ရင်ခွင်တံတိုင်း

SawAungApril 27, 20151min9449

ဖေဖေဟာ တံတိုင်းတစ်ခုဆို
သားဟာ တံတိုင်းကိုမှီ ရှင်သန်ရတဲ့
အုတ်ကပ်ပင်လေးတစ်ခုပါ ဖေဖေ…………။

ဖေဖေမပါတဲ့ ရေဆန်လမ်းတွေမှာ
ပဲ့ကိုင်မပါခဲ့ဘူး ဖေဖေ

မှီတွယ်ရာ မဟုတ်ပေမယ့်
ခိုဝင်စရာတော့ ရင်ခွင်တစ်ခုရှိချင်တယ် ဖေဖေ

အခုတော…………….
အားမာန်နဲ့ကမ်းကပ်တဲ့ရေလှိုင်းက
ခိုဝင်စရာ ကျောက်ဆောင်မရှိခဲ့ဘူး ဖေဖေ…………….။

အသက်ကိုကြမ်းကြမ်းရှူ
မျက်စိကိုတစ်ချက်မှိတ်လို့…………..
………………………………………….
……………………………………………….
ရင်ထဲက တစ်ဆို့နေတဲ့ နာမတစ်ခုကို
သား…..ဖွင့်ဟထုတ်ကြည့်တယ်…………
……………………………………………
ဖေ…………………………ဖေ…………။

…………………

ရင်းနှင့်ရင်း၍
အောင်မိုးသူ

9 comments

  • lu lu

    April 27, 2015 at 4:24 pm

    စောစီးစွာ အဖေနဲ ့ခွဲခဲ့ ရသူမို ့
    အဖေ့မေတ္တာ တွေပြန် လိုချင်တယ်
    😥

  • Ma Ma

    April 27, 2015 at 7:47 pm

    ကိုယ်၃ရနှစ်မှာ အဖေဆုံးတော့ ဘယ်လိုမှဖြေမရဘူး။

    နောက်တော့ အဖေပြောခဲ့ဖူးတာ ………
    စိတ်ဓာတ်ကျရင် ကိုယ့်အောက်ငုံ့ကြည့်။
    စိတ်ကြွနေရင် (မာန်တက်နေရင်) ကိုယ့်အပေါ်မော့ကြည့်တဲ့။

    လောကကြီးမှာ ကိုယ့်ထက်မြင့်တာတွေလည်း အများကြီး။
    ကိုယ့်ထက်နိမ့်တာတွေလည်း အများကြီး။

    အောင်မိုးသူရေ-
    တချို့များ အမေ့ဗိုက်ထဲမှာတင် အဖေမရှိတော့ဘူး။
    တချို့များ အမေ့ဗိုက်ထဲမှာတင် သေဆုံးရတာတွေတောင် ရှိသေးတာပဲလို့ တွေးပြီး ဖြေပါလေ။

    • အောင် မိုးသူ

      April 28, 2015 at 8:59 am

      ဟုတ်တယ် မမရေ…။ ကျတော် စိတ်ဓာတ်ကျတိုင်း မမပြောသလိုပဲ အားတင်းထားတယ်။

  • မြစပဲရိုး

    April 28, 2015 at 12:19 am

    မင်းအမေ့ မှာ အဲဒီ စွမ်းအား တွေ အပြည့်ရှိခဲ့တာပါ မဟုတ်လား ကလေး ရယ်။

    • အောင် မိုးသူ

      April 28, 2015 at 8:59 am

      ဟုတ်တယ်။ ခုတလော မေမေက အသက်ကြီးတော့ သူငယ်ပြန်နေလားမသိဘူး။ အရမ်းအလျော့ပေးနေရတယ်။

  • Mr. MarGa

    April 29, 2015 at 11:28 am

    တိတ်တိတ်လေး ပြန်ထွက်သွားတယ် 🙁

Leave a Reply