Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သစ်ပင် ၊ ပန်းပင်ထဲက ဘဝတွေ

ခရေပန်းဆိုတာနဲ့ ငယ်ဘဝလေးကို ပြေးမြင်မိသလိုပါပဲ ကျွန်တော်ဟာ ခရေပန်းလေးတွေကို သိပ်ချစ်ခဲ့တယ်။ သိတတ်စ လေးနှစ်သားလောက်ကတည်းက သစ်ပင် ပန်းပင်တွေနဲ့ ရင်းနှီးခဲ့သူမို့ ကျွန်တော်ဟာ သစ်ပင် ပန်းပင်တွေကို အရမ်းချစ်တယ်။ ကျွန်တော့်ဖေဖေက ကျွန်တော်လေးနှစ်သားမှာ ဆုံးပါးခဲ့တာဆိုတော့။ အဲ့သည်တုန်းက ကျွန်တော်တို့အိမ်ရှိတဲ့ ခြံလေးဟာ ပေ(၂၀)ကျယ်တယ်။ အပင်စိုက်လို့ရအောင် ကျယ်တယ်လို့လည်း ပြောလို့ရတာပေါ့။ ကျွန်တော်က မောင်နှမငါးယောက်ထဲမှာ အငယ်ဆုံး။ အဲ့သည်တုန်းက အစ်မအလတ်က နေကြာပန်းပင်တွေစိုက်တယ်။ အစေ့ထုတ်လို့ရတဲ့ နေကြာပန်းတော့မဟုတ်ဘူး လက်တစ်ဝါးစာပွင့်တဲ့ ပန်းနေကြာတွေ တစ်ပင်မှာ တစ်ပွင့်တည်းမဟုတ်ပဲ အများကြီးပွင့်တဲ့နေကြာတွေ အရမ်းလှ အရမ်းမွှေးပေါ့။

အစ်မငယ်ကတော့ နံနံပင်တို့ မုန်လာပင်ပေါက်တို့စိုက်တယ်။ မျိုးစေ့တွေဝယ်ပြီးတော့။ တစ်အိမ်စာ တစ်နိုင်တစ်ပိုင်ပေါ့။ ကျွန်တော်တို့အိမ်က ပေ(၂၀)နှစ်ထပ်ဆိုတော့ ခြေတံရှည်အိမ်အမျိုးအစားပေါ့။ အောက်ထပ်ကတော့ တစ်ဝက်သာရှိပြီး နောက်ပိုင်းကိုတော့ ခြံခတ်ပြီး ဖေဖေရှိစဉ်တုန်းက ကြက်တွေ ၊ ဘဲတွေမွေးတယ်။ ခြံဝအပေါက်ကိုတော့ မေမေက စက္ကူပန်းပင် အဖြူနဲ့အနီကိုအုပ်မိုးပြီးစိုက်ထားတာ အရမ်းလှ။ ခြံရဲ့ ဘယ်ဘက်ထိပ်မှာ အုန်းပင်တစ်ပင် ၊ အလယ်မှာ တစ်ပင် ၊ ညာဘက်အစွန်မှာ တစ်ပင် စုစုပေါင်းသုံးပင်ရှိ တယ်။ မေမေကတော့ခွဲထားတယ် အလယ်ပင်က အုန်းသီးကအရမ်းလှလို့ ပွဲတွေအတွက်ပဲသီးသန့်သုံးတယ်။ ကျန်နှစ်ပင်က အခြားအရာတွေအတွက်သုံးတယ်။

နောက်ထပ်ထူးထူးခြားခြား အိမ်မှာ စည်ပိုင်းအပြတ်ကြီးနဲ့ စိုက်ထားတဲ့ ကန္တာရနှင်းဆီဆိုတာရှီတယ်။ အရွက်ထူထူ အပင်ကတော့ကြီးတယ်။ တစ်ပင်လုံး ဆူးကအပြည့်ပဲ။ ပန်းပွင့်က ဝိုင်းဝိုင်းနဲ့ လိမ္မော်ရောင်ရင့်ရင့် အနီရောင်ဘက်နီးပါးကူးတဲ့ အရောင်ရှိတယ်။ နေရောင်တစ်အားကြိုက်တယ် သူလည်း အများကြီးပွင့်ရင် လှမှလှ။ နောက်ပြီး ပန်းအိုးနဲ့ လေးနာရီပန်းဆိုတာလေးတွေလည်း စိုက်ထားသေးတယ်။ သူက ညနေ လေးနာရီဝန်းကျင်ဆိုပွင့်ပြီ။ ပြီးရင် ဖူးပြီးညှိုးသွားကော တစ်ရက်ပဲခံတယ် အများကြီးပွင့်တော့ လှပါတယ်။ အိမ်မှာတော့ အဖြူရယ် အဝါရယ် မရမ်းစေ့ရောင်ရယ်ရှိတယ်။ ပန်းကြွေသွားတဲ့နေရာကနေ ငရုတ်ကောင်းလိုအစေ့ကလေးထွက်လာတယ် အဲ့ဒါသူ့မျိုးစေ့ပဲ။

သစ်ပင်ပန်းပင်တွေကြောင့်လည်း ရန်ဖြစ်ရတာခဏခဏပဲ။ အိမ်ပွင့်တဲ့ပန်းတွေ ခိုးခူးတဲ့သူရှိသလို အုန်းသီးတွေကိုလည်း ခိုးခူးတဲ့သူရှိတယ်။ အမေကတော့ အေးဆေးနေသူမို့ ဘာမှမပြောပေမယ့်။ ကျွန်တော့်နဲ့ အစ်မကတော့ ပန်းတွေခိုးခူးတဲ့သူတွေ တွေ့ရင်တော့ဖြင့် ရန်ဖြစ်ကြတော့တာပဲ။

အိမ်မှာ လပြည့်ဂမုန်းဆိုတာရှိသေးတယ်။ လဝန်းဂမုန်းကသေးတယ်။ လပြည့်ဂမုန်းကတော့ အပင်ကလည်း ခတ္တာပန်းပင်လိုပဲအကြီးကြီး။ ဖူးတံထွက်ရင်လည်း ခတ္တာဖူးတံလိုပဲ။ ပွင့်ရင်တော့ ခတ္တာလို အမျှင်လေးတွေမဟုတ်ဘဲ အပြင်ရောင်ကြာပန်းလို့ အပွင့်ကြီးတွေ အခိုင်လိုက်ပွင့်တာ။ မွှေးတာမှ အီနေရော။

နောက်ဖယောင်းပန်း။ သစ်ခွနွယ်ဝင်ပေါ့။ ဖယောင်းပန်းကိုတော့ အိမ်ရဲ့ ဘယ်ဘက်အုန်းပင်မှာ ကပ်စိုက်ထားတာ။ ပွင့်ချိန်ဆိုရင်တော့ မွှေးပြီးဝေနေအောင်ပွင့်တာ။ နောက်ပြီး ကုမုဒြာကြာ သူ့ကိုတော့ ညာဘက်အုန်းပင်မှာစိုက်ထားတာ။ လရောင်ထိမှပွင့်တဲ့ကြာဆိုတော့ ညဘက်ပွင့်ပြီဆိုအရမ်းလှ။ ဘုရားတင်ချင်တယ်ဆိုရင်တော့ ညနေစောင်းကတည်းက ညဘက်ပွင့်မယ့်အဖူးတွေကို ခူးထားပြီး ဖန်ခွက်လေးနဲ့ ဘုရားတင်ထားရုံပဲ။ ညဘက်ဆိုပွင့်လာရော။

အဓိက မေမေဟာ ခရေပန်းလေးတွေကိုအရမ်းကြိုက်တယ်။ ဈေးမှာဆိုင်သွားဖွင့်လို့ ကျွန်တော်ကျောင်းပိတ်ရက်ကြုံလို့ လိုက်သွားပြီဆိုင် ခရေပန်းကုံးရောင်းတဲ့သူဆီက နှစ်ကုံးသုံးကုံးကို ခေါင်းမှာ အမြဲပန်တယ်။ ပြီးရင်သိမ်းထားတယ် သနပ်ခါးလိမ်းတဲ့အခါးရောပြီးလိမ်းတယ်။ ခရေပင်ကိုတော့ ခြံထဲဝန်းထဲ မစိုက်ကောင်းဘူး ပြောပေမယ့် အချို့အိမ်တွေမှာတော့ ခရေပင်ကို တွေ့ရလေ့ရှိပါတယ်။ အများဆုံးက ခရေပင်ကို ခြံအပြင်အဝနဲ့ ခြံပြင်ဘေးဘက်မှာစိုက်ကြတာပါ။

ဒီလိုနဲ့ ကျွန်တော်တို့နေတဲ့အိမ်လေးကိုရောင်းဖို့ဖြစ်လာတယ်။ ပတ်ဝန်းကျင်မကောင်းတာရယ် အစ်မတွေ အသက်ကြီးလာတဲ့အခါ ပတ်ဝန်းကျင်မှာ မထားချင်တာနဲ့ မေမေဟာအိမ်လေးကိုရောင်းလို်က်တယ်။ ပြီးတော့ လမ်းမတန်းနဲ့နီးတဲ့တစ်နေရာ (၁၃)ပေခွဲသာရှိတဲ့ ခြံနဲ့အိမ်ကိုဝယ်လိုက်တယ်။ ခြံကကျဉ်းသွားပေမယ့် ကျွန်တော်ကတော့ မရရအောင်အပင်တွေစိုက်ဆဲပါပဲ။ ကြက်ဟင်းခါးသီးပင်စိုက်ချင်တာနဲ့ တာယာဂွေကို အမှိုက်ပုံကကောက်။ မြေကြီးထည့်ပြီးစိုက်ခဲ့သေးတယ်။ ထူးထူးခြားခြား ငါးတန်း ခြောက်တန်းအရွယ်မှာ အိမ်က အဆင်မပြေခဲ့ဘူး။ ကျောင်းစရိတ်ကို ခရေပန်းကောက်ပြီး ရောင်းပြီးရှာခဲ့သေးတယ်။ သစ်ပင်ပန်းပင်တွေဟာ ကျွန်တော့်ဘဝမှာ အရေးပါဆုံးဖြစ်ခဲ့တယ်။ အဲသည်ထဲက ကျောင်းစားရိတ်ကို ထောက်ပံ့ပေးခဲ့တဲ့ ခရေပန်းလေး တွေဟာတော့ အဓိကပေါ့။

အခုနေတဲ့အိမ်လေးကိုတော့ ကန်ထရိုက်တွေဝင်လာတာနဲ့ တိုင်ပင်ပြီး ကန်ထရိုက်ပေးလိုက်ပြီ။ မေမေကတော့ ခြံနဲ့ပဲနေချင်တယ်ပြောတယ်။ အားလုံး ဆောက်လုပ်ပြီးသွားရင်တော့ တစ်လွှာကိုရောင်း မေမေ့ကို သန်လျင်ဘက်ခပ်လှမ်းလှမ်းပဲဖြစ်ဖြစ် ခြံလေးတစ်ခြံလောက်ဝယ်လို့ အကြံဉာဏ်ပေးထားတယ်။ ဒါမှ စိတ်ကူးထားတာလေးတွေ ပြန်လည်အကောင်အထည်ပေါ်မယ်မဟုတ်လား။ သစ်ပင်ပန်းပင်တွေနဲ့ ပတ်သက်လို့ နောက်ထပ်အမှတ်ရစရာတွေ ရေးဖြစ်ဦးမယ်လို့ တွေးရင်း။ ကျွန်တော့်ဘဝရဲ့ ခရေပန်းလေးတွေကို အမြဲတမ်း ဦးထိပ်ပန်ဆင်ထားပါတယ်လို့……..။.

 

လေးစားစွာဖြင့်

အောင်မိုးသူ

27 comments

  • Alinn Z

    April 20, 2015 at 12:07 pm

    ခရေတော့ သိပ် ရင်ထဲ မရှိ…
    ဒါမဲ့… စပယ်ပန်းတွေ မြင်တိုင်း…တခုခုတော့… ဖြစ်နေတုန်းးး

  • ခင်ဇော်

    April 20, 2015 at 12:36 pm

    ဖတ်ရတာ စိတ်ချမ်းသာတာအေ။
    ဘဝမှာ ရင် အခုန်ဆုံး အလုပ်တွေထဲ ခရေပန်းကောက်ရတာပါတယ်။
    မိုးရေ အစစ်ထဲ ကျောက်ချဉ်ထည့်ပြီး ခရေပွင့်လေးတွေ ထည့်ထားရင် လုံးဝ အဆွေးသွားဘူးးး
    အဲဒီ ဖန်ပုလင်းလေးကို ဖဲပြားချည်ပြီး လက်ဆောင်ပေးလို့ရတယ်။

    ပို့(စ) လေးဖတ်ပြီး မြင်ယောင်ပြီး ကြည်နူးတာ။
    ဒီလိုမျိုးထပ်ရေးပေးပါအေ

    :chit:

  • Mr. MarGa

    April 20, 2015 at 2:02 pm

    ခ​ရေပန်းနံ့ကို သ​ဘောကျ
    ကျောင်းမှာ မနက်စောစော ခရေပန်းကောက်​တာကို သတိရသွားပြီ……

    • အောင် မိုးသူ

      April 21, 2015 at 10:10 am

      ရွှေတိဂုံက ခရေပင်ကြီးတွေမှာ ညမအိပ်ဘဲ ကောက်ခဲ့ရတာကိုလည်း သတိရတယ်။

  • naywoon ni

    April 20, 2015 at 7:25 pm

    ခ​ရေပန်​းထက်​ ခု​လော​လောဆယ်​ တရုတ်​စကားပန်​းပဲစိတ်​ဝင်​စားတယ်​ ။ အ​ခြောက်​လှန်​းထားရင်​ ​ရောင်​းစားလို့ရတယ်​ ။ ဟိုတစ်​ရက်​က​တောင်​ ဖုန်​း​ဘေလ်​ဖိုးမရှိလို့ တစ်​ပိဿာ သွား​ရောင်​းခဲ့​ရ​သေးတယ်​ ။ 🙂

    • အောင် မိုးသူ

      April 21, 2015 at 10:14 am

      တရုတ်စကားပန်းက ဘယ်လောက်ဈေးပေါက်နေလဲဗျ။ ကျတော်တော့ မကြားမိဘူးရယ် သူကတော့ အပင်ကနေရာယူတယ်နော်။ ဒါမယ့် ကျတော်ကြိုက်တယ် အဲ့အပင်ကိုလည်း။

  • Ma Ma

    April 20, 2015 at 9:09 pm

    တရုတ်စကားပုံတစ်ခုကြားဖူးတယ်။
    တစ်ရက်ပျော်ချင်ရင် အရက်သောက်ပါ။
    တစ်နှစ်ပျော်ချင်ရင် မိန်းမယူပါ။
    တစ်သက်လုံးပျော်ချင်ရင် သစ်ပင်စိုက်ပါတဲ့။ 🙂

    • အောင် မိုးသူ

      April 21, 2015 at 10:12 am

      ဥယျာဉ်မှူးတစ်ယောက်ရဲ့ ပီတိကိုခံစားဖူးတယ်လေ။ စိတ်ချမ်းသာတယ်။

      • Ma Ma

        April 22, 2015 at 2:51 pm

        စကားပုံက တစ်လပျော်ချင် ဘာလုပ်ပါဆိုလားရှိသေးတယ်။
        မေ့နေလို့။ :kwi:

        လက်ဖြစ်တယ် အကုန်ရှင်တယ် စိုက်သမျှ…. ဆိုတာ အားကျလိုက်တာ။ :k:

        ဒါ့ထက် သစ်ခွတို့ နှင်းဆီတို့ရော စိတ်မဝင်စားဘူးလား။
        သစ်ခွခြံက နေရာလည်း သိပ်မကုန်ပဲ စီးပွားလည်း ဖြစ်သလားလို့။ 🙂

        • အောင် မိုးသူ

          April 22, 2015 at 3:25 pm

          သစ်ခွတော့ ခရေဇီပေါ့ ခုအိမ်မှာ အပင်ငါးဆယ်ကျော်လောက် စိုက်ခဲ့ဖူးတယ်။ တစ်ခါပွင့်တော့ ရောင်းစားလိုက်သေးတယ်။ နောက်ပိုင်နေရာမကောင်းတော့ အပင်တွေ ပြန်ရောင်းလိုက်ရတယ်။ နောက်ခြံရှိမှ စိုက်ဖြစ်တော့မယ်ထင်တယ်။

  • မြစပဲရိုး

    April 20, 2015 at 10:28 pm

    Post လေး က ဖတ်လို့ လှ လိုက်တာ။ :))

    အရီး တို့ လဲ ရန်ကုန် မှာ မြေရှား တာမို့ အပင်များများ မစိုက်နိုင်ပါဘူး။
    ငယ်တုန်း က နောက်ဖက် မှာ ဒန့်ဒလွန်ပင် နဲ့ ရှေ့မှာ ဇီဇဝါဖြူခြုံ ဘဲ ရှိတာ။
    အရှေ့အိမ်မှာတော့ မာလကာပင် နှစ်ပင်တောင် ရှိတယ်။ သီးတာ တစ်အားမို့ အမြဲ ရ တယ်။
    အိမ်တစ်အိမ်ကျော်မှာ သရက်ပင်ကြီးရှိတယ်၊ နောက် တစ်အိမ်မှာ ပိန္နဲပင်။
    အရင်က လမ်းထဲ မှာ အိမ်တိုင်း ရှေ့ မှာ အပင် လေး တွေ ရှိတယ်။
    တစ်ချို့ အပင်ကြီး တွေမို့ အရိပ် ရတယ်။ လမ်းက လဲ တိတ်ဆိတ်ပြီး နေလို့ ကောင်းတယ်။
    အခုတော့ လမ်းထဲ ဘာပင် တွေမှ မရှိတော့။
    အရင် တိတ်တိတ်ဆိတ်ဆိတ် လမ်း လေးလဲ ကန်ထရိုက်တိုက် ယဉ်ကျေးမှုအောက်မှာ သေဆုံး ခဲ့ပြီ။

    အဖွား ဆီသွားရင်တော့ ခြံထဲ နှင်းဆီ ပင် အပါအဝင် ပန်းပင် တွေ အများကြီး။
    စပျစ်သီး ပင် ကို စင် လေး နဲ့ လဲ စိုက်ထားတယ်။
    အနောက်ဘက် ကလဲ တောင် ရိပ် နဲ့ မို့ အေးတယ်။ သစ်ပင်ရိပ် တွေ ရှိတာ နေလို့ အရမ်းကောင်းတာ။

    အဖေ အလုပ် ပြောင်းတဲ့ မော်လမြိုင် မှာလဲ ခဏ နေဖူးတယ်။
    အိမ်နောက်မှာ အုန်းပင်တွေ အများကြီး၊ အုန်းသီး ကြွေရင် ပြေးကောက်ကြတာ။
    အိမ်ရှေ့ မှာ ပုဏ္ဍရိပ် ပင်တန်း လေး ရှိတယ်။
    ပုဏ္ဍရိပ်သီး အခူးကောင်းလို့ လက် ကို ပုတ်သင်ညို ကိုက်ခံရသေး။
    နောက်ပြီး ချဉ်ပေါင် တွေလဲ စိုက်ထားတယ်။
    သူငယ်ချင်း အိမ်မှာ စကားစိမ်း ပန်းပင် ကြီး ရှိတာ။ အရမ်းမွှေးတယ်။

    အရီး လဲ သစ်ပင်တွေ ကို တစ်အားချစ်သူပါ မောင်အောင်ရေ။
    ရွှေပြည်ထဲ သစ်ပင်တွေ အများကြီး ပြန်စိုက် ဖို့ ကောင်းနေပြီ။

    မင် မေမေ လဲ သူနေချင် တဲ့ ခြံလေး မှာ အမြန်ဆုံး ပြန်နေရပါစေ။

    • အောင် မိုးသူ

      April 21, 2015 at 10:12 am

      ခုအိမ်လေးကတော့ အပင်စိုက်ချင်လည်း တစ်ဆယ့်သုံးပေသာသာမို့ လမ်းထဲကလည်း ကန်ထရိုက်တွေများလာတာမို့ ကန်ထရိုက်ပေးလိုက်ဖို့ အကြံပေးလိုက်တာပါ။ ရတဲ့ အခန်းထဲက တစ်ခန်းကိုရောင်း သန်လျင်အစွန်ဘက်သာသာမှာ မြေကွက်တစ်ကွက် မေမေနဲ့ကျတော့်အတွက် ဝယ်ဖို့စီစဉ်ထားတယ်။

  • ဦးကျောက်ခဲ

    April 21, 2015 at 12:01 pm

    ပန်းပင်တော့ မကြိုက်ဘူး… သီးပင် စားပင်တော့ကြိုက်တယ်…
    ဒါပေသည့် မြေကြီးကိုဒုက္ခပေးလို့လားမသိ… အပင်စိုက်ရင် မဖြစ်မြောက်ဘူး…
    :k:

    • အောင် မိုးသူ

      April 21, 2015 at 12:28 pm

      အပင်ဆို အကုန်ကြိုက်တယ် ပန်းပင်ကော သီးပင်စားပင်ကော….။ ကျတော်ကတော့ လက်ဖြစ်တယ် အကုန်ရှင်တယ် စိုက်သမျှ။

  • အိုး..ခရေပန်း အရမ်းကြိုက်တာ.. ခရေတွေ့တိုင်း ကောက်ချင်တုန်း.. ပန်တာထက် ဘုရားပန်းတင်ချင်တာ…

    ခြံနဲ့အိမ်ကတော့ အိပ်မက်မက်ထားတုန်းပါပဲ… နယ်က အိမ်မှာတောင် ခြံမရှိဘူး..
    ခြံဝယ်ဖြစ်ရင် အလည်ခေါ်နော်…

    • အောင် မိုးသူ

      April 21, 2015 at 1:00 pm

      အေးဆို……..စဉ်စားထားတာတွေအများကြီး ခုကန်ထရိုင်ပေးထားတာ စာချ ုပ်တော့ချ ုပ်ထားတယ်။ ဂရန်အမည်ပေါက်ကျပြီးရင်တော့ ဆောက်ဖြစ်တော့မှာပါ။ ဆောက်ပြီးမှ ခြံလေးတစ်ခြံဝယ်မယ်။ စိတ်ကြိုက်ပြင်ဆင်မယ်။ ခရေပန်းကတော့ ကျေးဇူးရှိတဲ့ ပန်းလေးလေ။

  • ဂျက်စပဲရိုး

    April 22, 2015 at 8:12 am

    အပင်စိုက်ရတာကို အဲ့လောက် စိတ်မရှည်ပေမယ့်
    အဲလို သီးပင်စားပင်လေးတွေ မြင်ရတာကို သဘောကျတယ်။
    ရန်ကုန်မှာတော့ သမိုင်း ဘက်ကနေ ရွှေပြည်သာ ဘက်ကို ပြောင်းလိုက်တော့
    ခြံလေး နဲ့ ဖြစ်တော့ကာ မားသားကြီး တို့ အကြိုက်ပဲ
    အမိုးပေါ် သစ်ခွ တွေ စိုက်
    အောက်ကခြံထဲ စားပင်တွေ စိုက်ထားတာ
    အိမ်မှာ ဟင်းချက်ရင် အတို့ အမြှုပ်က ခြံထွက်တွေနဲ့

    ကံ့ကော်ပင်လေး ပိတောက်ပင်လေး အဲ့လိုတွေ စိုက်ပါ ဆိုတော့ “စီတ်ကူးယဉ် တဲ့ အရွယ် မဟုတ်တော့ဘူး” တဲ့ ဗြဲ
    အပင်ကြီး ကျတော့လဲ သူ့ အပင် လေးတွေ လောင်းရိပ် မိမယ် ဆိုပြီး မစိုက်

    ကိုယ်ကလဲ အမြဲ မရှိနေတော့ကာ ဝင် လက်ဆော့လို့လဲ မရ နဲ့…

    ကံ့ကော်ပင် တစ်ပင်တော့ မနည်း ပြောပြီး စိုက်ထားတယ်
    ပွင့်ပါစေ ဆုတောင်းရမှာပေါ့လေ။

    • အောင် မိုးသူ

      April 22, 2015 at 9:25 am

      ပိတောက်ပင်ကတော့ စဉ်းစားရမယ် ကြိုက်ပေမယ့် အရမ်းကြီးတယ်လေ။ ကံ့ကော်ပင်တော့ စိုက်မယ် အရမ်းကြိုက်တယ်။ သူ့ဖာသာ သရဲနေတယ် မနေဘူးပြောပြော ကံ့ကော်ပင်ကို စိုက်ဖို့ စာရင်းထဲထည့်ထားတယ်။

      • ဂျက်စပဲရိုး

        April 22, 2015 at 9:30 am

        အိမ်မှာ စိုက်ထားတာတော့ ကံ့ကော်ပု ဆိုလားပဲ
        အပင်ကြီးမျိုး မဟုတ်ဘဲ လူတစ်ရပ် သာသာလေးတွေ။
        သရက်ပင်ကိုလဲ လူတစ်ရပ်လော်ကပဲ ရှိမယ့် သရက်ပင်မျိုး တဲ့….
        ဘယ်လိုတွေလဲတော့ မသိ။
        ရှင် မှ ကြည့်ရမှာပဲ ဟီးဟီး

        • ခင်ဇော်

          April 22, 2015 at 9:35 am

          အဲဒါ လေးတွေ လည်း အပွင့်ပွင့်တယ်။
          လှတယ်။
          အမ တစ်ယောက် ရန်ကုန်မှာ စိုက်ထားတာ အရမ်းပွင့်တယ်ကော။
          ထုံးစံအတိုင်း ဓာတ်ပုံရိုက်ခဲ့သေးတယ်။
          ဟိ

        • အောင် မိုးသူ

          April 22, 2015 at 9:52 am

          ကံ့ကော်ပုလည်းရှိတယ် ပန်းရောင်ကံ့ကော်လည်းရှိတယ်။ ၁၂ရာသီကံ့ကော်လည်းရှိတယ်။ သရက်ပုမျိုးက ယိုးဒယားမျိုးတွေလေ နောက်ပြီး ကိုင်းကူးမျိုးတွေလည်း သေးသေးလေးနဲ့ သီးတယ်။

  • Mike

    April 22, 2015 at 11:27 am

    .ခုနေတာကတိုက်ခန်းဆိုတော့ မြေလွတ်မရှိပါ
    .အလွမ်းပြေ အမေ့အိမ်ပြန်မှ အပင်လေးတွေတွေ့ရတယ်

    • အောင် မိုးသူ

      April 22, 2015 at 2:22 pm

      အာသာပြေ ပန်းအိုးလေးတွေနဲ့စိုက်။ ဒါမှမဟုတ် အင်ဒိုးအပင်လေးတွေစိုက်။ း)))

  • Ma Ei

    April 22, 2015 at 2:18 pm

    အန်တီအိလဲ သစ်ပင်၊ ပန်းပင် ချစ်သူပါ…
    ခရေပင်လေးတော့ စိုက်ချင်တာနဲ့ ခြံထဲလဲမစိုက်ကောင်းဘူးဆိုတာနဲ့ ခြံရှေ့မှာစိုက်ထားတယ်…
    မနှစ်က စပွင့်တယ်လေ..ခုလဲ ပွင့်နေပြီ အဖူးတွေလဲများကြီးဘဲ …
    အပွင့်လဲကြီးတယ်…အိမ်ထဲထိ မွှေးနေတာဘဲ…
    မနက်စောစောဆိုပွင့်ကြွေတွေခြံဝမှာဖွေးနေတာ လှမှလှ…
    အရမ်းကိုစိတ်ချမ်းသာရတယ်…

    • အောင် မိုးသူ

      April 22, 2015 at 2:26 pm

      ဟုတ်တယ် တီအိရေ ခရေပင်တို့ ကံ့ကော်ပင်တို့က သရဲနေတယ်လို့ပြောကြလို့လေ။ ခြံပြင်မှာစိုက်ကြတာ များတယ်။ ခြံထဲမှာစိုက်ထားတာမြင်ဖူးတာဆိုလို့ ထားဝယ်က ကျွန်တော်တို့အဖွားအိမ်မှာ လူငါးယောက်ဖက်စာလောက် ခရေပင်ကြီးတော့ မြင်ဖူးတယ်။

Leave a Reply