Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

တနေ့ပြီးတနေ့ (၄) Day by Day (4)

Ma MaMarch 2, 20153min85612
CAM03230[1]

အမြီးအမောက် မတည့်တဲ့ တင်ပြပုံကို ကြည့်ချင်ရင် တနေ့ပြီးတနေ့ ပိုစ့်တွေကို ကြည့်ပါလို့ ပြောရမယ်ထင်တယ်။ :bb:

 

အစီအစဉ်မကျပဲ ကိုယ်ပြောချင်တာကို ပြောချင်သလို ပြောရင်းနဲ့မှ…..

 

အော်ရီဒူးကာတွန်းပြက္ခဒိန်ရဲ့ မျက်နှာဖုံး ကာဗာလေးကိုလည်း မှတ်တမ်းတင်ချင်လို့

အပိုင်း ၄ ရောက်မှပဲ ရှေ့ဆုံးစာမျက်နှာကို တင်လိုက်ပါတယ်။

:a:

 

CAM03231[1]

ဒါကတော့ ဖေဖော်ဝါရီလ တစ်လလုံးကို ခြုံငုံကြည့်နိုင်ဖို့ ဖြစ်ပါတယ်။

 

CAM03230[1]

သဂျီးဆာဗာကို အားနာသောအားဖြင့် ပုံတွေကို ဆိုဒ်ပြန်ချုံ့ပြီးမှ တင်ပေမယ့်…….

အထဲကပုံတွေ သေသေချာချာ မမြင်ရမှာစိုးလို့ ဒီပုံကိုတော့ ဆိုဒ်အကြီးတင်လိုက်ပါတယ်။

 

ဖေဖော်ဝါရီလ ၁ရက်နေ့က တနင်္ဂနွေနေ့ဖြစ်တာအပြင် ၂၈ရက်ပဲရှိတဲ့လမို့ ပျော်စရာလလို့ ပြောရမယ်ထင်တယ်။ :))

 

ဆရာအော်ပီကျယ်ကတော့ အလုပ်ပင်ပန်းတဲ့ပုံကို ဆွဲထားတော့ မောချင်ချင်။ :kwi:

 

 

CAM03232[1]

ဘာပဲဖြစ်ဖြစ် တနေ့တလေ ပင်ပန်းတာကတော့ ကိစ္စမရှိပါဘူးနော်။

တခါတလေကြုံလာနိုင်တဲ့ ပင်ပန်းမှုမျိုးကိုတော့ သည်းခံပြီး အောင်မြင်အောင်လုပ်ဆောင်နိုင်ဖို့ ကြိုးစားသင့်တယ်။

ဒါပေမယ့်လည်း အမြဲတစေ မနိုင်ဝန်ထမ်းရမယ်ဆိုရင်တော့….

အင်းးးး မကြာမတင်ပဲ ဂေါက်သွားနိုင်တယ်။ :byee:

 

ကျမအဖေကတော့……….

အလုပ်လည်း လုပ်၊ ပျော်အောင်လည်း နေ

လို့ ပြောဖူးတယ်။ 🙂

 

CAM03233[1]

ဂုဏ်သိက္ခာနှင့် ငွေကြေးတစ်ဖက်တည်းမှာ မရှိဘူးဆိုတဲ့ အဆိုကိုတော့ ဆန့်ကျင်တယ်။

 

ဂုဏ်သိက္ခာကို ရောင်းစားပြီးမှ ငွေကြေးရနိုင်တာ မဟုတ်ဘူး။

ဂုဏ်သိက္ခာရှိရှိနဲ့ ငွေရှာနိုင်တဲ့အလုပ်တွေ အများကြီးပဲ။

 

အခုကာတွန်းပြက္ခဒိန်ကို ကြည့်ခြင်းဖြင့်………

ဆရာအော်ပီကျယ်ဟာ ဒီကာတွန်းတွေကို ရေးဆွဲခြင်းဖြင့် ဉာဏ်ပူဇော်ခ ရရှိသလို၊

သူ့အစွမ်းအစကိုလည်း ထုတ်ဖော်ပြသနိုင်လို့ ဂုဏ်သိက္ခာကိုပါ တပါတည်း ရရှိသွားတယ် မဟုတ်လား။

 

မတန်တဆအမြတ်အစွန်းကိုလိုချင်လို့ ဂုဏ်သိက္ခာကို ရောင်းစားရတာမျိုးကတော့ တမျိုးပေ့ါ။

CAM03234[1]

 

ခေါင်းဆောင်ကောင်းရဲ့ ထူးချွန်ထက်မြက်မှု၊ အရည်အချင်းပြည့်ဝမှုကို ၁၀၀% လို့ထားပြီး တွက်ချက်ရင်

  • မွေးရာပါဗီဇက ၅၀% အောက်ဖြစ်ပြီး
  • လေ့ကျင့်ပျိုးထောင်မှုက ၅၀% အထက်လို့ ပြောချင်တာလို့ ထင်ပါတယ်။

 

ကိုယ့်အယူအဆကတော့ ဝ မရှိပဲ ဝိ လုပ်လို့ မရတာမို့ မွေးရာပါဗီဇကို ပိုအသားပေးချင်တယ်။

CAM03235[1]ဒီပုံကိုတော့ စာဖတ်လိုက် ကာတွန်းကို ကြည့်လိုက်နဲ့ တစ်ယောက်တည်း ရယ်မောကျနေမိတယ်။

ဇောက်ထိုးကြည့်ပြီး ပိုကောင်းတဲ့အဆင့်ဆိုတာကို ကြိုးစားရင် ဘာတွေ ဘယ်လိုများ ဖြစ်လာအုံးမလဲ မသိဘူး။ :mrgreen:

 

CAM03236[1]အောင်မြင်မှုကို လိုချင်ရင် မကျိုးစားချင်တဲ့ စိတ်ကို အရင်ဆုံးဖယ်ထုတ်ဖို့ လိုတယ်လို့ နားလည်မိပါတယ်။

 

အခြားသူကို ပြောပြဖို့ ကိုယ့်ကိုကိုယ်ပြန်ကြည့်မိတော့ မသိချင်တာက ပိုများနေတယ်။ :i:

 

CAM03237[1]ခေါင်းဆောင် မဟုတ်သော (သို့) ခေါင်းဆောင်မပီသသော ခေါင်းဆောင်ရဲ ့ ဦးဆောင်မှုအောက်မှာ အောင်မြင်တဲ့ အဖွဲ့အစည်း မဖြစ်နိုင်တာမို့ ဒီအတွေးအခေါ်ကို ထောက်ခံပါတယ်။ 🙂

 

CAM03238[1]

ဖဘမှာတွေ့ဖူးတဲ့…..

ကိုယ့်ကိုကိုယ်ထုဆစ်တဲ့ပုံလေးကိုတောင် မြင်ယောင်မိသွားတယ်။

 

စိတ်ဓာတ်ခွန်အားပေးနိုင်တဲ့ စာစုလေးမို့ သဘောကျတယ်။

 

သို့သော်…….. စိတ်ကြိုက်ပြောင်းလဲနိုင်ဖို့ဆိုတာ အတော်လေးတော့ ကြိုးစားပမ်းစားလုပ်ရလိမ့်မယ်။

လွယ်မှာတော့ မဟုတ်ဘူး။ :e:

 

CAM03263[1]

 

ကိုယ့်ရဲ့ဂုဏ်ကို ကိုယ်တိုင်နှစ်သက်ပြီဆိုမှတော့ တခြားသူတွေ နှစ်သက်ကြတာ မဆန်းတော့ပါဘူး ဆိုတဲ့ အဆိုကို

ပဏ္ဍိတာရာမဆရာတော်ကြီးရဲ့ ဆုံးမစကားနဲ့ တိုက်ဆိုင်တယ်လို့ ခံစားမိတယ်။

 

ဆရာတော်ကြီးက…….

အလုပ်လုပ်ရမှာ ဂုဏ်ရှိဖို့ထက် အပြစ်ကင်းဖို့ အရေးကြီးတယ်။

အပြစ်ကင်းရင် သူ့အလိုလို ဂုဏ်ရှိလာမယ် တဲ့။ 🙂

CAM03240[1]များသောအားဖြင့် လူဆိုတာ သူသူကိုယ်ကိုယ် ကိုယ့်ကိုကိုယ် ဖော့တွေးတတ်ကြတဲ့ ဓမ္မတာ ရှိပါတယ်။

တိုးတက်မှု အောင်မြင်မှုကို လိုချင်ရင် ကိုယ့်ကိုကိုယ် အမှန်အတိုင်း မြင်အောင် ကြည့်ပြီး ပြုပြင်ဖို့ ဆုံးမတာလို့ မှတ်ယူပြီး မှတ်သားထားပါတယ်။

 

ဒီကာတွန်းတွေကပေးတဲ့ အနှစ်သာရကို ရအောင်ယူတဲ့အနေနဲ့ ကိုယ့်ကိုကိုယ် ပြုပြင်ပြောင်းလဲနိုင်အောင် ကြိုးစားပ့ါမယ်။

 

တစ်လကို ၃ပိုင်းခွဲပြီးတင်ဖို့ စိတ်ကူးထားတာမို့…

ဒီလက ၂၈ ရက်ပဲရှိလို့ ဒီမှာတင် တခန်းရပ်ပါတယ်။

 

နေ့တိုင်းပြေးလွှားနေတဲ့ ပြက္ခဒိန်ကို အမီလိုက်ပြီးးးးးး

၃၆၅ ရက် မပြည့်ခင် ၃၆၅ ကွက်သော ကာတွန်းတွေ ပြီးစီးနိုင်မယ် ထင်ပါတယ်။

 

 

တနေ့ပြီးတနေ့နဲ့ ကြာလာရင် ပျင်းဖို့ ကောင်းပြီး အားပေးတဲ့သူနည်းလာမယ်ဆိုတာကို မျှော်လင့်ပြီးသားဖြစ်ပေမယ့်….

မှတ်တမ်းတင်တဲ့အနေနဲ့ စုံစုံလင်လင်ဖြစ်စေချင်လို့ ၃၆၅ ကွက်သော ကာတွန်းတွေ စုံအောင်တင်ဖို့ ကြိုးစားနေပါတယ်။ :boss:

 

12 comments

  • kai

    March 3, 2015 at 6:09 am

    တင်တာတော့တင်ပေါ့…အမတော်ရယ်..
    ကော်မန့်ရေးလို့မရအောင်ပိတ်ထားတာတော့.. မကောင်း..။
    အဲဒါကြောင့်.. ပြန်ဖွင့်လိုက်ကြောင်းနဲ့..

    ဒီတခေါက်.. ရှင်းချက်တွေက.. သဘောမတူတာတွေများနေတာလို့.. ထင်မိတယ်..။
    ဆိုတော့…
    ဖေဖော်ဝါရီက… ၂၈ရက်ပဲရှိတာ… ကျုပ်မှာတော့.. သိပ်အဆင်မပြေ…
    ၂-၃ရက်လောက်ရှုံးသွားသလိုခံစားမိ..။
    အဲဒါနဲ့.. ဖေဖော်ဝါရီကို.. ၃၁ရက်လုပ်လိုက်ရင်.. တနှစ် ၃ရက်နဲ့.. လူ့ဘဝသက်တန်းတခု.. အနှစ်၇ဝမှာ.. ရက်ပေါင်း ၂၁ဝ အမြတ်ထွက်မှာမို့.. အဲလိုကလင်ဒါကို လုပ်ဖို့မသင့်ဘူးလားတွေးနေမိ..။ :k:

    • Ma Ma

      March 3, 2015 at 9:08 am

      သဂျီးကတော့ သဂျီးပဲ။ :k:
      ဒီတခေါက်ရေးတဲ့အထဲမယ် သဘောမတူတာတွေ များနေတာ ကိုယ့်ကိုကိုယ်သတိထားမိပေမယ့် တခြားသူတွေတော့ သတိမထားမိလောက်ပါဘူးလို့ ထင်နေတာ။ :p:

      ပိုစ့်တင်တာ ၁၀၉ ပုဒ်မြောက်ဖြစ်နေပြီ။
      ကွန်မန့်တခါမှ မပိတ်ဖူးဘူး။
      ဘယ်လိုဖြစ်သွားလဲ မသိဘူး။ 🙄

      ပြောရရင် ပိုစ့်တင်ပြီး ကွန်မန့်မျှော်နေတာ မတက်ပါလားလို့တောင် ထင်နေတာ။ :a:

      ဖေဖော်ဝါရီလမှာ ၂၈ရက်ပဲရှိလို့ပျော်စရာလို့ထင်နေတာက….
      ခလာသေးသေး (ကလေးသာသာ) အတွေးနဲ့ အလုပ်လုပ်ရမယ့်ရက်နည်းသွားတယ်ဆိုပြီးတော့ပေ့ါ။ :))

      • မ​နေ့တည်​းကဝင်​ဖတ်​ပြီးပြီအန်​တိမမ​ရေ. မန်​့မရလို့ပြန်​ထွက်​လာတာ
        🙂
        မသိခြင်​းထက်​ မသိချင်​ခြင်​းကပိုဆိုးတယ်​ ဆိုတာ​လေးကြိုက်​တယ်​။
        ဒီပြက္ခဒိန်​သာအိမ်​မှာရဗိရင်​ က​လေး​တွေ​တော်​​တော်​အလုပ်​ရှုပ်​ကြ လူကြီး​တွေအာ​ပေါက်​​အောင်​​ဖြေရမှာမြင်​​ယောငိတယ်​
        🙂

  • padonmar

    March 3, 2015 at 7:27 am

    အားပေးးပါတယ်။ဆက်ရေးပါ။
    လူဆိုတာ အသက်ကြီးလာလေ ငါစွဲတွေ ကြီးလာလေဆိုတော့
    ကိုယ့်အတွေ့အကြုံအရ အမြင်တွေကို လက်မလွှတ်ချင်ဘူး။အဲဒီတော့ အဆိုအမိန့်တွေတိုင်းကို လက်မခံတတ်တော့တာ သဘာဝပဲ။
    ဒါ့ကြောင့် ဒီလရဲ့ ကာတွန်းတွေကို သဘောမတူတာများတဲ့ထဲ ပါပါမယ်။(အမွှာညီအမမို့လို့)

    • Ma Ma

      March 3, 2015 at 9:40 am

      အသက်ငယ်တုန်းက လူကြီးတွေပြောတာကို ခေတ်မမီတော့ဘူး၊ ဒိတ်အောက်နေပြီလို့ ထင်ခဲ့တယ်။
      ကိုယ်ကြီးလာတဲ့အခါကျတော့ ကိုယ့်ရဲ့ဘဝအတွေ့အကြုံနဲ့ယှဉ်ပြီး လူငယ်တွေကို နင်တို့မသိသေးပါဘူးဆိုပြီး ပြောပြချင်နေပြန်ရော။:e:

  • Foreign Resident

    March 3, 2015 at 8:06 am

    ့ပြက္ခဒိန်လေးက စိတ်ကူး ကောင်းသားဘဲ ။

  • ခင်ဇော်

    March 3, 2015 at 8:38 am

    ပင်တိုင် ပိတ်သတ်တွေ ရှိတယ် ချစ်မ။
    ဆက်ရေးးးးပါနော်။
    ဒီ ထဲ အကြိုက်ဆုံးကတော့ မသိခြင်းထက် မသိချင်ခြင်းက ပိုဆိုးသတဲ့။
    ကိုယ့်ကို တည့်တည့် ပြောသလိုပဲ။
    ဟိ

    :k:

    • Ma Ma

      March 3, 2015 at 9:54 am

      အားပေးတဲ့ ပိတ်သတ်ကြီးကို ကျေးဇူးးးး တင်ပါတယ်။ :))

  • Ma Ei

    March 3, 2015 at 11:09 am

    ကိုယ်တော့
    …ဂုဏ်သိက္ခာနှင့် ငွေကြေး တစ်ဖက်တည်းမှာမရှိ …
    ဆိုတဲ့ အဆိုကို လက်မခံပါဘူး…
    …မသိခြင်းထက် မသိချင်ခြင်းက ပိုဆိုးတယ်…
    ဆိုတာလေးတော့ ကြိုက်တယ်…

    • Ma Ma

      March 3, 2015 at 11:18 am

      တူတူပဲ မအိရေ။ 🙂

  • Wow

    March 3, 2015 at 11:39 am

    အော်ပီကျယ်က ခုပြက္ခဒိန်တွေ တော်တော်ရေးရတယ်.. ရုံးမလဲ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးအတွက် ထူးထရေးဒင်းက ထုတ်တဲ့ ပြက္ခဒိန် :mrgreen:
    သစ်ခုတ်လို့ကုန်မှ သဘာဝ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးထလုပ်တာ..

  • Alinsett@Maung Thura

    March 4, 2015 at 4:06 pm

    .တင်ပြချက်တွေ စိတ်ကူးတွေကို ပယ်ဖျက်သူဟာ အဖွဲ့အစည်းကို ဖျက်ဆီးသူပါ..ဆိုတာလေးမြင်ပြီး..
    .အဆဲခံရသူမှ ခေါင်းဆောင်ဖြစ်တယ်ဆိုတာကို ပြေးမြင်မိ..

    ပီမိုးနင်းကလည်း ပြောခဲ့တယ်..
    ခေါင်းဆောင်တွေရဲ့ အကြီးမားဆုံး အင်္ဂ ါရပ်တစ်ခု ဟာ..အဆဲခံရခြင်း/အဆဲခံနိုင်ခြင်း တဲ့..
    ဆိုတော့.. ငါတို့ ပေးတဲ့အကြံတွေ ပယ်ဖျက်ရကောင်းလားဆိုပြီး.. ဆဲကြသူတွေကို
    ဂရုမစိုက်ပဲ.. ကိုယ်ကောင်းမယ်ထင်တဲ့ ဗျုဟာကို ရဲရဲဝံ့ဝံ့နဲ့ အဆဲဆံ လုပ်သူတတ်တဲ့သူက
    ခေါင်းဆောင်ကောင်းပေါ့..

    မှားရင်တော့..အဆဲတင်မက…သမိုင်းတရားခံဆိ်ုတဲ့ နာမည်ဆိုးပါ ယူ…

    😆

Leave a Reply