စာကြည် ့တိုက်
တောတွင်းပျော် ငယ်ငယ်က အိမ်ခြေသိပ်မများလှတဲ ့ အထက်ကျောင်း တစ်ကျောင်းတည်းသာရှိတဲ ့
တောင်ပေါ်မြို ့ကလေးမှာ နေခဲ ့ရတယ်။ ကစားဖော်ဆိုတာက လက်ချိုးရေတွက်လို ့ရတဲ ့
၆/ရ ယောက်လောက်သာ။ ဒီအုပ်စုတွေက အသက်အရွယ်စုံ အတန်းကြီးအတန်းငယ်တွေ။
မတည့်လည်း ဒီအုပ်စု တည် ့လည်းဒီအုပ်စု။ ဒီ ့အပြင် တခြားလူတွေကမှ မရှိတာပဲ။
သူငယ်ချင်း အများစုက ပညာရေးဝန်ထမ်းသားသမီးတွေ။
အဆော ့ကလည်းသန်ပါ ့။ စနေ တနင်္ဂနွေ ကျောင်းပိတ်ရက်များဆို တနေကုန် တနေခန်း။
သူငယ်ချင်းအဖေကျောင်းအုပ်ကြီး ကိုယ်တိုင် ပြူးတင်းပေါက်က ကြိမ်တုတ်နဲ ့ ကိုယ်ယောင်ပြမှ နားလိုက်ကြတာ။ ဒါတောင် မိုးစုံးစုံးချုပ် မမြင်မကန်းတဲ ့အထိ ဘောလုံးကန်လို ့ ကောင်းနေကြတုန်းကိုး။
ဆရာကြီးရဲ ့ ကြိမ်လုံးကလည်း ဟန်ပြကိုင်ထားတာမဟုတ်။ သူ ့သားတွေ လူပျိုသော ကလေးသော ခွဲခြားတာမဟုတ်။ ပြစ်ဒဏ်အလိုက် ကြိမ်ဒဏ်သတ်မှတ်ချက်ကရှိပြီးသား ..
ဥပမာ ညနေတိုင်းအလှည် ့ကျ ရေလောင်းပေးနေရတဲ ့ ခြံခင်းတွေ တာဝန်မကြေလို ့ကတော ့
အဲဒီကောင် ကြိမ်စာကောင်းကောင်းမိပြီသာမှတ်။
ဒီကောင်တွေကို ကြိမ်တုတ်တွေနဲ ့ မအုပ်ရင်လည်း သူတို ့ဇတွေကလည်း မသေး။ ဒီတုန်းက
တောတွင်းပျော်တို ့က ၄ တန်းကျောင်းသားတွေသာရှိသေးတယ်။ Video တွေက တောတွင်းပျော်တို ့
နေတဲ ့ တောင်ပေါ်မြို ့ကလေးဆီ ပေါက်လာကာစ။
ဟောင်ကောင်ဂျက်မတို ့ ဂျက်ကီချန်းတို ့ စတဲ ့ အက်ရှင်ကားတွေ ခေတ်စားနေချိန်။
တစ်နေ ့တော ့ တောတွင်းပျော်ရဲ ့ သူငယ်ချင်း ဆရာကြီးသားက သူကြည် ့တဲ ့ Rolling Fire
ကားထဲက ဇာတ်ဝင်ခန်းတစ်ခုကို အရမ်းသဘောကျနေပြီး ထပ်ခါတလဲလဲပြောနေတယ်။
သူပြောပြီး သိပ်မကြာလှတဲ ့ ညနေတစ်ခုမှာ ဒီကောင် ့ကို ဆေးရုံပို ့လိုက်ရတယ်။
ဖြစ်ပုံက အဲဒီထဲက မင်းသားကိုအားကျပြီး ပုဆိုးနှစ်စကို ခါးချည် ကျန်နှစ်ကို နောက်လှန်ပြီးခေါင်းပေါ်
ကအုပ်ကိုင်ပြီး ၁၆ပေ လောက်အမြင် ့ရှိတဲ ့ အိမ်ခေါင်မိုးတံမြိတ်စွန်းကနေ လေထီးတပ်သားကွလို ့
ကြုံးဝါးပြီး ခုန်ချလိုက်တယ်ဆိုလား …
ဆေးရုံက သူ ့ဆီကိုလိုက်သွားတော ့ ငါ ့လေထီးက သေးနေလို ့ ဒီလိုကျတာတဲ ့။ ခြေထောက်မှာကတော ့ ပတ်တီးအပြည် ့နဲ ့။ သူက တောတွင်းပျော်တို ့ထက် အသက် ၂ နှစ် ကြီးပြီး ၆တန်း
ကျောင်းသားဖြစ်နေပြီ။
သူတို ့ ညီအစ်ကိုတွေက ၄ တန်းအရွယ်လောက်ကတည်းက ပုဆိုးပြဲတွေ ဘာတွေကို ကိုယ် ့ဘာသာ
အပ်ချုပ်စက်နဲ ့ ကောင်းကောင်းချုပ်တတ်နေကြပြီ။ အထက်တန်းကျောင်းသားဘဝရောက်တဲ ့ အခါကျတော ့ ဖခင်ကျောင်းအုပ်ကြီးလစာနဲ ့ ညီအကိုမောင်နှမများတဲ ့ သူတို ့အတွက် ကျောင်းစာရိတ်တွေ
မလောက်ငှတော ့ နွေကျောင်းပိတ်ချိန် ဖားကန် ့ မိုင်းရှူးတွေသွားကျောက်တူးပြီးငွေရှာပြီး တက္ကသိုလ်
ကျောင်းပြီးတဲ ့အထိ သူ ့တို ့ဘာသာတက်သွားကြတယ်။
လေထီးတပ်သားသူငယ်ချင်းကတော ့ ဆယ်တန်းအောင်ပြီး GTI ဝင်ဖြေ ကျောင်းပြီးတော ့
အွန်လိုင်းကနေ သူ ့ဘာသာ စပွန်ဆာရှာ။ ယူအက်စ်က စပွန်ဆာရတော ့ ထွက်သွားပြီး အလုပ်တဖက်နဲ ့ ကျောင်းတက်နေရင်းက ဒီမှာကျန်ခဲ ့တဲ ့ ညီ ညီမတွေတစ်ယောက်ပြီး တစ်ယောက် ယူအက်စ်ကို ခေါ်ထုတ်သွားခဲ ့တယ်။
တောတွင်းပျော် စာကြည် ့တိုက်အကြောင်းရေးမယ် ကြံရာက စာကြည် ့တိုက်နဲ ့ ဆက်စပ်ပြီး ငယ်သူငယ်ချင်းတွေကို ပြန်အမှတ်ရလာတာမို ့ သူတို ့အကြောင်းတွေ မဆီမဆိုင်ရေးမိတာပါ။
အဲဒီ ့အချိန်တုန်းကဆိုရင် ကျောင်းဖွင် ့ကာလ စနေ တနင်္ဂနွေ ရက်တွေ
နွေရာသီကျောင်းပိတ်ရက်တွေဆို နေ ့ခင်းဖက်ဆို တောတွင်းပျော်တို ့အုပ်စုက စာကြည် ့တိုက်ထဲ
အမြဲရောက်တယ်။ ဘယ်လိုရောက်နိုင်သလဲဆို စာကြည် ့တိုက်မှူးက တောတွင်းပျော်အုပ်စုက တစ်ယောက်ရဲ ့ အဖေ ကျောင်းဆရာ။ သူကစာကြည် ့တိုက်မှူးတင်မကဘူး ကျောင်းရဲ ့အား/ကာမှူးလည်း
သူပဲ။
တောတွင်းကျော်တို ့ အုပ်စုက စာကြည် ့တိုက်သော ့တောင်းရင် အချိန်မရွေး သူထုတ်ပေးတယ်။
ဒီတုန်းက တောတွင်းပျော်တို ့အုပ်စု လူသာငယ်သေးတာ စာအုပ်ကို တန်ဖိုးထားရိုသေတတ်တာကို
သူကောင်းကောင်းသိတယ်။
စာကြည် ့တိုက်က ၂ထပ်ဆောက်ထားပြီး စာကြည် ့တိုက်က အပေါ်ထပ်။ အပြင်ကနေ လှေကားနဲ ့တက်ရတယ်။ အောက်ထပ်မှာကတော ့ ကျောင်းသုံး ပရိဘောဂ အပိုပစ္စည်းတွေသိမ်းထားတယ်
စာကြည် ့တိုက်ထဲမှာတော ့ စာအုပ်တွေအပြင် အားကစားပစ္စည်းတွေလည်းသိမ်းထားသေးတယ်။
တခြားမှာ ထားဖို ့ရာနေရာမရှိလို ့ စာကြည် ့တိုက်ထဲရောက်လာတဲ ့ ပင်ပေါင်ခုံကိုတော ့ တောတွင်းပျော်တို ့ အုပ်စုက သဘောအတွေ ့ဆုံး။
ဒီစာကြည် ့တိုက်က စာအုပ်တော်တော်အမျိုးစုံအောင်ရှိတယ်။ အဘိဓာန် စွယ်စုံကျမ်းတွေဆိုရင် အဲဒီအချိန်က နောက်ဆုံးထုတ် အတွဲထိရှိတယ်။
ရွှေသွေး မိုးသောက်ပန်း ကာတွန်း သုတရတနာသိုက် စတဲ ့ ကလေးစာပေတွေကလည်း လုံလုံလောက်လောက်။
အမေရိကန် မြန်မာသံရုံးကထုတ်တဲ ့လင်းရောင်ခြည်စာအုပ်ကလည်း အပတ်စဉ်အတိုင်း။
သိပ္ပံမှူးတင်စာအုပ်တွေလည်း ဖတ်နေပြီး။ မဆလလမ်းစဉ်ဂျာနယ်လည်းမလွတ်။
မှတ်မိသလောက်ဆိုရင် လမ်စဉ်ဂျာနယ်က သရုပ်ပျက်ယဉ်ကျေးမှုဂီတတွေကိုဝေဖန်တဲ ့ ကာတွန်းတွေကို သဘောအကျဆုံး။
စာပေဗိမ္မာန်ထုတ် ကျန်းမာရေး နိုင်ငံရေး ဘာသာရေးစာအုပ်တွေကလည်း စုံမှစုံ။
ဒီအချိန်ကတည်းက မွန်းမတည် ့မှီ ၂ မိနစ် တို ့ လူသေလူဖြစ်တို ့တွေလည်း ဒီအရွယ်မှာဖတ်နေခဲ ့ကြရပြီ။ ဖတ်လို ့မပြီး တခြားဖတ်ချင်တာရှိရင်လည်း အိမ်ကိုယူသွား မပျက်မကွက်ပြန်ထားပေးခဲ ့ကြတာချည်းပဲ။
မှတ်မှတ်ရရ ယောမင်းကြီးဦးဖိုးလှိုင်ရေးတဲ ့ ဥတုဘောဇနသင်္ဂဟကျမ်းတောင်တွေ ့သေးတယ်။
ဒါကြီးတော ့ မဖတ်ဖြစ်ခဲ ့တော ့ပါဘူး။
ကျောင်းဖွင် ့နေတဲ ့ရက်တွေများဆို နေ ့လည်ကျောင်းဆင်းချိန်ဆို ကျောင်းသားတွေအပြည် ့နဲ ့တော်တော်စည်တယ်ဗျ။
တောတွင်းပျော်အုပ်စုက စာကြည် ့တိုက်ထဲ ရောက်သွားပြီးဆို တစ်ယောက်ယောက်က
စာတစ်ကြောင်းဖတ်ပြ ကျန်တဲ ့သူတွေကနားထောင် … ပြီးတော ့ ငြင်းခုံလေကန်ကြပေါ ့။
ဒီမှာတင် တောတွင်းပျော်တို ့ရဲ ့ပါးစပ်မှာ
နာဇီ ပိုလန် ဟစ်တလာ ဥရောပ ဟီရိုရှီးမား အနုမြူဗုံး ပုလဲဆိပ်ကမ်း ဆိုဗီယက်ပြည်ထောင်စု
ဗီယက်နမ် အိုင်စတိုင်း စတဲ ့စကားလုံးတွေ ဖောင်းပွနေလောက်အောင် ပြောနေတတ်ကြပြီ။
စာဖတ်ရတာငြီးငွေ ့သွားပြီဆိုရင်
စာကြည် ့တိုက်ထဲ ချိတ်ဆွဲထားတဲ ့ ကမ႓ာ ့မြေပုံကြီးရှေ ့ မြန်မာနိုင်ငံမြေပုံရှေ ့သွားပြီး ကစားကြတော ့
တာ။ မြေပုံရှေ ့ကစားတယ်ဆိုတာက ဒီလိုပါ …
တစ်ယောက်က မြေပုံထဲက နိုင်ငံအမည် ဒါမှမဟုတ် မြို ့အမည် တစ်ခု စိတ်ထဲကမှတ်ပြီး ကျန်တဲ ့သူတွေကို လိုက်ရှာခိုင်းလိုက်ပါတယ်။ ပထမဦးဆုံး ရှာတွေ ့တဲ ့သူက ကျန်တဲ ့လူတွေကို ဆက်မေးပေါ ့။
ဒီကစားနည်းက တော်တော်အကျိုးရှိတယ်။ ကစားနေတုန်းက စိတ်ဝင်တစား ရှာခဲ ့ဖွေခဲ ့ကြတော ့
နောက်ပိုင်းတော်တော်နဲ ့ မမေ ့နိုင်တော ့ဘူး။ အဲဒီတုန်းကဆို မြန်မာပြည်ထဲက ရှိသမျှမြို ့ဟူသမျှ
ဘယ်နေရာလည်းဆိုတာ ဒိုးဒိုးဒေါက်ဒေါက်ပြောနိုင်တယ်။
ကျူရှင်တွေခေတ်မစားသေးတဲ ့ ငယ်ငယ်က စိတ်အဖိအစီးမရှိ လွတ်လွတ်လပ်လပ်ကစားခဲ ့ ကြရတာတွေ ခုကျောင်းတက်နေတဲ ့ ကလေးတွေနဲ ့ယှဉ်ပြီးမြင်မိလို ့ ရေးလိုက်မိတာပါ။
ခုခေတ် စာကြည် ့တိုက်တွေက နာမည်ကြီး ဟိန်းနေသလောက်
ကျောင်းသားတွေဟာ … ..
15 comments
မြစပဲရိုး
July 3, 2016 at 9:48 pm
တကယ်တော့ မြန်မာပြည်ထဲ စာကြည့်တိုက် ဆိုတာ တွေ နယ်တွေ မှာလဲ ရှိပါတယ်။
အရီး အဖွားနေတဲ့ နယ်မြို့ လေးမှာ တောင် စာအုပ်မျိုးစုံ ရှိတဲ့ စာကြည့်တိုက်လေးရှိတယ်။
မီးသတ်ရုံ နဲ့ တွဲ ထားတာ။
အသုံးမကျခဲ့တဲ့ အုပ်ချုပ်သူများ ရဲ့ လက်ထဲ အားလုံး နိမ့်ကျ တာထက် ပို နိမ့်ကျသွားတာ။
သူကြီး ကို ကြိုပြောထားမယ်။ ဘာသာရေး နဲ့ မဆိုင်။
အဖွားတို့ အချိန်ကလဲ ဘုန်းကြီးကျောင်းတွေ မှာ အလှူအတန်းတွေ ပြည့်လို့။
အဲဒီတုန်း က လူတွေ စိတ်ဓာတ် ဒီနေ့လို အောက်တန်းကျ သူ မများဘူး။
တိုင်းပြည် ကို အုပ်ချုပ်သူများ ရဲ့ ဉာဏ်ပညာ ဆင်ခြင်တုံတရား စိတ်စေတနာများ ပေါ်မှာဘဲ တည်တယ်။
နိုင်ငံ တစ်ခု ကို သူတို့ ဝါဝါ နဲ့ ပြောင်းလဲ နိုင်စွမ်းရှိတယ်။
အခုတော့ အဲဒီပါဝါ က သူတို့ ဘဝ တွေ ကို သီးသန့် မြှင့်ဖို့ သာ လုပ်ခဲ့ကြလို့။
ရှင်းရှင်းလေး။
ဘယ် ဘာသာရေး ဘုရားဟော နဲ့မှ မဆိုင်။
လူတွေ ရဲ့ အတ္တနဲ့သာဆိုင်ပါသည်။
တောတွင်းပျော်
July 4, 2016 at 9:00 pm
ကျနော်တို ့တုန်းက တောင်ပေါ်တောမြို ့လေးက ဒီစာကြည့်တိုက်မှာ စာအုပ်
တော်တော်စုံတယ်။ ဆရာတွေကလည်း စာဖတ်ဖို ့ အားပေးကြတယ်။
စာသင်ရက်နေ ့လည် ကျောင်းဆင်းချိန်ဆို စာကြည် ့တိုက်မှာ ကျောင်းသား
အမြဲရှိတယ်။
ဒီဒေသက ဗမာစကားမပြောတဲ ့ တိုင်းရင်းသားတွေပါ။
kai
July 4, 2016 at 5:24 am
စာကြည့်တိုက်ဆိုတဲ့.. ခေတ်ကုန်ပါပြီ..။
အဲဒီအဆောက်အဦတွေကို.. တခြားတနည်းနဲ့အသက်သွင်းသင့်တယ်..။ ဥပမာ.. ကွန်မြူနတီစင်တာ.. လူမှုရေးကူညီတဲ့.. အားကစားလုပ်တဲ့..နေရာမျိုးပေါ့..
( ဘာသာရေး.. လုံးဝမနွယ်သင့်)
လူငယ်တွေ ဘီယာ/လဖက်ရည်ဆိုင်ထိုင်.. ကရာအိုကေ..သွားဆိုရင်းလည်း.. အငြင်းအခုန်.. ဒီဘိတ်လုပ်တဲ့အခါ.. ဆဲလ်ဖုန်းလေးနဲ့.. အမှန်အချက်အလက်ကိုရှာဖွေတာမျိုးဖြစ်သင့်သလို.. အဲလိုအချက်အလက်..စာအုပ်တွေကိုလည်း.. အင်တာနက်ပေါ်ရောက်အောင်.. လုပ်ထားသင့်ပါတယ်..။
တောတွင်းပျော်
July 4, 2016 at 9:17 pm
စာကြည် ့တိုက်ခေတ်ကုန်သွားတယ် ဆိုတာ
သဂျီးပြောသလို စနစ်ကဖြိုသွားတာ ..
နဝတခေတ်မှာ ပြန်ကြားရေးဌာနဖွင် ့တော ့ စာကြည် ့တိုက်တွေဖွင် ့ပါရဲ ့။
သတင်းစာ ဂျာနယ် မဂ္ဂဇင်းတွေနဲ ့ သာမန် အချစ် သိုင်းဝတ္ထုတွေလောက်ပဲ
တင်တော ့တာ။
ဗဟုသုတရှာမှီးဖို ့ဆိုတာထက် အပန်းဖြေဖို ့လောက်ပဲအဆင် ့ရှိအောင်
လျှောကျသွားတယ်။
လဘက်ရည်ဆိုင်ထိုင် ဘီယာဆိုင်ထိုင် ဒီဘိတ် အငြင်းအခုန်လုပ်တဲ ့အခါ
ဖုန်းကနေ အချက်အလက်ရှာဖို ့ စာအုပ်တွေ အင်တာနက်ပေါ်ရောက်လာမယ် ့
အဆင် ့ကတော ့ တော်တော်လိုအုံးမယ်ထင်တယ်။
လောလောဆယ်တော ့ စာကြည် ့တိုက်ကလေးပဲ အသက်ဆက်ရှင်ပါစေ။
Thint Aye Yeik
July 4, 2016 at 10:30 am
စာကြည့်တိုက်တွေ ဆိုင်းဘုတ်ပဲ ရှိပြီး စာအုပ်မရှိ
ငှားရ ခက်နေတာ မြင်နေရ. . .
အိုဘယ့် စာပေလောက. . .
တောတွင်းပျော်
July 4, 2016 at 9:28 pm
ခု ကျနော်တို ့ရွာမှာ ငွေအကုန်တော်တော်ခံပြီး စာကြည် ့တိုက်ဆောက်ကြတယ်။
စာကြည် ့တိုက်ကလည်း တော်တော်ကောင်းပါတယ်။
ဒါပေမယ် ့ စာအုပ်တစ်အုပ်မှ မရှိသေး။
ဟန်ပြပဲဖြစ်သွားမလား .. ကျနော်တို ့ဆီမှာက ကလေးတွေကို
စာဖတ်ချင်လာအောင် တိုက်တွန်းအားပေးမယ် ့သူမရှိဘူး။
ကျနော်ငယ်ငယ်က သဘောကျတဲ ့ ပိုက်ဆံအိတ်တစ်လုံးကို အစ်ကိုဝမ်းကွဲကို
ပြမိတော ့ သူက ကျနော်ကိုပြန်ပြောတာက
ဒီအချိန်မှာ အဲဒီပိုက်ဆံအိတ်သစ်တစ်လုံးရှိဖို ့ထက် အထဲမှာနေမယ် ့ ပိုက်ဆံရှိဖို ့က
ပိုအရေးကြီးတယ်တဲ့။
ဦးကြောင်ကြီး
July 5, 2016 at 2:54 am
ဆာကြည့်ခိုက်
မြှာမိတသိုက်
ဟွာအိနှိုက်
လှ ျာဖိကိုက်။။
ဝင့်ပြုံးမြင့်
July 5, 2016 at 11:03 am
မျှစ်ကြော်ကတော့ စာအုပ်ကို လက်ကပဲ ကိုင်ဖတ်ချင်တယ်။ ဟိုဟာ ဒီဟာတွေနဲ့ မဖတ်တတ်ဘူး။ ဦးနှောက်ထဲ စီးဆင်းသွားတဲ့ ရသ မတူဘူး
တောတွင်းပျော်
July 5, 2016 at 9:24 pm
ဟုတ်ပါတယ် ဆရာမ။
ကျနော်လည်း စာအုပ်ကိုင်ပြီး အေးအေးဆေးဆေး ဖတ်ရတာကို
ပိုသဘောကျတယ်။
အောင် မိုးသူ
July 5, 2016 at 12:30 pm
သူဂျီး ပြောသလို ကွန်မြူနတီပေါ့နော်…… ဒါမယ့် စာကြည့်တိုက်ဆိုတာကိုပဲ မက်မောမိတယ်။
တောတွင်းပျော်
July 5, 2016 at 9:29 pm
စာကြည် ့တိုက်တွေကိုတော ့ မရောက်နိုင်ခဲ ့တော ့ဘူး ကိုမိုးသူ။
ဒါပေမယ် ့ စာအုပ်ရောင်းတဲ ့ စာအုပ်တိုက်တွေရောက်ရင်
စာအုပ်အစုံစုံကိုကြည် ့ပြီး ရင်ခုန်နေရတုန်း။
ကိုယ်လိုချင်သမျှ ဝယ်ဖို ့ကလည်း မတတ်နိုင်ဘူး။
ဒီတော ့ ဟိုတုန်းက အခမဲ ့ ဖတ်ချင်သလောက်ဖတ်ခဲ ့ရတဲ ့
စာကြည် ့တိုက်တွေကို လွမ်းမိသား ..
မမချွိ
July 5, 2016 at 3:51 pm
ဖတ်ရတာကို ကြည်နူးစရာ။
:chit:
တောတွင်းပျော်
July 5, 2016 at 9:36 pm
ဒီစာပုဒ်လေးကို ရေးနေချိန်မှာ
ငယ်ငယ်ကလေးဘဝက သူငယ်ချင်းတွေကို မြင်ယောင်မိပြီးတော ့
ကြည်နူးပြုံးမိသေးတယ် အမချွိ။
ဘယ်နေရာ ဘယ်ဒေသတွေ ရောက်ကုန်နေပြီလည်းမသိ။
ခုနေ လမ်းမှာ မတော်တဆ ဆုံတွေ ့မိခဲ ့ရင်တောင် တစ်ယောက်နဲ ့ တစ်ယောက်
မှတ်မိကြတော ့မှာ မဟုတ်ဘူး။
ပြန်တွေ ့လို ့ မှတ်မိနေကြအုံးမယ်ဆိုလည်း ..
အမြင်မတူ ဝါဒမတူ ရန်သူတွေလိုဖြစ်ချင် ဖြစ်နေကြတော ့မှာ
ဒါပေမယ် ့လည်း ငယ်သူငယ်ချင်းဟာ ငယ်သူငယ်ချင်းပါပဲ။
အခင်အမင်မပျက်ပါပဲ။
kai
July 5, 2016 at 5:01 pm
ဒီကိစ္စသေသေချာချာဆွေးနွေးချင်တယ်..။
ပြောရရင် မြန်မာတွေ.. ကွန်မြူနတီစိတ်ဓတ်မရှိ.. အလေ့အကျင့်မရှိတာက စရမယ်..။
ထစ်ဆို.. ဘာသာရေးသွားသွားနွယ်တော့.. ဟိုက ဘာသာရေးခေါင်းဆောင်က.. အသုံးမကျရင်မကျသလောက်.. နိမ့်ကုန်ရော…။
ဆိုလိုချင်တာက…
အခု.. လုပ်လာကြတဲ့.. ပရဟိတအဖွဲ့အစည်းတွေများလာတာမျိုး.. အဲဒီအဖွဲ့တွေနားနေရာအတွက် စာကြည့်တိုက်က အသုံးတော်ခံတာမျိုးဖက် ရွေ့ယူသွားနိုင်ရင်ကောင်းမယ်ထင်မိတယ်..။
ယူအက်စ်မှာ.. စာကြည့်တိုက်တွေ တော်တော်ပြုတ်ကုန်ပြီ..။
စာအုပ်ဆိုင်ကြီးတွေလည်း ပြုတ်ကုန်ပြီ..။ အမေရိကားက… စာအုပ်ဆိုင်ကြီးတွေဆိုတာ.. စာကြည့်တိုက်တပိုင်းပါ..။
စာအုပ်ဆိုင်ထဲမှာ..စာအုပ်သစ်တွေကို… ထိုင်ဖတ်လို့ရတယ်..။ကော်ဖီဆိုင်တွဲဖွင့်ပေးထားတယ်.။
ကျုပ်ယူအက်စ်ရောက်ခါစ.. စာအုပ်တွေအလကားသွားသွားဖတ်တာ.. အဲဒီစာအုပ်ဆိုင်ကြီးတွေမှာပေါ့..။
အခုတော့.. အကုန်ပြုတ်..။
မြန်မာပြည်မယ်.. နောင်ရေးမကောင်းတာကို.. တွန်းလုပ်မယ့်အစား.. သေချာတဲ့ဖက်ကို မသိမသာ..ရွေ့ယူသင့်တယ်လို့ထင်တာပါပဲ..။
သဘောက.. စာကြည့်တိုက်မှာ.. အင်တာနက်ဖရီးပေးနိုင်တာမျိုးပေါ့..။
ဖဘ ပေးမတက်ပဲ.. စာဖတ်ဖို့အတွက်ပဲဖွင့်ပေးတာမျိုးပေါ့..။
ဒါမှမဟုတ်.. မင်ဘာကြေးပေးရင်.. အင်တာနက်.. အကန့်အသတ်နဲ့ ပေးသုံးတာမျိုး..။
ကျုပ်အမြင်ပါ..။
တောတွင်းပျော်
July 6, 2016 at 10:46 am
သဂျီးပြောသလို စာကြည် ့တိုက်တွေကတော ့ ကျဆုံးနေပါပြီ။
နဝတခေတ်က သတင်းစာတွေထိပ်မှာ တစ်နိုင်ငံလုံး ကိုယ်ထူကိုယ်ထ
စာကြည် ့တိုက်တွေ ဘယ်နှစ်လုံးဖွင် ့ပြီးပါပြီ ကြွားနေရတာအမော။
အောင်မြင်ပါတယ်လို ့ ဘယ်သူကမှ မပြောခဲ ့ကြပါဘူး။
သဂျီးပြောတဲ ့ကွန်မြူနတီ အလေ ့အကျင် ့က စာသင်ကျောင်းတွေကနေစပြီး
လေ ့ကျင် ့ပျိုးထောင်ပေးရမယ်ထင်တယ်။
ယဉ်ကျေးမှု ဓလေ ့စရိုက်လုံးဝမတူတဲ ့ လူမျိုးကြီး ၃ ခု အိန္ဒိယ တရုတ် မလေး အစရှိတဲ ့ မလေးရှားက စာသင်ကျောင်းတွေကနေ ဒီပုံစံတွေနဲ ့ လေ ့ကျင် ့ပေးနေတာ
တွေ ့ရတယ်။ စုပေါင်း အသင်းအဖွဲ ့ပုံစံ လုပ်ဆောင်မှုတွေ ကလေးတွေကို လေ ့ကျင် ့ပေးတာတွေ ့ရတယ်။
၅ တန်း ၆ တန်းအရွယ် ကျောင်းသားတွေ ခေါင်းဆောင်ကျောင်းသားရဲ ့ အမိန် ့အတိုင်း စုပေါင်းလမ်းလျှောက်ချီတက်လေ ့ကျင် ့ခန်းတွေ လေ ့ကျင် ့ရာမှာ ကပျက်ကချော်မဟုတ်ဘဲ စနစ်တကျလေ ့ကျင် ့နေတာတွေ တွေ ့ဖူးတယ်။ ဆရာ ဆရာမတွေ
အနီးကပ်ကြီးကြပ်တာတွေ လုံးဝမရှိဘဲ သူတို ့ဘာသာထိန်းသိမ်းသွားတာ။
နောက်ပြီး ဘောလုံး ဘော်လီဘော ဘတ်စကက်ဘောစတဲ ့ စုပေါင်းကစားရတဲ ့
အားကစားတွေ အလေးပေးကြတယ်။
ဒါကြောင် ့လည်းထင်တယ်။ စုပေါင်းအသင်းအဖွဲ ့ပုံစံ လုပ်ဆောင်တတ်ကြတဲ ့ စနစ်ကြောင် ့ လူမျိုးရေး ပဋိပက္ခတွေ မရှိသလောက်နည်းတာ။
လုံးဝမရှိခဲ ့တာတော ့မဟုတ်ပါဘူး။ ၁၉၇ဝ လွန်နောက်ပိုင်းမှာ တရုတ်မလေး အရေးအခင်းတွေရှိခဲ ့ပေမယ် ့ ဒီအချိန်မှာတော ့ တစ်ဦးကိုတစ်ဦးကျေအေး နားလည်
နေကြပါပြီ။
ဒါက သဂျီးပြောတဲ ့ ကွန်မြူနတီနဲ ့ပတ်သက်ပြီး ကျနော ့အမြင်ပါ။
လူတွေ ပိုပြီးစာဖတ်လာကြဖို ့ တွန်းအားအပိုင်းကတော ့ ကျနော်ဝင်ရောက်
ဆွေးနွေးဖို ့မတတ်ပါ။
ဒီရွာထဲက နိုင်ငံတကာအတွေ ့အကြုံ စာကြည် ့တိုက်အတွေ ့အကြုံရှိတဲ ့လူတွေက
ဝင်ရောက်ဆွေးနွေးကြစေလိုပါတယ်။
လောလောလတ်လတ် စာကြည် ့တိုက်ဖွင် ့ပွဲ အတွေ ့အကြုံရှိတဲ ့အန်တီ ပဒုမ္မာတို ့
လည်း သူဂျီးနဲ ့ ဝင်ဆွေးနွေးပေးနိုင်ရင် ကောင်းမယ်ထင်တယ်။
ကျနော်တို ့အတွက် အတွေ ့အကြုံ ဗဟုသုတတွေရ ရတာပေါ ့။