အမိုက်မဲလေးများ
ကောင်းကင်ကလ ကွေးကောက်ကောက် လဆန်းပိုင်း တစ်ရက်မှာ တောတွင်းပျော်တို ့ မြေသယ်ကားကြီး ၅စီးနဲ ့ လူ၅ယောက်ပါတဲ ့အုပ်စု kelantan ပြည်နယ်နဲ ့ pahan ပြည်နယ် နယ်စပ်မျဉ်းပေါ်က လော်ကယ်ရထားဆိုက်တဲ ့ Sungai Timau ဆိုတဲ ့ရွာရဲ ့ အနောက်မြောက် ၄ ကီလိုမီတာအကွာလောက်က သံသတ္တုရိုင်းထုတ်တဲ ့ mine စခန်းကို ရှေ ့ပြေးအနေနဲ ့ ရောက်လာခဲ ့ကြတယ်။ ဒီဒေသက မလေးရှားနိုင်ငံရဲ ့ နာမည်ကြီး Taman Negara သစ်တောကြိုးဝိုင်းရဲ ့အစွန်ဒေသတစ်ခုပေါ ့။
တောတွင်းပျော်တို ့အုပ်စုမှာက မြန်မာ ၄ယောက်နဲ ့ ကားအုံနာသူဋ္ဌေးရဲ ့ ယောက်ဖတော် တရုတ်တစ်ယောက်။ သူ ့နာမည်က Ah Kit ။ သူကအရှေ ့ ့မလေး Sabah ပြည်နယ်ဖက်ကပြန်လာတာ မကြာသေး။ သူ ့ဆီကနေ ဖီလစ်ပင်းလူမိုက်တွေအကြောင်းနဲ ့ ကာလီမန်တန်ဖက်က ထူးဆန်းတဲ ့လူမျိုးစုတွေ အကြောင်း ညအိပ်ယာဝင် ပုံပြင်တွေလို စိတ်ဝင်တစား နားထောင်ရလေ ့ ့ရှိတယ်။
ဒီ mine camp ကိုရောက်တော ့ အရင် ကုမ္မဏီက ဆောက်ခဲ ့တဲ ့ လူ ၃ယောက်စာ ချောင်ချောင်ချိချိအိပ်လို ့ရတဲ ့ ကွန်ကရစ်ကြမ်းခင်းအထက် ၂ပေခွဲအမြင် ့ အခန်း ၂ဝပါ အထပ်သားခင်း အထပ်သားကာ သွပ်မိုးနဲ ့ အခိုင်အခန် ့ အဆောင်ကြီးကျန်ခဲ ့တယ်။ တောင်ကုန်းပြေပြေတစ်ခုမှာတည်ထားတဲ ့ဒီအဆောင်ကြီးရဲ ့ အနောက်မှာတော့ ညအချိန်ခါမှာ တောဆင်အော်သံ ဂျီဟောက်သံတွေ မကြာခဏကြားနေရတဲ ့ တောရိုင်းတောနက်ကြီး။့
အဆောင် အလယ်လူသွားလမ်း တဖက်တချက်မှာ အခန်း ၁ဝခန်းစီ။ ဒီ ၁ဝခန်းကိုုမှ ကန် ့လန် ့ဖြတ် ၅ခန်းစီ ခွဲလိုက်ပြီး အလယ်ကောင်တည် ့တည် နေရာကနေ အရေးပေါ် ယာဉ်ဝင် ယာဉ်ထွက်ပေါက်ဖွင် ့ထားတယ်။ အဆောင်တွင်း အလယ်လူသွားလမ်းရဲ ့ တဖက်ထိပ်မှာက မီးဖိုချောင်။ မီးဖိုချောင်နောက်ပေါက်က ထွက်လိုက်ရင် တောင်ပေါ်ကနေ ရေပိုက်နဲ ့သွယ်ပြီး ရေတဝေါ်ဝေါ်ကျနေတဲ ့ ရေချိုးခန်း။
ပေ ၁၂ဝလောက်ရှည်တဲ ့ ဒီအဆောင်ကြီးရဲ ့ မီးဖိုချောင် အလယ်တည် ့တည် ့ကလှမ်းကြည် ့လိုက်ရင် အဆောင်ရဲ ့တဖက်ထိပ်ကို တိုးလျှိုးပေါက်မြင်နေရတယ်။ ညဖက် လသာချိန်များဆိုရင် မီးဖိုချောင်ကနေလှမ်းကြည် ့လိုက်ရင် အဆောင်တဖက်ထိပ် လရောင်အောက်ကမြင်ကွင်း ကွက်ကွက်ကလေးသာမြင်ရပြီး အဆောင်အတွင်းကတော ့ မဲမှောင်နေပြီး youtube က ghost haunter တွေညအချိန် ဝင်လေ ့လာကြတဲ ့ စွန် ့ပစ်ဆေးရုံကြီးတွေလို စိတ်ချောက်ခြားဖို ့တောင် ကောင်းနေသေးရဲ ့။့
တောတွင်းပျော်တို ့အုပ်စု အခန်းနေရာယူကြတော ့ အဆောင်ရဲ ့အလယ် ယာဉ်ဝင်ပေါက်နား။ ဒီနေရာက ဒီ camp ရဲ ့ရှေ ့မနီးမဝေး အရင်တုန်းက ရွှေကျင်ခဲ ့တဲ ့ အင်းရေပြင်ကိုဖြတ်ပြီး လေအေးလေတွေ ဝင်လာတဲ ့ နေရာမို ့ပါ။
တောတွင်းပျော်တို ့အုပ်စု ဒီကိုရောက်တော ့ အရင်အဖွဲ ့တွေရဲ ့ လက်ကျန် မပြောင်းရွှေ ့ထုတ်ရသေးတဲ ့ယန္တယားကြီးတစ်ချို ့နဲ ့ဆီတိုင်ကီကြီးတစ်လုံး ကျန်နေတုန်း။ ဒါကို Sabah (အရှေ ့မလေး) ညီအကို ၂ယောက်က စောင် ့ရှောက်နေတာ။ သူတို ့က ခရစ်ယာန်တွေ။ တောတွင်းပျော်တို ့ အုပ်စုမှာက ခရစ်ယာန်နဲ ့ ဗုဒ္ဓဘာသာပါတယ်။ ဒီတော ့ တောထဲက လူ ရယောက် ချက်ပြုတ်စားသောက်ရေး ကိစ္စ အဆင်ပြေသွားရအောင် အိုးပေါင်းလိုက်တယ်။ မလေးတွေနဲ ့ကတော ့ အိုးပေါင်းလို ့မရ။ သူတိ ု့ ့ဘာသာမှာက တောတွင်းပျော်တို ့ စားနေကြ အစားအသောက်တစ်ချို ့ကန် ့သတ်ထားတာမို ့။
အလုပ်က အခုမှစဝင်ရမှာမို ့ လက်ထဲမှာငွေ ဘယ်သူမှ ပိုပိုလျှံလျှံမရှိ။ သူဋ္ဌေးပို ့ပေးထားတဲ ့ ကြာရှည်ခံ ရိက္ခာခြောက်တွေ ချွေတာစားနေရတယ်။ ဟင်းရွက်ကပူစရာမလို။ ရေချိုးခန်းနောက်မှာ တောအုပ်ကြီးတစ်ခုလို အုံဟီးထနေတဲ ့ကန်စွန်ပင်တွေရှိရဲ ့။ တခါတလေ မိုးရွာလို ့ အလုပ်နားချိန်တွေမှာ အရှေ ့ အင်းရေမှာ ငါးမျှား။ ရိက္ခ္ခာဖန်တီးရတယ်။ တခါတလေကျတော ့ ဖားသား စားရပါရဲ ့။ တောတွင်းပျော်တို ့ site က ဘူဒိုဇာမောင်းသမား အိန္ဒိယ တမီလ်း အဏဲက တခါတလေ ညမှာရောက်လာတတ်ပြီး အဆောင်နဲ ့ မနီးမဝေး စမ်းချောင်းတွေမှာ ဖားရိုက်ထွက်တတ်တယ်။ ရလာတဲ ့ဖားတွေကိုလည်း သူကိုယ်တိုင်က ချက်ပေး ကြော်ပေးလုပ်တတ်တယ်။ ဟင်းချက်ကောင်းတယ်။ သူကတော ့ ဟိန္ဒူဘာသာဝင်။
တောတွင်းပျော်တို ့ရဲ ့ site က supervisor တွေက ဒီ camp နဲ ့ မနီးမဝေး sungai timau ရွာက မလေးလူမျိုးတွေ။ နောက်ပြီး သူတို ့က RELA အဖွဲ ့ဝင်တွေ။ RELA အဖွဲ ့ဆိုတာက မြန်မာပြည်က ပြည်သူ ့စစ်အဖွဲ ့လိုမျိုး။ တရားမဝင်နိုင်ငံခြားသားတွေ ဖမ်းတဲ ့နေရာမှာ ဒီအဖွဲ ့တွေက လက်သံပြောင်တယ်။ သူတို ့မှာ လိုင်စင်နဲ ့ပေးကိုင်ထားတဲ ့ ပြောင်းရှည်သေနတ်တွေရှိကြတယ်။
ဒီမလေး supervisor အုပ်စုက ညဖက်တွေ သန်းခေါင်ယံချိန်တွေလောက်ဆိုရင် တောတွင်းပျော်တို ့ နေတဲ ့ camp အနောက်ဖက်က site ထဲဝင်တဲ ့ တောလမ်းဖက်ကို 4 wheel ကားတွေနဲ ့ဝင် စပေါ ့လိုက်မီးကြီးတွေ ထိုးပြီး အမဲလိုက်တတ်ကြတယ်။ တခါတလေ သူတို ့ ့ တောအကောင်ပလောင်တွေ ဂျီယုန်တွေ ပစ်ရလာရင် ညကြီးမင်းကြီး အိပ်ပျော်နေတဲ ့ တောတွင်းပျော်တို ့ကို ခေါ်နိုးပြီး ဟင်းစာအတွက် လာပေးတတ်ကြတယ်။ သူတို့ အမဲလိုက်ဝါသနာနဲ ့ အားအားယားယား လက်ကမြင်းနေကြတာဖြစ်ပေမယ် ့ အသားငါးဝယ်မစားနိုင်တဲ ့ တောတွင်းပျော်တို ့အတွက်ကတော ့ အဆင်ပြေလှတာပေါ ့။ သူတို ့အုပ်စုက တောတွင်းပျော်တို ့ အခက်အခဲတွေ လိုအပ်ချက်တွေကို နားလည်မှုအပြည် ့နဲ ့ ကူညီပေးတတ်တဲ ့ မလေးမိတ်ဆွေကောင်းတွေလို ့ ဆိုရင်မမှားဘူးပေါ ့နော်။
တစ်ခါမှာတော ့ သူတို ့တစ်တွေ တောတွင်းပျော်တို ့ အုပ်စုအတွက်ရည်ရွယ်ပြီး စေတနာနဲ ့ လက်ယားထည်ဲ ့လိုက်တဲ ့ကိစ္စတစ်ခုက တောတွင်းပျော်တို ့ အဆောင်နေတစ်အုပ်စုလုံး ခြောက်ခြားရတဲ ့အဖြစ် ဖြစ်လာပါတော ့တယ်။
တစ်ည တောတွင်းပျော်တို ့ အိပ်လို ့ကောင်းနေတဲ ့ မနက် ၂:၀ဝ နာရီ ဝန်းကျင်လောက်မှာ camp အရှေ ့က ကားဟွန်းသံ တတီတီပေးသံကြား အိပ်ကောင်းတုန်းမို ့ စိတ်တိုတိုနဲ ့ တောတွင်းပျော်တို ့ တစ်စုလုံးထွက်ကြည် ့လိုက်တော ့ မလေး supervisor တို ့အုပ်စု။ မင်းတို ့ အုပ်စုအတွက် sungai timau ရွာစပ်က စားအုန်းဆီခြံထဲ တောဝက်တစ်ကောင် ခုလေးတင်ပစ်ထားတယ် သွားယူကြချေတဲ ့။ နေရာကိုပြောပြတော ့ ထုံးစံအတိုင်း လူပျင်းတောတွင်းပျော်ကတော ့ အိပ်ချင်မူးတူးနဲ ့မို ့မသွားချင်။ ဒီအချိန်မှာ ရိက္ခာလာပို ့လို ့ ဒီမှာ ခဏရောက်နေတဲ ့ကျနော်တို ု့ ့သူဋ္ဌေးက မင်းတို ့အတွက်ဟင်းစားရတာပေါ ့။ ငါလည်း အသားတစ်ချို ့ အိမ်ယူသွားချင်တယ်ဆိုတော ့ တောတွင်းပျော်တို ့ အုပ်စုထဲက ဒီအရေးအတွက် တက်ကြွနေသူတချို ့ သူဋ္ဌေးနဲ ့အတူ သုူ ့ van ကားန ဲ့ ့ထွက်သွားကြတယ်။ ကျန်ခဲ ့တဲ ့ တောတွင်းပျော်တို ့အုပ်စုလည်း ပြန်အိပ်မပျော်နိုင်ကြတော ့တာမို ့ ဘက်ထရီ မီးသီးတွေထွန်းပြီး စောင့် ့နေလိုက်ကြတော ့တယ်။
၂ ကီလိုမီတာလောက်သာ ဝေးတဲ ့ ဒီခရီးဟာ ၁နာရီခွဲ ၂နာရီနီးပါး ထွက်သွားသူတွေကို ထိုင်စောင့် ့နေတာ ပြန်မရောက်နိုင်ကြ။ ဆက်ပြီးမစောင့်နိုင်လို ့် အိပ်ယာပြန်ဝင်တော ့မယ် ပြင်ခါမှ ထွက်သွားသူတွေထဲက တစ်ယောက် ခြေကျင်နဲ ့ပြန်ရောက်လာပြီး လမ်းတစ်ဝက် van ကားပျက်သွားလို ့ တောဝက်ကောင်သယ်ဖို ့ ကားကြီးလာယူတာတဲ ့။ ဘယ်နှယ် ့နေ ့စဉ်နဲ ့အမျှ ခရီးဝေး ခရီးနီးပြေး ဘာမှ မဖြစ်ဖူး ဒုက္ခမပေးဖူးတဲ ့ ဒီကားက ဒီညကျမှ ဘယ်လိုဖြစ်တာပါလိမ် ့။ တောတွင်းပျော်လည်း သူတို ့ကို ဆက်မစောင် ့တော ့ဘဲ အိပ်ယာဝင်လိုက်ပါတော ့တယ်။
နောက်တစ်နေ ့မနက် တောတွင်းပျော်တို ့အုပ်စု site ထဲဝင် အလုပ်ဆင်းချိန်မှာတော ့ တောတွင်းပျော်တ ို ့ထဲက ကားပျက်လို ့ စခန်းမှာကျန်ခဲ ့သူတစ်ယောက်နဲ ့ sabah ညီအကို ၂ယောက်က တောဝက်ကောင်ကြီးကိုဖျက် အသားကောင်း ကလီစာကောင်းတွေကို ရေခဲသေတ္တာထဲထည် ့သိမ်းထားလိုက်တာ ရေခဲသေတ္တာ အပြည် ့။ ဒါတောင် ပိုနေတဲ ့ အသားတွေပစ်လိုက်ရတာက မနည်းမနော။
ဒီတစ်ပတ်စာလောက်တော ့ ရိက္ခာ ကောင်းကောင်းဖူလုံသွားပြီ။ သူဋ္ဌေးလည်း အသားကောင်းတစ်ချို ့ယူပြီး လမ်းကြုံကားနဲ ့ သူ ့မြို ့ကိုပြန်သွားပြီ။ အိမ်အပြန် မျက်နှာပန်းလှပြီပေါ ့။ တောတွင်းပျော်တို ့လည်း ရိက္ခာအတွက် စိတ်ချမ်းသာစွာနဲ ့ အပြုတ်လည်း ဒီအသား အကြော်လည်း ဒီအသား အချက်လည်း ဒီအသား။ တစ်ပတ်လောက်တော ့ အီံဆိမ် ့နေအောင် စားရချေတော ့မယ်။
တစ်ပတ်စာလောက် ရိက္ခာအရေး ရင်အေးသွားရပေမယ် ့ အသားဖျက်ပြီး ဒုတိယမြောက်နေ ့မနက်မှာ ပြဿနာအစလေး အညောင် ့ပေါက်လာတယ်။ ထုံးစံအတိုင်း မနက်စောစော ထမင်းဟင်းချက်ပြုတ်ရင်း ကော်ဖီသောက်နေကြချိန်မှာ sabah အကြီးကောင် မနိုးစဖူး အစောကြီးထလာပြီး ငူငူငေါင်ငေါင်နဲ ့ ထမင်းစား စားပွဲမှာဝင်ထိုင်ရင်း ညတုန်းက လူတစ်ယောက်လာတယ်တဲ ့။ သူဒီလိုပြောလာတော ့ တောတွင်းပျော်တို ့အုပ်စုဆီက တစ်ယောက်တစ်ပေါက်လေသံတွေ ထွက်လာတယ်။
ညတုန်းကဘယ်သူလာလို ့တုန်း။ မဖြစ်နိုင်တာ။ တကယ်လို ့ တစ်ယောက်ယောက် ဒီ စခန်းထိရောက်အောင်လာမယ်ဆို ဆိုင်ကယ်သံ ကားသံတော ့ကြားရမှာပေါ ့။ နောက်ပြီး အပြင်လူဝင်လာခဲ ့ရင်တောင် ငါတို ့အိပ်ခန်းဘေးက အရင်ဖြတ်လာမှာ။ ဒါဆို ငါတို ့ထဲက တစ်ယောက်မဟုတ် တစ်ယောက်ကတော ့နိုးပြီးကြားမှာ။ ခု ဘယ်သူကမှလည်း မသိ။ မကြား မင်းအိပ်မက်ယောင်နေလို ့ဖြစ်မှာပါ။ ဒီလိုဝိုင်းပြောကြတော ့ sabah လူပျိုပေါက်လေး မျက်နှာရှုံ ့မဲ ့သွားပြီး မကျေမနပ်လည်းဖြစ်သွားပုံရတယ်။ အတော်ကြာလေးငြိမ်နေပြီးမှ အရင်က ဒီစခန်းမှာ ခုလိုမျိုးတစ်ခါမှ မဖြစ်ဖူးဘူး။ နင်တို ့ရောက်လာမှ ခုလိုစဖြစ်တာ။ ဒီကောင်လေးနှုတ်က မဆင်မခြင်ပြောထွက်လာတဲ ့ စကားကြောင် ့ တောတွင်းပျော်တို ့ ဒေါသထွက်ကုန်တယ်။ ဘယ်နှယ် ့ဗျာ သူပြောပုံက မမြင်ရတဲ ့ အပကောင်ကြီးကို တောတွင်းပျော်တို ့ကပဲ ဆွဲခေါ်လာသလိုလို။ Ah Kit တစ်ယောက် ဒေါသထွက်ပြီး ဒီကောင်လေးကို လက်ညှိးတောက်တောက်ထိုးပြီး မင်းက ငါတို ့ကို ဘယ်လိုထင်လို ့လည်း စသည်လို စကားလုံးတွေကြမ်းလာတော ့ တောတွင်းပျော်လည်း Ah Kit ကိုလှမ်းထိန်းလိုက်ရင်း မင်းကလည်းကွာ ကလေးပြောတာ ဗွေမယူစမ်းပါနဲ ့။ သည်းခံလိုက်ပါ။ ငါ သူ ့ကိုမေးကြည် ့လိုက်ပါအုံးမယ်ဆိုတော ့မှ တရှူးရှူးတရှဲရှဲနဲ ့နောက်ပြန်ဆုတ်သွားတယ်။
“ ပြောစမ်းပါအုံး၊ ညတုန်းက ဘယ်သူများ လာလို ့တုန်း” ကျနော်မေးလိုက်တော ့
Sabah ကောင်လေးက
“ဘယ်သူလည်းတော ့မသိဘူး။ အပေါ ့သွားချင်လို ့ တရေးနိုးပြီး ထမယ်လုပ်တုန်း ခြေသံကြားလို ့ ပြန်ငြိမ်ပြီး နားထောင်လိုက်တာ ခြေသံက ကျနော်တို ့ အခန်းနားကနေဖြတ်ပြီး မီးဖိုဖက်ကို ဝင်သွားတယ်။ ရေခဲသေတ္တာဖက်ဆီကို ခြေသံရောက်သွားပြီး ရေခဲသေတ္တာတံခါးကို ဖွင် ့လိုက် ပိတ်လိုက် ၂ခါ ၃ခါလောက် လုပ်ပြီး မီးဖိုဘေးက တံခါးကို သွားဆွဲပြန်တယ်။ ကျနော် ဒီအချိန်မှာ အပေါ ့အရမ်းသွားချင်နေပြီ။ ဒါပေမယ် ့ မလှုပ်ရဲတော ့ဘူး။ စောင်ခြုံပြီးကွေးနေလိုက်တော ့တယ်။
အတော်လေးကြာမှ ခုန သူဝင်လာတဲ ့လမ်းအတိုင်း ကျနော်တို ့ အခန်းရှေ ့ကိုဖြတ်ပြီး ပြန်ထွက်သွားတယ်။ ဒီတော ့မှ ကျနော်လည်း အခန်းထဲက ပလတ်စတစ်အိပ်တွေရှာပြီး အပေါ ့သွားထည် ့လိုက်တော ့တယ်။”
သူ ့ စကားဆုံးတော ့ တောတွင်းပျော်တို ့ တဝါးဝါး တဟားဟားနဲ ့ ရီကြတာပေါ ့။ သူ အပေါ ့သွားတဲ ့ပုံကို သဘောကျကြလို ့ပါ။ သူ ့မျက်နှာကတော ့ ဇီးရွက်လေးလောက်သာ ကျန်ပါတော ့တယ်။
ကျနော်တို ့ အုပ်စုက ဒီအဖြစ်အပျက်ကို သာမန်လို ့ပဲ သဘောထားတာမို ့ နေ ့လည် အလုပ်လုပ်ချိန်မတော ့ သတိမရကြတော ့။ ညနေထမင်းဝိုင်းမှာ လူစုံတော ့ ပြန်သတိရမိပြီး
တောတွင်းပျော်တို ့ အုပ်စုထဲကလူတွေကို ဘယ်သူမှ ဒီအကြောင်း အစပြန်မဖော်ဖို ့ တိုးတိုးတိတ်တိတ် သတိပေးထားလိုက်တယ်။ တော်ကြာ ဒီညီအကို ၂ယောက် အကြောက်လွန်နေမှာစိုးလို ့ပါ။ ဒီညလည်း ခါတိုင်းညလိုပဲ သီချင်းဖွင် ့ အပျင်းပြေ ဖဲရိုက်ပြီး ည ၁ဝ နာရီထိုး မီးစက်ပိတ်ပြီး အိပ်ယာဝင်လိုက်ကြတယ်။ တစ်နေကုန် ကားမောင်းရလို ့ ပင်ပန်းနေတာရယ်
ဟို မလေး supervisor အုပ်စု ဒီညလာပြီး မနှောက်ယှက်တာရယ်ကြောင် ့ အိပ်ကောင်းခြင်းနဲ ့ ကောင်းကောင်းအိပ်ပျော်ပြီး မနက်အစောကြီး နိုးလာတယ်။ အိပ်ယာကထပြီး မီးဖိုဖက်ကိုသွားတော ့ Ah kit တစ်ယောက် နိုးနှင် ့နေတာကိုတွေ ့လိုက်တယ်။ ကော်ဖီသောက်နေရင်း ဘာစကားမှလည်းမပြော၊ မျက်နှာကလည်း တစ်ခုခုကို အလေးအနက် စဉ်းစားသလို တည်နေတယ်။
စောလှချည်လားလို ့ နှုတ်ဆက်လိုက်တော ့ ချက်ချင်းပြန်မဖြေပဲ အတန်ကြာမှ
“ ဟိုကောင်ပြောတာ ဟုတ်တယ် တောပျော်”
သူ ့အရင်းမရှိ အဖျားမရှိ စကားကြောင် ့ တောတွင်းပျော်တစ်ယောက် နည်းနည်းကြောင်မိသလိုဖြစ်သွားပြီး မင်းက ဘာပြောတာလဲ ပြန်မေးလိုက်တော ့
“ ည ငါတစ်ရေးနိုးတော ့ ည ၁ နာရီခွဲ ၂ နာရီ လောက်ရှိမယ်ထင်တယ်။ အဲ ့အချိန်မှာ ငါ ့အခန်းဘေး ယာဉ်ဝင်လမ်းအတိုင်း ဝင်လာတဲ ့ ခြေသံကြားလိုက်ရတယ်ကွ။ ဘယ်သူလည်း ငါ အသာလေးနားစွင် ့
ကြည် ့တော ့ တတွတ်တွတ်နဲ ့ စကားပြောသံ ကြားလိုက်ရတယ်။ အဖိုးကြီးတစ်ယောက်ရဲ ့ လေသံမျိုုး။ မလေးတော ့ မလေးစကားပဲ။ ဒါပေမယ် ့ ငါနားမလည်ဘူး။ သူ အဆောင်ရှေ ့က ဝင်လာပြီး မီးဖိုဖက်လျှောက်သွားတယ်။ ငါလည်းဆက်ပြီး နားထောင်တာ ရေခဲသေတ္တာ ဆွဲဖွင် ့သံ
ပိတ်သံတွေကြားလိုက်ရတယ်။ ဖွင် ့တာ ပိတ်တာ ၃၊ ၄ခါလောက်ရှိမယ်။”
သူ ဒီလိုပြောတော ့ တောတွင်းပျော်လည်း ရေခဲသေတ္တာဖက်ကို ယောင်ပြီးကြည် ့လိုက်မိတယ်။ ဒီထဲမှာ ဖျက်ထားတဲ ့ တောဝက်သားတွေက အပြည် ့။
“ သူ အဲလိုလုပ်ပြီးတာနဲ ့ မီးဖိုဖက်က ပြန်လှည် ့လာပြီး ခုန ဝင်လာတဲ ့လမ်းကနေ ပြန်ထွက်သွားတယ်။ နှုတ်ကတော ့ တတွတ်တွတ်ပဲ။ အပြင်ရောက်တော ့ ကားတွေရပ်ထားမှာ
တော်တော်ကြာ အသံတွေကြားနေရသေးတယ်။ သူ ့လေသံနားထောင်ရတာ တစ်ခုခုကို မကြေနပ်သလိုမျိုး။”
တောတွင်းပျော်လည်း ခေါင်းခြောက်သွားတယ်။ ဟို Sabah အကြီးကောင်ပြောတုန်းက တော်တော်
ဒေါထပြီး ပြန်ကောထဲ ့သူက ကိုယ်တိုင်ကြုံရပြ။ီ ဒီကိစ္စကို ပေါ ့သေးသေး သဘောထားလို ့မရတော ့။
နေတာက တောကြီးစပ်မှာ။ အရေးအကြောင်းဆို ရွာကလည်း နည်းနည်းအလှမ်းဝေးနေတယ်။ ဒီအချိန်အထိ ကျနော်တို ့နှစ်ယောက်တည်း။ ကျန်တဲ ့သူတွေ မနိုးကြသေး။
“ မင်း ဘယ်လိုထင်သလဲ” သူ ့ကို ကျနော်မေးကြည် ့တော ့
“ ငါတို ့တွေ တစ်ခုခု အမှား လုပ်မိတာထင်တယ်။ ဟိုတောဝက်သားတွေ ရတဲ ့နေ ့ကစပြီးဖြစ်တာ ဆိုတော ့ နောက်ပြီး ငါတို ့နေတာက ငါတို ့မပိုင်တဲ ့နယ်မြေ။”
“ဒါဆို ငါတို ့တစ်ခုခုစီစဉ်မှ ဖြစ်တော ့မယ်ထင်တယ်။ ဘာပဲဖြစ်ဖြစ် ဂျပုကို ဖုန်းဆက်ရအောင်။”
ဂျပုက ကျနော်တို ့ သူဋ္ဌေး။ ကျနော် ဒီလိုပြောလိုက်တော ့ Ah kit က
“ အေး၊ ဟုတ်တယ် ငါ ့ယောက်ဖက ဒါမျိုးတွေကျွမ်းတယ်။ သူက အိမ်မှာနေရင် လာခေါ်တဲ ့ လူရှိရင်
ကန်တော ့ပွဲတွေ လိုက်ပေးတတ်တယ်။ သူက ငါတို ့မြို ့မှာ နာမည်ကြီးပဲ”
ဒီတော ့မှ ကျနော ့ သူဋ္ဌေးရဲ ့ စွမ်းရည်တစ်ခုကို ကျနော်ထပ်သိလိုက်ရတယ်။ သူ ့Van ကားပျက် လာပြင်ဖို ့ရှိနေတော ့ ဒီကအခြေအနေတွေကို သူဋ္ဌေးကိုပြောပြပြီး လိုအပ်တာတွေ တစ်ပါးတည်းပါလာဖို ့မှာလိုက်တယ်။ Supervisor တွေကို ဖုန်းဆက်ပြီး ဒီတစ်နေ ့တော ့ ကျနော်တို ့ တစ်အုပ်လုံး အလုပ်ဆင်းဖြစ်မှာ မဟုတ်ကြောင်း ၂ညဆက်တိုက်ကြုံခဲ ့တဲ ့ ပြဿနာကိုပြောပြတော ့
စခန်းအရှေ ့က ကုန်းတန်းလေးရဲ ့ထိပ်ဆုံးမှာ နတ်စင်လေး ရှိတယ် အဲ ့ဒီမှာ မင်းတို ့ အစီအစဉ်တွေ လုပ်လို ့ရတယ်ဆိုပြီး ဖုန်းက ပြန်ဖြေသွားတယ်။ ဒီကုန်းတန်း တစ်ချိန်ကပြောင်ပြောင်ရှင်းရှင်း ရှိခဲ ့ပေလိမ် ့ပေမယ် ့ ခုချိန်မှာတော ့ မြက်ရိုင်း မြက်ကြမ်းရှည်တွေကအပြည် ့။ ကုန်းတန်းလေးရဲ ့ အဆုံးသတ်မှာတော ့ ရွှေကျင်ခဲ ့တဲ ့ရေအိုင်။ နတ်စင်လေးက ကုန်းထိပ်က အပင်မကြီးမသေး သစ်ပင်တစ်ခုရဲ ့ ့အောက်မှာ။ နေရာလေးက ကဗျာဆန်တယ်လို ့ပြောရမလားပဲ။
လူစုံတော ့ ဒီနေ ့လုပ်ကြရမယ် ့ ့အစီအစဉ်အတွက် Sabah ကောင်လေး ၂ယောက်က ရေခဲသေတ္တာထဲက အသားတွေ အကုန်ရှင်းထုတ်။ ကျန်တဲ ့ ကျနော်တို ့ ၅ယောက်က နတ်စင်က မြေပြင်ရှင်းလင်းရေးလုပ်။ ကျနော်တို ့ အဖြစ်တွေကြားတော ့ အိနိ္ဒယ အဏဲက မနီးမဝေး ဆိုဒ်က သူ ့ ဘူဒိုဇာကြီးမောင်းလာပြီး အဆောင်ကနေ နတ်စင်ကြား ကိုက် ၄၀ဝလောက် ရှိမယ် ့ လမ်းဟောင်းကို လာရှင်းပေးတယ်။
အကြောက်တရားတစ်ခုကြောင် ့ ဘာသာစုံက လူပေါင်းစုံ ညီညွတ်လိုက်ကြတာ မကြာခင်ပဲ နတ်စင်ဟောင်း နေရာပတ်ဝန်းကျင်တစ်လျှောက် ရှင်းလင်းသွားပါတော ့တယ်။ မွန်းလွဲ ၂ နာရီလောက်ကျတော ့ သူဋ္ဌေး ဂျပုရောက်လာပြီး ပါလာတဲ ့ ့ ကန်တော ့ပွဲအတွက် ပါလာတဲ ့
သစ်သီးဝလံ၊ မုန် ့မျိုးစုံနဲ ့ ကန်တော ့ပွဲ အခမ်းအနားပြင်ဆင်ကြပါတော ့တယ်။ နတ်စင်နီနီလေးရှေ ့မှာ သစ်သီးဝလံတွေနဲ ့ မုန် ့မျိုးစုံကို ပန်းကန်ပြားနဲ ့တင်ပြီး အမွှေးတိုင် ၃ချောင်း မီးညှိ နဖူးနဲ ့တိုက်ပြီး နှုတ်ကတတွတ်တွတ် တောင်းပန်စကား ဂျပုကဆိုချိန်မှာတော ့ ကျနော်တို ့အုပ်စု သူ ့နောက်နား ပတ်ပတ်လည်မှာ ထိုင်ရမလို၊ ထရမလို၊ လက်ပိုက်ရမလို ၊ လက်အုပ်ချီပြီးပဲနေရမလို သူဋ္ဌေး ဂျပုလုပ်သမျှကို ဝိုင်းကြည် ့နေကြတယ်။ သူဋ္ဌေး ဂျပုကတော ့ နှုုတ်တတွတ်တွတ်နဲ ့ လက်က မြောက်လိုက်နဲ ့။ သူပြောနေတဲ ့ တရုတ်စကားကို ကျနော်နားမလည်ပေမယ် ့ စိတ်ထဲက ဘာသာပြန်ကြည် ့တာတော ့ အမိုက်အမဲလေးများကို သည်းခံခွင် ့လွှတ်ပေးပါဆိုတဲ ့ သေချာပေါက်ပါနေမှာမို ့ စိတ်ထဲကတော ့ နည်းနည်းတော ့ ခံပြင်းချင်စိတ်ပေါက်နေမိတယ်။ ဒါပေမယ် ့ ဘာတတ်နိုင်မှာလည်း သူ ့အလှည် ့ပဲကိုး။ သည်းခံရပေမပေါ ့။
ရွှေတောင်နန္ဒသူက သူ ့ မွေ ့နွန်းရကန်မှာ တခြားလူတွေရေးတဲ ့ရကန်များဟာ လှေထိုး လွှတိုက် လူမိုက်များကသာ ရေးတာမို ့ အနှစ်သာရမရှိ ဖတ်မကောင်းကြောင်း နာနာနှက်ရေးခဲ ့တာ။
ခန္ဓာဗလအားကိုးသူတွေဟာ လူမိုက်တွေသာဖြစ်ကြောင်း။ သိပ်တော ့မထူးသလိုပဲ။ တောတွင်းပျော်တို ့ ကားသမားတွေက ဆီချေးအထပ်ထပ် ဖုန်ပေရွှံ ့လူး အလုပ်ကြမ်းသမားတွေမို ့ အမိုက်မဲလေးများ ဆိုတာကို ကြံဖန်ပြီး ကိုယ် ့ဘာသာဖြေသိမ် ့လိုက်ပါတော ့တယ်။ မမြင်ရတဲ ့ ပုဂ္ဂိုလ်ကြီးကိုလည်း အထွန် ့မတက်ရဲ။
သူဋ္ဌေးဂျပု ကန်တော ့တာပြီးသွားတော ့ ကျန်လူတွေက အမွှေးတိုင်လေးတွေကို မီးညှိပြီး နတ်စင်ရှေ ့က မြေခွက်လေးထဲထည် ့ပေးပြီး အရိုအသေပေးနေကြရဲ ့။
အမိုက်မဲလေး တောတွင်းပျော်က ဒါကို စိတ်မဝင်စား။ နတ်စင်ရှေ ့တင်ထား အလုံးလှလှ အရောင်တပြောင်ပြောင်နဲ ့ သစ်သီးတွေဆီကိုသာ စိတ်ကရောက်နေတယ်။
အင်း… ဒါမျိုးတွေ မစားရတာ ကြာပြီးပဲ။
အမိုက်မဲလေး
တောတွင်းပျော်
၁ရ ၊၁၁ ၊၁၅
23 comments
Kaung Kin Pyar
November 17, 2015 at 11:12 pm
လက်စသတ်တော့ အသီးတွေကို ငတ်ကြီးကျတဲ့ အမိုက်အမဲကိုးးး
တောင်ကြီးမှာပေါတယ်ညှော် သစ်သီးတွေလေ lol
မျက်လုံးသာဖွင့်ကြည့်ခဲ့ရင် ဘယ်လိုပုံမြင်ရမလဲ မသိဘူး 🙂
နိူးနေတဲ့လူတွေရှိကြလို့သာ ဒီလိုလာ ဒါမျိုးလုပ်တာသိလို့ တော်သေးတယ်။ တောင်းပန်လိုက်တော့ကျေအေးသွားရောလား။ ကပ်ထားတဲ့အသီးတွေရော ဘယ်တော့စွန့် စားလိုက်လဲ 🙂
နေပြည်တော်ပျဉ်းမနား အလုပ်ကအဆောင်မှာနေတုန်း ညည walking ရိုက်တဲ့ (ဒါကတော့ ပရလောကသားပေါ့လေ) တစ်အိမ်တည်း ကြုံဖူးတယ်။ ခြေသံကတော့ ၁၂:၄၅ ဆို ဧည့်ခန်းဘက်မှာ ပုံမှန်ပဲ။
အမှတ်တရပါပဲ
တောတွင်းပျော်
November 18, 2015 at 6:01 am
အဟေးး တောင်ကြီးသွားပြီး မိုက်မဲလိုက်အူးမှ။
နောက်ညတွေ ဘာသံမှ မကြားရတော ့ပါဘူး။
ကန်တော ့ပွဲက ကန်တော ့စင်မှာ ၂ နာရီထက်ပို နေခွင် ့ မရှိရှာပါဘူးး။ သိတယ်မဟုတ်လား အမိုက်မဲလေးတွေလေ..
kai
November 18, 2015 at 5:23 am
မလေးတွေအများစုက.. မွတ်ဆလင်တွေဆိုတော့… ဝက်သားမစားဘူးပေါ့..။
တောဝက်သားကောစားလား..။
ဗမာတွေသာ.. ဝက်နဲ့တောဝက်လို့ခေါ်တာမို့ တူသလိုလို…
ဘိုလိုဆိုရင်တေ့ာ.. Pig,Hog နဲ့ Boar ပေါ့…။
တောတွင်းပျော်
November 18, 2015 at 6:09 am
အများစု မဟုတ်ပါဘူး။ မလေးအကုန်လုုံး ရာနှုန်းပြည် ့ကIslam ဘာသာဝင်တွေ။ တောဝက်သားလည်းရှောင်တယ်။ ထောင်ချောက်မှာ အသေရတဲ ့ တိရိစ္ဆာန်သားလည်းမစားဘူး။ သွေးမစင်လို ့။ Islam ခြင်းတူ အင်ဒိုနီရှားအတော်များများက မလေးတွေလောက် အယူမသည်းဘူး။ မလေးက ပိုတင်းကျပ်တယ်။
ဇီဇီခင်ဇော်
November 18, 2015 at 8:48 am
အရှေ့တိုင်း က အဲလို အယူတွေ အမျိုးမျိုး သီး တာညော်။
နိုင်ငံတိုင်း ခပ်ဆင်ဆင်တွေ
ဒါနဲ့ တောဝက်သား စားဖူးတယ်။
အဆီမပါဘု
ဒါမဲ့ အိမ်ဝက်လောက် အရသာမရှိဘု။
:k:
တောတွင်းပျော်
November 18, 2015 at 10:35 am
သည်းတာရယ်လို ့တော ့ မဟုတ်ပါဘူး။ တောထဲမှာတော ့ပုံပြင်ဆန်ဆန် အဖြစ်အပျက်တွေက မကြာခဏကြားရတယ်။
ဘာသာ လူမျိ ုးတွေ တစ်ယောက်နဲ ့ တစ်ယောက် မတူကြပေမယ် ့ကြုံဆုံခဲ ့သူတွေ အဖြစ်အပျက်တွေက ဆင်တူတာများတယ်။
တောထဲနေတာ စည်းမဖောက်ရဘူး။
စည်းကမ်း အရမ်းကောင်းတဲ ့
တောတွင်းပျော် ဟိ
Mike
November 18, 2015 at 11:23 am
စိတ်ဝင်စားစရာကောင်းတယ်…
တောတွင်းပျော်
November 18, 2015 at 8:18 pm
ဒီအဖြစ်ကြောင် ့ ကျနော်လည်း တောထဲနေတာ ပိုဆင်ခြင်တတ်လာတယ် ကိုကြီးမိုက်…
Alinsett @ Maung Thura
November 18, 2015 at 2:14 pm
ကျနော်ငယ်ငယ်ကဆို
နတ်စင်ပေါ်က လက်ဖက်တွေလည်း နှိုက်စားတာပဲ
ဦးရှင်ကြီးရဲ့မုန့်ဆန်းလည်း လုပြီး ဂလုတာပဲ
ဟီဟိ
တောတွင်းပျော်
November 18, 2015 at 8:21 pm
သူတို ့ ရာထူးကိုကော လုဦးမှာလား ကိုအလင်းဆက်။
Shwe Ei
November 18, 2015 at 6:46 pm
-ကျိုက်ထီးရိုးဘုရားဖူးရင်း … တောင်အောက်ဘက်က စားသောက်ဆိုင်တွေမှာ
-တောကောင်သားးရတယ်ဆိုလို့…လိုက်သွားတာ..အကောင်သေတွေကို ပုံစံမပျက် တင်ရောင်းနေတာ
-တွေ့ပြီး ..စိတ်ဆင်းရဲလိုက်တာ..တောကောင်သားဆို…တစ်ကြောပြတ်သွားတာဘဲ… :'(
-တောခေါင်ခေါင်မှာ စားစရာရှားပါးလို့ ဆိုတဲ့ ဆင်ခြေရှိရင်တော့ တစ်မျိုးပေါ့လေ 😛
တောတွင်းပျော်
November 19, 2015 at 2:42 am
အနိဋ္ဌာရုံတွေဖြတ်ပြီးဘုရားဖူး
ဘုရားဖူးပြီး ဒီမြင်ကွင်းကိုဖြတ်
ဘယ်ကလာ ကြည်လင်နေတဲ ့ စိတ်မြဲနိုင်ပါ ့မလဲ။
ကျနော်တို ့ဆီမှာ တောကောင်သားကို ခုလိုမျိ ုး တင်ရောင်းဖို ့
ဆိုတာလုံးဝမကြံလေနဲ ့။ ကွိကနဲပဲ။
Shwe Ei
November 19, 2015 at 8:59 am
-သာမီးတို့ရဲ့ ဗုဒ္ဓသာသနာ ထွန်းကားတဲ့ တိုင်းပြည်ကြီးမှာတော့
-ဘုရားဖူးရင်း တောကောင်သားစားတာ ရိုးရာလိုလို ဘာလိုလို ဖြစ်နေပြီ
-ဘုရားပေါ်မှာ ဘီယာမရောင်းတာ ကျေးဇူးတင်ရမယ် 🙄
ဦးကျောက်ခဲ
November 19, 2015 at 11:59 am
အဲသည့်တောဝက်သားတွေ ဘာလုပ်ပလိုက်လဲ???
လွှင့်ပစ်လိုက်သလား… နှမြောစရာ…
တောဝက်သားက အဆီပါးပါး အခေါက်ထူထူ အသားကရဲနေတာပဲ…
အကြောင်းမသိလို့ မချက်တတ်ရင် တော်တော်နဲ့မနူးဘူး…
စားချင်လာပြီ … ရှလွတ်စ်… ရှလွတ်စ် :k:
တောတွင်းပျော်
November 19, 2015 at 7:07 pm
နှမြောတာတော ့ နှမြောတာပေါ ့ ဦးကျောက်။
အားလုံးလွှင် ့ပစ်လိုက်ရတယ်။
တောတိရိစ္ဆာသားတွေက အညှီများတယ်။ ဟင်းအချက်အပြုတ်
ကျွမ်းတဲ ့သူတွေက ချက်မှ စားကောင်းတာ…
ဦးကျောက်ခဲ
November 20, 2015 at 12:47 pm
ဟီ ဟိ… ကိုရင်တို့ကလည်း ကိုယ်ပစ်တာမှမဟုတ်တာ…
စားဦးစားဖျား ပ သ ပါသည်လေးဘာလေး လုပ်ပြီး ဆက်တွယ်ပေါ့…
ဈေးထဲမှာတောင် ရောင်းနေသေးတာကို…
ဦးကျောက်စ်တို့အရပ်မှာ တောဝက်သားမစားရလို့သေမယ်ဆို…
အသေခံဖို့ပဲရှိတယ်… ရှလွတ်စ်… ရှလွတ်စ် :k:
ဦးကျောက်ခဲ
November 20, 2015 at 12:50 pm
နောင် တောဝက်သားရရင် ရေမဆေးပဲ…
အတုံးကြီးကြီးတုံး… အဆီထွက်အောင်…
မီးမြှိုက်ပြီးမှ ကြိုက်သလိုပြန်ချက်… ရှလွတ်စ် :k:
မြစပဲရိုး
November 20, 2015 at 4:33 am
ကျောက်စ် နဲ့ အတွေးတူလိုက်လေခြင်း။
သော်တာဆွေ ရဲ့ စာ တွေ အရဆိုရင် အကောင် ဖျက်တဲ့ နေရာမှာ ဘဲ အသားစ တွေ ကို ချက်စားတာ အတော်အရသာရှိ ဆိုဘဲ။
နေနိုင်လိုက်ကြတာ။ တစ်အိုးမှ တောင် မချက်ဖြစ်လိုက်တဲ့ သဘောပေါ့။
တော်ကြာ ဟို အဘ က ချက်ပြီးသားစားချင်လို့ လာလာ ကြည့်နေတာ ဖြစ်နေဦးမယ်။ :-))
တောတွင်းပျော်
November 20, 2015 at 9:42 am
တစ်နပ် နှစ်နပ်လောက်တော ့ စားလိုက်ရပါတယ်။
ဟင်းမချက်တတ်တဲ ့ ယောက်ျားသားတွေချက်တာရယ် အဆာပလာ မစုံတာရယ် ဟင်းကတော ့ စားလို ့ရရုံလောက်တာပဲ။
အဲ ့ အဘက ဘယ်ဘာသာဝင်လည်းမသိ။ ဒေသကဘာသာဝင်မဟုတ်ရင်တော ့ သူလည်း အရီးပြောသလိုဖြစ်နိုင်တယ်။
ဒီလို အဘပုံပြင်မျိ ုးတွေကတော ့ မကြာခဏကြားဖူးတယ်။
တစ်ခါက သစ်ထုတ်တဲ ့ စခန်းတစ်ခုမှာ အစောင် ့ကျန်ခဲ ့သူတစ်ယောက်ကြုံတာက…..
တစ်ညမှာ သူဟာ သူအလိုလို နိုးလာပြီး မျက်လုံးဖွင် ့ကြည် ့တော ့ သူ ့ခြေရင်းမှာ လူနှစ်ယောက် ရပ်နေတာတွေ ့ရသတဲ ့။ အဖိုးကြီးတစ်ယောက်နဲ ့ ကောင်လေးတစ်ယောက်။ မြေးအဖိုး ဖြစ်မှာ။ အဖိုးကြီးက လက်တစ်ဆစ်လောက်ရှိတဲ ့ ဆီပုလင်းတစ်ခုကို အဲ ့လူကိုပေးသတဲ ့။ ပါးစပ်က ဘာမှတော ့ မပြောဘဲ လက်ကသာ ယူပါဆိုတဲ ့အမူအယာနဲ ့ ပေးတာတဲ ့။ တဲစောင် ့ကျန်ခဲ ့တဲ ့လူမှာ ကြောက်လွန်းလို ့ ကြောင်နေပြီး မယူရဲဘူးဖြစ်နေတယ်။
အဲ ့လို လက်နဲ ့ အကြိမ်ကြိမ်ထိုးပေးပြီး မယူတော ့ မြေးအဖိုး တဲ အပြင်ကို ပြန်ထွက်သွားတယ်တဲ ့။
မြစပဲရိုး
November 20, 2015 at 4:39 am
Step 1 : Choose your burger All £ 8.50 unless stated
Wild boar ( £ 10.95)
Kangaroo (£10.95)
Venison ( £ 8.95)
ဒီမှာ တောဝက်သားက ပိုဈေးကြီးတာ။
တောတွင်းပျော်
November 20, 2015 at 9:48 am
ဒီမှာလည်း တောဝက်သားက သာမန်ဝက်သားထက် ဈေးပိုကြီးတယ်။
တောဝက်ကတော ့ များမှများပဲ။ တစ်ခါတစ်ခါ ကားမောင်းနေရင်း ကားရှေ ့ကဖြတ်ကူးတာ အကောင်တွေက ၅ဝ / ၆ဝ သားပေါက်တွေ အကောင်ကြီးတွေ အရွယ်စုံပဲ။
Ma Ma
November 20, 2015 at 10:15 am
ဂွမှာ ကမ်းသာယာစဖွင့်တုန်းက ရွာထဲကဆိုင်မှာရောင်းတဲ့ တောဝက်သား စားဖူးတယ်။
ဦးကျောက်ပြောသလိုပဲ အဆီမရှိလို့ ပိုစားကောင်းတယ်။
နှမျောလိုက်တာ။
တောတွင်းပျော်
November 20, 2015 at 10:21 am
နှမြောတာကတော ့ နှမြောတာပေါ ့ အမ မမ။
ဒါပေမယ် ့ သူ ့နယ်မြေကြီးထဲမှာဆိုတော ့…