Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Nice Name

ဆုျမတ္မိုးFebruary 24, 20151min59215

https://myanmargazette.net/195905

 

အပေါ်က ပိုစ့်လေးကိုဖတ်မိလို့ နာမည်အကြောင်းလေးရေးလိုက်ပါတယ် ။

နာမည်က ဆုမြတ်နဲ့စတဲ့ စာရေးဆရာမရဲ့နာမည်ပါ  ။ စာရေးတာလည်းဝါသနာပါတော့ ကဗျာတွေ ၊ စာတွေ ဟိုပို့ဒီပို့လုပ်တဲ့အချိန်မှာတော့ နာမည်အရင်းကိုသုံးချင်ပေမယ့် best seller ဆရာမရှိနေတော့ နာမည်ရဲ့တစ်ပိုင်းတစ်စဖြစ်တဲ့ ဆုမြတ်ကိုယူ ၊ နှစ်သက်တဲ့မိုးရာသီ ရဲ့ မိုးကိုယူပြီးတော့ ဆုမြတ်မိုး ဆိုပြီး nick name ပေးခဲ့ပါတယ် ။ ဆုမြတ်မိုးဆိုတဲ့နာမည်လေးနဲ့  မြန်မာ blog , forum တွေကိုဝင်ပြီး english forum , english blog မှာတော့ Bella ဆိုတဲ့နာမည်ကိုသုံးပါတယ် ။ Bella လို့သုံးဖြစ်တာ Twilight ထဲက မင်းသမီးကိုသဘောကျလို့ပါ ။နာမည်နဲ့ပက်သက်ပြီးအမှတ်တရလေးတစ်ခုရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဖုန်းစာအုပ်ဆိုပြီး တွေ့ရာနံပါတ်လျှောက်ကူးထားတဲ စာအုပ်လေးတစ်အုပ်ရှိပါတယ် ။ အဲဒီထဲမှာ မဂဇင်းဖုန်းနံပါတ်တွေပါတယ် ၊ ဂျာနယ်ဖုန်းနံပါတ်တွေပါတယ်၊ မင်းသမီးမင်းသားနံပါတ်တွေလည်းပါတယ်၊  သူငယ်ချင်းတွေရဲ့ နံပါတ်တွေလည်းပါတဲ့အပြင် စာရေးဆရာ၊ဆရာမတွေရဲ့ စာအုပ်တွေမှာပါတဲ့ နံပါတ်တွေလည်းမှတ်ထားပါတယ် ။

တစ်ရက်နေ့က ပျင်းတာနဲ့သူငယ်ချင်းဆီဖုန်းဆက်မယ်လုပ်ပြီး  ဖုန်းစာအုပ်လေးလှန် ၊ အဲဒီထဲမှာမှ နာမည်မပါဘဲ နံပါတ်ပဲမှတ်ထားတာလေးတွေတော့ ဒါတော့ ဟိုတလောကမှ အဆက်အသွယ်ရတဲ့ သူငယ်ချင်းပန်းသီးပဲနေမှာဆိုပြီး 0950***** နံပါတ်လေးကိုခေါ်လိုက်ပါတယ် ။ တစ်ဖက်က မိန်းကလေးအသံနဲ့ ဖုန်းပြန်ထူးတော့….ပန်းသီးသူငယ်ချင်း ဆုမြတ်…..ပါ ။ ပန်းသီးနဲ့  ပြောချင်လို့ပါ  ပြောတေ့ဟိုဘက်က  ပြန်မေးပါတယ်… အခုပြောနေတာက ဘယ်သူလဲပေါ့…။ ဒီကလဲ ဆုမြတ်.. ..ပါလို့ ထပ်ပြောတော့…နောက်နေတာလားဟင်တဲ့ ။ မနောက်ပါဘူး ပန်းသီးနဲ့ပြောချင်တာပါဆိုတော့…. ဟိုက ပန်းသီးမဟုတ်ဘူး အခုပြောနေတာလည်း ဆုမြတ်…. ပါဆိုပြီးစာရေးဆရာမက ပြန်ပြောတော့မှာ… ကိုယ်နဲ့ နာမည်တူတဲ့စာရေးဆရာမဖုန်းကိုမှားဆက်မိမှန်းသိပါတော့တယ်..။နှစ်ယောက်သား ဘာပြောလို့ပြောရမှန်းမသိ ကြောင်နေကြတာနဲ့ …. နောက်တာမဟုတ်ပါဘူး.. တကယ်နာမည်ရင်းပါဆိုပြီး  မြန်မြန်ဖုန်းချလိုက်ရပါတယ်။ ကိုယ်ကြိုက်တဲ့ စာရေးဆရာပေမယ့် မိတ်တောင်မဆက်လိုက်ရပါဘူး။နောက်မှ အဲဒီဆရာမကို facebook ပေါ်မှာပြန်တွေ့တော့ ဖုန်းမှားဆက်ဖူးတဲ့အကြောင်းနဲ့ ပြန်မိတ်ဆက်တော့ သူကမှတ်မိပြီးရယ်နေရပါသေးတယ် ။

ဆုမြတ်မိုးဆိုတဲ့ နာမည်လေးစွဲသုံးဖြစ်နေတာ 2009 လောက်ထဲကနေပေါ့ ။ စာတိုပေစလေးတွေ print ပေါ်လည်းရောက်ပြီးပြီမို့ ရှေ့လျှောက်နာမည်ပြောင်းဖို့အစီစဉ်တော့မရှိတော့ပါဘူး ။လောလောဆယ် ကျောင်းနဲ့မအားလို့ပုံမှန်မရေးဖြစ်ပေမယ့်  ဝါသနာအရ ရှေ့ဆက်ပြီး အားရင်အားသလိုရေးဖြစ်နေဦးမှာပါ ။

15 comments

  • ခင်ဇော်

    February 24, 2015 at 10:54 am

    ငင်။
    နာ့ ပို့(စ) ပဲ။
    ဟုတ်တယ်။
    ဆု ကို တောင်းထားတယ်။
    အဲဒီ ထဲမှာ။

    ကျေးကျေးးး

    :chit:

  • ခင်ဇော်

    February 24, 2015 at 10:55 am

    ဆုမြတ်မွန်မွန် လားးး
    ဖုန်းမှားဆက်တာ။
    ဆရာမ လမင်းမိုမိုတို့ တူမလို့ပြောတယ်။
    တစ်မျိုးလုံးချောကြတယ်။

    🙂

    • မြစပဲရိုး

      February 27, 2015 at 5:09 am

      လှမြတ်မို တဲ့။
      ငယ်တုန်းက တစ်ကျောင်းထဲ။
      ချစ်ဖို့ တစ်အားကောင်းတယ်။
      . အေးလဲ အရမ်းအေးတယ်။
      . ဖြူဖြူပိန်ပိန် ရှည်ရှည် လေး။
      ဖွဲ့ဘူးတဲ့ အချစ်တော်တွေထဲ က တစ်ယောက်ပေါ့။
      အခုလဲ ချစ်ပါသေးတယ်။
      သို့ပေမဲ့ သူ့စာအုပ် တွေ က ကိုယ့် စိတ်ဝင်စားရာမဟုတ်ခဲ့။
      သူကတော့ ဘယ်မှတ်မိလေတော့မလဲ။
      သူ့ညီမလေး က ဆုမြတ်မို လားမသိ။
      သူ့အမေကြီး က အစ်ကို၊ မောင်လေးများ ရဲ့ စိန်ဂျွန်းကျောင်း က ဆရာမလဲ ဆရာမ၊ စာရေးဆရာမ နာမည်ကြီး နေနွယ်ဇင်မြင့်။
      သူလဲ အတော်ချောတာ။

      • ခင်ဇော်

        February 27, 2015 at 8:05 am

        သူတို့ မောင်လေး အဆိုတော် ကိုမှိုး လေး က လည်း ချစ်စာလေးကိုးး
        အဟေးဟေး

        :chit:

        • black chaw

          February 27, 2015 at 8:13 am

          @ ခင်ဇော် ;
          အောင်မယ်…။ ကိုမှိုးလေးဆိုပဲ…။
          ညည်းအဘက ငါနဲ့မှ ရွယ်တူဟဲ့…မတမရဲ့…။
          :mrgreen:

        • ဦးကျောက်ခဲ

          February 27, 2015 at 8:48 am

          ဟာ ဟ … ငမှိုးကို ချစ်စရာလေး တဲ့…
          ပြောပေးမယ် တိရား … အဲ ကိုမှိုးလေးမဟုတ်ဘူး…
          ညည်းဘကြီးက ကျောက်စ်နဲ့ ကျောင်းနေဘက်…
          :k:

        • ခင်ဇော်

          February 27, 2015 at 8:59 am

          ငင်?
          အဟုတ်ကြီးလား?
          အဟီးဟီးးး
          ဟုတ်မှာပါ။
          သများ ရ တန်းလောက်မှာ သူက ဆေးကျောင်းတက်နေပြီ ဆိုတော့။
          အဲဒီ ရုပ်လေးပဲ မြင်ယောင်နေတယ်။
          ဟိ။
          :k:

      • တောင်ပေါ်သား

        February 27, 2015 at 1:03 pm

        အဲဒီ လမင်းမိုမို အမျိုးသား ကိုနေမျိုးက ကျနော်နဲ့ MRTV 4 မှာ ဘောလုံးပွဲအတူ ကြေညာဘူးတယ်ဗျ ၊ ဆရာကျောက်ဘီလူးတင်မောင်ဆွေရယ် ၊ ၂၀၀၅ ၂၀၀၆ မှာပေါ့ ၊
        လမင်းမိုမိုသားက သမီးကြီးနဲ့ မူလတန်းမှာ ကျောင်းနေဘက် ၊
        သူတို့က လှည်းတန်း ဇေယျာသီရိလမ်းမှာ နေတာ ၊

  • အလင်းဆက်

    February 24, 2015 at 11:03 am

    print ပေါ်ရောက်နေပြီဖြစ်တဲ ့ ပုံနှိပ်ပြီးစာမူလေးတွေ ဖြစ်စေ..
    ပုံမနှိပ်ရသေးတဲ့ စာမူလေးတွေဖြစ်စေ..
    ရွာထဲလည်း.. လာ ရှဲ ပါဦးလို့… ဖိတ်ခေါ်ပါရစေ… ခင်ဗျ ။

  • Mr. MarGa

    February 24, 2015 at 11:29 am

    ဆုမြတ်ဆိုရင်တော့
    ဆုမြတ်မွန်မွန်ပဲသိတယ်
    သူနဲ့မှားတာပဲ ဖြစ်မှာပါ 🙂

  • naywoon ni

    February 24, 2015 at 1:00 pm

    အဲ့ ဆုမြတ်​​တွေ လမင်​း​တွေ နံမယ်​ ​ေ​လေးငါးလုံးနဲ့ ဆာ​ရေး စာရာ ​မ​တွေ တစ်​အုပ်​မှ မဖတ်​ဖူးဘူး ။

  • pooch

    February 24, 2015 at 2:00 pm

    Bella ဆိုတဲ့နာမည်က ချစ်စရာကောင်းတယ်
    အဲ့ကားတွေ ကြိုက်တယ်

  • Ma Ma

    February 24, 2015 at 6:02 pm

    (စာတိုပေစလေးတွေ print ပေါ်လည်းရောက်ပြီးပြီမို့)
    ဂုဏ်ယူူစရာပါတယ် ဆုမြတ်မိုးရေ…. 🙂

  • ဦးကြောင်ကြီး

    February 25, 2015 at 11:11 am

    စင်ဂယ်လ်ရား… ဒိတ်ယအောင်စ်

  • Mike

    February 25, 2015 at 1:19 pm

    .ပို့စ်များများတင်ပါလေ…အားပေးဖတ်ရှု ကွန်မန့်ပေးပါ့မယ်

Leave a Reply