ပုဇွန် စောင်ခြုံ
လွယ်လွန်းလို့ လုပ်စားပြီး
အရသာကောင်းလွန်းလို့ ကြိုက်လို့ လာမျှတာ။
ပါဝင်ပစ္စည်း
ပုဇွန်ထုတ်/ပုဇွန်ဆတ်ထုတ် – ၁ဝ ကောင်
အသားပြား – ၁ဝ ပြား
ဆား/ငရုတ်ကောင်းအနက် – အနည်းငယ်
ဟင်းချက်ဝိုင်/အရက် – ၁ ဖုံး
ပင်စိမ်းရွက် – အရွက် ၂၀
သွားကြားထိုးတံ – ၁ဝ ချောင်းး
ထောပတ်ဆီ – ထမင်းစားဇွန်း ၂ ဇွန်း
ခိခိခိခိ ပိန်အူးမှာ
ပြုလုပ်နည်း
၁) ပုဇွန်တွေ ခေါင်းပြုတ်၊ ချေးကြောင်းထုတ်၊ အခွံခွါထား
၂) ဆား/ငုတ်ကောင်းအနက်မှုန့် ဟင်းချက် အရက်နဲ့ နယ်ထား
၃) အသားပြား ၁ဝ ပြားကို ခွါထုတ်ပြီး ပင်စိမ်းရွက်တွေလည်း ရေဆေးထား
၄) ပုဇွန်ကို အရွက် ၂ ရွက်ဆီ နဲ့ ပတ်ပြီး အသားပြားကို စောင်ခြုံသလိုပတ်လိုက်
၅) အစကို သွားကြားထိုးတံနဲ့ ထိုးသီထားလိုက်
၆) ကင်ပြားပေါ်ကို ထောပတ်ဆီ သုတ်ပြီး စီတန်း ကင်လိုက်
၇) ကြိုက်ရာ အနေတော်/အရောင် ရတဲ့ထိ ညှပ်နဲ့ ဟိုဘက်လှန် ဒီဘက်လှန်
၈) ပြီးရင် ဘာဘီကျူးဆော့လေးနဲ့ တို့စားလို့ရပြီ။





12 comments
ယမကာကျော်စွာ အူးမြောက်မြောက်
May 9, 2016 at 9:30 am
ပုဇွန်စောင်ခြုံနဲ ့ ထိုက်ဂါး လာမလုပ်နဲ ့ ဒုတ်ထိုးတောင် ၂၀ဝ ဖိုးဘဲ စားနိုင်တယ်
ရွာထဲကကြောင်ကျီးကို အမွေးနုတ် မီးဖုတ် ထရေနဲ ့ ဂလုမဟေ့
ခင်ဇော်
May 9, 2016 at 9:54 am
စနားလွန်းလို့ ကြောင်ကြီးကို သတ်ကျွေးချင်စိတ်တောင် ပေါ်လာပြီ။
:k:
Thint Aye Yeik
May 9, 2016 at 10:37 am
ပုဇွန်ဆိုသည်မှာ…
အနော် အကြိုက်ဆုံး အသားထဲက နံပါတ် ၃
၁= အမဲသား
၂= ဝက်သား
၃= ပုဇွန်
:k:
ခင်ဇော်
May 9, 2016 at 12:40 pm
အာ့ကိုမှ နံပတ် ၂ ပတ်ထားတာဆိုတော့ ဆက်ဆက်အကြိုက်ပေါ့ညော်
:k:
Ma Ei
May 9, 2016 at 12:59 pm
ဝက်မစားတော့ အာလူးပါးပါးခြစ်ကို ပတ်ပြီးကြော်ဦးမှာ
<3
ခင်ဇော်
May 9, 2016 at 1:38 pm
အာလူးကြီးကြီးခြစ်မှ ပတ်ရမယ်ထင်ရဲ့။
ဟီးဟီး
:k:
kai
May 9, 2016 at 1:31 pm
ကြည့်ရတာ.. ဘေကွန်ပတ်ကြော်လိုက်လဲ.. အိုကေပုံပဲ..။
ပိုမြန်ပြီး.. လွယ်မလားလို့…။
အင်း..
ထောပတ်..ပုဇွန်.. ဝက်သား.. တက်ဦးမယ်..။ တက်ဦးမယ်..။ :k:
ခင်ဇော်
May 9, 2016 at 1:38 pm
၃ ထပ်သား ဘေကွန် နဲ့ အကောင်းဆုံးပေါ့။
ဟိ။
တက်အူးမှာ တက်အူးမှာ။
:k:
Wow
May 9, 2016 at 4:53 pm
ဒီနေ့ ခိုင်ခိုင်ကျော်မှာ ပုဇွန်ထုတ်ကြီးနဲ့သွားစားလာတယ်
အလွတ်ဝင်ကြွားတာ ဟီး
ခင်ဇော်
May 9, 2016 at 5:10 pm
ရုံးး က ခေးး စွဲလန်းတဲ့ ခိုင်ခိုင်ကျော် ပုဇွန်ထုတ်..
:k:
အောင် မိုးသူ
May 12, 2016 at 12:35 pm
ဖွဘုတ်မှာကတည်းက စားချင်နေတာ။ ခုရက်ပိုင်း မအားတာနဲ့ ဘာမှ မလုပ်စားဖြစ်ဘူး။
ခင်ဇော်
May 12, 2016 at 2:14 pm
လွယ်တယ်။
လုပ်စားကျိကျိ
:k: