ရွာလည်နေသည် နေဝန်းနီ -၂
အဲ့ဒိကြော်ညာတွေ တက်တက်လာတဲ့ကိစ္စ ။ အရင် fb ထဲမှာ မေးကြည့်ဖူးတယ် ။ အပ္ပကေးရှင်းမှာကို ကြော်ညာနဲ့ တွဲရက်ဖြစ်နေတဲ့ အပ္ပကေးရှင်းကြောင့် ဆိုလား ။ အပြစ်ရှာလိုက်တော့ ။ လားလား တွေ့ပါပြီ ။ ဒီအပ္ပလီလေး …….
သို့ပေမဲ့ ဒီ Music Store Myanmar ဆိုတဲ့ အပ္ပလီလေးက Mp3 သီချင်း တော်တော်စုံပြီး ဒေါင်းလော့ဒ် လုပ်ရတာလွယ်ကူနေတဲ့ အပြင်ဖိုင်ဆိုဒ်လည်း မများတော့ လွင့်မပစ်ရက်ပြန်ဘူး ။ ဒါကြောင့် အရင်ဆုံး ရီစတပ်ချလိုက်တာပေါ့ ။ အရင်အကြိမ်တွေတုန်းကလည်း ဒီလို အပ္ပလီကေးရှင်းတွေ SD ကတ်ထဲက အကုန်လုံး မပျောက်ဖူးဘူးလေ ။ ဆိုတော့ကာ တစ်ဖျတ်ဖျတ် ကြော်ညာတွေ စာတမ်းတွေ တက်နေတော့ မရှည်တဲ့ စိတ်က လုပ်ချလိုက်မိရော ။ ခုတော့ ကိုယ်လိုချင်တဲ့ ဘရောက်ဇာ အရှာရခက်ပြီ ။ ဆိုင်သွားထည့်ခိုင်းရင်တော့ ပိုက်ဆံပေးရင်ရတာပေါ့ ။ ဒီလောက်လေးနဲ့ တစ်ကူးတစ်က မသွားချင်ဘူး ။ ဆိုတော့ကာ ဘလူးတုနဲ့ မရမက ဇပြာ Zapya ကိုသွင်း
ဘရောက်ဇာကိစ္စ ။ ဇပြာက နေ One Mobie Market ထည့်ပြီးရှာပေါ့ ။ ကိုယ့်အနားမှာ ရှိတဲ့သူတွေက အင်တာနက်သုံးတယ်တာပြောတာ ဘရောက်ဇာ ဆိုတာနားမလည်ဘူး ။ သူတို့သုံးတာက ဝက်ဆိုဒ် အပ္ပလီကေးရှင်းနဲ့ ဖေ့စ်ဘုတ်လောက်ပဲ သုံးတာကလား ။ ဆိုတော့ကာ အင်တာနက်သုံးတာ ပိုက်ဆံ အရမ်းဖြတ်တယ် ဆိုတဲ့ အဖြေကို သွားတွေ့လိုက်တယ် ။ ဖြတ်မှာပေါ့ သတင်းဝက်ဆိုဒ် အပ္ပလီကေးရှင်းတွေက အင်တာနက်ဖွင့်လိုက်တာနဲ့ အလိုအလျောက် ဒေါင်းလော့ဒ်တွေ ဆွဲပစ်နေတာ ။ အရင် MPT ခေတ်လို မိနစ်နဲ့ ဖြတ်တာမဟုတ်ပဲ data နဲ့ ဖြတ်တာဆိုတော့ ဘယ်နှစ်မိနစ်ပဲ သုံးရသေးတယ် ဘယ်လောက်ဖြတ်သွားပြီဆိုတဲ့ အသံ ပေါ်လာရော ။ လိုင်းကောင်းလေ အော်တို ဒေါင်းလော့ဒ်ဆွဲတဲ့ အပ္ပလီကေးရှင်းက မြန်လေ ပိုက်ဆံဖြတ်လေ ဖြစ်ကုန်တာပေါ့ ။ နေဝန်းနီ တို့ တစ်ညလုံး အင်တာနက်ဖွင့်ထားပြီး အိပ်ပျော်သွားရင် အလွန်ဆုံးကုန်မှ ဆယ်မီဂါဗိုက်ပေါ့ ။ တယ်လီနောကို 500 MB Plan ဝယ်သုံးရင် ၁၉၀ဝ ဆိုတော့ ၁ဝ မီဂါဗိုက် ၃၈ ကျပ်ပေါ့ ။ ဆိုတော့ကာ ကိုယ်လိုချင်တာတွေ One Mobie Market ကနေရှာဒေါင်းပေရော့ ။
နေဝန်းနီ အသည်းလေး Color Note ကလည်း ဘက်ကပ် ပြန်ဖော်လိုက်တော့ အရင်က ပျောက်နေတဲ့ မှတ်စုဟောင်းတွေ ပြန်ပေါ်လာ အင်း ငါ့ အကြွေးတွေတော်တော်များနေပါပကောလား ရယ်လို့
1:00 AM
2015 May 11
4 comments
မြစပဲရိုး
May 11, 2015 at 2:57 am
သများလဲ ဘာမှန်းမသိလို့ အသာလေး လည် ပြီး ပြန်ထွက်သွားပါတယ် အဘနီ။ lol:-)))
kai
May 11, 2015 at 5:39 am
ကျုပ်ကတော့.. အခုထိ.. မြန်မာ့ဂဇက်ကို… ဆဲလ်ဖုံးနဲ့…ဖတ်၍မရ…။
စာတွေမြန်မာလို… ပေါက်တပ်ကရတွေပေါ်နေသဗျ…။
Alinsett @ Maung Thura
May 11, 2015 at 7:05 am
အဲဒါ ဖုန်းထဲ ထည့်ထားတဲ့ မြန်မာဖောင့်နဲ့ ဖုန်းနဲ့ မကိုက်ညီသေးတာ ဆိုလား။
ကျနော် အရင် ဖုန်း ဝယ်တုန်းက ရွာထဲဝင်ရင် မြန်မာလိုတွေမပေါ်လို့
ဆိုင် ပြန်ပြတာ
တခြား ဖောင့် ပြောင်းထည့်ကြည့်လိုက်တော့ အိုကေသွားရော
သုံးထောင်ပေးရတယ်လေ။
အခုတော့ ဖုန်းနဲ့ပဲ ပိုစ့်တင်တာတွေဘာတွေတောင် လုပ်လို့ရနေသေးးးး
:k:
———–
ကိုယ်လိုချင်တဲ့ app တွေ google play store ထဲမှာ ရှာရင် လွယ်သားပဲ ဦးနေရဲ့
အဲ ကျနော်တော့ app တွေ လိုချင်ရင် ကိုယ့်ဖုန်း အင်တာနက်နဲ့ ဘယ်တော့မှ မဒေါင်းဘူး။
.ဖုန်းအင်တာနက်က ဒေါင်းရလောက်အောင်လည်း မကောင်းဘူး။
ဆိုတော့ wifi free ရတဲ့နေရာရောက်မှ play store ဖွင့်ပြီး ရှာ ဒေါင်းတယ်
:kwi:
aye.kk
May 11, 2015 at 2:21 pm
ဖုန်းနဲ့သုံးရတာ တော်တော်အဆင်မပြေဘူး။
သူကြီးပြောတဲ့အတိုင်းဘဲဖြစ်နေလို့။