နံသာပုကမ်းခြေ နဲ့ ဂေါ်ရန်ဂျီကျွန်းမှ ခရီးသွားမှတ်တမ်း
ဧရာဝတီသတင်းဌာနက ဖော်ပြပြီးနောက်ပိုင် သတင်းကြီးလာတဲ့နေရာလေး။ မထိတွေ့ရသေးတဲ့ နေရာမို့
အပျိုစင်နေရာလေးလို့လည်းခေါ်ကြသေးတယ်။ ဧရာဝတီတိုင်း ငရုတ်ကောင်မြို့ကတဆင့်သွားရပါတယ်။
ဧရာဝတီတိုင်းဆိုပေမယ့် နေရာက ဘင်္ဂလားပင်လယ်အော်နဲ့ မလှမ်းမကမ်းမို့ သာယာလှပတာထင်ပါတယ်။
ဒီဇိုင်းဆွဲပေးနေကြ Travel & Tours တစ်ခုက ဓာတ်ပုံရိုက်ဖို့ လိုက်ခဲ့ပါဆိုတာနဲ့ ခြေဆန့်ခဲ့မိပါတယ်။
ငွေဆောင်လမ်းကနေ ကျော်ပြီး တော်တော်သွားရပါတယ် လမ်းကလည်း ကြမ်းပါတယ်။ ငရုတ်ကောင်းမြို့ကိုရောက်
ပြီး ဂေါ်ရန်ဂျီကျွန်းကို ဆိုင်ကယ်နဲ့သွားရပါတယ် ဆိုင်ကယ်နဲ့ဆိုပေမယ့် တစ်ဖက်တစ်ချက်ကို လှေနဲ့ ကူးရပါသေးတယ်။
ဆိုင်ကယ်နဲ့ဆို 45 မိနစ်လောက်ကြာပါတယ်။ လှေနဲ့သွားလို့လည်းရပါတယ် လှိုင်းကြမ်းရင်တော့ အရမ်းကြောက်
စရာကောင်းပါတယ်။ စာရေးသူတို့အသွားမှာ လှေနဲ့သွားခဲ့တာ ခြေထောက်တွေတုန် လာမိတာ မှားလေခြင်းဆိုတဲ့
အတွေးတောင် ဝင်ခဲ့ပါတယ်။
ဂေါ်ရင်ဂျီကျွန်းရောက်ရင် လှပတဲ့ကမ်းခြေကို စတင်တွေ့မြင်ရမှာဖြစ်ပါတယ်။ ကျွန်းပေါ်ကနေ အနည်းငယ်လမ်း
လျှောက်ရင်တော့ မြစေတီဆိုတဲ့ တောင်ကိုတက်ရမှာဖြစ်ပါတယ်။ တောင်ပေါ်ရောက်ရင်တော့ ဂေါ်ရင်ဂျီကျွန်းရဲ့
လှပတဲ့ ပုံသဏ္ဍာန်နဲ့ ရှုခင်းကို တွေ့မြင်ကြရမှာပါ။ ၈၈ ခုနှစ်နောက်ပိုင်းမှ ပေါ်ထွန်းလာတာလို့လည်း ပြောပါတယ်။
အရင်တုန်းက ရေတွေလွှမ်းနေတာပါတဲ့။ တောင်ပေါ်ကနေ နောက်တောင်တစ်ဖက်ကို ဆင်းရင်တော့ အလွန်လှပတဲ့
ကျောက်တန်းကျောက်ဆောင်တွေကို တွေ့ကြရမှာပါ။
လည်ပတ်ပြီးရင်တော့ ငရုတ်ကောင်းမြို့လေးက နံ့သာပုကမ်းခြေမှာ ရေကစားလို့ရပါသေးတယ်။ ကမ်းခြေပြေလွန်း
လို့ ရေကစားရတာလည်း ပျော်ဖို့ကောင်းပါတယ်။ ကမ်းခြေတစ်လျှောက်မှာတော့ ဘာမုန့်ဆိုင ်ဘာဆိုင်မှ မရှိပါဘူး။
တစ်ခါတစ်ခေါက်လောက် လည်ပတ်ကြည့်ပါဦး နှိုးဆော်ရင်း။
လေးစားစွာဖြင့်
အောင်မိုးသူ












13 comments
alinsett
January 19, 2016 at 9:45 am
အပေါ်စီးက မြင်ရတဲ့ မြင်ကွင်းတွေက အတော် လှတာပဲ…
သွားချင်စရာ….
ဒါမယ့် ကျနော်က ကမ်းခြေတွေကို ကျောက်တောင်တွေပေါ် ကုပ်ကပ်တတ်ရတာလောက်တော့ စိတ်မဝင်စားမိ…
ဘာလို့ဆို.. ကျနော်က အဲ့လို ဘင်္ဂလားပင်လယ်အော်အစပ်(ရခိုင်ပြည်နယ်ထဲက)ကျွန်းမှာ နေခဲ့ဖူးတာဆိုတော့…
ကမ်းခြေတွေရဲ့ မြင်ကွင်းက… ရိုးနေသလိုဖြစ်နေလို့… ။
.လှေဆိုလည်း..ငါးဖမ်းစက်လှေနဲ့ လိုက်သွားရင်း…လှိုင်းလေထန်တဲ့ ပင်လယ်ပြင်ထဲမှာမှ…လှေမှောက်တာ ကြုံဖူးထားတော့… ပင်လယ်ဆိုရင်… လှပသာယာမှုတွေနဲ့အတူ… ကြမ်းတမ်းခက်ခဲမှုတွေကိုပါ..တွဲ မြင်မိနေပြီမို့…
အောင် မိုးသူ
January 19, 2016 at 9:53 am
လှေစီးတုန်းက ကြောက်လိုက်တာဆိုတာ လှိုင်းကရိုက် ရေတွေစို လှေက ယိမ်းလိုက် ယိုင်လိုက်။
ယမကာကျော်စွာ အူးမြောက်မြောက် (B.E)
January 19, 2016 at 1:02 pm
လှဒယ်
သွားရမှာကြောက်ဒယ် 🙄
အောင် မိုးသူ
January 19, 2016 at 1:09 pm
ဆိုင်ကယ်နဲ့သွား လှတယ်
CharTooLan
January 19, 2016 at 4:51 pm
အေး…လှတယ် ပတ်ဝန်းကျင်လဲကောင်းသေးတယ်
အမှိုက်သရိုက်တွေမရှိသေးဘူး တန်တယ်အေ့ 😀
အောင် မိုးသူ
January 19, 2016 at 5:06 pm
အသစ်စက်စက်ကလေးလေ
ဇီဇီခင်ဇော်
January 20, 2016 at 1:50 pm
ချောလပ်ထာအေ။ (ပထမ ၂ ပုံ ကြည့်ပြီးသော်)
ဟိ။
အဲလေ
ရှုခင်းတွေက လှလပ်ထာ အေရယ်။
ဟိ
:k:
အောင် မိုးသူ
January 20, 2016 at 2:08 pm
သိနေတယ်နော်…… ဟင်းဟင်း
အရင်ကကျော်စွာဦးကြီးမိုက်
January 20, 2016 at 2:49 pm
.သဘာဝအတိုင်းရှိနေသေးတာ ဝမ်းသာစရာ..ဆက်ထိန်းသိမ်းထားသင့်တယ်…
.တော်တော်အေးချမ်းတဲ့မြင်ကွင်းတွေပဲ
အောင် မိုးသူ
January 20, 2016 at 3:07 pm
ဟုတ်တယ် အေးချမ်းတိတ်ဆိတ်နေတာပဲ။ နောက ်အဲသည်ရွာသားတွေက အရမ်းဖော်ရွှေတယ်။ နောက ်သူတို့ရွာက သူခိုးမရှိဘူးတဲ့ ဆိုင်တွေဘာတွေဆိုင် ညဆိုမသိမ်းဘူး ဒီအတိုင်းထားတာ ပျော်ကလည်း မပျောက်ဘူး။
uncle gyi
January 21, 2016 at 4:33 pm
တနေ့တော့ရောက်မှာပါ
အောင် မိုးသူ
January 22, 2016 at 9:54 am
ကုန်ကျစားရိတ်မများပါဘူးခင်ဗျာ။
လုံမလေးမွန်မွန်
January 22, 2016 at 5:40 pm
သွားချင်ပေမယ့် ရေမကူးတတ်တော့ ပင်လယ်တွေကို ကြောက်တယ် . . . တောင်တွေကို ပိုချစ်တယ် . .