မွန်းကြပ်မှုတွေ အိတ်သွန်ဖာမှောက်
ဘယ်ဘက်မျက်လုံးက စနာလို့
တစ်ရက်နှစ်ရက်အကြာမှာ ညာဘက်ကိုကူးတယ်။
သည်လိုပဲ လူတစ်ယောက်နဲ့ တစ်ယောက်အကျင့်ဆိုတာ
ကူးတတ်သလားပေါ့။
ဟံသာဝတီအဝိုင်းကနေ တောင်ဥက္ကလာကို
လမ်းလျှောက်ပြန်တဲ့ညတွေရယ်………
ဆာလောင်တဲ့ဝမ်းတစ်ထွာနဲ့ ပီဇာဆိုင်ကိုငေးကြည့်ခဲ့ရတဲ့အချိန်
ဒုက္ခဟာ အဖော်အပေါင်းနဲ့လာတယ်ဆိုတာ တကယ်မှန်တယ်။
ဖြတ်ထားတဲ့ စီးကရက်က တော်တော်ကြာ
စိတ်ဖြေဖျောက်မှုက စီးကရက်ဆီပြန်ရောက်တယ်။
တခါတလေပေါ့ စိတ်ထွက်ပေါက်ဆိုတာ
သက်ရှိ သက်မဲ့ အရာရာတစ်ခုပေါ် သက်ရောက်တတ်တယ်ဆိုတာ….။
ဘတ်စ်ကားခလိုလို့ မမအိတ်ကပ်ထဲကို
အလစ်သုတ်တဲ့အချိန်
ပိုက်ဆံမပါလာဘဲ လက်ထဲပါလာတာက စီးကရက်တစ်ဘူး
ဪ………. သူလည်း စိတ်ထွက်ပေါက်ရှာတယ်ထင်ပါရဲ့ ့ ။
ငွေလိုလို့ အမေ့ဆီ တစ်ထောင်လောက်တောင်းမိတဲ့အခါ
အမေပြောတဲ့စကားက
သူ့ကိုပေးပြီး ပြန်တောင်းတာများများတဲ့
ဆွံ့ အ သွားတဲ့ နှုတ်ခမ်းအစုံ သွားနဲ့ဖိကိုက်လိုက်တယ်။
ဟုတ်တယ်…အမေ
ဆန်အပြည့် ရိက္ခာအပြည့် ဝယ်ပေးထားတာ
အမေ မေ့သွားတာနေမှာပါ။
အံကြိတ်ရင်း အစ်မအိတ်ထဲက
စီးကရက်တစ်လိပ်ကို ထပ်နှိုက်မိတယ်။
ဒုက္ခဟာ အဖော်အပေါင်းနဲ့လာတယ်
အဖော်အပေါင်းနဲ့ ပြန်ပါလို့
နှင်လွှတ်ချင်တယ်။
စိတ်ညစ်ညစ်နဲ့ နားထောင်မိတဲ့သီချင်းက
“သူစိမ်းတို့ရဲ့ အလယ်မှာ”
ဒီကဗျာဟာ ဒီနေ့ရေးတယ်
ရင်ဖွင့်ဖို့ စိတ်ထွက်ပေါက်အနေနဲ့
ပစ်ချခဲ့တယ်။
ရင်နှင့်ရင်း၍
အောင်မိုးသူ
5 comments
aye.kk
August 28, 2015 at 2:50 pm
ဓမ္မဆိုတဲ့အကေါင်းဆုံးအဖော်က
စိတ်၏ချမ်းသာအေးမြခြင်းဆိုတာကိုခံစားရရှိနိုင်ပါတယ်။။
မိဘကိုလုပ်ကျွေးနေတာမို့သာဓုခေါ်ပါတယ်။
တူမောင်လည်းဒုက္ခအပေါင်းကကင်းဝေးပါစေ။။
Alinsett @ Maung Thura
August 28, 2015 at 3:24 pm
ဟံသာဝတီအဝိုင်းကနေ တောင်ဥက္ကလာကို
လမ်းလျှောက်ပြန်ဖူးတယ်… ဟက်လား…
ဖျားဖျား…
နာ့ထက်ဆိုေးနပြီ…
နာကမှ… စော်ဘွားကြီးကုန်းကနေ… မင်္ဂလာဒုံ ဝါယာလက်ကို ပဲ…..လမ်းလျှောက်ပြန်ဖူးတာ…
Mike
August 29, 2015 at 10:31 am
.၈၈၈၈အရေးတုန်းကတော့ ၈မိုင်ကနေဝါယာလက်ထိလမ်းလှေ ျာက်ပြန်ဖူးတယ်(ကားမှမရှိတာကိုး)
.အာစီတူးတက်တော့ ကားခအတွက်တစ်နေ့တစ်က ျပ်ပဲရတာ…မုန့်ဖိုးမပေးနိုင်
.ဝါယလက်ကနေ ကေ ျာင်းထဲထိစီးရင် ငါးမူးပေးရတယ်..ရမိုင်မှတ်တိုင်ထိဆို ပြားလေးဆယ်
.အဲ့တော့ ရမိုင်မှာဆင်းပီးကေ ျာင်းထဲကိုလမ်းလှေ ျာက်ဝင်တော့ တစ်နေ့ပြားနှစ်ဆယ်စုမိတာပေါ့
.နေ့စဉ်တော့ ကေ ျာင်းထဲကမုန့်ဈေးတန်းဟာကိုယ့်အတွက်မဟုတ်သလိုလှည့်တောင်မကြည့်နိုင်အား
.အဲ..သောက်ကြာတစ်ရက်တော့ စုမိတဲ့ပိုက်ဆံနဲ့ ကေ ျာင်းသက်သာကင်တီးမှာ .၇၅ပြားတန်လဘက်ရည်တစ်ခွက်ကို ဇိမ်ယူအရသာခံပီးဆေးပေါ့လိပ်နဲ့မြည်းတာပေါ့
.အားမငယ်အောင်ပြောပြတာပါ…ကြိုးစားသူအတွက် အလှည့်ဆိုတာရှိပါကြောင်း :))
လုံမလေးမွန်မွန်
August 31, 2015 at 3:03 pm
ဟူး.. ဖတ်ရင်းနဲ့ ကိုယ်ချင်းစာမိတယ်..
တစ်ခါတစ်ခါ သိပ်မွန်းကျပ်လွန်းရင် ကားလမ်းပေါ် ဖြတ်ကူးချင်မိတော့တာပဲ… တကယ် တကယ်..
sorrow
September 1, 2015 at 3:32 pm
..လွန်ခဲ့တဲ့ဆယ်နှစ် ပြင်ဦးလွင်က စဆင်းလာခါစ … ကျောပိုးအိတ်တလုံးနဲ့ ပိုက်ဆံ သုံးသောင်းကျော်နဲ့ ..ရည်မှန်းချက်တွေတပွေ့တပိုက်ကြီးနဲ့ … စိတ်ကူးယဉ်ပြီး ရန်ကုန်ဆင်းလာတုန်းက … ခါးပိုက်နှိုက်နဲ့တိုးပြီး ..အဆောင်ခပေးစရာမရှိ…အိမ်ပြန်တောင်းစရာ အိမ်မှာတပြားမှမရှိတာလဲကိုယ့်ကိုကိုယ်အသိ…ရန်ကုန်မှာအသိဆိုတာလဲမရှိ… အလုပ်ကလဲမရှိ… တစ်လကျော်လောက် …တပတ်ကို သုံးရက်လောက် မနက်စာညစာကို ဌက်ပျောသီးသုံးလုံး..ရေတဗူးစီနဲ့ဖြတ်သန်းခဲ့ဖူးတယ် ။
ပြန်တမ်းတလိုက်ရင် အတိတ်ဆိုတာ ဒဏ်ရာတွေချည်း …