ့။

    အခု ကျောင်းသား အရေး မှာ သဘောတူတာ၊ မတူ တာ။ လုပ်သင့်တာ မသင့်တာ။ သဘောကွဲနိုင်ပါတယ်။
    အများ ကို မထိခိုက် ဘဲ ကြိုက်သလို လှုပ်ရှားနိုင်ပါတယ်။
    တစ်ခု ဘဲ။
    မလုပ်တဲ့ သူ တွေ ကို လဲ ဘေးမဲ့ ပေးထားကြဖို့ပါ၊
    ထပ်ပြောပါတယ်။
    အခုဟာ ၈၈ မဟုတ်တော့ပါ။
    ၈၈ တုန်း က အားလုံး လမ်းပျောက် နေတာ။
    အဲဒီ ၈၈ ရဲ့ နောက်မှာ လမ်းဖောက် ခဲ့ကြပြီ။
    လမ်းပြ ပေး တဲ့ ခေါင်းဆောင် လဲ ရခဲ့ပြီ။
    ဒီ နောက်ဆုံး အချိန်လေး ကိုမှ ညီညီညွတ်ညွတ် မသွားနိုင်ရင် မြန်မာပြည် ကို မှန်ကန် တဲ့ လမ်းပေါ် ရောက်ဖို့ မျှော် မနေကြ နဲ့တော့။
    နောက်လဲ ဒီ အတိုင်း ဗရမ်းဗတာ စိတ်ထဲ ရှိ သလို အသိမဲ့ လုပ်နေကြမဲ့ အချိုးဘဲ။

    ဒီ ကျောင်းသား အရေး ကို သူတို့ သားသမီး ကို အဲဒီ အထဲ ကို ဝင်ပါဖို့ တိုက်တွန်းတဲ့ အားပေးတဲ့ မိဘများ ရှိ ရင် တစ်ခု ပြောပါရစေ။
    အခု ၂၀၁၅ မှာ အဝေးက နေ ထမင်းချက် လို့ ရတဲ့ အချိန်ရောက်နေပြီ။
    ရှေးလူ တွေ လို ကျောက်တုံးချင်းပွတ်ပြီး မီး ရှာဖို့ မကြိုးစားကြပါနဲ့။
    အဲဒီလိုဆို အရိုင်း တွေ လို ပြစား လို့ တော့ ရမယ်။
    ကိုယ့်သားသမီး မှာ နောင်တစ်ချိန် တကယ်ဘဲ ပညာ နဲ့ လုပ်စား နေလို့ မရဘူး။
    ရွေးပါလေ။
    ကြိုက်ရာလမ်း။

    ၈၈ တုန်း က ကျောင်းသား တစ်ယောက် ဟာ ဘယ်လောက်တော်တော် အပြင် မှာ စာသင်ဖို့ အခွင့်မရှိဘူး။
    စကော်လာရှစ် ရတာ တောင် ပတ်စ်ဖို့ ထုတ်မပေးလို့ မသွားရတဲ့ ကျောင်းသား တွေ အများကြီးဘဲ။
    အခုချိန်မှာ နိုင်ငံကြီး တွေ ကို တော်ရင်တော်သလို သွားနေနိုင်ဖို့ အခွင့်ရနေပြီ။
    တစ်ခြား ကို အာရုံမများ ဘဲ ကိုယ့်ဘဝ တက်လမ်း ကို အရင် အာရုံစိုက်ကြပါ။
    ပြောလို့ ရပါတယ်။ ဒီလောက် ညံ့တဲ့ ပညာရေးစနစ် မှာ ဘယ်လို ကြိုးစားလို့ ရမလဲလို့။
    (ဒီလို စကား ကို ဘယ်လို လူတွေ မေးမယ် ဆိုတာ ကို လစ်လျူရှုပြီး ဖြေပါ့မယ်)
    စုတ်ပြတ် ပြီး ပြို တော့မဲ့ အိမ် တစ်အိမ် ကို ပြန်ဆောက်ဖို့ တစ်နေရာထဲ ဘဲ ကွက်ပြီး ဟန်ပြ ဆေးသုတ် ပြလို့ မရတာ သိရင်
    ပညာရေးကောင်းဖို့ ဒီလို ချောက်တိချောက်ချက် ဥပဒေလေး တွေ ပြင်ထ တောင်းရုံ နဲ့ အလုပ် မဖြစ်ဘူး ဆိုတာပါဘဲ။

    နောက် တစ်ခု ပြောပြပါရစေဦး။
    ဒီလို ကလေး တွေ လမ်းပေါ်မှာ လျှောက်ပြီး တို့ အရေး အားရ ပါးရ အော်နေချိန်
    နိုင်ငံခြား ကျောင်းကြီး တွေ ထဲ မှာ နိုင်ငံရေး သင်နေ တဲ့ မြန်မာ ကျောင်းသား လေး တွေ အများကြီး ရှိနေတယ် ဆိုတာ။

    တစ်နေ့ နိုင်ငံ အတွက် ဦးဆောင်ရမဲ့ အောင်ဆန်း လို ခေါင်းဆောင် ရွေးရင် လေ
    အင်္ဂလိပ်စာ ကို ပြောနိုင်တဲ့ နိုင်ငံရေး ကို ချက်ကျ လက်ကျ သိ တဲ့ သူ တွေ ကို ဘဲ လိုချင် ကြတာ မဟုတ်လား။

    ဒီတော့ ကိုယ့်ဟာ ကို ဒုက္ခရှာ အနာခံ ပြီး တိုင်းပြည် အတွက် အနစ်နာ ခံ နေတယ် လို့ မပြောကြစေလိုပါ။

    ၈၈ ကထဲ က နေ ဒီ နေ့ အထိ လူ အတော်များများ ဟာ တိုင်းပြည် ကို ချစ် ကြလို့ ဒီ ပြည် ကြီး ကောင်း အောင် ကိုယ့်နည်း နဲ့ ကိုယ် ကြိုးစား နေကြပါတယ်။
    … နိုင်ငံရေးသမား အမည်ခံ မှ ထောင်ထဲ ဝင် မှ မဟုတ်ပါဘူး။
    …စစ်သား ဖြစ်မှ တပ်ထဲ ဝင် မှ မဟုတ်ပါဘူး။

    ကျောင်းသား အရေး ကို ထောက်ခံသူများ
    ဘယ်သူ မှ ပြန်လာ မငြင်း ရင် ကျုပ် အနိုင် ဘဲ။

    • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

      February 11, 2015 at 2:09 pm

      ဆယာဂျီး ဠင်​းသိုက်​ညွန်​့ ကျမ္မပါဇီ
      🙂

      • မြစပဲရိုး

        February 11, 2015 at 2:12 pm

        အတည်ပြောတာ။ လာမနောက်နဲ့။

      • kai

        February 11, 2015 at 2:16 pm

        အရီးလတ်ချမ်းသာပါစေ..။ :k:

        • kai

          February 11, 2015 at 4:02 pm

          တော်ကြာအရီးလတ်ကနောက်တယ်ထင်ပြီး.. စိတ်တိုနေမှာစိုးလို့..
          ဒီလိုအရီးလတ်ရဲ့..
          ဒီမိုကရေစီနိုင်ငံတွေမယ်.. ရွေးကောက်ပွဲကာလဆို.. ကန်ပိန်းလုပ်ရင်း.. တဖက်နဲ့တဖက်.. အလွတ်မပေးစတန်းစောင့်ကြည့်…။ လွတ်တာနဲ့ တဖက်ကိုအုပ်ပဲ..။
          ဒီလိုနဲ့လူထုဆီကအမှတ်တွေ..မဲတွေယူကြရတယ်လေ..။

          အခု..ကျောင်းသားစစ်ကြောင်းတက်လာတာက.. အစ်ရှုးတခုလို့ယူလို့ရပါတယ်..။
          ဒါကို.. ကိုယ်ပါတီအာဏာရဖို့..မဲရဖို့..ဘယ်လိုဆွဲသုံးမလည်းကြည့်ရတာပေါ့..။
          အခုအခြေအနေမယ်…
          ဒီချုပ်က.. ခြေလှမ်းမှားသွားတယ်လို့.. ယူဆမိသလို.. ပြည်ခိုင်ဖြိုးကတော့.. မဲတွေ.. မေတ္တာတွေဆွဲသွားနိုင်မယ့်ပုံရှိတယ်လို့.. မြင်နေရတယ်..။

          ပြောချင်တာက.. ဒီကာလက.. ကင်န်ပိန်းကာလ…။
          ယူအက်စ်မှာဆို.. ဒီလိုကာလမျိုးမှာ.. နိုင်ငံရေးသမားကဦးဆောင်လုပ်ကြတာထက်.. ကင်န်ပိန်းသမားက.. ဝင်ကိုင်တွယ်လုပ်ချိန်ပေါ့…။
          သူတို့က.. သမ္မတလုပ်မယ့်သူကိုတောင်.. တိုက်ရိုက်အမိန့်ပေးတတ်ပါ့…။

          ထောက်ခံတာလည်းမရှိ..ကန့်ကွက်တာလည်းမထားတဲ့.. ကျုပ်ရဲ့အတွေးများပါခင်ဗျ..။ :k:

    • ခင်ဇော်

      February 11, 2015 at 2:18 pm

      အရီးးး
      အဲလောက် ကြီး ထိ မကြည့်ပါနဲ့ဗျ။

      – ဒီ ဥပဒေပြင်ဖို့ကို ဒီလောက် သပိတ်မှောက်ရုံလောက် ချီတက်ရုံလောက် ပြောလို့မရမှန်းလည်းသိပါတယ်။
      – ဒီ ဖြစ်ရပ်ဟာ ၂၀၁၅ အတွက် စိုက်ရမဲ့ အာရုံတွေကို ပြန့်သွားစေမှန်းလည်း သိပါတယ်။
      – ဒီ အစိုးရ ရဲ့ စေတနာ မရှိမှု မြင့်မို တောင်ကြီးကို ကျောင်းသားလေးတွေ ဆန္ဒ ဇီးစေ့လောက်နဲ့ပေါက်သလိုဖြစ်မှန်းလည်း သိပါတယ်။
      – မလုပ်တဲ့သူတွေကိုလည်း ပြောဖို့မရှိပါဘူးး။
      – ဒါပေမဲ့ လုပ်တဲ့သူလေးတွေကို စေတနာရှိသယောင်ယောင်၊ ပြောနေတဲ့ သူ့လူ ကိုယ့်ဘက်သား လိုလို တွေကိုတော့ ချဉ်တယ်။

      ကျနော်တို့ လိုချင်တာ လိုလားတာ၊ အားပေးတာ က တစ်ချက်တည်းပါ အရီးရယ်။

      နှစ်တော်တော်ကြာ ကြာ (ကိုယ်တွေ အပါအဝင်) ပြန်မော်မကြည့်ရဲ ပဲ လုပ်ချင်တာလုပ်လို့ ခေါက်ရိုးကျိုးနေတဲ့စိတ်ဓာတ်လေးတွေ အစား
      သူတို့ ခု ပြန်တောင်းဆိုရဲတဲ့
      အမှားအမှန် ထင်တာပြောရဲတဲ့ မျိုးဆက်လေး ခေါင်းထောင်ထလာတာကိုပါ။

      ဒီအချိန်ဟာ အချိန်မှားလို့လည်း ပြောလို့မရပါဘူးး
      ဒီ သပိတ်မရှိရင်တောင် သူတို့ ကိုယ်တိုင် ဖွမဲ့ ပြသနာတွေက အများကြီးရှိဦးမှာပါပဲ။

      ဖြစ်ရပ်ကို မကြိုဆိုရင်တောင် စိတ်ဓာတ်လေးတွေကို ကြိုဆိုတာပါ။

      အဲဒါလေးးး
      (ဟိ)

      :k:

      • ခင်ဇော်

        February 11, 2015 at 2:25 pm

        ဝမ်းသာစရာသတင်းပါ
        —————————-
        ဒီမိုကရေစီပညာရေးအတွက် တွေ့ဆုံဆွေးနွေးပွဲမှာ ကျောင်းသားတွေတောင်းဆို
        ထားတဲ့ ၁၁ ချက်ကို လုပ်မပေးနိုင်စရာအကြောင်းမရှိပါဘူးလို့ သမ္မတရုံးက တာဝန်
        ရှိသူ ပြည်ထောင်စုဝန်ကြီးကပြောသွားပါတယ်။
        ကျောင်းသားသပိတ်မှာ ပါဝင်တဲ့ ကျောင်းသားများနဲ့ ထောက်ခံသူများကို
        အရေးမယူပါဘူးဆိုတဲ့သဘောတူညီချက်လည်း ရရှိသွားပြီဖြစ်ပါတယ်။
        ======================================
        ကျနော့်အနေနဲ့……………..
        လှုတ်ရှားဆောင်ရွက်ကြိုးစားခဲ့ကြသော ကျောင်းသားများအပါဝင်…..
        ထောက်ခံကူညီကြသူများကို အထူး ကျေးဇူးတင်ပါတယ်……။
        အကြမ်းမဖက်ပဲ…တွေ့ဆုံဆွေးနွေးညှိနှိုင်းအဖြေရှာခြင်းဖြင့်…ရလာဒ်တစ်ခု
        ကို ဖော်ဆောင်ပေးသော သက်ဆိုင်ရာ ပုဂ္ဂိုများကိုလည်း ( ၂ဝ % ကျေးဇူးတင်ပါတယ်။
        တကယ်လက်တွေ့အကောင်ထည်ဖော်မယ်ဆိုရင်. ဥပဒေနဲ့ ခိုင်ခိုင်မာမာ အတည်ပြု
        ပြီဆိုရင်…၅၀% ကျေးဇူးတင်ပါတယ်…ကျန် ၃ဝ % ကိုတော့…အကျင့်ပျက် ဗျူရိုက
        ရက်များအတွက် ချန်ထားပါတယ်…နောက် နှစ် ၂ဝ လောက်ထိ ( မသေသေးရင် စောင့်
        ကြည့်ပါဦးမယ် )။သဘောတူညီချက်တွေရပြီးမှ ဖောက်ဖျက်တယ်ဆိုရင်တော့…ပြင်းပြင်း
        ထံထံ ဆန့်ကျင်ပါမယ်………..။
        မြန်မာနိုင်ငံမှာ အများစုက ဒီမိုကရေစီပညာရေးရဲ့အရသာနဲ့ အနှစ်သာရကို မဆုံ
        ဘူး မကြုံဘူးသေးလေတော့….ကျောင်းသားများရဲ့လှုတ်ရှားဆောင်ရွက်မူ့များကို သဘော
        မတွေ့တာတွေရှိကောင်းရှိနိုင်ပါတယ်…ဒါကိုလည်း ကျောင်းသားများအနေနဲ့…အပြစ်မမြင်
        ေ စေလိုပါ….။ လှုတ်ရှား ဆောင်ရွက်မူ့ကြောင့်ရရှိလာတဲ့ အသီးအပွင့်များကို ခံစားရရင်….
        ြ မြန်မာနိုင်ငံသား ကျောင်းသားတိုင်း ခံစားခွင့်ရှိမှာပါ…ဆန့်ကျင်မိလိုဆို ချန်မထားပါဘူး..
        လိပ်ပြာမငယ်ကြပါနဲ့လို့လည်း တစ်ချို့သောသူများကို အသိပေးလိုပါတယ်။
        ( မှတ်ချက်…….လုံးလုံးတော့ မယုံရဲသေးပါ…ဖြတ်သန်းလာသော အတွေ့အကြုံတွေက
        ခါးသီးခဲ့လေတော့….ဥပါဒ်ဒန် အစွဲအလန်းဖြစ်နေတာပါဆိုရင်လဲ…ဝန်ခံပါတယ် )။
        Credit to Maung Maung Wan

        • kai

          February 11, 2015 at 2:42 pm

          ဦးသိန်းစိန်အစိုးရကလုပ်ပေးလို့လည်းမရပါဘူး..။ အစိုးရက.. လွှတ်တော်တင်ပေးရမှာပေါ့..။
          ဒါပေမယ့်အစိုးရရဲ့ပါတီက.. လွှတ်တော်ထဲမလည်း မဂျော်ရတီဖြစ်နေတော့ကာ.. သူတို့ပါတီကလုပ်ပေးနိုင်တယ်ဆိုတဲ့အဖြေထွက်ပါတယ်..။
          ဘက်ဂျက်တိုးတောင်းထားတာရယ်..။ အလုပ်မလုပ်ရတော့တဲ့ ကျောင်းသားအရွယ်တွေမှာ.. အလုပ်မလုပ်ရင် ကျသွားမယ့်ဂျီဒီပီရယ်..။

          အင်း..
          ဒီအချိန်ရောက်နေမှတော့ ရန်ကုန်အထိဆက်ချီတက်ပြီး.. သမဂ္ဂအဆောက်အဦးပြန်အုပ်မြစ်ချလိုက်ကြ..။
          ကျုပ်ကတော့ … သမဂ္ဂပြန်ဆောက်ဖို့ဆိုရင်.. ရံပုံငွေလိုရင်..တောင်းရင်.. ၁ရာက စထည့်မဗျို့.. လို့..။ :k:

  • amatmin

    February 11, 2015 at 3:47 pm

    အာတီဒုံပို့စ်အောက်.ကိုယ့်နာမည်လေးပါလာ လို့ ကိုယ်ထင်လာပြပါတယ် ။
    ကျောင်းသားသပိတ်ကို ကိုယ့်အတွေးနဲ့အမြင်အရ
    လုပ်သင့်တယ် ယုံကြည်တာမို့ ဘယ်သူနဲ့မှ ပြိုင်မငြင်းပဲ ထောက်ခံထားတယ် ။
    နောက်ဆုံးအကြောင်းအချက်မျိုးစုံကြောင့် သပိတ်လှန်/ရပ်/ပျက် သွားခဲ့တောင်
    စည်းကမ်းမဲ့ ဗရမ်းဗတာမဖြစ်ခဲ့ဖို့ပဲ မျှော်လင့်နေတယ် ။
    ဒါမှ..အမျှော်ကြီးသိပ်မျှော်နေကြတဲ့ ၂၀၁၅ အလွန် (လိုအပ်လာလွန်းလို့များ) လမ်းပေါ်လူတွေ တက်ကြရပီဆိုရင်..
    ကျောင်းသားသပိတ်လို ထိန်းထိန်းသိမ်းသိမ်း လိုက် လုပ်တတ်ခဲ့ရင် အမြတ် လို့ မှတ်တာပဲ ။

  • အချစ်​ကံ​ခေ​ပေမယ်​့ အနှစ်​ကျန်​​စေချင်​တဲ့ ဂီ

    February 11, 2015 at 4:40 pm

    ကျုပ်​​တော့ သား​တော်​​မောင်​ ​ကျောင်​းဖတ်​စာအုပ်​​တွေ ကျိမိတိုင်​း အစိုးရအခွက်​ကို ဒ​ဒွေး​ထွေးချင်​တယ်​
    အစ်​မပြုံး​ပြောဖူးတဲ့ သီဟပူရ အင်​းဂလိပ်​စာ စားအုပ်​​တေကို မမအိုင်​းရစ်​စ်​ လက်​​ဆောင်​​ပေးဖူးတယ်​​လေ
    အိုက်​ဒါ​တွေနဲ့ယှဉ်​ကျိပြီး ဆိုပါ​တော့

    မီးဒုတ်​မီးဒုတ်​ ရှို့ရှို့

  • padonmar

    February 11, 2015 at 8:20 pm

    ဒီကျောင်းသားလေးတွေ တောင်းဆိုချက်က လိုက်လျောပေးဖို့ မခက်တာကို ထစ်ထားတာ။လိုက်လျောချင်လည်း လွယ်လွယ်လေးပါ။သူတို့မှာ Plan B to Z ရှိပြီးသားပါ။
    ထောက်ခံတာ ကန့်ကွက်တာထက် အဲဒီထဲ စိတ်သိပ်ခံစားမနေကြစေချင်ပါ။
    အားကုန်သွားမှာ၊စိတ်ဝမ်းကွဲကုန်မှာ စိုးလို့ပါ။
    အခုပဲ ဟိုကျောင်းကမပါဘူး၊ဒီကျောင်းက သစ္စာဖောက်တယ်ဖြစ်နေကြပြီ။
    ဟော အခုတော့ issue အသစ်ဖြစ်လာပြီ။ လောက်ကိုင်တဲ့…

  • ဦးကြောင်ကြီး

    February 12, 2015 at 11:52 am

    အာတီဒုံဂျီးလို့ ဘာလို့ ခေါ်ဂျဒါရဲ…. အကြောင်းရှိလို့ရား…

  • မြစပဲရိုး

    February 12, 2015 at 2:28 pm

    ဒီကိစ္စမှာ လေသံပြင်း နေတာ ဆန္ဒပြ ကျောင်းသားတွေ ကို စိတ်တို တာလဲ မဟုတ် သလို
    ရွာထဲက သူတို့ ကို အားပေးသူ ကလေး များ ကိုလဲ စိတ်တို တာ မဟုတ်ပါ။
    ပြောရင်တော့ မဆုံးဘူး။
    အတို လိုရင်းပြောရရင် ဒီနေ့ အချိန်မှာ ဒေါ်အောင်ဆန်းစုကြည် ကို နိုင်ငံရေးလုပ်ကြံမှု လုပ် နေကြသူများ ဟာ
    အစွန်းရောက် အာဏာရှင် အစိုးရ ဘက်တော်သား ချည်းဘဲ မတွေးကြပါနဲ့။
    အပေါ်မှာ သူကြီးမင်း စကားထဲ က
    {{{
    အခုအခြေအနေမယ်… ဒီချုပ်က.. ခြေလှမ်းမှားသွားတယ်လို့.. ယူဆမိသလို.. ပြည်ခိုင်ဖြိုးကတော့..
    မဲတွေ.. မေတ္တာတွေဆွဲသွားနိုင်မယ့်ပုံရှိတယ်လို့.. မြင်နေရတယ်..။
    }}}
    ဖွတ် တွေ လဲ မဲ ရမယ်တော့ မထင်ပါဘူး။
    ဒါပေမဲ့ ဒီ အရေးမှာ ဒေါ်အောင်ဆန်းစုကြည် ကို တာကက်ထား ကြံတာ လို့ ဘဲ မြင်ပါတယ်။
    ဘယ်သူတွေ လဲ ဆိုတာတော့ သူကြီး တို့ ကြောင်ကြောင် တို့ သိမှာပါ။
    ဒီပွဲ မှာ ဒေါ်အောင်ဆန်းစုကြည် ဝင်ပါလို့ မရဘူး။ ပါလဲ မပါသင့်ဘူး။
    ပါရင်လဲ အာဏာရူး များ တစ်မျိုးပြောမယ်။
    မပါ တော့ လဲ တစ်ဖက် က အစွန်းရောက် အာဏာမရတဲ့ အရူး တွေ က လက်ကောင်မောင်းခတ် တယ်။
    ဒါပါဘဲ။
    အခြေအမြစ် မရှိ မစွပ်စွဲ လိုပေမဲ့ ကျွန်မ အမြင်မှာ တော့ ဒီလိုဘဲ မြင်ပါတယ်။
    ဖြစ်နိုင်ရင် သူတို့ က ကျောင်းသားတွေ ကို အစိုးရ က အကြမ်းဖက်ဖို့ ကြိက်ဆုတောင်း နေကြမှာ။
    အဲဒီလိုလဲ မှန်းနေတာ။
    ပြောဘူးသားပါ။
    ဒီ အစိုးရ ပညာတတ် နေပါပြီလို့။

    ဟောင်ကောင် က ကျောင်းသားတွေ တောင်းတာက ဥပဒေ ပြင်ဖို့ မဟုတ်ဘူး။
    သူတို့ နိုင်ငံရေး ကိုလဲ စိတ်မဝင်စားဘူးတဲ့။
    တိုင်းမဂ္ဂဇင်း ထဲ ကျောင်းသားခေါင်းဆောင်လေးတွေ နဲ့ တွေ့တဲ့ အင်တာဗျူးမှာ ဖတ်ရတာ။
    သူတို့ လိုချင်တာ သူတို့ လွတ်လပ်ခွင့်ကို ချုပ်ချယ်နေတဲ့ အုပ်ချုပ်ရေးမှူး ကို ဖြုတ်ပေးဖို့ဘဲ။

    မြန်မာပြည် က ကျောင်းသား တွေ ကတော့ ဥပဒေပြင်ပါ အော်တယ်။
    ပြင်ပေးမယ်ပြောတယ်။
    ဒီတော့ ဘာဆက်လုပ်မလဲ။
    နားထောင်ကြပါ။
    အပြင်က ဆရာကြီးများ အမိန့်ပေးသံ ကို။
    ဟိုဘက်မှာ ကြောင်ကြောင် အော်နေပြီဘဲ။
    သိနေပြီးသား။

    ကျွန်မက တော့ ၂၀၁၅ အလွန် ဘယ်သူ ဘဲ နိုင်နိုင် ဂရု မစိုက်ဘူး။
    ဒါပေမဲ့ မျှတ တဲ့ ပြည်သူ တွေ ရဲ့ မဲ အစစ် ရဲ့ ရလာဒ် ကို ဘဲ သိချင်တယ်။
    သူတို့ ဟာသူတို့ ကြိုက်ရာ လူ ပေးဖို့ဘဲ လို တယ်။
    မဲ မခိုး ဘဲ ကိုယ့် လိုချင်သူ ရွေး တဲ့ ပွဲ ဘဲ မြင်ချင်တယ်။
    ဒီ အတွက် အရေးကြီး ဆုံး အခြေခံဥပဒေ ကို ပြင်ဖို့ ဘဲ တစ်စိုက်မတ်မတ် အာရုံထား သင့်တယ်။
    ပြီးရင် အမှန် ဘဲ ဖွတ် တွေ ကို ဘဲ ယုံပြီး ကြိုက်ရင်လဲ ပေး ပေါ့။
    ဘာဖြစ်တုန်း။
    သဘော ကတော့ ကိုယ် ပေး တဲ့ မဲ ဟာ ကိုယ့် အနာဂါတ် ဘဲ ဆိုတာ ကို ဖန်တီးဖို့ အမှန်တရား ဖြစ်ဖို့ ဘဲ လိုတယ်။

    • kai

      February 12, 2015 at 4:01 pm

      {{{
      အခုအခြေအနေမယ်… ဒီချုပ်က.. ခြေလှမ်းမှားသွားတယ်လို့.. ယူဆမိသလို.. ပြည်ခိုင်ဖြိုးကတော့..
      မဲတွေ.. မေတ္တာတွေဆွဲသွားနိုင်မယ့်ပုံရှိတယ်လို့.. မြင်နေရတယ်..။
      }}}

      အဲဒါရေးတဲ့အချိန်က.. ဒီချုပ်က.. ဒေါက်တာသိန်းလွင်ကိုထုတ်..။
      ပြည်ခိုင်ဖြိုးအစိုးရက… တောင်းဆို ၁၁ချက်သဘောမတူသေးဘူး..။

      အခုတော့…
      ပြည်ခိုင်ဖြိုးအစိုးရက.. တောင်းဆိုချက်၉ချက်..၁၁ချက်အကုန်အိုကေ…။
      အဲဒီသတင်းထွက်ပြီးနောက်…ဒေါ်စုက.. ကျောင်းသားခေါင်းဆောင်တွေနဲ့တွေ့လိုက်တယ်…..။

      ရွေးကောက်ပွဲ… ကင်ပိန်းင်ကတော့ ..စနေပြီလေ…။
      လူထုက.. ဘဝရင်းစား..မဲတပြားစီကိုင်ပြီး.. စောင့်ကြည့်နေကြတယ်ပေါ့..။

      • ခင်ဇော်

        February 12, 2015 at 4:06 pm

        ဟေဟေ့…
        ဒို့ မဲတစ်ပြားကတော့ ဘာဖြစ်ဖြစ် စု အတွက် ပဲ။

        :chit:

Leave a Reply