ဆုျမတ္မိုးFebruary 24, 20151min37015
https://myanmargazette.net/195905   အပေါ်က ပိုစ့်လေးကိုဖတ်မိလို့ နာမည်အကြောင်းလေးရေးလိုက်ပါတယ် ။ နာမည်က ဆုမြတ်နဲ့စတဲ့ စာရေးဆရာမရဲ့နာမည်ပါ  ။ စာရေးတာလည်းဝါသနာပါတော့ ကဗျာတွေ ၊ စာတွေ ဟိုပို့ဒီပို့လုပ်တဲ့အချိန်မှာတော့ နာမည်အရင်းကိုသုံးချင်ပေမယ့် best seller ဆရာမရှိနေတော့ နာမည်ရဲ့တစ်ပိုင်းတစ်စဖြစ်တဲ့ ဆုမြတ်ကိုယူ ၊ နှစ်သက်တဲ့မိုးရာသီ ရဲ့ မိုးကိုယူပြီးတော့ ဆုမြတ်မိုး ဆိုပြီး nick name ပေးခဲ့ပါတယ် ။ ဆုမြတ်မိုးဆိုတဲ့နာမည်လေးနဲ့  မြန်မာ blog , forum တွေကိုဝင်ပြီး english forum , english blog မှာတော့ Bella ဆိုတဲ့နာမည်ကိုသုံးပါတယ် ။ Bella လို့သုံးဖြစ်တာ Twilight ထဲက မင်းသမီးကိုသဘောကျလို့ပါ ။နာမည်နဲ့ပက်သက်ပြီးအမှတ်တရလေးတစ်ခုရှိခဲ့ပါတယ်။ ငယ်ငယ်တုန်းက ဖုန်းစာအုပ်ဆိုပြီး တွေ့ရာနံပါတ်လျှောက်ကူးထားတဲ စာအုပ်လေးတစ်အုပ်ရှိပါတယ် ။ အဲဒီထဲမှာ မဂဇင်းဖုန်းနံပါတ်တွေပါတယ် ၊ ဂျာနယ်ဖုန်းနံပါတ်တွေပါတယ်၊ မင်းသမီးမင်းသားနံပါတ်တွေလည်းပါတယ်၊ […]


ဆုျမတ္မိုးFebruary 11, 20151min2588
ငါတို့မြို့က ဘယ်လောက် မိုးဘယ်လောက်များလဲနင်အသိပဲ ။ မိုးတွင်းစာ ဆိုပြီး သိမ်းဆည်းရတာ ငါတို့ရယ် ပုရွက်ဆိတ်ရယ်ပဲရှိတယ်လို့ အဘွားက ခဏခဏနောက်ပြီး ပြောတယ် ။ ဒီဘက်ခေတ်မှာတော့ မိုးတွင်းစာဆိုတာဘာကြီးလဲဆိုပြီး ပြန်မေးရမလိုဖြစ်နေပြီ။ တစ်လတစ်လ တိုးလာတဲ့ လူနေမှုစရိတ်တွေနဲ့ တစ်လစာတောင် အလျဉ်မမှီဘူးလေ ။ တို့ အဘွားမှာဆို မိုးတွင်းစားဖို့ ငပိ၊ ဆား ၊ ဆီ ၊ ငရုတ်သီးခြောက် ၊ ငါးခြောက် ၊ ချဉ်ဖတ် ၊ အသီးအရွက်ခြောက် ၊ အာလူး တွေကို သေသေချာချာသိမ်းထားတာဟ ။ မိုးတွင်းမှာ အရမ်းမိုးကြီးတော့ လေမုန်တိုင်းတွေဘာတွေတိုက်ရင် အပြင်မထွက်ဘဲ အိမ်ထဲမှာပဲနေကြတယ်လေ ။ ဒီတော့ မိုးတွင်းစာဆိုပြီး တခုတ်တရသိမ်းထားရတယ်ဟ ။ လေမုန်တိုင်းလား နင်သိတဲ့အတိုင်းပဲ မိုးရာသီလေးလမှာအနည်းဆုံး […]


ဆုျမတ္မိုးFebruary 2, 20151min34112
အရင်တစ်ရက်က ဆရာမခင်စောတင့် ဘာသာပြန်တဲ့ တက္ကဆီဒရိုင်ဘာတစ်ဦး၏ နေ့စဉ်မှတ်တမ်း ဆိုတဲ့စာအုပ်လေးကိုဖတ် ဖြစ်ပါတယ် ။ ဒီစာအုပ်လေးဟာ singapore က ဒေါက်တာဘွဲ့ရ သိပ္ပံပညာရှင်တစ်ယောက်ဟာ စီးပွားရေးဂယက်အတွင်းမှာ အလုပ်ပြုတ်ပြီး taxi မောင်းရတဲ့အကြောင်းလေးပါ ။ စာရေးသူ blogger Cai Mingjie ဟာ သူ့ရဲ့ taxi မောင်းရင်းကြုံရတဲ့နေ့စဉ်ဘဝကို blog မှာရေးရင်းကနေ နောက်ဆုံးစာအုပ်အဖြစ်ပုံနှိပ်ထုတ်ဝေခံရတဲ့အထိ သူ့ရဲ့ စာတွေက အောင်မြင်ခဲ့တာပါ ။ ဒီနေရာမှာ ကျမက သူ့ဘဝ ၊ သူ့ blog ပေါ်က daily entry ထက် သူ့ရဲ့ အပြောင်းအလဲကိုလက်ခံနိုင်တဲ့စိတ်ကိုလေးစားအားကျမိတာပါ ။ ရပ်နေသောအရာဝတ္တု၏ ရပ်မြဲရပ်နေလိုသော သဘော ၊ ရွေ့လျားနေသောအရာဝတ္တု၏ ရွေ့လျားမြဲ ရွေ့လျားနေလိုသော သဘောကို အီနားရှား (inertia) လို့ခေါ်တယ်လို့ ကျမတို့ ငယ်ငယ်တုန်းက […]


ဆုျမတ္မိုးOctober 29, 20141min66927
ခုတလော art တို့ craft တို့ကိုအရမ်းစိတ်ဝင်စားနေတော့ အချိန်ရှိတိုင်း craft blog တွေဖတ်ဖြစ်ပါတယ် ။ မီးခြစ်ဆံဗူးသာသာအခန်းလေးကို စိတ်တိုင်းကျပြင်ချင်ပေမယ့် အချိန်မရတော့ ရတဲ့အချိန်လေးမှာ craft ဆိုင်လေးတွေကိုငေးဖြစ်ပါတယ်။ craft ပစ္စည်းတွေက ဈေးအရမ်းကြီးတော့ ငွေပိုအကုန်မခံချင်တာနဲ့မဝယ်ဖြစ်ပါဘူး ။ ဒီရက်ပိုင်းမှာ ကျမအတောင့်တဆုံးအရာက ဖယောင်းတိုင် ။ ရောင်စုံ ဖယောင်းတိုင်တွေဝယ်ပြီးထွန်းချင်တာပါ ။ ဧည့်ခန်းထဲမှာ ထိုင်နေတုန်း ဖယောင်းတိုင်လေးထွန်းပြီးနေချင်တယ် ။ အိပ်ခန်းထဲမှာလည်း အဲကွန်းမဖွင့်ခင် ဖယောင်းတိုင်လေးထွန်းပြီး အလှအပကိုခံစားချင်တာပါ ။ ခက်တာပါ ကျမနေတဲ့အိမ်နားက ဈေးမှာ ရောင်စုံဖယောင်းတိုင်တွေကမရှိ ။ သာမန်ဖယောင်းတိုင်ရယ် တရုတ်ဘုရားမှာထွန်းတဲ့ အနီရောင်ဖယောင်းတိုင်ရယ်ပဲရှိတာပါ ။ ကျမလိုချင်တာက scented candle လို့ခေါ်တဲ့ အမွှေးနံ့ပါတဲ့ဖယောင်းတိုင် ။ ဒီတော့ လိုချင်တာ တစ်ပတ် ၊ နှစ်ပတ်ကျော်သွားတဲ့ ကျမလိုတဲ့ ဖယောင်းတိုင်က ရှာမရပါဘူး ။ တစ်နေ့က […]


ဆုျမတ္မိုးOctober 16, 20141min2145
ခုတလော အလုပ် ၊ ကျောင်း ၊ အိမ်နဲ့ နပန်းလုံးနေရတာမို့ အစားကောင်းသောက်ကောင်းတွေနဲ့ဝေးနေတာကြာပါပြီ ။ အရင်နေခဲ့တဲ့အိမ်က shopping center နဲ့နီးတော့ အလုပ်က ပြန်လာတိုင်း shopping center ထဲမှာဝင်စားဖြစ်ပါတယ်။ အခု အိမ်အသစ်က စားသောက်ဆိုင်တွေ food court တွေ shopping center တွေနဲ့ ဝေးတာမို့ အိမ်မှာပဲ ဖြစ်သလိုစားဖြစ်နေခဲ့ပါတယ် ။ အစားအစာနဲ့ပက်သက်လာရင် ကျမက အင်မတန်ချီးထူတဲ့သူ ။ အသား ထဲမှာ ကြက်သားတစ်မျိူးပဲ စားပြီး ပင်လယ်အနည်းအကျဉ်း (ငါးဖယ် ၊ ငါးကြင်း ၊ ကတ်ကတစ် ၊ ပုဇွန်) ပဲစားတာမို့ ကျမအတွက် အစားအစာ range ကအရမ်းနည်းပါတယ် ။ တော်သေးတာတစ်ခုက ကျမက အသီးအရွက်မျိူးစုံကိုစားတတ်တာလေးတစ်ခုပါပဲ ။ ထမင်းကြော် တွေ ပဲတွေ ၊ နို့ထွက်ပစ္စည်းတွေလည်း မစားသလောက်နည်းပါးပါတယ် ။ […]


ဒီစာမျက်နှာမှာ အဖေအကြောင်း ၊ အမေအကြောင်းတွေကိုခဏခဏရေးဖူးပေမယ့် ကျမချစ်သောမောင်ငယ်လေးအကြောင်းကိုတော့ တစ်ခါမှမရေးဖူးခဲ့ပါဘူး ။ ကျမမှာ ကျမထက် ဆယ်နှစ်တိတိငယ်သော မောင်လေးတစ်ယောက်ရှိပါတယ် ။ ၁၉၉၈ ဖွား စနေသားမောင်လေးကို ကျမက မောင်မောင်လို့ချစ်စနိုးနဲ့ခေါ်ရာကနေစပြီး သူ့ကိုလူတိုင်းက မောင်မောင်လို့ပဲခေါ်ကြပါတယ် ။ မေမေ့မှာ မောင်လေးကိုယ်ဝန်ရှိတယ်လို့ကြားစက ငါးတန်းအရွယ်ကျမ ရှိုက်ကြီးတငင်ငိုပြီး မလိုချင်ဘူးလို့အခါခါ ငြင်းခဲ့ပါတယ် ။ ဟုတ်တယ်လေ ဆယ်နှစ်လောက် တစ်ဦးတည်းသောသမီးအဖြစ်နေလာခဲ့တဲ့ ကျမ အတ္တကြီးတာလည်းမဆန်းပါဘူး ။ တကယ်တမ်းမောင်လေးမွေးလာတဲ့အချိန်မှာ ကျမထက်ချစ်တဲ့သူတောင် ကျမလောက်ချစ်နိုင်မယ်မထင်ဘူး ။ မျက်နှာတစ်ပြင်လုံးမှာ အမွှေးနုလေးတွေပါတဲ့ မောင်လေးသေးသေးလေးကို မချီတတ်ချီတတ် ချီပြီး အချစ်တွေပိုခဲ့ရပါတယ် ။  မောင်လေးက ကံဆိုးတယ်ပြောမလား သူ့ကိုမေမေမွေးတုန်းက မမွေးနိုင်လို့ညှပ်ဆွဲပြီး မွေးခဲ့ရတာမို့ မျက်နှာတစ်ဝိုက်မှာ ဒဏ်ရာဒဏ်ချက်တွေအမျာကြီးရခဲ့ပါတယ် ။ ဒါ့အပြင် အသက်လေးနည်းနည်းရလာလေ သူ့မျက်လုံးက တော်တော်လေးကိုစွေစောင်းလာလေပါပဲ ။ မေမေတို့က ငယ်သေးလို့မကြည့်တတ်တာဖြစ်မယ်ဆိုပြီး စောင့်ကြည့်နေကြပေမယ့် အသက်ကြီးလေသိသာလေပါပဲ ။ ကျမရဲ့ မောင်လေးက မျက်စိနှစ်ဘက်စလုံး သိသိသာသာကြီးကိုစွေစောင်းနေတာပါပဲ ။ […]


  တစ်စစီပြန့်ကြဲနေသော ကျောင်းစာအုပ်တွေကို ကျွန်တော်သိ်မ်းဆည်းလိုက်ကာ အမေ့ငိုသံကိုနားစွင့်နေမိသည်။ အမေနေ့လည်တည်းကထိုင်ငိုနေတာ ခုဆိုညနေတောင်ရောက်နေပြီ အမေ ငိုလို့မပြီးသေး ။ အခန်းပြင်ကိုထွက်လာပြီး ငိုနေသောအမေ့ကို “အဖေဘယ်မှာလဲ” လို့ မေးတော့ အမေပြန်မဖြေနိုင်ဘဲ ရှိုက်ကြီးတငင်ထပ်ငိုပြန်တော့ ကျွန်တော်စိတ်မကောင်းစွာနဲ့ ထပ်မမေးဖြစ်တော့ပေ ။ ပြန်လာမလားလို့မျှော်နေပေမယ့် ရက်ပေါင်းများစွာကြာအောင် အဖေပြန်မလာသောအခါ အိမ်ကကြောင်မလေးလိုများဖြစ်နေမလားဆိုပြီးစဉ်းစားမိပါတယ်။ ကျွန်တော် မူကြိုတက်တုန်းက အိမ်က ကြောင်မလေးဟာ အိမ်ပြန်မလာဘဲ အချိန်တော်တော်ကြာအောင်ပျောက်နေခဲ့ဖူးသည် ။ ကျွန်တော်တို့မေ့မေ့ပျောက်ပျောက်ရှိသွားတဲ့အခါကျမှ  ကြောင်မလေးဟာ ပိန်လှီချိနဲ့စွာနဲ့ အိမ်ပြန်ရောက်လာခဲ့တာမို့ အဖေဟာလည်း တစ်နေ့နေ့တော့ အိမ်ကကြောင်မလေးလို ကျွန်တော်တို့မေ့မေ့ပျောက်ပျောက်ရှိတဲ့အချိန်ပြန်လာမှာပါလို့ တွေးနေမိပါတယ်။ အိမ်ကိုဆွေမျိူးသားချင်းတွေလာလည်တိုင်း “ယုံကြည်ချက်တွေလေ…ယုံကြည်ချက်တွေ…ကျွန်ဝယ်ရာမှအဆစ်ပါသွားတာ” ဆိုတဲ့စကားကို အမေ့ဆီမှ မကြာမကြာကြားရလေ့ရှိသည် ။ အဖေဟာတကယ်ပဲ ကျွန်ဝယ်ရာမှာ အဆစ်ပါသွားသလား ကျွန်တော်စဉ်းစားမိပါသည် ။ ဒါပေမယ့် ကျွန်ဆိုသောစကားလုံးဟာ ဒီခေတ်မှာမရှိမှန်းကို ကျွန်တော်ကောင်းကောင်းသိနေခဲ့သည်။ ကျွန်တော့်အဖေဟာ လူကောင်ထွားထွားနဲ့ […]


ဆုျမတ္မိုးOctober 22, 20131min2669
ဟန်ဆောင်ပန်ဆောင်စကားလုံးတွေနဲ့တွယ်တာမှုတွေကိုအမြဲရောင်စဉ်လွင့်အောင်ကြိုးစားနေတဲ့ကိုယ်ဟာ တကယ်တော့ လိမ်ညာတတ်သူတစ်ယောက်ပါ။ သူငယ်ချင်းလေးမှာချစ်သူရှိတယ်ဆိုတဲ့အသိတစ်ခုတည်းနဲ့တင် ကိုယ့်စောင့်စည်းခြင်းအလွှာခပ်ထူထူနဲ့ ကိုယ့်သေတွင်းကိုခက်နက်နက်တူးရင်း ကိုယ်ပြုံးရုံလေးပြုံးနေခဲ့တာပါ ။ “အရမ်းကိုရိုးသားဖြူစင်တဲ့သူငယ်ချင်းတွေလေ ..ဟာ ဘာမှမဆိုင်ပါဘူး တကယ်ကိုသူငယ်ချင်းစစ်စစ် ။ ကိုယ့်သူငယ်ချင်းလေးက ဘယ်သူ့အပေါ်မဆိုသဘောကောင်းတာ အဲဒီလိုမဟုတ်ရပါဘူး ” ကဲ သူငယ်ချင်းလေး ကိုယ်လူတိုင်းကိုလိုက်ညာမိပြန်ပြီ ။ ကိုယ့်စောင့်ထိန်းထားတဲ့အလွှာထူထူကိုမကွာကျစေမယ့်အရေးအတွက် ညာခြင်းတွေအပ်ကြောင်းထပ်အောင် ၊ မုသားတွေချောင်းစီးအောင်ညာခဲ့ပြန်ပြီ..။ ကိုယ်ဟာ လိမ်ညာတတ်သူပါသူငယ်ချင်းလေးရယ် ။ “သူငယ်ချင်းလေးကိုချစ်နေတယ်မလား”တဲ့ ။ သွေးအေးအေးနဲ့ကိုယ်လိမ်ညာလိုက်ပြန်ပြီသူငယ်ချင်းလေးရယ် ။ အတွေးထဲမှာ တရေးရေးမြင်ယောင်လာတဲ့သူငယ်ချင်းလေးမျက်နှာကို ကိုယ်သတ္တိနည်းစွာရင်မဆိုင်ရဲဘဲ ခေါင်းအုံးအောက်မှာမျက်နှာဝှက်ရင်း ရှိုက်ကြီးတငင်ငိုကြွေးရင်း ကိုယ်ဟာသူငယ်ချင်းလေးကိုစိတ်အနှောင့်အယှက်ပေးမိပြီဆိုတဲ့အတွေးနဲ့ညနက်ခဲ့ရတယ် ။ သူငယ်ချင်းလေး ကိုယ်ဟာ ချစ်သူရှိပြီးသားလူတစ်ယောက်ကို နီးစပ်ခြင်းဆိုတဲ့အကြောင်းပြချက်ခပ်နဲ့နဲ့ နဲ့ ကိုယ့်ဘက်ပါအောင်ဆွဲယူချင်တဲ့ အတ္တကြီးတဲ့သူမှမဟုတ်တာ ။ ပြီးတော့ အလိုလျောက်ဖြစ်လာတဲ့ခံစားချက်တွေကို ဖန်တီးမှုတွေနဲ့ အရောင်ကြွအောင်ပုံဖော်ဖို့သတ္တိနည်းတဲ့သူတစ်ယောက်ပါ ။ “သူငယ်ချင်းလေးမှာလည်းချစ်သူရှိတယ်..ကိုယ့်မှာလည်းချစ်သူရှိတယ် မဆိုင်တာကိုဆွဲမထည့်နဲ့ အဖြူစင်ဆုံးသူငယ်ချင်းတွေ” […]


ဆုျမတ္မိုးAugust 29, 20131min50525
ဒီရွာကလေးကို ကျွန်မဘယ်အချိန်ကနေစပြီးဝင်ခဲ့မိလဲမသိပါဘူး ။ ရွာအစဉ်အလာကိုမသိလို့ ကျွန်မကပိုစ့်တချို့တင်ပေမယ့် ကော့မက်တွေ reply လုပ်ရမှန်းလဲမသိပါဘူး ။ ပြီးတော့ စာတွေသာဝင်ဖတ်၊ ဝင်ရေးပေမယ့် community ပိုင်းကိုမကျေညက်သူမို့  ကော့မက်တွေကို reply လည်းမလုပ်ဘဲ ဒီအတိုင်းလေးပဲနေနေမိတာ တော်တော်ကြာပါပြီ။ ဒီရွာကလေးကို ဝင်ဖတ်ရင်းကနေ သံယောဇဉ်တွယ်လာလိုက်တာ အခုဆိုရင် နေ့တိုင်းမဝင်ရင်မနေနိုင်အောင်အထိပါပဲ ။ စာရေးကောင်းတဲ့အကိုအမတွေရဲ့ပိုစ့်တွေဆိုရင် လိုက်ဖတ်ရတာအမော ။ နာမည်နဲ့ကိုလိုက်ရှာပြီး ပိုစ့်တိုင်းကိုဖတ်ဖြစ်ပါတယ် (မမ ၊ ကိုပေါက် ၊ မမှီ ၊ ကိုဆာမိ ၊ မလုံမလေးမွန်မွန် ၊ သေချင်းဇိမ်း ၊ ကိုခင်ခ ၊ အရီးခင်လတ် ၊ ကိုကြီးမိုက် ၊ ဦးမာဃ ၊ သဂျီးမင်း ၊ ကိုအလင်းဆက် ၊ ဖတ်ဖတ်ကတ်၊ တိုးရစ်ဂိုက်အကြောင်းတွေရေးတဲ့အမတစ်ယောက် – နာမည်မေ့သွားတာခွင့်လွှတ်ပါ) […]


ဆုျမတ္မိုးAugust 23, 20131min32715
 ဘဏ်ထဲမှာရှိသောပိုက်ဆံတွေကို စိတ်ဖြင့်တဒေါက်ဒေါက်ပေသီးခေါက်လိုက်သည် ။ လစာ ၊ အိမ်လခ ၊ ဖုန်းခ ဟင်းဟင်းဟင်း.. ကုန်ကျစရိတ်တွေလည်းတယ်များသကိုး ။ ဘာပဲဖြစ်ဖြစ် ဖြစ်အောင်ဝယ်မယ်ဆုံးဖြတ်ချက်နဲ့ မစိမ်းပြာတစ်ယောက် ခြင်းတောင်းတစ်လုံးကောက်ဆွဲပြီး အလှကုန်ပစ္စည်းတွေထားတဲ့ဘက်ကိုပဲဦးတည်လိုက်မိသည်။ အလှကုန်တန်းကို နာရီဝက်လောက်ပတ်ပြီးပေမယ့် မစိမ်းပြာလိုချင်သောပစ္စည်းတွေယခုထက်ထိရှာမတွေ့နိုင်သေး။ စင်ကာပူက ရှောပင်းစင်တာတွေမှာက ကုန်ပစ္စည်းကောင်တာတွေတစ်နေရာတည်းမှာအများကြီးရှိပေမယ့် ကောင်တာတိုင်းမှာ အရောင်းစာရေးတွေထားလေ့မရှိ ။ Watson တို့လို့ဆိုင်မျိူးမှာသာ အရောင်းစာရေးမလေးတွေအနည်းအကျဉ်းရှိတတ်သည် ။ ဒါကြောင့်မို့ မစိမ်းပြာတစ်ယောက် အလှကုန်တန်းမှာ တစ်ယောက်တည်းသွားလိုက်ပြန်လိုက်ယောက်ယက်ခတ်နေခြင်းဖြစ်သည်။ မျှော်နေတုန်း ကျော့ဆုံးလာ ဆိုသလိုပဲ ရှောပင်းစင်တာရဲ့ဝန်ထမ်းဝတ်စုံနဲ့လူတစ်ယောက်မစိမ်းပြာဆီကိုဆိုက်ဆိုက်မြိုက်မြိုက်ရောက်လာခဲ့သည် ။ “Hello, excuse me, i want to buy fake eyelashes , where can i get it??” “imm ohh..wo […]


စည်းဘောင်မရှိတဲ့အသိုက်အမြုံတစ်ခုရဲ့သင်းကွဲငှက်တွေ တစ်ယောက်တစ်လက်ဝိုင်းလှော်ခဲ့တဲ့လှေဟာလည်း အခုတော့ ဘယ်ဆီလှမ်းလို့ ဘယ်ကမ်းကပ်မှန်းမသိ သည်းခြေပျက်နေတဲ့ သက္ကရာဇ်တစ်ခုကို နေ့နဲ့ညမှားနေတဲ့ ခေတ်တစ်ခုက ဂုဏ်သိက္ခာရှိရှိဘောင်ခတ်လို့ ရွာပြင်ဖိုးတောင်သူတဲက ရာဘာစေးခြစ်သံတွေကြားရတယ် အနောက်အရပ် နဲ့ အလယ်ပိုင်းက ဘောလုံးတွေလိမ့်ဆင်းလာတယ် တစ်ကျပ်နှစ်ကျပ်နဲ့ ထမင်းငတ်တဲ့ ပညာတတ်တွေ ကောင်းရောင်းကောင်းဝယ် လူကုန်ကူးကြမလား ဟွန်ဒီတွေသူဌေးဖြစ်တဲ့ခေတ်မှာ ဟိုအရေး ဒီအရေး ဟိုဟာကြောင့် ဒီဟာကြောင့် ဖြောင့်ဖြူးနေတဲ့လမ်းကို ညကြမ်းကြမ်းမှာဖြတ်ကြတယ် နွံနစ်နေတဲ့ဘဝဆိုးတွေထဲမှာ ပျော်ပျော်ပါးပါးစားပွဲထိုးကြတယ် အမေနေမကောင်းတာထက် အိမ်ရှင်ကြည်ဖြူဖို့အရေးကြီးတယ် ပါမစ် ရှိတာမရှိတာထက် UN Card ရဖို့အရေးကြီးတယ် တရားဝင်တာမဝင်တာထက် အနောက်ကိုရောက်ဖို့အရေးကြီးတယ် အကြီးအငယ်ရှိတာမရှိတာထက် ဘဝအနေချောင်ဖို့အရေးကြီးတယ် ပေါ်ပင်အနုပညာနဲ့ ခပ်သွက်သွက်ဆေးထဆိုးမှ တန်းဝင်မယ် ထိုသုံးလုံးသောစကားကိုပြောမှ လူရာဝင်မယ် ချိူးဖောက်ခံတွေချိူးဖောက်ခံရပြီးမှ ချိူးဖောက်ခွင့်မဲ့သွားတဲ့အဖြစ်…… လည်ပင်းညှစ်ပြီးမှ ကျောကိုသပ်တယ် လူပြိန်းကြိုက်အထာတွေနဲ့ လွတ်မြောက်ခြင်းကို ညစ်ညစ်ထေးထေးသရုပ်ဖော်ရင်း တချို့က ဝက်ဝက်ကွဲအောင်မြင်ကြတယ် […]


ဆုျမတ္မိုးJanuary 9, 20131min2216
ရေးလက်စကဗျာတစ်ပုဒ် သောက်လက်စကော်ဖီတစ်ခွက် ရေဘူးထဲကိုထည့်ထားခဲ့တဲ့ လက်ဖက်ခြောက်တစ်ထုတ်လို ပုလင်းကျဉ်းလေးထဲ ပက်လက်ကလေးမျောလို့ နင့်ကိုချစ်တဲ့အကြောင်း ရေးလက်စကဗျာကလည်း အခုထိအဆုံးမသတ်သေး နင့်အတွက်ခေါင်းစဉ်တပ်ထားတဲ့ အကြောင်းအရာတချို့ကလည်း ရင်ဘတ်ထဲက ပြူတစ်ပြူတစ်နဲ့ ထွက်ထွက်လာလွန်းလို့ အေမိုင်နာကိုချစ်တဲ့ လီဟိုရီကိုကြိုက်တဲ့ ကြောင်လေးတွေကိုအသည်းယားတဲ့ ကွမ်းယာအပျင်းပြေစားတတ်တဲ့ တခါတခါ ကလေးတစ်ယောက်လိုဂျစ်တတ်တဲ့ အညာသားလို့ခေါ်ရင်မကြိုက်တတ်တဲ့ ငါ့ကိုချစ်တဲ့ တစ်ယောက်သောသူရယ် နင်နဲ့ငါဟာ တိမ်တွေကိုရေတွက် ရေပြာပြာမှာမျော သစ်သားရောင်တွေကိုခံစား နင့်သဘောနဲ့ငါ့မနောထပ်တူကျစမြဲနော် နင့်ကိုလွမ်းလွန်းနဲ့နေ့တွေဆိုရင် ငါ့ဘဝကြီးလည်းအရောင်ရင့် ဒုတ်ခတွေကလည်းထူ ခပ်နင့်နင့်ရင်ဘတ်ကို တမ်းတခြင်းနဲ့သာ ချွေးသိပ်ရတယ် နင့်မသိတဲ့ငါ့ဖက်ခြမ်းက ခံစားမှုဟာလည်း နင့်အရောင်တွေဟပ်လို့ ဘဝကြီးတခြမ်းလုံးစာ နင့်ဘက်ကိုယွန်းလို့ မ ဆိုတဲ့စကားကို လျစ်လျုရှုရင်း ချစ်တယ်ဆိုတဲ့စကားကို အကြိမ်ကြိမ်ရွတ်ဆိုနဗေထပ် ငါ ကာရန်တွေစပ်နေလိုက်တာ ဟောဒီကဗျာလေး အဆုံးသတ်တဲ့အထိ ။ ။


ဆုျမတ္မိုးDecember 19, 20121min27114
သူငယ်ချင်းတွေက ဘာပြောသေးလဲ ကျောင်းမှာဘာပြောသေးလဲ ဆိုတဲ့ စကားကို ကျမငယ်စဉ်တောင်ကျေးကလေးဘဝတည်းကနေ ယဉ်ပါးခဲ့ဖူးပါတယ်။ အထူးသဖြင့် မတည့်အတူနေ ကျမရဲ့ မာတာမိခင် ကျေးဇူးရှင်ဆီကပေါ့..။ ဘဝမှာ နားလည်မှု ၊ ပေးကမ်းမှု ၊ သက်ဆိုင်မှုဆိုတာ ရှိလာတဲ့အချိန်မှာ ကျမလည်း ဘာပြောသေးလဲဆိုတဲ့စကားနဲ့ စတင်ရင်းနှီးလာခဲ့ပါတယ်။ ဟေမာနေဝင်းသီချင်းထဲကလို အမေ့အိမ်ကိုလည်းချစ်သမီးလွမ်းပါတယ်လို့ပြောရမလားဘဲ..။ အမေ က ကျမကိုအကျီအသစ်ကလေးတွေဆင်ပေးရင်…အမြဲတမ်းမေးပါတယ်.. သမီးကိုသူငယ်ချင်းတွေကဘာပြောလဲ ဆရာမကဘာပြောလဲ…သမီးလက်ရေးတွေကိုဆရာမဘာပြောလဲဆိုရင်..ကျမစိတ်ထဲမှာအမေ့ကိုအင်မတန်ရှုပ်တယ်..စပ်စုတယ် ဆိုပြီး..အမြဲတမ်း ဘာမှမပြောဘူးဆိုပြီးဘူးခံငြင်းတတ်ပါတယ်။ သူငယ်ချင်းတွေကလှတယ် ၊ ဆရာမက လက်ရေးလှတယ်ပြောပေမယ့်လည်း အမေ့ရှေ့မှာရှက်တာရော ၊ မပြောချင်တာရယ်ပါ ကျမဘယ်တုန်းကမှပြောလေ့မရှိဘူး ။ဘယ်သူတွေဘာပြောလဲမေးရင်…အမြဲတမ်းဘာမှမပြောဘူးဆိုပြီး စိတ်ပျက်လက်ပျက်အမေဖြစ်သွားမြဲ ။ အမေ့ကိုစပ်စုတယ်ဆိုပြီးမျက်မှောင်ကြီးကြုံ့ပြီးစိတ်တိုတတ်မြဲပါပဲ..။ တကယ်လည်း ကျမအတွက်ကိုယ်တိုင်ရေးတဲ့ဘဝပြဇာတ်ထဲကိုလည်းရောက်ရော..အနီးဆုံးမှာရှိတဲ့တစ်ယောက်သောသူကိုအမြဲတမ်းမေးဖြစ်ခဲ့တယ် ။ ဘယ်သူတွေဘာပြောလဲ…………… သူ့ရုံးမှာ သူ့အလုပ်များတာနဲ့ပက်သက်ပြီးမန်နေဂျာဘာပြောလဲကျမသိချင်ပြန်တယ် သူ့ရုံးကလူတွေအတွက်ပေးလိုက်တဲ့လက်ဆောင်ကိုရုံးကလူတွေဘာပြောလဲသိချင် သူအကျီအသစ်လေးဝတ်သွားတဲ့နေ့မှာရုံးကလူတွေက လှတယ်ပြောလားမပြောဘူးလား ကျမသိချင်တယ် သူ့ပတ်ဝန်းကျင်က တစ်ခုခုအပြောကို […]