Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ဂွဇွတ်ရွာမှ စိန်ခေါ်သံ (သို့ ) ချက်တင်တောင်ထိတ်မှ မီးတစ်စ – အပိုင်း (၂) ဇာတ်သိမ်း

ဇီဇီJuly 13, 20161min141225

ဂွဇွတ်ရွာမှ စိန်ခေါ်သံ (သို့ ) ချက်တင်တောင်ထိတ်မှ မီးတစ်စ – အပိုင်း (၁) က ဒီမှာဖတ်

:mrgreenn:

 

~~~~~~~~~~~~~~~~~~

အွန်သိုင်းလောကအတွင်း၌ အရေးတော်ပုံတစ်ခုပေါ်ပေါက်နေသည် ။

နှစ်ပေါင်းများစွာတည်တန့်လာသောရှောင်လင်ဂိုဏ်းအတွင်း သဘောထားကွဲလွဲမှုများဖြစ်ပေါ်နေလေ၏ ။

အတွင်းရှောင်လင်ဂိုဏ်းနှင့် အပြင်ရှောင်လင်ဂိုဏ်းဟူ၍ဖြစ်သည် ။အတွင်းရှောင်လင်ဂိုဏ်းမှာ အေးချမ်းစွာတရားဓမ္မနှင့်ပျော်မွေ့ချင်လျှက်လောကီကိစ္စများ၌မပါဝင်လို …
အပြင်ရှောင်လင်ဂိုဏ်းသည်ကား တိုက်ခိုက်ခြင်း လက်တုန့်ပြန်ခြင်းနှင့် အကြမ်းနည်းသုံး၍ ကာကွယ်ခြင်းတို့ကို မွေ့လျော်လေသည် ။

ထို့ကြောင့် အွန်သိုင်းလောက၏ပကတိအခြေအနေသည်လည်း ပေါက်ကွဲလု ချိန်ကိုက်ဗုံးတစ်လုံးနှယ် စိုးရိမ်စရာကောင်းလှလေသည် ။ ထိုအချိန်တွင် နယ်စားကြီးပေါင်ချိန်ဖြိုးမှ ရှောင်လင်အပြင်ဂိုဏ်းအားခွဲထွက်ခြင်းကို ကန့်ကွက်ခဲ့ရာ အွန်သိုင်းလောကတခွင်တွင် အငြင်းပွားစရာများဖြစ်ပေါ်လာလေတော့၏။

ဤသို့သောအခြေအနေကို နှစ်တစ်ထောင်ကျိန်စာအဖိုးအိုနှင့် ဇီးကွက်မင်းဘွားဘွားဝင့်တို့မှာ သဘောကျကျေနပ်နေသည်လား မဆိုနိုင်ပေ… ။

ဂွဇွတ်ရွာသားဘလေ့ဂါသိုင်းသမားအများစုသည်ကား အဆိုပါအရေးအခင်းတွင် အုပ်စုများကွဲလျှက် အငြင်းအခုံများ တိုက်ခိုက်ယှဉ်ပြိုင်ခြင်းများပင် စတင်ပေါ်ပေါက်လာပြီဖြစ်လေတော့သည် ။

~~~~~~~~~~~~~~~~~~~~~~~~~~~~

၆ လပိုင်း ၊ ၁၄နေ့ ည ….။
ဂွဇွတ်ရွာတွင်းတွင် မီးရောင်စုံများဖြင့်ထိန်ထိန်သာနေသည် ။
.
သီတင်းကျွတ်မီးထွန်းပွဲကျင်းပနေသည်လား … ?

မဟုတ်နိုင်ပါ …

ဤသို့ဆိုလျှင် အဘယ်အကြောင်းကြောင့် ရောင်စုံမီးများထွန်းညှိထားလေသနည်း…?

ယနေ့ညသည် ဇီးကွက်မင်းအပြုံးသခင်မဝင့်ဝင့်နှင့် မျက်နှာဖုံးရှင် ဟန်လုလုတို့၏ စိန်ခေါ်ယှဉ်ပြိုင်ပွဲကျင်းပမည့်ညဖြစ်လေသည် ။ ဇီးကွက်မင်းတဇွတ်ထိုးဘွားတော်ဝင့်မှာ စောစီးစွာရောက်နှင့်ပြီးလျှင် ဟန်ရေးပြလျှက်ရှိနေ၏ ။ နောက်ဆုံးလေ့ကျင့်အောင်မြင်ထားသော” တယူသန်တဖက်ပိတ်အတွင်းအားပညာ”နှင့် “အတ္တဝါဒီကိုယ်ပျောက်လက်သီးသိုင်း” တို့အား မြင်တွေ့ရတော့မည်ဖြစ်သောကြောင့် ပရိတ်သပ်တို့မှာ အထူးစိတ်ဝင်စားလျှက်ရှိကြသည်။

ဟန်လုလုသည် ဇီးကွက်မင်းအားအနိုင်ယူယှဉ်ပြိုင်နိုင်မည်လော …?

မဖြစ်နိုင်ပါ ။ သို့သော် ဟန်လုလု၏ဘိုးတော်ဆရာများဖြစ်သော အတွင်းရှောင်လင်ဂိုဏ်းကိုကြည်ညိုသူအများအပြားရှိနေသည်ဖြစ်ရာ ပစ်စလက်ခတ်တော့ မဖြစ်စကောင်း….

သိုင်းပြိုင်ပွဲကွင်း၏ မှောင်ရိပ်တနေရာတွင် ဘီအီးသိုင်းသမားစိန်ဗိုက်ဗိုက်သည် အရက်ဗူးတောင်းကြီးအားဘေးတွင်ချလျှက် အိပ်ငိုက်နေလေသည် ။

အမှန်စင်စစ်တွင်ကား ယှဉ်ပြိုင်လတ္တံ့ ့သောပြိုင်ပွဲအတွက် လိုအပ်ပါက ကူညီနိုင်စေရန် ပြင်ဆင်နေခြင်းဖြစ်သည်ကိုတော့မည်သူမျှမသိပေ။

၎င်း၏ ဆန့်ကျင်ဖက် အမှောင်ရိပ်အတွင်းတွင်လည်း လူရိပ်တချို့ ရှိနေပြန်သေးသည် ။ တိတ်ဆိတ်စွာငြိမ်သက်နေသောထိူသူများသည် အော်မေ့ဂိုဏ်းမှဖြစ်နေသည်ကို အံဩဖွယ်တွေ့ရပါလိမ့်မည် ။ အော်မေ့ဂိုဏ်းချုပ်ကြာပန်းမယ်တော် ၊ ဒုဂိုဏ်းချုပ် မမာမား ၊ ဂိုဏ်းခွဲမှူး အေတီဝမ်တို့ပင်ဖြစ်လေသည် ။ ကြာပန်းမယ်တော်အာတီဒုံမှာ မြေပဲယိုလေးတစ်ကိုက်နှစ်ကိုက်ကိုတမြုံ့မြုံ့ဝါးရင်းဖြင့်သာ …..။
.
“ဒူ …နာ …နာ…”

ချိန်းဆိုထားချိန်သို့ရောက်လေပြီ ။
ဂိုဏ်းချုပ်ကြီးလူကွေ့ရှောင်ခိုင်မှ မောင်းထု၍ အချက်ပေးလိုက်ပြီဖြစ်သည် ။ သိုင်းပြိုင်ကွင်းလယ်သို့ တဇွတ်ထိုးသိုင်းသမားဘွားတော်ဝင့်မှာ ခုန်ပျံ၍ဝင်ရောက်လာလေပြီ …. ဂိုဏ်းချုပ်ခိုင်၏ ဩဘာပေးလက်ခုတ်သံနှင့်အတူ သဘောထားကိုက်ညီသောသိုင်းသမားများက လက်ခုတ်တီးအားပေးကြလေသည် ။

” ဟေးးးးးးး ဇီးကွက်မင်းးးး ကွ ‘”

” ဇီးကွက်လက်သီး တစ်ချက်တီးရင် .. မျက်ချီး ဆယ်ပိဿ ာထွက်သွားမယ် တဲ့ဟေ့ ……’

” မဟာလစ်ဗြဲ ဗျန်းဗျန်းကွဲ ”

” တယူသန်တဖက်ပိတ်အတွင်းအားပညာဆိုတာ အမြည်းကျွေးလိုက်စမ်းပါဗျို့ ..”

စသည်ဖြင့် အထက်ပါအတိုင်းဆူညံစွာအားပေးကြလေတော့သည် ။

နှစ်တထောင်ကျိန်စာအဖိုးအိုခိုင်လည်း သည်တချီတော့ဖြင့် ရှောင်လင်ဘုန်းကြီးများအား နားရွက်ကိုတံတွေးဆွပ်ရလေပြီဟု စိတ်ကူးလျှက် ….

ထိုစဉ် … မေတ္တာပို့ သံဝေဂလင်္ကာသံတစ်ခု ထွက်ပေါ်လာခဲ့သည် ။

” … ဝေါ .. မိ ..တော် ..ဖော … ကြီးနိုင်ငယ်ညှင်း ၊ နှိတ်စက်ခြင်း ၊ ကင်းငြိမ်းကြပါစေ… ။…

စကားလှည့်ပတ် ၊ ငြင်းခုံတတ် ၊ ကပ်သီးကပ်သပ်သတ္တဝါ ၊ ချမ်းသာကိုယ်စိတ်မြဲပါစေ…. ။ ….

ငြိုးသူရန်လို ၊ ဂိုဏ်းချုပ်အို … မိန်းမနှစ်ယောက်ရပါစေ … ။ ….

ကက်ကက်လန်ပြော ၊ စကားကြောကြွယ် ၊ ပညာသည် ၊ ရေလိုအေးချမ်းကြပါစေ …။ ….

လူသေ လူဖြစ် ၊ ကိုလူညစ် ၊ မိုးပြာပြာတို့ချစ်ပါစေ ……”

.
.
.

ဤသို့ဖြင့် မျိုးဆက်သစ် မျိုးဆက်ဟောင်းတို့၏ ပြိုင်ပွဲသည်စတင်ပြီဖြစ်လေတော့သည် ။

တဇွတ်ထိုးဘွားတော်ဝင့်၏ လက်သီးရိပ်များသည် ဟန်လုလုအား မလှုပ်နိုင်အောင်ထိန်းချုပ်ထားလေသည် ။ ဟန်လုလု အရေးနိမ့်နေသည်ကို မသိဟန်ပြု၍ ဂိုဏ်းချုပ်ခိုင်မှ အလစ်ဝင်တိုက်ခိုက်နေတတ်သေးသည် ။

သို့မှသာ အာဏာရှင်ဟု တံဆိပ်ကပ်ထားလေသော ရှောင်လင်ဂိုဏ်း၏ မျိုးနွယ်ကို အပြုတ်နှံနိုင်မည်မဟုတ်လော ….သိုင်းလောက စည်းကမ်းများကို မသိဟန်ပြု၍ ရက်စက်ကြလေပြီ … ။

” ယားးး ယိစ် …

ဘုန်း … အင့် “

မမျှတသောယှဉ်ပြိုင်မှုက်ို ကြည့်မနေနိုင်သေ ဗိတိန်ကျွန်းသခင်မကြီးမြစာလေးသည်ကား ကျောက်သင်ပုန်းကြီးဝှေ့ယမ်းလျှက် ပြိုင်ပွဲတွင်းဝင်ရောက်လာခဲ့ပြီဖြစ်လေသည် ။

” မတရားတာလုပ်နက် .. ကောင်မရေးဂိုလွှတ်လိုက်အဖိုးကြီးခိုင် …”

လူသေလူဖြစ်မိုးပြာချစ်သိုင်းကွက်ဖြင့်ဖမ်းချုပ်ဟန်ပြင်နေသော အဖိုးအိုလူကွေ့ရှောင်ခိုင်မှာ ဗိတိန်ကျွန်းသခင်မကြီးအား စိတ်ထဲ၌မေတ္တာပို့ရင်း သွားဖြီးပြလိုက်လေသည် …

” ဘယ့်နယ် ကျုပ်ကိုလူသေလူဖြစ်သိုင်းတတ်တယ်လို့ စွတ်စွဲရတာလဲ အရီးတော်ရယ် ..
ကျုပ်က ကျောက်ပုံဂိုဏ်းကိုဘဲ ဩဝါဒခံသလိုလို ….
ကျုပ်ဘာလုပ်နေတယ်ဆိုတာ ကြည့်တတ်ရင်မြင်မှာပါ အရီးမြစာလေးရယ် .. ဟီးဟီးးး …”

” မြင်သားဘဲအဖိုးကြီး … ရှင်ကကောင်မလေးကို မသိမသာချုပ်ပေးပြီး ဇီးကွက်မင်းကို အသာစီးရအောင်လုပ်ပေးနေတယ်ဆိုတာ …
ကဲ .. ကျုပ်နဲ့တစ်ပွဲလောက်စမ်းကြည့်ကြတာပေါ့ …”

ဤသို့ဖြင့် ဗိတိန်ကျွန်းသခင်မကြီးနှင့် နှစ်တထောင်ကျိန်စာအဖိုးအို တို့ကတစ်တွဲ ၊ ဇီးကွက်မင်းနှင့် ဟန်လုလုတို့ကတစ်တွဲတိုက်ခိုက်ကြလေတော့သည် ။
မကြာပါ …. ။
အတွင်းအားအဆင့်ကွာခြားလွန်းလုသော ဟန်လုလုမှာအတွင်းဒဏ်ရာ ရရှိသွားသဖြင့် ဘီအီးစိန်ဗိုက်မှ ဇီးကွက်မင်းနှင့်ယှဉ်ပြိုင်လေတော့သည် ။့

ဘီအီးစိန်ဗိုက်ဗိုက်၏ အမူးသမားသိုင်းကွက်သည် ဇီးကွက်မင်းအား ကောင်းစွာထိန်းချုပ်ထားလေ၏။
..
.
ဂိုဏ်းချုပ်ခိုင်အား တိုက်ခိုက်နေရင်း သခင်မကြီးမြစာလေးမှာ စိတ်မရှည်နိုင်တော့သဖြင့် …

” ဟေ့ … နှစ်တထောင်ကျိန်စာအဖိုးကြီးရော တဇွတ်ထိုးမယ်ရော ပြိုင်တူဝင်ခဲ့ကြစမ်း …

ရှင်တို့ကို သင်ပုန်းကြီးပြန်သင်ပေးမယ် ..ကိုင်းးး လာလေ့ .. “

ပြိုင်ပွဲမှာ နှစ်ယောက်တစ်ယောက်ဖြစ်သွားလေပြီ ။ ဗိတိန်ကျွန်းသခင်မ၏ အကွက်ကျကျချေဖျက်မှုများကို ဂိုဏ်းချုပ်ခိုင်တို့နှစ်ယောက်သား မထိုးဖောက်နိုင်ကြ …
အချိန်ကြာလာသည်နှင့်အမျှ မြစာလေး၏ တန်ပြန်တိုက်စစ်အောက်တွင် အရေးနိမ့်စပြုလာကြလေသည် ။

ယခင်က ဇီးကွက်မင်းကို အားပေးအားမြှောက်ပြုကြသောသူများသည်လည်း တိတ်တဆိတ်ထွက်ခွာကြလေပြီ ။

အခြေနေကို တွက်ဆမိသောဇီးကွက်မင်းဘွားဘွားဝင့်မှာ ဗိတိန်ကျွန်းသခင်မကြီးနှင့် ဆက်လက်မယှဉ်နိုင်တော့သဖြင့် …..

” ဒီတခါတော့ အစ်မတော်မြစာလေးကို ညီမကဘဲအလျော့ပေးလိုက်ပါပြီလေ … “ ဟု ပြောဆိုပြီးလျှင် သိုင်းပြိုင်ကွင်းမှ ထွက်ခါွသွားတော့သည် ။

တစ်ဦးတည်းကျန်နေသော ဂိုဏ်းချုပ်အဖိုးအို လူကွေ့ရှောင်ခိုင်လည်း ရပ်ရေးရွာရေးများအကြောင်းပြပြီးလျှင် ယှဉ်ပြိုင်ပွဲအား အဆုံးသတ်လိုက်လေတော့၏။

.
.
.
စည်ကားသိုက်မြိုက်နေသော ဂွဇွတ်ရွာသည် တဖန်ပြန်လည်၍ တိတ်ဆိတ်သွားလေပြီ ။

ရွာထိတ်မှ ” ချင်ကြားပူကစ်ချင်း “ထမင်းဆိုင်လေးသည်လည်း ယခင်အတိုင်း ပြန်လည်ငြိမ်သက်သွားလေ၏ ။

သို့သော် …. ထမင်းဆိုင်၏အဝင်ဝတွင်တော့ အောက်ပါဆိုင်းဘုတ်လေးတစ်ခု ထပ်မံတိုး၍လာလေသည် ။

” ထမင်းတစ်ပွဲစားလျှင် ကိုရီးယာဇတ်ကား နှစ်ကား အလကားပြမည် “

~~~~~~~~~~~~~~~~~~~~~~~~~~~~~~

ဂွဇွတ်ရွာတွင် ဆိပ်ငြိမ်နေသော်လည်း အွန်သိုင်းလောကတခွင်တွင် ဆူပွက်နေလေတော့သည် ။ နယ်စားကြီးပေါင်ချိန်ဖြိုးနှင့်အဖွဲ့အား ရှောင်လင်အပြင်ဂိုဏ်းမှ ရာဇသံထုတ်လို်က်ပြီဖြစ်သည် ။

နယ်စားကြီးပေါင်ချိန်ဖြိုးမှ ရှောင်လင်အပြင်ဂိုဏ်းကို ဖြိုခွဲနိုင်ပါမည်လော ..???

သို့တည်းမဟုတ် … ရှောင်လင်အပြင်ဂိုဏ်း၏” အမျိုးဘာသာ သံကွန်ခြာ ” သိုင်းကွက်အောက်တွင် နယ်စားကြီး ရှုံးနိမ့်မည်လော ….. ???

မည်သို့ပင်ဖြစ်စေ …. ဂွဇွတ်ရွာမှ ဘလော့ဂါသိုင်းသမားများမှာ နှစ်ဖက်သောတိုက်ခိုက်မှုများတွင် အာရုံကျရာဝင်ကူညီကြရင်း  ဂွဇွတ်ရွာသားပီသကြောင်း ပြသပေဦးတော့မည်မှာ မလွဲဧကန်ပင်ဖြစ်ပေတော့သည် ….. ။

~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~

 

ကဲ ဇတ်လမ်းတစ်ခုတော့သိမ်းလိုက်ပြီ ..

နောက်လာမယ့်ဇတ်လမ်းကတော့ ” ပေါင်ချိန်ဖြိုးနှင့် ရှောင်လင်ကြေးရုပ် တစ်ဆယ့်ရှစ်ရုပ် “

25 comments

  • ဂျစ်စူ

    July 13, 2016 at 10:04 am

    ဟင်
    ရဂဲရေနဲ ့ စမိုင်တောင် မရောင်းရသေးဘူး
    ပွဲက ပီးသဒဲ့
    ဈေးသည်တော့ ထမင်းငတ်ပါဘီ

    • မမချွိ

      July 13, 2016 at 11:19 am

      အံမာ။
      သွသူ ငိုက်နေပြီးတော့မြန်းး

      :k:

    • မမချွိ

      July 13, 2016 at 11:18 am

      တညားရေးတာမဟုတ်ဘူး ဆို။
      တညား ယောက်ခမ ရေးတာ။

      :k:

  • ကပ္ပိယ သာဒင်​

    July 13, 2016 at 12:11 pm

    ဟိုင်းယား
    ခုတ်နေထစ်နေကြပါလားကရို့
    ကျုပ်လည်း မြန်မာ့ဓါးရေး ၃ရ ခန်းရပါတယ်ဗျ ။
    ငှက်ကြီးတောင်လိုရင် ငှါးမယ်ဗျာ

    • မမချွိ

      July 13, 2016 at 1:41 pm

      ဓားမလိုဘု အတွင်းအားချိဒယ်။
      ဟိုဘက်ကို မှားပြန်နေလို့။
      ဂစ်

  • ပျင်းတကာ့ ထိပ်ခေါင်တင်

    July 13, 2016 at 12:21 pm

    ကွီးယား၂ကားကျိရင် ထမင်းတစ်ပွဲကြွေးပါ့လားဟင်..
    အာ့ဆို တစ်ရက် ၆ကားနှုန်းနဲ့ ၃နပ်စာ နေ့တိုင်းကျိပေးပါ့မယ် :k:

    • မမချွိ

      July 13, 2016 at 1:17 pm

      ညက်လုံးကလည်း ဒီ အစားပဲ အရင် ညင်ဒါလားး…
      အပေါ်မှာ တိုက်ပွဲဂလောက်ပြင်းထန်တာ အရင် သွားကျိကျိ…
      တွားတွားတွားးး
      :mrgreen:

      ဆိုင်ရှင်မအားဘူးး ကွီးယားကွီးတွေနဲ့ ပြန်နှပ်လိုက်အူးမယ်။

      :k:

  • ဝင့်ပြုံးမြင့်

    July 13, 2016 at 11:26 pm

    ခုမှ ဖတ်မိတယ်။ ရီလိုက်ရတာ အူကို နာနေတာပဲ။ ရွာထဲ ဝင်လို့ကို မရ။
    ဒါနဲ့ ဇီးကွက်မင်း ဘွားဘွားဝင့် ဘယ်ကိုပြေးသွားတုန်း။ သူ့နောက်လိုက်ပြီး တူနဲ့ထုရအောင်။

    • မမချွိ

      July 14, 2016 at 9:19 am

      ခု သတင်းရသလောက်တော့ ဝက်တားဒုတ်ထိုးဆိုင်ထဲမှာ ပုန်းနေပုံပဲ။
      ဟိ

      :k:

      • Swal Taw Ywet

        July 16, 2016 at 1:13 am

        အနှီ ဝက်သား သုံးထပ်သား
        အရမ်းကောင်းသော
        တုတ်ထိုးဝက်သားဗန်းကြီးသည်ကားးး
        အရှေ့အလယ်ပိုင်းဒေသသို့
        ကောဇော်ပြန်နှင့် ခရီးနှင်လျက်ရှိသော
        နှစ်လွှာ တစ်ရွက် ( Two Pieces ဟု မမြင်စေရ ) သိုင်းသမားဂျီး
        မ သွားလေပြီတည်းးးးးးး။
        With respect,
        Swal Taw Ywet.

  • ဝင့်ပြုံးမြင့်

    July 14, 2016 at 1:02 am

    မဟာလစ်ဗြဲ ဗြန်းဗြန်းကွဲ ဘွားဘွားဝင့်သည် ဟာတာတိဟာတာ ဝက်သားဒုတ်ထိုးကို တိတ်တဆိတ် ရှာဖွေလျက်ရှိနေရာ အစုံစားသခင်ထံတွင် ရှိကြောင်း သိုးသိုးသန့်သန့် သတင်းရထားလေပြီ။ ထိုအစုံစားသခင်ဆိုသူမှာ ယခင် ပျံလွှားမယ် ဘာကာ ခုနစ်လွှာသိုင်းသမား ဇာယိခိုင် တစ်ဖြစ်လဲ ဖြစ်ကြောင်း သိရှိရသောကြောင့် အလွန်တရာ တန်ဖိုးကြီးလှစွာသော ဟာတာတိဟာတာ ကို ဥပါယ်တံမျဉ်ဖြင့် ရယူနိုင်ရေးအတွက် ဗိတိန်သခင်မကြီး စာကလေးကင်ကို မျက်နှာချိုသွေး အလျှော့ပေးလိုက်ခြင်း ဖြစ်လေသည်တကား။

    • မမချွိ

      July 14, 2016 at 9:18 am

      ဟယ်။
      လစ်မှ။
      ဇာယိ ရဲ့ ဝိတားဒုတ်ထိုးကို ဘွားတော်ဝင့် မျက်စိကျချေပြီ။

      :k:

  • Sine Sant

    July 14, 2016 at 11:30 am

    ဇာတ်လမ်းသာပြီးသွားသီ
    ဟန်လုလုမှာ ဟန်ရေးပြင်နေတုန်းးးး

    • မမချွိ

      July 14, 2016 at 11:35 am

      အို။
      ဒါမှ ဓာတ်ပုံထဲလှမှာရယ်။ ဟန်ရေးပြတာလှမှ ဓာတ်ပုံထဲ မှာ လှမှာ။
      ဟေးဟေးဟေးး

      :mrgreen:

  • နယ်စားကြီးပေါင်ချိန်ဖြိုးမှ ရှောင်လင်အပြင်ဂိုဏ်းကို ဖြိုခွဲနိုင်ပါမည်လော ..???
    .ငိငိ..ရွာထဲရောက်တာနောက်ကျနေလို့…ကျုပ်ရောက်တော့…အဖြေတောင်ထွက်နေပြီ
    .နယ်စားကြီးပေါင်ချိန်ဖြိုးဘက်မှအတွင်းရှောင်လင်ဂိုဏ်း မှဝင်ရောက်တိုက်ခိုက်သဖြင့်
    . ရှောင်လင်အပြင်ဂိုဏ်းအရေးနိမ့်ရှာလေပြီတည်း…. :))

  • A mar nyo

    July 14, 2016 at 1:15 pm

    နေ့တိုင်းသွားစားရမယ်ထမင်းဆိုင်တိုးလာပြီ
    သဘောကျ စွာဖြင့်ဝင်ခွီးသွားပါကြောင်း

  • kai

    July 15, 2016 at 2:02 pm

    အင်း.. ဟုုတ်ပါ့.. ရပ်ရေးရွာရေး.. ဒီခေတ်မယ်.. တယ်ရှုပ်သကိုး..။
    စကားအတင်းစပ်…
    ကျိုက်ထီးရိုးအတုကြီးတွေးခဲ့ပါ့..။ ၁ဝဆလောက်တော့ ပိုကြီးမယ်ထင်တယ်..။
    ဘုရားတော့တည်မထား…။

    • nicolus agral

      July 15, 2016 at 7:04 pm

      just nature ပါသဂျီးရာ

      ပညာမပါတဲ့ သဒ္ဒါတရားက!!!!!!!!!!

  • Wow

    July 15, 2016 at 4:33 pm

    ငင် သိုင်းဝုတ်ထုတွေလို ဆွေစဉ်မျိုးဆက် ဖတ်ရမယ်ထင်လို့ :mrgreen:

  • nicolus agral

    July 15, 2016 at 7:09 pm

    အသေအကျေလဲချဘူး

    အလုံးစုံ ပျက်သုန်းရေးဇတ်လမ်းမျိုးပိုကြိုက်တယ်

    နောက်တပုဒ်ရေးရင်အာ့မျိုးရေးပါ

  • မြစပဲရိုး

    July 16, 2016 at 4:06 pm

    ဇီးကွက်မင်း ရဲ့ တိုက်ကွက် ကို ခိုးပြီး တစ်ခြားမှာ သွားဖိုက်နေတာ ဘူမှ မသိ။ 😉 :-))))) 😛

  • တောတွင်းပျော်

    July 16, 2016 at 8:26 pm

    အပိုင်းတစ်က စဖတ်တော ့ အပိုင်းပိုင်းရှိမယ် မျှော်လင် ့ထားတာ။
    အပိုင်း ၂ မှာ ပြီးသွားတော ့ တုံးတိကြီးပြီးသလိုဖြစ်သွားတယ်။
    ဂလိုအရေးအသားမျိုးနဲ ့ အပတ်စဉ် အခန်းဆက်မျိုး ရေးစေချင်တယ် မွီးမွီးချွိ။

    ရွာသားတွေအစုံ စရိုက်အစုံပါမယ် ့ ဇာတ်လမ်းမျိုးလည်းရေးပါအုံး။

    • မမချွိ

      July 20, 2016 at 10:30 am

      ခညာ
      အနော် ရေးတာမဟုတ်ဘူး ခေးတော။
      ခိခိ
      အနော့ ယောက်ခမ ရေးဒါပါဆို။

      ကျနော် ဇာတ်လမ်းက ရေးမယ်။
      ရေးတုန်းး
      :k:

Leave a Reply