ခက်ခဲ နက်နဲလှစွာသော…ကဗျာ…
အခု ရက်တွေထဲ…
ကိုယ့် စိတ်ထဲမှာ ကဗျာအတွေး စာအတွေးတွေနဲ့ တဝေဝေ….
တစ်ခုခု မြင်/တွေ့/ကြား/သိ တာနဲ့တင်…ကဗျာ စပ်ပြီး ချရေးချင်နေတော့တာပဲကွယ်…။
ကိုယ့် သွေးကြောထဲမှာ စီးနေတဲ့ ကဗျာပိုးတွေ…ထကြွသောင်းကျန်းလာပြီထင်ရဲ့….။
ကိုယ်တွေးမိသမျှထဲက တချို့အတွေးတွေကို ကဗျာအဖြစ် ချရေးမယ်ဆိုပြီး…
စာရွက်/ဘောလ်ပင် ယူ…ရေးမဟဲ့….ပြင်တော့….
ကကြီးလေးတစ်လုံးတောင် ထွက်မလာတော့ဘူး။
ဘာဖြစ်တာပါလိမ့်….
ဒီအတွေးကို ကဗျာစပ်လိုက်လို့ကတော့ကွာ….ဆိုပြီး အတွေးထဲမှာ တွေးမိ/တေးမိတာတွေမှ အများကြီး…
တကယ့်တကယ်ကြီး ချရေးမယ်ပြင်တော့…ဘယ်က စရေးလို့ ရေးရမယ်မသိ…။
အတွေးတွေကပဲ…တစ်ဖျပ်ဖျပ် ဖြစ်/တည်/ပျက် ကုန်တာလား…
ဖျတ်ခနဲ ဖျတ်ခနဲ ဖြစ်/တည်/ပျက်သွားတဲ့ အဲ့ဒီအတွေးတွေနောက်ကို
သိမှုအာရုံက လိုက်ပါပြီး- မဖမ်းဆုပ်နိုင်လို့လား…
ကိုယ်ကလည်း ကဗျာဆိုရင်…
ဟိုရှေးရှေ့က ဆရာကြီးတွေရေးသလိုမျိုး….
.ရေးချင်တဲ့ အကြောင်းအရာကို စိတ်မှာမှတ်
လက်လေးချောင်းထောင်…
ကာရန်နဲ့နဘေကိုပေါင်း၊ ပေါင်းလို့ရတာကို ဖတ်လို့ကောင်းအောင် ချရေး…ဆိုတဲ့ ပုံသေနည်းတွေကို မသုံးချင်ရေးချ မသုံးချင်…
အဲဒီနည်းတွေကို ဒဏ္ဍာရီထဲမှာ ထားခဲ့ပါရစေတော့…ဆိုတဲ့ ခံယူချက် ရှိသူတွေဟာ…
ရှိသူတွေဟာ …
ရှိသူတွေဟာ…..
ဒီလိုနဲ့ပဲ… လွတ်လပ်လိုသော အနုပညာ(ကျိန်စာ)သင့်သူတို့ဟာ…
စိတ်ရဲ့ အတွင်းဆုံးအပိုင်းထဲထိ…နက်ရှိုင်းစွာ တိုးဝင်ရင်း…
ဖမ်းဆုပ်မိသမျှ…ရေးဖို့ကို ဘာသာစကားဆိုတဲ့ မဟာတံတိုင်း နံရံကြီးက ကာဆီး တားသမျှ…ခံရပြန်ရော…
===========================================================
တိတ်ဆိတ်စွာ ပြာလဲ့…
အမှောင်ဝိုးဝါးတို့… မှုန်ရီလွင့်မျော…
.မြောက်ဘက်စွန်းဆီမှ လာသော တည်တည်တံ့တံ့လေလှိုင်းတို့ ဝူးဝူးဝါးဝါး ပြောနေတဲ့စကား…
.အေးစက်သည်နှင့်အမျှ နွေးထွေး…
.ပြင်းပြင်းထန်ခြင်းနှင့် တပြိုင်နက်တည်းမှာပဲ…. နူးညံ့ငြင်သာ…
အဲသည်အခိုက်အတန့်ကလေးရဲ့ ဖြစ်တည်မှုထဲ… ပန်းတွေထဲမှာ အဖြုစင်ဆုံးဖြစ်ဖူးတဲ့ စံပယ်…
သူ့အပွင့်တို့ကို အပင်ထက်မှာ ချန်ထားရစ်ခဲ့ပြီး…
.ဝေ့ကာဝိုက်ကာနဲ့… မြေပြင်ကို သက်ဆင်းလာတဲ့ စံပယ်ရွက်စိမ်းမြမြ…
မလှပဘူးလို့… ဆိုမလား..
ဟင့်အင်း…. သိပ်လှတယ်…
သူ …မြေပြင်ကို ကြွေကျသွားပုံက သိပ်လှတယ်။
ဒါပေမယ့် … သူ့အကိုင်းအခက်..သူ့အပွင့်အဖူးတွေကို ခွဲခွါထားရစ်…
သူကိုယ်တိုင် ပြေးခွါထွက်ရုန်း…
ဝါအံ့မူးမူး မြေသားရိုင်းရိုင်းပေါ်မှာ… သွေးရူးသွေးတန်းမဟုတ်ပေမဲ့ သွေးရူးသွေးတန်း….
သူ… လဲလျောင်း ငြိမ်သက်…
ဒါ…သင်္ခ ါရပဲ…စံပယ်ရုံရေ….တဲ့… ။
သင်္ခ ါရတို့ သင်္ကေတပြထားတဲ့ညမှာ…
ကျနော် … ကဗျာရေးချင်တယ်…။
ကဗျာ…
ကျနော် ချစ်သော ကဗျာ….
ကျိန်စာသင့်သလို မူးမိုက်တုန်ရီစွာ နစ်ဝင် တွယ်ကပ်နေသော… ကျနော့်နှလုံးသားထဲမှ ကဗျာ…
ထပ် ခွဲခြမ်းစိတ်ဖြာကြည့်တော့….
အဲဒီကဗျာထဲမှာမှ… ကျနော့်နှလုံးသားကလည်း စူးစိုက်နစ်ဝင်လို့….
ကဗျာနဲ့ ကျနော်ဟာ..ဘယ်သူက မြှားလဲ…
ဘယ်သူက လေးကိုင်းလဲ…
ဘယ်သူက ပစ်လွှတ်သူလဲ…
ဘယ်သူက ပစ်မှတ်လဲ…
ဘယ်သူက ပစ်လွှတ်သူဖြစ်ခဲ့ပြီး ဘယ်သူက အပစ်ခံသူ ဖြစ်နေခဲ့သည်ဆိုတာတွေက… ကျနော်နဲ့ကဗျာကြားမှာ… အရေးမပါတော့… ။
ဒီလိုနဲ့ပဲ…
ကျနော်က… ကဗျာ့ရာဇဝင်ကို ရေးမိတာလား…
ကဗျာက ကျနော့် ရာဇဝင်ကို ရေးမှာလား…
မသိခင်မှာပဲ… ကျနော်… ကဗျာတစ်ပုဒ် ရေးလိုက်ပါတော့တယ်။
ကျနော် ရေးတဲ့ကဗျာမှာ… ခေါင်းစဉ် ရှိစရာ မလို…
.ရေးသူနေရာမှာလည်း… ကျနော့် လက်မှတ်မလို…
ကဗျာဆိုသည်မှာ… ကဗျာ ဖြစ်နေဖို့က အဓိက… မဟုတ်လား။
သင့်အေးရိပ်
Jul 04- 2016
13 comments
ဂျစ်စူ
July 4, 2016 at 6:52 pm
ကဗျာ အတတ်သင် သင်တန်း ဖွင့်စားရင် နံမယ်ကျီးလိမ့်မယ် အုစ်
Thint Aye Yeik
July 4, 2016 at 7:02 pm
”ကဗျာ”ချည်းးးး ထိုင် သင်နေလို့ ဒီကဗျာဆရာတော်ကို ဝိုင်း ရိုက်ကြမယ်ထင့်
:k:
တောတွင်းပျော်
July 4, 2016 at 9:37 pm
ရေးထားတဲ ့ စာလုံးနီနဲ ့ကဗျာက လှတယ် :k:
မဝေဖန်တတ်ပါဘူးဗျာ ..
ခံစားရင် ခံစားရသလို ရေးချလိုက်တာပဲ
Thint Aye Yeik
July 5, 2016 at 8:03 am
.ရေးတတ်ပါဘူးဗျာာာ
ခံစားမိရင် ခံစားမိသလို ပြောချပလိုက်တာပဲ
:k:
ဦးကြောင်ကြီး
July 5, 2016 at 2:53 am
အလွမ်းsex
ကမ်းတက်
လှမ်းဖက်
ကြမ်းဇာတ်။။
Thint Aye Yeik
July 5, 2016 at 8:06 am
Sex မလွမ်း
ဖက်မကြမ်း
ခက်သရမ်း
ရှက်တခန်း
ဝင့်ပြုံးမြင့်
July 5, 2016 at 11:00 am
ကဗျာဆိုတာ စကားလုံးလေးတွေ ပန်းပွင့်ဖြစ်သွားအောင် လုပ်တာ။ ဒါက တစ်မျိုး။ တခြား နည်းတွေလည်း ရှိပေါ့။ အသံသာတာဟာလည်း ကဗျာ။ အသံမသာတာဟာလည်း ကဗျာ။ ကဗျာ ဘယ်မှာရှိလဲဆိုရင် ထိခတ်မှုတွေမှာ ရှိတယ်။
Thint Aye Yeik
July 5, 2016 at 11:29 am
စကားလုံးတွေကို ပန်းပွင့်ဖြစ်အောင်လုပ်တဲ့နည်းထက် ပိုလှတဲ့နည်းတစ်ခု ကျနော့်မှာ ရှိတယ်။
ပန်းပွင့်လေးတွေကို သနပ်ခါးလိမ်းပေးတဲ့နည်း
:k:
.ကြားလိုက်လား
ပန်းပွင့်ရဲ့ပွင့်ဖက်ကလေးနဲ့ သနပ်ခါးရနံ့အဆင်းလေး ထိခတ်သွားတဲ့အသံ
😆
အရင်ကကျော်စွာဦးကြီးမိုက်
July 5, 2016 at 11:15 am
ဟန်တစ်ခွဲသားရယ်နဲ့
ကဗျာရေးမယ်သူကြံတယ်
စလုံးရေတောင်မစနိုင်ပါဘု
ကြံမရဖြစ်ပြီကွယ်
လာလေရော့ကွယ် ဆော့ပင်အနီနဲ့
စာရွက်ပေါ် မင်တို့ပါလို့
“ကဗျာ”ပါတဲ့ဗျို့ :))
Thint Aye Yeik
July 5, 2016 at 11:32 am
.တွေ့ပြီ
”ကွန်မန့်ကဗျာ(သို့မဟုတ်)ကဗျာကွန်မန့်”
:k:
မမချွိ
July 5, 2016 at 3:47 pm
ဒီ ရက်ထဲမှာ စိတ်ထဲ ပေါက်ကွဲနေတာ
ခါတိုင်းဆို စာကြောင်းတွေ ထွက်လာတယ်။
ခု တစ်ခေါက် မထွက်လာဘူးး
အပူမိပြီး အရည်ပျော်သွားပြီလားတောင်မသိ။
😥
Thint Aye Yeik
July 12, 2016 at 4:31 pm
ခုရက်ထဲကျတော့ စိတ်ရှိလက်ရှိ ပေါက်ကွဲပြီး
ဝက်သားဒုတ်ထိုးတွေ စားချပလိုက်တယ် ဆိုပါတော့
:k:
မမချွိ
July 13, 2016 at 9:37 am
အဲဒီ အတိုင်း ကွက်စတိပဲ။
:k: