Thinking အရေးကြီးတယ်…။

black chawApril 7, 20163min36917
ခေးမလေး တစ်ယောက် အတော်မိုက်တယ်ဆိုပြီး
မိတ်ဆွေ တချို့ က တဖွဖွ ပြောနေတာကြောင့်
အစဉ်အလာ မပျက်အောင် သူမရဲ့ Page မှာ
တင်ထားတဲ့ ပုံလေးတွေ သွားအားပေးရပြန်ပါတယ်။
ပုံလေးတွေ တစ်ပုံခြင်း ကြည့်ပြီး ပြစ်မှား…အဲ..အဲ..အားပေးနေရင်း
တစ်ပုံမှာ
student party with my kid
ဆိုတဲ့ စာသား တွေ့လိုက်ရပါတယ်။
OMG!!!
အဲဒါနဲ့ သတင်းပေးတဲ့ မိတ်ဆွေ ကို လှမ်းပြောရပါတယ်။
 
ခေးမလေး က မိုက်တယ် ဆိုတာကိုတော့ လက်ခံပါတယ်ဗျာ။
ဒါပေမယ့် ကြည့်လည်း ပြစ်မှားဦးဗျ။
အိမ်ထောင်ရှိ တယ်ထင်တယ်နော်…၊
student party with my kid ဆိုတာ တွေ့လိုက်တယ်။
ကလေးပုံတစ်ပုံလည်း တွေ့လိုက်တယ်ဗျ။
 
ဆိုတော့ မိတ်ဆွေ က ပြန်ပြောပါတယ်။
 
ကိုဘလက် ရယ်…၊
မကောင်းမှု ပြုတယ် ဆိုတာ စိတ်ထားတတ်ဖို့ လိုတယ်ဗျ…၊
Negative တွေ သိတ်မတွေးပါနဲ့…၊
တူမလေးဖြစ်မှာပါ ဆိုတဲ့ Positive Thinking လေး တွေးမှပေါ့ဗျ…။
ငရဲဆိုတာ ရှောင်တတ်ရင် လွတ်ပါတယ်။
 
ကောင်းလိုက်တဲ့ ဒိုင်ယာလော့ခ်…။
ဒါမျိုးကျ ချက်ခြင်း တရားရပါတယ်…။
ပါရမီ ပေါ့ကွယ်…။
ဟေးဟေး…။
အဲဒါနဲ့ ကျွန်တော်လည်း Positive Thinking လေး နဲ့
ဆက်ပြစ်မှား မိသွားတယ်ဆိုတာ
ရှက်ရှက် နဲ့ ဝန်ခံလိုက်ရပါတယ်ဗျာ။
 
Positive Black…

17 comments

  • ယမကာကျော်စွာ အူးမြောက်မြောက် (B.E)

    April 7, 2016 at 10:15 am

    သားကို ပြ သားကိုလဲ ပြ 😯
    ဒရင်းကင်းကောင်းမှ သင်းကင်း ကောင်းမယ် အဆွေ ဒရင်းကင်း မပြတ်စေနဲ ့

    • black chaw

      April 7, 2016 at 2:19 pm

      @ အူးမြောက်မြောက် ;
      လှလိုက်တဲ့ ဒိုင်ယာလော့ခ်…။
      လေကြီးမိုးကြီး ခေတ်မှာ လူဖြစ်လာသူတွေပဲ..၊
      ဘယ်ညံ့လိမ့်မလဲ…၊
      Drinking ကောင်းမှ
      Thinking ကောင်းမည်…
      အိုး…ကျေးဇူးပါဗျာ။
      ချစ်ခင်လေးစားတဲ့…
      သင့်…ဘလက်ချော…။

  • မြစပဲရိုး

    April 7, 2016 at 1:48 pm

    ကွီးဘက် Achieve the Impossible ပေါ့။ lol:-)))) 😉

    • black chaw

      April 7, 2016 at 2:25 pm

      @ မြစပဲရိုး ;
      မှန်တာပြောရရင်
      ဟိုတုန်းက အစ်မပေးခဲ့ဖူးတဲ့
      ကွန်းမန့်လေးတွေကို လွမ်းနေတာ ခင်ဗျ…။
      အခု ရေးတဲ့ ကွန်းမန့်လေးအတွက်
      ကျေးဇူး အထူးပါ အစ်မရေ…။

      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • kai

    April 7, 2016 at 2:42 pm

    ယူအက်စ်မှာကျ.. လက်မထပ်ပဲကလေးရှိတဲ့နှုန်းနဲ့.. လက်ထပ်ပြီးကလေးရှိတာနဲ့ သိပ်ကွာတာမဟုတ်..။
    သဘောက.. ကလေးရှိတိုင်း.. အိမ်ထောင်မရှိ.. အပျိုတွေအများးးကြီးပေါ့…။
    ပစ်မှားရာမရောက်(တော့)ပါဘူး..။

    ကယ်တင်ရာများတောင်ရောက်မလားပဲ..။
    အဲလို.. Positive Thinking လေး နဲ့တွေး..။ :k:

    For More Millennials, It’s Kids First, Marriage Maybe : NPR
    http://www.npr.org/…/for-more-millennials-its-kids-first-marriage-maybe
    NPR
    Oct 16, 2014 – For More Millennials, It’s Kids First, Marriage Maybe … Among young women without a college degree — those like Michelle Sheridan — 55 percent of … Like half of all U.S. pregnancies, Sheridan’s was not exactly planned.

    • black chaw

      April 7, 2016 at 3:19 pm

      @ kai ;
      တကယ်တော့ ကံငါးပါး ဆိုတာကြီးက
      ကျွန်တော်တို့ နေ့စဉ် ဘဝထဲမှာ တော်တော်
      လွှမ်းမိုးခံထားရပါတယ်။
      တစ်ခုခု လုပ်တော့မယ်ဆို
      အဲဒီ ကံငါးပါးထဲက ဘယ်ကံတော့ဖြင့် ကျိုးပြီပေါ့…
      စသည်ဖြင့်…။
      ကျွန်တော် တစ်ခါတောင် ရေးဖူးသေးတယ်…။
      အိမ်ထောင်ရှိတဲ့ မင်းသမီးတွေ ဆက်စီဖြစ်အောင်
      ပြင်ဆင်ပြီး ဓါတ်ပုံရိုက်ရင် ကြည့်မိသူတွေ ခင်ဗျာ
      အလကားနေရင်း လင်ရှိမယား ပြစ်မှားမိသလို ဖြစ်နေတယ် ဆိုတာ…။
      ဆိုတော့…
      စိန်မြောက်မြောက်ပြောသလိုပါပဲဗျာ။
      Drinking ကောင်းမှ Thinking ကောင်းရမည် ပေါ့…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • ခင်ဇော်

    April 7, 2016 at 3:28 pm

    ပစ်မှားပြီးရင် ညာဏ်နဲ့ ဖြတ်။
    ဪ နာ့ စိတ်မှာ ပစ်မှားမိပါလားလို့ သတိဝင်ရင် ပထမ အဆင့်(ဖြစ်/ပျက်) ပြတ်သွားပြီ။

    အဟိ။
    ဆက်ပစ်မှားရင် ဘာပြတ်မလဲ တရားတော့ မနာရသေးဘူးး
    အဲတော့ ခနစောင့်ပါအူးးးး
    :mrgreenn:

    • black chaw

      April 7, 2016 at 5:09 pm

      @ ခင်ဇော် ;
      အမှန်တော့ အဲဒီ ကံငါးပါး နဲ့ လွတ်အောင်ရှောင်ဖို့ဆိုတာ
      တော်တော် မလွယ်တဲ့ ကိစ္စ ပါဗျာ။
      ဦးဘလက် ကတော့
      ပြစ်မှားနေမိရင် သတိလေး နဲ့ ပြစ်မှားတယ်ဗျ။
      အော် ငါ ကာမေသု ကုမရတဲ့ ကံကြီးချိုးဖေါက်နေမိပြီပေါ့။
      သတိလေး နဲ့ ပြစ်မှားတော့ ပိုချိုတာပေါ့။
      အဟေးဟေး။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    April 7, 2016 at 4:04 pm

    ဒါ့ပုံလေးသရေကျတာ ပြစ်မှားတယ်မဆိုနိုင်ဘူး။
    သူလှတာ appraise လုပ်တယ်ပေါ့။ :k:
    သူတောင် သူများကျိစေချင်လို့ တင်ထားဒါပဲဟာ.. ကျိသာကျိ :mrgreenn:

    • black chaw

      April 7, 2016 at 5:11 pm

      @ ပျင်းတကာ့ ထိပ်ခေါင်တင် ;
      ဟုတ်တာပေါ့ဗျာ။
      ကြည့်စေချင်လို့ တင်ထားတာ
      ကြည့်ရမှာပေါ့
      ကြည့်ရမှာပေါ့
      ကြည့်ရမှာပေါ့
      ကြည့်ရမှာပေါ့
      ကြည့်ရမှာပေါ့
      ကြည့်ရမှာပေါ့။

  • ဦးဦးပါလေရာ

    April 12, 2016 at 1:07 am

    ကိုချောရယ်…..
    မနောကံကြောင့်တော့ ကံငါးပါးလို့ခေါ်တဲ့ ငါးပါးသီလ မကျိုးပေါက်ပါဘူးဗျ….
    အဲတော့…
    တရားသဘောလေးနဲ့..
    ကြည့်လို့ကောင်းရင် – ကောင်းတယ်မှတ်
    ထပ်ကြည့်ချင်သေးရင် – ကြည့်ချင်သေးတယ်မှတ်
    မြင်ရင် – မြင်တယ်မှတ်
    မမြင်တော့ရင် ..
    မမြင်တော့ရင်… တော့ ထပ် ရှာ … ဗျာ..
    🙂

    • black chaw

      April 12, 2016 at 10:30 am

      @ ဦးဦး ပါလေရာ ;
      အင်း…
      ကိုပါကြီးရေ…
      ဒီခေတ်ထဲမှာတော့…
      အဲဒီမနောကံကြောင့် သာ ငရဲကျရမယ်ဆိုရင်…
      ငရဲမှာ လူတွေ စည်ကားနေဦးတော့မယ်ဗျာ…။
      ဘာလို့လဲ ဆို…
      လင်ရှိ မယား ကြီးတွေက…
      Sexy ဖြစ်ချင်နေကြတာ ဆိုတော့…
      သူတို့က ဆက်စီ ဖြစ်အောင် ပြင်ကြဆင်ကြလေ…
      သူတို့ ကြောင့် ငရဲကျ သူတွေ ပိုများလေ ဖြစ်နေတော့မှာဗျ…။
      အော်…အနစ္စ…၊ ဒုက္ခ…၊ အနတ္တ…။
      ချစ်ခင်လေးစားတဲ့…
      ဘလက်ချော…။

    • kai

      April 12, 2016 at 12:17 pm

      တော်လှန်တဲ့အပြောပဲ..။
      မြန်မာပြည်မယ်.. မနောကံက.. အာလုံးကိုလွှမ်းမိုးတယ်ဆိုပြီး.. စိတ်နဲ့ပစ်မှားတယ်ဆိုတဲ့..စကားကြီးပေါ်နေတာလို့ထင်တာ…။

      တကယ်က..
      “မ”ဖြစ်ဖြစ်.. “ကျား”ဖြစ်ဖြစ်.. အပြန်အလှန်စိတ်နဲ့တွေးကြ.. အိပ်မက်မက်ကြ.. ဆက်ဆံကြည့်ကြ… လူသားသဘာဝ..။
      … လူနဲ့သူ့ပါတ်ဝန်းကျင်အကျိုးစီးပွားမထိခိုက်ဖူးဆိုရင်.. ဝစီကံ.. နောက်.. ကာယကံ..တဆင့်တက်ကြ..။
      ဒီလိုနဲ့ ဟိုမိုဆက်ပီယံဆိုတဲ့.. လူသားမျိုးနွယ်ဟာ.. ဒီကမ္ဘာကြီးမှာ.. သတ္တဝါအားလုံးထက်သာလွန်ပြီး.. ကမ္ဘာကိုအုပ်ချုပ်ထားနိုင်ခဲ့သာတာဖြစ်ပါတယ်..။

      အဲလို သဘာဝအရ.. ပြုနေသားနဲ့.. သီလကျိုးမှာစိုးလို့.. မပစ်မှားပါဘူးလိမ်နေသူတွေကသာ…
      မုသာဝါဒါကံကျိုးပေါက်နေတာ…။
      လူလိမ်တွေ… :k:

      • ဦးဦးပါလေရာ

        April 12, 2016 at 9:41 pm

        သီလဆိုတာ…. ဝိနယ….. ဆိုတာ စည်းကမ်း ဆိုတာ…
        အဲဒါတွေက အကျိုးအတွက် စောင့်စည်းလိုက်နာရတာပါ သူကြီး..
        တနည်းအားဖြင့် အဲဒါတွေအတွက်တော့ အကျိုးသာ အဓိကပါ..
        အကြောင်းက အဓိက မဟုတ်စေရပါဘူး…
        ဘုရားမဟောတာတွေကို ကိုယ့်ဟာကိုယ် ဘုရားလုပ်ဟောတာတွေကြာလာရင်
        ဘာသာတရားက သဘာဝနဲ့ ကင်းကွာသွားလိမ့်မယ်..
        အဖြစ်မှန်နဲ့ အမှန်တရားနဲ့ ကင်းကွာသွားလိမ့်မယ်..
        ထေရဝါဒမှာ အခုဖြစ်ကုန်တာတွေက အဲဒါပါဘဲ…

  • ပြစ်မှားမယ်ကြံလိုက် မကြီးစန်းလက်ထဲ ပါသွားလိုက်နဲ့… ခုတော့ ဘရီးစိုင်းကိုပဲ ပြစ်မှားနေတယ်…

  • uncle gyi

    April 16, 2016 at 5:53 pm

    စိတ်သာလှ ျမြတ်ရှင်စောတဲ့ကိုဘလက်ရဲ့

Leave a Reply