ဟော့(ထ) တူ သ ပေါ့(ထ) – Steamboat @ Suki @ Hot Pot
Hot Pot ပဲ ခေါ်ခေါ်….
Steamboat လို့ ပဲ ပြေါပြေါ….
ကိုကာ ဆူကီ ပဲ လုပ်လုပ်… ဒီ ထဲက မထွက်ဘူးးး
မွဝေ ကတော့ ရေခဲတစ်တာရှင်းချင်ရင် ဟော့ပေါ့ လုပ်စားပါတဲ့။
သူ့ပို့(စ) လေးလည်း ပြန်တင်ပေးပါ့မယ်။
ပွါးချင်တာလေး အရင် ပွါးပါရစေအူးးးး
ဟော့ပေါ့မှာ အသားပေးက အရည် အခြေခံ ရယ်၊ တို့စားတဲ့ အချဉ် တို့ ဆော့ တို့ပါ။
ဘာလို့ဆို အသီးအရွက်ဆိုတာ ကြိုက်တာ ရေဆေးထည့်ရုံ၊
အသား ဆိုတာ လည်း သန့်ပြီး ဆေးပြီး သားကို ရေလုံပြုတ်ပုံစံ စားရတာကိုးး
ဆိုတော့ သူတို့ကို ထည့်ပြုတ်မဲ့ အရည်မှာ ချိုအောင် ကြံရပါတယ်။
ပြီးတော့ ရေလုံပြုတ်တွေကို တို့စားရမဲ့ အချဉ်ရည်ကိုလည်း အရသာရှိအောင် လုပ်ရပါတယ်။
အိမ်မှာတော့ လုပ်မယ် ဆိုရင် ဈေးဝယ်ပြီးသာနဲ့။
ထည့်ဖို့ ကြံစည်ထားတဲ့ ဝက်သားတို့ ကြက်သားတို့ကို အရိုးအသားခွဲပြီး အရိုးတွေကို ဂျင်း နဲ့ ထည့်ပြုတ်ထားတာပါပဲ။
ညနေစားမယ် ဆိုရင် တနေကုန် မီးအေးအေးနဲ့ ဟင်းရည်ကို တည်ထားလိုက်တာပဲ။
အသီးအရွက်တွေကျ အသင့်စားပုံစံ လှီးဖြတ်ပြီးး ရေဆေး ရေစစ်ပြီး တစ်ပုံစီ ပုံထားးး
စားချင်တဲ့ အသားတွေကို ကြိုက်တတ်ရင် နယ်ထားပြီးမှပြင်သလို တစ်ချို့ကတော့ အဖြူထည် မူလ အချိုပဲ ကြိုက်တတ်လို့ မနယ်ပါဘူးးး
နယ်မယ်ဆို ကြက်သားတို့ ငါးတို့ကို ဆားနည်းနည်း၊ ငရုတ်ကောင်းအနက်မှုန့် နည်းနည်း နဲ့ နယ်လေ့ရှိပြီးးး
ဝက်သားဆိုရင်တော့ ပဲငံပြာရည် အကြည် နဲ့ပဲ နယ်ထားလေ့ရှိပါတယ်။
ပုဇွန်ဆို ခေါင်းဖြုတ်ပြီး ရေဆေးထားလေ့ရှိပါတယ်။
ဂဏန်းကိုတော့ ဆိုင်မှာပဲ လေးပိုင်း ခုတ်ခိုင်းထားတယ်။
တစ်ချို့ ဟော့ပေါ့ အိုးက ၂ ကန့်ရှိတာမို့ ကျနော်ကတော့ အချို တကန့် အစပ် တကန့်ပြင်လေ့ရှိတယ်။
အချိုမှာတော့ မနက်တည်းက တည်ထားတဲ့ အချိုရည်ကို သုံးပြီး ချဉ်စပ်ဆိုရင် တုံ့ရမ်း အနှစ် ဒါမှ မဟုတ် အခဲကို အချိုရည်ထဲ ထည့်ပြီး တည်လိုက်တာပါပဲ။
အချဉ် အတွက်ကတော့ ကျနော်က
ကြက်သွန်ဖြူ ထောင်း၊
ငရုတ်သီးစိမ်း ထောင်း
ဆား/သကြား နည်းနည်းနဲ့ သံပုရာရည် ညှစ်ပြီး စိမ်ထားတာ လုပ်လေ့ရှိပါတယ်။
ကျနော့ သူငယ်ချင်းကတော့
အဲဒီ အထဲကို မန်ကျည်နှစ်ရည် ရယ် ငရုတ်ဆီ ရည်ရယ် ထပ်ထည့်ပြီး နံနံပင် တောက်တောက်ဆင်း ထည့်လေ့ရှိပါတယ်။
စားမဲ့ ဝိုင်း အလည်မှာ ဟင်းရည်တွေ ပွက်ပြီ ဆိုတာနဲ့ ကြိုက်ရာတွေ ထည့်ပြုတ်ပြီး စားလိုက် စကားပြောလိုက် စားရတာမို့ လူများလေ ပျော်စရာကောင်းလေပေါ့။
တချို့ကတော့ အသားပြင်လက်စ နဲ့ မထူးဘူးဆိုပြီး အကင်ပါ လုပ်စားပါတယ်။
ထွေထူးဟုတ်ပါဘူးး ပြင်ထားတဲ့ အသားတွေကို တုတ်ထိုးထားပြီး မီးဖိုပေါ် ဒယ်ပြားတင် ထောပတ်လေး ထည့်ထားး
ထောပတ်ဆီပျော်တဲ့ချိန် အသားတွေ တင်ထားပြီး ကျက်ရင် စားလို့ရတာပဲ။
ရုံးမှာလည်း လူညီရင် ရယ်ဒီမိတ်အသားတို့ ဝက်အူချောင်းတို့ ဝက်သားပြားတို့နဲ့ ဖြစ်သလို လုပ်စားကြသေးးး
အိုး ရှိ ရင် ရတာပဲ။
:mrgreenn:
ဟိဟိ
ဒါက မိုးသူရဲ့ ရန်ကုန်က ဟော့ပေါ့ဆိုင် အညွှန်းးး
ရန်ကုန် က ဟော့ပေါ့နဲ့ ဘာဘီကျူ း
ဒါက မွမွ ဝေ ရဲ့ ဟော့ပေါ့.။
Hot pot ဆိုင်မှာသွားစားလျှင် ဈေးကြီးပြီးမတန်တာနဲ့ ကျွန်မကတော့ အိမ်မှာပဲ ကိုယ့်ဟာကိုယ် လုပ်စားပါတယ် … သူငယ်ချင်းတွေတစ်ရက်ဆုံဖြစ်ကြတော့ hot pot လုပ်ကျွေးရင်း ရွာသားတွေကို သတိရတာနဲ့ လုပ်နည်းလေး တင်ပေးလိုက်ပါတယ် …hot pot လုပ်စားရာတွင် ကိုယ်ထည့်ချင်သော အသား၊ ငါးနဲ့ ဟင်းသီးဟင်းရွက်များကို ရေစင်စင်ဆေးပြီး သင့်တော်သလို လှီးဖြတ်ထားပြီး ပန်းကန်ထဲတွင် ထည့်ထားရပါမည်။
အရိုးပြုတ်ရည်အိုး (သို့မဟုတ်) ရိုးရိုးရေဖြင့်လည်း ပြုတ်စားလို့ရပါသည်။ အရိုးပြုတ်ရည်မရှိပါက ရေနွေးဆူဆူအိုးထဲသို့ ခနောချဉ်စပ်အခဲ (၂ ခဲ) ထည့်လိုက်ပြီး စားနိုင်သလောက် နဲနဲချင်း အသားနဲ့ အရွက်များကို ထည့်ပြုတ်ပြီး အချဉ်နဲ့ တို့စားပါက ဆိုင်မှာသွားစားသည်နှင့် အရသာတစ်ထပ်ထဲတူပြီး ဈေးနှုန်းချိုသာပြီး ပျော်စရာကောင်းသည့် ညနေစာတစ်ခုကို ခံစားရမည်ဖြစ်ပါသည်။
အရေးကြီးသော ပြင်ဆင်မှုမှာ တို့စားရန်အချဉ်စပ်နည်းဖြစ်ပါသည်။ ကျွန်မ၏ အချဉ်စပ်နည်းကို မျှဝေပေးလိုက်ပါသည်။
ပါဝင်သောပစ္စည်းများ
.
- golden mountain တံဆိပ် ငရုတ်သီးအချဉ် …. တစ်ပုလင်း (အသေး)
- golden mountain တံဆိပ် ခရမ်းချဉ်သီးအချဉ် …. တစ်ပုလင်း (အသေး)
- ဗမာနံနံပင်
- နှမ်း
- ယိုးဒယားငံပြာရည်
- ဆီတို့ဗူး
- သံပုရာသီး
- ဆား
ပြုလုပ်ပုံ
- အချဉ် ၂ မျိုးကို ဆတူရောစပ်ရပါမည်။
- ရိတ်ရိတ်လှီးထားသော နံနံပင်၊ နှမ်း၊ ဆီတို့ဗူးအနည်းငယ်ကို ရေနွေးနဲနဲဖြင့်ဖျော်ထည့်ရမည်။ ငံပြာရည် နဲနဲထည့်ရမည်။
- သံပုရာသီး တစ်ဝက်ခန့်နှင့် ဆားအနဲငယ်ထည့်ပြီး အရသာကို လိုသလို မြီးကြည့်ပြီး အဆင်ပြေသလို လိုတိုးပိုလျော့ လုပ်ပေးနိုင်ပါသည်။
ဝေ့ ဟော့ပေါ့ ပုံတွေက ဒီမှာ….
အဲ။ ထပ်ပွါးရမယ် ဆိုရင်ဖြင့် Hot Pot Stock အတွက်ကို သပ်သပ် လုပ်ချင်သူတွေ အတွက် လည်း နည်းရှိတယ်ဗျ။
အသားမစားလို့ အရိုးထည့်မတည်ချင်ရင် ဒီ နည်းကို သုံးလို့ရပါတယ်။
ဖဘက မပိုးဖြူသန့်ဆီက တောင်းယူလာတာပါ။
~~~~~~~~~~~~~~~~~~~~~~~~~~~~
ခုလာမှာက တော့ ကိုကိုကျောက် ရဲ့ ရှင်းလင်းချက်ပါ ခင်ညာ။
ဟော့ပေါ့နဲ့ Suki ကွဲတာက Soup Base ခင်ဗျ… ။
ဟော့ပေါ့ကတော့ အရိုးပြုတ်ရည်/ငါးပြုတ်ရည်နဲ့ စပ်ကြပေမယ့် Suki ကတော့ Soup Base အရည်ကျဲကျဲ အရသာပေါ့ပေါ့ကို အရွက်တွေ အသားတွေထည့်ပြုတ်စားပြီး နောက်ဆုံးမှ အပြုတ်ရည် Soup ကို မြည်းကြပါတယ် ။
Suki မှာ အဓိက အသက်ကတော့ အချဉ် Sauceပါ ၊ Suki Sauce ဆိုပြီး သက်သက်ရောင်းပါတယ် ။ Suki ကို အသားကင် အခေါက်ကင် ဘဲကင် တွေနဲ့တွဲရောင်းတတ်ပြီး အရွက်တွေကို အဓိကထားပြီး စားကြတာပါပဲ… ။
ဟော့ပေါ့ပဲဖြစ်ဖြစ် Suki ပဲဖြစ်ဖြစ် … အချိုမှုန့်ကို လုံးဝမသုံးပါဘူး ၊ အရသာလည်း ခပ်ပျော့ပျော့ပဲ စပ်ပါတယ် ။ အဲဒါမှ အစာပလာတွေ ထည့်ပြုတ်ပြီး အရည်ကျရင် သောက်ကောင်းရုံလောက်ပဲ ရှိပါလိမ့်မယ် ။ အချိုမှုန့် / အသားမှုန့်တွေထည့်ရင် ရေငတ်လို့ မဆုံး…
.
ထိုင်းမှာ နာမည်ကြီးတဲ့ MK Suki ရဲ့ Soup Base စပ်နည်းက ဒီလိုပါ … ။
- ရေ ၂-လီတာကို ပွက်ပွက်ဆူအောင်ကြိုပြီး မီးပိတ်လိုက်ပါ ။
- အဲသည့်ရေနွေးထဲကို ငရုပ်ကောင်း လေးစိတ်ကွဲ ၅-စေ့ ၊ ပဲငံပြာရည်အချို (Sukiyaki Sauce) စားပွဲတင် တစ်ဇွန်း ၊ မုန်လာဥနီ အရည် စားပွဲတင် တစ်ဇွန်း ၊ မထူမပါးလှီးထားတဲ့ မုန်လာဥဖြူ လက်နှစ်လုံးလောက်အရွယ် ၄-ပြားလောက် ထည့်ပြီး အဖုံးအုပ်ထားလိုက်ပါ ။
- ငရုပ်ကောင်းစေ့ အဖတ်တွေ အောက်ကို အနည်ထိုင်သွားရင် အဲသည့်အရည်ကို Soup Base လုပ်လို့ရပါပြီ … ။
ဟော့ပေါ့အတွက် အရိုးပြုတ်ရည်ဆိုရင်တော့ …
- ကြက်+နံနံပင်အမြစ် ၊
- ဝက်+မုန်လာဥ ၊
- ငါး+ရှာလကာရည်+ငံပြာရည် လို့ အလွယ်မှတ်လို့ရပါတယ် ။
- အရိုးတွေကို ဆား မကျည်းရေနဲ့ဆေးပြီးရင် ကြံသကာ အမှုန့်နဲ့နယ်ပြီး ခုနအတွဲအတိုင်းကို ဂျင်းပြားထည့်ပြီး အရိုးနူးအောင်ပြုတ်ပေးပါ …
- ဟော့ပေါ့အတွက် Soup Base ရပါပြီ… ။
ထိုင်းဆိုင်တွေမှာ မီးဖိုရယ် မြေအိုးလေးရယ်နဲ့ ရောင်းတဲ့ … Jim Jum ဆိုတာတွေ့ဖူးကြမှာပါ ။ အဲဒါကတော့ ရှင်းပါတယ် …
- ကြက်အရိုး/အသားကို ပဒဲကော စပါးလင် ဂျင်း ငရုပ်သီးစိမ်းမီးကင် ကြက်သွန်ဥသေးမီးကင် ငံပြာရည်နဲ့ပြုတ် ။
- အပြုတ်ရည်ထဲကို ရှောက်ရွက်နဲ့ ပင်စိမ်းခတ် ၊ ဂဏန်း ပုဇွန် ငါး ပြည်ကြီးငါး အသား အသီးအရွက် မှို ပဲပြား ပဲကြာဆံထည့်ပြီး စားတာပါ …
- ပူစပ်ပြင်းလေးဗျ…
30 comments
အောင် မိုးသူ
August 31, 2015 at 9:14 am
ခုတလော ဟော့ပေါ့ပဲစိတ်ထဲရောက်နေတယ် ကွကိုယ်လုပ်စားကြည့်ဦးမှပါလေ။ ဆူကီကိုလည်း စိတ်ဝင်စားတယ်။ အူးကျောက်စ်ပြောမှသတိရ အသားမှုန့်ထည့်ရင် ရေငတ်လို့မဆုံးဘူး။
🙂
ဇီဇီခင်ဇော်
September 1, 2015 at 12:16 pm
အရိုးကို တနေကုန်ပြုတ်ထားရင် အသားမှုန့်ထည့်စရာမလိုဘူးး
🙂
may july
August 31, 2015 at 12:22 pm
အားးးကြီးးကြိုက်စ် …
dinner လုပ်ပြီဆို သူမပါမဖြစ် ..
ဇီဇီခင်ဇော်
September 1, 2015 at 12:16 pm
လာအားပေးတာကျေးကျေးပါ။
ကြည်ဆောင်း
August 31, 2015 at 12:26 pm
Hot Pot ပဲ ခေါ်ခေါ်….
ကိုကာ ဆူကီ ပဲ ခေါ်ခေါ်
ဆီမပါဘဲ ပူပူနွေးနွေးလေးစားရလို့ ကြိုက်တယ်
ဒါတွေမြင်တော့ကိုယ့်ဖာသာ ကိုယ်လုပ်စားချင်တယ်
စားချင်ရင် ကိုယ့်ဖာသာ ကိုယ်လုပ်ရမှာ
စားမဲ့သူကအများကြီး
လုပ်ရမှာက တစ်ယောက်ထဲ
ဒီတော့ဆိုင်မှာဘဲ သွားစားဖြစ်နေတယ်
ဇီဇီခင်ဇော်
September 1, 2015 at 12:15 pm
ဆီမပါတာရယ်
အသီးအနှံ
ဟင်းသီးဟင်းရွက်များများစားဖြစ်တာရယ်ကို ကြိုက်တယ်။
🙂
လုံမလေးမွန်မွန်
August 31, 2015 at 1:08 pm
ဒါမျိုးတွေက လူများမှ စားလို့ကောင်းတာရယ်.. ကိုယ့်ဘေးနားရှိတဲ့သူတွေကလည်း အစားအသောက်နဲ့ပတ်သက်ရင် အဖော်စပ်လို့ မရဘူး… ဆိုတော့ အရမ်းကြိုက်တဲ့ ဟော့ပေါ့ကို ဆိုင်မှာစားရင်စား.. မဟုတ်ရင် သူများဆီ ကပ်စားမှပဲ ရမယ်.. ဟိဟိ.. :k:
ဇီဇီခင်ဇော်
September 1, 2015 at 12:14 pm
ခါတလေတော့ အဲလိုမဟုတ်ပဲ။
ဝက်ရိုးနဲ့ ကျောက်ဖရုံ အရည်လေးတည်ပြီး ရှိတဲ့ အရွက်တွေ အကုန်ပစ်ထည့်ပြီး အသားလေးထည့်ပြီး စားရင်လည်း ချိုရောပဲ။
Wow
August 31, 2015 at 1:49 pm
အမှန်ကဟော့ပေါ့ကို အိုက်လောက် ခွေဇီ မဖြစ်ဖူးရယ်…
တခါ အဝစားဟော့ပေါ့ဆိုင်မှာ သွားစားတာ.. ကွကိုယ် ဖုတ်ကင်စားရတာနဲ့ လုပ်ရတာနဲ့ စားရတာ မကာမိ စားကောင်းတယ်လဲ မထင်လိုက်… အိုက်ထဲက သိပ်မစားဖြစ် :kwi:
ဇီဇီခင်ဇော်
September 1, 2015 at 12:13 pm
အဟေးဟေးဟေးးး
တူတူပဲ မောပြီး ထင်သလောက်မစားနိုင်လို့ နောက်ဆုံးမှ ဝင်စားတာများတယ်။
:k:
Mike
August 31, 2015 at 1:54 pm
.ဟော့ပေါ့တော့ကြိုက်တယ်..ဝီလေးနဲ့ပေါ့ :))
ဇီဇီခင်ဇော်
September 1, 2015 at 12:11 pm
ငင့်။
ဟော့ပေါ့ဖိုးထက် ဝီဖိုးကြီး
:k:
Alinsett @ Maung Thura
August 31, 2015 at 2:34 pm
.ရန်ကုန်မှာ ဟော့ပေါ့ဆိုင်တွေက ဈေးမသေး….
မိသားစုနဲ့… တစ်ဝိုင်းစာ စားခွင့်ရဖို့ဆိုတာ…
တစ်လ တစ်ယောက် တစ်သိန်း နှစ်သိန်းလောက်သာ..
လစာဝင်ငွေရှိတဲ့ အခြေခံလူတန်းစားတွေအတွက်… မဖြစ်နိုင်ရုံတမယ်… စာရကံ ပါတာပါ။
ကိုယ်တိုင် လုပ်စားဖို့ကျတော့… ပါဝင်တဲ့ အမျိုးအမယ်တွေ များတာ…
လူတိုင်းအလွယ်တကူ မလုပ်တတ်တာ….
စသည် စသည်ဖြင့်…
အကြောင်းကြောင်းသော….အကြောင်းကြောင်းတွေကြောင့်….
မစားဖူးတဲ့သူတွေ များ…
.ဟော့ပေါ့ မစားဖူးသူတွေ တန်းစီ ကလိထိုးသတ်စေ….ဆိုရင်…
ကလိထိုးရမယ့် လက်တွေတောင်…ဂျွတ်ဂျွတ်မြည်အောင် ကျိုးသွားမယ်…
ဘာမှတ်နေလဲ..
ကလိအထိုးခံရပြီး..သေမယ့် ဟော့ပေါ့မစားဖူးသူတွေမှ…. တပုံကြီးရေးချ တပုံကြီး….
ဆိုတော့…. ဟော့ပေါ့ဆိုတာ… ရပ်ကွက်ထဲက.. ကျနော်တို့ ဒေါ်ဖွားမေတို့လို…လူတန်းစာတွေနဲ့
မသက်ဆိုင်သော အစားအစာ….
လူချမ်းသာတွေသာ စားနိုင်တဲ့ အစားအစာ…
အဲ့လို သတ်မှတ်ရမလိုပဲ… ။
——
ကျနော်ကိုယ်တိုင်လည်း ဟော့ပေါ့ဆိုတဲ့ အစားအစာကို…
အရင် အလုပ်မှာတုန်းက သူဌေးမင်းတို့ ကောင်းမှုကြောင့်သာ… တဝကြီး စားဖူးတာရယ်…
ကိုယ့်ဘာသာကျတော့လည်း ပြောခဲ့သလို…. မလုပ်တတ်…
လုပ်တတ်ရင်တောင်… ဝယ်ရခြမ်းရမှာတွေ များလို့… မတတ်နိုင်…
အဲ့လိုနဲ့ပဲ… ကြိုက်နှစ်သက်မိ… စားချင်မိသော… အစားအစာတမျိုးကို…မစားရရှာတာ..နှစ်လ အလီလီကြာပါရော….
ဒီပိုစ့်လေးကိုတော့ သိမ်းထားပါတယ်… မမဂျီးရေ… ။
အကြောင်း ညီညွတ်တဲ့အခါ…. အသုံးကျအောင် အသုံးချဖို့…
————–
ဇီဇီခင်ဇော်
September 1, 2015 at 12:10 pm
ဟဲ့။
ဒါတွေ အကုန်ပါရမယ်လို့မပြောပါဘူးကွီ။
စားတတ်ရင်လည်း အရိုးဟင်းရည်နဲ့ ရှိတဲ့ ဟင်းသီးဟင်းရွက်ပြုတ်ပြီး အချဉ်နဲ့ တို့စားလို့လည်း ရပါရဲ့။
kai
September 1, 2015 at 7:55 am
Hot pot ဆိုတော့.. Hot Dog နဲ့အမျိုးတော်သလားတော့မသိ..။
ထားပါတော့…
ဂျပန်မှာ.. လျှာဘူလျှာဘူ shabu shabuဆိုတာရှိတယ်…။ သိသလောက်..အမဲသားပြားကို..တူနဲ့ညှပ်.. ရေနွေးပူထဲ..
ပါးစပ်က.. လျှာဘူ.. တချက်..။ လျှာဘူ..နောက်တချက်…အသာမြုတ်တို့ပြီး.. အရည် နဲ့စားတာ…
နဘယ် nabe ဆိုတာရှိတယ်…
အရွက်အမျိုးအစုံကို… ဒရှိအရည်ထဲထည့်… ပြုတ်စားတာ..
ဂျပန်မှာကို.. နယ်အမျိုးအစုံအတွက်.. ပုံစံမျိုးစုံရှိကြတယ်..။
ဟော့ပေါ့က.. နဘယ် နဲ့ပိုတူမယ်ထင်တယ်…။
=====
Shabu-shabu
Dish
Shabu-shabu is a Japanese dish featuring thinly sliced beef boiled in water. The term is an onomatopœia, derived from the sound emitted when the ingredients are stirred in the cooking pot. Wikipedia
======
Nabemono – Wikipedia, the free encyclopedia
https://en.wikipedia.org/wiki/Nabemono
Wikipedia
Nabemono (鍋物, なべ物, nabe “cooking pot” + mono “thing or things, object, matter”) or simply called nabe, refers to a variety of Japanese hot pot dishes, also ..
ဇီဇီခင်ဇော်
September 1, 2015 at 12:07 pm
shabu shabu ဒီမှာတော့ အတော် ဈေးကြီးတယ်။
ဂျာပွန်စာမှန်သမျှအကုန်ရတဲ့ ဆိုင်ကြီးး
ကောင်တာတွေ အများကြီးနဲ့။
black chaw
September 1, 2015 at 9:53 am
အခုတလော ကြေးအိုးထက် ဟော့ပေါ့ ကို ပိုကြိုက်နေမိတယ်။
ကိုယ်တကယ်စားချင်တဲ့ အသား..ငါး..အသီးအရွက်တွေကို
ကိုယ်တကယ်ကုန်နိုင်သလောက်ပဲ ယူမယ်ဆိုရင်
တစ်ယောက် တစ်သောင်း သာသာလောက်ပဲ ကုန်တာမို့
ဈေးကြီးတယ်လို့တော့ မဆိုနိုင်ပါဘူးဗျာ။
ဦးဘလက်တို့ လင်မယား ဆို ၂ ယောက်စားရင် ၂ သောင်းခွဲထက် မပိုဘူးဗျ။
မိသားစု ၅ ယောက်လောက်ဆိုရင်တော့ တော်တော် ကုန်မှာဗျ။
စကားအတင်းစပ်…။
Happy Birthday ပါ မမခိုင်ဇာ ရေ…။
ချစ်ခင်လေးစားတဲ့
ဘလက်ချော…။
ဇီဇီခင်ဇော်
September 1, 2015 at 12:09 pm
ကျေးကျေးပါ ကိုဂျီးဘက်ရေ။
နောက်ခါလာမှ ဟော့ပေါ့ သွားစားကြရအောင်။
🙂
အောင် မိုးသူ
September 1, 2015 at 10:16 am
ဒီမှာလည်း Shabu Shabu ရှိတယ်နော် အကင်ကော ဟော့ပေါ့ကော ဆူရှီကော ဘူဖေးစနစ် တစ်ယောက်ကို တစ်သောင်းခွဲပါ။
ဇီဇီခင်ဇော်
September 1, 2015 at 12:08 pm
ဟယ်။
တန်တာပေါ့။
CharTooLan
September 1, 2015 at 4:35 pm
အချိန်ကန့်သတ်ထားဒယ်လေ စိတ်ကြိုက်ထိုင်စားလို့မရဝူး 🙁
အောင် မိုးသူ
September 3, 2015 at 12:59 pm
ဟုတ်တယ် အဲ့ဆိုင်က နည်းနည်းကြီးကျယ်တယ်။ သွားတော့မစားဖူးပေမယ့် ချင်ကြာပူ မှာစားခဲ့တဲ့ ဆိုင်အတိုင်းပဲ အချိ်န်က တစ်နာရီလား တစ်နာရီခွဲဆိုလားပဲ။
Ma Ei
September 1, 2015 at 10:16 am
အဲ့ဒီ အိုးပူကို စားသာစားရ ဘဝင်မက ျချင်
အဆာပလာတွေ အိုးထဲထည့် ဆူပီလား ရပီလား ရတော့မယ် ရတော့မယ် ……….
ဗိုက်ဆာဆာနဲ့ ထိုင်ကြည့်နေရတဲ့ အဖြစ် မုန်းတာကွယ်….
ဇီဇီခင်ဇော်
September 1, 2015 at 12:06 pm
ကျနော်ကတော့ မောထာ။
စားရတာနဲ့မကာမိလို့ သူများ ချက်ပြီး တည်ခင်း ဧည့်ခံတဲ့ အစားအသောက်မျိုးပဲ ကြိုက်တယ်။
ဟီးဟီးး
အသင့်စားရုံပဲ
:k:
aye.kk
September 1, 2015 at 8:31 pm
ဒီရောက်ခါစက
မယ်ဆိုင်(ထိုင်း)ဘက်ခြမ်းက
ဝမ်းထောင်းဟိုတယ်မှာတစ်နေ့တာ
အဝစားဘူဖေး၉၉ဘတ်ဆိုတော့
မိတ်ဆွေကသွားကျွေးတာစားဘူးတာပေါ့နော်
မနက်ခင်းကနေနေ့လည်ထိသပ်သပ်ကို
အချိန်ထိုင်ဖြုန်းပြီးအားလပ်ရက်တစ်ရက်မှာသွားစားဘူးတယ်
အချို့ဗမာတွေကညနေစာပါစားပြီးမှပြန်ကြတယ်လို့သိရတယ်။
နောက်တော့တာချီလိတ်မှာ၊ညဘက်ဘူဖေးအဝစား၉၉ဘတ်ဆိုပြီး
ဆိုင်တွေပေါ်လာပြန်တယ်။မကုန်ရင်နှစ်ဆပြန်လျော်ပေးရတယ်။မီးသွေးမီးဖိုပေါ်
ဆူကီအိုးတင်ပြီး၊အသားကင်စားရတာ၊အညှော်နံ ့နံတာကျတော့မခံနိုင်ပြန်ဘူး၊ဆူနေတဲ့
အရည်ထဲအရွက်တွေမျိုးစုံအသားတွေမျိုးစုံကျက်တဲ့အထိစောင့်ပြီး၊ဝိုင်းဖွဲ ့စားရတာ
ပျော်စရာတော့အကေါင်းသား။
နောက်ပိုင်းသူငယ်ချင်းတွေကဆိုင်မှာစားရတာ မသန့်ဘူးဆိုကြပြန်တော့
သူငယ်ချင်းတွေနဲ ့စုပြီးသူတို့တွေအိမ်မှာဝိုင်းဖွဲ ့လုပ်စားကြတာမျိုးဘဲစားဖြစ်တော့တယ်။
ဇီဇီခင်ဇော်
September 3, 2015 at 8:14 am
အကင် မပါပဲ ပြုတ်တာချည်းပဲ ဆိုရင် တော့ မညှော်ဘူး နော့ တီအေးရေ။
အကင်ပါပြီး ဆိုင်က လုံနေရင် ပိုဆိုးပါတယ်။
ဆံပင်မှာပါ ညှော်နံ့တွေ စွဲလို့။
:k:
ဟေသီ
September 3, 2015 at 2:52 pm
ဟိုနေ့ကတင် နေမကောင်းလို့ ဆေးခန်းမသွားဘဲ အိုးပူကြီး တီးပစ်လိုက်တယ်… သွားရကျိုးနပ်ပါတယ် နောက်နေ့ကျ သူ့ဘာသူ နေပြန်ကောင်းသွားတယ်…
ဇီဇီခင်ဇော်
September 3, 2015 at 3:02 pm
ဟိဟိ။
ကောင်းထာ။
Hot and Spicy
kai
September 3, 2015 at 4:10 pm
ဗမာ့အိုးပူဆိုပြီး.. .. တို့စရာအတို့အမြုတ်တွေရေနွေးချိုတချက်ဖျော…ငပိရည်ပျော့ပျေ့ာလေးနဲ့.. တို့စားလို့မရဘူးလားမသိ..။
သာမန်အားဖြင့်.. ဆိုင်က… ဆလပ်ရွက်.. အရွက်စိမ်းတွေဝယ်လာပြီး.. ငံပြာရည်ကို.. ငရုပ်သီးမှုန့်ခပ်.. တို့စားနေရတာမို့ပါ…။
ဇီဇီခင်ဇော်
September 4, 2015 at 9:20 am
အဲ။ မြန်မာ ငပိကတော့ အရသာပြင်းတယ်။
ယိုးဒယားဆိုင်က ငပိအရသာပျော့ပျော့ကို သံပုရာရည်နဲ့ ဖျော်၊
ငရုတ်သီးစိမ်းထောင်းထည့်။
မန်ကျည်းနှစ်ရည်လေး နဲနဲ့နဲ့ မွှေပြီး ချဉ်ငံစပ်ရည်လုပ်ထား ပြီး တို့လည်း ရတာပဲ။