Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အတု…။

black chawFebruary 25, 20161min120326

ဝင်းဦး အတု ပေါ်ခဲ့ဖူးတယ်။
ကောလိပ်ဂျင်နေဝင်း အတု ပေါ်ခဲ့ဖူးတယ်။
မြတ်လေး အတု ပေါ်ခဲ့ဖူးတယ်။
ကျော်ဟိန်း အတု ပေါ်ခဲ့ဖူးတယ်။
ရာဇာနေဝင်း အတု ပေါ်ခဲ့ဖူးတယ်။
ကိုယ်ပိုင်စတိုင် ရှိသော မင်းသားတွေသည်
တုပခြင်းကို ခံကြရပါတယ် ခင်ဗျာ။
အတုတွေ ထဲမှာတော့ ကျော်ဟိန်းအတု မြို့တော်ချစ်ဖွယ်ကို
အတော် ကြိုက်ခဲ့ဖူးတယ်။
အင်းမ ကျောင်းကြီးပွဲတော်မှာ ကြည့်ဖူးတယ်။
ကျော်ဟိန်း ကို အရမ်းကြိုက်နေချိန်မှာ ကျော်ဟိန်း ပို့စ် တွေနဲ့
ဟာသတွေ လုပ် လုပ်သွားတာ အရမ်းမိုက်တယ်လို့ ခံစားရပါတယ်။
အောင်မယ် သီချင်းဆိုတာတောင် ကျော်ဟိန်းသီချင်းကို
ကျော်ဟိန်း နဲ့ အတော်တူအောင် ဆိုနိုင်သော ချစ်ဖွယ်ပါဗျာ။
ကျော်ဟိန်း ပို့စ်တွေပါ ပေါင်းထည့်လိုက်တော့
ချစ်ဖွယ်သီချင်းဆိုရင် လက်ခုတ်သံတွေ လက်ခေါက်မှုတ်သံတွေ
ဆူညံနေတော့တာပါပဲ။
ချစ်ဖွယ်သည်လည်း ကျော်ဟိန်းပုံစံ တွေအောက်က
ရုန်းထွက်ပြီး ကိုယ်ပိုင်စတိုင် တစ်ခု မထူထောင်နိုင်ခဲ့တဲ့အခါ
ကျော်ဟိန်း နဲ့အတူ တက်ပြီး ကျော်ဟိန်းနှင့်အတူ ကျခဲ့ရတာပါပဲ။
နောက်ပိုင်း ဇာတ်ကိုနားပြီး ရုပ်ရှင်လိုင်းမှာ ဇာတ်ပို့ဝင်လုပ်နေလေရဲ့။
သူ့ အရပ်နဲ့ သူ့ ဇာတ်ကတော့ ဟုတ်လို့ပဲ။
အခုခေတ် မင်းသားတွေထဲမှာတော့ အတုလုပ်ခံရသူ
သိတ်မရှိသလိုပါပဲ။
နေတိုးအတု တို့ ပြေတီဦး အတု တို့…ကြားများ ကြားမိကြသလားဗျ။

ဆက်တွေး…ဆက်ရေး မယ်ဆိုရင်

ဟိုတုန်းက ကျွန်တော့် စာရေးဟန်ဟာ ဆရာ သိမ်းတင်သား ရဲ့

ရေးဟန်အတိုင်း ချွတ်စွတ်နည်းပါး တူအောင် ရေးခဲ့ဖူးပါတယ်။

နောက်ပိုင်းမှာ မိတ်ဆွေရင်း တချို့ရဲ့ အကြံပေးမှု အရ

ဆရာသိမ်းတင်သား ရဲ့ ရေးဟန်ကနေ ရုန်းထွက်နိုင်အောင်

ကြိုးစားခဲ့ပါတယ်။

လုံးဝကြီး ရုန်းမထွက်နိုင်သေးပေမယ့် မတူတော့ဘူးလို့တော့

ကိုယ့်စာကိုယ်ပြန်ဖတ်ကြည့်ပြီး မှတ်ချက်ချမိပါတယ်။

ကျွန်တော်ကိုယ်တိုင်က သိမ်းတင်သား အတုကြီး ဖြစ်နေခဲ့တာပါလား။

အော်…အတု…။

ချစ်ခင်လေးစားတဲ့

ဘလက်ချော…။

 

 

26 comments

    • black chaw

      February 26, 2016 at 7:42 am

      @ Thint Aye Yeik ;
      ထုံးစံအတိုင်း ပေါ့။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ ကျေးဇူးပါဗျာ။

  • ဦးဦးပါလေရာ

    February 25, 2016 at 8:48 pm

    အတုဆိုတာ..
    ဘယ်ဟာရဲ့ အတု လဲ …ဆိုတာ အရေးကြီးပါတယ်..
    ဘာကြောင့်လဲဆိုတော့ အတုဆိုမှတော့ အစစ်နဲ့ တူတာ နီးစပ်တာ ရှိလို့ပေါ့..

    • black chaw

      February 26, 2016 at 7:55 am

      @ ဦးဦးပါလေရာ ;
      ကျွန်တော်တို့အားလုံးမှာ
      မသိမသာ လွှမ်းမိုးခံနေရတာမျိုး ရှိနေတတ်ပါတယ် ကိုပါကြီးရေ။
      ဆိုကြပါစို့။
      ကာရာအိုကေ ဆိုင်မှာ အပျော်တမ်းသီချင်းဆိုတာတောင်
      ထူးအိမ်သင် နဲ့ တူအောင် ဆိုမိတာမျိုး…၊
      စိုးလွင်လွင် နဲ့ တူအောင် ဆိုနေမိတာမျိုး…တွေပေါ့။
      ထားပါတော့ ဗျာ…။
      အခုနောက်ပိုင်းတော့ ကိုယ်ပိုင်စတိုင်လေး နဲ့ စာရေးနိုင်အောင်
      ကြိုးစားနေပါပြီ ဆိုတဲ့အကြောင်း
      ကိုပါကြီးတို့လို မိတ်ဆွေတွေကို အသိပေးတိုင်တည်လိုက်တဲ့
      သဘောပါခင်ဗျာ။
      ကွန်းမန့်လေး အတွက် ကျေးဇူးပါ ကိုပါကြီးရေ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    February 25, 2016 at 11:55 pm

    အတု ဂျပု ဂလု ငပု လအု အဲ ဟုတ်ပါဘူး ဂတော့ဂတော့
    ကြောင်တခေတ်ရဲ့ အကျင့်ပါသွားလို့
    အူးလေး ..
    ရှော့သောက်
    နေပူရတဲ့အထဲ
    ဘလက်အတုနဲ့ ညားပြီး စောစီး ဂိမ်းနေမယ်
    ကျော်က ဖြတ်ထားတာ ငုတ်တိုပဲ ကျန်တယ် အေးဆေးပဲ
    ဆံပင် ဆံပင်

    • black chaw

      February 26, 2016 at 7:59 am

      @ စိန်မျောက်မျောက် ;
      ဦးလေး က လျှော့ သောက်တဲ့အပြင်
      ဖြတ်ကို ဖြတ်ထားလိုက်ပါပြီ ဗျာ။
      အသက်ကို ဉာဏ်စောင့် ဆိုတဲ့ စကားကို
      ဒီအရွယ်မှာမှ နားမလည်သေးရင်
      အသေစောလှချည့်ရဲ့ ဖြစ်နေမှာဟ။
      သင့် အူးလေး
      ဘလက်ချော…။

  • ခင်ဇော်

    February 26, 2016 at 8:01 am

    ခါတလေများ အတုတွေ နဲ့နေသားကျသွားရင်
    အစစ်ကိုတောင် ရန်သူထင်မိတတ်တာကလား ကျောင်းဒကာရဲ့။
    လူ့သဘော ဆိုတာလည်း အခက်သားကလားးး

    :k:

    အမယ်မယ်။
    စောစောစီးစီး ခင်ဇော် တရားလာဟောတယ်လို့မထင်ပါနဲ့ ဦးဘလက်ရယ်။
    ခုတလော စိတ်တွေထွေနေတာနဲ့ များများတွေးတော့ တရားသဘောလေးတွေ တွေ့မိလို့ပါ။

    :mrgreenn:

    • black chaw

      February 26, 2016 at 9:46 am

      @ ခင်ဇော် ;
      ဟားဟား အတု လုပ်တာ ကျွမ်းကျင်တဲ့ တရုတ်ကြီးရဲ့
      အိမ်နီးချင်းဖြစ်နေတာကလည်း အတုတွေ နဲ့ ယဉ်ပါးသလို
      ဖြစ်နေရခြင်း ရဲ့ အကြောင်းရင်းတစ်ခုပဲပေါ့။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာ အတွက် ကျေးဇူးအထူးပါဗျာ။
      ချစ်ခင်လေးစား တဲ့
      ဘလက်ချော…။

  • uncle gyi

    February 26, 2016 at 9:29 am

    အတုလည်းကြာရင်အစစ်တောင်ပျောက်ပြီးအတုမှစစ်တာတဲ့
    ဖြစ်ကြတာပြောပါတယ်

    • black chaw

      February 26, 2016 at 9:50 am

      @ uncle gyi ;
      ကာတွန်းလေး တစ်ခု ဖတ်ဖူးတယ်။
      မင်းအတွက် ငါ ဂျိုးသိန်း ဆေးပေါ့လိပ် အစစ် ဝယ်လာတယ်ကွ လို့
      တစ်ယောက်က ပြောတယ်။
      နောက်တစ်ယောက်က ဆေးပေါ့လိပ် အစစ် ဆိုတာကြီးကို
      မီးညှိပြီး ဖွာလိုက်တာ ချောင်းတဟွတ်ဟွတ်ဖြစ်ရော။
      ပြီးတော့ပြောတယ်။
      မင်းအစစ် ဆိုတာကြီးက ဒို့ အတုလောက် မစွံပါဘူးကွာ တဲ့။
      ချစ်ခင်လေးစား တဲ့
      ဘလက်ချော…။

  • Yin Nyine Nway

    February 26, 2016 at 9:33 am

    ကောင်းသောအတုခိုးတာပဲဗျာ
    မကောင်းတာခိုးတာမှမဟုတ်တာ
    အနော်ကတော့ ကောင်းရင်ခိုးမှာပဲ

    • black chaw

      February 26, 2016 at 9:55 am

      @ Yin Nyein Nway ;
      မတွေ့တာတောင် အတော် ကြာပြီနော်။
      ရင်ငြိမ်းနွေး ရေ နေကောင်းရဲ့လားဗျ။
      ကွန်းမန့်လေး ဝင်ရေးပေးသွားတာအတွက်
      ကျေးဇူးပါ နော်။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • HMM

    February 26, 2016 at 1:37 pm

    စံထားလောက်စရာတွေမို့ စု၊တု၊ပြုတာ လက်ခံလို့ရပါတယ်…
    ခက်တာက စုပြီးတုတဲ့အဆင့်မှာ တစ်သွားတာပဲ… ပြုတဲ့အဆင့်ရောက်မလာတော့ တန်းမမှီတော့ဘူး။
    ဘာရယ်မှုတ် ကြားဖူးတာ လာရွှီးကျိတာ :mrgreenn:

    • black chaw

      February 26, 2016 at 3:45 pm

      @ HMM ;
      စံထားလောက်စရာ ဆိုတာမျိုးက ဘယ်လိုအရာတွေတဲ့လဲဗျာ။
      လူတစ်ယောက်အတွက်စံထားလောက်စရာလို ့
      ထင်နေပေမယ့် တခြားတစ်ယောက်အတွက်က
      အာပလာတွေပါကွာဆိုတာမျိုးဖြစ်နေတတ်တာပါ။
      ဆိုတော့
      ကြားဖူးတာလာရွှီးတယ်ဆိုပေမယ့်
      အခုလို ဝင်ရွှီးသွားတာအတွက်တော့
      ကျေးဇူးတင်ပါတယ်ဗျာ။
      ပြုတဲ့အဆင့် ကို
      ရောက်မလာတဲ့
      ဘလက်ချော…။

  • ခင်ဇော်

    February 26, 2016 at 2:52 pm

    ဘာရယ် အဟုတ်ဘူးး
    နီနီ ပေ့ချ မှာ မြင်လို့ လာပြတာ။
    အဲဒါ အဲဒီ နှုတ်ခမ်းနီ လိုချင်လို့။

    :chit:
    ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

    ” Super Red ”

    ပရိတ်သတ်များ ရှင့် …အနီရောင်အခွေရဲ ့ အမှတ်တရ အနေ နဲ ့ ပရိတ်သတ်ကြီး ကို “Super Red” နာမည် နဲ ့ကိုယ်ပိုင်အမှတ်တံဆိပ် နှုတ်ခမ်းနီ ကို မကြာမီ ပရိတ်သတ်ကြီးအတွက် ထုတ် ပေးတော့ မှာပါ။
    လွန်ခဲ့တဲ့ ၂နှစ်ကျော်ထဲ က ကြိုးစားခဲ့ပေမယ့် နီနီတယောက်ထဲ ကြိုးပမ်းရတာမို့ အခု အနီရောင် DVD နဲ ့ အတူရင်ခုန်စွာနဲ ့စောင့်စားပေးပါနော်။
    နီနီ အကြိုက်ဆုံး နှုတ်ခမ်းနီ colour များကို အကြိုက်ဆုံး Design ၊ အကြိုက်ဆုံး Quality များနဲ ့ချစ်တဲ့ပရိတ်သတ်တွေအတွက်….
    2016 အတွက် အ ထူး ခြား ဆုံး …..
    မကြာမှီ…..မျှော်….
    ‪#‎SuperRed‬
    Please share for me…. Mwah;???

  • kai

    February 26, 2016 at 3:07 pm

    စု၊ တု၊ ပြု လို့ဆိုတာပဲ…
    ဒီမှာကျ.. အတုခိုးသမားကို.. ကော်ပီကက်… တဲ့..။

    • black chaw

      February 26, 2016 at 3:49 pm

      @ kai ;
      အေးဗျာ။
      သူကြီးရေ။
      ကော်ပီကက် လေး မောင်ဘလက်ချော ပေါ့ဗျာ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • Crystalline

    February 26, 2016 at 9:39 pm

    တခြားအတုကတော်သေး… ဘလက်အတုမိတာတော့ တော်တော်ရင်ခံတာရယ်. :mrgreenn: .. Duty Free မှာလောက်ပဲ..စိတ်ချရတယ်.. :loll:

    • black chaw

      February 27, 2016 at 3:26 am

      @ Crystalline ;
      ဘလက် တွေက အတုပေါတယ်ဗျ။
      သတိထားသောက်ပေါ့။
      ဒါနဲ ့စကားမစပ်
      ညည်းက အရက်သောက်လို ့လား???
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • nozomi

    February 26, 2016 at 11:05 pm

    ကတိ အတုရောကြုံဘူးလား ဗျ

    • black chaw

      February 27, 2016 at 3:43 am

      @ nozomi ;
      ဘာပြန်ပြော ရမှန်းတောင် မသိတော့ဘူးဗျာ။
      ကတိ အတု တဲ့လား။
      ဘယ်လိုအကြောင်းအရာမျိုးကို
      ပေးတဲ့ ကတိမျိုးလဲလို ့
      ပြန်မေးချင်ပါတယ် ကိုနိုကြီးရေ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • အောင် မိုးသူ

    March 1, 2016 at 10:15 am

    ကိုယ် အိုင်ဒေါင်ဖြစ်တဲ့ စာရေးဆရာ တစ်ယောက်ရဲ့ အငွေ့အသက်တွေ ကိုယ့်အရေးအသားမှာ ပါတာ မဆန်းပါဘူး အူးဘလက်ရေ။ အဲ့လိုကိုက ရေးရင်း ရေးရင်း ကိုယ်ရေးဟန်ပေါ်လာလိမ့်မယ်လိုပဲ ကျတော်ကတော့ မြင်ပါတယ်။

    • black chaw

      March 4, 2016 at 10:41 am

      @ အောင်မိုးသူ ;
      အဲ့ဒါလေး ကိုယ်လည်း သဘောကျပါတယ်။
      ကိုယ်လည်း အဲဒီလိုပဲ မြင်မိပါတယ် ညီလေးရေ။
      မွန်းကျပ်ပိတ်လှောင်မှု တွေ များပြားလှတဲ့ စာဖတ်သူတွေအတွက်
      သတင်းတစ်ပုဒ်ကို ခက်ခက်ခဲခဲ မဖတ်ရအောင်
      လွယ်ကူစေတဲ့ ရေးနည်းရေးဟန် မှန်သမျှ ကိုယ်ကတော့
      သဘောကျနေတာပါပဲ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • .လောကကြီးရီလည်းရီရတယ်..တစ်ခါတလေ အတုကအရင်ဆိုင်ပေါ်ရောက်နေပြီ
    .စကားမစပ်..နိုင်ဂျံဂါးရုပ်ရှင်ကိုမြန်မာ တုရိုက်တာတော့ညံ့လှသဗျာ :))

    • black chaw

      March 4, 2016 at 10:46 am

      @ Kyeemite ;
      နာမည်အရင်းပဲ ပြန်ရေးလိုက်တယ် ကိုမိုက်ရေ…။
      ကိုမိုက် အတုကြီး ဖြစ်နေမှာ စိုးလို့ပါဗျာ…။
      ကျွန်တော် အဓိက ဇောင်းပေးချင်တာက

      ချစ်ဖွယ်သည်လည်း ကျော်ဟိန်းပုံစံ တွေအောက်က
      ရုန်းထွက်ပြီး ကိုယ်ပိုင်စတိုင် တစ်ခု မထူထောင်နိုင်ခဲ့တဲ့အခါ
      ကျော်ဟိန်း နဲ့အတူ တက်ပြီး ကျော်ဟိန်းနှင့်အတူ ကျခဲ့ရတာပါပဲ။

      ဆိုတာကိုပါပဲ။
      ကိုယ်ပိုင်စတိုင် ကိုယ်ပိုင်ဟန် တစ်ခု မတီထွင်နိုင်တော့
      ကိုယ်အတုခိုးနေတဲ့ အနုပညာရှင် အကျမှာ
      ကိုယ်လည်းအတူတူ ပါသွားတတ်တယ်ဆိုတာကိုပါ။
      လိုရင်းမရောက်သွားတာကတော့ ကျွန်တော် စာရေးညံ့လို့ပါဗျာ။
      ချစ်ခင်လေးစားတဲ့
      ဘလက်ချော…။

  • kotun winlatt

    March 5, 2016 at 2:14 pm

    အတုတွေနဲ့ အတူနေရတာကြာတော့ အစစ်ပဲထင်နေမိတော့ပါပဲ ဦးဘလက်ရာ

Leave a Reply