Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

အမှားတစ်ချက် သင်ခန်းစာတစ်သက်

ကိုယ့်ချစ်သူကို ယုံကြည်လွန်းသော မိန်းကလေးများနှင့် ဆိုရှယ်မီဒီယာအကောင့်များ၏ လုံခြုံရေးကို သတိမပြုကြသော မိန်းကလေးများအတွက် ဤစာစုများကို ချရေးဖြစ်ခဲ့ပါသည်။

တစ်နေ့သား ကျွန်မ facebook သုံးနေခိုက် ကျွန်မသူငယ်ချင်း ယုယ၏ အကောင့်မှ ပုံတစ်ပုံတက်လာသည်။ လုံချည်ရင်လျားနှင့် သူ့ကိုသူ ပြန်ရိုက်ထားသောပုံဖြစ်သည်။ မလှမ်းမကမ်းတွင် ထိုင်နေသောသူ့ကို ကျွန်မ လှမ်းအော်သည်။

“နင် ဘာတွေလျှောက်လုပ်နေတာလဲ.. ဘာလို့ ဒီလိုပုံကို တင်တာလဲ… နင်ရူးနေလား”

တစ်ခြားသူငယ်ချင်းများပါ ကျွန်မထံပြေးလာကြပြီး သူ့ကိုဝိုင်းမေးကြသည်။ သူကတော့ မျက်နှာကို လက်ဝါးနှင့်အုပ်ပြီး ငိုနေသည်။ ကျွန်မသိလိုက်ပြီ။ ထိုပုံကိုတင်သူသည် ယုယမဟုတ်၊ သူ့ကောင်လေးပင် ဖြစ်သည်။

သူတို့ (၂) ဦးကြားတွင် facebook သုံးခြင်းနှင့် ပတ်သက်ပြီး မကြာခဏပြဿနာတက်ကြသည်ကို ကျွန်မ ကြားဖူးထားသည်။ ယုယ၏ account password များကို သူ့ကောင်လေးက အကုန်သိသည်။ ဘာကြောင့်ရယ်မသိ၊ ယုယကလည်း အကုန်ပြောပြသည်။ ကျွန်မနားမလည်သည်မှာ ယောက်ျားလေး မိ်န်းကလေး အတော်များများသည် သမီးရည်းစားဖြစ်သွားကြလျှင် password များကို အပြန်အလှန်ပေးသိကြသည်။ ယခင် facebook အသုံးမများသေးချိန်က gmail / gtalk။ ယခု facebook။ တစ်ယောက် account ကို တစ်ယောက် ဝင်ကြည့်ကြသည်။ ဇာတ်လမ်းဟောင်းများကို မဖျက်ထားမိလျှင် ပြဿနာရှာကြသည်။ ကိုယ်ရေးကိုယ်တာကိစ္စများကို စစ်ဆေးကြသည်။ ပြီးလျှင် ပြဿနာမျိုးစုံ မရိုးနိုင်အောင် ဖြစ်ကြသည်။ ကျွန်မကတော့ အပြန်အလှန်ယုံကြည်မှု ကို မတည်ဆောက်နိုင်ကြသူများ ဟုပင် မြင်မိပါသည်။

ယခု ယုယသည်လည်း သည်အတိုင်းပင်ဖြစ်သည်။ သို့သော် ယုယအဖြစ်က ပိုဆိုးသည်။ သူ့ဘက်ကသာ တစ်ဖက်သတ်ပေးထားရခြင်း ဖြစ်သည်။ ပထမ ယုယသုံးနေသော account သည် lock ကျသွားသည်။ account ဖွင့်ပေးထားသူ ယုယသူငယ်ချင်းနှင့်လည်း အဆက်အသွယ်မရချိန် သူ့ကောင်လေးက သူ့ဖုန်းနံပါတ်ကို သုံးပြီး ပြန်ယူထားသည်။ အရာရာလက်ထဲရောက်နေသောကြောင့် စိတ်အခန့်မသင့်ချိန်တွင် password ပြောင်းပစ်လိုက်သည်။ ထို့ကြောင့် ယုယက နောက် account တစ်ခု ထပ်ဖွင့်သည်။ ပထမ account နှင့် နာမည်တူပင်ဖြစ်သည်။ ထိုအကြောင်းကို သိသွားသောအခါ အကြီးအကျယ်ပြဿနာရှာပြီး password ထပ်တောင်းပြန်သည်။ ယုယကလည်း ပြန်ပေးသည်။ ယခု တင်ထားသော ဓာတ်ပုံသည် ဒုတိယ account နှင့် ဖြစ်သည်။

အကျိုးအကြောင်းမေးရမည်က နောက်၊ ယခုလုပ်ရမည်က ထိုပုံ နှင့် ထို account ကို ရအောင်ဖျက်ရမည့်အရေးဖြစ်သည်။ သို့နှင့် ပထမ account နာမည်ကို သုံးပြီး report တင်ပေးလိုက်သည်။ ထို့နောက် ယု
ယဖုန်းကို ယူပြီး ထိုပုံကို deleat လုပ်ပစ်သည်။ ကံကောင်းသည်ပဲလား မသိ၊ delete လုပ်ပြီးချိန်မှ account က log in ပြန်တောင်းသည်။ သူ့ကောင်လေးက password ပြန်ပြောင်းလိုက်သည် ထင်မိသော်လည်း account က လုံးဝ ကျသွားခြင်းဖြစ်သည်။

ထိုအခါမှ ယုယကို အကြောင်းစုံသေချာမေးရသည်။ ယခုကောင်လေးသည် တစ်ခြားသူမဟုတ်၊ တစ်ရွာတည်းသားချင်းဖြစ်ရုံအပြင် ဆွေမျိုးနီးစပ်တော်သူပါ ဖြစ်နေပြန်သည်။ အမျိုး (၃) ဝမ်းကွဲတော်သည်ဟု ဆိုသည်။ ရွာတွင် အချမ်းသာဆုံးဟု ဆိုနိုင်သည့် မိသားစုမှ အငယ်ဆုံးသားဖြစ်၏။ မကွေးကျန်းမာရေးမှူးတက္ကသိုလ်ကျောင်းသား ဖြစ်သည်။ ကောင်လေးက ရှုပ်သည်။ တွဲသမျှမိန်းကလေးတိုင်းနှင့်လည်း အဆင့်ကျော်ရန် ကြိုးစားတတ်သည်။ ရွာတွင်ပင် လွန်လွန်ကျူးကျူးဖြစ်ထားသော ရည်းစားတစ်ယောက်ရှိပြီး အတည်မယူ ဟု သိရ၏။

ထို့သို့သိရသည်နှင့် ယုယကို အလွန်ပင် စိတ်တိုမိသည်။ ယုယကတော့ သူ့အဖြေနှင့်သူ ဟုတ်နေ၏။

“သူ့ကို ရည်းစားတစ်ယောက်ဆိုတာထက် အစ်ကိုတစ်ယောက်လို ပိုယုံမိခဲ့တာပါ… တစ်ခြားသူဆို ငါဒီလိုမျိုး လက်မခံပါဘူး… ခုက အစ်ကိုလည်းအစ်ကိုဆိုတော့ ငါ မထင်ခဲ့မိတာပါ…”

သိပ်မကြာသေးခင်အချိန်က သူတို့ (၂) ဦး အဆင့်ကျော်ခဲ့ကြသည်။ (၂) ဦးသဘောတူ ဓာတ်ပုံရိုက်ခဲ့ကြသည်။ ထို့နောက် ကောင်လေးက ထိုပုံများနှင့် ခြိမ်းခြောက်ကာ ယုယကို တစ်ယောက်တည်းပုံများ ဓာတ်ပုံရိုက်ခိုင်းပြီး ပို့ခိုင်းသည်။ စဉ်းစားဆင်ခြင်ဉာဏ်နည်းပါးသည်ဟု ဆိုရမည်လား မသိ။ ယုယကလည်း ကြောက်ကြောက်လန့်လန့်နှင့် ပို့ပေးသည်။

အမှန်တော့ အမျိုး (၃) ဝမ်းကွဲ၊ တစ်ရွာတည်းသားချင်း ရည်းစားဖြစ်ကြသော အမှုသည် သူတို့အတွက်တော့ လူသိမခံဝံ့သောကိစ္စဖြစ်သည်။ ထို့ကြောင့် (၂) ဦးစလုံးက ထိုကိစ္စကို လျို့ဝှက်ထားကြသည်။ သို့ဖြစ်၍ ယခင် (၂) ယောက်တွဲပုံများ ရှိထားခဲ့သည့်တိုင် ယုယဘက်က စိုးရိမ်စရာမရှိပေ။ အဘယ်ကြောင့်ဆိုသော် ပို၍နစ်နာမည်က ကောင်လေးဘက်က ဖြစ်သည်။ ပိုက်ဆံရှိမိသားစုက ဆေးမှူးကျောင်းသား (ရွာအတွက်တော့ ဆေးမှူးသည် အင်မတန်အဆင့်မြင့်သော အလုပ်ဖြစ်သည်။) တစ်ယောက်က အမျိုးအချင်းချင်းပြန်ဖြစ်သည် ဆိုလျှင် ကာယကံရှင်မိသားစုအတွက် အရှက်ရစေသောကိစ္စဖြစ်သည်။ ယုယဘက်က ထိုအကြောင်းကို လျှောက်ပြောပြီး အပိုင်ချိုင်မည်ကို စိုးရိမ်ပုံရသည်။ ထို့ကြောင့် ယုယကို နိုင်ကွက်ကိုင်ချင်သောကြောင့် တစ်ယောက်တည်းပုံများကို မရမကတောင်းခြင်းဖြစ်ပေလိမ့်မည်။

ထိုမျှမက ယုယကိုလည်း မဟုတ်မမှန်စွပ်စွဲပြီး ပြဿနာရှာပြန်သည်။ ယုယသည် ယခင်ရည်းစားဟောင်းများနှင့်ပါ လွန်လွန်ကျူးကျူးပတ်သက်ဖူးသည်၊ ချူစားသည် စသည့် သက်သေအခိုင်အမာမပြနိုင်သည့် အကြောင်းတရားများနှင့် တစ်ချိန်လုံးထိုးနှက်သည်။ ပုံတွေတင်ပစ်မည်ဟု ခြိမ်းခြောက်သည်။ ယုယဘက်က အမြဲတမ်းအလျှော့ပေး တောင်းပန်ရသည်။ လမ်းခွဲမည်ဆိုသော်လည်း လက်မခံ။ ယုယကိုသာ နိုင်စားသည်။

အမှန်တော့ ထိုကောင်လေး၏ အဖေသည် နောက်မိန်းမ ထပ်ယူထားသည်။ မမျှော်လင့်ထားသော အခြေအနေကို ရင်ဆိုင်လိုက်ရပြီး သူ့အမေက အိပ်ယာထဲလဲသည်။ တစ်မိသားစုလုံး ခံစားရသည်။ ထို့ကြောင့် သူ့လုပ်ရပ်များကိုသာ သူ့အမေသိသွားလျှင် သေဖွယ်သာ ရှိတော့သည်။ ယုယဘက်က အပိုင်ကိုင်လာမှာကို စိုးရိမ်သည်။ ထို့ကြောင့် စဉ်းစားဆင်ခြင်နိုင်စွမ်းနည်းသော ယုယကို ခြိမ်းခြောက်အနိုင်ကျင့်ခြင်းဖြင့် သူ့ဘက်က တစ်ပြန် အပိုင်ကိုင်ထားခြင်းဖြစ်သည်။

ယခု ဓာတ်ပုံတင်ဖြစ်သော ကိစ္စသည်လည်း ယုယကို စွပ်စွဲခြင်းမှ အစပြုသည်။ ယခင်ရည်းစားနှင့် လွန်ကျူးခဲ့သည်ကို ပြန်ကြားခဲ့ကြောင်း ပြောလာသည်။ ယုယက စိတ်ဆိုးသည်။ ရည်းစားဟောင်းကို လှမ်းမေးသည်။ ရည်းစားဟောင်းက သူမပြောပါ၊ သူလည်း စိတ်ဆိုးသည်၊ ပြောသည့်သူကိုခေါ်လာပြီး မျက်နှာချင်းဆိုင် ရှင်းပေးမည့်အကြောင်း ပြန်ပြောသည်။ ယုယက သူ့ကောင်လေးကို ထိုအတိုင်း ပြောပြသည့်အခါ ယခင်ရည်းစားဟောင်းနှင့် အဆက်အသွယ်လုပ်သည်ဟူသော အကြောင်းပြချက်ဖြင့် ပြဿနာထပ်ရှာပြီး ဓာတ်ပုံတင်လိုက်ခြင်း ဖြစ်သည်။

(ရေးရတာစိတ်မောလာတာရယ်.. ဖတ်ရတာများမှာစိုးတာရယ်ကြောင့်… တစ်ခန်းရပ်လိုက်ပါတယ်…)

15 comments

  • ယမကာကျော်စွာ အူးမြောက်မြောက်

    April 26, 2016 at 2:35 pm

    ဆက်သွယ်ရေး ဥပဒေတွေရှိတယ်လေ..

  • တောတွင်းပျော်

    April 26, 2016 at 2:35 pm

    ကျနော ့ ပါစ်ဝပ်ကို လာတောင်းလို ့ကတော ့
    ငှင်း .. ငှင်း .. ငှင်း
    ရလိမ့်မယ်အားကီး
    ကိုယ်တောင် မမှတ်မိတော ့ဘူး 😀

  • ခင်ဇော်

    April 26, 2016 at 4:56 pm

    ယုံကြည်တတ်တာလားး
    စတုပစ်တာလားး မသဲကွဲဘူးးး ဆိုတဲ့ အဖြစ်ကို အရောက်မခံကြပါနဲ့ အမျိုးသမီးတို့..!!

    ကိုယ် လည်းး သူများး Password သိချင်စိတ်မရှိ, သိရတာလည်း ဂုဏ်မယူသလို ကိုယ့် ပရိုင်ဗေစီလည်း ကိုယ် အထိမခံနိုင်…

    ဘွဘွ
    အရင်ကတည်း က သမီးးရဲဇားဒေ အာ့လို အတွင်းရေး တွေ သိတယ်လို့ ဂုဏ်ယူ ကြရင် အတော် စိတ်နောက်ပြီးး ဆုံးမတတ်လို့ တောက်ညင်ကပ်ခံရတာ လည်းး မမှတ်ဘူးးးးး

    :k:

    • စမီးဆို သူက login ဝင်ပြီးသား ကွန်ပူတာပေးလိုက်တာတောင်.. ဘာမှ ဖွင့်မကြည့်ဘဲ အောက်ပစ်တာ…
      ဟိ.. နာ့လည်းပြန်မတောင်းနဲ့လို့… :k:

      တကယ်ဆိုရင်အချစ်ပဲလိုတာပါ… :mrgreen:

  • အောင် မိုးသူ

    April 27, 2016 at 2:31 pm

    အဲ့ဒါ ယောက်ျားလေးဘက်က မတရားတာပါ။ အဲ့လိုယောက်ျားမျိုး အိမ်ထောင်ကျပြီးရင်လည်း ကောင်းမယ့်ပုံ မပေါ်။ ဝေါင်ဝေါင်ရှေး။

  • kai

    April 27, 2016 at 2:44 pm

    အိုင်ဖုံးကိုင်တဲ့.. ဟောလိဝုဒ်ကထိပ်တန်း… ဆယ်လီဘရိတ်တီတွေရဲ့.. အကောင့်တွေကနေ.. လူမ သဘာဝ.. ချွတ်ရိုက်ထားတဲ့ပုံ.. ဘွိုင်းဖရန်း.. လင်ယောက်ျားနဲ့ပုံတွေကို.. ဟက်ကာတွေရပြီး.. တကမ္ဘာလုံးဖြန့်တော့… မင်းသမီးတွေ ပြန်ပြောတာတွေကို ကြည့်…
    http://www.cloudpro.co.uk/cloud-essentials/public-cloud/5608/icloud-celeb-photo-hack-harry-styles-and-kendall-jenner-photos

    အဲဒီထဲ.. ဟန်းဂါးဂိမ်းက..ဂျနီဖာလောရင်န့် ပြောတာက..
    Jennifer Lawrence

    The Hunger Games star was one of the most prominently affected, with around 60 images reportedly posted online. She has also been one of the most vocal stars, repeatedly decrying the hackers’ actions. “Just because I’m a public figure, just because I’m an actress, does not mean that I asked for this,” she told Vanity Fair.

    “It does not mean that it comes with the territory. It’s my body, and it should be my choice, and the fact that it is not my choice is absolutely disgusting. I can’t believe that we even live in that kind of world. ”

  • Thint Aye Yeik

    April 27, 2016 at 4:01 pm

    ကျနော်တော့ password တောင်းလာရင် ဘယ်လောက် ရင်းနှီးတဲ့ ချစ်သူ ဖြစ်စေ… မပေးလို…
    စိတ်ဆိုးရင် လဲ သေလို့သာ ပြောချင်တာ…
    ကိုယ်ရေးကိုယ်တာ ဆိုတဲ့အကန့်ထဲကို… ဘယ်သူ့ကိုမှ လွယ်လွယ် ဝင် မရောစေချင်။

    ဗမာလူမျိုး အတော်များများကလည်း…ဘောင်ကျော်တဲ့အလေ့အကျင့် ရှိတယ်။
    ဥပမာ… အစ်မဖြစ်သူ ဒိုင်ယာရီ ရေးနေရင်..ညီမဖြစ်သူက ပခုံးအနောက်ကနေ လှမ်းကျော် ခိုးဖတ်တာမျိုး…
    အဲဒါမျိုးဆို.. ကျနော်က လုံးဝ သည်းမခံနိုင်…

  • Tawwin Pan

    April 27, 2016 at 4:51 pm

    အိမ်မှာလည်း ညီမတွေအဲလိုပဲ…အိပ်နေတဲ့အချိန်ကျရင် အိတ်ကိုမွှေနှောက်ထားတာ…မသိချင်ယောင်ဆောင်နေရတယ်…
    စိတ်ထဲလုံးဝကြိုက်တာမဟုတ်…ဆူလိုက်လို့ စကားများပြန်ရင်လည်း ကိုယ်ကအကြီးဆိုတော့ အဖေဆူတာ ခံရဦးမယ်…..အိမ်ကအဖေကလည်း ညီမချင်း တခါတလေ တီးတိုးတီးတိုးလုပ်နေရင်တောင် မအိပ်သေးဘူးလားဆိုပြီး ငေါက်တတ်….စကားများပြီဟေ့ဆိုရင် တစ်အိမ်လုံး ပွက်လောရိုက်မှာမို့….
    ကိုယ်ကပဲ သည်းခံနေရတာ…………
    သူများတွေအတွက် အိမ်ကပျော်စရာဆိုပေမယ့် ကိုယ့်ကတော့ အိမ်မှာမနေချင်တော့တာ အတော်ကြာနေပြီ…………

  • Ma Ma

    April 27, 2016 at 8:40 pm

    ဘယ်သူမှ မသိစေချင်တဲ့ တကယ့်လျှို့ဝှက်ချက်ဆိုတာ သူတပါးကို ပြောဖု့ိမဆိုထားနဲ့ စာရွက်ပေါ်တောင် ချမရေးသင့်ဘူးတဲ့။

    ကိုယ့်လျှို့ဝှက်ချက်ကို ပြောပြလိုက်မိရင် ကိုယ့်ကိုကိုယ် သူတပါးလက်ထဲထည့်ပြီး သွန်လိုသွန် မှောက်လို မှောက် လုပ်နိုင်ခွင့်ပေးလိုက်တာဖြစ်သလို၊
    ကိုယ့်ကိုသူတပါးက အနိုင်ကိုင်ဖို့ နိုင်ကွက်ပေးလိုက်သလိုပဲတဲ့။

    (ဘယ်ကကြားဖူးတာလဲတော့ မမှတ်မိတော့ဘူး။)

  • မြစပဲရိုး

    May 1, 2016 at 4:04 pm

    ကိုယ့်မိန်းကလေး တွေ မှာ ဒီ ယောကျာင်္း တွေ ကိစ္စ ထက်ပိုပြီး တစ်ခြား အရေးတကြီး လုပ်စရာ တွေ အများကြီး ရှိပါတယ်။
    ကိုယ့်ကို တန်ဖိုး မထားဘူး ထင်ရင် ထားပစ်ခဲ့လိုက်ကြပါ။
    ကိုယ့် ပုံ ကို လူတွေ ကြား ထဲ တင်လဲ တင်ပါစေကွယ်။
    ဒီနေ့ ခေတ် ဆိုတာ က မတရားမှု ဆိုတာ ကို အများစု က ရှုံ့ချတတ် နေကြပါပြီ။
    မတရားသဖြင့် ခံရသူတွေအတွက် လူ့အဖွဲ့အစည်း က အကာအကွယ်ပေးနေကြပါပြီ။
    ဒါကြောင့် ဒီလို လုပ်လာတာကို ခံကြရရင် (ကျား ဖြစ်ဖြစ် မ ဖြစ်ဖြစ် ပါ) ငုံ့ခံ မနေပါနဲ့။
    လုပ်ကြပါစေ။
    အဲဒီလို မတရားအနိုင်ကျင့်သူတွေ စိတ်ကြိုက်မချယ်လှယ်နိုင်ဖို့ တရားမှု ကို ချစ်တဲ့ လူတိုင်း တာဝန်ရှိပါတယ်။
    ဒါကြောင့် သူငယ်ချင်း ကို ပြောလိုက်ပါ လုံမရယ်။
    မတရားလုပ်သူ ကို တွယ်မနေဖို့၊
    ကိုယ့် အမှား ကို မရှက်ဖို့၊
    အဲဒီ အတွက် မကြောက်ဖို့၊
    အမှန်တရား အတွက် မတရားမှု ကို ငုံ့မခံဖို့၊
    ပုံတင်ရင်ဖြစ်ဖြစ်၊ အကြောင်းတွေ ဖော်ရင်ဖြစ်ဖြစ် ရဲရဲ ရင်ဆိုင်လိုက်ဖို့။
    ဒီ အပြစ်ကြောင့် ကိုယ့် ကို ယူမဲ့ ယောကျာင်္း မရှိလဲ ဒီအတိုင်း နေပါ။
    ကိုယ့် အမှား အပြစ်ကို ဖုံးကွယ်ပြီး လူတစ်ယောက် ကို ညာပြီး ယူ တာထက်စာရင် ပို သိက္ခာ ရှိပါတယ်။

    နောက်ပြီး လူတိုင်း မှာ မိဘ၊ လင်မယား၊ မောင်နှမ၊ သူငယ်ချင်း ဘယ်လိုနည်းဘဲ ဆက်သွယ် ဆက်သွယ် ကိုယ့်ဘက် သူ့ဘက် “စည်း” ရှိရပါတယ်။
    အဲဒီ စည်း က မကျော်ရပါဘူး။
    အဲဒါ လူသားတိုင်း ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် အခွင့်အရေး ပါ။
    ဒါပေမဲ့ ကိုယ်ပိုင် လွတ်လက်မှု အတွက် စည်းတား တာ ဟာ ကိုယ့် စိတ်ကြိုက် “စည်းကမ်း” မဲ့ ဘောင်လွတ် နေဖို့ မဟုတ်ဘူး ဆိုတာ လဲ သိကြဖို့ ကောင်းတယ်။

    • ခင်ဇော်

      May 1, 2016 at 5:21 pm

      ခု ခေတ် က ဘယ်မှာ ရောက်ရောက်
      ရဲဇား ရရေးး ဖစ်နေသလိုပဲ..
      ရဲဇားလည်းး ရပြီးရော ကိုယ့် ကက်ပစီတီတွေ
      အဘေးလတီ တွေ အရောင်ဆက်တင်မယ် မစဉ်းစားပဲ ရပ်ကုန် ညံ့ ကုန်သလိုပဲ..
      ရဲဇားရခြင်း ပန်းတိုင်မှာတင် အကုန် ကမောက်ကမ နဲ့ ..
      😥
      ထားးတာ ထားးပါ..
      ခု က ထားးပြီးနောက် ပတနာ တွေကလွဲပြီး ကျန်တာ မတိုးတက် ဘူးလား မသိ..

      • Tawwin Pan

        May 2, 2016 at 1:29 pm

        ကွန်ပျူတာသင်တန်းမှာတုန်းကတောင် တချို့ကျာင်းသူလေးတွေက မေးတယ်……..
        အွန်လိုင်းမှာ ရည်းစား ဘယ်လိုရှာရမလဲတဲ့………
        အွန်လိုင်းသုံးရင်း ကြိုက်ကြတယ်ဆိုတဲ့စကားကို အထင်ကြီးပြီး အဟုတ်မှတ်နေကြတဲ့ပုံပါပဲ….
        အွန်လိုင်းမှာ ရည်းစားထားနည်း သင်တန်းဖွင့်စားရင် နာမည်ကြီးဦးမယ်………..

Leave a Reply