Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

( Facebook ပေါ်မှာ )

( Facebook ပေါ်မှာ )

Facebook ပေါ်မှာ

Like လိုချင်သူလည်းရှိ

အမိုက်ပိုချင်သူလည်းရှိ

Facebook ပေါ်မှာ

အရုပ်ပြချင်သူလည်းရှိ

အပုတ်ချချင်သူလည်းရှိ

Facebook ပေါ်မှာ

အပျင်းပြေချင်သူလည်းရှိ

အတင်းဝေချင်သူလည်းရှိ

Facebook ပေါ်မှာ

အသည်းငယ်ချင်သူလည်းရှိ

မဲဆွယ်ချင်သူလည်းရှိ

Facebook ပေါ်မှာ

Like ခိုင်းချင်သူလည်းရှိ

မိုက်ရိုင်းချင်သူလည်းရှိ

Facebook ပေါ်မှာ

ကဗျာရေးချင်သူလည်းရှိ

အသာငေးချင်သူလည်းရှိ

Facebook ပေါ်မှာ

ဈေးရောင်းချင်သူလည်းရှိ

အကြွေးတောင်းချင်သူလည်းရှိ

Facebook ပေါ်မှာ

အသည်းကွဲပြချင်သူလည်းရှိ

အလဲအကွဲချချင်သူလည်းရှိ

Facebook ပေါ်မှာ

အသည်းတောင်းချင်သူလည်းရှိ

သူရဲကောင်းချင်သူလည်းရှိ

Facebook ပေါ်မှာ

အကြွားလုပ်ချင်သူလည်းရှိ

အစားပုပ်ချင်သူလည်းရှိ

Facebook ပေါ်မှာ

ခရီးသွားချင်သူလည်းရှိ

ကြီးပွားချင်သူလည်းရှိ

Facebook ပေါ်မှာ

ချစ်ချင်စရာတွေလည်းရှိ

အပြစ်မြင်စရာတွေလည်းရှိ

ပီဘိစရိုက်မျိုးစုံကြား

ဘယ်အစားထဲမှာ သင်ပါနေသနည်း ။        🙂

3

17 comments

  • ဇီဇီခင်ဇော်

    October 9, 2015 at 3:58 pm

    ဆမိ က အစားမပုပ်ဘူးး

    :sar:

    • တောင်ပေါ်သား

      October 9, 2015 at 4:02 pm

      မပုပ်လို့ တော်တော့တယ် ၊ သူ့ဟင်းတွေ လိုက်တုပြီး ချက်မိတာ အခါခါ ၊

      🙂

  • Kaung Kin Pyar

    October 9, 2015 at 4:07 pm

    သေချာတာတစ်ခုကတော့.. အဲ့ဒါကြီးမရှိခင်အချိန်နဲ့ ရှိပြီးအချိန်မှာ လူတွေရဲ့ နေထိုင်မှုဘဝက အနည်းနဲ့ အများတော့ ပြောင်းလဲသွားတယ်ဆိုတာပဲ…။ တစ်နေ့တာရဲ့ အချိန်တော်တော်များများ ဒါပေါ်မှာ တဝဲလည်လည်…။ ကောင်းတာလဲရှိ၊ မကောင်းတာလဲရှိ..။ ယယူသော်ရအိ ဆိုတာကြီး။ မည်သို့ပင်ဆိုစေကာမူ …ခုထိ ဖြတ်မရနိုင်သေး..။

    • တောင်ပေါ်သား

      October 9, 2015 at 4:12 pm

      ယူသော်ရ၏

      ကောင်းသောအချက်များ

      ဗဟုသုတ ရစရာများ

      ပညာရစရာများ ယူသော်ရ၏ 🙂

  • kai

    October 10, 2015 at 2:43 pm

    ကမ္ဘာ့လူသားတွေရဲ့..မရှိမဖြစ်ကြီးဖြစ်လို့သွားပြီပေါ့..
    မြန်မာမှာတော့.. နဂါးနီက.. စခဲ့တယ်..
    ခုတော့.. ဂဌုန်ပြာ…။

  • Mike

    October 10, 2015 at 2:45 pm

    .နေတတ်ရင်ပျော်စရာပါလေ
    .အင်ဖေါ်မေးရှင်းလွင့်ပြန့်မှုကမြန်နှုံးမြင့်၏…သတိထားစရာ

  • ခင်ခ

    October 10, 2015 at 11:17 pm

    အစုံသုတ်ထဲ စုံဆန်မျော နေတာပေါ့ဗျာ

  • မြစပဲရိုး

    October 11, 2015 at 2:47 am

    သိပ်မကြာလောက် တော့ပါဘူး ကိုမျိုး ရဲ့။
    ကျွန်မတို့ ရွှေပြည် က Facebook ထဲ မှာ report အထုဆုံး၊ အတိုင်အတော အထူဆုံး အတွက် ကမ္ဘာ့စံချိန်ချိုးပါလိမ့်မယ်။
    😉 lol:-)))

    • Ma Ma

      October 11, 2015 at 8:21 pm

      (ကျွန်မတို့ ရွှေပြည် က Facebook ထဲ မှာ report အထုဆုံး၊ အတိုင်အတော အထူဆုံး အတွက် ကမ္ဘာ့စံချိန်ချိုးပါလိမ့်မယ်။)
      ဟုတ်ပ့ါ။ 🙂

  • ဦးကြောင်ကြီး

    October 11, 2015 at 12:55 pm

    ပါမ ျိုးတမီးအတွက် ဖဘမှာ အနေ ာ်ရှိလယ်

  • ဂျက်စပဲရိုး

    October 12, 2015 at 8:53 am

    အပျင်းပြေ
    အသာငေး
    အစားပုပ်
    ခရီးသွား
    အဲ့ဒီ စာရင်း တွေ ထဲ ပါပါတယ် ခင်ဗျ း)

  • အနော်တော့ အဲဒီ facebook ကြီးနဲ့ တတ်နိုင်သမျှ ဝေးဝေးနေဖို့ ကြိုးစားနေပါကြောင်း…
    ..
    ..
    ..
    မဟုတ်ရင် လက်ဆစ်တွေကိုက်လို့ သေတော့မယ်… 🙂

    • တောင်ပေါ်သား

      October 15, 2015 at 4:15 pm

      အလင်းဆက်ရေ

      အဲသလို မြင်နေရတာပဲ မဟုတ်လား

      သော်သော်ရေ

      သော်သော်က အတင်းမဝေမှန်း သိပါ့ဗျာ 🙂

      သဂျီးရေ

      မရှိမဖြစ်အလုပ် ဖွဘုတ်ပေါ့နော်

      ကိုမိုက်ရေ

      အမှန်တွေ မြန်တာ ကောင်းပေမယ့် အမှားတွေ အမှန်ထင်တတ်တာ ဆိုးသဗျ ၊

      ကိုခ ရေ

      ဟုတ်ပ ဟုတ်ပ

      အရီးရေ

      မှန်သဗျ

      ဂျက်စပဲရိုးရေ

      ၄ မျိုးတောင်လား 🙂

      လုံမရေ

      ရှမ်းရိုးမ လိမ်းပေါ့ကွယ် 🙂

      • ဦးကြောင်ကြီး

        October 18, 2015 at 5:33 am

        အနော ့်ကြတော့ ထည့်မဖြေဘူး။ နေနှင့်အူး ယရင် အိမ်မှာ အရက်သောက်ခွင့် ပေးဗူး။

        • တောင်ပေါ်သား

          October 19, 2015 at 10:53 am

          အေးပါကွယ် အခုထည့်ဖြေလိုက်ပါပြီ

          ဆေးမှန်မှန်သောက် 🙂

Leave a Reply