ပန်းကောင်း တစ်ပွင့် – Rose
ဓာတ်ပုံတင်မယ်ဆိုပြီး အက်ဒစ်လုပ်ရင်း သီချင်းစာသားတစ်ခု ခေါင်းထဲရောက်လာလို့။
.
အရင် ဘယ်သူ ဆိုတာမသိပေမဲ့ ကိုယ် စနားထောင်ဖူးတာတော့ ဟေမာနေဝင်း ဆိုတာပါ။
.
“တစ်ပွင့်ပန်မယ်၊ တစ်ပွင့်တည်းးးးးပန်မယ်၊ ငွေသားနု ဝတ်မှုန်ရယ်” ဆိုတဲ့ စာသားလေးးးး
.
သီချင်းနာမည်လည်း မသိပါဘူးးး
ပြောချင်တာက အရင် က အမျိုးသမီးတွေဟာ
“မိန်းမကောင်း ပန်းကောင်းတစ်ပွင့်ပန်”
“မိန်းမကောင်း ပန်းပန် တစ်ပွင့်တန်” ဆိုတဲ့ အရာကို ခေါင်းထဲရိုက်သွင်းခံခဲ့ရတာ။
အမျိုးသားများ အကြိုက်ပေါ့။
:dd:
ထားမိတဲ့ ရည်းစား ဘာအမှားတွေ့တွေ့ ဒီလူကြိုက်မိ ဒီလူကိုပဲ ယူ။
:n:
အဲဒီလူ မယူမှသာ ဒူးနဲ့ မျက်ရည်သုတ်နေပေါ့။
:f:
တစ်မျက်နှာကနေ နောက်တစ်မျက်နှာ မပြောင်းကောင်းဘူးး
:sp:
တည်မိတဲ့ ဘုရား ဠင်းတ နားနားဆိုသလို ယူမိတဲ့ ယောက်ကျား နှိပ်စက်သမျှ ပေတေပြီး ခံ စသည်ဖြင့်ပေါ့လေ။
:chee:
.
..
..
.
.
.
.
အင်းးးးးးးးးးးးးးးးး
.
.
.
ဟီးဟီးးးးးးးးးးးးးးးးးး
ဆက်မပြောတော့ပါဘူးးးးးးးးးးးးးးးးးး
.
.
ထားလိုက်ပါတော့။
ဟိဟိ
:mrgreenn:
.
.
.
.
.
ကိုယ်ကတော့ ပန်းတစ်ပွင့်တည်း ပန်ချင်တဲ့ မိန်းမထဲ မပါဘူးလို့။
(တိုက်ရိုက်တွေးနော်၊ ပန်းပန်တဲ့ ကိစ္စကို ပြောတာ) :kwi:
ပန်ရင်တောင် ပိတောက်တို့၊ သနပ်ခါးပန်းတို့၊ ဂေါ်သဇင်တို့လို……
ပန်းပွင့်သေးသေးလေးတွေ ပါတဲ့ အခိုင်လိုက်ကို ပန်ရတာကြိုက်တယ်။
😳
တစ်ပွင့်ပန်းထဲတော့ နှင်းဆီကို အကြိုက်ဆုံးမို့ ရောက်ရာ အရပ် တွေ့ရာ အရပ်မှာ ရိုက်ပါတယ်။
အဖြူလေးတွေက စလုံး မှာ ရိုက်ထားတာဖြစ်ပြီး…
ကျန်တာတွေက မေမြို့နဲ့ ပုဂံ က နှင်းဆီလေးတွေပါ။
:chit:













38 comments
တောင်ပေါ်သား
March 11, 2015 at 10:20 am
ဒို့ကတော့ မှားပန်မိတဲ့ပန်း လွမ်းမနေဘူး
ဒူးနဲ့တိုက်ထုတ်ပလိုက်တာ
အခုတော့ ပန်းကောင်းလေးရှာရင်း ပန်းတောထဲမှာ မောနေပြီကွယ်
Kaung Kin Pyar
March 11, 2015 at 10:23 am
ကိုယ့်ဒုက္ခ ကိုယ်ရှာနေတာများးးး
:byee:
တောင်ပေါ်သား
March 11, 2015 at 10:29 am
အပျိုကြီးတွေကတော့ ဒီလိုထင်မပေါ့လေ ဟဲ ဟဲ 😛
ခင်ဇော်
March 11, 2015 at 2:00 pm
ပန်း ဆို တာလည်း ခူးပြီးရင် ညှိုးသွားတဲ့ အမျိုးကိုးးး
ဥမျိုးရဲ့။
ဘယ်ပန်းမှ မရှာပဲ ပန်းတောထဲမှာ ကြည်နူးကြည့်ပါ။
ဟိဟိ။
အခြေအနေကောင်းရဲ့လား??
:k:
Kaung Kin Pyar
March 11, 2015 at 10:22 am
လှလိုက်တာ…
၄ လဲကြိုက်တယ်…၈လဲ ကြိုက်တယ်…၅ လဲ လှတာပဲ…..
ပန်းတော့ သိပ်မပန်ဖြစ်….တစ်ခါတစ်လေ..ပန်ချင်ရင်လဲ လမ်းဘေးမယ် မိုးတွင်းဆိုပေါက်တဲ့ ပန်းရောင်ဝါဝါလေးတွေလဲ ပန်တယ်…၊ အမေစိုက်ထားတဲ့ နှင်းဆီတွေတော့ မျက်စောင်းနဲ့တောင် လှည့်မထိုးနဲ့ ဘုရားပန်းကပ်မှာဆိုလို့…..
😥
ဦးကြောင်ကြီး
March 11, 2015 at 10:26 am
အပြာရောင်ကင်းကောင်ဟင်း ဆားခြင်သီ… ကျွေးဗာ
ခင်ဇော်
March 11, 2015 at 1:57 pm
ကွကိုယ်
တစ်ပင်စိုက်ပြီး ခူးပန် လေ။
ဟီးဟီးးး
နောက်ကြိုက်တာ ရှိသေးတယ်။
ဘိန်းပန်း (ပေါ့ပီ)
ဒီမှာ မရှိလို့။
:mrgreenn:
စည်းနဲ့ ကမ်းနဲ့ လစ်ဘရယ် ယောကျာ်း
March 11, 2015 at 10:27 am
သားနားမလည်ဘုစ်
သားသိတာ ပန်းဆိုတာ အပင်တေရဲ့မျိုးပွားအင်္ဂါ
ညှီထှာ
ဦးကြောင်ကြီး
March 11, 2015 at 10:59 am
ဓါစို ပင်လပြွတ်နဲ့ ပင်စပွတ် ပေါ့စ်… နီဆပြောဒါနော်.. နှာပူးဂေါင်။
မွသဲ ( 17082011 )
March 11, 2015 at 11:22 am
နှင်းဆီကတော့ အပင်မှာဆိုမကြိုက်ဖူးရယ်။ အလှအိုးထိုး ဘုရားအိုးထိုးထားရင်တအားကြိုက်။ အိမ်မှာဘုရားပန်းရှိလဲ နှင်းဆီလှရင်ဝဟ်ဝယ်လာပြီးအလှအိုးထိုးလွန်းလို့ ပိုက်ဆံဖြုန်းတယ်ဆိုပြီးဆဲခံရတာအခါခါ။ ဒါပေမဲ့အမှတ်မရှိနှင်းဆီပန်းမြင်ရင်ငမ်းတုန်း ဝယ်ချင်တုန်း
ခင်ဇော်
March 11, 2015 at 1:55 pm
ဟုတ်တယ် မွသဲ။
ခိခိ။
အလှပန်းအိုး ဆိုရင် နှင်းဆီမှ လှတယ်ထင်တာပဲ။
ဒီမှာ က သစ်ခွက ပိုသက်သာတယ်။
နှင်းဆီ က ဈေးကြီးတယ်။
:k:
pooch
March 11, 2015 at 11:26 am
သများက သစ်ခွပိုကြိုက်တယ် နှင်းဆီလည်း ကြိုက်ပါတယ် ငါးညှီရေလောင်းရင် ပိုပွင့်တယ်
အောက်ဆုံးက လိမ္မော်ရောင်နှင်းဆီက အလှဆုံး သူ့ဟန်က မပွင့်ချင်သလိုလို ပွင့်ချင်သလိုလို
နှင်းဆီပန်းကို အပွင့်လွန်ပြီး အာတာတာဖြစ်နေရင် မကြိုက်တော့ဘူး အလှပျက်သလိုပဲ
အကြိုက်ဆုံး ချိန်က လိမ္မော်ရောင်လိုမျိုး
သတို့သမီး လက်ကိုင်ပန်းကို အဖူးလေးတွေမပွင့်တပွင့်လေးတွေနဲ့ လုပ်ရင် ပိုုုလှ တယ်
အဖြူရောင်လေးလေ :mrgreenn:
ခင်ဇော်
March 11, 2015 at 1:53 pm
ဆပ်ပြာရည်လောင်းရင်လည်း အရမ်းပွင့်တယ်။
အပွင့်လှလှ အရိုးပျော့ပျော့ထက်
ကြက်သွေးပုတ်ရောင်နှင်းဆီ ပွင့်ဖတ် ထူထူ အရိုးခိုင်ခိုင် နှင်းဆီတွေကို ပိုရင်ခုန်တယ်။
နံပတ် ၅ လိုမျိုးလေ။
:mrgreenn:
Alinsett@Maung Thura
March 11, 2015 at 11:45 am
တိုက်ရိုက်ပြောမှာနော်
အမေစုလည်း ပန်းပန်ရင် တပွင့်ထဲ မပန်ဘူး
.ဝေနေအောင် ပန်တာ။
ပန်းတကာပန်း ပန်ထားသမျှ အလှဆုံးက
အမေစု ဆံနွယ်တွေထက်က ဝေနေတဲ့ပန်းတွေပဲ. . .လို့
ယူဆထားသေးတယ်
ဘာရယ်မဟုတ်
အဲ့ဒါလေး လာပြောတာ
ခင်ဇော်
March 11, 2015 at 1:50 pm
ခါတလေ နှင်းဆီပွင့်အကြီးကြီးကို နောက်တွဲဆံထုံးလေးမှာ ပန်တတ်တယ်။
အဖြူလေးတွေဆို ၃ ပွင့်လောက် စီပြီး ပန်တတ်တာ။
:chit:
Mr. MarGa
March 11, 2015 at 1:28 pm
ပုံထဲမှာ
နှင်းဆီတွေက
ဆူးပျောက်နေတယ်
သိပ်မပါဘူး
နှင်းဆီ ဆိုရင် ဆူးနဲ့ပဲ တွဲမြင်တတ်တော့
တစ်ခုခု လိုနေ သလို လို…………..
ငိ
ငိ
ငိ
ခင်ဇော်
March 11, 2015 at 1:47 pm
ဘောင်ထဲက ထွက်ပါ။
နှင်းဆီတိုင်း ဆူးပါရမယ်လို့ ဘူမှ ပြောဘူးးး
အရမ်းကြည့်ချင်ရင် ပထမဆုံးပုံမှာ ကြည့်။
ဆူးသေးသေးလေးတွေပါတယ်။
:k:
Mr. MarGa
March 11, 2015 at 1:52 pm
Think out of the box ပေါ့ ဟလား
အေးဗျ…
တခါတခါကျ ဘောင်ထဲက ထွက်ချင်ပေမယ့် ISO လို စံနှုန်းတွေနဲ့ ပြန်ချုပ်ထားတတ်သေးတာ ဆိုတော့လည်း……..
စကားအတင်းစပ်
နောက်ဆုံးထွက် Macbook Air ကတော့ ဘောင်ထဲက ထွက်တာ ဟိုဘက်တောင် လွန်သွားပါရောလား ဟင်
:k:
ဗုံဗုံ
March 11, 2015 at 1:40 pm
နှင်းဆီဆိုရင်…မမဂျီးလိုအရွယ်
အပွင့်မျိုးမှ ကြိုက်ထှာ….
ခင်ဇော်
March 11, 2015 at 1:47 pm
ဘယ်ဟာ ရဲ့ အရွယ်တုန်း?/
ငိငိ
:mrgreenn:
Mike
March 11, 2015 at 1:44 pm
.ပန်းကြိုက်တဲ့မမ များအတွက် နှင်းဆီလှလှလေးတွေပေါ့
.မဒမ်မိုက်ပန်းပန်တာတော့ကျုပ်မတွေ့ဖူးဘူး..ဟီဟိ..အကုန်သက်သာချက် :sp:
ခင်ဇော်
March 11, 2015 at 1:48 pm
ပန်းပန်စရာမလိုအောင် လှတဲ့ မီး ပေါ့။
🙂
Wow
March 11, 2015 at 3:07 pm
ပန်းဆို လှတာမြင်ရင်တော့ ကြည်နူးပါတယ် ကိုယ်နဲ့မဆိုင်သလိုပဲ… ပန်လဲမပန်တတ် ဘုရားကပ်တာကျလဲ လုပ်လေ့သိပ်မရှိ…
ဖာသိဖာသာပဲနေလိုက်တာပဲ…
ခင်ဇော်
March 11, 2015 at 5:36 pm
ခါတလေ
ကိုယ့်ကို မြင်နေကျ ပုံစံက ခွဲပြီးးး
ပန်းးလေးးပန်ပြလိုက်
:k:
nozomi
March 11, 2015 at 3:26 pm
ခင်ဇော်င်္ကြီးတို့ လူကသာ လူမိုက်ခေါင်းဆောင်
လုပ်နေတာ အလှ အပတော့ ကြိုက်တတ်သားးးး
ခင်ဇော်
March 11, 2015 at 4:13 pm
အင်းဆို။
စိတ်ထားနုတယ်လေ။
ဟိ
:k:
naywoon ni
March 11, 2015 at 3:36 pm
ဒီလိုခင်ဈော်ရေ့ ညည်းစာဖတ်ရင်း ခေါင်းထဲရောက်လာတာကတော့ ဖိုးချို သီချင်းလေးပဲ ။
“ဆူးများတဲ့ ပန်းမို့ လက်လည်း မလှမ်းတော့ပါ နောက်ဆုတ် လက်ပိုက်ကြည့်နေမယ် ”
သီးချင်းစာသားလေးက လှတယ် ။ ဆူးများလို့ ဆူးတွေဖယ်ပြီးခူးရင်ရသား ။ သူကမခူးတော့ပါဘူးတဲ့ နောက်ဆုတ်လက်ပိုက်ပြီးပြီး ပန်းအလှကိုပဲ ကြည့်နေတော့မယ်ဆိုပါ့လား ။ ငါတို့တွေ့ဖူးတဲ့ နှင်းဆီတွေကတော့ တောနှင်းဆီ ပို့လားမသိ ဆူးများမှများ 🙂
ခင်ဇော်
March 11, 2015 at 4:14 pm
တောနှင်းဆီ ဆိုတာ ခြုံနဲ့ ပွင့်တာများလားးး
သေးသေးမွှေးမွှေး နဲ့ အများကြီး ပွင့်တာလား
🙄
black chaw
March 11, 2015 at 3:57 pm
မွန်းအောင် သီချင်းလေး တစ်ပုဒ်ရှိတယ်…။
ပန်းစိုက်သူတို့၏ ဝေဒနာ တဲ့…။
ဥယာဉ်မှူးတွေ ရဲ့ ဖီလင်လေးကို ဖွဲ့ထားတဲ့ သီချင်းကောင်းလေးတစ်ပုဒ်ပါ…။
စာသား လေး ကို ဖတ်ကြည့်ပေးပါဦး…။
အဲ့သီချင်းကို နားထောင်ပြီး ပန်းလေးတွေကိုမြင်ရင်
ပန်းလေးတွေမှာ ဥယာဉ်မှူးရှိမှာပဲ ဆိုတဲ့ အတွေး
ဝင်ဝင်လာတတ်ပါတယ်…။
အခု ညီး ရိုက်ခဲ့တဲ့ နှင်းဆီပန်းလေးတွေမှာလည်း
ဥယာဉ်မှူး ရှိမှာပါပဲ…။
သူတို့ စိုက်ပျိုးထားခဲ့တဲ့ ပန်းလေးတွေ ရဲ့ အလှကို
မှတ်တမ်းတင်ပေးသွားတဲ့ ညီးကို ကျေးဇူးတင်ကြမှာပါပဲ…။
အဲဒီ နှင်းဆီပန်းလေးတွေ အခုလောက်ဆို ညှိုးခြောက်နေလောက်ရောပေါ့…။
ဒါပေမယ့် ညီးမှတ်တမ်းတင်ပေးထားလိုက် နိုင်ပါတယ်…။
တစ်ပွင့်ခြင်းစီ က တစ်မျိုးစီလှကြပါတယ်…။
ဖီးလ် အပြည့်ထည့်ပြီးရေးလိုက်လို့
ကွန်းမန့်က ရှည်သွားတယ်…။
လိုရင်းမရောက်ရင်လည်း ခွင့်လွှတ်ပါဗျာ…။
ခင်ဇော်
March 11, 2015 at 4:16 pm
လိုရာရောက်ပါတယ်ဗျာ။
ကျနော် ဒီပို့(စ) တင်နေရင်းနဲ့ တွေးမိတာ ဒီအချိန်ဆို ဒီပန်းပွင့်တွေ မရှိတော့ဘူးလို့။
:a:
Ma Ma
March 11, 2015 at 5:01 pm
တခါမှမစိုက်ဖူးပဲ တော်ဝင်နှင်းဆီမှာတွေ့တဲ့ နှင်းဆီတွေ ကြည့်ပြီး မနေနိုင် မထိုင်နိုင် ဝယ်လာတာ။
ရေလောင်းရုံပဲလို့ထင်မိတာ။
နောက်မှ အကိုင်းဖြတ်တာကအစ၊ မှိုသတ်ဆေး၊ အပင်အားဆေး၊ အပွင့်အားဆေးတွေ ပေးရတာ မလုပ်တတ် လုပ်တတ်နဲ့ အပင်တွေ ကုန်ပါရောလား။
ဆိုင်ကိုမေးတော့လည်း စိုက်နည်းမပြောပြ၊ အပင်ပြုပြင်ဖို့ အဲဒီကလုပ်သားလေးတွေကိုခေါ်ဖို့လည်း ခွင့်မပြု။
နောက်ဆုံးတော့ မေမြို့သွားတုန်းက ဝယ်လာတဲ့ ဗမာမျိုုး အပင်လေးတွေ ကျတော့မှ အကြမ်းခံပြီး သိပ်ပြုစုစရာမလိုလို့ အဲဒီအပင်တွေပဲ ကျန်တော့တယ်။
ကိုယ်စိုက်တဲ့ပန်းများ တပွင့်လောက်ပွင့်ရင် ဓာတ်ပုံရို်က်ရတာ အမော။ 🙂
ခင်ဇော်
March 11, 2015 at 5:38 pm
သများး လက် နဲ့ စိုက်လို့ ဖြစ်တာ ဆိုလို့
ရွှေလာ ငွေလာ ဂမုန်းးပဲရှိတယ်..
:mrgreenn:
weiwei
March 11, 2015 at 6:10 pm
နှင်းဆီပန်း အနံ့ကိုပါ ကြိုက်တယ်။
အခုတလော လိမော်ရောင် အပွင့်ကြီးတဲ့ နှင်းဆီပန်း ပေါ်နေတယ်။
ခင်ဇော်
March 12, 2015 at 10:24 am
နှင်းဆီ နက်ကို ရိုက်ထားတာရှိတယ်။
မလှလို့ မထည့်တော့တာ။
:k:
မြစပဲရိုး
March 11, 2015 at 9:23 pm
ကြည့်ရတာ “မိန်းမကောင်း ပန်းကောင်းတစ်ပွင့်ပန်” ဆိုတာ ပလန်အေ၊ ဘီ၊ စီ မချ တတ်လို့ နေမှာပါ။ဟိ။
ပုံ ၅ နဲ့ ၁ဝ ကို အကြိုက်ဆုံး။
ကျန်တာ တွေလဲ လှပါတယ်။ တစ်ပွင့်ဘဲ ရွေး ဆိုရင်တော့ နံပါတ် ၁ဝ ပေါ့။ :))
ခင်ဇော်
March 12, 2015 at 10:19 am
ဟိ။
ပလန် အေ တူ ဇက် ချတတ်ရင်တော့
ပန်း ၂၆ ပွင့် ပန်နိုင်မှာပေါ့။
:k:
ဇီဇီခင်ဇော်
July 31, 2015 at 8:46 am
အရီး မမြင်ဖူးဘူး ဆိုလို့ ထပ်ဖြည့်ထားတယ်။
သူ့ အညွှန်းကတော့ Black Rose (or) နှင်းးဆီနက်တဲ့..!!
စလုံးက ပန်းခြံမှာ။
ညဘက် ဖုံးနဲ့ ရိုက်မိတာမို့ ဂလောက်ပဲ ရတယ်။
ကျနော့ မျက်လုံးးထဲတော့ မရမ်းးပုပ်ရောင် ရင့်ရင့်ပဲရှိတယ်
:k:
YE YINT HLAING
August 1, 2015 at 3:24 pm
တပွင့်ပန်းတော့ မကြိုက်ဘူးဗျ။
အုန်းပန်းကြိုက်တယ် ခိခိ