တောင်မရောက် မြောက်မရောက် ( ၁ )
တောင်ရောက် မြောက်ရောက်ခရီးသွား ဓါတ်ပုံစီးရီးတင်နေတာကနေ ဘေးခဏထွက်ပြီး
တခြား အဆက်အစပ်မရှိပုံတွေ ကြားညှပ်တင်လိုက်ပါအုံးမယ်။
ဒါတွေကလည်း ဝါသနာအရ ရိုက်မိရိုက်ရာတွေပါပဲ။
တစ်ချို ့ပုံတွေက မကျွမ်းကျင်ပေမယ် ့ အလှရိုက်ထားတဲ ့ပုံတွေဖြစ်ပြီး
တစ်ချို ့ပုံတွေက ရိုးရာယဉ်ကျေးမှုနဲ ့ ဆက်စပ်တဲ ့ မှတ်တမ်းပုံလေးတွေပါ။
ဒီပုံတွေကို ကျနော် ့ facebook မှာ တင်ခဲ ့ပြီးသားတွေပါ။
အမှတ်စဉ်တော ့ လိုလိုမယ်မယ်တပပ်ထားလိုက်အုံးမယ်။
တောင်မရောက် မြောက်မရောက်ပုံတွေ နောက်ထပ်ရိုက်နိုင်ခဲ ့ရင်ပေါ ့။
မနှစ်က သံဖြူဇရပ်မြို ့နယ် ဘဲလမိုင်းရွာ ကရင်နှစ်သစ်ကူးညက ရိုက်ထားတာပါ။
အဟမ်း! ဒီပုံကို ဂဇက်ရွာသားကြီး ဆရာဂျစ်စူအတွက် ရည်စူးပါတယ်။
ဆရာဂျစ်စူရေ shake! :k:
သထုံမြို ့နယ် ထောင်မှူးရွာ ထောင်မှူးဆရာတော် ့မွေးနေ ့မှာ ဖျော်ဖြေနေတဲ ့ ကော ့ကရိတ်မြို ့နယ်ဖက်က ကရင်စောင်းပညာရှင်တစ်ဦးပါ။ ဒီစောင်းကို ကြောင်လျှာပင် လက်ပံသားနဲ ့ ပြုလုပ်တယ်လို ့
သိရပြီး သီဆိုတီးခတ်နိုင်တဲ ့သူ အတော်ရှားပါးနေပြီဖြစ်ပါတယ်။ တိမ်မြုပ်ပျောက်ကွယ်လုဖြစ်နေတဲ ့
ကရင်စောင်းပါ။
ထောင်မှူးဆရာတော် ထိန်းသိမ်းစောင် ့ရှောက်ထားတဲ ့ ကျွဲဒုံး။ ဒီကျွဲဒုံးကို ကလေးငယ်တွေနဲ ့ ကပါတယ်။ ကရင်ရိုးရာဒုံးမှာလည်း နာမည်ပေးပြီး ခွဲထားတာတွေ ့ရတယ်။
အပျိုကြီးဒုံးယိမ်း အပျိုလေးဒုံးယိမ်း စသည်တို ့ပေါ ့။ ဒုံးယိမ်းအကြောင်းတော ့ တောတွင်းပျော်လည်း
မကျွမ်းပါဘူး။
တောတွင်းပျော်တို ့ဖက်မှာ အလှူတွေရှိတဲ ့အခါ ရိုးရာလက်ဝှေ ့ပွဲတွေပါတတ်တယ်။ မိုးအကုန် ဆောင်းအကူး စပါးတွေရိတ်သိမ်းပြီးဆိုရင် ရွာစဉ်ဘုရားပွဲတွေရှိတတ်ပြီး လက်ဝှေ ့ပွဲတွေပါရင် ရွာက
လက်ဝှေ ့ ဝါသနာရှင်လူငယ်တွေ အုပ်စုလိုက်ရွာတွေ ပတ်ပြီး ထိုးတတ်ကြတယ်။ ခုပုံက
ကလေးငယ်တွေ အပျော်တန်းထိုးကြတာပါ။
တောတွင်းပျော်တို ့ရွာက ဆင်နဲ ့ ရှင်လောင်းလှည် ့နေတာပါ။ လူတိုင်းတော ့ ဆင်စီးပြီး မလှည် ့နိုင်
ကြပါဘူး။ ငွေကြေးတတ်နိုင်သူတစ်ချို ့မှသာ ဆင်ငှားနိုင်ကြပါတယ်။
တောတွင်းပျော်
10 comments
အရင်ကကျော်စွာဦးကြီးမိုက်
July 5, 2016 at 11:07 am
.Good photos, thanks 🙂
တောတွင်းပျော်
July 5, 2016 at 9:00 pm
လျှပ်တပြက် ပုံရိပ်တွေပါ ဦးကြီးမိုက်။
ပုံတွေကောင်းတယ်ဆိုလို ့ ကျေးဇူးပါခင်ဗျာ ..
Thint Aye Yeik
July 5, 2016 at 11:36 am
.စောင်းတီးတာမှာ
ကွင်လူမျိုးတွေ တော်သလား
ဗမာလူမျိုးတွေ တော်သလား
သိရအောင်
.စောင်း အတီး ပြိုင်ချင်လပ်ထာ
အနော်သာ စောင်း တီးရရင် ဖွေးဖွေးကို ဘေး ထားပြီး တီးမှာ
:k:
တောတွင်းပျော်
July 5, 2016 at 9:04 pm
ဗမာစောင်းနဲ ့ ကရင်စောင်းက မတူပါဘူး။
တကယ်လို ့ ပြိုင်ချင်ရင်
ကိုသူရက ဗမာစောင်းကိုတီး
ကျနော်က ဖွေးဖွေးကိုတီးမယ် 🙁
အောင် မိုးသူ
July 5, 2016 at 12:31 pm
ယူလည်း ရိုက်နိုင်စိန်နော်။
တောတွင်းပျော်
July 5, 2016 at 9:06 pm
ဒါတောင် နည်းနည်းပဲတင်ထားတာ။
:k:
မမချွိ
July 5, 2016 at 3:11 pm
သဘာဝကျကျပုံတွေ။
မိုက်တလယ်။
:chit:
တောတွင်းပျော်
July 5, 2016 at 9:07 pm
သဘာဝကျမှာပေါ ့ အမ
ခိုးရိုက်ထားတာတွေလေ :k:
Ma Ei
July 7, 2016 at 3:42 pm
ကလေးလက်ဝှေ့ပွဲပြီးရင် အဲ့ဒီကလေးနှစ်ယောက် ဘယ်လောက်ထိခိုက်သွားကြမလဲ မခေါ်မပြောစိတ်ဆိုးရန်ဖြစ်များနေမလား….
ဆင်ပေါ်က ရှင်လောင်းကလေးတွေကြည့်ပြီး သူတို့လဲ စီးချင်မှာတို့ ဆိုပြီး တောင်တောင်အီအီတွေးမိတယ်
တောင်မရောက် မြောက်မရောက် ပုံတွေဆိုပြီးတင်တဲ့ တောတွင်းပျော်ရေ….
တောတွင်းပျော်
July 7, 2016 at 8:06 pm
ကျနော်တို ့ဖက်မှာတော ့ ဒီလိုပဲ ခဏခဏထိုးကြတာပဲ။
အလှူပွဲကြီးတွေရှိရင်ပေါ ့။
ထိုးပြီးတော ့လည်း ဘာမှမဖြစ်။
သူနာကိုယ်နာ မထိုးခဲ ့သလို အတူတူပြန်ကစားကြတာပဲ။
ကျနော်တို ့ရွာတွေမှာ ရွာသားတွေ ရန်ဖြစ်လို ့ ထိုးကြကြိတ်ကြဆိုတာ တခါမှမရှိဘူး
ရှိရင်လည်း တခြားအရပ်ကလာတဲ ့ လူတွေအချင်းချင်းပဲဖြစ်ကြတယ်။
မိန်းမတွေကအစ မကောင်းတဲ ့စကားတွေနဲ ့ အရပ်ကြားလို ့မတော်
ဆဲကြဆိုကြတော ့ တောဖက်ကလူတွေ ဒီပတ်ဝန်းကျင်မှာနေဖို ့ လက်မခံတော ့ဘူး