တနေ့ပြီးတနေ့ (၈) Day by Day (8)
ကျောင်းတုန်းက နောက်ဆုံးနှစ်မှာ အမှတ်တရ စာအုပ်ကလေး လုပ်ဖြစ်တဲ့အခါ လူ့ဘဝထဲကို ဝင်ကြတော့မယ့် (ရုန်းကန်ကြရတော့မယ့်) တပည့်တွေအတွက် ဆုံးမဩဝါဒလေးတွေကို ဆရာ/မများက ရေးပေးကြပါတယ်။
အမြဲတမ်းမှတ်မိနေတဲ့ အဲဒီဩဝါဒတွေထဲကမှ
ဆရာဦးတိုင်းအုပ်ရေးပေးခဲ့တာလေးကို မျှဝေပေးချင်ပါတယ်။
အလုပ်တစ်ခုကို လုပ်တဲ့အခါမှာ…
ဉာဏ်ကို လွှာပြီး သုံးပါ။
ဝီရိယကို အားကုန် စိုက်ပါ။
ဘာမှဖြစ်မလာတော့ ကံကို ပုံချ လိုက်ပေ့ါ တဲ့။
ကိုယ့်ကိုကိုယ် ဝီရိယရှိသူဖြစ်ချင်လို့………
တနေ့ပြီးတနေ့ကာတွန်းပုံတွေကို နေ့ရက်တွေနဲ့ အမီလိုက်ချင်လို့ ကြိုးစားကာမှ
အင်တာနက်ကွန်နက်ရှင်က ဓာတ်ပုံတင်လို့ မရလောက်အောင် ညံ့လွန်းလို့…..
ဒီလိုအခြေအနေမှာ လူဖြစ်လာရတဲ့ ကိုယ့်ကံကိုပဲ အပြစ်တင်ချင်ပါတော့တယ်။
(ကိုယ့်ကိုကိုယ် အပြစ်တင်ခြင်း မဟုတ်ပါ။) :kwi:
အချို့အချို့သောသူတွေက….
- ဖြစ်ပြီးခဲ့တာကို တွေးပူ၊
- ဖြစ်နေတာကို လိုက်ပူ၊
- မဖြစ်သေးတာကို ကြိုပူ၊
အကြောင်းအမျိးမျိးကို ရှာကြံပြီး ပူတတ်တဲ့သူမျိုးတွေ ရှိပါတယ်။
မအိက ပိုစ့်တစ်ခုမှာ ကွန်မန့်ပေးထားဖူးသလို….
လောကကြီးတစ်ခုလုံး ဘာတွေဘဲ ဖြစ်ဖြစ် မနက်ကျရင် နေထွက်လာမှာပါ။
လို့ ပြောချင်ပါတယ်။ 🙂
ဇန်နဝါရီလ ကာတွန်းမှာတုန်းက (တနေ့ပြီးတနေ့ ၃)
ဘယ်ရေတစ်စက်ကမှာ ရေကြီးတာ သူ့မှာတာဝန်ရှိတယ်လို့ မထင်ဘူး။
လို့ ဆိုတာနဲ့ သဘောချင်းနွယ်နေပါတယ်။
အခိုက်အတန့်တိုင်းဟာ တန်ဖိုးရှိတယ်။
လိပ်ပြာတောင်ပံခတ်ချိန်နဲ့ တိုက်ဆိုင်သွားရင်….. :k:
ရှိရှိသမျှ ဖြစ်ပျက်သမျှ အကုန်လုံးခေါင်းထဲထည့်ထားလို့ မရနိုင်ဘူး။
မနိုင်တာကိုလုပ်ရင်းနဲ့ ရွာသာကြီး ရောက်သွားနိုင်တယ်။
ကြားဖူးတာမှာ အချို့သောလူတွေက………..
အဖြစ်အပျက်တွေကို ကျောက်တောင်မှာ စာထိုးထားသလို မှတ်မှတ်သားသားထားတတ်ကြတယ်။
အချို့ကတော့လည်း စာရွက်ပေါ်မှာ ရေးထားသလိုပေ့ါ။
အချိန်အတိုင်းအတာရှိတယ်။
အချို့ကတော့ ရေပေါ်မှာ ရေးလိုက်သလိုပဲတဲ့။
ခုပေါ် ခုပျောက်ပေ့ါ။
ဒါကိုတော့ မခံစားတတ်ဘူး။ 🙄
ကောင်းကင်ပြာလေးရဲ့ ဖိနပ်ပိုစ့်ကိုတောင် သတိရမိသွားတယ်။ :k:
ဘဝကို ရိုးသားစွာ၊ ရိုးရှင်းစွာ နေထိုင်ဖြတ်သန်းဖို့လိုတယ်လို့ တွေးမိတယ်။ 🙂
မရမနေ ဆိုတဲ့ စကားလိုပေ့ါ။
မရရင် မနေနိုင်အောင် စိတ်ဓာတ်ပြင်းထန်လာရင် ရအောင် ကြိုးစားလာလိမ့်မယ်။
မောင်သူရလေး ရေးဖို့အကြံပေးထားတာကိုပဲ ပြောရမယ်။ ပါးစပ်ဆယ်ပေါက်ရှိတာတောင် ပြောစရာစကား မရှိပါဘူး။
မဟာဇနကမင်း ပင်လယ်ထဲ ကူးခတ်သလိုမျိုး
မဖြစ်နိုင်ဘူးလို့ ထင်ရပေမယ့် ကြိုးစားရင်းနဲ့ ရောက်သွားနိုင်တယ်။
ဇော်ဝင်းထွဋ္ဋ်ပြောသလို ကိုယ့်အလှည့်ကျမှ မေခလာ ရောက်မလာတော့လည်းးးး
ဆရာဦးတိုင်းအုပ်ရေးပေးခဲ့သလို ကံကိုပဲ ပုံချလိုက်ပေ့ါ။
:kwi:
ကြိုးစားရင် ဘုရားတောင်ဖြစ်နိုင်တာပဲ လို့ ဆိုထားတယ် မဟုတ်လား။
ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပြီး မဖြစ်မနေဖြစ်ချင်တဲ့ စိတ်ရှိနေရင်
သင်ဟာ အခုထက်ပိုကောင်းအောင်လုပ်နိုင်စွမ်းရှိတယ်ဆိုတာ…. ယုံမှားသံသယဖြစ်ဖို့ မလိုဘူးပေါ့။ 🙂
မှန်လိုက်တာ။
ကိုယ်ရှင်သန်နေရတဲ့ဘဝကို တန်ဖိုးထားပါ။
ရှင်သန်နေတဲ့ ကိုယ့်မိသားစုနဲ့ မိတ်ဆွေအသိုင်းအဝိုင်းကို တန်ဖိုးထားပါ။
ကြိုပြီး မသုံးနဲ့လို့သာ ဆိုလိုတယ်။
ကြိုပြီး စီမံခန့်ခွဲသင့်တယ်တော့ ထင်တယ်။
တပြိုင်နက်တည်း လုပ်လို့မရပေမယ့် ၂ခုစလုံး လုပ်ဖို့တော့ လိုလိမ့်မယ်။
ပြောဆိုဆွေးနွေးမှု လိုသလို၊ လက်တွေ့ဖော်ဆောင်ဖို့လည်း လိုတာပေ့ါ။
အချိန်ကိုသုံးပြီး ငွေကိုယူရမယ်။ 🙂
အတိတ်က ဒါဏ်ရာတွေကို သင်ခန်းစာယူပြီး ရှေ့ဆက်ရမယ်။
ဒီကာတွန်းပုံကို ကြည့်ပြီး အရမ်းသဘောကျတယ်။
(ပြောရမယ်ဆိုရင် ကာတွန်းပုံတိုင်းလိုလိုကို သဘောကျတာပါ)
ဆိုလိုရင်းကို ကာတွန်းနဲ့ ပုံဖော်ရာမှာ လိုက်ဖက်ပီပြင်တာကြောင့်
ဆရာအော်ပီကျယ်ကို ထောက်ခံအားပေးတဲ့ပရိသတ်တစ်ယောက် ဖြစ်လာတာ။ :))
လူငယ်တွေကို ပြောမရ ဆိုမရရင် လူကြီးတွေက တစ်ဖက်ပိတ်နား လို့ ပြောကြတယ်။
လူကြီးဖြစ်ပြီး တစ်ဖက်ပိတ်နား ရှိရင်လည်း တိုးတက်ဖို့ထက် ဆုတ်ယုတ်ဖို့သာ ဖြစ်လာနိုင်တယ်။ :p:
ဤတွင် မတ်လအတွက် ပြီးပါပြီ။
ပြေးလွှားနေတဲ့ နေရက်တွေကို ကျော်ဖြတ်ပြီး ဆက်လက်ချီတက်ပါအုံးမည်။
အားပေးဖတ်ရှု့ကြသူအပေါင်းကို ကျေးဇူးတင်ပါသည်။ 🙂
20 comments
ခင်ဇော်
March 19, 2015 at 9:39 am
၂၁ ကတော့
ဟိုနေ့က သိသွားပြီ။
ဓာတ်လှေကား ၂ စင်းလုံးပြင်နေလို့
၉ထပ်ကို လှေကားကနေ ဖိနပ်အမြင့်နဲ့ တက်လိုက်ရတယ်။
😥
black chaw
March 19, 2015 at 10:46 am
ကျေးဇူး အထူးပါဗျာ…။
ရောက်တဲ့ နေရာက အခုပဲ စလိုက်ပါပြီ…။
🙂
Ma Ei
March 19, 2015 at 11:29 am
ဒီနေ့ မတ်လ 19 ရက် ဆရာက… ရှုပ်ရင် ရှင်း တဲ့
မမ က… ရှိရှိသမျှ ဖြစ်ပျက်သမျှ အကုန်လုံးခေါင်းထဲထည့်ထားလို့ မရနိုင်ဘူး။
မနိုင်တာကိုလုပ်ရင်းနဲ့ ရွာသာကြီး ရောက်သွားနိုင်တယ်။…တဲ့
ဆိုတော့ ခေါင်းထဲ မထည့်သင့်တာတွေ ရှင်းဦးမှပါဘဲ…
ကျေးဇူးပါမမ..
Alinsett@Maung Thura
March 19, 2015 at 11:55 am
ဒီတစ်ပိုင်းမှာတော့ အန်တီမမရဲ့ မှတ်ချက်ကလေးတွေက ပိုတောက်ပနေသမို့…
သဘောကျမိ..
Mr. MarGa
March 19, 2015 at 12:27 pm
လိုချင်တာမရသေးတာ လိုချင်စိတ် နည်းနေလို့
အင်း ဟုတ်တော့ ဟုတ်တုတ်တုတ်
ဘာလို့လဲဆိုတော့ ကိုယ်တွေ အရူးအမူးဖြစ်ပြီဆိုရင် ထိန်းလို့ကိုမနိုင်တော့တာ 🙁
manawphyulay
March 19, 2015 at 12:46 pm
ဟုတ်ကဲ့ပါ အခု စလစ်ပါဖိနပ်ပဲ အမြဲစီးထားပါတယ်။
Mike
March 19, 2015 at 4:19 pm
.၃ဝ ကိုတော့ လိုက်နာဖို့အတော်ခက်တယ်
.၃၁ က နဲနြပြော များများနားထောင်လို့ဆိုချင်တာ
.၂၂ကိုလည်းသဘောကျသဗျာ 🙁
မြစပဲရိုး
March 21, 2015 at 7:10 pm
လ တောင် မကုန် သေး။
ဘဇာကြောင့် အလောသုံးဆယ် ပြေးနေရတာတုန်း ချစ်အစ်မတော် ရဲ့။
၁ရ ရက် အားလုံး ရဲ့ ကံကြမ္မာဟာ တစ်ဦးစီ ပေါ်မှာ မူတည်တယ် ဆိုတာ သိပ်မှန်တာပါဘဲ။
တစ်ယောက်ချင်း က ကွ ကိုယ် ဘယ်လောက် စနစ်တကျ လုပ်ထားထား လိပ်ပြာ တောင်ပံ အခတ် ကြောင့် တစ်ခြား မျဉ်း တွေ နဲ့ ဆုံ လိုက်ချိန် ဗရမ်းဗတာ ဖြစ်သွားနိုင်တာ။
ပြန်တွေးကြည့်တော့ ဒီလို လူ တွေ ဒီ လို ဗရမ်းဗတာ ဖြစ်အောင်ဘဲ လိပ်ပြာ က စနစ်တကျ အကွက်ရိုက် ခတ်ခဲ့သလားဘဲ။
သူကြီးမင်း က လိပ်ပြာ ဘက် က ပြော တာ ဆိုရင် မှန် တယ် လို့ လက်ခံပြီ။ တစ်ယောက်ချင်း ဘက် ကတော့ စနစ်တကျ လဲ ဗရမ်းဗတာ ဖြစ်သွားနိုင်တာ။
၁၈ ရက် တခဏ တိုင်း ကို ဆုတ် ထားတော့ များလာရင် ဘိုလို လုပ် ပြီး လက်အား ပါတော့မလဲ။
ရတ် ၂ဝ နဲ့ ၂၈ ကတော့ ရွဲ့ ပြောတာလား မသိ။
ကျေးဇူးပါ။
ဖြေးဖြေး တင်ပါ။ lol:-))))
Ma Ma
March 21, 2015 at 10:55 pm
နာဂစ်ဖြစ်ပြီးစက လေနည်းနည်းပြင်းလို့ သစ်ပင်တွေ လှုပ်တာမြင်ရင် ကြောက်နေမိတယ်။
ဒီရွာထဲရောက်တော့လည်း သဂျီးမင်းခြောက်လို့ လိပ်ပြာတောင်ပံခတ်တာကို ကြောက်နေမိတယ်။ :kwi:
ပြေးလွှားနေရသောအကြောင်းရင်းက…………
-ကိုခင်ခက ပုံလေးတွေ ဒေါင်းထားပြီး တနေ့ပြီးတနေ့ ဝေါလ်ပေါ်တင်ချင်တယ်လို့ ပြောတာကြောင့်ပါသလို၊
-ကိုယ်တိုင်လည်း ရက်တွေကျော်သွားပြီးမှ တင်တာထက် ကြိုပြီးတင်ချင်တာကြောင့်လည်းပါတယ်။ 🙂
padonmar
March 21, 2015 at 9:12 pm
မနက်ဖန် ၂၂-လိုချင်တာ မရသေးတာ လိုချင်စိတ်နည်းသေးလို့။
ဒို့ဗြဟ္မဏဗုဒ္ဓဘာသာဝင်တွေ တောင်းလိုက်ရတဲ့ နိဗ္ဗာန်ဆု၊လုပ်နေပုံက အဝေးကြီး(ကိုယ့်ကိုကိုယ်ပြောပါသည်)
Ma Ma
March 21, 2015 at 10:57 pm
အင်းးး ဒါဆိုရင်တော့ သိပ်မလိုချင်သေးဘူး… လို့ဆိုတဲ့
ပဏ္ဍိတာရာမဆရာတော်ကြီးပြောတာ ကြားယောင်မိတယ်။
🙁
Crystalline
March 22, 2015 at 11:50 am
စကလည်းကဖတ်ဖြစ်ပြီး ကာတွန်းလေးတွေသဘောကျသလို… မမရဲ့အတွေးလေးတွေကလည်းလှလို့… :))
Ma Ma
March 22, 2015 at 12:15 pm
အဲဒီကာတွန်းပြက္ခဒိန်ကို ကြည့်ပြီးသဘောကျလို့ နေ့တိုင်းသူ့ရက်နဲ့သူ တင်ချင်မိတယ်။
အဲဒီလောက်ရေးနိုင်လောက်တဲ့ ဝီရိယကလည်း မရှိတော့
နောက်တော့လည်း တစ်နှစ်လုံးကာတွန်း ၃၆၅ ကွက်သော ကာတွန်းတွေထဲကမှ ကြိုက်တာလေးတွေရွေးပြီး စရေးဖြစ်တယ်။
ကိုယ့်ရွာသူားတွေကလည်း ကာတွန်းကြိုက်ကြတယ်ဆိုတာနဲ့ သူ့ရက်နဲ့သူမတင်နိုင်တောင် တစ်နှစ်လုံးအတွက် ကာတွန်းတွေအကုန်လုံး တင်ချင်မိပြန်ရော။
ချီးမွမ်းစကားဟာ တွန်းအားပါပဲ။
ရေးဖြစ်အောင် တွန်းအားပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ 🙂
ဦးကျောက်ခဲ
March 30, 2015 at 9:56 am
မတ်လ ၂၅…
“သင်ဟာ အခုထက်ပိုကောင်းအောင် လုပ်နိုင်စွမ်းရှိတယ်”
အဲသည့်နေ့ ဂျူနီယာလေး လူ့လောကကို ရောက်လာပါ၏… ဟီ ဟိ
:k:
Ma Ma
March 30, 2015 at 3:01 pm
ရာထူးတိုးဒယ်ဒီကျောက်စ်အတွက် ကြိုရေးပေးထာတာထင့်…. 🙂
kai
March 30, 2015 at 4:13 pm
သမီးဆေးရုံမှာမွေးတော့.. မွေးပြီးပြီးချင်း..ဟိုမှာဖက်ကလေးပိစိတွေထားတဲ့အခန်းသွားထားမယ်ဆိုတော့.. စိတ်ပူပြီးလိုက်သွားတယ်.
နပ်စ်ကဘာပြောလဲဆိုတော့.. လိုက်ထား..လိုက်ထား.. နောက် အနှစ်၂ဝလောက်ဆို.. ကိုယ့်မျက်စိအောက်က.. သူတို့လေးတွေ.. ထွက်သွားမှာ..ဆိုပဲ..။
ကျောက်စ်ဂျူနီယာလေးလည်း.. ဒီခေတ်ကလေးတွေမို့… ဒီလိုဖြစ်မှာပါပေါ့..။
ဖက်ထား.. ဖက်ထား…။
အနှစ်၂ဝမက…။
ဆိုတော့…
ကိုယ်သေတဲ့အထိ.. ဘေးမှာရှိမယ်လို့.. ကတိထား,ထားကြတဲ့.. ကလေးမေမေကိုလည်း.. ပိုပိုဂရုစိုက်ဦးနော.. :k:
uncle gyi
March 31, 2015 at 10:16 pm
မရသေးတဲ့ငွေကိုကြို ပြီးမသုံးနဲ့လို့သာသတိပေးတာ
အခုခေတ်ကကြို သုံးနေသူချည်းပဲလို့ပြောလို့ရအောင်ကြို သုံးနေကြတာ
တွေ့တွေ့နေရပါတယ်မမ ရယ်
ကံကိုပုံချလိုက်တဲ့လူတွေထဲအဲဒီလူတွေကထိပ်ဆုံးကအမြဲ
ပါတာလည်းသတိထားမိပါရဲ့
etone
April 1, 2015 at 12:25 pm
အမှန်တရားသာ မရှိလျှင် ဘဝဆိုတာ ငြီးငွေ့စရာ ဆိုတဲ့စာလေး အရမ်း သဘောကျတယ် ။
အမှန်တရား(ကိုယ့်ဘက်က မှန်တယ်ထင်တာကို ) ဆုပ်ကိုင်ထားရင်း ၊ လူအမြင်ကတ်ခံရ ၊ အတင်းဖျင်းပြောခံရ ၊ ချောက်တွန်းခံခဲ့ရတာတွေရှိတယ် ….. ။
တကယ်ပဲ ရသမျိုးစုံ ခံစားရလို့ ၊ အမှန်တရားကို ပိုတင်းတင်းဆွဲကိုင်ထားမိတယ် ….. ။
.
.
၂ဖက်မြင်တတ်ဖို့ လေ့ကျင့်ကြည့်တဲ့အချိန်မှ ပြန်တွေးမိတာ … ကိုယ်ဆုပ်ကိုင်ထားတဲ့ အမှန်တရားက ငါတကောကြီးလားပေါ့ ။
ဘာပဲဖြစ်ဖြစ်ပါ … ကိုယ်ပျော်သလို လုပ်နေရလျှင် ကျေနပ်စရာကောင်းတယ်နော့ …
Ma Ma
April 1, 2015 at 3:44 pm
(၂ဖက်မြင်တတ်ဖို့ လေ့ကျင့်ကြည့်တဲ့အချိန်မှ ပြန်တွေးမိတာ … ကိုယ်ဆုပ်ကိုင်ထားတဲ့ အမှန်တရားက ငါတကောကြီးလားပေါ့ ။ )
ဆိုတာကို ဖတ်ပြီး အံ့ဩမိသွားတယ်။
ငါတကောတွေ ဘယ်လောက်များ ကောခဲ့မိပြီလဲလို့တွေးမိပြီး ခေါင်းနပန်းကြီးသွားတယ်။
အသိတိုးစေလို့ ကျေးဇူးတင်ပါတယ်။
စိမ်းခွင့်ပြုပါ အီတုန်းရေ။ 🙂
etone
April 1, 2015 at 4:53 pm
ဟုတ်တယ် အန်တီမမရေ အသည်းသန်အမှန်ထင်ခဲ့တာတွေအတွက် ငြင်းခုန်ခဲ့မိပြီး တဖက်အမြင်နဲ့ကျတော့ အတ္တအရမ်းကြီးသလို ဖြစ်သွားခဲ့တာအတွက် ပြန်ပြီး အားနာရခဲ့ရဖူးတယ် ။ :byae:
BC အတွက်ကျေးဇူးပါ ။
ဒီရက်ပိုင်း ၊ FB ကြီး ငြီးငွေ့လာလို့ …. ရွာလည် ထွက်ရင်း တနေ့ပြီးတနေ့တွေဖတ်မိတာ အသိတိုးစေပါတယ် ။
ဒသနစာလေးတွေ သဘောကျတယ် ။ ဆက်ရေးပါနော့ ။ 🙂