ကျွန်မ၏ မြန်မာစာသင် အတွေ့အကြုံများ
ဘာမှမဟုတ်ဘူး . . . ရွာထဲမှာ ပို့စ်လည်းတင်ချင် . . . ဘာရေးရမှန်းလည်း မသိတာနဲ့ . . . ဖဘ က စတေးတပ်စ်လေးတွေ လာကူးတင်တာ . . .
ကျွန်မ၏ မြန်မာစာသင် အတွေ့အကြုံ (၁)
Nice to meet you
ဒီတစ်ခါ စာသွားသင်ရတဲ့ တစ်ယောက်က ဩဇီကတဲ့ . . . မြန်မာဝန်ထမ်းတွေကြား မြန်မာစကားကို နားလည်ချင်လို့ မြန်မာစာ သင်ချင်ပါတဲ့ . . . ဒီတော့ ကိုယ်လည်း တတ်သလောက်မှတ်သလောက်လေး မှတ်စုလေးထုတ်ပြီး သွားသင်ရော . . .
Greeting ကို သင်တာနဲ့ စတွေ့တော့တာပဲ . . . တွေ့ရတာဝမ်းသာပါတယ် Nice to meet you ဆိုတော့ . . . စာထဲမှာသာ ပါတာနော် . . အပြင်မှာပြောတာ တစ်ခါမှ မကြားဖူးဘူးတဲ့ . . . (သူက အရင်က မြန်မာစကားသင်တန်း တက်ထားဖူးသေးတယ် . . . အချိန်အဆင်မပြေလို့ မသွားတော့တာတဲ့)
သူပြောမှ ကိုယ်စဉ်းစားမိတယ် . . . ကိုယ်တွေအချင်းချင်း မိတ်ဆက်ပေးရင် . . .ဒါမှမဟုတ် ခုမှစသိကြရင် နာမည်အပြန်အလန်ပြော. . .ပြီးရင် ဟုတ်ကဲ့ပါ ဆိုပြီး ပြုံးပြလိုက်ကြတာပဲလေ . . . တွေ့ရတာဝမ်းသာပါတယ်လို့ ပြောမနေကြပါဘူး . .
ဒီတော့မှ ကိုယ်လည်း ခေါင်းငြိမ့်ပြုံးပြယဉ်ကျေးမှုကို ရှင်းပြ . . .အနောက်တိုင်းယဉ်ကျေးမှု Nice to meet you ကို တိုက်ရိုက်ကြီးဘာသာပြန်ထားကြောင်း မျက်နှာပူပူနဲ့ရှင်းပြခဲ့ရပါတော့တယ်
ကျွန်မ၏ မြန်မာစာသင် အတွေ့အကြုံ (၂)
Pyaw = ပြော
Greeting အကြောင်း ပြောပြနေရင်းနဲ့ မေးစရာရှိလို့ ဆိုပြီး မေးတယ် . . . ပြော ဆိုတာ ဘာအဓိပ္ပာယ်လဲတဲ့ . . . ဒါလောက်တော့ ကိုယ်တွေက ဒက်ခနဲ သဘောပေါက်တယ် . . . ဖုန်းလာတာနဲ့ ပြော လို့ စပြောတာကိုး . . . ဖုန်းဖြေတဲ့စကားလား လို့ မေးတော့ ဟုတ်တယ် တဲ့ . .
ရှင်းပြရတော့တာပေါ့ . . .ပြော ဆိုတဲ့ တိုက်ရိုက်အဓိပ္ပာယ်က tell / say ဒါပေမယ့် ဒီနေရာမှာကျ what’s up? / what’s matter? လို့ ပြောချင်တာ . ..အတိအကျ ဘာသာပြန်ပေးရရင် tell me what’s matter. . . . ဖုန်းတွေထဲမှာက contact တွေ ရှိပြီးသားလေ . . . သူငယ်ချင်းတစ်ယောက်ယောက်က ဖုန်းခေါ်လာရင် formally အနေနဲ့ hello လို့ မထူးတော့ဘဲ what’s up လို့ မေးလိုက်တဲ့သဘောပဲလို့ . . . ဒါမယ့် ဆက်ပြောရသေးတယ် . . . informal . . .especially between friends ဆိုပြီး . . .
ဒီတော့ ဆက်မေးတယ် . . formal ဆို ဘယ်လိုဖြေလဲ . . . မင်္ဂလာပါ လို့ ဖြေလားတဲ့ . . . အရမ်း အရမ်း formal ကျတဲ့ ဟိုတယ်တို့ စားသောက်ဆိုင်တိုု့ ကုမ္ပဏီတို့ကတော့ မင်္ဂလာပါ လို့ ဖြေတယ် . . .ပုံမှန်ကတော့ hello လို့ပဲ ဖြေကြပါတယ်လို့ . . .
မင်္ဂလာပါ ဆိုတဲ့ စကားကို တွင်တွင်ကျယ်ကျယ် ပြောသင့်ပြီ ထင်တာပဲ . . .
မမဂျီးဖုန်းခေါ်ရင် အရင်ဆုံးပြောတာကတော့ “အာ ယူ တိုင်းဂါး?? ” ဆိုတာပါပဲ။
ဟီးဟီးးး
၁ဝ ခွန်းပြောရင် ၈ ခွန်းက အဲဒါ။
Was this answer helpful?
LikeDislikeအဲဒါပါ သင်ပေးလို်က်ရမား
Was this answer helpful?
LikeDislikeအေး ပြော
မအားဘူး မသောက်ဘူး နားထားတယ်
ဂေ့ ဂေ့
Was this answer helpful?
LikeDislikeဘယ်နှစ်မိနစ် နားတာတုန်းအေ့
Was this answer helpful?
LikeDislikeဖတ်ပီးပီ မင်္ဂလာပါဆိုတာ သာမာန်ကာ လျှံကာ ဆက်ဆံရေးတွေမျာ မသုံးသေးဘူးနော်။ ရုံးတွေ ဘာတွေမှာတော့ သုံးနေကြပါပြီ။
Was this answer helpful?
LikeDislikeformal အနေနဲ့တော့ အတော်များများ သုံးလာကြပြီ ထင်တာပဲ
Was this answer helpful?
LikeDislike.မင်္ဂလာပါဆိုတာတော့ ကျုပ်တို့ရုံးမှာမနက်ရုံးရောက်ရင်အပြန်အလှန်ပြောဆိုနှုတ်ဆက်နေတာအသားကျနေပါပြီ
.ဟိုမမဂျီးပေါတဲ့…“အာ ယူ တိုင်းဂါး?? ” ဆိုတာလည်းအသားကျနေပါပြီ..အဟိ :))
Was this answer helpful?
LikeDislikeဂယ် ဂယ်?
တကယ်ဆို မင်္ဂလာပါ ဆိုတာ အသားကျသင့်တာဗျ . . အရင်ရုံးတုန်းက စာရေးဆရာတစ်ယောက်ကောင်းမှုနဲ့ ပြောကျင့်ကြသေး . . တစ်ပတ်လောက်ပဲခံတယ်
Was this answer helpful?
LikeDislikeနိုင်ငံခြားသားကို မြန်မာစာသင်တော့ အခြေခံအနေနဲ့ ဘယ်လိုပုံစံသင်ပေးရတာလဲ။ အပြောလောက်ပဲသင်ပေးရတာလား။ မြန်မာစကားလုံးတွေက အဓိပ္ပါယ်အမျိုးမျိုးဖွင့်နိုင်တာဆိုတော့လေ…စပ်စုကြည့်တာနော်။
Was this answer helpful?
LikeDislikeအစက linguistic signs တွေနဲ့ သင်ဖို့ ကြိုးစားဖူးတယ် . . . ဒါပေမယ့် အဆင်မပြေဘူး . . . အခုတော့ မြန်းဂလစ် နဲ့ သင်တယ် . . . tone မတုူတဲ့နေရာတွေမှာ မြားလေးတွေနဲ့ မှတ်ဖို့ ပြောပြတယ် . . . အများကြီးရှင်းမပြဘဲ ကိုယ်သင်ချင်တဲ့ အဓိပ္ပာယ်တစ်မျိုးတည်းကိုပဲ အရင်ပြောပြတယ်. . .မဟုတ်ရင် ထွက်ပြေးသွားမှာစိုးလို့ ဟိ
Was this answer helpful?
LikeDislikeနီကရေးပေးပြီး.. အံအံ့ကို ပိုစ့်တင်ခိုင်းပါတော့လား…
နီ မအားလို့… အံ့ဇာ့ကို တင်ခိုင်းလတ်ထာလို့ ပြောပြီး..တင်…
အာ့ဆို အံဇာလည်း တစ်သိန်းမြန်မြန်ပြည့်… နီရေးထားတာတွေလည်း ရွာထဲ မှတ်တမ်းကျန်…
အံဇာတစ်သိန်းမြန်မြန်ပြည့်စေရေး ဆောင်ရွက်နေသည်။ ပူးပေါင်းပါဝင်နိုင်ပါသည်။

(ဒါလည်း သဂျီး မမြင်ပါစေနဲ့ဖျား… )
Was this answer helpful?
LikeDislikepw မေ့နေတယ်တဲ့ . . . မပြောချင်လို့ မေ့ထားပါတယ်ဆို
Was this answer helpful?
LikeDislikePW မေ့တာ
သူကြီးဆီ လှမ်းမေးလိုက်လေ။
ဒါလေးများးးးး။
With respect,
Swal Taw Ywet.
Was this answer helpful?
LikeDislikeသများပဲ အရင်ပြည့်အောင် လုပ်လိုက်တော့မယ် . . .စိတ်မရှည်တော့ဝူး
Was this answer helpful?
LikeDislike