စပွန်ဆာ
ရုတ်တရက်ဖုန်းထမည်လိုက်သောကြောင့်လန့်နိုးကာဒေါသကြီးစွာဖြင့်ဖုန်းကိုယူကြည့်လိုက်သည်။ဖုန်းတွင်ပေါ်နေသောအမည်က Mr.Park ဟင်ဒီအချိန်ကြီးသူကဘာဖြစ်လို့ဖုန်းဆက်ပါလိမ့်နာရီ
ကြည့်မိတော့၁နာရီထိုးနေပြီစိတ်တိုစွာဖြင့်ဖုန်းကိုင်လိုက်သည်။
‘ဟယ်လို’
‘ဆုရည်အကိုဖုန်းမတွေ့မိဘူးလားအကိုဖုန်းပျောက်သွားလို့’
‘သေချာရှာကြည့်ပါဦးဆိုင်မှာထားတာဘယ်သူကယူမှာလဲ’
သူဌေးဟုဆိုသော်လည်းဒီပဲခေါက်ဆွဲဆိုင်မဖွင့်ခင်ကတည်းကရင်းနှီးနေ၍အကိုလို့ပဲခေါ်ကာနှုတ်ကျိုးနေပြီ။ဖုန်းပျောက်သည်ဆိုသဖြင့်စိတ်ခုသွားသည်။
ကျွန်မပြန်လာသည့်တိုင်သူ့အခန်းမှာမထပဲအိပ်နေသ
ဖြင့်တက်နိုး၍ပြန်တော့မည်ဆိုတာရယ်ကောင်တာမှာလူမရှိဘူးရယ်ဆိုတာပြောခဲ့ပြီး သူဆင်းလာပြီမှပြန်ခဲ့ခြင်းရယ်
ပြန်လာသောအချိန်ကပင်ရနာရီထိုးပြီးပြီ။
သူ့အခန်းဆိုသည်မှာ ဆိုင်အပေါ်ထပ်ရှိအထူးခန်းကိုပြောခြင်းဖြစ်
သည်။ အရင်ကတော့မုဒိတာအိမ်ရာမှာနေပေမဲ့ နယ်မှလာသောအလုပ်သမလေးများကို အဆောင်အနေဖြင့် တိုက်ခန်းကိုပေးလိုက်သောကြောင့် ဆိုင်အပေါ်ထပ်က
အခန်းသုံးခန်းမှာညဘက်အိပ်ကြလေသည်။ တနေကုန်ဆိုင်မှာနေသောကြောင့်တခြားတိုက်ခန်းရှာလည်းအပိုငွေထွက်သွားမည်စိုးသောကြောင့်ဆိုင်မှာနေကြခြင်းဖြစ်လေသည်။ ယနေ့လည်းညဘက်ပင်ပန်းသည်ဆိုကာတနေကုန်မထ၍ ပြန်ကာနီးမှနိုးခဲ့သည်ကိုဖုန်းပျောက်သည်ဆိုတော့စဉ်းစားစရာ
ဆိုင်မှာရှိတာကနှစ်ယောက်တစ်ပိုင်း။ အလုပ်သမလေးများကဖြစ်တဲ့မနီ၊ဇင်ဇင်၊သီရိအပြင်မရှိ။ကိုကျော်တော့ရှိသည် ဒါပေမဲ့သူကလည်းအေးအေးဆေးဆေးသမား။ သူဌေးတို့နဲ့အတူတူနေကာစိတ်ချရသူ၊ ပိုက်ဆံလိုလည်းကြိုထုတ်နေသူဖြစ်သောကြောင့်မဖြစ်နိုင်။ အပေါ်မှာအိပ်နေလျင်မတက်ရန်မှာထားသောကြောင့်
ဘယ်သူမှလည်းမတက်ရဲ။ ဧည့်သည်နဲ့ပါသွားရအောင်
ဧည်သည်ပါး၍သူတက်အိပ်နေတာသာကြည့်တော့။ ငါပြန်လာပြီးမှများဧည်သည်များလာသေးလားစဉ်းစားမိသည်။ပျောက်သည်ဆိုတော့မတတ်နိုင် ကောင်မလေးတွေဖုန်းဆက်ပေးပါလို့ဆို၍ ဆက်ပေးလိုက်သည်။ ဖုန်းမကိုင်။ အေးလေ ညဥ့်နက်နေပြီအိပ်ပျော်နေမှာပေါ့ဟု
တွေးကာ Mr.Parkဆီဖုန်းပြန်ဆက်လိုက်ပြီး ဖုန်းမကိုင်ကြောင်းပြောလိုက်သည်။ ပြီးနောက်ဖုန်းကိုအသံပိတ်ကာ
အိပ်လိုက်သည်။မနက်မှအကျိုးအကြောင်းမေးတော့
မည်။ မနက်ဆိုင်ကိုစောသွားလိုက်သည်။
‘ကိုကျော်ရေရော့’
ဈေးမှဝင်ဝယ်လာသောပစ္စည်းများကိုစင်ပေါ်တင်ရင်း
ပြောလိုက်သည်။ ပြီးမှသိချင်တာကိုဆက်မေးလိုက်
သည်။
‘ညကဖုန်းရှာတွေ့လားကိုကျော်’
‘အေးညီမလေးသီရိဆီကတွေ့တယ်တဲ့’
မထင်မှတ်သောအဖြေကြောင့်မှင်တတ်သွားသည်။ မဖြစ်နိုင်ပါဘူးလို့လည်းတွေးရင်းတစ်ဆက်တည်း အော်သူ့မှာဖုန်းမှမရှိပဲလို့တွေးမိသည်။
‘ကိုကျော်ဘယ်လိုရှာတွေ့တာလဲသိလား’
‘မသိဘူးညီမလေး ညကအကိုလည်းအိပ်နေ
တာ သူဌေးနဲ့စားဖိုမှူးလိုက်သွားတယ်လေ အဆောင်ကို’
စကားပြောနေရင်းတံခါးဖွင့်သံကြား၍လှည့်ကြည့်လိုက်တော့ မနီနဲ့ဇင်ဇင်ဝင်လာသည်။ ညကမအိပ်ရလို့ထင်ပါ့
အိပ်ရေးမဝသောပုံစံများဖြင့်လေးတွဲ့ကာဝင်လာကြ
သည်။သီရိတော့မပါလာ။
‘ဆုရေညကမအိပ်ရဘူး’
‘ကိုကျော်ပြောတယ်အစ်မ’
‘သီရိယူတာဆိုဖုန်းက’
‘ဟုတ်တယ်ဆု’
‘ညတုန်းကဟန်နီတို့ရှိလို့တော်သေးတာပေါ့’
ဟန်နီတို့ဆိုသည်မှာသူဌေးအသိကောင်မလေးနှစ်ယောက်ဖြစ်ပြီး အဆောင်မနေချင်၍ သူဌေးထံခွင့်တောင်းကာနေသောသူများဖြစ်သည်။ ကိုရီးယားစကားမတတ်သော်
လည်းနီးစပ်စွာအလုပ်လုပ်နေသူများဖြစ်တာကြောင့် နည်းနည်းနားလည်ကြသည်။ ထို့ကြောင့်တော်သေးသည်
ပြောခြင်းဖြစ်ကြောင်းနားလည်လိုက်သည်။ မနီသည်စားပွဲများသုတ်နေရင်း ညကအကြောင်းများကိုဆက်ပြောနေသည်။
‘ပြန်ရလို့တော်သေးတာပေါ့ဆုရယ ်ညကသူဌေးဆိုအခန်းကိုရောက်လာတာချွေးတွေလည်းပြန်လို့သနားပါတယ် သီရိကဖုန်းကိုယူလာပြီးသူ့အဖွားအိမ်ထားတာတဲ့လေ အစ်မတို့ကိုမပြောဘူး ဟန်နီကိုခေါ်သွားတာသီရိက အဲ့ဒါဟန်နီတို့ကပြန်ပြောပြတာ မနက်ကလည်းအစောကြီးထသွားတယ် အစ်မတို့မနိုးခင်ရှက်လို့နဲ့တူပါတယ်’
‘ခိုးတုန်းကခိုးပြီးတော့သူကရှက်နေတာလားအစ်မရယ ်သူဌေးတို့ကတော့ညီမတို့လူမျိုးကိုအထင်သေးတော့မှာပဲ ညီမကအဲ့ဒါကိုပိုရှက်တယ်’
‘ဆုရယ်သူကဟန်နီတို့ကိုအားကျနေတာလေ ဟိုဟာတွေကသုံးတယ်လေ အဝတ်အစားဆိုလည်းဝယ်နိုင်တာကိုး တစ်ခါတစ်လေစပွန်ဆာရလာတယ်ရလာတယ်နဲ့လေ တစ်ခါရရင်ဒေါ်လာတွေကိုသူကလည်းအဲ့လိုစပွန်ဆာလိုချင်သုံးချင်တာလေ ပြီးတော့သူဌေးကလည်းဖုန်းကိုအလွယ်ထားတော့သူလိုချင်မှာပေါ့’
မနီပြောသောစကားများကိုနားထောင်ရင်း မွန်းကြပ်လာသည်။ စပွန်ဆာလိုချင်သည်တဲ့လား သည်စပွန်ဆာရတာ
ကောင်းသောရခြင်းမျိုးမဟုတ်ဘဲ ခန္တာကိုယ်နှင့်ရင်း၍ရသောစပွန်ဆာ။ ပတ်ဝန်းကျင်မှာအထင်အမြင်သေးခံရပြီး ခေါင်းမဖော်နိုင်ပဲရသောစပွန်ဆာဆိုတာ သူနားမလည်လိုက်လေခြင်း။ မိဘများမှာဘယ်လောက်တောင်ရင်
ထုမနာဖြစ်နေခြင်းဆိုတာသူမသိလေလား။ စဉ်းစားရင်း ဆရာချစ်ဦးညိုစာပေဟောပြောပွဲတစ်ခုမှာပြောခဲ့သောစကားကိုသတိရမိသည်။
‘လူငယ်တွေဟာမနက်ပြတင်းတံခါးဖွင့်တိုင်းဖွင့်တိုင်း အသစ်သစ်တွေဝင်လာတယ် အဲ့ဒီအသစ်တွေနောက်ပြေးလိုက်ရင်းပြေးလိုက်ရင်း ချော်လဲတဲ့အခါ အိတ်ကပ်ထဲက စာရိတ္တဆိုတာက ထွက်ကြသွားတတ်တယ်’
အင်း ဆရာပြောတာမှန်လိုက်တာဟုစဉ်းစားရင်း သီရိတစ်ယောက်ကိုဘယ်လိုနားလည်အောင်ပြောပြမှဒီလိုအတွေးမှားကြီးကနေရုန်းထွက်နိုင်မှာပါလိမ့်။
19 comments
Alinsett @ Maung Thura
May 28, 2015 at 11:36 pm
ကိုယ့်ကိုယ်ကို ကိုယ် ဖွေးဖွေးလေးနဲ့ စပွန်ဆာပေးချင်လိုက်တာဂျာာာာာ
:mrgreenn:
ဒါနဲ့
ဒီညီမတော် အမာညိုလေးကိုတောင် မတွေ့တာ ကြာပေါ့
ဘယ့်နှယ့်
ကျုပ်ကို သတိမရဘူးလား ညီမတော်
:kwi:
ခင်ဇော်
May 29, 2015 at 4:18 am
တချိန် က အမှားးလို့ ထင်ခဲ့တာတွေ ကို
မရှက်တတ်ကြတော့တဲ့ ခေတ် ရောက်လာပြီ..
kai
May 29, 2015 at 4:37 am
Sugar Daddy ကယူအက်စ်မှာလည်း.. တရားဝင်လိုဖြစ်လို့လာပြီလေ…။
ကောလိပ်/တက္ကသိုလ်ကျောင်းသားတွေရဲ့.. ချေးငွေကလည်း.. ဒေါ်လာသန်းသောင်းချီကုန်ပြီ..။
တော်ယုံ မိန်းကလေး/ကျောင်းသူတယောက်ဘယ်လိုမှ ပြန်မဆပ်နိုင်…။
အစိုးရလည်း…ဘယ်လိုုလုပ်ရတော့မယ်မသိ… ဖြစ်နေသပေါ့..။
ဒီလိုအချိန်မှာ.. “ချိုချိုဖေ”တွေက..”ပျိုပျိုမေ”တွေကို.. စပွန်ဆာပေး… ငွေပေးတာမျိုး.. ကောင်းတယ်ဆိုရမှာပါပဲ..။
နုပျိုခြင်းကို.. ငွေနဲ့လဲတာပဲ..။
လူသားတွေပဲ…
ဖြစ်သင့်..ဖြစ်ရမှာပေါ့… :k:
စနစ်တကျဖြစ်ဖို့.. ဥပဒေနှပ်ကြောင်းပေးလိုက်ဖို့ပဲ.. လိုပါတယ်..။
=
Two New Threats To Financial Stability In FSOC Report
ValueWalk-May 26, 2015
Student loan delinquency rates hit 12% last year, twice the 2003 rate, … of the outstanding $1.2 trillion in student loans is going to be paid back.
Foreign Resident
May 30, 2015 at 6:16 pm
အဟိ ၊ အဟိ ။ ဗဟုသုတ ပြောပြရဦးမယ် ။
စပွန်စာပေးတဲ့ အန်ကယ်ကြီးတွေကို ဒီဖက်နိုင်ငံမှာ Sugar Daddy ခေါ်သလို ၊
စပွန်စာ အပေးခံရတဲ့ ကောင်လေးတွေကို Toy Boy လို့ ခေါ်တယ် ။
kai
May 31, 2015 at 1:54 am
စပွန်ဆာ ဆိုတာ ဘယ်သူထွင်ရေးခဲ့မှန်းမသိပေမယ့်… Sugar Daddy ကသာ ကမ္ဘာသုံးအမှန်လို့ပြောချင်မိတာ..
မြန်မာလိုပြန်ရင်တော့.. ချိုချိုစို့ချင်သော.. အဲ..အဲ… အချိုကြိုက်သောဒက်ဒီ… ချိုချိုဖေ…လို့…။ :k:
အဲဒီ ချိုချိုပေးတဲ့.. ပျိုပျိုမေတွေကိုတော့.. Sugar Baby တဲ့..
Toy Boy တွေရဲ့.. ချိုချိုတီကိုတော့.. Sugar Momma, Sugar Mama ဆိုပါတယ်..။
A mar nyo
May 29, 2015 at 8:51 am
ဟုတ်တယ်အစ်မခင်ဇော်ရေ မရှက်တတ်ကြတော့ဘူး သူတို့ကိုကြည့်ပြီး ဘာပြောရမှန်းတောင်မသိဘူး
A mar nyo
May 29, 2015 at 8:57 am
ကိုအလက်ဆင်းရေ မတွေတာက စာရေးတာမှာ မမကြီး(မမှီ)ကို မမီမှာ စိုးလို့ပါ
အောင် မိုးသူ
May 29, 2015 at 9:10 am
စပွန်ဆာလေးကို ဖတ်သွားပါတယ်။
ကိုပေါက်(မန္တလေး)
May 29, 2015 at 12:15 pm
မြန်မာပြည်မှာတော့ စပွန်ဆာ ရှာတာ မိန်းကလေးတွေတင် မဟုတ်တော့ဘူး
ယောက်ျား လေးတွေ လဲ စပွန်ဆာ ဒေါ်ဒေါ် တီတီ မမ တွေ ကို ရှာနေကြပြီ
hmee
May 29, 2015 at 12:39 pm
တယောက်တော့ ရွာထဲ ရောက်လာြပြီ။ 🙂 အခုလောလောဆယ် စာဖတ်အားအကောင်းဆုံး စာအုပ်အဝယ်ဆုံးက ညီမတော်ပါ။ ကိုယ်တောင် စာအုပ်တွေ ဝယ်မဖတ်တော့ပဲ အိမ်မှာ သွားသွားသယ်ပြီး ဖတ်နေရတာ။
သူဂျီရေ မောင်နှမ ၈ယောက်ထဲမှာ စာဖတ်အနာဆုံး အစ်ကိုကြီးကို ရွာထဲ ကို ရောက်လာအောင်ခေါ်နေတယ်။ 🙂
kai
May 29, 2015 at 4:50 pm
အယ်လ်အေရောက်.. မမှီမိတ်ဆွေတွေတောင်… မေးနေသေး..။
အခုတောင်.. သူတို့များဝင်ဖတ်နေကြသလားမသိ..။
ဆိုတော့..
ကျေးကျေးပါဗျာ..။ စာဖတ်နာသူများနဲ့ဆွေးနွေးရ..ငြင်းခုန်ရ.. ပိုကောင်းသပေါ့..
အနုပညာလို့ပြောပြပါနော.. :k:
hmee
May 30, 2015 at 11:02 am
LA ရုံးမှာ ရောက်နေသူ တယောက်က ကျွန်မရဲ့ အရင်းနှီးဆုံး သူငယ်ချင်းပါ သူဂျီးရေ။ ပြောမနာ ဆိုမနာ ကျောင်းနေဘက် သူငယ်ချင်းပါ။ ကျွန်မလည်း သဂျီးတို့ ဆီ လာချင်သား ။ 🙂
ကိုပေါက်(မန္တလေး)
May 29, 2015 at 1:52 pm
စာအဖတ် အနာဆုံး ဆိုတဲ့ အကိုကြီးကို
စာတွေပါရေးအောင်တိုက်တွန်း ပါ မမှီရေ
hmee
May 30, 2015 at 11:05 am
ဟုတ်ကဲ့ပါ လေးပေါက်။ ကိုကြီးက ကဗျာစပ်တာလည်း ကောင်းတယ်ဗျာ။
Mike
May 29, 2015 at 2:59 pm
.အတွေ့အကြုံ လေးကိုအခြေခံပြီးရေးထားတာကောင်းပါတယ်…အားပေးနေပါတယ်
လုံမလေးမွန်မွန်
May 29, 2015 at 3:04 pm
မတွေ့တာတောင် ကြာပေါ့… မတွေ့ဆို.. ကိုယ်လည်း ရွာထဲသိပ်မဝင်ဖြစ်…
ခေတ်ကပြောင်းနေပြီ.. စပွန်ဆာမရှာရင်တောင် ခေတ်မမီဘူး ထင်နေကြတာ..ကိုယ်တွေကတော့ ခပ်တုံးတုံးနေနေရတာကိုပဲ ဂုဏ်ယူတယ်… 🙂
A mar nyo
May 29, 2015 at 3:50 pm
ဟုတ်တယ်မမမွန်ရေခပ်တုံးတုံးနေလို့ ဘာမှမဖြစ်သွားပါဘူး။ ကကြီးသားအများစုက သူတို့နိူင်ငံမှာအနောက်တိုင်းယဉ်ကျေးမှူလွမ်းသွာပြီဆိုတော့နားမလည်ကြဘူး
Ma Ma
May 30, 2015 at 9:00 pm
စပွန်ဆာ ဆိုတာကြီး နားထောင်ရဆိုးတာ ပညတ်မှာ မှတ်ထားမိသွားတယ်ထင်တယ်….
တချို့အစီအစဉ်တွေမှာ Sponsor by …. ဆိုတာ ပါလာရင်တောင် အတွေးက အဆိုးဘက်ရောက်ချင်ချင်:a:
lu lu
June 2, 2015 at 11:25 am
လူငယ်တွေဟာမနက်ပြတင်းတံခါးဖွင့်တိုင်းဖွင့်တိုင်း အသစ်သစ်တွေဝင်လာတယ် အဲ့ဒီအသစ်တွေနောက်ပြေးလိုက်ရင်းပြေးလိုက်ရင်း ချော်လဲတဲ့အခါ အိတ်ကပ်ထဲက စာရိတ္တဆိုတာက ထွက်ကြသွားတတ်တယ်’
”’ အရမ်းကိုတန်ဖိုးရှိတဲ့စကားပါ
မှတ်သွား ဖတ်သွားပါတယ်
🙂