Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ကျနော့်အမြင်(သီလ)

nicolus agralJuly 14, 20161min117321

သီလဆိုတာ လိုက်နာရမည့် အရာတွေပါ
ဒါနနဲ့ကွာတာက ဒါနကလုပ်ရင် ကုသိုလ်ရမယ် မလုပ်ရင်မရဘူး
သီလက လိုက်နာရင် ကုသိုလ်ရမယ် မလိုက်နာရင် အကုသိုလ်ပါဖြစ်စေမယ်ပေါ့ဗျာ
(သဂျီးကတော့ ပြောပါလိမ့်မယ် သီလကို ငရဲနဲ့ခြောက် ဒါနကို ဘုံနဲ့မြှောက်ဆိုပီး)
ကျနော့်အမြင်တော့ သီလဆိုတာ ကိုယ်ခြင်းသာတရားပဲ
ကိုယ့်ကိုသူများကလုပ်တာ မကြိုက်တဲ့ကိစ္စကို ကိုကလည်းသူများကိုမလုပ်ရဘူး
ဒါအချုပ်ပဲ လူတွေအတွက်
သိပ်တော့ နားမလည်ဘူးဗျ
မေးတန်တာ မေးရမှာပဲ
သီလမှာ အခြေခံအားဖြင့်တော့ ငါးပါးသီလပေါ့

သူများအသက်ကို မသတ်ရ
သူများဥစ္စာ မပေးပဲမယူရ
ယစ်မျိုးမမှီဝဲရ
မလိမ်ရ
သူတပါးသားမယား မပြစ်မှားရ

သူများအသက်ကို မသတ်ရ
ကျိုးပေါက်ဖို့ဆိုရင်
သက်ရှိဖြစ်ရမည်။ သက်ရှိဟုသိရမည်။ သတ်လိုစိတ်ရှိရမည်။ သတ်ဖို့ ကြိုးစားအားထုပ်မှုရှိရမည်။ သေဆုံးရမည်။
ဆိုတော့ ကျိုးပေါက်ဖို့ မလွယ်ဘူးပဲ

သူများဥစ္စာ မပေးပဲမယူရ
ရှင်းပါတယ် မပေးပဲ မယူရပေါ့
မရှင်းတာက သူများဥစ္စာဆိုတဲ့ကိစ္စဗျ
ဥပမာ ဦးစိန်ကလွန်ခဲ့တဲ့ဆယ်နှစ်က အာနာရှိသူ
ဦးဘရဲ့လယ်ကို အဲဒီတုံးက ဦးစိန်ကသိမ်းလိုက်တယ် (ဦးစိန် သူခိုးဖြစ်သလား)
အဲ ခုလက်ရှိမှာတော့ ဦးထွန်းက အာနာရှိလာတယ်
ဦးထွန်းက ဦးဘဆီက ဦးစိန် သိမ်ထားတဲ့လယ်ကို ဦးစိန်ဆီကပြန်သိမ်းတယ်
ပြီးတော့ ဦးဘကိုပြန်ပေးခဲ့ရင် ဦးထွန်း သူခိုးဖြစ်သလား
နောက် ဦးဘမရှိ ဆက်ခံသူလဲမရှိတော့လို့ ရွာအတွက် သုံးလိုက်ရင်ရော ဦးထွန်းသူခိူးဖြစ်သလား

ယစ်မျိုးမမှီဝဲရ
မူးရစ်စေတတ်သော အရာအားလုံး အကြုံးဝင်သလား
မှီဝဲရုံတင်လား မူးယစ်မှလား (နဲနဲသောက် မမူးတာလဲရှိသေး)

မလိမ်ရ
မမှန်တာကို မပြောရ
အဖြူရောင်မုသားကရော အပြစ်ဖြစ်လား

သူတပါးသားမယား မပြစ်မှားရ
လင်ရှိမယားနဲ့ ဖောက်ပြန်ရင် ဖောက်ပြန်တဲ့ ယောကျာ်းမှာအပြစ်ရှိတယ် အဲမိန်းမကရော ကာမေသုမြောက်လား
မယားရှိလင်နဲ့ စမောဆွဲရင်ရော ဖောက်ပြန်သူတွေမှာ ကာမေသုက ဘယ်လိုလဲ

သားပျိုသမီးပျို
Living together ကဘာကံမြောက်လဲ
living together ပြီးနောက်ပိုင်း ယူဖြစ်ခဲ့ရင်ကော ဘယ်လိုလဲဗျ

သိသူများ အလင်းပြပါ

21 comments

  • စဆရ ကြီး

    July 15, 2016 at 8:58 am

    ကိုယ့်ဆရာက မိုးပြာကိစ္စနဲ့ ဝိုင်းကျဉ်လိုက်ကြခံရသူလားမသိဗျာ
    မိတ်ဆက်တာပါ။

    • nicolus agral

      July 15, 2016 at 6:41 pm

      မိုးမပြာရပါဘူူးဗျာ
      မိုးပြာက ဒိတ်ထိတေ

      ကျနော်က ကိုယ့်ဟာကို ဘာခေါင်းစဉ်တပ်ရမလဲသိသေးဘူး
      ထေရ လဲမဟုတ်ပြန်ဘူး

  • အောင် မိုးသူ

    July 15, 2016 at 12:18 pm

    ကျတော်ကတော့ အဖြူရောင်မုသားဟာ အပြစ်မရှိဘူးထင်။ ဘာလို့လည်းဆိုတော့ ကိုယ်လုပ်လိုက်တဲ့ အကြောင်းအရာတစ်ခုဟာ ကိုယ်နဲ့ ကိုယ်ပတ်ဝန်းကျင်ကို ထိခိုက်သွားမယ်ဆို အဲ့ဒါဟာ ရှောင်သင့်တဲ့အရာ သီလပါပဲ။ ဘယ်သူမှ မထိခိုက်ဘူး အကျိုးရှိစေတယ်ဆို အဲသည်အရာဟာ မုသားဆိုလည်း အဖြူရောင်မုသားလို့ သုံးလို့ရတယ် အရာပေါ့။

  • kai

    July 15, 2016 at 1:50 pm

    ပထမဆုံးသိထားရမှာက.. ငါးပါးသီလဆိုတာ.. ဂေါတမဗုဒ္ဓဟော မဟုတ်ဖူးဆိုတာပဲ..။
    အဲဒါက.. ဘုရားမပွင့်ခင်ကတည်းက.. ရှိပြီးသား…

    ဆိုတော့…
    လူက.. နေမကောင်းဖျားနာလို့.. အင်တိုင်ဘိုင်အိုးတစ်သောက်ရမယ်လို့.. ဆရာဝန်က ညွှန်းတယ်ဆိုပါတော့..
    အဲဒါက.. ပိုးသတ်ဆေးဗျ..။
    ကိုယ်အသက်ချမ်းသာဖို့.. ကျန်းမာဖို့..

    သက်ရှိဖြစ်ရမည်။ သက်ရှိဟုသိရမည်။ သတ်လိုစိတ်ရှိရမည်။ သတ်ဖို့ ကြိုးစားအားထုပ်မှုရှိရမည်။ သေဆုံးရမည်။

    ဆိုတာ အကုန်လုပ်ရမယ်..။ ကာယကံ၊ ဝစီကံ၊ မနောကံ ၃ပါးလုံးနဲ့လုပ်ရမယ်..။

    မြန်မာပြည်မယ်… အင်တိုင်ဘိုင်အိုးတစ်မသောက်ပဲ.. အသေခံသွားမယ်ဆိုတဲ့.. ဆတော်ကြီးတွေရှိတေယ်လို့တော့ မကြားမိ…။
    အာဟိ.. အာဟိ..။

    • ဆရာတော်နာမည်တော့ မမှတ်မိတော့ဘူး . . . ခြေထောက်မှာ အနာဖြစ်ပြီး ပိုးတွေတက်နေတာ . . . အဲဒါကို ဖယ်ပြီး ဆေးထည့်ဖို့ကို သူတစ်ပါးအိမ်ယာကို မဖျက်စီးပါနဲ့ဆိုြပြီး ဒီအတိုင်း ပျံလွန်တော်မူသွားတယ်လို့ ဖတ်ဖူးတယ်

    • nicolus agral

      July 15, 2016 at 6:48 pm

      bacteria က prokaryote ပါ
      plant ထက်ကို အဆင့်နိမ့်ပါတယ်
      သက်ရှိလိုမသတ်မှတ်ပါ

      • အမှန်တိုင်းပြောရင် စိတ်ထဲမယ် ငရဲဆိုတာ စာတွေထဲမှာပါတဲ့အတိုင်း အိုးကြီးတွေ မီးပုံတွေနဲ့ ငရဲသားတွေနဲ့ လို့ မယုံမိဘူး . . . မမြင်နိုင်တဲ့ သတ္တဝါတွေ . . .ရေနွေးနဲ့လောင်းမိတယ် . . . ခြတွေကို ဆေးဖြန်းပြီး သတ်တယ် . . . ကဏန်းကို အရှင်လတ်လတ် ရေနွေးပူထဲ ထည့်တယ် . . ဒါတွေကလည်း ငရဲပဲ ဖြစ်မှာပဲ . . . သေသွားလိုက် ပြန်ဖြစ်လိုက် ပြန်ခံလိုက် နဲ့ သံသရာလည်နေမှာ . . .

        • kai

          July 16, 2016 at 1:35 pm

          ငရဲဆိုတာ…
          အဲဒီအကောင်တွေအဲလိုဖြစ်နေ(မလား/တယ်)ဆိုပြီး.. ကိုယ်ကဝင်ခံစားတွေနေတာကမှ.. ငရဲအစစ်..၊
          ဆိုတော့…
          ငရဲနဲ့ခြောက်နေသူတွေက.. ငရဲရောက်နေသူတွေသာဖြစ်ပါတယ်..။

          ငရဲမယုံသူ ငရဲမရောက်..။

  • ဂျစ်စူ

    July 15, 2016 at 9:21 pm

    နင့်ဘက်ကမြင် လက်ဖဝါး
    နာ့ဘက်ကကြည့် လက်ဖမိုး
    အမြင်အမျိုးမျိုး
    ထင်ချင်သလိုထင်
    မြင်ချင်သလိုမြင် ပေရော့ ဒဂါရေ
    ကိုယ့်အတွေးနဲ့ ကိုယ် သောက်ကြသည်ပေါ့

  • ဦးဦးပါလေရာ

    July 15, 2016 at 11:50 pm

    အပေါ်က သူကြီးဆွေးနွေးချက်ကို အရင်ဖြည်မယ်..
    ..
    ထေရဝါဒဗုဒ္ဓဘာသာ မှာ
    ဇီဝဗေဒကပြောတဲ့သက်ရှိမျိုးကို သတ္တဝါအဖြစ်မသတ်မှတ်ပါဘူး
    သတ္တဝါဖြစ်ဖို့ –
    (ရူပ အရူပ ဗြဟ္မာမှအပ)
    ရုပ်ခန္ဓာ တစ်ပါးနဲ့ နာမ်ခန္ဓာလေးပါး စုစုပေါင်းခန္ဓာငါးပါး ရှိရပါတယ်
    စုစုပေါင်းခန္ဓာငါးပါး ရှိတဲ့အကောင်ကိုသတ်မှ ပါဏာတိပါတကံ ထိုက်ပါတယ်
    ဗိုင်းရပ်စ်၊ ဘက်တီးရီးယား၊ နဲ့တကွ နာမ်မပါပဲ မွေးနိုင်သေနိုင်ပွားများနိုင်တဲ့အရာတွေဟာ သတ္တဝါမဟုတ်ပါ..

    • kai

      July 16, 2016 at 1:08 pm

      ခန္ဓာ ငါး ပါးမှာ (၁) ရူပက္ခန္ဓာ
      (၂)ဝေဒနာက္ခန္ဓာ
      (၃)သညာက္ခန္ဓာ
      (၄)သင်္ခ ါရက္ခန္ဓာ
      (၅)ဝိညာဏက္ခန္ဓာ

      ဗိုင်းရပ်စ်၊ ဘက်တီးရီးယား တွေနာမ်မပါဘူးလို့… ယူဆတယ်ပေါ့..။
      ဒါလည်းတမျိုးကောင်းသား..။

      ဆိုတော့.. သံကောင်၊ လောက်ကောင်.. ခြင်ကောင်.. ယင်ကောင်တွေရော..။ :k:

  • ဦးဦးပါလေရာ

    July 15, 2016 at 11:58 pm

    သီလဆိုတာ ကိုယ်နဲ့နှုတ်နဲ့ ပြုတဲ့ ကောင်းမှု့
    တနည်းအားဖြင့် ကိုယ်နဲ့နှုတ်နဲ့ ကောင်းတာလုပ်တာကို ဆိုလိုပါတယ်။
    (ဒါနဟာ တနည်းအားဖြင့် သီလအတွင်းဝင်ပါတယ်)
    ဒါကြောင့်- သီလဆိုရာမှာ-
    (ကောင်းမှု့ကို)လုပ်ဆောင်တဲ့ စာရိတ္တသီလ နဲ့
    (မကောင်းမှု့ကို) ရှောင်ကျဉ်တဲ့ ဝါရိတ္တသီလ ဆိုပြီး ၂ မျိုးရှိပါတယ်
    လက်ရှိလူတွေအသိများတာက ငါးပါး ရှစ်ပါး ဆယ်ပါး စသည့် ရှောင်သီလ ကိုသာ သီလအဖြစ်အသိများတာဖြစ်တယ်။
    ရှောင်သီလ မှာလဲပဲ…

    အမှန်စစ်စစ် ကောင်းမှု့မကောင်းမှု့ဆိုတာကို သီလနဲ့မဆုံးဖြတ်နိုင်ပါ
    ဒုစရိုက် သုစရိုက် နဲ့သာဆုံးဖြတ်ရမှာဖြစ်တယ်။
    သီလဆိုတာ တကယ်တော့ သမုတိသဘောနဲ့ ပညတ်ပြီးစည်းတားတာပါ
    လွယ်လွယ်ဥပမာအားဖြင့် သီလဆိုတာ လူတွေ ပညတ်တဲ့ ဥပဒေ ဆိုတာနဲ့ တူပါတယ်။
    ဥပမာ – အစ္စလာမ်မစ်နိုင်ငံမှာ မယားလေးယောက်ယူလို့ ဥပဒေနဲ့ညီပါတယ်..
    မြန်မာနိုင်ငံမှာတော့ မယားတစ်ယောက်ထက်ပိုယူရင် ရိပ်သာဝင်ရပါတယ်..
    ဘယ်ဟာမှန်သလဲ?????
    သူ့နေရာနဲ့သူ မှန်ပါတယ်..

  • ဦးဦးပါလေရာ

    July 16, 2016 at 12:02 am

    ဒါကြောင့် –
    လူကို မျက်စေ့ဖေါက် ခြေလက်ရိုက်ချိုး မသေရုံညှင်းပမ်းရင် ပါဏာတိပါတကံ လုံးဝ လုံးဝ မထိုက်ပါ။
    မထိုက်ပေမယ့် အလွန်အကုသိုလ်ကြီးတဲ့ မကောင်းမှု့အကြီးစား ဖြစ်ပါတယ်။
    ဒါဟာ ဒုစရိုက်နဲ့သီလကို ခွဲပြတဲ့ဥပမာ ဖြစ်ပါတယ်။

  • ဦးဦးပါလေရာ

    July 16, 2016 at 12:05 am

    ငါးပါးသီလကိုပဲ ပြောရရင်
    အဲသည် သူ့အသက်သတ် သူ့ဥစ္စာခိုး သူ့အိမ်ထောင်မှား လိမ်ပြော မူးယစ် ဆိုတဲ့
    အခြင်းအရာ ငါးမျိုးစလုံးမှာပါတဲ့
    သူ့အသက် ၊ သူ့ဥစ္စာ ၊ သူ့အိမ်ထောင် ၊ လိမ်ခြင်း ၊ မူးယစ်စရာပစ္စည်း … ဆိုတဲ့ ငါးမျိုးဟာ
    ကာလ ဒေသ ပယောဂ အလိုက် သူ့အသိုင်းအဝိုင်းက သတ်မှတ်တဲ့အတိုင်းသာဖြစ်ပါတယ်
    သမုတိ ဖြစ်ပါတယ်။ အသေမယူရပါ..။

    • kai

      July 16, 2016 at 1:23 pm

      ဒါလေးဖွင့်ပြတာကို ကျေးဇူးတင်…။

      မနေ့ကတင်.. ခရီးသွားရာက ပြန်လာတယ်..။
      ခရီးသွားရာမှာ… အမေရိကပြည်နယ်တခုဖြစ်တဲ့.. ကိုလိုရာဒိုပြည်ကို ဖြတ်ခဲ့တယ်..။
      အဲဒီမှာ.. ကိုလိုရာဒိုပြန်အဖြစ်.. အမှတ်တရလက်ဆောင်ပေးလို့ရအောင်.. ဆေးခြောက်နဲ့လုပ်ထားတဲ့ သကြားလုံးဝယ်တယ်..။
      ဆိုတော့..
      ကိုလိုရာဒိုကနေ.. ကယ်လီဖိုးနီးယားမပြောနဲ့.. အနားကကပ်ရက်ပြည်နယ်.. ဝါယိုးမီပြည်ကို သယ်လို့မရ..၊
      မိရင်.. ဥပဒေအရ.. မူးယစ်ဆေးသုံးစွဲမှုဖြစ်ပါတယ်တဲ့..။
      အဲဒါနဲ့.. ကိုလိုရာဒိုပြည်၊ ဒန်ဗာမြို့ဟော်တယ်အထွက်က.. အဖြူမတယောက်ကို.. လက်ဆောင်ပေးခဲ့ရ..။

  • ဦးဦးပါလေရာ

    July 16, 2016 at 12:11 am

    ((((သားပျိုသမီးပျို
    Living together ကဘာကံမြောက်လဲ
    living together ပြီးနောက်ပိုင်း ယူဖြစ်ခဲ့ရင်ကော)))))
    ….
    သားပျိုသမီးပျိုဆိုတာ အရင်ခေတ်က မိဘအုပ်ထိန်းမှု အဆွေအမျိုးအုပ်ထိန်းမှု အရပ်အုပ်ထိန်းမှုအောက်မှာရှိပါတယ်
    အရင်ခေတ်ကဆို သူများသားပျိုသမီးပျိို နဲ့ မှားရင် သံဝါသပြုရင် ကာမေသုမိစ္ဆာစာရကံထိုက်ပါတယ်..
    သို့သော်…….
    ဒီခေတ်မှာ သားပျိုသမီးပျိုတွေကို ဥပဒေအရ ဘယ်သူမှမအုပ်ထိန်းပါ ။ သူ့ဖါသာပဲ အုပ်ထိန်းပါတယ်..
    ဒါကြောင့် ဒီခေတ်မှာ သူများသားပျိုသမီးပျိို နဲ့ မှားရင် သံဝါသပြုရင် ဘာကံမှမထိုက်ပါ
    အီးဇီးတူးလေးသာ ဆောင်ထားဖို့လိုပါတယ်…

    လစ်ဗင်းတူဂဲသား ကတော့ ပတ်ဝန်းကျင်ကသာလက်ခံရင်
    အပြစ်ဆိုစရာမရှိတဲ့ လူနေမှုပုံစံတစ်မျိုးပါ..
    မြန်မာနိုင်ငံအတွက်တော့ နဲနဲလေး စောနေသေးလားလို့…

    • kai

      July 16, 2016 at 1:31 pm

      လူက အရွယ်ရောက်လာရင်.. (တချို့အရွယ်တောင် မရောက်သေး)…
      ဆန့်ကျင်ဖက်လိင်.. ချစ်သူ.. ခင်သူ.ကောင်လေး.. ကောင်မလေး.. ဂေးတွေကို.. စိတ်ဝင်စားတယ်..။

      စိတ်ဝင်စားပြီး.. စိတ်(မနောကံ) နဲ့ ..ပုံဖေါ်ကြည့်ပြီး.. အကြိမ်ကြိမ်.. သံဝါသပြုတယ်..။
      ဒါက.. လူသားသဘာဝ..။
      ဒီလိုကြောင့် ..မျိုးပွားအားကောင်းတဲ့…လူသားဆိုတာ.. ဒီကမ္ဘာမြေမှာ.. အတိုးတက်ဆုံးယဉ်ကျေးမှုတည်ဆောက်နိုင်ခဲ့တာ..၊

      ဒါကို.. သီလခေါင်းစဉ်တတ်ပြီး ပိတ်တဲ့သူတွေရှိတယ်..။
      ပိတ်တဲ့သူတွေကိုယ်တိုင်.. မလုပ်ဖူးလားဆိုတော့…
      အာဟိ..အာဟိ…။
      “မုသာဝါဒါ ဝေရမဏိ သိက္ခာပဒံ သမာဒိယာမိ” နဲ့.. ဦးပါကို.. ထောက်ခံ..။ :k:

  • ဦးဦးပါလေရာ

    July 16, 2016 at 12:40 am

    မေ့လို့ ……
    ….
    ကံထိုက်တာတိုင်းဟာ မုချဒုစရိုက်လို့ မဆိုနိုင်ပါဘူး..
    ကံထိုက်တာတိုင်းဟာ အပါယ်ငရဲနဲ့လဲ တိုက်ရိုက် မဆက်စပ်ပါဘူး..
    ကံထိုက်တာတိုင်းဟာ အကုသိုလ်တော့ ဖြစ်ပါတယ်..။
    ..
    တရားတွေထဲမှာဖြင့် ပဌာန်းတရားတော်ကြီးဟာ အတော် စိတ်ဝင်စားစရာကောင်းတယ်..
    တချို့ကတော့ အဲဒါ ဘုရားဟောမဟုတ်ဘူးလို့ ဆိုပါတယ်..
    ကိစ္စမရှိ..
    ဘယ်သူ ဟောဟော..

  • မြစပဲရိုး

    July 16, 2016 at 4:42 pm

    Living together က တစ်ခြား အနောက်တိုင်း မှာ ဘာမှ အပြစ်မမြောက်ပါ။
    Living together ဆိုတာ ဟာ အရွယ်ရောက်ပြီး လွတ်လပ်သူ နှစ်ဦး သူတို့ ကိုယ်ပိုင်ဆန္ဒဖြင့် မည်သူ့ ခွင့်ပြုချက်မှ မယူဘဲ သီးခြား အိုးအိမ်ခွဲ နေထိုင်ခြင်း ကို ဆိုလိုပါသည်။
    ပစ္စည်း ဥစ္စာ ပိုင်ဆိုင်မှု များနှင့် မဆိုင်သော အပြန်အလှန် တာဝန်ခံမှု ရှိသည့် ပေါင်းသင်းနေထိုင်မှု ဖြစ်သည်။
    ဟိုတယ်သွား တစ်ညအိပ်ရုံ ကို Living together မခေါ်ပါ။
    Living together နေနိုင်ရန်
    ကာမပိုင် မရှိ လွတ်လပ်သူ ဖြစ်ရမည်။ (မဟုတ်ပါက လင်ခိုး/မယားခိုး မှု ပြစ်ဒါဏ် ခံရမည်)
    ၁၈ နှစ် အသက်ပြည့်ပြီး ဖြစ်ရမည်။ (မဟုတ်ပါက ကလေးခိုး မှု ပြစ်ဒါဏ် ခံရမည်)
    ထို့ကြောင့် ဘာသာရေး အရ လဲ ဖောက်ပြား ခြင်း ဟု မခေါ်နိုင်ပါ။

    ဒီလို အနောက်တိုင်းများမှာ က Living together မပြောနှင့်။ တစ်ညအိပ်မိပြီး ကိုယ်ဝန်ရသွားရင်လဲ အဖေ အမည်ခံ ဖို့ ဝန်မလေးကြ။
    ကလေးစရိတ် ထောက်နိုင်ရင် ထောက်။ မထောက်နိုင်လဲ အစိုးရ ဆီက ကလေးစရိတ် ရ တော့ ကလေး မှာ ငတ် စရာ အကြောင်းမရှိ။

    အဲဒါမျိုး ကို ကိုယ့်ရွှေပြည်မှာ အတုခိုး ကြလေတော့။
    ဗိုက်ထွက်လာတော့ တာဝန်မခံလိုသည့် မင်းယောကျာင်္းများ ရဲ့ ငြင်းဆန်မှု အပြီး ကိုယ့်သွေး ကို စွန့်ပြစ်မှု ၊ တာဝန် မယူနိုင်မှု တွေ နဲ့ အင်မတန် အကျည်းတန် ရုပ်ဆိုးလွန်းတဲ့ လူမှုဘဝ တွေ အပြည့်။
    မိဘမဲ့ ကလေး တွေ များများလာတာ မြင်ရအာ စိတ်မချမ်းသာစရာ။
    အခြေအနေ မတူတာ ကို သတိပြုပြီးမှ သူများ ယဉ်ကျေးမှု ကို ယူသင့်/မသင့် စဉ်းစားကြပါကုန်။

    ဒီတော့ ဘာသာရေး အရ နံရံတစ်ဖက်မှာ ငရဲကျ မကျ တော့ မသိ။
    လက်ရှိ ဘဝ မှာတော့ တာဝန်မခံ မှု တွေ နဲ့ အပြစ်မဲ့ ကလေး တွေအများအပြား လူ့ ငရဲ ခံ နေရ တာ တွေ ကတော့ မျက်မြင်ဘဲ။

  • မမချွိ

    July 20, 2016 at 10:27 am

    ခညာ့
    ကိုယ်ချင်းစာ တရားသာရှိ ဘာသီလ မှ ဇွတ် စောင့်ထိန်းခိုင်းစရာမလိုဘူးထင်တာပဲ။
    အဟိ.
    :k:

Leave a Reply