ခုချိန်တိုင် ကြိုးစားနေရတယ်ဆိုသူ ဘိုကလေးတင့်အောင်၏ ငယ်ဘဝဖြတ်သန်းရာ
ခုချိန်တိုင် ကြိုးစားနေရတယ်ဆိုသူ ဘိုကလေးတင့်အောင်၏ ငယ်ဘဝဖြတ်သန်းရာ
‘ခုချိန်ထိလည်း ဘဘတို့က ကြိုးစားနေရတယ်။ အနုပညာအလုပ်တွေဆိုတာ စာမေးပွဲတွေလိုပဲ၊ တစ်ပွဲပြီးတစ်ပွဲ အောင်မြင်နေမှ အောင်မြင်မှုဆိုတာရှိမှာ ၊ အဲဒီလိုမဟုတ်ဘဲ တစ်ပွဲမှာကျသွားတာကို တင်းတိမ်လိုက်မယ် ဆိုရင် နောက်ပိုင်းတောက်လျှောက် ကျဆုံးသွားနိုင်တယ်’လို့ ဆိုသူ တေးရေး၊ ပြဇာတ်ဒါရိုက်တာ၊ ဇာတ်ညွှန်းရေးဆရာ ဘိုကလေးတင့်အောင်ရဲ့ ငယ်စဉ်ဘဝက လျှောက်လှမ်း၊ ဖြတ်သန်းခဲ့တဲ့ပုံရိပ်တွေကို ငယ်ဘဝဖြတ်သန်းရာ ကဏ္ဍမှတစ်ဆင့် ပြန်လည်ဝေငှ ပေးလိုက်ပါတယ် . . .
ဘိုကလေး တင့်အောင်ဟု နောင်တွင် အနုပညာနယ်ပယ်၏ အခန်းကဏ္ဍများ၌ အောင်မြင်စွာလှုပ်ရှား လုပ်ကိုင်လျက်ရှိသူကို ၁၉၂၂ ခုနှစ် ဇွန်လ ၃ ရက်နေ့တွင် ဧရာဝတီတိုင်း ဘိုကလေးမြို့နယ်၌ မွေးဖွားခဲ့ပါသည်။ အဖဦးဘသင်၊ အမိဒေါ် ဖွားသိမ်းတို့ရဲ့သားသမီးခြောက်ဦး အနက် ဒုတိယမြောက်သားဖြစ်ပြီး အမည်ကို မောင်မောင်ဟု မှည့်ခဲ့ကြောင်း သိရှိရသည်။ သေးငယ်သောခန္ဓာကိုယ် အနေအထားကြောင့် ငယ်စဉ်ကပင် ကစားခုန်စားပြေးလွှား ဆော့ကစားခြင်းထက် အိမ်ခြံဝိုင်းအတွင်း ဒဂုန်၊ ကဝိမဂ္ဂဇင်းများနှင့် စာပေများဖတ်ရှုခြင်းဖြင့်သာ အချိန်များကိုဖြတ်သန်းခဲ့ခြင်းသည် သူ၏နောင်တစ်ချိန် အနုပညာဝမ်းစာများအတွက် အစပျိုးစေ ခဲ့သည်ဟုဆိုသည်။ ထို့အပြင် ရှစ်နှစ်အရွယ်ကစပြီး ဘိုကလေးမြို့ဓမ္မာရုံ အသင်း၏ရ ာမပြဇာတ်တွင်လည်း ပါဝင်ခဲ့သူဖြစ်ပြီး အနီးအနားရှိမြို့များသို့ လှည့်လည်ကပြရာတွင် လည်းပါဝင်ခဲ့သည်။ အနုပညာ ဝါသနာပါသော ဖခင်၏အားပေးမှု၊ အနုပညာလုပ်ကိုင်ရလျှင် ပျော်ရွှင်တတ်သော ညီအစ်ကိုမောင်နှမများ၏ အားများကြောင့်လည်း လူပျိုပေါက်အရွယ်တွင် ညီအစ်ကိုများစုပေါင်းပြီး ယုဝ တီးဝိုင်းကို စတင်တည်ထောင်ကာ မင်္ဂလာပွဲများနှင့် အလှူပွဲများတွင် ဖျော်ဖြေခဲ့ကြောင်း သိရှိရသည်။
“ဘဘ လူပျိုပေါက်အရွယ်မှာ အစ်ကိုကြီးရယ်၊ ဘဘရယ်၊ မောင်ကို (ဂီတလုလင်မောင်ကိုကို)တို့ သုံးယောက်ပေါင်းပြီး ယုဝဆိုတဲ့ တီးဝိုင်းထောင်တယ် ဆိုချင်၊ တီးချင်တာ ပေါ့။ ဒါပေမယ့် နာမည်ရှိတဲ့လူတွေလည်း မဟုတ်တော့ ဘယ်သူမှ မငှားကြဘူး။ ဒါနဲ့ပဲခိုးပြေးတဲ့ သူငယ်ချင်းတွေရှိရင် ဘယ်တော့ပြန်အပ်မလဲမေးပြီး ငါတို့ကိုလေးကျပ်ပဲပေး၊ မင်္ဂလာဆောင်မှာ တီးလည်းတီးပေးမယ်၊ နောက်ပြီး ဘဘက ကျောင်းသားဘဝကတည်းက အာရှလူငယ်အစည်းအရုံးက ထုတ်တဲ့စာစောင်တို့ ကျောင်းကထုတ်တဲ့ စာစောင်တွေမှာ ရေးတာမျိုးတွေ လည်းရှိတော့ သူငယ်ချင်းတွေကိုလည်း အတီးတင်မဟုတ်ဘဲ မင်းတို့ နာမည်တွေနဲ့ သီချင်းလည်း စပ်ပေးမယ်ဆိုပြီး လုပ်ခဲ့ရတယ်”ဟု ပြောပြ ခဲ့ပါသည်။
အနုပညာရှင်ဆိုတဲ့ လူစားဟာ ဖျော်ဖြေရုံသက်သက် မဟုတ်ပါ ဘူး။ ကိုယ်သိထားတာတွေနဲ့ ပြည်သူ့ရဲ့ကျန်းမာရေး၊ ပညာရေးစတာတွေကို အကျိုးရှိစေတဲ့ အကြောင်းအရာတွေကို အားလုံးမဟုတ်တောင် ကိုယ့်အနုပညာပြကွက်မှာ တစ်စွန်းတစ်စပါအောင် လုပ်ဆောင်ဖို့ လိုပါတယ် ..
ကျိုက်လတ်မြို့ အမျိုးသား အထက်တန်းကျောင်းတွင် ရှစ်တန်းအထိ ပညာသင်ယူခဲ့သော ဘိုကလေး တင့်အောင်သည် ၁၉၃၆ ခုနစ်နှင့် ၁၉၃၈ တွင် ဖြစ်ပွားသောအမျိုးသား လွတ်လပ်ရေး ကြိုးပမ်းမှုများတွင် တတ် စွမ်းသရွေ့ ပါဝင်ခဲ့သည်။ ၁၃၀ဝ ပြည့်နှစ် သပိတ်မှောက်ရာမှစကာ ပညာသင်ကြားမှုကို အဆုံးသတ်ခဲ့ကြောင်း သိရှိရသည်။ “အဲဒီတုန်းက သပိတ် မှောက်ကျတော့ ဘဘလည်းသပိတ် မှောက်ခဲ့တယ်။ သူများတွေ သပိတ် ပြန်လှန်ခဲ့ပေမယ့် ဘဘကတော့ ယနေ့အထိပြန်မလှန်တော့တာကြောင့် ရှစ်တန်းအထိပဲ ပညာသင်ရတယ်။ အဲဒီအတွက် ကိုယ်ကအပြင်က စာ တွေကိုများများဖတ်တယ်။ ကိုယ့် အတွက် စုနိုင်သမျှကိုစုပြီးအနုပညာ အလုပ်တွေ လုပ်ကိုင်ခဲ့ရတာဖြစ်ပါ တယ်”ဟု ဆိုသည်။ ဒါ့အပြင် ဘို ကလေးတင့်အောင် အမည်သည်လည်း ဘီအိုင်အေခေတ်တွင် သခင်တင့်အောင် အမည်ဖြင့် လုပ်ကိုင်ခဲ့ရာမှ အနုပညာအမည်မှည့်ခေါ်ရန် စဉ်းစားရာတွင် ယင်း တင့်အောင်အမည်အား ယူကာ ဘိုကလေးဇာတိအား ဖြည့်စွက် သုံးစွဲခဲ့ခြင်းဖြစ်သည်။
ဂျပန်ခေတ်သို့ ရောက်ရှိချိန်တွင် ရုပ်ရှင်လောကမှာ ပျက်သုဉ်းခဲ့ပြီး အနုပညာရှင်တို့သည် မြစ်ဝကျွန်းပေါ်ဒေသသို့ ရောက်ရှိလာပြီး စုပေါင်းကပြသော”ရုပ်ရှင်ကပွဲကြီး”များကို ကျင်းပခဲ့ရာတွင် တင်ဆက်ပုံ၊ အဆို၊ အပြော ပညာများအား ကြားဆရာ၊ မြင်ဆရာ အဖြစ် သတ်မှတ်ကာ ကြည့်ရှုမှတ်သား ခဲ့ကြောင်း သိရှိရသည်။ ထိုအချိန်မှာ စကာစာပေတင်မကဘဲ အဆို၊အတီး နှင့်ပြဇာတ် တင်ဆက်မှုများတွင်လည်း စိတ်ပါဝင်စားခဲ့ပြီး တစိုက်မတ်မတ် လေ့လာလုပ်ကိုင်မိခဲ့သူ ဖြစ်ပါသည်။
၁၉၄၄ ခုနှစ်တွင် ပထမဆုံးပြဇာတ် ဒါရိုက်တာအဖြစ် ဘိုကလေးတွင် ပဒေသာကပွဲကို တင်ဆက်ကပြခဲ့ပါ သည်။ ၁၉၄၅ ခုနစ်တွင်ဒေါ်ခင်ရီနှင့် အိမ်ထောင်ကျပြီး ယောက္ခမဖြစ်သူ၏ တည်ထောင်ပေးသော ဘိုကလေး ရုပ်ရှင်ရုံအား ဦးစီးလုပ်ကိုင်ခြင်းဖြင့် ရုပ်ရှင်အသိုင်းအဝိုင်းတွင်လည်း မိတ်ဆွေများရရှိစေခဲ့ပါသည်။
“၁၉၄၈အတွင်းမှာ သောင်းကျန်းသူတွေကြောင့် ဘိုကလေးနဲ့ ရန်ကုန် အဆက်ပြတ်သွားတယ်။ အဲဒီတော့ ရုပ်ရှင်ကားသစ်တွေ မတင်နိုင်တဲ့ အနေအထားဖြစ်တော့ ရုံကိုပိတ်ရမလို ဖြစ်နေတယ်။ ဒါနဲ့ပဲ သူငယ်ချင်း တွေစုပြီးရုံမှာ ပြဇာတ်တွေစုပြီး ဖျော်ဖြေလိုက်တာ ရုပ်ရှင်ကားတွေ ပြန်ဝင်လာတဲ့ အထိပါပဲ။ အဲဒီမှာ ပြဇာတ်အဖွဲ့ကို ဖျက်သိမ်းပြီး မိသားစုနဲ့အတူ ရန်ကုန် စတက်လာတာ ဒီမှာကမောင်ကိုက အသံတိတ်ရုပ်ရှင်တွေ လိုက်တီးပေးနေရပြီ ဆိုတော့ ရန်ကုန်မှာဝင်ဆံ့ပြီး ဒဂုန်ဆရာတင်ဆီ ရောက်သွားတယ်။ ပထမပိုင်းတော့ သီချင်းပဲရေးသေးတယ်။ နောက်မှ ဆရာရဲ့ လက်ထောက် အနေနဲ့ ပြဇာတ်ဆရာ၊ ဇာတ်ညွှန်း စတာတွေကို လုပ်ကိုင်ဖြစ်ပြီး ၁၉၄ရ ခုနစ်မှာ အပြုံးလက်ဆောင်ပြဇာတ် ကို ပထမဆုံး ဒါရိုက်တာအနေနဲ့ ရန်ကုန်မှာစပြတယ်။ ဒီလိုနဲ့ခြောက်နှစ် ဝန်းကျင်လောက် ဝင်းဝင်းရုံမှာ ဇာတ်အမျိုးမျိုးပြခဲ့ပြီး ၁၉၅ဝ ရောက်မှ နှောင်ကြိုးကိုငင်ပါ့မယ် ရုပ်ရှင်နဲ့ ရုပ်ရှင် နယ်ကိုခြေစချခဲ့တာ”ဟု ဘိုကလေး တင့်အောင်က ဆိုသည်။
ခန္ဓာကိုယ်နှင့် ဝိညာဉ်လို့ တင်စားလို့ရလောက်အောင်ပင် တစ်ဦး၏ဆန္ဒနှင့် ပုံရိပ်များကို သိရှိနားလည်သော ဘိုကလေးတင့်အောင်နှင့် ဂီတလုလင် ဦးကိုကိုတို့သည် ၁၉၅ဝ မှ စတင်ကာ ၁၉၉ဝ အထိ ပြဇာတ်တို၊ တစ်ခန်းရပ်ပြဇာတ်၊ စကားပြောပြ ဇာတ်၊ ဆိုပြောပြဇာတ်၊ တေးဂီတ ပြဇာတ်၊ ဂီတပြဇာတ်စသော ပြဇာတ်ပေါင်း ၉ဝ နီးပါးကို ဆန်းသစ်အောင် တီထွင်ဖန်တီးကပြခဲ့ရာတွင် ငယ်ကျွမ်းဆွေ ပြဇာတ်မှာ အထင်ရှားဆုံး ဖြစ်ခဲ့သည်။ ယခုအခါတွင် အသက် ၈၉ နှစ်ရှိပြီ ဖြစ်သော်လည်း ဂီတပဒေသာ ဖျော်ဖြေမှုနှင့် ကြော်ငြာများကိုလည်း ဦးစီးလုပ်ကိုင်လေ့ရှိကြောင်း သိရသည်။
“ဓာတ်ပြားခေတ်မှာ ဘဘက ရေးပြီး မောင်ကို၊ ကြည်ကြည်ဌေးနဲ့ မေချစ်တို့က သီချင်းတွေဆိုကြပြီး ဓာတ်ပြားတွေ သွင်းခဲ့တာပဲ။ သံစမ်း ခေတ်မှာလည်း သူငယ်ချင်းတွေနဲ့ စုပြီးလုပ်ကိုင်ခဲ့တာပါ။ ၁၉၈ဝရောက်မှ စာပေထ ဲပြန်ဝင်ဖြစ်ခဲ့တယ်။ဘဘတို့ က ဒီအနုပညာကိုပဲ လုပ်ချင်တယ်။ အဲဒီအတွက် ဒီအဝန်းအဝိုင်းထဲမှာပဲ တစ်ခုမဟုတ်တစ်ခုနဲ့ နေထိုင်လို့ရအောင် ကြိုးစားတယ်။ အနုပညာရှင်ဆိုတဲ့ လူစားဟာ ဖျော်ဖြေရုံသက်သက် မဟုတ်ပါ ဘူး။ ကိုယ်သိထားတာတွေနဲ့ ပြည်သူ့ရဲ့ကျန်းမာရေး၊ ပညာရေးစတာတွေကို အကျိုးရှိစေတဲ့ အကြောင်းအရာတွေကို အားလုံးမဟုတ်တောင် ကိုယ့်အနုပညာပြကွက်မှာ တစ်စွန်းတစ်စပါအောင် လုပ်ဆောင်ဖို့ လိုတယ်လို့ မြင်တယ်”ဟု သူ၏အနုပညာ ခံယူချက်အချို့ကို ယခုလိုပြောပြခဲ့ပါသည်။
source: news-eleven