နှုတ်ဆက်ခဲ ့လေတာလား အချစ်ဦး

နွဲ ့ဆိုးရယ်၊ နွဲ ့ဆိုးမမ ညိုလေးရယ် ကျနော်ရယ် သုံးယောက်သား တစ်နေရာမှာ ထိုင်နေကြတယ်။ နွဲ ့ဆိုးက ကျနော ့ ပုခုံးပေါ် သူ ့ခေါင်းလေးမှီချလိုက်တော ့၊ ကျနော် သူ ့ပုခုံးလေးကို အသာလေး ပြန်ထွေးဖက်ထားလိုက်တယ်။ နွဲ ့ဆိုးတစ်ယောက် တတွတ်တွတ်နဲ ့ မမောနိုင်မပန်းနိုင် စကားတွေ အများကြီးပြောလို ့။ ညိုလေးနဲ ့ ကျနော်က ဘာတစ်ခွန်းမှပြန်မပြောဘဲ နွဲ ့ဆိုးပြောသမျှ အသာနားထောင်ရင်းက နွဲ ့ဆိုးကိုစောင်းငဲ ့ကြည် ့လိုက်တော ့ သူ ့မျက်နှာလေး ကြည်လင်ဝင်းပ
ရွှင်ပျလို ့။ နွဲ ့ဆိုးတစ်ယောက် ပြုံးနေရယ်နေတယ်လေ…….

အိပ်ယာကနိုးလာပြီး ဘေးက ဖုန်းနာရီကြည် ့လိုက်တော ့ မနက် ၅ နာရီခွဲတော ့မယ်။ လူက စိတ်ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း။ အိပ်ယာကမထသေးဘဲ စောစောက မက်ခဲ ့တဲ ့ အိပ်မက်အကြောင်းကို တွေးနေမိတယ်။ နွဲ ့ဆိုးနဲ ့ ပတ်သက်ပြီး အိပ်မက်ထဲ အခုလို ထင်ထင်ရှားရှား တစ်ခါမှ
မမက်ခဲ ့ဖူး။ ဘာလို ့ ဒီမနက်မှ ထူးထူးဆန်းဆန်း သူ ့ကိုမက်နေရပါလိမ် ့။ နောက်ပြီး နွဲ ့ဆိုးတစ်ယောက် စကားတွေအများကြီးပြောလို ့။ ပြုံးလို ့ရွှင်လို ့။ သူ ့ကို အခုလိုမြင်တွေ ့လိုက်ရတော ့ ရင်ထဲမှာ နွေးထွေးသွားသလို၊ စိတ်တွေကလည်း လည်ပြန် သတိရလွမ်းဆွတ်မိပြန်တယ်။

ဆက်ပြီးပြန်အိပ်မပျော်နိုင်တော ့ အိပ်ယာထဲက အသာထွက် မီးဖိုချောင်ဖက်ဆီကူးလိုက်တော ့ စားဖိုမှူးအမကြီးတစ်ယောက် ဘက်ထရီ မီးချောင်းအလင်းရောင်အောက်မှာ အလုပ်ရှုပ်ရှက်ခတ်လို ့နေရဲ ့။
သူ ့ကိုတစ်ချက်လှမ်းကြည် ့ပြီး မီးဖိုချောင် အနောက်ဖက်က စမ်းချောင်းထဲ ဆင်းချလိုက်တယ်။ အေးစက်စက်
စမ်းချောင်းရေအထိကြောင် ့ လူကိုလန်းဆန်းသွားစေတယ်။
စမ်းချောင်းလေးထဲက ပြန်တက်လိုက်ပြီး ကော်ဖီကြမ်းပူပူသောက်ဖို ့ ထမင်းစား စားပွဲရှည်မှာ ဝင်ထိုင်လိုက်တော ့ စားဖိုမှူးအမကြီးက မနိုးစဖူး အစောကြီးထလာတဲ ့ တောတွင်းပျော်ကို ကြည် ့ပြီး၊
“ နင်၊ ဒီမနက် အိပ်ယာထစောလိုက်တာ။ ဘာလုပ်ဖို ့ရှိလို ့လဲ”
“ဘာမှမရှိပါဘူး။ ဒီနေ ့ နေထွက်တာ နောက်ကျလို ့ပါ အမ!”
တောတွင်းပျော်ရဲ ့ အူကြောင်ကြောင်အဖြေကြောင် ့ အမကြီး ကျနော ့ဖက်လှည် ့လာပြီး နှုတ်ခမ်းတစ်ချက်တွန် ့ပြပြီး မျက်စောင်းတစ်ချက်ထိုးလိုက်တယ်။ သူ ့စိတ်ထဲမယ်တော ့ မနက်အစောကြီး
တောတွင်းပျော်တစ်ယောက် ဘာတွေပေါက်သွားပါလိမ် ့ တွေးနေမလား။
ကျနော် စကားပြောချင်စိတ်မရှိ။ စောစောက အိပ်မက်လေးကိုပဲ ဆက်တွေးနေချင်တယ်။ အိပ်မက်ထဲက ပြုံးချိုချို နွဲ ့ဆို းမျက်နှာလေးကို ပြန်မြင်ချင်တယ်။ နွဲ ့ဆိုး မှီခဲ ့တဲ ့ ကျနော ့ညာဖက် ပုခုံးပြင်မှာ နွဲ ့ဆို းလေးရဲ ့
ကိုယ်သင်းနံ ့လေးကျန်ခဲ ့သေးသလား ယောင်ရမ်း နမ်းရှိုက်မိလိုက်ရဲ ့။
မနက်စောစော မိုးမလင်းခင် ကော်ဖီကြမ်းတစ်ခွက်နဲ ့ တောတွင်းပျော်တစ်ယောက် တငူငူတငေါင်ငေါင်နဲ ့
လွမ်းငွေ ့တွေက တဝေဝေ။
နွဲ ့ဆို း…….
နင် အခုဘယ်မှာလဲ..
နင် ဘာတွေလုပ်နေလဲ…
နင် ဘာတွေဖြစ်နေတာလဲ….

ဒီနေ ့တောင်ပေါ်က နောက်ဆုံးလက်ကျန် သစ် ၂ ခေါက်စာကဲ ့ပြီးတာနဲ ့ဆို အခုလုပ်နေတဲ ့ သစ်လုပ်ကွက် အပြီးသတ်သွားပြီး။ ဒီလိုနောက်ဆုံးရက်မှ ထူးထူးဆန်းဆန်း ဒီလို အိပ်မက် မက်လာတော ့ ဒီနေ ့ အလုပ်အတွက် စိတ်ကလေးချင်ချင်။ အတိတ်လား၊နမိတ်လား။ အိပ်မက်က တောက်လျှောက် စိတ်ထဲဖိစီး
နေလို ့ အလုပ်ထဲဝင်ရမှာ စိတ်ကမပါချင်သလိုလို။
မနက် ၈ နာရီလောက် တောင်ထိပ်ပေါ်ရောက်သွားတော ့ အဲဒီမှာ ဖုန်းလိုင်းရတာမို ့ KL မှာနေတဲ ့ အမတော်လေးဆီကို ဖုန်းဆက်ကြည် ့လိုက်တယ်။ သူက နွဲ ့ဆိုးနဲ ့ ကျနော ့တို ့ ရဲ ့အောင်သွယ်တော်ကြီးမို ့
ကျေးဇူးရှင် အမတော်လေးဆိုပြီး နာမည်ပြောင်ခေါ်တာ။ သူနဲ ့ နွဲ ့ဆိုးက ကျောင်းဆရာမ အတူလုပ်ဖက်၊
နွဲ ့ဆိုးက ကျောင်းဆရာမကတဆင် ့ သူနာပြုအောင်ပြီး သူနာပြုဆရာမဖြစ်သွားပြီး အမတော်လေးက
ကျောင်းဆရာမကတဆင် ့ ဂျီတီအိုင်အောင်ပြီး မြန်မာပြည်မှာ အလုပ်မရနိုင်လို ့ မလေးရှားမှာရှိတဲ ့ သူ ့မောင်တွေဆီ လွင် ့လာတာ။
ဖုန်းကတော်တော်နဲ ့ မကိုင်။ ကိုင်မယ် ့ကိုင်တော ့လည်း…
“ဘာကိစ္စလည်း တောကောင်၊ ဒီအချိန် ငါ ့အိပ်ချိန်ဆိုတာ နင်မသိဘူးလား။ ပြောစရာရှိတာ မြန်မြန်ပြော”
သူ ့လေသံကဘုဆတ်ဆတ်။
“အေးပါကွာ၊ သိပါတယ် ခင်ဗျာ…။ ညက ငါမက်ခဲ ့တဲ ့ အိပ်မက်အကြာင်း နင် ့ကို ပြောပြချင်လို ့ပါဟ။”
“အမလေး..လေး! တောတွင်းပျော်ရယ် နင် ့ရဲ ့ သွေးလေခြောက်တဲ ့ ပေါက်ကရအိပ်မက်အကြောင်း နားထောင်ရမယ်လို ့။ ငါ အတိတ်ကောက်ပြီး ချဲထိုးပေးရမှာလား။” အမတော်လေးရဲ ့ လေသံကခနဲ ့တဲ ့တဲ ့။
“နင်၊ စိတ်လောမကြီးနဲ ့အုံးလေး။ ငါပြောတာကို ဆုံးအောင်နားထောင်ပေးအုံး။ ငါ နွဲ ့ဆိုးကို အိပ်မက် မက်
တယ်ဟ။”
“ဒါများ… နင်သူ ့ကို စိတ်စွဲနေလို ့ပေါ ့။ အဆန်းလုပ်လို ့။”
“ဒီလိုတော ့ မဟုတ်သေးဘူးလေ! ငါ သူ ့ကို ဒီလိုမျိုးတစ်ခါမှ မမက်ဖူးဘူး။”
“ဒါဆိုလည်း သူနင် ့ကို သတိရလို ့၊ ဟုတ်ပြီလား။ ကျေနပ်ပြီးလား။ တော်ပြီ၊ တော်ပြီ ။ ငါ ့မှာ အိပ်ရေးပျက်ခံပြီး သူများ အိပ်မက် နားထောင်နေရတယ်လို ့တော်။”
အမတော်လေးနဲ ့ စကားပြောရတာ လက်ပေါက်ကတ်လိုက်တာ။ သူ ့အိပ်ချိန်ကို အနှောက်အယှက်ပေးမိလို ့
အမတော်လေး တော်တော် စိတ်တိုနေတယ်။ ကျနော်လည်း ကျနော ့ကို စကားကောင်းကောင်း ပြန်မပြောတဲ ့
အမတော်လေးကို စိတ်တိုနေတယ်။
“ နင်ကလည်းဟာ၊ သူနဲ ့ပတ်သက်ပြီး ရင်ဖွင် ့ပြောရမယ်သူဆိုလို ့ နင်တစ်ယောက်ပဲရှိတာ။ ဒါလေးတောင်မှ နားလည်းမှုမပေးနိုင်ဘူး။ နင် လင်ရရင် အသက်ကြီးကြီး တစ်ခုလတ်၊မုဆိုးဖိုနဲ ့ရ ပါစေ။”
“ နင် ့အပူ တစ်ပြားမှ မပါဘူး တောကောင်၊ နောက်မှ နင် ့ကိုကောင်းကောင်းပြန်နွှာရမယ်။ အခု ငါအိပ်ချင်တယ်။” အမတော်လေးဆီက ဖုန်းပိတ်လိုက်တယ်။

သစ်တင်ပြီးတာနဲ ့ တောင်ထိပ်ပေါ်ကနေကားကို ခါတိုင်းထက် ပိုသတိထား ဂရုစိုက်ထိန်းရင်း တဖြည်းဖြည်းချင်း
ဆင်းချလိုက်တယ်။ တောင်ထိပ်ဆိုတာက ဒီမန ္တလေးဂေဇက်မှာ တင်ခဲ ့ဖူးတဲ ့ အောက်ချင်းငှက်ပုံတွေရိုက်ခဲ ့တဲ ့တောင်။ တချို ့နေရာတွေမှာ ၃၅ ဒီဂရီ၊ ၄ဝ ဒီဂရီ လောက်နီးနီး ဇောက်ထိုးဆင်းရတဲ ့ အရှည် ၃ ကီလိုမီတာလောက်ရှိတဲ ့ အဆင်းရှည်ကြီး။ ကားတွေက တောလမ်းကြမ်းမှာ သစ်တင်ဖို ့ Modified ဆင်ထားတာမို ့ ဒီလိုလမ်းတွေမှာ သွားနိုင်တာ။ ဘရိတ်ဒရမ်ကို ရေနိုင်နိုင်ဖြန်းရင်း သတိထားမောင်းနေရင်းက
မနက်စောစော မက်ခဲ ့တဲ ့ အိပ်မက်က ခေါင်းထဲ တစ်ချက်စ်ချက်ဝင်လာပြီး
ရင်တဖိုဖိုဖြစ်နေရသေး။ ဒုတိယအခေါက် သစ်ချကွင်းအရောက် သစ်ချပြီးတော ့မှပဲ စိတ်ကဒုန်းဒုန်းချနိုင်တော ့တယ်။ အိပ်မက်ကြောင် ့၊ လမ်းကြမ်းကြောင် ့ လေးလံနေတဲ ့စိတ်တွေ အခုမှပဲ ပေါ ့သွားတော ့တယ်။ တကယ်တော ့ အိပ်မက်က သာမန်အိပ်မက်ပါလား။ ကိုယ် ့ဘာသာ အတွေးလွန်ပြိီး အစိုးရိမ်ကြီးနေခဲ ့တာ။

သစ်ဆိုဒ်ကုန်သွားပြီ။ ကားကို checking လုပ်၊ ပြင်သင် ့သာပြင်။ နောက်စခန်းမှာရှိတဲ ့ သစ်ဆွဲ bull dozer
သစ်တင် excavator , loader တွေ စစ်ဆေးပြီး ပြင်ရမယ် ့ဟာတွေ သူဋ္ဌေးကိုပြောပြခဲ ့ပြီး နောက် ၁ဝ ရက်လောက်အကြာမှာ KL ကို ဆင်းဖို ့ Kuantan ကိုထွက်ခဲ ့တယ်။ မွန်းလွဲ ၂နာရီ kuantan bus terminal
က စအထွက် KL က အမတော်လေးဆီ ဖုန်းကနေ စာကြောင်းတိုလေး ပို ့လိုက်တယ် ။
“ ငါတောထဲက ထွက်လာပြီ”
ချက်ချင်းပဲ…
“ ငါ ့ကို Ph call ပါ” အမတော်လေးဆီက စာပြန်ဝင်လာတယ်။ ဖုန်းခေါ်လိုက်တော ့…
“ တောတွင်းပျော် နင် ့ကို ပြောစရာရှိတယ်။ နင် ့ကောင်မလေး ဆုံးသွားပြီဟ!” ရုတ်တရက်ကြီး ဆိုင် းမဆင် ့
ဗုံမဆင် ့။ နွေခေါင်ခေါင်ကြီးမှာ ရုတ်တရက် မိုးကြိုးပစ်ထည် ့လိုက်သလို။
“နေစမ်းပါအုံး၊ ငါ ့ကောင်မလေးဆိုတာ ဘယ်တစ်ယောက်လည်းဟ! နင် ့လေသံကြီးက ဝမ်းသာအားရ လေသံ
ကြီးနဲ ့”
“တော်စမ်း… တောတွင်းပျော်၊ ဘယ်တစ်ယောက်လဲ ဟုတ်လား..
ငါ ့ကိုအထင်ကြီးအောင် ပြောမနေစမ်းနဲ ့။ နင် ့အကြောင်း ငါကောင်းကောင်းသိတယ်။ ဘယ်တစ်ယောက်လဲ
ဟုတ်လား… သိချင်လား..။ နွဲ ့ဆိုးဟဲ ့ နင် ့ရဲ ့အချစ်ဦးနွဲ ့ဆိုး၊ နင် ့ရဲ ့အသည်းလေးနွဲ ့ဆိုး…
သိပြီလား။ ဘာအစွမ်းအစမှ မရှိတဲ ့ နင် ့လိုကောင်ကများ ငါ ့ အထင်ကြီးအောင်လို ့။ ဟား..ဟ
ရီချင်တယ်။ နွဲ ့ဆိုးတောင် ငါ အောင်သွယ်ကောင်းလို ့ နင်တို ့အဆင်ပြေသွားတာဟဲ ့။ အမတော်လးပြောနေတာကလည်း ဟုတ်တုတ်တုတ်မို ့ ငြိမ်ခံနေလိုက်တယ်။ အမတော်လေးဆီက ပိဿာလေး
ဘေးပစ် စကားလုံးတွေက ဆက်တိုက်ထွက်လာလိုက်တာ တောတွင်းပျော်တစ်ယောက် ရစရာတစ်စက်မှ
မကျန်တော ့လောက်အောင်။ တလောက သူ ့အိပ်ချိန်ကို တောတွင်းပျော်တစ်ယောက် အလိုက်ကန်းဆိုးမသိ
ဖုန်းနဲ ့သွားနိုးပြီး အိ်ပ်မက်အကြောင်းနားထောင်ခိုင်မိလို ့ နင် ့ကိုကောင်းကောင်းပြန်နွှာမယ်ပြောခဲ ့တာ အငြိုးနဲ ့များ ပြန်တွယ်နေရော ့သလား။
အမတော်လေး ပြောနေတာကို ကြားတစ်ချက်၊ မကြားတစ်ချက်နဲ ့ အာရုံထဲမှာတော ့ ရွှင်ရွှင်ပျပျရယ်မောနေတဲ ့
နွဲ ့ဆိုးမျက်နှာလေးကို မြင်ယောင်နေတယ်။ အတောမသတ်နိုင်တဲ ့ အမတော်လေးရဲ ့ စကားကိုအတင်းလုဖြတ်ပြီး
“နင်ကလည်းကွာ၊ နွဲ ့ဆိုးဆုံးသွားတာ ဟုတ်ပါ ့မလားကွာ၊ မဖြစ်နိုင်ပါဘူး။ နင် ဘယ်အပေါက်က ကြားလာရတာလည်း။ နွဲ ့ဆိုး အရွယ်က သေရမယ် ့ အရွယ်မှ မဟုတ်သေးတာ။ လတ်လတ်ဆတ်ဆတ်ကြီးပဲ
ရှိနေသေးတာ”
“နင်အတွက် ငါ တကယ်စိတ်မကောင်းပါဘူးဟာ တောတွင်းပျော်။ တစ်နေ ့က ငါ ့အမ မွန်မွန်ခိုင်ဆီက မေးလ်
ရတာ”
မွန်မွန်ခိုင်ဆိုတာက စာပေဆိုင် နာမည်လေးတစ်ခုပါ။ အမတော်လေးရဲ ့ အမက ကုန်စုံဆိုင်လေးနဲ ့တွဲပြီး မွန်မွန်ခိုင်စာပေလေး ဖွင် ့ထားတာ။ ကျနော်တို ့ကတော ့ မွန်မွန်ခိုင်စာပေလို ့ မခေါ်ဘဲ ကုန်မျိုးစုံစာပေ လို ့ပဲ
ခေါ်တယ်။ နောက်ပြီး ဒီစာပေလေးက ကျနော်နဲ ့ နွဲ ့ဆိုးရဲ ့စာပေးစာယူရာ အချစ်စာတိုက်လေး…..
သူ ့အမ မွန်မွန်ခိုင်ဆီကဆိုတော ့ ရုတ်ချည်းဆိုသလို တောတွင်းပျော်တစ်ကိုယ်လုံး ပျော ့ခွေညွှတ်ကျသွားချင်သလို။ ဒါဆို နွဲ ့ဆိုးတစ်ယောက်ဆုံးသွားတာသေချာပြီပေါ ့။
အမှန်တရားက တကယ်ဖြစ်ခဲ ့ပြီပဲကိုး။ အတွင်းစိတ်ကတော ့ ဒါကို ဘယ်လိုမှ လက်ခံယုံကြည်လို ့မရသေး။
“ အမတော်လေး…နင် ငါ့ ကို နောက်နေတာမဟုတ်ပါဘူးနော်။ ငါဘယ်လိုမှ မယုံနိုင်ဘူး။
သူသေရမယ် ့အရွယ် မဟုတ်သေးဘူးလေ အမတော်လေးရဲ ့”
ကျနော ့စကားသံတွေက ငိုသံစွက်လာတယ်။
“ တောတွင်းပျော်ရယ်၊ ငါလည်း အစက ဘယ်လိုမှ မယုံနိုင်ခဲ ့ဘူး။ သူနဲ ့ငါက အချိန်အများကြီး အတူတူ
အလုပ်၊ လုပ်လာခဲ ့တာ။ ငါသူ ့အပေါ်ထားတဲ ့ သံယောဇဉ်က သူငယ်ချင်းတစ်ယောက်ထက် ညီမလေးတစ်ယောက်လို ချစ်ခဲ ့တာ။ သူဆုံးသွားတာ ငါလည်း အရမ်းခံစားရတယ်။ အခု သူငါတို ့ကို
ထားခဲ ့ပြီ။ သူမရှိတော ့ဘူး တောတွင်းပျော်ရဲ ့”
ပြောနေရင်း အမတော်လေးဆီက ငိုသံတွေထွက်လာတယ်။
“နေအုံး၊ နေအုံး မငိုပါနဲ ့အုံး အမတော်လေးရဲ ့။ တကယ်ဆို ငါက စပြီးငိုရမှာလေကွာ။ အခု နင်ကစပြီး…”
“ တောကောင်…ဘာလို ့ ငါ့ ကို ဝမ်းသာအားရလေသံကြီးန ဲ့ လု ့ိ ပြောရတာလည်း။ နင် ဒီလိုပြောတော ့ ငါ
အရမ်း ဝမ်းနည်းတာပေါ ့။ ငါ ့မှာလည်း သူငယ်ချင်းညီမလေးတစ်ယောက်လုံး ဆုံးသွားရတာ။”
“ အေးပါကွာ.. ငါတောင်းပန်ပါတယ်နော်..
ဒါနဲ ့ အကျိုးအကြောင်းလေး ဘာလေးပြောပြအုံးလေ။ သူဘယ်တုန်းကဆုံးတာလည်း။ ကြာပြီလားဟင်။”
“လွန်ခဲ ့တဲ ့တစ်ပတ်ကျေ ာ်… ခဏ၊ ငါစဉ်းစားကြည် ့လိုက်အုံးမယ်။ ဟယ်… ထူးဆန်းလိုက်တာ တောတွင်းပျော်။ ဒါတိုက်ဆိုက်တာ မဟုတ်လောက်ဘူး။ သူဆုံးသွားတာ နင် ငါ့ ဆီကို နွဲ ့ဆိုးကို အိပ်မက်
မက်တဲ ့ အကြောင်းပြောတဲ ့ ရက်ပိုင်းလောက်ကပဲ။ ဒါ.. ဒါဆို နွဲ ့ဆိုး သူသွားတော ့မယ် ့ အကြောင်း
နင် ့ကိုလာသတိပေး နှုတ်ဆက်သွားဖြစ်မယ်။ သေချာတယ်… သူ နင် ့ကိုလာနှုတ်ဆက်သွားတာ။
သူ နင် ့ကို သူ ့ရဲ ့ နောက်ဆုံးအချိန်လေးမှာတောင် သတိတရရှိနေခဲ ့တာ။ ငါ အံ့ဩလိုက်တာ တောတွင်းပျော်ရယ်။”
အမတော်လေး ပြောနေပုံက အလောတကြီးနဲ ့ စိတ်လည်းတော်တော် လှုပ်ရှားသလိုပဲ။ ကျနော်လည်း မျက်ရည် တတွေတွေကျလာတယ်။
“သူကသာ နင် ့ကို သူနောက်ဆုံးချိန်လေးမှာတောင် သတိတရရှိနေခဲ ့တာ၊ နင်ကတော ့ နင်စိတ်ထဲမှာ
နွဲ ့ဆိုးတစ်ယောက်ဆိုတာရှိသေးရဲ ့လား… နင် သူ ့ကို မေ ့ထားလိုက်ပြီ မဟုတ်လား တောတွင်းပျော်ရဲ ့”
ဖြစ်ရပြန်ပြီ။ အမတော်လေးရဲ ့ မြားဦးတွေက နောက်ဆုံးတော ့ တောတွင်းပျော်ဆီကိုပဲ ပြန်ပြန်ရောက်လာတယ်။ သူလည်း သူ ့ညီမတော်လေးအတွက် တော်တော်လေး မချိတင်ကဲ ခံစားနေပုံပဲ။
“ ငါ နွဲ ့ဆိုးကို သတိမရဘဲရှိပါ ့မလား အမတော်လေးရယ်။ ငါ သူ ့ကို အမြဲသတိရပါတယ်ဟာ။ ငါ သူ ့ကို သတိရလေတိုင်း ငါကြေကွဲနေရတာ နင်လည်းသိပါတယ် အမတော်လေး။”
ကျနေတဲ ့ မျက်ရည်တွေကို သုတ်လိုက်ပြီး bus အပြင်ဖက်က တရိပ်ရိပ်ကျန်ခဲ ့တဲ ့ မြင်ကွင်းတွေကို အဓိပ္ပါယ်မဲ ့ ငေးကြည် ့ နေလိုက်မိတယ်။

နွဲ ့ဆိုး…
မောင်နှမ ၃ ယောက်ထဲက သမီးထွေးလေး။ ကျနော ့ထက် ၁ နှစ်ငယ်ပေမယ် ့ တခါတခါ ဆရာမကြီးတစ်ယောက်လို ကျနော ့ကို အနိုင်ကျင် ့တတ်ပြီး တခါတခါကျပြန်တော ့လည်း အကိုကြီးတစ်ယောက်လို ရိုရိုသေသေ ဆက်ဆံတတ်တဲ ့ နွဲ ့ဆိုး။
တခါက သူ ့အမေရဲ ့ ပုခုံးကို ခပ်ပြုံးပြုံးနဲ ့ ပြေးဖက်၊ ကျနော ့ဖက်ကိုလှည် ့ပြီး
“ အမေ၊ သူက သမီးရဲ ့ ချစ်သူလေ” ဆိုပြီး ခပ်ပြောင်ပြောင် ဖွင် ့ချပြောပြီး မိတ်ဆက်ပေးလိုက်တဲ ့ နွဲ ့ဆို း။
ကျနော ့မှာ အရှင်လတ်လတ်မြေမြိုခံချင်လိုက်ရအောင် မျက်နှာထားစရာမရှိအောင် ရှက်နေတဲ ့အဖြစ်ကို သူတို ့ သားအမိကကြည် ့ပြီး ရီနေကြသေးတယ်။ တော်ပါသေးရဲ ့ သူ ့အမေနဲ ့ ရင်းနှီးနေလို ့။ စိတ်ထဲမယ် ဘာမှချန်မထား ကလေးလေးတစ်ယောက်လို ပွင့်ပွင် ့လင်းလင်းပြောဆိုတတ်တဲ ့ နွဲ ့ဆို း….
အခု သူမရှိတော ့ဘူးတဲ ့…
သူဆုံးသွားပြီတဲ ့….
ကျနော ့တစ်ကိုယ်လုံး ချက်ချင်း အခိုးအငွေ ့ဖြစ်ပြီး အစအနမကျန်အောင် လွင် ့ပျောက်သွားချင်လိုက်ရဲ ့။
အသက်ရှင်ကျန်နေတာက ဘာအဓိပ္ပါယ်မှ မရှိတော ့သလိုပါလား…….
ပတ်ဝန်းကျင်မှာ ကျနော်တစ်ယောက်တည်းရှိနေရင် စိတ်ရှိလက်ရှိ ပေါက်ကွဲငိုချလိုက်ချင်တယ်။ စိတ်ထိန်းချုပ်ထားရတာ မွန်းကျပ်လွန်းလှပါတယ်ဗျာ……

ဖုန်းထဲက အမတော်လေးရဲ ့အသံက ဝင်လာတယ်။
“ တောတွင်းပျော်၊ နင် ငိုနေတာလား.. နင် ့ကိုယ် နင် သတိထားထိန်းအုံးနော်… KL ရောက်ရင် ငါ ့ဆီကို လာလည်အုံး”
“ ဟ! ဒီလောက် လူအပြည် ့နဲ ့ ကားထဲ တရှုံ ့ရှုံ ့နဲ ့ငါငိုလို ့ဖြစ်ပါ ့မလား။ စိတ်ချပါ .. ငါ ့ကိုယ်ငါ ထိန်းနိုင်ပါတယ်။”
“အေး..အေး..။
ဒါဆိုလည်း ငါ နင် ့ကို စိတ်ချလိုက်မယ်။ တော်ကြာ နင် စိတ်မထိန်းနိုင် လုပ်ချင်တာ လျှောက်လုပ်နေမှာစိုးလို ့။
နွဲ ့ဆိုးက သူတာဝန်ကျတဲ ့ ရွာမှာ အလုပ်၊လုပ်နေရင်းက နေမကောင်းလို ့ သူ ့အိမ်အပြန် လမ်းတဝက်မှာဆုံးသွားတာ။ သူ ့ကိုတော ့ သူ ့မြို ့မှာပဲ သင်္ဂြုလ်လိုက်ပြီးပြီ။ ဒါ ငါ ့အမဆီက သိရသလောက်ပါ။
နောက်ထပ် ငါစုံစမ်းနေတုန်းပါ။ KL ရောက်ရင် ငါ ့ဆီကို ်လာဖြစ်အောင် လာခဲ ့။ ကြားသလား တောတွင်းပျော်”
“အေးပါဟာ အမတော်လေးရာ။ ငါငိုချင်တယ်ကွာ…
ငါရောက်လာရင် နင် ဘီယာ ၆ ဗူး လောက်ဝယ်ထားပေးပါလား”
“ဘီယာ ၆ ဗူး..!” အမတော်လေးရဲ ့ လေသံကမြင် ့တက်သွားတယ်။
“ ဘာလဲ.. နင်က ဘီယာမူးပြီး ခံစားချက်တွေ မေ ့လိုက်မယ်ပေါ ့ ဟုတ်လား။ နင် မူးလို ့ အိပ်ပျော်သွားချိန်
လောက်မှာသာ မေ ့လို ့ရပေမယ် ့ နင်နိုးနေတဲ ့အချိန်မှာ ဒါကိုပဲ သတိရနေပြီး ပြန်ခံစားနေရမှာပဲ။ သောက်နေလို ့ကော ဘာထူးမှာလဲ တောတွင်းပျော်။”
“နင်ပြောတာတွေ မဟုတ်သေးဘူး အမတော်၊ ငါက ဘီယာမူးပြီး ခံစားချက်အပြည် ့နဲ ့ ငိုချင်လို ့”
“ဘာ..! ခံစားချက်အပြည် ့နဲ ့ ငိုချင်လို ့ ဟုတ်လား။ နင် ့ငိုသံကြီးကို နားထောင်ဖို ့ ငါက ဘီယာဝယ်တိုက်
ရအုံးမယ်.. ဟုတ်လား…”
“ဟုတ်ကဲ ့”
“တော်စမ်း၊ တောတွင်းပျော်… နင် ့ ကျက်သရေမရှိတဲ ့ ငိုသံပြဲကြီးကိုလည်း နားမထောင်နိုင်ဘူး။ ဘီယာလည်း
ဝယ်မတိုက်နိုင်ဘူး။ ငါ ့ဆီကိုလည်း မလာနဲ ့တော ့။” အမတော်လေး တော်တော်လေးကို တရှူးရှူးရှဲရှဲဖြစ်နေတယ်။
“နင် ငါ ကို မသနားဘူးလားဟာ.. ငါ ့မှာ ငယ်ချစ်ဦးတစ်ယောက်လုံး ဆုံးသွားတာ။ ဘီယာမတိုက်နိုင်ရင်လည်း
မတိုက်ခိုင်းတော ့ပါဘူး။ စိတ်မဆိုးပါနဲ ့တော ့နော်။.. ဟုတ်ပြီလား။”
အမတော်လေးဆီက အတော်ကြာတိတ်နေပြီး နောက်မှ လေသံပြေပြေနဲ ့
“ ကောင်းပြီလေ! နင်စကားပြောရင် ကောင်းကောင်းပြော။ ငါစိတ်ကို လာ လာ မဆွနဲ ့”
“အေးပါ၊ အေးပါ.. ငါအကောင်းပြောပါ ့မယ် ။ဒါနဲ ့.. နင် ့ကို နွဲ ့ဆိုးနဲ ့ပတ်သက်ပြီး အကူအညီတစ်ခုလောက်တောင်းချင်လို ့ပါ။” ကျနော ့ရဲ ့ အက်တက်တက်လေသံကြောင် ့ ကျနော် အတော်လေး ခံစားနေရတာရိပ်မိသွားပြီး ချက်ချင်းပဲ..
“ ငါ ဘာကူညီပေးရမလဲတောတွင်းပျော်၊ အခုချိန်မှာ ဘာမှလုပ်လို ့ မရတော ့ဘူး။ သူရှိတဲ ့ နေရာနဲ ့ ငါတို ့က
အဝေးကြီးမှာ။ ငါ ့အနေနဲ ့ သူ ့နာရေးသတင်း ဆက်စုံစမ်းပေးဖို ့ပဲ တတ်နိုင်တယ်။”
“ နင် ့ကိုလည်း ဒုက္ခမပေးချင်ပါဘူး အမတော်လေး ။ နွဲ ့ဆိုးတစ်ယောက် သူ ့နောက်ဆုံးအချိန်လေးမှာ ငါ ့ကို သတိတရ လာနှုတ်ဆက်သွားတာကို တွေးပြီး ငါ အရမ်းစိတ်ထိခိုက်ရတယ်ဟာ။ သူလာနှုတ်ဆက်သွားတာကို
ငါမသိခဲ ့ဘူး။ အိပ်မက်ထဲမှာ သူပြောတာကိုပဲ နားထောင်နေခဲ ့ပြီး စကားတစ်ခွန်းမှ သူ ့ကို ပြန်မပြောခဲ့မိဘူးကွာ။ သူ ငါ ့ဆီက စကားတစ်ခွန်းခွန်းတော ့ ကြားချင်နေခဲ ့မှာ။ ဒါကို တွေးလေ၊ တွေးလေ ငါ ပိုပြီး ယူကျူံးမရဖြစ်ရလေပဲ။ တကယ်ဆို ငါ သူ ့ကို တစ်ခုခုတော ့ ပြန်ပြောရမှာ။”
“ ဒါကတော ့ အိပ်မက်ပဲလေ တောတွင်းပျော်။ ဒီလိုဖြစ်လာခဲ ့လိမ် ့မယ်လို ့ နင်လည်းကြိုသိခဲ ့တာမှ မဟုတ်ဘဲ။
နင် ့ ခံစားချက်ကို ငါနားလည်ပါတယ်။ဒါပေမယ် ့ ပြန်မပြောခဲ ့တာကိုတော ့ နောင်တ တစ်ခုလို မခံစားစေချင်ဘူး။ အိပ်မက်ကို လက်တွေ ့တစ်ခုလို သဘောထားနေရင်တော ့ နင်ပဲ အရမ်းပင်ပန်းနေရလိမ့်မယ်။ နင်စိတ်ဖြေလိုက်စမ်းပါ သူငယ်ချင်းရာ။ နင်စိတ်ချမ်းချမ်းသာချမ်းသာဖြစ်နေတာ ငါမြင်ချင်တယ်။ ပြော…… ငါနင် ့ကို ဘယ်လို ကူညီပေးရမလဲ..။”
ကျနော် အမတော်လေးကို ဘယ်လိုပြောရမလဲ။ တကယ်တန်း သူက အကူအညီပေးလာမယ်ဆိုတော ့
ဘာတောင်းရမှန်းမသိတော ့။ ခုနက စိတ်တွေကထွေပြားနေပြီး အားကိုးမြင်ရာ ကောက်ရိုးမျှင်တစ်ခုလို
ပြောမိပြောရာ ပြောခဲ ့မိတာ။ အခုချိန်မှ ဘာမှမပြောတော ့ပြန်ရင်လည်း အမတော်လေး စိတ်က…
“ဒီလိုပါဟာ၊ တကယ်လို ့များ နင်သွားရင်း လာရင်းနဲ ့ နွဲ ့ဆိုးရှိတဲ ့နေရာ လမ်းကြုံလို ့များ ရောက်ခဲ ့ရင် ပေါ ့လေ
ငါ ချစ်တဲ ့ နွဲ ့ဆိုးလေးကို ပြောပြပေးလိုက်ပါဟာ။ သူ ့ကို ချစ်တဲ ့ တောတွင်းပျော်တစ်ယောက် တောတွင်း တစ်နေရာကနေ သူ ့ကို
လွမ်းဆွတ် သတိရ
ဝမ်းနည်း ကြေကွဲ
တမ်းတ တ တ”
ကျနော ့စကားတောင် မဆုံးလိုက်သေး။ အမတော်လေးဆီက
“တော်စမ်း”
ပြင်းထန်လှတဲ ့ ပေါက်ကွဲသံတစ်ခုက ဖုန်းစပီကာ ကနေတဆင် ့ နားစည်ပြင်ကို အရှိန်ပြင်းပြင်းနဲ ့ လွင် ့စင် ရိုက်ခတ်လာတယ်။ ကျနော်ပြောနေတာကို အစကငြိမ်နားထောင်နေပြီးမှ နောက်မှ သဘောပေါက်သွားဟန်တူတယ်။
“နင် ့ရဲ ့ ရူးကြောင်ကြောင်ခံစားချက် ကဗျာစာသားတွေ ရွက်ပြဖို ့၊ ငါက နွဲ ့ဆိုးဆီ သွားရမယ်ဟုတ်လား။
ငါမသေနိုင်သေးဘူး တောတွင်းပျော်…
ဒီလောက်တောင် ခံစားပြချင်နေရင် နင်ကိုယ်တိုင် နွဲ ့ဆိုးဆီလိုက်သွားပြီး ရွက်ပြ။ မဆီမဆိုင် ငါ ့ကို သေခိုင်းမနေနဲ ့။ နေနှင် ့အုံး… ဒီတစ်ခါ နင် ့ကိုတွေ ့လို ့ကတော ့ အရှင်လတ်လတ် အရေခွံဆုတ်ပြီး ဆားနယ်ပစ်လိုက်မယ်။” အမတော်လေးဆီက စက်သေနတ်အတွဲလိုက်ပစ်သံတွေ တရစပ်ထွက်လာပြန်ပြီ။
“နင်ကလည်းကွာ… ဒေါသကြီးလိုက်တာ၊ သူငယ်ချင်း အချင်းချင်းမို ့ အကူအညီတောင်းကြည် ့တာပါ”
ကမန်းကတန်းပြောပြီး ဖုန်းပိတ်ချလိုက်တယ်။ ဟိုတဖက်မှာတော ့ အမတော်လေး ဒေါထွက်ပြီး ပွစိပွစိ ဖြစ်ကျန်နေခဲ ့မှာ။ သေခြင်းတရားကို စကားလေးးတစ်ခွန်းနဲ ့ မိတ်ဆက်ပေးမိလို ့ တီကိုဆားတို ့မိသလို
သူ ့မှာ တဆတ်ဆတ်။ အင်း…! သူက အိမ်ထောင်တောင်မှ မပြုရသေးတာ။

လူ ့လောကကြီးမှာ နွဲ ့ဆိုးတစ်ယောက် မရှိတော ့ပါ။ နွဲ ့ဆိုးတစ်ယောက် ကျနော ့ကို လာနှုတ်ဆက်ပြီး ခရီးဝေးကြီးကိုထွက်သွားနှင် ့ပြီး။ ဒီခရီး ဘယ်လောက်ဝေးမယ် ကျနော် မခန် ့မှန်းနိုင်။ သေချာတာကတော ့
သူဘယ်တော ့မှ ပြန်လာတော ့မှာ မဟုတ်တော ့ပါ။

ကျနော် နွဲ ့ဆိုးတို ့ရှိရာအရပ်ကနေ ရေကြည်ရာ မြက်နုရာပြောင်း၊ အမေတို ့ရွာကိုရောက်တော ့ ကျန်ခဲ ့တဲ ့
နွဲ ့ဆိုးကို အဆက်အသွယ်ပြန်မလုပ်နိုင်ခဲ ့တော ့။ အဲဒီအချိန်က ခုလို ဖုန်းတွေလှိုင်လှိုင်မပေါ်သေး။ အင်တာနက်ဆိုတာကလည်း ထူးဆန်းတဲ ့နတ်ကဝေတစ်ပါးလို မြင်နေရတုန်း။ ကျနော်လည်း ထိုင်းဖက်ရောက်လိုက်၊ မလေးဖက်ရောက်လိုက်။ ပင်လယ်ထဲဆင်းလိုက်၊ ကုန်းပေါ်တက်လိုက်နဲ ့
ဝမ်းရေးအတွက ်ရုန်းကန်နေရတာမို ့ နွဲ ့ဆိုးကို လွမ်းဆွတ်သတိရရုံကလွဲပြီး အဆက်အသွယ်မလုပ်နိုင်ခဲ ့။
ဒီလိုနဲ ့ အချိန်တွေကြာလာတော ့လည်း နွဲ ့ဆိုးတစ်ယောက် ဒီချိန်ဆို ချစ်သူအသစ်တစ်ယောက်ယောက်တော ့
ရှိနေလောက်ရောပေါ ့ ဆိုတဲ ့အတွေးက ရင်နာနာနဲ ့ဝင်လာတယ်။ နောက်ပိုင်း ဖုန်း၊အင်တာနက်တွေ အားကောင်းလာတော ့ သူငယ်ချင်းဟောင်းတွေနဲ ့ အဆက်အသွယ်တွေပြန်ရပြီး ကြားလိုက်ရတာကတော ့
နွဲ ့ဆိုးတစ်ယောက် အိမ်ထောင်ကျသွားပြီတဲ ့လေ။
ဘာများတတ်နိုင်အုံးမှာလဲ…။ ဘယ်သူ ့ကိုများ အပြစ်ပုံချရမှာလဲ….
ကိုယ် ့ကြမ္မာက ဒီလိုဖြစ်ဖို ့ဖန်လာခဲ ့တာပဲ။
ကာမပိုင်လင်ရှိနေပြီဖြစ်တဲ ့ နွဲ ့ဆိုးတစ်ယောက်ကို အိမ်ထောင်သည်ဘဝမှာ ပျော်ရွှင်ချမ်းမြေ ့နိုင်ကြပါစေလို ့ အဝေးက ဆုတောင်းပေးရုံလောက်သာ တတ်နိုင်ပြီး သူငယ်ချင်းအဖြစ်နဲ ့တောင် အဆက်အသွယ်ပြန်မလုပ်တော ့ပါ။
မဆက်စပ်နိုင်တော ့တဲ ့ လက်တွေ ့ဘဝမှာ အတိတ်ကအရိပ်တွေကြောင် ့လည်း ဆက်ပြီး စိတ်မပင်ပန်းချင်တော ့။ မေ ့နိုင်အောင်သာ ကြိုးစားပြီး မေ ့လိုက်ရုံသာ။ ကျနော်ကသာ ကြိုးစားမေ ့ခဲ ့
ပေမယ် ့ နွဲ ့ဆိုးလေးကတော ့ ကျနော် ့ကို အမြဲသတိတရရှိနေခဲ ့ပုံပဲ။ သူ ့ရဲ ့နောက်ဆုံးအချိန် မြောနေချိန်လေး
မှာတောင် လာနှုတ်ဆက်ခဲ ့သေးတာ။
ဒီနှစ် ဩဂုတ် ၂ ရက် ဆို နွဲ ့ဆိုးတစ်ယောက် ကျနော ့ကို လာနှုတ်ဆက်သွားတာ ( ) နှစ်ပြည် ့တော ့မယ်။
တစ်နေ ့နေ ့၊ တစ်ချိန်ချိန် မြန်မာပြည်မှာ အေးအေးဆေးဆေးပြန်နေနိုင်တဲ ့ တစ်နေ ့ကျရင်၊ တောင်ပေါ်မြေလေးက နွဲ ့ဆိုးတစ်ယောက် ထာဝရလဲလျောင်းနေရာနားမှာ နွဲ ့ဆိုးချစ်တဲ ့ ချယ်ရီပန်းပင်လေး
သွားစိုက်ပေးရင်း ဆုတောင်းပေးလိုက်ပါအုံးမယ်။ တောတွင်းပျော်ချစ်တဲ ့ နွဲ ့ဆိုးတစ်ယောက် ကောင်းရာမွန်ရာ ဘုံဘဝမှာ
အစဉ်ပြုံးနိုင်၊ ရယ်နိုင်ပါစေသား………..

ဒီပိုစ်ရေးနေချိန်တောင်မှာ အိပ်မက်ထဲက စကားတွေအများကြီးပြောနေတဲ ့ နွဲ ့ဆိုးမျက်နှာလေးကို မြင်ယောင်မိနေတယ်။ နွဲ ့ဆိုးတစ်ယောက် ပြုံးနေ၊ ရယ်နေတယ်လေ…

ထွေးပွေ ့ရန် ဟန်ကိုချီ…..
မပြယ်သ ဒီခဏ ယဉ်စစနဲ ့
ချစ်ကြိုးတုံ ့လှယ်သည်…
ရင်ထဲမှာ မေ ့လို ့မရပြီ
( ဒီ ) အိပ်မက်လှပန်းချီ…
နွမ်းလျသူ ရင်မှာမောရပြီ။ (ရေး/ဆို၊ ဇိန်ဇမာန် )
××××××××××××××××××××××××××××××××××××××××××××××××××××××××××

ကျနော ့ရဲ ့ ဒီပိုစ်လေးကို ဖတ်မိကြတဲ ့ ဂေဇက်စာဖတ်ချစ်သူများခင်ဗျာ…..
တကယ်လို ့များ သွားရင်းလာရင်းနဲ ့ လမ်းကြုံလို ့များ ကျနော ့နွဲ ့ဆိုးလေးကို တွေ ့ခဲ ့ကြမယ်ဆိုရင်ပေါ ့…

“တော်စမ်းပါကွာ တောတွင်းပျော်…! မင်းရဲ ့ အရည်မရအဖတ်မရ အသဲကွဲဇာတ်ပျက်ကြီးကို အချိန်ကုန်ခံ၊
ငွေကုန်ခံ၊ မျက်စိအညောင်းခံ သည်းခံဖတ်ပေးတာကိုတောင်မှ အားမနာ ငါတို ့ကို နွဲ ့ဆိုးဆီကို သတင်းပေးဖို ့
ဆွဲစိနေသေးရသေးသလား၊ ဒီလို ဒေါင် ့မကျိုး အချိုးမကျတဲ ့ မင်းရဲ ့ အရေးအသားတွေကို ရပ်တန်းကရပ်လိုက်စမ်း” လို ့
ဒေါသကလေးများနဲ ့ မေတ္တာများပွားခဲ ့ကြမယ်ဆိုရင်…
ဟုတ်ကဲ ့…!
ဟုတ်ကဲ ့ပါ ခင်ဗျာ…။ ဒီပိုစ်ကို ဒီမှာတင်ပဲ ရပ်လိုက်ပါတော ့မယ်နော်။

စာရေးရတာ လက်မောသွားတဲ ့
တောတွင်းပျော်။

8 comments

  • ခင်ဇော်

    April 7, 2015 at 1:46 am

    😥
    :byee:

  • ဗုံဗုံ

    April 7, 2015 at 9:50 am

    သနားစရာနွဲ့ဆိုး 😥

  • Alinn Z

    April 7, 2015 at 10:11 am

    .ရေးတဲ့သူက လက်မောာာာ
    .ဖတ်တဲ့သူက ရင်မောာာာာ

    ရသ အရေးကောင်းးး ဖန်တီးမှု အား ကောင်းလိုက်တာ လို့ ပြောရင် လိုတောင် လိုဦးမယ်ထင့်

  • Mike

    April 7, 2015 at 11:00 am

    .ခုတလော တောတွင်းပျော် ခံစားမှုရော လက်တွေပါသွက်နေပါလား…ဇတ်လမ်းလေးက လွမ်းစရာ 😥

    • တောတွင်းပျော်

      April 7, 2015 at 8:57 pm

      တောထဲ NGO တွေ စစ်ဆေးရေးဝင်လို ့ အလုပ်ခဏနားနေတုန်း ရေးထားတာလေးတွေ
      တင်လိုက်တာ။

  • naywoon ni

    April 7, 2015 at 7:23 pm

    နွဲ့ဆိုးက ​သေသွားတာလား လင်​ယူသွားတာလား ဘာလား ညာလား ​ဝေခွဲမရ အင်​း ငါလည်​း မူးပြီ​ပြောရ​အောင်​ လက်​ဖက်​ရည်​ တစ်​ခွက်​ပဲ ​သောက်​ထားမိ​သေး 🙂
    🙂
    🙂

  • Ma Ei

    April 10, 2015 at 2:31 pm

    သေသူကို အိပ်မက်မက်ရင်
    အိပ်မက်ထဲမှာ စကားပြောရရင်
    ကောင်းမွန်ရာ ကျွတ်လွတ်သွားပြီလို့
    အယူရှိကြတယ်….

  • Mr. MarGa

    April 20, 2015 at 4:06 pm

    ဖတ်ရင်းနဲ့
    မျက်နှာကလည်း ရှုံ့ချည်နှပ်ချည်
    ခံစားချက်ကလည်း ရှုံ့ချည်နှပ်ချည်
    ရှုံ့ချည်နှပ်ချည် ဖီလင် ကို ပေးသွားပေသော စာတစ်ပုဒ်ပါပေ

Leave a Reply