လေထန်ကျောင်းက ကွမ်းဆရာ (သိမ်း)

ဝဲသီလာရွာမှာ အသံမစဲပဋ္ဌာန်းပွဲလုပ်တော ့ ထူးထူးဆန်းဆန်း ဖြစ်ရပ်လေးတစ်ခု ဖြစ်သွားသေးတယ်။
(ဒါက ဂေဇက်ရွာသူ၊ရွာသားတွေ ဝေဖန်ဆွေးနွေးနိုင်ကြအောင်လို ့ပါ။ တောတွင်းပျော်ကတော ့ ဉာဏ်မမှီတော ့
ဘာမှ ဝင်မဆွေးနွေးတော ့ပါဘူး)
ကျောင်းမှာ ကျောင်းသူကျောင်းသားတွေ ပြောပြကြလို ့ တစ်ညနေ ကျောင်းအဆင်းမှာ ဝဲသီလာရွာကို ကျောင်းသားလေးတွေနဲ ့ လိုက်သွားခဲ ့တယ်။ သူတို ့ပြောတဲ ့အတိုင်း အဟုတ်ပါပဲ။
ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေ၊ ကိုရင်တွေထိုင်တဲ ့ စားပွဲရှေ ့က လူပရိဿတ်နဲ ့ ခြားထားတဲ ့ ရာဇမတ်ကာ
တန်းပေါ်မှာ ငှက်လေးတစ်ကောင်။ ငှက်အမျိုးအစား နာမည်ကိုတော ့ တောတွင်းပျော် မခေါ်တတ်။ ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေဖက်လှည် ့ပြီး တရားနာတဲ ့ပုံစံမျိုးနဲ ့ထိုင်နေတာတွေ ့ရတယ်။ တချီတချီ မျက်ခွံ အဖွင် ့အပိတ် လုပ်တာကလွဲရင် တုတ်တုတ်ကလေးမှ မလှုပ်။ တောတွင်းပျော်ရောက်သွားတော ့ ဒီမှာနားတာ ၂ရက်ရှိပြီတဲ ့။ ကျောင်းဒကာတွေက သူ ့ကို ကိုင်မ ပြီး ပဋ္ဌာန်းရွက်တဲ ့ စားပွဲပေါ်တင် အစာနဲ ့ရေ ချတိုက်လည်း
မစားမသောက်၊ သူနားတဲ ့ အဲဒီ ရာဇမတ်တန်းပေါ် ပြန်တက်ပြီး ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေဖက် ငေးကြည် ့မြဲ
ငေးကြည် ့နေတယ်။ သူ ့ပုံစံက စူးစူးစိုက်စိုက် တရားနာနေတဲ ့ပုံမျိုး။ မကျန်းမာတာလည်း မဟုတ်။ ဘယ်သူ ကိုင်ကိုင် အကိုင်ခံတယ်။ ပထမတော ့အထူးအဆန်းဆိုပြီး လူတွေက သွားသွား ကိုင်ကြည် ့ကြသေးတယ်။
နောက်တော ့မှ ကျောင်းဒကာတွေက သူ ့တရားနာတာ အနှောက်အယှက်မဖြစ်ရအောင် တားမြစ်လိုက်ကြတယ်။ တောတွင်းပျော် ကိုယ်တိုင် ပဋ္ဌာန်းရွက်တဲ ့ ဦးဇင်းတွေရှေ ့ စားပွဲဘေးက သေသေချာချာကြည် ့လာခဲ ့တာ။
ညသန်းခေါင် လော်စပီကာက ထွက်လာတဲ ့ ပဋ္ဌာန်းရွက်သံတောင် တောတွင်းပျော်တစ်ယောက် စိတ် အနှောက်အယှက်ဖြစ်နေတတ်သေးတာ။ ခု လက်တစ်ဆုပ်စာလောက်သာရှိတဲ ့ တိရစ ္ဆာန်ဒီငှက်ကလေးက စူးစူးစိုက်စိုက် တစ်ချက်ကလေးတောင်မလှုပ် တရားနာယူပုံကတော ့ထူးဆန်းအံ့ဩစရာပါပဲ။ တောတွင်းပျော်
သွားကြည် ့ပြီး နောက်တရက် ၃ ရက်မြောက်နေ ့မှာ အဲဒီ ငှက်ကလေး အောက်ကိုပြုတ်ကျ သေသွားတယ်။
အသက်သေသည်အထိ ပဋ္ဌာန်းတရားနာယူသွားတဲ ့ ငှက်ကလေးအကြောင်း ဆွေးနွေးနိုင်အောင်လို ့ပါ။
××××××××××××××××××××××××××××××××××××××××××××××××××××××××××

ဇန္နဝါရီလကုန်ပိုင်းရောက်တော ့ ကျနော်တို ့ရွာက မူလတန်းကျောင်းအုပ်ဆရာကြီးဆီ ပို ့ဖို ့ စာမေးပွဲဖြေမယ် ့ ကျောင်းသားစာရင်းတွေ စစ်ကြည် ့တော ့ ဒီအချိန်ထိတိုင် ကျောင်းဝင်ကြေး မပေးသွင်းရသေးတဲ ့ ကျောင်းသားတစ်ယောက်ကို တွေ ့လိုက်ရတယ်။ ဆရာတင်ဋ္ဌေးကိုမေးကြည် ့တော ့ သူ ့အိမ်က ကျောင်းနဲ ့ကပ်ရက်။ နေ ့လည်ကျောင်းဆင်းတော ့ အဲဒီအိမ်ကို ကျောင်းဝင်ကြေး ကိစ္စပြောဖို ့တက်သွားတာ ကျောင်းသား အမေနဲ ့တန်းတွေ ့လိုက်ရတယ်။
“ မုဂါ၊ မုဂါ ့ သားလေး ကျောင်းဝင်ကြေး မသွင်းရသေးလို ့ ကျနော် လာတောင်းတာ မုဂါ”
“တရ၊ သူ ့အဖေ နေမကောင်းတာကြာပြီ၊ အလုပ် ကောင်းကောင်း မလုပ်နိုင်တာကြာပြီ။ မုဂါတို ့လည်း
ခက်ခဲလွန်းလို ့ပါ။ နောက်မှပေးလို ့ရမလား” တဲ ့ သူကတောင်းတောင်းပန်ပန်နဲ ့။ ဘယ်လိုလုပ်မလဲ မုဂါရဲ ့။
အခုတောင်ကျောင်းပိတ်တော ့မှာ… ဆိုတော ့ တကယ်ကို ခက်ခဲလွန်းလို ့ပါ တရရယ်… သူ ့အကို ကိုတောင်
ကျောင်းမထားနိုင်တော ့ဘူး ဆိုပြီး တတိယတန်း ကျောင်းသားအရွယ်လောက်ရှိမယ် ့ သူသားကို လက်ညှိုးထိုးပြတယ်။ စတုတ္ထတန်း၊ တတိယတန်း ကျောင်းသားလေးတွေကို အကုန်မှတ်မိပေမယ် ့ သူ ကို ကျနော် မမြင်ဖူးဘူး။ ကျနော်တော်တော်လေး ဒေါသထွက်သွားတယ်။ စကားလုံးတွေ အများကြီး အန်ကျကုန်တယ်။ မုဂါကြီးက ငြိမ်ကုပ်လို ့။ ကျနော် ဒေါသထွက်တာက ကျောင်းဝင်ကြေး မသွင်းနိုင်တဲ ့
ကိစ္စမဟုတ်။ သူ ့သားတစ်ယောက်လုံးကို ကျောင်းထုတ်ထားတဲ ့ ကိစ္စ။ သူ ့သားက အလုပ် လုပ်နိုင်တဲ ့
အရွယ်လည်းမဟုတ်သေး။
မုဂါတို ့ ကျနော့ ကိုစောစောက ဘာလို ့မပြောကြတာလည်း။ စိတ်မကောင်းလွန်းလို ့သာ ဒီလိုပြောလိုက်
ပေမယ် ့ ကျနော်က ဒီကျောင်းကို နောက်ကျပြီးမှ ရောက်လာတာ။ စောစောကသာ ကျနော် ဒီကျောင်း ရောက်လာနိုင်ခဲ ့ရင် ဒီကလေး သေချာပေါက် ကျောင်းနေစေရမယ်။ မိဘတွေက မထားဘူးဆိုရင်တောင်
ရွာလူကြီးတွေနဲ ့ ဆရာတော်လေးကို အကူအညီတောင်းပြီး ကျောင်းထဲကို အတင်းဆွဲသွင်းမှာ။
နောက်နှစ် ကျောင်းဆရာ ဆက်လုပ်၊ မလုပ် မတင်မကျဖြစ်နေတဲ ့တောတွင်းပျော် … အဖြေတစ်ခုကို ကျေကျေနပ်နပ်ရလိုက်ပြီ။
မုဂါမှာကလေး ဘယ်နှစ်ယောက်ရှိသလဲ မုဂါ…
ကျောင်းဝင်ကြေး မပေးနိုင်ရင် ကျနော် အကုန်လုံးတာဝန်ယူတယ်။ ကျနော်ရတဲ ့ လစာ ပြောင်ချင် ပြောင်ပါစေ။
နောက်နှစ် မုဂါ ့ ကလေးအားလုံးကျောင်းထားပါ။ နောက်နှစ် ကျနော် ဒီကိုပြန်လာပြီးစာသင်မယ်။
ကျနော ့အသံက တထစ်ထစ် နဲ ့တုန်ယင်နေတယ်။ မုဂါကြီးလည်း မျက်ရည်ဝဲနေတယ်။ ကျနော် ့ကို ဘာတစ်ခွန်းမှ ပြန်မပြော။ ကျနော်လည်း မျက်နှာငယ်လေးနဲ ့ ကျနော ့ကို ကြည် ့နေတဲ ့ သူ ့သားကို
ကြည် ့ပြီး မျက်ရည်ဝဲနေတယ်။
ဘယ်လောက်တောင် သနားစရာ ကောင်းတဲ ့ ကလေးလဲ။ သူကျောင်းမနေနိုင်တာ ကျနော်လုံးဝ မသိခဲ ့။
သူ ့ညီ၊ သူနဲ ့ရွယ်တူ ကျောင်းသားတွေ စာဖတ်၊စာအံတာ တွေ ကျောင်းနားက သူ ့အိမ်လေးထဲကနေ
ငေးကြည် ့နေရှာလိမ် ့မယ်။ တခါတခါ သူ ့အိမ်လေးထဲကနေ ကျောင်း ကဗျာလေးတွေ လိုက်ရွက်နေလိမ် ့မယ်။
ဒီအဖြစ်က ကျနော ့ကို တော်တော် စိတ်ထိခိုက်ကြေကွဲစေခဲ ့တယ်။

(ကျနော် အစက ဒီ လေထန်ကျောင်း ပိုစ်ကို ပေါ ့ပေါ့ပါးပါး ဟာသဆန်ဆန်၊ ရေးကြည် ့ပါသေးတယ်။ ရေးရင်
ရေးရင်းနဲ ့ စိတ်ခံစားမှုဖက်ကို အလေးပေးတဲ ့ဖက်ကို ရောက်သွားတယ်။)

ကျောင်းတွင်းစာမေးပွဲ မစခင် ကျောင်းပိတ်ရက်တစ်ရက်မှာ ကျောင်းအုပ်ချုုပ်ရေး ကျေးရွာလူကြီးတွေ၊ ဘုန်းကျောင်းက ဒကာကြီးတွေက သီတာဘုန်းကျောင်းမှာ ကျနော ့ကိုခေါ် ပြီး အစည်းအဝေး သဘောမျိုး လုပ်တယ်။ သူတို ့အဓိက သိချင်တာက ကျနော် ဒီရွာမှာ ကျောင်းဆရာ ဆက်လုပ်၊ မလုပ်။
ဒီတစ်ကြိမ်ေတော ့ ကျနော် ပိုင်ပိုင်နိုင်နိုင် ဆုံးဖြတ်ပြောလိုက်နိုင်ပါပြီ။ ကျနော် နောက်နှစ် ဒီရွာကို ပြန်လာခဲ ့ပါ ့
မယ်လို ့။ ရွာလူကြီးတွေ ကျေနပ်သွားတယ်။ ဆရာတော်လေးကတော ့ ခေါင်းတညိမ် ့ညိမ် ့။ သူနဲ ့ကျနော်က
နိုင်ငံရေး အကြောင်း လေကန်ဖက်တွေလေ။ နောက်တော ့ ကျောင်းရ ဲ ့လိုအပ်ချက်တွေ၊ နောက်နှစ် ကျောင်းရာသီမှာ ကျောင်းသူ၊ကျောင်းသားတွေ လုံလုံခြုံခြုံ အသုံးပြုနိုင်မယ် ့ အပေါ ့ရုံ ဆောက်လုပ်ဖို ့ ကိစ္စ၊
(ကျောင်းအနေအထား၊ ဘေးအိမ် အနေအထားအရ အိမ်သာဆောက်ဖို ့ကတော ့အဆင်မပြေ) နောက် သူတို ့ကို ကျနော်အထူးတောင်းဆိုတာက ရှေ ့နှစ် ကျောင်းဖွင် ့မယ ့်ရာသီမှာ ကျောင်းနေအရွယ်ကလေး အားလုံး
ကျောင်းနေနိုင်ဖို ့နဲ ့ စာရင်းကောက်ထားပေးဖို ့ပါ။ ရွာလူကြီးတွေကသဘောတူတယ်။ နောက်ဒီ အစည်းအဝေးပွဲမှာ သူတို ့ကို ကျနော်ဆက်ပြီးတောင်းဆိုတာက.. ဒီနှစ် ၄တန်းအောင်မယ် ့ ကျောင်းသားလေး
တွေ ကျောင်းဆက်ထားဖို ့ သူတို ့မိဘတွေကို တိုက်တွန်းပေးဖို ့ပဲ။
ဇန္နဝါရီလကုန် ၊ဖေဖော်ဝါရီလဆန်းမှာ သူငယ်တန်းကနေ ဒုတိယတန်း အထိ ကျောင်းတွင်းဖြေပေးပြီး
တတိယတန်းနဲ ့ စတုတ္ထတန်း ကျောင်းသားတွေကို ကျနော်တို ့ရွာက အခြေခံမူလတန်းကျောင်းမှာဖြေဖို ့
လူစုရင်း အားပေးစကားပြောလိုက်တယ်။
နင်တို ့ စိတ်အေးအေးထား ဖြေကြနော် … နင်တို ့ကို ငါစစ်ခဲ ့ပြီးပြီ… အဲဒါတွေကိုပဲ ပြန်မေးမှာ။ နင်တို ့ဘယ်လိုမှ စာမေးပွဲကျစရာ အကြောင်းမရှိဘူး။ ငါ စိုးရိမ်တာက နင်တို ့ စာမေးပွဲခန်းမှာ ကြောက်ပြီး ကောင်း
ကောင်းမဖြေလိုက်လို ့ အမှတ်နည်းသွားမှာကိုပါ။ မကြောက်ကြနဲ ့။
ကျောင်းသူ၊ကျောင်းသားတွေက တခြားရွာမှာ သွားဖြေရမယ် ့ စာမေးပွဲမို ့ ပိုစိတ်လှုပ်ရှားနေကြတယ်။
သူတို ့ရဲ ့ လှုပ်ရှားနေတဲ ့စိတ်တွေပြေအောင် ကျနော်စကား လမ်းကြောင်းပြောင်းပြီး မေးလိုက်တယ်။
အဓိကတော ့ ၄ တန်း ကျောင်းသားတွေကိုပါ။ နင်တို ့ ဒီနှစ် ၄ တန်း အောင်ပြီးရင် ဘယ်မှာတက်ကြမှာလဲ။
မော်လမြိုင်လား၊ မုဒုံလား၊ သံဖြူဇရပ်လား။ ကျောင်းသားတွေ မျက်လုံးတွေက အရောင်တက်လာတယ်။
သူတို ့တစ်တွေ မြို ့ပေါ်တက်ပြီး ကျောင်းတက်ချင်ကြတာကိုး။ သူတို ့တစ်တွေ တစ်ယောက်တစ်ပေါက်
“ဘယ်မှာတက်မလဲ မသိသေးဘူးဆရာ” ဆိုပြီး အားတက်သရောလေသံတွေနဲ ့။
သူတို ့တွေကြားမှာ နော်မြင် ့မြင် ့ရီ နဲ ့ စောအေးမင်းတို ့ မောင်နှမ ၂ယောက် တိတ်နေတာ သတိထား
မိလိုက်တော ့
“ မြင် ့ရီ၊ နင်တို ့ကော”
အမှန်တကယ်လည်း သူတို ့မောင်နှမ ၂ယောက် ကျောင်းဆက်တက် မတက် ကိစ္စကို ကျနော် စိတ်ဝင်စားတယ်။ သူတို ့မောင်နှမ ၂ယောက်က အပျို၊ လူပျိုတောင် ဖြစ်နေပြီ။ ကျောင်းတက်ချင်စိတ် ရှိရင်တောင်မှ သူတို ့အရွယ်နဲ ့ အတန်းတူတွေကြား တိုးဝင်ချင်တော ့မှာ မဟုတ်။
ကျမတို ့ ဆက်မတက်တော ့ဘူး ဆရာ ..ဆိုပြီး တွေတွေလေးနဲ ့ပြန်ေဖြေတယ်။ စောအေးမင်းကို ကြည် ့လိုက်တော ့ ကျနော ့ကိုမျက်နှာလွှဲသွားပြီး ခေါင်းငုံ ့သွားတယ်။ တခြားသူတွေ ဝမ်းသာတက်ကြွနေချိန်မှာ
သူတို ့မောင်နှမကိုကြည် ့ပြီး ကျနော်စိတ်မကောင်း။ ကျနော်တို ့တွေ ဆယ်တန်းအောင်တုန်းက သူငယ်ချင်းတစ်ချို ့နဲ ့ ခွဲလိုက်ရချိန် ဒါမှမဟုတ် တက္ကသိုလ်ကျောင်းပြီးတော ့ လွတ်လပ်တဲ ့ လူငယ်ဘဝကို
စွန် ့လွှတ်ပြီး လက်တွေ ့ဘဝကို စတိုးဝင်ရောက်ချိန်က ခံစားချက်မျိုး သူတို ့မောင်နှမ ၂ယောက်မှာ ဖြစ်နေမှာ။
နင်တို ့တွေ အရွယ်ကြောင် ့ မတက်ရဲတော ့တာလား။ နင်တို ့မရှက်ကြနဲ ့။ ငါ ဆယ်တန်း ဖြေတဲ ့နှစ်က
ဦးလေးကြီးတစ်ယောက် သူ ့သားနဲ ့အတူ ဆယ်တန်းလိုက်ဖြေတာ။ သူ ့ခမြာ ဆယ်တန်း အောင်ချင်လွန်းလို ့
ဟို လူကြီးက ငါ ဒီနှစ်အောင်နိုင်တယ်။ ဒီလူကြီးက ဒီနှစ်တော ့ ငါကျိန်းသေပေါက်ပဲတဲ ့ အောင်မှာ ဆိုပြီး
လူတွေ ့တိုင်း ပြောတတ်တဲ ့လူတစ်ယောက်အကြောင်းကို ပြောပြပြီး နင်တို ့အားမငယ်နဲ ့တက်သာတက်
ဆိုပြီး အားပေးစကားပြောလိုက်တော ့ နော်မြင် ့မြင် ့ရီက ခပ်နွမ်းနွမ်းပြုံးရင် ကျမတို ့ လယ်ထဲဆင်းကြရတော ့မယ် ဆရာ….
ဒီလိုနဲ ့တောက်ပချင်ရက်နဲ ့ မတောက်ပနိုင်ခဲ ့တဲ ့ တောတွင်းပျော်ရဲ ့ ကြယ်ပွင် ့လေး ၂ပွင် ့ စောစောစီးစီး လယ်ကွက်ထဲ ကျရောက်ပြီး အရောင်မှိန် ကွယ်ပျောက်သွားခဲ ့တယ်။
×××××××××××××××××××××××××××××××××××××××××××

ကလေးတွေ စာမေးပွဲပြီးတော ့ မတ်လဆန်းမှာဖွင် ့မယ် ့ အဝေးသင်တက်ဖို ့ ကလေးမြို ့ကိုတက်ဖို ့ စီစဉ်ရတော ့တယ်။ နယ်စပ် ကျွဲမောင်း၊ နွားမောင်းရတဲ ့ငွေတွေရယ်။ ကျောင်းဆရာကရတဲ ့ လုပ်အားခ၊ နောက်ပြီး တောအဖွဲ ့အစည်းက ပေးတဲ ့ထောက်ပံ ့ကြေးတွေရယ် စုပြီး ကလေးမြို ့ကို တက်လာခဲ ့တယ်။
အဝေးသင်ဖြေပြီးချိန်မှာတော ့ အိမ်အပြန် လမ်းစရိတ်မလောက်တော ့တာမို ့ ကလေးက အသိမိတ်ဆွေတွေ
အကူအညီနဲ ့ တောင်ပေါ်လမ်းမှာ ကားစပါယ်ယာဝင်လုပ်ရင်း အပြန်လမ်းစရိတ်ရှာရသေးတယ်။ အိမ်အပြန်လမ်းစရိတ် အလုံအလောက်ရချိန်မှာတော ့ မေလလယ်လောက်ရှိနေပြီ။ မကြာခင် မိုးကျတော ့မယ်။
မိုးကျလို ့ မဟာမြိုင်လမ်း မပိတ်ခင် အမှီပြန်ဆင်းလာခဲ ့တယ်။ ကလေးက ပါးလိုက်တဲ ့ပစ္စည်းတွေ ရန်ကုန်ကို
ဝင်ပေး ခဏတည်းနေတုန်း ယောက်လမ်းက အမဝမ်းကွဲ မီးဖွားမယ် ့ကြုံလာတော ့ ရွာပြန်ရောက်ဖို ့အရေး
နောက်ထပ် ၄ရက်လောက်ထပ်နောက်ကျ ပြန်တယ်။က ကျနော် ကလေးကပြန်ဆင်းလာတုန်းက အထက်မြန်မာပြည်မှာ မို းတစ်ပေါက်မှ မကျသေးပေမင် ့ ရန်ကုန်မှာတော ့ ကောင်းကောင်းရွာနေပြီ။
စိတ်ကတော ့ ကျနော် ့ကို မျှော်နေမယ် ကျောင်းကလေးကို သတိရနေတယ်။ အမ ဆေးရုံကဆင် းတာနဲ ့ ကျနော်လည်း ရွာကို ချက်ချင်းဆင်းချလိုက်တယ်။ ကျနော်တို ့ဒေသမှာတော ့ မိုးကောင်းကောင်းရွာနေပြီ။
ရွာအဝင် လယ်ကွင်းတွေဖြတ်တော ့ တချို ့လယ်တွေက ကောက်တောင်စိုက်နေကြပြီ။ အိမ်ကိုရောက်တော ့
ကျနော ့အိမ်က အရင် နေလို ့ထိုင်လို ့ရရုံဆောက်ထားတဲ ့ တဲကုပ်သာသာ အိမ်ကလေးမဟုတ်တော ့။
အသင် ့အတင် ့ကျယ်ဝန်းြ့ပီး ချောင်ချောင်ချိချိနေလို ့ရတဲ ့ သပ်သပ်ယပ်ယပ် အိမ်တစ်လုံးဖြစ်နေပြီ။ အမေ ့ကိုမေးကြည် ့တော ့ ကျနော ့တပည် ့လေးတွေက အမိုးဖက် လှည်း ၂ စီးတိုက် လာပို ့ပေးတာတဲ ့။ အိမ်အတွက်သစ်တွေက သီတာရွာက သစ်ဖိုး လွှတိုက်ခလောက်သာယူပြီး အိမ်အရောက် အခမဲ ့လာပို ့ပေးတာတဲ ့။
ကျနော်နဲ ့ပါလာတဲ ့ ပစ္စည်း ပစ္စယတွေ အိမ်ပေါ်တင်ချိန်မတော ့ အမေကေပြောလာတယ်။ သား ရွာထိပ်ဘောလုံး့ကွင်းကို သွားကြည် ့လိုက်အုံး။ ဘောလုံးကွင်းမှာ ဘာရှိလို ့လဲ အမေ ပြန်မေးတော ့
သားရဲ ့ရွာသားတွေ အရမ်း ဒုက္ခ ရောက်လာကြတယ်။ စစ်တပ်ကရွာပြောင်းခိုင်းလိုက်လို ့ သူတို ့တွေ မိုးရေ၊
ဗွက်ရေတွေကြားမှာ ဒီရွာကို ပြောင်းလာကြရတာ။ အမေတို ့ရွာကလည်း ဝိုင်းကူပြီး ပစ္စည်းတွေ သွားသယ်ပေးကြရတာ။ ကျနော် ချက်ချင်းပဲ ရွာထိပ်ကိုတက်သွားလိုက်တယ် ။ ရွာထိပ်ရောက်တော ့
ဘောလုံးကွင်းနား ပတ်ပတ်လည်မှာ မီးခိုးတအူအူထွက်နေတဲ ့တဲကလေးတွေ ဟိုတစ်လုံး ဒီတစ်လုံး။
ကျနော် တဲတစ်လုံးချင်းဆီလျှောက်သွားပြီး တပည် ့လေးတွေကို လိုက်ရှာနေမိတယ်။ တစ်နေရာမှာ သီတာ ကျောင်းဒကာကြီးနဲ ့တွေ ့တော ့ သူက ဆရာ ပြန်ရောက်လာပြီလား… ကျနော်တို ့ အရမ်း ဒုက္ခရောက်တယ်
ဆရာရယ်။ ကျနော်တို ့ ဆရာ ့ကို မျှော်နေခဲ ့ကြတာ… အခု ဆရာ ့ကျောင်းလေး မရှိတော ့ဘူးဆရာ။ ကျောင်းဒကာကြီး ့အသံက ဆို ့နင် ့နေတယ်။ သူ ့မျက်လုံးမှာလည်း မျက်ရည်တွေ ဝေ ့လို ့။ ကျနော် သူ ့ကိုဘယ်လို စကားလုံးတွေနဲ ့ နှစ်သိမ် ့ပေးနိုင်မလဲ။ ကျနော ့ရင်ထဲမှာလည်း ပြောဖို ့ စကားလုံးတွေ ပျောက်နေတယ်။ ကျနော်ကိုယ်တိုင်လည်း သူ ့လို ခံစားနေရတယ်။ ဒေါသလည်း ထွက်နေတယ် ။ ရင်ထဲမှာတော ့ ရက်စက်ကြပါပေ ့၊ လုပ်ရက်ကြပါပေ ့ စကားလုံးတွေကသာ အကြိမ်ကြိမ် အထပ်ထပ်
အရှိန်ပြင်းပြင်းနဲ ့မြည်ဟီးနေတယ်။
ဖထီ… ဆရာတော်လေးကော ဘယ်မှာလဲ မေးတော ့ ..
သူ.. ဟိုမှာကျန်ခဲ ့တယ်။ မိုးကုန်မှ သူ ့ကျောင်းဖျက်ပြီး ဒီကိုပြောင်းလာမှာ..
ဆွမ်းကြတော ့ ဘယ်လိုစီစဉ်ကြသလဲ ဖထီ…
ဒီကသွားပြီး ကျောင်းမှာ ညအိပ်ချက်ရတာပေါ ့ဆရာ။ စစ်တပ်က ဟိုမှာနေခွင် ့မပေး .. လယ်ကလည်းစစိုက်နေပြီ။ မိုးကလည်း ရွာ ဒီကနေ နေ ့တိုင်းသွားဖို ့က အဆင်မပြေတော ့ သူ ့ကျောင်းကိုပဲ
အားကိုးနေရတယ်။ သူ ့ကျောင်းမှာပဲ အိပ်။သူ ့ကျောင်းကနေပဲ လယ်သွားလုပ်ပေါ ့။
(သီတာရွာနဲ ့ ကျနော်တို ့ရွာက ၆မိုင်လောက်ဝေးမယ်။)
အမကြီးမိငယ်တို ့ကော ဘယ်နားမှာနေလဲ ဖထီ မေးကြည် ့တော သူတို ့ဒီရွာဘက်ကိုမလာဘဲ တခြားရွာဖက်ကိုပြောင်းသွားတယ်။
ကျနော ့တပည် ့လေးတစ်ချို ့ကို တွေ ့ပြီးဝင်နှုတ်ဆက်တော ့ ဘယ်သူမှ လန်းလန်းဆန်းဆန်းမရှိကြ။ သူတို ့တတွေ အရမ်း ပင်ပန်းနေကြပြီ။ နော်ချဖေနဲ ့တွေ ့တော ့ သူအိမ်ကိုခေါ်သွားတယ်။ သူ ့အိမ်ပေါ်တက် ဧည် ့ခန်းလိုနေရာမျိုးမှာဝင်ထိုင်တော ့ သူ ့အဖွားထွက်လာပြီး သူ ့အိပ်ယာဘေးမှာ ချထားတဲ ့ ဝါးကျည်တောက်လေးကို လာချပေးတယ်။ ဝါးကျည်တောက်ထဲမှာက ကွမ်းရွက်ပေါင်း။ သူတို ့ ဒီလောက်
ခက်ခဲချိန်မှုာတောင်မှ သတိတရ ကျနော်စားဖို ့ ကွမ်းလာချပေးသေးတယ်။ အဖွားကိုကြည် ့ရင်း ဝါးကျည်တောက်လေးကို လှမ်းယူပြီး လက်ထဲကိုင်ထားလိုက်တယ်။ အဲဒီညနေ ကျနော် ကွမ်းမစားလိုက်တော ့ပါ။
ကျနော် ရောက်တာမြင်တော ့ နော်ချဖေရဲ ့ အကိုကြီး အိမ်အောက်ကတက်လာပြီး လာစကားပြောတယ်။
ဆရာ ကျနော်တို ့အိမ်ရယ်၊ ဘေးနားကအိမ်တစ်လုံးရယ် နောက်ပြီး မခင်အေးတို ့အိမ်ရယ် အိမ် ၃လုံး မီးရှို ့ခံလိုက်ရတယ်။ကျနော ့ အိမ်အောက်က နွားလှည်းပြန်တောင်းတာ၊ နွားလှည်းပါတစ်ခါတည်း မီးရှို ့လိုက်ကြတယ်ဆရာ။ နွားလှည်းဆိုတာက တောသူတောင်သားတွေရဲ ့ အရေးကြီး ့တဲ ့ မရှိမဖြစ ်ယာဉ်ပဲ။
ကြွက်မနိုင် ကျီမီးရှို ့တဲ ့ဇာတ်မှာ မြေဇာပင်ဖြစ်ခဲ ့ရတာ ကျနော်စာသင်ခဲ ့တဲ ့ သီတာအုပ်စုတင်မကပဲ ဒီအုပ်စုနဲ ့
မလှမ်းမကမ်းက သူတော်ရွာတောင် အဆစ်ပါသွားသေးတယ်။ မိုးဦးစကျလာလို ့ လယ်ယာလုပ်ငန်းခွင် ဝင်ဖို ့
ပြင်ဆင်နေကြတဲ ့ သူတို ့တစ်တွေ ရုတ်တရက်ကြီး ရွာနှင်ခံရတော ့ ကယောက်ကယက်ကြီး ဖြစ်ကုန်ကြတယ်။
သီတာ၊တောကျောင်းရွာသားတွေ ကျနော်တို ့ရွာကိုပြောင်းလာကြကုန်ပေမယ် ့ ဝဲသီလာရွာသား တွေကပြောင်းမလာကြပဲ သူတို ့ရွာကမထွက်ဘဲ တင်းခံနေလိုက်ကြတယ်။ သီတာရွာက ကျနော ့ လေထန်ကျောင်းလည်း ပျက်သွားပြီးမို ့ အဲဒီရွာက လူမမယ်ကျောင်းသားလေးတွေ ကျောင်းနေဖို ့ အရေးက
ဒုက္ခရောက်ကုန်ကြတယ်။ သူတို ့မိဘတွေရဲ ့ အစီအစဉ်တွေကိုသာ ရင်တမ မနဲ ့စောင် ့ကြည် ့ရုံပဲ ရှိတော ့တယ်။ ကျနော်တို ့ရွာမှာ စတုတ္ထတန်းထိ အတန်းကျောင်းရှိတာမို ့ ရွာပြောင်းလာတဲ ့ ကလေးတွေ ကျနော်တို ့ရွာမှာ
ဆက်တက်လိုက်ရုံသာ။
ကျနော် ၄ တန်းအောင်သွားတဲ ့နော်ချဖေကို …နင်ကောဘယ်မှာ ဆက်တက်မှာလည်း မေးတော ့ သူ ့အကို
ကြီးက ..နောက်နှစ်မှပဲ ဆက်တက်ခိုင်းတော ့မယ်ဆရာ။ ဒီနှစ်တော ့ဘယ်လိုမှ အဆင်မပြေတော ့ဘူး ဆရာတဲ့။ နော်ချဖေ ခမျာ.. ဒီနှစ် ၅ တန်း အဆင်ပြေပြေနိုင်မယ်လို ့အားခဲထားရာက တည်ငြိမ်နေတဲ ့ သူတို ့
ဘဝ ရုတ်တရက် ဖျက်ဆီးခံလိုက်ရတာမို ့ သူ ့ရည်မှန်းချက်လေး စိတ်မကောင်းစွာ ရပ်တန် ့လိုက်ရတယ်။ နော်ချဖေဆီကနေ တခြား တပည် ့လေးတွေကို စုံစမ်းကြည် ့တော ့ ၄ ၊ ၅ ၊ ၆ ယောက်လောက်သာ မြို ့မှာ ကျောင်းတက်ဖို ့ မြို ့ကို တက်သွားပြီး နော်ကလျာ ကတော ့ သူ ့ အဖေရှိရာ ထိုင်းဖက်ကို တက်ဖို ့ ပြင်ဆင်
နေတယ်တဲ ့။ ဝဲသီလာရွာက မနှင်းနှင်းအေးတစ်ယောက်ရဲ ့ အခြေအနေကတော ့ မသိရသေး။ ဒီတစ်ကြိမ်
ခပ်ကြမ်းကြမ်းတိုက်ခတ်လိုက်ခံလိုက်ရတဲ ့ မုန်တိုင်းဒဏ်ကြောင် ့ တောတွင်းပျော်ရဲ ့တပည် ့အတော်များများ
စာသင်ခန်း အပြင်ဖက်ကို ရောက်ကုန်တယ်။

သူတို ့တစ်တွေ ကျေးဇူးကြောင် ့ ကျနော် တင် ့တင် ့တယ်တယ်အိမ်တစ်လုံးမှာ လုံလုံခြုံခြုံနေရချိန်မှာ သူတို ့တစ်တွေ
တဲကုပ်လေးတွေမှာ ကြပ်ကြပ်တည်းတည်း ထိုးဆင်းပြီး နေ နေကြရပြီ။ သူတို ့တစ်တွေ မိုးရေ၊ ဗွက်ရေတွေ
ကြားမှာ တပင်တပန်းကြီး ရုန်းကန်ပြောင်းရွေ ့လာချိန်မှာ ကျနော် လက်တောင်မကမ်းနိုင်ခဲ ့။ ပင်ပန်းနွမ်းနယ်နေတဲ ့ ကျနော် ့တပည် ့လေးတွေရဲ ့ နဖူးထက်ကချွေးစက်တွေတောင် သုတ်မပေးနိုင်။
ကျနော ့ရင်ထဲမှာ တော်တော်လေး မချိအောင် ခံစားလိုက်ရတယ်။
ကျနော် ရွာသားတွေကို လိုက်လံအားပေး စကားပြောရင်း သူတို ့ရဲ ့ ညို ့မှိုင်းနေတဲ ့မျက်ဝန်း ခံစားချက်တွေကို
အဓိပ္ပါယ်ဖော်ကြည် ့တော ့ နာကြည်းခံပြင်းမှုဆိုတာထက် ၊ ဒါ ငါတို ့ရဲ ့ ဘဝပေး ကုသိုလ်ကံအဖြစ်သာ ရောင် ့ရဲ
လက်ခံ လိုက်ကြပုံမျိုးပဲ။ အဟိတ် တိရစ ္ဆာန်တွေလို ပြုသမျှနုခံရမယ် ့ ဒီအတွေးတွေက ဘယ်အချိန်ကစပြီး
သူတို ့ရင်ထဲကို ဝင်စီးထားတာလဲ…… လွန်ခဲ ့ ၁ဝနှစ်ကလား။ အနှစ် ၂ဝ ကလား… ဟိုး အနှစ် ၅ဝ ကလား။

အချိန်ကာလ အပြောင်းအလဲတွေနဲ ့ အရာရာဟာ ပြန်လည် ့ နေသားတကျ ရှိလာပါပြီ။ အခုဆို သီတာ၊ တောကျောင်းရွာဟာ ကျနောတို ့ရွာဘေး ကပ်ရက်မှာ စုစည်းမြိုင်ကျေးရွာ အဖြစ်နဲ ့တည်တည် ငြိမ်ငြိမ်
ရှိနေပါပြီ။ ခုချိန်မှာ တောတွင်းပျော်တစ်ယောက် ကျောင်းဆရာ မဟုတ်တော ့ပေမယ် ့ သူတို ့တစ်တွေ ကတော ့ ဆရာ.. ဆရာ နဲ ့ လေးလေးစားစား ခေါ်နေကြတုန်း။ ဒီလို ခေါ်သံကြားမိလေတိုင်း ကျနော ့
စိတ်၊ ဝိဉာည်တွေက ဆရာတင်ဋ္ဌေး နဲ ့ ကျနော် လေတိုးသံ တဝုန်းဝုန်းကြားမှာ အော်ဟစ် စာသင်လာခဲ ့ကြတဲ ့
မရှိတော ့ပြီဖြစ်တဲ ့ လေထန်ကျောင်း ကလေးဆီကိုသာ…………………..

××××××××××××××××××××××××××××××××××××××××××××××××××××××××××

တစ်နှစ်က ဒီဇင်ဘာလကုန်လောက်မှာ မြန်မာပြည်ကို် ခဏပြန်လာတော ့ အမကြီး မိငယ်တို ့ရှိတဲ ့ရွာကို
အလည်သွားခဲ ့တယ်။ ဟို ရောက်တော ့ အမကြီးမိငယ် မရှိ။ သူခြံထဲဆင်းနေလို ့ မတွေ ့ခဲ ့ရ။ အမရဲ ့ အမေ
ဒေါ်လေးမေနဲ ့သာ တွေ ့ခဲ ့ရတယ်။ တွေ ့တွေ ့ခြင်း ဒေါ်လေးမေ ကျနော ့ကို မမှတ်မိ။ ဒေါ်လေး မျက်စိမှုန်နေပြီ။
ကျနော ့ကို မှတ်မိလာတော ့ သူဝမ်းသာ အားရနဲ ့ ကျနော ့အကြောင်းတွေ မေးလာတယ်။ ဆရာ.. မလေးကို
ထွက်သွားအကြာကြီးပဲနော်..ဟိုမှာအဆင်ပြေရဲ ့လားဆရာ။ ဟိုမှာ ဘာလုပ်တာလည်း ဆရာ….
သူသိချင်တဲ ့ မေးခွန်းတွေက တရစပ်… ကျနော် အေးအေးဆေးဆေးပြန်ဖြေပေးလိုက်ရင်း သူတို ့မိသားစု
အကြောင်းတွေမေးကြည် ့တော ့ အပျိုကြီး အမမိငယ်က ရော်လာခြံရှင်ကြီးဖြစ်နေပြီ။ ဒေါ်လေးမေ ရဲ ့မြေး
ကျနော ့တပည် ့ကတော ့ ထိုင်းမှာ။
ဒေါ်လေးနဲ ့ အခုလို ပြောဆိုနေရတော ့ကျနော ့စိတ်တွေက တချိန်က စာသင်ခဲ ့တဲ ့ သီတာရွာလေးဆီကို အပြည် ့ရောက်သွားတယ်။
ဆရာ…ကွမ်းစားတုန်းပဲလား ဆရာ.. ကျနော် ကွမ်းစားတာကိုမှတ်မှတ်ရရ မေးလာတော ့
ကျနော် ကွမ်းမစားတော ့တာ ကြာလှပြီ ဒေါ်လေးရဲ .။
ဘာလဲဆရာ .. မလေးမှာကွမ်းမရှိလို ့လား…
မလေးမှာလည်း ကွမ်းရှိပါတယ် ဒေါ်လေး။ တမင်မစားတော ့ဘဲ ဖြတ်လိုက်တာပါ။
ဆရာ ကွမ်းမစားဘဲ နေနိုင်တာအံ ့ဩတယ်။ ဟိုတုန်းက ဆရာ ကွမ်းစားတာများ အဖိုးကြီးလေးတစ်ယောက်လိုပဲ… ပြောပြီး ဒေါ်လေးမေ ရယ်တယ်။
နောက်တော ့ ဒေါ်လေး နဲ ့ကျနော် ပြောစရာ စကားမရှိတော ့သလို တိတ်သွားတယ်။ ဒေါ်လေးက
အိမ်ရှေ ့ဆီကို ငေးကြည် ့နေတယ်။ ကျနော်လည်း ဒေါ်လေး ငေးကြည် ့နေသလို လိုက်ငေးကြည် ့နေလိုက်တယ်။ အိမ်ပတ်ပတ်လည်မှာ ခြံစည်းရိုးသဘောမျိုးစိုက်ထားတဲ ့ သီဟိုဠ်ပင်က ရွက်ခြောက်တွေ
လေတိုက်တိုင်း တဖြုတ်ဖြုတ်ကြွေနေတယ်။ ဒါကို ကျနော်လိုက်ငေးကြည် ့နေမိတယ်။
ဆရာ….. သစ်ရွက်တွေ အရမ်းကြွေနေတယ်ဆရာ။ ဒေါ်လေးက ရုတ်တရက်ပြောလာတော ့ ဒေါ်လေးကိုဖက်ကို လှည် ့ကြည် ့လိုက်တယ်။ ဒေါ်လေးပုံစံက တွေတွေငေးငေး။ ဒေါ်လေး စိတ်တွေက တစ်ခုခုများ
ခံစားနေရသလား.. ဒါမှမဟုတ် ….ဒါမှမဟုတ်….
ကျနော ့ရင်ထဲ ထိတ်ကနဲ ဖြစ်သွားတယ်။
ဒေါ်လေးရယ် ဒီရာသီက သစ်ရွက်အဟောင်းတွေ ကြွေပေးရမယ် ့ ရာသဲ။ သူတို ့တွေကြွေသွားတော ့မှ နောက်ထပ် ရွက်သစ်တွေထွက်လာနိုင်မှာ။ သူတို ့ ကြွေနိုင်အောင် လေကတိုက်ပေးပြီး ကူညီတာ…. လို ့
ဒေါ်လေးစိတ် ပေ ါ ့ပါး သွားအောင် ရီစရာလုပ်ပြီး ပြောလိုက်တော ့…
ဒေါ်လေးမေက ကျနော့ကို လှည် ့မကြည် ့ဘဲ
“သစ်ရွက်ကြွေများတော ့ အမှိုက်ရှုပ်တာပေါ ့ ဆရာရဲ ့” တဲ ့။ ။

ပြီးပါပြီ ။
ဂေဇက်သူ၊ ဂေဇက်သားများကို ချစ်ခင်လေးစားလျှက်
တောတွင်းပျော်
ခေတ္တ မြို ့ပေါ်။

ဖြည် ့စွက် [ 18 /6/2016 ]

၂၀၁၆ခုနှစ် တောကျောင်းရွာ
၂၀၁၆ခုနှစ် တောကျောင်းရွာ

ဒီပုံလေးကို ကော်မန် ့မှာ ပေးချင်ပေမယ် ့ ပေးမရလို ့ ဒီအထဲထပ်ဖြည် ့လိုက်တယ်။
ဒီဆိုင်းဘုတ်နောက်တည် ့တည် ့က အဝတ်လှန်းကြိုးတန်းရှိတဲ ့ အိမ်က နွားလှည်းပါ ပါသွားတဲ ့
တပည် ့မလေး နော်ချဖေအိမ်။
ခုတော ့ ငြိမ်းချမ်းသွားပြီမို ့ ကလေးတွေ အေးအေးချမ်းချမ်းစာသင်နိုင်ကြပြီ ဖြစ်ပေမယ် ့
သွားရေးလာရေးကတော ့ နည်းနည်းတော ့ ခက်နေတုန်း။

30 comments

  • အလင်းဆက်

    February 22, 2015 at 4:45 pm

    ပြီးသွားပါပေါ့။ ဒီအပိုင်းအပါအဝင် အစအဆုံးကို သိမ်းထားပြီး အေးအေးဆေးဆေး ပြန်ဖတ်ဦးမယ်။

    တွေးမိတာက ဒီဇာတ်လမ်းက စကားပြောလေးနဲ့ရေးထားသမို့ ဝတ္ထုဇာတ်လမ်းအဖြစ် ဖတ်ကြည့်လို့ရတယ်
    ဒါကိုပဲ ဇာတ်ညွှန်းပုံစံလေး ပြန်ပြောင်းပြီး ရုပ်သံဇာတ်လမ်းလေးတစ်ပုဒ် ရိုက်လို့ရဦးမှာ

    . နောက် ထပ်တွေးမိတာက
    ရွာထဲက လူငယ် လူကြီးတွေထဲ ရုပ်ရှင် သရုပ်ဆောင် ဝါသနာအိုးတွေ စုပြီး ဒီလို ဇာတ်လမ်းလေးတစ်ပုဒ်ကို ဗွီဒီယို ရိုက်ရရင် ကောင်းမယ်လို့
    အမှတ်တရ သိမ်းလို့ရတာပေါ့။
    ဒါရိုက်တာ ဘယ်သူလုပ်မလဲ
    ဇာတ်ညွှန်းဘယ်သူခွဲမလဲ
    ဘယ်သူ ဘယ်နေရာက သရုပ်ဆောင်မလဲ
    ကင်မရာမန်းကတော့ ဂီဂီတို့ရှိသား

    ဒီလို ဇာတ်လမ်းလေးပြီးရင် ဟာသဇာတ်လမ်းတွေ ထပ်ရိုက်။ အရင်းကျေအောင် အခွေကို ကိုယ့်ရွာသူားတွေပဲ ပြန်ဝယ်အားပေး။
    အဟိ
    စိတ်ကူးယဉ်ကြည့်နေမိတယ်

    • မြစပဲရိုး

      February 22, 2015 at 8:33 pm

      ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိ ဖြစ်ဖို့ ဂျောက်တွန်းနေသလား ဆက်ဆက်။
      အဲလို ရိုက်ချင်ရင် ဖွေးဖွေး ကို အရင် ရွာထဲ ခေါ်ခဲ့ဦး။ 😉

    • Mr. MarGa

      February 23, 2015 at 10:58 am

      အစဖော်ပြန်ပြီ
      ပြီးရင် သူပဲ ပျောက်ပျောက်သွားတာ
      :a:

  • black chaw

    February 22, 2015 at 6:43 pm

    ပွင့်ပွင့်လင်းလင်းပဲ ပြောမယ်နော်…။
    အပိုင်းတွေ အကုန်လုံး မဖတ်ရသေးပါဘူး…။
    ဟင် ဒါဆို ခင်ဗျားက ဘာလို့ ကွန်းမန့်ဝင်ရေးနေရတာလဲ…လို့
    မေးမယ်ဆိုရင်တော့
    တောတွင်းပျော်ဆိုတဲ့ ညီလေးကို ခင်မင်ရင်းနှီးချစ်ခင်ရင်းစွဲ ရှိနေတဲ့
    စိတ်ကြောင့် ကွန်းမန့် ဝင်ရေးပြီး အားပေးလိုက်ချင်တဲ့ စိတ်က
    တားမနိုင်ဆီးမရ ဖြစ်လာပြီးသကာလ
    အခုလို ဝင်ပြီး ကွန်းမန့်ရေးဖြစ်သွားတာပါ ပဲ ညီလေးရယ်…။
    ဒေါင်ကျကျ ပြားကျကျ ဒေါင့်မကျိုးတဲ့လူ အတွက်
    ဒေါင့် မကျိုးသော ကွန်းမန့်လေးပေါ့ဗျာ…။
    ဆိုတော့…
    အချိန်ရရင် ပို့စ်ကို အသေအချာ ဖတ်ပြီးသကာလ…
    တစ်ခါပြန်လာပြီး ကွန်းမန့်လေး ရေးဦးမယ်ဆိုတာလေး…
    စရံသတ်ထားခဲ့ပါရစေ…။
    ချစ်လည်းချစ်တယ်
    ခင်လည်းခင်တယ်
    လေးလည်းလေးစားတဲ့…
    ဦးလေး ဘလက်ချော…။
    :k:

    • တောတွင်းပျော်

      February 22, 2015 at 11:01 pm

      ကျေးဇူးပါ ခင်ဗျာ….. ဦးလေးဘလက်ချော
      ကျနော် ဒီတရုတ်နှစ်ကူး အားလပ်ချိန်လေး ခဏ မြို ့ပေါ်တက်လာတုန်း
      ဒီရွာထဲ ဝင်လာရင်း ဘာရေးရင်ကောင်းမလဲ တွေးရင်း ရေးလိုက်မိတဲ ့ပို ့စ်ပါ။
      ရေးရင်း ရေးရင်း အရစ်တွေရှည်တွေမိလို ့ ပိုစ်က ရှည်ထွက်သွားရော။
      အစကတော ့ ရွာထဲရောက်တုန်းရောက်ခိုက် တောတွင်းပျော်တစ်ယောက် ဒီရွာထဲမှာရှိနေကြောင်း
      ပြရအောင်လို ့ ပိုစ်တိုတိုလေးတစ်ခုလောက်ရေးမယ်အကြံနဲ ့ရေးလိုက်တာပါ။

  • Ma Ma

    February 22, 2015 at 7:06 pm

    လေထန်ကျောင်းကို ဖတ်ကြည့်ပြီး အားလုံးခြုံကြည့်လိုက်တော့ ……
    ကလေးတွေကလည်း ဉာဏ်ရည်ထက်မြက်ကြတယ်။
    မိဘတွေကလည်း ကျောင်းထားပေးချင်ကြတယ်။

    အဲဒီ၂ခုနဲ့ ပြည့်စုံတယ်ဆိုကတည်းက အဲဒီရွာသူားတွေ မညံ့ဖျင်းကြဘူး။

    မိဘတွေက ကျောင်းလည်း မထားနိုင်၊ ထားလည်း မထားချင် (ကလေးကို အလုပ်လုပ်ခိုင်းချင်တာ)
    ကလေးတွေကလည်း တောမှာနေပြီး ဘာမှဗဟုသုတမရှိ ခပ်ထုံထုံ ခပ်ဖျင်းဖျင်းတွေများတဲ့ ရွာတွေတောင် တွေ့ဖူးတယ်။

    အဲဒီရွာတွေနဲ့စာရင် ဒီရွာကလေးက အတော်တိုးတက်တယ်လို့တောင် ပြောချင်တယ်။

    ဘာပဲဖြစ်ဖြစ် ကိုယ်စွမ်းတဲ့နေရာကနေ တတတ်တအား အားဖြည့်ပေးနိုင်ခဲ့တာ ဂုဏ်ယူပါတယ်။ 🙂

  • မြစပဲရိုး

    February 22, 2015 at 8:31 pm

    ဒီဇာတ်ကို သိမ်းလိုက်ပေမဲ့ စာတွေ ဆက်ရေးဖို့ တိုက်တွန်းချင်ပါတယ် တောတွင်းပျော်ရေ။
    တကယ် အရေးကောင်းသူပါ။
    မဂ္ဂဇင်း တိုက်တွေဆီပို့ဖို့ကောင်းတယ်။
    ထည့်ရဲကြပါ့မလားတော့ မသိ။

    ငှက်ကလေး အကြောင်းကတော့ လောကကြီးထဲ ကိုယ်မသိတဲ့ အရာတွေ အကြောင်းတွေ အများကြီးမို့ မဝေဖန်လိုပါဘူး။
    ယုံသူလဲ မမှား နိုင်သလို မယုံသူကိုလဲ အပြစ်မတင်သင့်။

    ကလေးမြို့ နဲ့ မဟာမြိုင်လမ်း လမ်း ကိုတော့ ရင်းနှီးပါတယ်။
    ကလေးဘက် ဆို ချင်းတွေချည်းမှတ်တာ။ ကရင် တွေလဲ ရှိတယ်ပေါ့။
    လူတွေ နေနေတဲ့ နေရာ ကို အကြောင်းရှိလို့ ပြောင်းစေ တာ ကို နားလည်နိုင်ပါတယ်။
    ဒါပေမဲ့ သူတို့ အတွက် လုံလောက်တဲ့ ရှင်းပြပေးမှု၊ တာဝန်ယူ ပေးမှု၊ ပြန်လည်နေရာချထားမှု ဆိုတဲ့ တာဝန် တွေ မယူနိုင်ကြတာ ကို နားမလည်ဘူး။
    လူတွေ ကို အုပ်ချုပ်မှု အကြောင်း မသိ နားမလည် ရင်လဲ နေရာယူအုပ်ချုပ်မနေကြပါနဲ့တော့။
    တိုင်းပြည်နာတယ်။

    အတိတ်အကြောင်းလေး ကို သတိတရ မျှပေးလို့ ကျေးဇူးပါ။
    ဇာတ်လမ်းလေးတွေ ဆက်ဖတ်ချင်ပါတယ်။

  • padonmar

    February 22, 2015 at 10:47 pm

    ဖတ်ပြီး ငိုချင်လိုက်တာ။
    ……
    .ဇာတ်တော်တွေထဲမှာ မြတ်စွာဘုရားတရားဟောတာကို .နာနေတဲ့ ဖားကလေးဟာ နွားကျောင်းသားရဲ့ တုတ်နဲ့ ထောက်ခံရလို့ သေပြီး နတ်ဖြစ်သွားတာပါပါတယ်။
    .တိရစာ္ဆန်တွေမှာလည်း ကုသိုလ်စိတ်တွေ ဖြစ်တတ်ပါတယ်။
    .အကုသိုလ်ကြောင့်ဖြစ်ရတဲ့ တိရစာ္ဆန်ဘဝကနေ .ကံကောင်းတွေ ဖြတ်ချွေလို့ သေပြီး ကောင်းတဲ့ .ဘဝမြန်မြန်ပြောင်းရတာလည်းရှိပါတယ်။
    (တဲကုပ်လေးကိုစွန့်ပြီး အိမ်ကြီးအိမ်ကောင်း ပြောင်းရသလိုပေါ့)။
    .တဲလေးကိုစွန့်ရတာပဲကြည့်ရင် မကောင်းဘူးပြောသလို
    .သေတာမကောင်းဘူးထင်ရပေမယ့်
    .ပိုကောင်းတဲ့ ဘဝရောက်ရမယ်ဆိုရင် မြတ်တယ်ပြောရမှာပေါ့။

  • တောတွင်းပျော်

    February 22, 2015 at 11:44 pm

    ကွန်ပြူတာနဲ ့စာရိုက်တဲ ့ အလုပ်က ကျနော ့လက်ရှိဘဝအလုပ်နဲ ့ လုံးဝမအပ်စပ်သလိုကြီးဖြစ်နေတယ်။
    တောထဲမှာဆို ဒီကျနော ့ ကွန်ပြူတာလေးက ဗွီဒီယိုကြည် ့ဖို ့၊ ဂိမ်းကစားဖို ့လောက်သာ။ စာရိုက်တာလည်း
    မကျင် ့။ ကျင် ့လည်းမကျင် ့နိုင်။ တောထဲအဆောင် စည်းကမ်းကလည်း ည၁ဝထို း မီးစက်ပိတ်။ မအိပ်ချင်လည်းအိပ်၊အိပ်ချင်လည်းအိပ် အားလုံးတိတ်။ နောက်နေ ့စောစော တောထဲဝင်အလုပ်ဆင်းရ မှာကိုး။ အလေ ့အကျင် ့မရှိတော ့ ခုလို ပိုစ်ရှည်ရှည်ရေးမိတော ့ တော်တော် ဒုက္ခရောက်တော ့တာ။ အကြမ်းရေးထားတာဖတ်ပြီး တစ်လုံးချင်းဖြည်းဖြည်းချင်းရိုက်တာတောင် မှားလိုက် ဖျက်လိုက် ရေးလိုက်။
    ပိုစ်တစ်ခုကို တစ်ညလုံးနီးရိုက်ရတယ်။ စထားတဲ ့ကိစ္စ အားလပ်ရက် မကုန်ခင်မှာ အပြီးသတ်နိုင်ဖို ့ ကြိုးစား
    ရေးနေရတာမို ့ တခြားသူတွေ ရေးတဲ ့ပိုစ်တွေကို ဝင်မဖတ်နိုင်၊ ဝင်မမန် ့နိုင်တာ သည်းခံပေးကြစေလိုပါတယ်။နောက်ပြီး အင်တာနက်လိုင်းလည်း သိပ်အဆင်မပြေတာမို ့ ကွန်ပြူတာထဲ
    ရေး သိမ်းထားတဲ ့ ပိုစ်တွေကိုတွေကို ဝိုင်ဖိုင်ရတဲ ့ လဖက်ရည်ဆိုင်မှာထိုင်ပြီးတင်ရတာကြောင် ့
    ကော်မင် ့တွေ ချက်ချင်းမပြန်နိုင်ခဲ ့တာလည်း သည်းခံပေးကြပါ။

    • padonmar

      February 23, 2015 at 12:07 am

      ကျမလည်း စာကို လက်တချောင်းချင်းရိုက်ရတာ။ပို့စ်တပုဒ်တင်ရတာ တညမအိပ်ကြေးရိုက်ရသလိုပါပဲ။
      ဒါကြောင့် ကိုယ်ချင်းစာပါတယ်။
      ဒါပေမယ့် ရေးချင်တာလေးရေးပြီးရင် ရင်ထဲ ကျေနပ်သွားတာပဲ။
      အဲဒီ ဖီလင်လေးကို တော်ပျော်လေးလည်း ကြိုက်မယ်ထင်ပါတယ်။ဒီရောဂါက ဖြစ်မိရင် ကုရခက်တယ်။နာတာရှည်ရောဂါ။

      • padonmar

        February 23, 2015 at 12:12 am

        ဖတ်ရွေးသာရှိသေးရင် ဆုရမယ့်ပို့စ်ပါလို့ ပြောချင်ပါတယ်။
        (အကြောင်းအရာရော၊အရေးအသားရော)

  • ဝင့်ပြုံးမြင့်

    February 22, 2015 at 11:45 pm

    .ညို ့မှိုင်းနေတဲ ့မျက်ဝန်း ခံစားချက်တွေကို
    အဓိပ္ပါယ်ဖော်ကြည် ့တော ့ နာကြည်းခံပြင်းမှုဆိုတာထက် ၊ ဒါ ငါတို ့ရဲ ့ ဘဝပေး ကုသိုလ်ကံအဖြစ်သာ ရောင် ့ရဲ
    လက်ခံ လိုက်ကြပုံမျိုးပဲ။ အဟိတ် တိရစ ္ဆာန်တွေလို ပြုသမျှနုခံရမယ် ့ ဒီအတွေးတွေက ဘယ်အချိန်ကစပြီး
    သူတို ့ရင်ထဲကို ဝင်စီးထားတာလဲ…… လွန်ခဲ ့ ၁ဝနှစ်ကလား။ အနှစ် ၂ဝ ကလား… ဟိုး အနှစ် ၅ဝ ကလား။

    .စာအရေးအသားကော အတွေးအခေါ်ကော တအားကောင်းတဲ့သူ။ မဂဇင်းတိုက် ပို့ကြည့်ရင် ကောင်းမယ်နော်။

  • Kaung Kin Pyar

    February 23, 2015 at 10:15 am

    ဒီပိုစ့်လေးရဲ့ အရေးအသားကို အရမ်းကြိုက်တယ်….။ မျက်စိနဲ့ မြင်နေရသလို ရေးတတ်လိုက်တာ…။ ကလေးတွေရဲ့ အဖြစ်ကိုလဲ စာနာပါတယ်….။ ဆရာတစ်ယောက်ရဲ့ ခံစားချက်ကိုလဲ မြင်ရတယ်….။ ဗဟုသုတတွေလဲ ရပါရဲ့…
    ဘရာဗိုပါ ကိုတောတွင်းပျော်ရေ…

  • Mr. MarGa

    February 23, 2015 at 11:04 am

    ကျနော်ဖတ်နေချိန်မှာ ကိုရင်ကတော့ တောထဲပြန်ရောက်နေလောက်ရောပေါ့
    ပြန်တက်လာရင် ဒီပို့စ်လေးကို ပြန်လာကြည့်ပါဦး
    လေထန်ကျောင်းမှာ လေရိုင်းထက်ပိုတဲ့ လေတွေတိုက်လာလို့ ကျောင်းကလေးပါ ပျောက်သွားရရှာတာ………
    တစ်ချိန်မှာတော့ အဲဒီနေရာတွေ ဖွံ့ဖြိုးလာမှာပါ..
    🙁
    (စကားအတင်းစပ် အဲ့လိုတောကျောင်းလေးတွေမှာ ဆရာလုပ်ဖို့ တွေးခဲ့ဖူးတယ်။ ကျောင်းတက်နေရင်း မတောက်တခေါက် ဂိုက်ဆရာ လုပ်နေတုန်းကပေါ့ဗျာ)

  • Shwe Ei

    February 23, 2015 at 2:50 pm

    -မန်းဂဇက် စာအုပ်တစ်အုပ်ထပ်ထွက်ဖြစ်ရင် ဒီပို့စ်ကို ..ထိပ်ဆုံးက ထည့်စေချင်ပါတယ်ဗျာ..
    -စစ်ပွဲတွေ ရှိနေသရွေ့…ခလေးတွေအများကြိီး မြေစာပင်ဘဝ ရောက်ကြရအုံးမှာမို့..
    -အပစ်အခတ်ရပ်စဲချင်ယောင်ဆောင်သူရီးတွေကိုသာ..နာနာလေး မေတ္တာပို့နေမိပါတယ်..

  • apolo11

    February 23, 2015 at 5:15 pm

    သူကြီးမင်းခင်ဗျား
    သူကြီးမင်းရဲ့ စာစောင်မှာ ဒီပိုစ့်ကို ဖေါ်ပြပေးပါလို့
    တောင်းဆိုပါရစေ။
    ဖတ်သူ မည်သူ့ကိုမဆို ရသ မျိုုးစုံ တကယ်ပေးနိုင်တဲ့
    အရေးအသား၊ အကြောင်းအရာ ကောင်းတဲ့
    တန်ဖိုးရှိတဲ့ ပိုစ့် တစ်ပုဒ်ပါ၊
    ပိုစ့်အတွက် ကျေးဇူး အထူးတင်ပါတယ် ကိုတောတွင်းပျော်။

    • အလင်းဆက်

      February 24, 2015 at 7:09 am

      အဟွိ
      သူကြီးရဲ့ သတင်းစာက ရသ အသားမပေးဘူးလို့ ယူဆရတယ်ဗျ
      သူ့ သတင်းစာမှာ ရသ ဆိုလို့ ကဗျာစာကြောင်းလေး ဆယ်ကြောင်းလောက်ပဲ ခပ်တိုတိုတုတ်တုတ်ပါရရှာတာ
      နောက်ပြီး အဲ့ကဗျာတောင်မှ တော်ရုံကဗျာ ထည့်ပြနိုင်တာမဟုတ်ဘူးရယ်

      ဒီပိုစ့် အစကနေအဆုံးထိကိုသာ သတင်းစာထဲ ထည့်မယ်ဆိုရင်
      အဲ့သတင်းစာ သိမ်းထားဖို့အတွက် US ထိ ကျနော်
      သွားယူမယ်ဗျာ

      :k:

    • kai

      February 24, 2015 at 3:41 pm

      အင်း..
      သတင်းစာပါဆိုမှ.. ရသတင်ခိုင်းနေတော့ကာ…
      အင်း..
      ရသဆရာကြီးမောင်သာရကိုတောင်.. ရသမရေးပေးပဲ.. သုတဆောင်းပါး.. ရသနဲ့ရောရေးပေးဖို့ပြောထားတာခင်ဗျ..။
      ဆိုတော့…
      ယူအက်စ်ကမြန်မာတွေ(အများစု) ….. ရသဖတ်နိုင်တဲ့ အဆင့်တော့မရောက်သေးဘူး…ထင်..။ :k:

  • Ma Ei

    February 24, 2015 at 10:08 am

    လေထန်ကျောင်းကလေးကို ဖတ်နေရင်းက
    စိတ်ထဲကနေ မျက်စိထဲမြင်လာလောက်အောင် ရေးနိုင်စွမ်းပါတယ်…
    တစ်ကယ့်အဖြစ်ပျက်လေးတွေက ဝထ္တု တွေထက်ကို နာကျင်ခံစားရတာပါလား…
    ဒီလိုအဖြစ်မျိုးတွေ ဘယ်နေရာတွေမှာ ဘယ်လောက်တောင်များနေမလဲ…
    ဗမာပီပီ ကံကိုသားရိုးမယ်ဖွဲ့ လိုက်ပါတော့မယ်…

  • pooch

    February 24, 2015 at 12:55 pm

    စာကို အချိန်လုပြီး ကြိုးစားရေးတဲ့ ဇွဲကို လေးစားပါတယ်နော်
    ကိုယ်သာဆို သေချာတယ် ရေးဖြစ်မှာ မဟုတ်

    ရာသီစက်ဝန်းတပတ်လည်တိုင်း ရွက်ကြွေတတ်တဲ့ သဘာဝကတော့ ရှိမြဲပဲပေါ့
    ဒါပေမဲ့ သဘာဝမဟုတ်တဲ့ လူ့ပယောဂကြောင့် ကြွေကျတဲ့ ရွက်တွေ ပျက်ရတဲ့ ပျိုးပင်တွေကတော့ စိုက်ပျိုးခဲ့ရ ရင်းခဲ့ရသူတွေရဲ့ သွေးချွေးတွေ အချိန်တွေ နှမြောစရာကောင်းတာပေါ့

    မြန်မာပြည်မှာတဲ့ အရင်က အတိုင်းတာထက် ပိုများတဲ့ တောအုပ်အကျယ်တွေ ခုချိန်မှာ ပိုများလာတယ်တဲ့
    တကယ်တမ်း အရင်က ရှိခဲ့တဲ့တောအုပ်ဆိုတာ သူ့အင်္ဂါရပ်နဲ့ညီတဲ့ တောကောင် မျိုးရိုင်း အပင်ကြီးတွေ ပြည့်စုံနေတဲ့ တောအုပ်အကြီးတွေကို ပြောတာ (တောကောင်း)

    အခုခေတ် များလာတာက ချူံ ပုတ်တွေဆူးပင်တွေပေါတဲ့ ( တောညံ့တွေ )

    လူဦးရေဆိုတာလည်း အဲ့လိုပဲ များတိုင်းကောင်းတာမှတ်လို့

    ဒေါ်လေးပြောသလို ရွက်ကြွေများလို့ ဖြစ်တဲ့ အမှိုက်တွေ ဖြစ်လာမှာပေါ့

    မယုံရင် fb ပေါ်တက်ကြည့်

  • တောင်ပေါ်သား

    February 24, 2015 at 3:51 pm

    ဇာတ်လမ်းကော အရေးအသားပါ ဂွတ်သဗျာ ၊
    အပိုင်းအားလုံး ဖတ်ပြီးပါပြီ ၊ ဪ . . . ဘဝတွေ ဘဝတွေ

  • apolo11

    February 24, 2015 at 4:07 pm

    သူကြီးခင်ဗျား
    တကယ်တော့ ဒီပိုစ့်ဟာ
    ရသ အပြင် ဗဟုသုတတွေလည်း အများကြီးပေးပါတယ်။
    ကျနော်တို့ မသိတဲ့၊ အသိမှားနေတဲ့ တကယ့် အဖြစ်အပျက်တွေအပေါ်
    အခြေခံထားတဲ့ ဘဝ သရုပ်ဖေါ် လည်းဖြစ်ပါတယ်။

    • kai

      February 24, 2015 at 4:14 pm

      ဟုတ်ပါတယ်..
      ဖတ်ပြီး..စိတ်ထဲတော်တော်နင့်တယ်..။

      “သစ်ရွက်ကြွေများတော ့ အမှိုက်ရှုပ်တာပေါ ့ ဆရာရဲ ့” တဲ ့။ ။

      နဲ့ အဆုံးပိတ်ထားတော့.. ပိုလို့ဆိုး..

  • ဦးကျောက်ခဲ

    February 24, 2015 at 4:07 pm

    စ တင်ကတည်းက ပို့စ်တိုင်းဖတ်ဖြစ်ပါတယ်…
    ပို့စ်တိုင်းကို မရိုးနိုင်ရအောင် ရသတွေပေးပြီး ဇာတ်သိမ်းမှာ လှိုက်ဖိုမောရတယ်…
    ကလောင်သွားထက်ပါပေ့ဗျာ… ပရိုလက်ပါဗျို့… နောင်လည်း များများရေးပါဦး…

  • naywoon ni

    February 25, 2015 at 12:07 am

    အစအဆုံးဖတ်​ကြည်​့ပြီး​တော့ ​ပြောစရာက စကားလုံး​လေး သုံးလုံးပဲထွက်​လာတယ်​ ။ ဘာလဲဆို​တော့ ” အားနာတယ်​ ” ဆိုတဲ့ စကားလုံး​လေးပါပဲ ။ ဘာကို အားနာတာလဲဆို​တော့ အဲ့ဒိလို ​နေရာ​လေး​တွေမှာ ဘာမှသွားလုပ်​မ​ပေးနိုင်​လို့ ။
    ခုချိန်​ခါကလည်​း ရွက်​​ဟောင်​း​တွေ ​ကြွေ​နေတဲ့ အချိန်​မို့ တိုက်​ဆိုင်​လိုက်​တာ ” ရွက်​​ဟောင်​း​တွေ အကုန်​​ကြွေ ပြီး ရွက်​သစ်​ စစ်​စစ်​ ​တွေ​ဝေနိုင်​ပါ​စေ ” လို့ ဆန္ဒ ပြုလိုက်​ပါတယ်​ ။

  • kotun winlatt

    July 15, 2016 at 11:14 pm

    စာမူအဖြစ် ပို့တင်တဲ့ ဝတ္ထုပါ လိုတိုးပိုလျှော့လုပ်ပြီး စာမူအနေနဲ့ ပို့ကြည့်ဖို့ အကြံပေးချင်ပါတယ် . . . ဒါဟာ ဝတ္ထုတစ်ပုဒ်ဖြစ်သလို သမိုင်းကြောင်း တစ်ခုလည်း ဖြစ်ပါလိမ့်မယ်

    • တောတွင်းပျော်

      July 16, 2016 at 1:26 pm

      အားပေးသွားတာ ကျေးဇူးပါ ဆရာထွန်း။
      ခု ကော်မန် ့တွေ တက်လာတော ့ အမှတ်ရစရာတွေဖြစ်လာပြန်တယ်။
      ဒီပိုစ်တင်ပြီးပြီးခြငိး တောထဲပြန်ဝင်သွားခဲ ့လို ့
      ကော်မန် ့တွေ မပြန်နိုင်ခဲ ့ဘူး။ အချိန်အတော်ကြာကြာမှ ပြန်ဝင်ဖတ်ရတော ့
      ကော်မန် ့တွေပြန်ပြီး ကိုယ် ့ပိုစ်ကိုယ်ဖော်သလို မဖြစ်ချင်တာကြောင် ့ ဒီအတိုင်းပဲ
      ထားခဲ ့တယ်။
      ခု ကော်မန် ့တွေပြန်ဖတ်မိပြီး ဆရာနေဝန်းနီရဲ ့ ကော်မန် ့ကို ပြန်ဖတ်မိပြီး
      စိတ်မကောင်းထပ်ဖြစ်ရပြန်တယ်။
      ဆရာနီတစ်ယောက် ကောင်းရာဘုံဘဝမှာ စံစားခံစားနိုင်ပါစေ ..

  • ဝင့်ပြုံးမြင့်

    July 18, 2016 at 12:37 pm

    ရင်နဲ့ရေးတဲ့စာပေါ့နော်။ ကောင်းတာထက်တောင် ပိုကောင်းသေး။ တောမျောက်ကြီး စာရေးဆရာဖြစ်ပြီ။

    • တောတွင်းပျော်

      July 18, 2016 at 11:04 pm

      ကိုယ်တွေ ့လေးကို တတ်နိုင်သမျှ ဖတ်လို ့ကောင်းအောင် မနည်းပြန်စီရေးထား
      တာပါ ဆရာမ။
      ဆရာမကြီးရဲ ့ အားပေးစကားကြားရတော ့ အများကြီးဝမ်းသာမိပါတယ်။

  • တောတွင်းပျော်

    July 18, 2016 at 11:24 pm

    ဒီအထဲက ဒေါ်လေးမေတစ်ယောက်ကတော ့
    လွန်ခဲ ့တဲ ့ တစ်နှစ်ကျော်က လူကြီးရောဂါနဲ ့ ဆုံးသွားရှာပါပြီ။
    သူ ့ သားသမီးတွေကတော ့ လယ်တွေခြံတွေရှိတဲ ့ အရင်ရွာဟောင်း
    တောကျောင်းရွာကို ပြန်ပြောင်းသွားကြတယ်။
    ခုချိန်မှာ ဝဲသီလာ / သီတာ / တောကျောင်းရွာတွေဟာ မူလတန်းကျောင်း
    ကိုယ်စီနဲ ့ဖြစ်နေပါပြီ။

Leave a Reply