ဘူဆန်သို့ ရထားဖြင့် အလည်တစ်ခေါက်
Train To Busan ဆိုတဲ့ ကိုရီးယား ရုပ်ရှင်ဇာတ်ကားလေးဟာ ထွက်ထွက်ရှိချင်းမှာ ကိုရီးယား
မှာ ဝင်ငွေစံချိန်ချိုးခဲ့ပါတယ်။ စင်ကာပူမှာလည်း ဝင်ငွေ စံချိန်တင်ခဲ့ပါသေးတယ်။ ဒီရက်ပိုင်း
အမေဆေးရုံနဲ့ အလုပ် အရမ်းရှုပ်နေတဲ့ကြား မနေ့ကပဲ ရုပ်ရှင်ရုံမန်နေဂျာကို လက်မှတ်ချန်ထား
ပေးပါလို့ အကူအညီတောင်းရင်း သွားကြည့်ခဲ့ပါတယ်။
ဒီနေရာမှာ မင်းသားဘယ်သူဘယ်ဝါလို့ မရေးဘဲ ဇာတ်ကောင်တွေ နေရာကနေသာ ရေးပါမယ်။
ဘူဆန်သို့ ရထားဖြင့် ခရီးထွက်ခြင်း
အလုပ်တွေအရမ်းရှုပ်တဲ့ Fund Manager အဖြစ် အလုပ်လုပ်ကိုင်တဲ့ ကလေးတစ်ယောက်ဖခင်တစ်ေ
ယာက်ကို
သူ့သမီးလေးဖြစ်သူဟာ စိတ်ထိခိုက်လို့နေပါတယ်။ အလုပ်ကိုသာ ဦးစားပေးတဲ့ လူတစ်ယောက်ကို မိန်းမကလည်း
စွန့်ပစ်ပြီး သူနေထိုင်ရာဘူဆန်မြို့မှာ နေထိုင်လျက်ရှိပါတယ်။
သမီးဖြစ်သူကို အဖွားဖြစ်သူနဲ့ အိမ်မှာသာ ပစ်ထားတဲ့ ဖခင်တစ်ယောက်ဟာ ဘယ်လောက်ထိအောင် ဂရုမစိုက်
နိုင်သလဲဆိုတဲ့နေရာမှာ သူ့သမီးဖြစ်သူမွေးနေ့အတွက် Wii ဂိမ်းစက် ဝယ်ပေးတဲ့အခန်းမှာ အဲ့သည်ဂိမ်းစက်ဟာ
သူ့သမီးဆီမှာ ရှိပြီးနေမှန်း မသိလောက်အောင်ပါပဲ။
သမီးလေးမွေးနေ့မှာ သမီးဘာလိုချင်လဲလို့ သူမေးတဲ့အခါမှာ ဘူဆန်မြို့က သူ့အမေရှိရာကို သွားချင်ပါတယ်ဆို
တဲ့ စကားကိုသာ သမီးဖြစ်သူကပြောပါတယ်။ အဲ့သည်အခါမှာ ဒီတစ်ပတ်တော့ မအားလို့ နောက်တစ်ပတ်မှ
လိုက်ပို့ပါ့မယ်ပြောတဲ့အခါ။ ‘အဖေက အဲ့အတိုင်းပြောနေတာ ကြာလှပြီ။ အဖေသမီးကို လိမ်နေတာပဲ။ အဖေ
လိုက်မပို့ရင် တစ်ယော်ကတည်းသွားမယ်’ ဆိုတဲ့ စကားကိုပြန်ပြောပါတယ်။
နောက်ဆုံးမှာတော့ သမီးဖြစ်သူမွေးနေ့မှာ ဘူဆန်ကို လိုက်ပို့ပါတော့တယ်။ သူတို့သားအဖ နှစ်ယောက်စီးလာ
တဲ့ ရထားတွဲမှာ စီးပွားရေးလုပ်ငန်းရှင်တစ်ယောက် ၊ အသက်ကြီးကြီး အဖွားကြီး ညီအစ်မနှစ်ယောက် ၊
ကိုယ်ဝန်ဆောင်ထားတဲ့ မိန်းမနဲ့ သူရဲ့ခင်ပွန်းဖြစ်သူတို့ဟာ ဇာတ်လမ်း အဓိဇာတ်ကွက်နေရာမှာ ပါဝင်လာတဲ့
သူတွေ ဖြစ်ခဲ့ပါတယ်။ အခြားအတွဲမှာတော့ တက္ကသိုလ်ကြောင်းက ဘေ့စ်ဘောအသင်းဝင်းနဲ့ ချီးယားစ်လိဒါ
လေးတွေပါ။
Zombie ကားတွေရဲ့ ထုံးစံအတိုင်း သူတို့နေထိုင်ရာမြို့ကနေ ဗိုင်းရပ်စ်တစ်မျိုးကြောင့် အသိစိတ်ကင်းမဲ့ပြီး
သတ်ဖြတ်ကြတာပါ။ ရထားပေါ်မှာ ကိုက်ခံရတဲ့ မိန်းမတစ်ယောက ်ပါလာရာက စလို့ ဇာတ်လမ်းစခဲ့တာပါပဲ။
အခြားဇာတ်လမ်းတွေနဲ့မတူတဲ့အချက်ဟာ ရိုက်ပြထားတဲ့ အသည်းတယားယား ပြကွက်တွေရယ်။
အခြားသည်းထိတ်ရင်ဖိုဇာတ်လမ်းနဲ့မတူတဲ့ ဇာတ်လမ်းအချိုးတွေရယ်ပါ။ မကြည့်ရသေးတဲ့သူ ပေါ့သွားမှာစိုးတဲ့
အတွက် ဇာတ်လမ်းကို အစပိုင်းလေးသာ ပျိုးခဲ့ပေးပါတယ်။
ပေးရတဲ့ပိုက်ဆံနဲ့ ပိုရခဲ့တဲ့ ဇာတ်ကားတစ်ကားပါ။ ကျတော်အကြိုက်ဆုံး ဇာတ်ဝန်ခန်းတစ်ခုကတော့
နောက်ဆုံးဇာတ်ဝင်ခန်းပါပဲ။ တစ်ကားလုံးရဲ့ အနှစ်သာရတစ်ခုကို ဆွဲယူပြီး တစ်ကွက်တည်းနဲ့ ဇာတ်လမ်းကို
အပြီးစွဲနေအောင် သိမ်းခဲ့တာဟာ ဒီရုပ်ရှင်ကားဒါရိုက်တာရဲ့ မှော်ဆိုလည်း မမှားပါ။ သည်းထိတ်ရင်ဖိုကားတွေကို
အရိုးစွဲအောင်ကြည့်ခဲ့တဲ့ ကျတော့်အတွက် ဒီဇာတ်ကားဟာ မှတ်မှတ်ရရဖြစ်နေမယ့်ဇာတ်ကားပါပဲ။ နောက်ဆုံး
ဇာတ်ဝင်ခန်းမှာ ဆို့နင့်စွာ ထိန်းထားတဲ့ကြားက မျက်ရည်ဝဲရပါသေးတယ်။
လေးစားစွာဖြင့်
အောင်မိုးသူ
14 comments
kai
August 29, 2016 at 11:45 pm
ဘယ်မှာသွားကြည့်ရမလဲမသိ…။ ကြည့်ချင်သား..။ :k:
အောင် မိုးသူ
August 30, 2016 at 9:14 am
အဲ့မှာ မတင်ဘူးလား သူကြီး အရမ်းကောင်းတယ် ကြည့်ကြည့်ပါ။
kai
August 31, 2016 at 3:03 pm
အိမ်နားမှာတော့ မရှိဘူး..။
ဖုံးဆက်မေးပြီးပြီ..။
ခုတလော.. ဇီကာဗိုင်းရပ်စ်ကို.. သတိထားမိပြီး.. လူဆိုတာ.. ဇုမ်ဘီဖြစ်နိုင်တာပဲလို့ တွေးနေမိတာ..
လူဆိုတာက… ဦးနှောက်ရဲ့ အပိုင်းတပိုင်းလောက် မွေးထဲကမပါလာရင်.. တော်တော်ပြောင်းနိုင်တာကိုး..။
အနိစ္စ..။
လုံမလေးမွန်မွန်
August 31, 2016 at 4:17 pm
ဟုတ်တယ်.. အီဘိုလာတွေ ဇီကာတွေကို တွေးမိပြီး ဇုမ်ဘီ ရှိလာနိုင်တယ်လို့ တွေးမိနေတယ်.. 🙁
Thint Aye Yeik
August 30, 2016 at 10:02 am
ကြည့်ပြီးခဲ့ပြီ။
အတော် ကောင်းတယ်။
ကိုက်စားမယ့် သရဲတစ္ဆေထက် တချို့လူဆိုတာတွေက ပိုကြောက်ဖို့ကောင်းတာကို ပြသွားတာရယ်
စွန့်လွှတ်အနစ်နာခံမှုတွေရယ်
သဲထိတ်ရင်ဖိုတွေရယ်ကို ရောမွှေ စုထည့်ထားတော့ အတော်များများက ကြည့်ရတာ တန်တယ်လို့ ပြောကြရရော။
.ဝေါ့ခင်းဒတ် နဲ့ ဝေါလ်ဝါးဇက် တို့ထက် နောက်မှ ရိုက်တာဆိုတော့ အဲ့နှစ်ကားရဲ့ အားနည်းချက်က ဒီကားရဲ့ အားသာချက် ဖြစ်သွားသလားတောင် ထင်ရ
အောင် မိုးသူ
August 30, 2016 at 11:07 am
ဇာတ်သိမ်းလေးကို ကြိုက်မိတာ။
Ma Ei
August 31, 2016 at 9:45 am
အန်တီအိတော့ သဲထိတ်ရင်ဖိုကားတွေ မကြည့်ဖြစ်တာကြာလှချည်းပေါ့ နှလုံးအားနည်းတော့ အဲ့လိုကားတခါကြည့်ရင် တနှစ်မက အသက်တိုလိမ့်မယ် ကံကောင်းရင် တခါတည်းအသက်ထွက်သွားနိုင်လို့လေ မိုးသူကြော်ငြာကောင်းလို့ ဇာတ်သိမ်းလေးသိချင်မိတယ် သမီးလေး သူ့အမေနဲ့ ဆုံရဲ့လားဆိုတာလေးပါ ကိုယ်တိုင်မကြည့်ရဲလို့ အဲ့ဒါလေးတော့ပြောပြပေးနော်
အောင် မိုးသူ
August 31, 2016 at 11:17 am
ဘယ်လိုပြောရမလဲပေါ့နော်။ ဒီကားကို DVD ထွက်လာရင် အသေးစိတ် ပြန်ရေးချင်တာ။ ပြောပြချင်ပေမယ့်။ မကြည့်ရသေးတဲ့သူတွေ ပေါ့သွားမှာစိုးလို့ အသေးစိတ်ရေးရင်ဖတ်ပေးပါနော်။
လုံမလေးမွန်မွန်
August 31, 2016 at 4:19 pm
သမီးလည်း သဲထိတ်ရင်ဖို မကြည့်ဘူး.. ဒါကျတော့ သဲထိတ်ရင်ဖိုထက် လူတွေရဲ့ သဘာဝကို ရိုက်ပြသွားတာ.. ဒရာမာ ပိုဆန်တယ်.. So touching!!!!
အောင် မိုးသူ
September 2, 2016 at 8:28 am
တကယ့် So Touching နော်။
A mar nyo
September 1, 2016 at 2:33 pm
နောက်ဆုံးဇာတ်သိမ်းလေးကိုကြိုက်တယ် ငိုလည်းငိုခဲ့တယ် ကလေးလေးကလည်းသရုပ်ဆောင်အရမ်းကောင်းတယ်
အောင် မိုးသူ
September 2, 2016 at 8:27 am
ကလေးလေးကို ချီးကျူးတာပါ။
Wow
September 9, 2016 at 4:02 pm
ကျိပီးပေါ့ အရမ်းကောင်းးးး
ဇီဇီခင်ဇော်
September 13, 2016 at 3:46 pm
ဟိုနေ့ညက ကြည့်ပြီး ငိုရ!!
😥