တောင်ရောက် မြောက်ရောက် ( ၃ )
တောတွင်းပျော်ရဲ ့ တောင်ရောက် မြောက်ရောက် ခရီးသွားဓါတ်ပုံ မှတ်တမ်းတွေ
တင်နေတာကနေ တလှဲ ့ ခရီးသွားလာရင်း မတော်တဆ ခလုတ်တိုက်မိပြီး နှိပ်မိတဲ ့ပုံတွေ
ပြောင်းတင်ကြည် ့လိုက်အုံးမယ်။
ကျနော်တောတွင်းပျော်က ဓါတ်ပုံရိုက် ဝါသနာသာပါတာ .. ပညာနဲ ့ ပတ်သက်လို ့ကတော ့
ခလုတ်နှိပ်တတ်တာတစ်ခုပဲရှိတယ်။
အလင်းအမှောင် အသွေးအရောင်ဆိုတာလည်း နားလည်တာမဟုတ်။
ပုံတစ်ခုမှာ အဝါ အနီ အနက် မျှတမယ်ဆို ကြိုက်မိတော ့တာပဲ။
အစိမ်း အပြာ အဖြူ ပြေပြစ်တယ်ဆိုလည်း လှတယ်လို ့ လူပြိန်းအတွေးနဲ ့ လက်ခံမိတော ့တာ။
ရှုခင်းအလှပုံတွေကို ပြောပါတယ်။
အခုလည်း သွားရင်းလာရင်း ရိုက်မိခဲ ့သမျှထဲက စိတ်ထဲက ကြိုက်တဲ ့ပုံတွေ တင်လိုက်ပါရဲ ့။
တစ်ပုံရဖို ့အတွက် ဓါတ်ပုံဆရာမဟုတ်တော ့ ပုံပေါင်းများစွာတော ့ ရင်းခဲ ့ရတယ်။
မြေဒေသအလိုက် အမှတ်တရ ရိုးရိုးသဘာဝပုံလေးတွေပါခင်ဗျာ ..
ကရင်ပြည်နယ်က လွင်ပြင်ပြန် ့ပြန် ့တွေမှာ ကျောက်တောင်ကြီးတွေ မားမားမတ်မတ် ထီးထီးကြီး
ရပ်နေတာက အဝေးကနေကြည် ့လိုက်ရင် အလွန်လှသဗျ။
ဆေးတောင်တက်ခဲ ့တဲ ့ အချိန်က နွေခေါင်ခေါင် သင်္ကြန်တွင်းကာလ။
ပတ်ဝန်းကျင်တခွင်က ခြောက်သွေ ့နေပေမယ် ့ ဆေးတောင်ကတော ့ အချိန်တိုင်း တိမ်ခိုးတွေနဲ ့ ဝေနေတယ်။
အောက်ကကြည် ့တော ့တိမ်
အထက်ကကြည် ့က မှိုင်း …
ဒါက စုံနံ ့သာ ကိုရင်လေး ရေးမြို ့နယ်ကပါ။
မော်လမြိုင်က ကျိုက်သလ္လန်ကုန်း ဒီအချိန်ရောက်တုန်း မရိုက်ရမနေနိုင်အောင်ပါ။
နေဝင်ရာ မိုးကုပ်တဖက်စွန်းဆီမှာ ကွယ်လွန်ပြီး ဘိုးဘွားတွေရဲ ့ အရိပ်တွေကို မြင်ယောင်မိသလိုပဲ။
ဒီအထက် ၃ပုံကတော ့ လူအများရောက်ဖူးကြတဲ ့ ဖားအံ ကျောက်ကလာပ်က ရိုက်ထားတာတွေပါ။
9 comments
kai
June 30, 2016 at 3:31 am
စေတီတွေအများကြီးမို့.. ရှုပ်နေတာကလွဲရင်.. ကျောက်ကလပ်ပုံလေးက တော်တော်လှတယ်..။ :k:
တောတွင်းပျော်
June 30, 2016 at 9:35 am
ရိုးရိုးရှင်းရှင်း သဘာဝအတိုင်းတော ့ ရှိဖို ့ မလွယ်တော ့ဘူး
အောင် မိုးသူ
June 30, 2016 at 9:29 am
ကရင်ပြည်နယ် ပြန်ရောက်သွားပြန်ပလား
တောတွင်းပျော်
June 30, 2016 at 9:37 am
ပြီးခဲ ့ အဆောင်းအကုန် နွေအတွင်းက ရောက်ခဲ ့တဲ ့နေရာတွေ ပြန်တင်လိုက်တာ။
ဟိုရောက် ဒီရောက်ပါပဲ။
အောင် မိုးသူ
June 30, 2016 at 9:51 am
ကောင်းပါ့
Ma Ei
June 30, 2016 at 10:07 am
တီအိလဲ လှတယ်ထင် လှတာမြင် ခလုတ်နှိပ်တတ်သူပါဘဲ
ကျောက်ကလပ်၊ ကော့ဂွန်းဂူ၊ ဘရင့်ညီဂူ စသည်ဖြင့် ကရင်ဘက်မှာ ဓာတ်ပုံရိုက်လို့လှတဲ့ နေရာတွေများကြီးဘဲနော် ဘာမှမပြင်ထားတဲ့ ဓာတ်ပုံလေးတွေက လှပြီဆို ပြင်မမှီပါ
ပုံလေးတွေလှပါတယ်
တောတွင်းပျော်
June 30, 2016 at 10:51 am
ကော ့ဂွန်း ရသေ ့ပျံ ဘုရင် ့ညီဂူ ကော ့ကသောင် ရိုက်ထားတာတွေ
အများကြီးရှိတယ်။ ကင်မရာနဲ ့လည်းရိုက် ဖုန်းနဲ ့လည်းရိုက်။
ဒီနေရာတွေက လူအသွားအလာ အလည်အပတ်ရောက်ဖူးသူ မြင်ဖူးသူတွေ
များနေပြီမို ့ မတင်တော ့တာပါ။
တခြားနေရာ လူသိပ်မရောက်တဲ ့နေရာတွေကိုပဲ ထပ်တင်အုံးမယ်။
ခင်ဇော်
June 30, 2016 at 12:35 pm
ခလုပ်ပဲနှိပ်တတ်တာတောင် လှတာဗျာ။
လွမ်းစရာကြီးးး
တောတွင်းပျော်
June 30, 2016 at 7:50 pm
သူ ့ ဘာသာပြည် ့စုံပြီးသား အလှတွေပါဗျာ …