စာအုပ်ခွေ
စာတွေလည်း ဖတ်ချင်တယ် . . . စာဖတ်ဖို့လည်း အချိန်မပေးနိုင်ဘူး . . ဖတ်ဖို့လည်း ပျင်းနေတယ် . .
ဆိုတော့ . . . အလုပ်လုပ်နေချိန်မှာပဲ ဖြစ်ဖြစ် . . ညအိပ်ခါနီးမှာပဲ ဖြစ်ဖြစ် . . . ကားစောင့်နေချိန် ကားစီးနေချိန်မှာပဲ ဖြစ်ဖြစ် နားထောင်လို့ရအောင် စာအုပ်တွေကို အသံသွင်းထားတဲ့အခွေလေးတွေ ဝယ်လို့ရရင် ကောင်းမယ် . . .ရေဒီယိုမှာ အဲဒီလိုဖတ်ပြတဲ့ အစီအစဉ်လေးတွေရှိတယ် . . . အလုပ်လုပ်ရင်း နားထောင်ရတာ သိပ်သဘောကျတာပဲ . . .
နောက် ကလေးတွေအတွက် ပုံပြင်ခွေလေးတွေ ရှိမယ်ဆိုရင် အိပ်ယာဝင်ပုံပြင်လေးတွေကို ဖွင့်ပေးမယ် . . . နောက် သူတို့ထမင်းစားချိန်မျိုးတွေမှာ ဖြစ်ဖြစ် . . . ဖွင့်ပေးထားမယ် ဆိုရင် စာမဖတ်ဖြစ်ရင်တောင် အသိလေးတွေ ရှိလာမလားလို့ . . .
ရွာထဲကသူတွေ လုပ်ပါလားဟင် . . . မဟုတ်ရင်လည်း ခဝဲခြံကပဲ သွားငှားရင် ကောင်းမလား 🙂
11 comments
Kaung Kin Pyar
July 15, 2016 at 9:56 am
ခဝဲခြံမှာတော့ ကိုယ့်စိတ်ကြိုက် ရွေးလို့ရမှာပဲ…
ငှားတာထက် တခါတည်းကူးလိုက်တာ ပိုအဆင်ပြေမယ်…။ တစ်သံတည်းတော့ ရနိုင်ပါ့မလား မသေချာ… 🙁
လုံမလေးမွန်မွန်
July 15, 2016 at 1:53 pm
ငှားပါ့မလားပဲ စိတ်ပုူတာ. . . ရံပုံငွေအတွက် ပြန်ဖြန့်ရင်ကောင်းမယ်နော်
ဦးကြောင်ကြီး
July 17, 2016 at 1:36 am
ကင်းကောင်နဲ့ကြောင် အခွေရှိတယ်။။။ အသန်ဒင်မက ရုပ်ပါက ျိယမှာ… ဘိုလိုလဲ…
အောင် မိုးသူ
July 15, 2016 at 12:19 pm
ခုမှစဉ်းစားမိ ကိုယ့်အသံနဲ့ ဖတ်ထားတာတွေ သိမ်းထားရင် ကောင်းမလား။
လုံမလေးမွန်မွန်
July 15, 2016 at 1:52 pm
ဟုတ်တယ် . . . လောလောဆယ်တော့ အဲလိုပဲ လုပ်ရမှာပဲ . . . ဒါပေမယ့် အသံက ကြည်မှာတော့ မဟုတ် . . .
မမချွိ
July 16, 2016 at 9:00 am
နာ့ ရဲ့ နူးညံ့ ချိုသာ ဆက်ဆီကျ လှ စွာသော အသံနဲ့ အချစ် ဝတ္ထုတွေ ဖတ်ပြရရင် ကောင်းးမှာ.. အာဟိ..
???
မြစပဲရိုး
July 16, 2016 at 4:48 pm
နောက်ပိုင်း ရေဒီယို က နေ ဆွေးနွေးပွဲ မျိုး တွေ တစ်ချိန်လုံး လွှင့်ပေး တဲ့ ချန်နယ် ရှိလာ နိုင်မယ် ထင်တာပါဘဲ။
အဲဒါမျိုး က စာဖတ်ပြ နေတာ ထက် ပိုပြီး စိတ်ဝင်စားစရာ ကောင်းမယ်ထင့်။
ခဝဲခြံ Website ထဲ မှာ ပုံပြင်လေး တွေ တော့ ရှိတယ်။ ပြန်ရှာပြီး Link ပေး မယ်။
လုံမလေးမွန်မွန်
July 16, 2016 at 7:47 pm
ဟုတ် အရီး . . .အရီးးကို တစ်ခါပြောဖူးတဲ့ Bristol Murder ဆိုတာလေ . . . ပြောနေသူ တစ်ယောက်ကပဲ conversation တွေကို အသံမျိုးစုံလုပ်ပြသွားတာ . . .နောက်ခံအသံတွေရော . . . အတော်ကောင်းတယ်
တောတွင်းပျော်
July 16, 2016 at 8:18 pm
အသံတုလိုရင်တော ့ ပြော ..
မျောက်အူသံတော ့ ကောင်းကောင်းရဒယ် :k:
လုံမလေးမွန်မွန်
July 18, 2016 at 12:44 am
ငှယ် . . . ဂယ်လားဟင်
kotun winlatt
July 18, 2016 at 10:02 am
စာအုပ်ထဲကစာကို စာအုပ်အနေနဲ့ပဲ ဖတ်ရတာ ပိုကောင်းတယ်လို့ ခံစားရတာပဲ ebook တွေ ဖတ်ကြည့်ပေမဲ့ စာအုပ်ဖတ်ရတာလို အရသာ မတွေ့ အသံခွေအနေနဲ့ဆိုရင်တော့ ဘယ်လိုနေမယ် မသိ . . .