မိတ်ဆက်ပုံပြင်

AlinchoMay 5, 20151min89050

 

.ဟိုးရှေးရှေးတုန်းကပေါ့ကွယ် အလွန်သာယာလှပတဲ့ ရွာကြီးတစ်ရွာရှိသတဲ့။ အဲဒီရွာကြီးရဲ့ သာယာ လှပပုံတွေ၊ .ရွာသူရွာသားတွေရဲ့ ဖော်ရွေပြီးဉာဏ်ပညာ ပြည့်ဝပုံတွေဟာ ရွာနီးချုုပ်စပ်မှာ အလွန် တရာမှ သတင်းကြီးသတဲ့။ .အဲဒီရွာလေးရဲ့ကောင်းသတင်းတွေကို မိန်းမပျိုလေးတစ်ဦးကလည်း သူနဲ့ရင်းနှီးပြီးလေးစားရတဲ့ အဲဒီရွာသူအန်တီတစ်ယောက်ဆီက .ကြားသိရပြီး အလွန်တရာမှ စိတ်ဝင်စားကာ အချိန်ရတိုင်း ရွာနားနီးစပ်ကနေ စောင့်ကြည့်အကဲခတ်နေသတဲ့။ အဲဒီလိုနဲ့ မိန်းမပျိုလေးဟာ .ရွာကလေးရဲ့ ကောင်းသတင်းတွေဟာ အပြောမျှသာမဟုတ်တာကို သိရှိရပြီး ရွာလေးရဲ့ သာယာလှပမှုတွေကိုခံစားရင်း အသိပညာ .ဗဟုသုတတွေကိုလည်း သင်ယူလေ့လာ ချင်တဲ့အတွက် ရွာသူတစ်ယောက်အဖြစ် မှတ်ပုံတင်ကာ ရွာထဲကို .အရဲစွန့်ဝင်ရောက်လာခဲ့သတဲ့ကွယ်။

 

.ရွာထဲကိုရောက်ရှိပြီးတော့လည်း မိန်းမပျိုလေးဟာ ရွာသူရွာသားများနဲ့ ရင်းနှီးချင်လာပြန်သတဲ့။ ဒါပေမယ့် ရွာထဲမှာ .မိန်းမပျိုလေးရဲ့အသိဆိုလို့ အန်တီဒုံတစ်ယောက်သာ ရှိတာကြောင့် အဖော်မဲ့ နေရှာတဲ့ မိန်းမပျိုလေးဟာ အဝေးကနေပဲ .ရွာသူရွာသားတွေရဲ့ လှုပ်ရှားမှုတွေကို မျှော်ကြည့် နေရရှာတာပေါ့ကွယ်။ တစ်နေ့တော့ အလုပ်တာဝန်တွေများတဲ့ကြားကပဲ .သူငယ်ချင်းလိုချင်လှတဲ့ မိန်းမပျိုလေးဟာ ရွာထိပ်ကနေပြီး သူမည်သူမည်ဝါဖြစ်ကြောင်းကို တစ်ရွာလုံးကြားအောင် မိတ်ဆက် သတဲ့။ .တစ်ရွာလုံးက သူ့ကိုထွက်ကြည့်မကြည့်၊ သူမရဲ့ဆန္ဒတွေပြည့်မပြည့်ကိုတော့ သူမကိုယ်တိုင်လည်း အသေအချာ မသိသေးပါဘူးတဲ့။ .အဲဒီမိန်းမပျိုလေးရဲ့ နာမည်ကတော့ အလင်းချိုပါတဲ့ကွယ်။

50 comments

  • nozomi

    May 5, 2015 at 12:21 pm

    ဘာဖြစ်ဖြစ် အလင်းချို ဆိုတာကတော့ အလင်းခါး ထက် ကောင်းပါတယ်
    အန်တီလေး နဲ့ အသိ ဆိုတော့ စိတ်ထားကောင်း ရုပ်ချော အများနဲ့ ခင်အောင် နေတတ်သူလေး ဖြစ်မှာပါ
    ဒီလောက် သိပြီးရင်တော့ ဒီ ရွာ က မခွဲနိ်ုင်တော့ မှာ သေချာပါတယ်

  • ခင်ဇော်

    May 5, 2015 at 1:31 pm

    သများကတော့ ဒီရွာမှာ …….
    သဘောအကောင်းဆုံး
    စိတ်ထားအလှဆုံး
    အကူညီတတ်ဆုံး
    အချိုသာဆုံး ရွာသူလေးပဲ ဖစ်ပါဒယ် ခင်ညာ (အဲလေ) ချင်!!!

    :k:

    ရွာကနေကြိုဆိုပါတယ်။

    :chit:

  • Alincho

    May 5, 2015 at 1:57 pm

    .ဟုတ်! အခုလို ကြိုဆိုပေးကြတာကျေးဇူးပါနော်။ အခုမှ Post စတင်တာဆိုတော့ ဘယ်လိုလုပ်ရမယ်ဆိုတာ .သိပ်မသိသေးပါ။ လိုအပ်တာလေးများရှိရင် အားမနာဘဲ ဝေဖန်ပေးကြပါနော်။ လူကလိမ္မာချင် သလိုလိုနဲ့ .ကိုယ်မှန်တယ်၊ လုပ်သင့်တယ်ထင်ရင် လျှော့မပေးတတ်တဲ့ အကျင့်ဆိုးလေးတွေတော့ ရှိတတ်ပါတယ်။ .:-):-) အန်တီဒုံကြီး သံခမောက်ဆောင်းထားပါ :-):-):-)

    • ခင်ဇော်

      May 5, 2015 at 2:02 pm

      မပူနဲ့။
      မပူနဲ့၊.
      ဒီ ရွာမှာ ဒီ ထက် ဆိုးသူတွေချည်းပဲ။
      ခိခိ

      :mrgreen:

  • kai

    May 5, 2015 at 2:19 pm

    ဘာလို့အလင်းကို.. ချိုလိုက်သလဲသိချင်မိ…။
    .. ကြိုဆိုပါ၏။

    • manawphyulay

      June 16, 2015 at 2:31 pm

      သကြားထည့်တာ များသွားလို့ပေါ့ တဂျီးရယ်… :mrgreen:

  • Alincho

    May 5, 2015 at 2:55 pm

    ဟုတ်ကဲ့ပါ။ အားပေးတဲ့ အန်တီခင်ဇော်ရော၊ ကြိုဆိုပေးတဲ့ သူကြီးပါကျေးဇူးပါ။ အန်တီခင်ဇော်ဆိုတော့ နီနီခင်ဇော်နဲ့ ဘာတော်လဲဟင်??? :):)

    • ခင်ဇော်

      May 5, 2015 at 3:20 pm

      နီနီခင်ဇော် ရဲ့ ဦးလေးပါ။

      :k:

  • Mr. MarGa

    May 5, 2015 at 3:00 pm

    တစ်​ရွာလုံးက ထွက်​မကြည်​့ရင်​လည်​း
    တစ်​အိမ်​တက်​ဆင်​း လိုက်​မိတ်​ဆက်​​ပေါ့
    ဟုတ်​ဖူးလား 🙂
    ​​ရွာက​နေ ကြိုဆိုပါတယ်​
    ကြာကြာ​နေပါ များများ​ပြောပါ
    🙂

  • Alincho

    May 5, 2015 at 4:00 pm

    အိရှ် ဒါဆို အန်တီခင်ဇော်ဟုတ်ပဲ အန်ကယ်ခင်ဇော်ပေါ့နော်
    လွန်တာရှိ ဝန္ဒာမိပါ။ အဲလိုပဲ နည်းနည်းကြောင်တတ်တာလေးတွေရှိပါတယ်။ သည်းခံပါရှင်။ 🙂

    သိကြားမင်းကြီးကူညီရင်တော့ ဖြစ်နိုင်မှာပါနော် ဟီဟိ

  • တောင်ပေါ်သား

    May 5, 2015 at 4:54 pm

    အလင်းချို သတင်းကို အရှင်းမပို အတင်းကြို 🙂

  • Alincho

    May 5, 2015 at 5:15 pm

    ကျေးဇူးပါ ဦးဦးတောင်ပေါ်သား:-):-)

  • Crystalline

    May 5, 2015 at 5:23 pm

    ဓာတ်​ပုံ​တွေဘာ​တွေလည်​းရိုက်​တယ်​ဆိုတဲ့ တီဒုံ့တူမ​လေးလား… တူမ​လေး​ချော​ချော​တွေရှိတယ်​ဆိုတာ.. ရွာထဲစဝင်​ကတည်​းက ကြားဖူးသလိုပဲ… :))

  • black chaw

    May 5, 2015 at 5:40 pm

    ဥမ္မာဒါနီ အဆင်းလို့
    တင့်တယ် ခြင်းနဲ့ ပြည့်စုံပါတဲ
    အလင်းချို နှမ…ရေ…။
    :mrgreen:

  • Alinsett @ Maung Thura

    May 5, 2015 at 5:57 pm

    ဟွာလေ…. အခု… အလင်းချိုဆိုတဲ့ မိန်းကလေးတယောက်အကြောင်းကို
    အလင်းချိုကိုယ်တိုင်က ပုံပြင်သဖွယ် ပြောသွားတယ်ပေါ့နော်…
    .နောင် နှစ်တွေကြာလာရင်… အလင်းချိုအကြောင်း… ကျနော်တို့က ပုံပြင်သဖွယ်…လွမ်းဆွေးတသစွာနဲ့..
    မပြောပါရစေနဲ့လို့…
    ဆိုလိုရင်းက… ဒီရွာထဲ…ပုံပြင်လို ပြောစမှတ်တွင်ပြီး….ပျောက် မသွားကြေး..လို့…

    :k:

  • ဝင့်ပြုံးမြင့်

    May 5, 2015 at 7:25 pm

    .အာတီဒုံဆီမှာ ချို ဆိုတဲ့တူမလေး တစ်ယောက်ရှိတာ သိတယ်လေ။ အခု အလင်းချိုကလည်း ရွာနဲ့တော့ သိပ်စိမ်းပုံမရပါဘူး။ ဒီထဲမဝင်ခင် ကြိုဖတ်ထားပုံရတယ်။ ဒီလို ခပ်ဖြည်းဖြည်းနဲ့ အကဲစမ်းပြီး ဝင်တဲ့လူတွေ ရွာသက်ကြာတတ်ပါတယ်။ ကြိုဆိုပါတယ် ညီမလေးရေ။

  • မဟာရာဇာ အံစာတုံး

    May 5, 2015 at 9:35 pm

    နံမယ် ကတော့ လှတယ် ..
    ဘာတဲ့ .. အလင်းချို .. ဆိုပဲ …
    တီဒုံ ကတော့ ပြောတယ် .. အလင်းချို ကို ထားပီး .. သူက နားမလို့ဒဲ့ ..
    အဲ့ဒါ .. တီဒုံ လည်း နေမှ၊ အလင်းချို လည်း နေမယ်လို့ ပြောအုံး …
    အဲ့ဒါ .. အဲ့ဒါ … အလင်းချို ကို ငအံစာ ကလည်း ကြိုဆိုကြောင်း လာပြောဒါ …

  • padonmar

    May 5, 2015 at 10:19 pm

    .FBမှာ ကေဇီက အာတီဒုံ့တူမကို နီနီခင်ဇော့်ဦးလေးလို့ .ကြပ်ပေးလိုက်တယ်ဆိုတာ သတင်းဖတ်လိုက်ရတာနဲ့ .အပြေးအလွှားလာကြည့်ရတယ်။
    .ဒီရွာထဲမှာတော့ သူကြပ်ရင် ကိုယ်လည်း ပြန်ကြပ်ပေးလိုက်၊
    .နည်းနည်းမှ မလျှော့နဲ့သိလား။
    .ငြင်းခုန်ခြင်းကိုတောင် အနုပညာတဲ့ ဒီရွာက သတ်မှတ်ထားတာ။
    .အဲတော့ ဘာဖြစ်ဖြစ်မခံနဲ့ ပြန်သာချ။
    (သံခမောက်ဆောင်းပြီး ပြန်ထွက်သွားပါပြီ….)

  • padonmar

    May 5, 2015 at 10:27 pm

    .အော်မေ့သွားလို့၊ခွစ်တို့ မျှစ်တို့ မေးထားတာလေး။
    .ဒါ ဒါ့ပုံရိုက်တဲ့ တူမ ချို မဟုတ်ပါဘူးလို့။
    .(တကယ်တော့ တူမအရင်း ချိုကလည်း .ရွာသူတယောက်ဖြစ်ခဲ့ဖူးပါတယ်။အဒေါ်ကမိတ်ဆက်ပေးပြီး .ဝင်ရတာ မကြိုက်လို့ သူ့ဖာသာပို့စ်တွေတင် .ဒါ့ပုံပြိုင်ပွဲဝင်ပြိုင်..သူ့ဒါ့ပုံကို မြင်ဖူးပါတယ်ဆိုပြီး ခြေရာခံတော့မှ .ရွာထဲ ရောက်မှန်းသိခဲ့တာ။)
    .အလင်းချိုလေးရဲ့ လက်စွမ်းကတော့ မကြာမီ လာမည်မျှော်ပေါ့။

  • Swal Taw Ywet

    May 6, 2015 at 4:05 am

    ကြိုဆိုပါတယ်ခင်ဗျာ။
    စည်ပင်ရန်ကြောက်လို့ ခဏဖြုတ်သိမ်းထားရတဲ့ ရွာ့ ကွပ်ပျစ်ပိုင်ရှင်ပါ။
    တတ်နိုင်ရင်တော့ ကလောင်အမည်လေး စာလုံးတွေ ခွဲလိုက်စေချင်သဗျ။
    ဥပမာ။ ။ Ah Linn Cho ပေါ့ခင်ဗျာ။ မြန်မာလိုဆို ပိုရှင်းပါ့မယ်။
    ရွာ ပညာရှိတွေ က ကလိတတ်လွန်းလို့ ပ။
    သံခမောက်လောက်နဲ့ ရမယ်မထင်။
    With respect.
    Swal Taw Ywet.

  • Ma Ma

    May 6, 2015 at 6:53 am

    မိတ်ဆက်တာတောင် ပုံပြင်လေးလို ပြောပြီး နှုတ်ဆက်တယ်ဆိုကတည်းက……
    အလင်းချို ခေသူမဟုတ်……… 🙂
    ကြိုဆိုပါ၏ ဆိုတဲ့ ဆိုင်းဘုတ်ကိုင်ပြီး လက်ဝှေ့ယမ်းပြနေတဲ့ပုံကို မျက်စေ့ထဲမှာ မြင်လိုက်ပါလေ…….. :k:

  • အောင် မိုးသူ

    May 6, 2015 at 9:34 am

    အလင်းချ ို
    အဆင်းစို
    ယမင်းပျိ ု လေးကို
    သီချင်းဆိုကာ နှုတ်ဆက်လိုက်ပါရဲ့………………….. ကျတော့်နာမည် အောင်မိုးသူပါ။ 🙂

  • Alincho

    May 6, 2015 at 1:59 pm

    ဒူဟူဟူ
    ဘုရင်မင်းတရားကြီးနှင့် ဘာမှမတော်၊ မိဖုရားကြီးနှင့်လည်း မည်သို့မှမပတ်သက်၊ ဝန်ကြီးများနှင့်လည်း ဆက်စပ်၍မရသော အညတရရွာသူလေးအလင်းချိုအား ဂေဇက်ရွာသူရွာသားများက ဖော်ရွေပျူ ငှာ ဝမ်းပန်းတသာနှင့် နွေးထွေးပျူ ငှာကြိုဆိုပေးကြတာကြောင့် ကျေးတောသူလေးအလင်းချို မှ ဂဇက်ရွာကြီးနှင့် ရွာသူရွာသားများကို အရမ်းချစ်သွားပြီဖြစ်ကြောင်းနှင့် ဆက်လက်ကြိုးစားသွား မည်ဖြစ်ကြောင်း ကြေငြာမောင်းခတ်လိုက်ရပါသတည်း ဒူဟူဟူ …မွမွ <3<3<3

  • မြစပဲရိုး

    May 6, 2015 at 8:48 pm

    အားရဝမ်းသာ ရေချမ်းချမ်းလေး လှမ်းပြီး ကို ကြိုဆိုပါတယ်
    ချို ကလေး ရေ။ (ဂျို ကလေး မဟုတ်) 😉

    အစ်မဒုံ နော်။
    . ခေါ်လာပြီး မပြတ် စောင့်ရှောက်ရမှာ ကိုများ။
    :-)))

  • မြစပဲရိုး

    May 6, 2015 at 8:49 pm

    ဒါထက် ဟို တစ်ကောင် မလာ သေးပါလား။
    အနံ့ မရ သေးဘူး ထင်ရဲ့။ lol:-))))

  • uncle gyi

    May 6, 2015 at 10:01 pm

    အလကားရတဲ့
    ပိုက်ဆံမပေးရတဲ့
    အလင်းတောင်ချိုထားတာဆိုတော့
    အတော်ကပ်စီးနည်းမယ့်ပုံပါလို့
    မဟုတ်ဖူးလိုု့ငြင်းရင်မုန့်အရင်ဝယ်ကွေ ျးပါ

  • စည်​းနဲ့ ကမ်​းနဲ့ လစ်​ဘရယ်​ ​ယောကျာ်​း

    May 6, 2015 at 10:15 pm

    ဘယ်သူများ မှတ်တယ် …
    ဘယ်သူတုန်း ??

    ဘယ်က လာတာလား ဟင်င်င်…

  • lu lu

    May 7, 2015 at 8:44 am

    ဟေ . . . အလင်းချို တဲ့လားး
    အလက်ဇင်းတယောက်နာမည်ပြောင်းတယ် ထင်တာ
    ရွာသူ အသစ်ရောက်လာတာပဲ
    ကြိုဆိုပါတယ်
    စိတ်ချမ်းသာပျော်ရွှင်ပါစေ
    လို ့
    :mrgreen:

  • Alincho

    May 7, 2015 at 10:41 am

    အန်တီမြစပဲရိုးပြောတာနဲ့ ကိုယ့်ခေါင်းတောင်ကိုယ်ပြန်စမ်းမိတယ်ဟီးးးးတော်ပါသေးရဲ့ဘာမှမရှိလို့။
    uncle gyi ရေ အလင်းချိုပုံလေးကို ကိုAlinsettတို့လို Post အောက်က ကိုယ့်ရဲ့နာမည်အောက်မှာ တဂိုးစာလေးနဲ့ရေးပြသလိုလေး ရေးပြချင်တာမတတ်လို့၊ ပြောပြကြပါနော်။
    ကပ်စီးနည်းတယ်ဆိုတာကတော့ တဝက်မှန်ပါတယ်လို့။
    လူ့ပြည်ကအလင်းချိုလေးပါလို့ ကိုယောကျင်္ားရေ။
    ကျေးဇူးပါနော်လုလုရေ။

    • Alinsett @ Maung Thura

      May 7, 2015 at 10:55 am

      အဟမ်း…အလင်းချိ ု ခည…
      Dashboard ကနေ Profile ကို သွားကြည့်ပါခည…
      Profile စာမျက်နှာထဲ ရောက်သွားရင်….
      About Yourself
      Biographical Info ဆိုတဲ့ ကွက်လပ်ကလေးထဲမှာ.. ကြိုက်ရာ စာသား ထည့်ရေးပြနိုင်ပါတယ်လေးးးး

      Avatar
      Upload Avatar ဆိုတဲ့ နေရာမှာလည်း ကိုယ်ကြိုက်ရာ ပုံကလေး ထည့်ပြနိုင်ပါကြောင်းးး

  • Alincho

    May 7, 2015 at 12:39 pm

    ကျေးဇူးအသချေင်္. အနန္တပါကိုAlinsett

  • Alincho

    May 7, 2015 at 12:59 pm

    ဒါနဲ့လေ Avatar ပုံလေးတွေ လှုပ်စိလှုပ်စိဖြစ်နေအောင်ရောဘယ်လိုလုပ်ရလဲဟင်င်င်
    သိရင်ပြောပြပါလားနော်လို့…

    • Alinsett @ Maung Thura

      May 7, 2015 at 1:27 pm

      အာ့တော့ အနော် သေချာမလုပ်တတ်….
      လုပ်တတ်တဲ့သူများ ပြောပါလိမ့်မယ်ခည…

  • moonpoem

    May 7, 2015 at 8:23 pm

    အလင်​းချို​ရေ ​တွေ့ရတာ ဝမ်​းသာပါတယ်။အလင်​းချိုက အန်​တီဒုံရဲ့တူမဆို​တော့
    ဒီရွာက အလင်​းဆက်​နဲ့ ​ရော ဘာ​တော်​သလဲဟင်​။အလင်​းမျိုး​တွေမို့ ​မေးကြည်​့တာပါ။ 😀

    • Alinsett @ Maung Thura

      May 8, 2015 at 12:00 am

      အရင်ဘွဂ မောင်နှမတွေပါ
      အခုဘွတော့ ဘယ်လို တော်လဲမသိ
      ပလို့ဂျိ

      :k:

      စကားမစပ် အလင်းချိုက ဖွေးဖွေးနှင့် တူပါသလောာာာ ????

  • Alincho

    May 8, 2015 at 10:38 am

    မင်္ဂလာပါနော်moonpoem
    ကိုAlinsett ကြီးကတယ်မေ့တတ်သကိုး၊ ဘွပေါင်းငါးရာမောင်နှမတွေတော်ခဲ့ကြတာမသိလေရော့သလား။
    ဒါကြောင့်နာမည်ကိုတောင် ဆင်တူလေးပေးထားတာသတိရတန်ကောင်းရဲ့လို့။ ခုတော့သူများပြောမှသိရသလား…ဟင်းးး
    အပြစ်ပေးတဲ့အနေနဲ့ ဒီဘွသွေးသောက်မောင်နှမဖွဲ့ကြစို့…ဟီဟိ

    • Alinsett @ Maung Thura

      May 8, 2015 at 10:51 am

      သိုင်းလောကထဲမှာ အလင်းနှစ်ဖော်(သွေးသောက်မောင်နှမ)ရယ်လို့
      ဟိုးဟိုးကျော်အုန်းမယ့်သဘောာာာ

      :mrgreen:

  • ဖဘ ထဲမှာ သိပြီးပေမယ်.. ခုမှ ရွာထဲပြန်ရောက်လာပါတယ်..

    မင်ဂါဘာရှင့်…
    ဒီရွာကိုရောက်ရင် ကြောင်ကို ရှောင်ပါနော်.. :k:

  • Mike

    May 8, 2015 at 1:08 pm

    .အလင်းချို တဲ့လား…ဝမ်းမလီး ဝဲလကမ်းပါဗျာ
    .အလင်းဆက် ကိုတော့ဝေါင်ဝေါင်ရှေးပါလေ…သူက မရတာ တပီးရူးနေရှာတာ…
    .ကြောင် တွေကိုလည်းသတိထားပေါ့ :k:

    • Alinsett @ Maung Thura

      May 8, 2015 at 2:21 pm

      မရတာထက်စာရင်… တူတာလေးလောက် ဆိုလည်း…ဆိုးပါဘူး…. ဟီဟိ
      ပလိုဂျိ

      :k:

  • Alincho

    May 8, 2015 at 4:19 pm

    မင်္ဂလာပါရှင့်။
    ခုချိန်ထိတော့ ကြောင်လည်းမတွေ့ ကြွက်လည်းမတွေ့သေးပါ။
    ကိုကြီးလင်းရေ သွေးသောက်မောင်နှမဖွဲ့ထားတာ မမေ့နဲ့လေ။ သိကြားမင်းကြီးနဲ့ တိုင်ပြောလိုက်မှာ ဘာမှတ်လဲ ဟွင်းဟွင်းဟွင်း

  • ရွှေမိုးတိမ်

    May 8, 2015 at 4:38 pm

    မင်္ဂလာပါနော် 😀
    သူများလည်း ရွာထဲက ပျောက်နေတာ ခုမှ ပြန်ဝင် ဖြစ်တယ်
    ရွှေမိုးတိမ်ပါချင့်

  • Alincho

    May 8, 2015 at 4:56 pm

    ဟုတ် မင်္ဂလာပါ မရွှေမိုတိမ်

  • naywoon ni

    May 8, 2015 at 6:21 pm

    အလင်​းဆက်​က​တော့ တစ်​ခါတစ်​​လေ ဓညင်​းဝက်​တဲ့
    ခုအလင်​းချိုက​ကော ပုလင်​းငို မလားဘာလား​ပေါ့​လေ 🙂

  • weiwei

    May 9, 2015 at 1:04 pm

    ကြိုဆိုပါတယ် အလင်းချိုရေ ..
    ရွာထဲမှာ စိတ်ချလက်ချသာနေပါ .. ကာကွယ်စောင့်ရှောက်ပေးမယ့် အန်တီတွေ အများကြီးရှိတယ် ..

  • Ma Ei

    May 9, 2015 at 1:30 pm

    တီအိပါ…
    ခရီးသွား ဓာတ်ပုံရိုက် ဟင်းချက် မုန့်လုပ် အကျင်္ ီချ ုပ် ပန်းစိုက် အလှပြင် (ဘာကျန်သေးလဲ) အကုန်ဝါသနာပါ …
    :chit:

  • Alincho

    May 9, 2015 at 2:04 pm

    ဟုတ်ကျေးဇူးပါ တီဝေနဲ့ တီအိ။
    ဘဘနေဝန်းနီရေ အလင်းချိုက ပုလင်းမငိုပါဘူးနော်၊ အတင်းမဆိုတတ်သလို အပျင်းလည်းမခိုတတ်တဲ့ ယမင်းအပျိုလေး အလင်းချိုရယ်ပါလို့ ဟီဟိ ငါကွ

    • naywoon ni

      May 11, 2015 at 11:29 pm

      ပုလင်​းလည်​းမငိုဘူး
      မပျင်​းလည်​းမခိုဘူး
      အတင်​းလည်​းမဆိုဘူး ဆိုရင်​​တော့ ​တော်​​တော်​​လေးနီးစက်​လာဘာပြီ ဂုဏ်​ထူးမှတ်​နဲ့ 🙂

  • sorrow

    June 16, 2015 at 4:24 pm

    ..အလင်းချိုတဲ့လားကွယ်… အငိငိ ..ဘာပဲလိုလို …ဆောရိုးကိုလိုအပ်တာပြော အားမနာနဲ့ … ကူညီချင်လွန်းလို့ …

Leave a Reply