Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

ZIKA ဗိုင်းရပ်စ်

kaiSeptember 2, 20161min65412

10-Essential-Facts-About-Zika-Virus-alt-722x406ZIKA ဗိုင်းရပ်စ်ရောဂါ

ဆောင်းရာသီသို့ရောက်လာသောအခါ လူအတော်များများသည် Flu ခေါ် Influenza ခေါ် တုပ်ကွေး ရောဂါကိုခံစားရလေ့ရှိပါသည်။ ဆောင်းရာသီအစ အောက်တိုဘာလတွင် တုပ်ကွေးကာကွယ်ဆေးကို ကြိုတင် ထိုးထားပါက ဖြစ်သော်လည်း သိပ်ပြင်းပြင်းထန်ထန် မခံစားရပါ။ ယခုနှစ်ဆောင်းရာသီတွင် တုပ်ကွေးရောဂါနှင့် တပြိုင်တည်းနာမည်ကြီးလာသော ရောဂါမှာ ZIKA virus ရောဂါဖြစ်ပါသည်။

ကျွန်ုပ်တို့ ခန္ဓာကိုယ်တွင်းသို့ ရောဂါကူးစက်ပုံ (၆) မျိုးရှိပါသည်။

၁. တိုက်ရိုက်ထိတွေ့မှု (Direct)

ရောဂါရှိသူနှင့် ကူးစက်မည့်သူအကြား တိုက်ရိုက်ထိတွေ့မှုကြောင့်ကူးစက်ခြင်း

ဥပမာ – တုပ်ကွေးဖျား (Influenza)

၂. တဆင့်ခံ (Indirect)

ရောဂါပိုးများက တနေရာ ဥပမာ – ပစ္စည်းတခုပေါ်တွင်တင်ရှိပြီး အခြားသူများသို့ ကူးစက်ခြင်း

ဥပမာ – တုပ်ကွေးဖျား (Influenza)

၃. အမှုန်များ (Droplets)

ချောင်းဆိုးခြင်း၊ နှာချေခြင်းများမှ ထွက်လာသော အမှုန်အစက်များမှတဆင့် ကူးစက်ခြင်း

ဥပမာ – ဦးနှောက်မှေးရောင်ရောဂါပိုး (Meningococcus)၊ အသက်ရှူလမ်းကြောင်းဗိုင်းရပ်စ်ပိုးများ (Respiratory Viruses)

၄. လေထုမှတဆင့် (Airbone)

လေထုမှတဆင့် အခြားသူများသို့ကူးစက်ခြင်း

ဥပမာ – TB/ ဝက်သက် (Measle)

၅. ကြားခံသယ်ဆောင်ခြင်း (Vehicle)

တနေရာတည်းမှ ရောဂါပိုး သို့မဟုတ် အဆိပ်များပျံ့နှံ့ခြင်း

ဥပမာ – အစာအဆိပ်သင့်ခြင်း (Food Poisoning)

 

၆. ကြားခံသတ္တဝါသယ်ဆောင်ခြင်း (Vector Borne)

အင်းဆက် (Insect) သို့မဟုတ် တိရစာ္ဆန်တကောင်ကောင်က ရောဂါကိုသယ်ဆောင်ပြီး ရောဂါရှိသူမှ ရောဂါမရှိသူကို ရောဂါဖြစ်စေခြင်း

ဥပမာ – ငှက်များ၊ ဖြုတ်ဖျားရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ

ZIKA Virus ရောဂါသည် Vector Borne disease ခေါ် ကြားခံအကောင်တမျိုးက ရောဂါသယ်ဆောင် ကူးစက်စေသော ရောဂါတမျိုးဖြစ်ပါသည်။ ထိုရောဂါကိုသယ်ဆောင်သော သက်ရှိမှာ “ခြင်” ဖြစ်ပါသည်။ ရောဂါဖြစ်စေသော Virus မှာ Flavivirus ဟုခေါ်ပါသည်။ သယ်ဆောင်သော “ခြင်” များမှာ Aedes aegypti နှင့် Aedes albopictus တို့ဖြစ်ပါသည်။ ငှက်ဖျားရောဂါ၊ ဆင်ခြေထောက်ရောဂါ၊ သွေးလွန်တုပ်ကွေးရောဂါ၊ ဂျပန်ဦးနှောက်ရောင်ရောဂါ၊ ငန်းဝါဖျားရောဂါ (Yellow fever) တို့သည်လည်းခြင်က ရောဂါသယ်ဆောင်ပြီး ထိုခြင်အကိုက်ခံရပါက ရောဂါများရရှိနိုင်ပါသည်။

ZIKA virus ရောဂါကို ၁၉၄ရ ဧပြီလတွင် Uganda နိုင်ငံ RIKA သစ်တောတွင်းမှ မျောက်တမျိုးတွင် စတင်တွေ့ရှိခဲ့ပါသည်။ ထိုမှ အစပြု၍ ZIKA ဟူသောအမည်ရရှိခဲ့ပါသည်။ ၁၉၅၂ခုနှစ်တွင် ရောဂါဖြစ်သော လူများကို စတင်တွေ့ရှိခဲ့ပါသည်။ ထိုအချိန်မှစ၍ ဆေးသုတေသနသမားများက ဆက်လက်သုတေသနပြုလုပ်ခဲ့ သော်လည်း ယနေ့အထိ ကာကွယ်ဆေးမထွက်ပေါ်လာသေးပါ။ ရှေ့နှစ်လောက်တွင် ထုတ်လုပ်နိုင်မည်ဟု အမေရိကန်ဆေးတက္ကသိုလ်တခုမှ ကြေငြာထားပါသည်။

ရောဂါလက္ခဏာများ

  • ခေါင်းကိုက်ခြင်း (Headache)
  • အဖျားရှိခြင်း (Fever)
  • ခန္ဓာကိုယ်တွင်အနီစက်များပေါ်ခြင်း (Maculopapular rash)
  • မအီမသာဖြစ်ခြင်း (Malaise)
  • မျက်မှေးရောင်ခြင်း (Conjunctivitis)
  • အဆစ်နာခြင်း (Arthralgia)

ဥပမာ – ခါးနာခြင်း (Back pain)

အရေးကြီးသော အချက်တခုမှာ ZIKA ရောဂါကူးစက်ခံရသော ကိုယ်ဝန်ဆောင်မိခင်မှ မွေးဖွားသည့် ကလေးများသည် ခေါင်း၏ရှေ့ပိုင်းသေးခြင်း (Microcephalus) ကိုခံစားရပြီး ဦးနှောက်နှင့် မျက်စိများတွင် ဆိုးကျိုးများရရှိနိုင်ပါသည်။ ဉာဏ်ရည်ဉာဏ်သွေး လျော့ကျတတ်ပါသည်။

ရောဂါကုသမှု

ယနေ့ထိ ZIKA ဗိုင်းရပ်စ်ရောဂါကို ကုသနိုင်သောဆေးမပေါ်ပေါက်သေးပါ။ ထို့ကြောင့်အခြား ဗိုင်းရပ်စ်ရောဂါများ ကဲ့သို့ရောဂါလက္ခဏာများကိုသက်သာအောင်

၁. အနားယူခြင်း (Rest)

၂. အရည်များများသောက်ခြင်း (Fluid)

၃. အနာသက်သာစေသောဆေး (Acetaminophen/ Tylenol)

သွေးလွန်တုပ်ကွေးကဲ့သို့ သွေးထွက်လွန်ခြင်း (Bleeding or Hemorrhage) မရှိသည့်အတွက် စိုးရိမ်စရာမရှိပါ။

ရောဂါကာကွယ်ရေး

  • ZIKA virus ရောဂါကို ခြင်ကသယ်ဆောင်တတ်သည့်အတွက် ခြင်အကိုက်မခံရအောင်နေထိုင်ပါ။ အထူးသဖြင့် ထိုခြင်များသည် နေခင်းပိုင်းတွင်ကိုက်တတ်သည့် အတွက်အထူးသတိထားပါ။
  • အဝတ်ထူထူထဲထဲဝတ်ပါ။
  • ခြင်မကိုက်အောင် Rapellent လိမ်းပါ။
  • လေအေးစက်တပ်ဆင်ထားသောအခန်းတွင်နေထိုင်ပါ။
  • ညအခါခြင်ထောင်ဖြင့်အိပ်ပါ။

၂၀၁၆ ခုနှစ်ဖေဖေါ်ဝါရီလ ၂ရက်နေ့တွင် Texas ပြည်နယ် Dallas County ကျန်မာရေးဌာနမှ လိင်ဆက်ဆံ ခြင်းမှ ကူးစက်သူတဦးတွေ့ရှိကြောင်း ကြေငြာထားသဖြင့် ဤရောဂါသည် လိင်ဆက်ဆံခြင်းမှ မကူးစက် နိုင်အောင် Safe sex နည်းလမ်း ဥပမာ Condom သုံးခြင်းဖြင်းကာကွယ်နိုင်ပါသည်။ တံတွေး (Saliva)၊ ချွေး (Sweat)  နှင့် သွေး (Blood) များကိုသတိပြုရှောင်ရှားသင့်ပါသည်။

ခရီးသွားခြင်း

ရောဂါဖြစ်နေသော တိုင်းပြည်များသို့ ခရီးသွားခြင်းကို ခေတ္တဆိုင်းငံ့ထားပါ။

ဥပမာ – တောင်အမေရိကတိုင်းပြည်များ

  • Columbia, Costa Rica, Barbados, Bolivia, Brazil, Ecuador, El Salvador, Guatemala, Guyana, Haiti, Jamaica, Nicaragua
  • အာဖရိကတိုင်းပြည်များ – Cape Verde
  • အာရှတိုင်းပြည်များ – တရုတ်ပြည်၊ ဗီယက်နမ်၊ မြန်မာ၊ လာအို၊ ကမော္ဘဒီးယား၊ ထိုင်း၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှား၊ မလေးရှား၊

၂၀၁၆ ခုနှစ် ဇန်နဝါရီလတွင် အမေရိကန်ပြည်နယ်တဝှမ်းလုံး၌ ZIKA virus ရောဂါကူးစက်ခံရသူ ရာဂဏာန်းအထိရှိကြောင်း Centers for Disease Control and Prevention (CDC) မှကြေငြာထားပြီး ရောဂါဖြစ်နေသော တိုင်းပြည်များသို့ ခရီးသွားခြင်းကို ခေတ္တဆိုင်းငံ့ထားရန်နှင့် အထူးသဖြင့် ကိုယ်ဝန် ဆောင်မိခင်များကိုသတိပေးထားပါသည်။

ကမာ္ဘကျန်းမာရေးအဖွဲ့ WHO နှင့် PAHO (Pan American Health Organization) တို့်မှ   ရောဂါသည်ကမာ္ဘတဝှမ်းတွင် ဖြစ်ပွားနေသည့်အတွက် အရေးပေါ်အခြေအနေ ကြေငြာထားပါသည်။

ZIKA ရောဂါအကြောင်းကို သိရှိပြီးမည်ကဲ့သို့ကြိုတင်ကာကွယ်ရမည်ကို နားလည်ထားခြင်းဖြင့် ရောဂါမဖြစ်အောင်ကြိုတင်ကာကွယ်ခြင်းဖြစ်လာပါက ကုသမှုကို သိရှိထားခြင့်ဖြင့် ရောဂါကိုပိုမို မဆိုးဝါးအောင် နီးစပ်ရာဆရာဝန်၊ ကျန်းမာရေးဌါနတို့သို့ အမြန်ဆုံးသွားရောက်ကုသမှုခံယူနိုင်ကြောင်း ရေးသားလိုက်ရပါသည်။

 

ဒေါက်တာအောင်ဇော်ထို်က်

Feb 16, 2016

12 comments

  • ကထူးဆန်း

    September 3, 2016 at 9:11 am

    ခြင် မနဲ ရှာရတဲ့စကာင်္ပူ တောင်၁၅ဝလောက် ဖြစ် ရင် ခြင်တဝီဝီ ရှိတဲ့ မြန်မာပြည်တော့ မတွေးဝံ့စရာဘဲ
    ..
    ဒိမှာက ခက်တာက ခြင်နှိမ်နင်းရေးဆိုရင် ရပ်ကွက်ထဲ တဒီဒီနဲ့ ဆေးမှုတ်တာဘဲ ကောင်းတယ ်ထင်နေကြတာ
    ဖုံးသွန်လဲ လုပ်ဖို့ လိုတယ် ။ ရေသန့်ဗူးခွံဟောင်းထဲ . ဘုရား ပန်းအိုးထဲ .. တာယာကွဲ ဟောင်းတွေ ကို ရေမရှိအောင် လုပ်ဖို့လိုတယ် ဆိုတာ အစိုးရ က အပြင်းအထန် အားစိုက် လှုံ့ဆော်သင့်သလို မြောင်းတွေ ရေစီးရေလာ ကောင်းအောင်လုပ်ဖို့လဲ လိုတယ် ဆိုတော့ ..
    မတွေးတော့ပါဘူး ဗျာ ……………………………..

    • kai

      September 3, 2016 at 2:18 pm

      ပါဏာတိပါတာကံ မလုံခြုံခဲ့ရင် လူဖြစ်လာတဲ့အခါမှာ
      အနာရောဂါများမယ်၊ အသက်တိုမယ်။
      ဒါက အပေါ့ဆုံးအပြစ်နော်။…. တဲ့..။

      =======

      လူဝတ်ကြောင်တွေဆိုရင်တော့ အနည်းဆုံး
      ငါးပါးသီလလောက်ကို လုံခြုံအောင် လုပ်ရမယ်။
      ငါးပါးသီလကို “ဝါရိတ္တသီလ”လို့ခေါ်တယ်။
      တစ်ပါးမှလျော့လို့ မရဘူးနော်။
      ငါးပါးသီလပြည့်စုံမှ လူ့ဘဝပြည့်စုံမယ်။

      အဲဒါလေးကို နည်းနည်းလောက်
      ပြန်စဉ်းစားကြည့်ရအောင်။

      လူတစ်ယောက်ဟာ အရင်ဘဝတုန်းက
      ငါးပါးသီလထဲက လေးပါးလောက်ကို
      ပြည့်စုံအောင် ဖြည့်ကျင့်ခဲ့တယ်နော်။

      ❖အဲဒီအထဲမှာ “ပါဏာတိပါတကံ”
      ကို မလုံခြုံခဲ့ဘူး
      ဆိုရင် လူ့ဘဝရောက်လာတဲ့အခါမှာ ချမ်းချမ်းသာသာ
      ဖြစ်ပေမယ့်လို့ အသက်တိုမယ်။
      ဘယ်သူက အသက်တိုတို နေချင်မလဲနော်။
      ပါဏာတိပါတာကံ မလုံခြုံခဲ့ရင် လူဖြစ်လာတဲ့အခါမှာ
      အနာရောဂါများမယ်၊ အသက်တိုမယ်။
      ဒါက အပေါ့ဆုံးအပြစ်နော်။
      ငရဲကျတာ၊မကျတာ အသာထားနော်။
      ငါးပါးသီလရဲ့အပေါ့ဆုံးအပြစ်က ဒီအထိအောင် ခံရမယ်။

      ❖အာဒိန္နာဒါနကံ မလုံခြုံခဲ့ရင်ပစ္စည်းဥစ္စာတွေ
      ရှာလို့တော့ရပါရဲ့။ခဏခဏ ပျက်စီးသွားမယ်။
      မီးလောင်တဲ့အထဲ ပါသွားမယ်။
      ကိုယ့်ရဲ့ပစ္စည်းဟာ အမြဲတမ်း ပျက်စီးနေမယ်။

      ❖နောက်တခု ကာမေသုမိစ္ဆာစာရကံ မလုံရင်
      လူမုန်းများတယ်။ သူနဲ့ဘယ်သူမှ မတည့်ဘူး။
      သူ့မျက်နှာမြင်တာနဲ့ အလိုလိုမုန်းလာတယ်။
      အခြောက်တိုက် မုန်းတာမျိုးပေါ့။
      နောက်ပြီးတော့ “ကျား”မဟုတ် “မ”မဟုတ်
      ဖြစ်တတ်တယ်။

      ❖မုသာဝါဒကံ မလုံရင် သူ့စကားကို မယုံကြတော့ဘူး။
      သူပြောသမျှ မည်သူတစ်ဦးတစ်ယောက်မျှ
      မယုံကြည်တဲ့အခါ သူ့ရဲ့စကား အရာမရောက်ဖြစ်တယ်။
      ဒါကြောင့် “မုသားဆို ရယ်စရာအနေနဲ့တောင် မပြောဘဲ
      ရှောင်ကြဉ်သင့်တယ်”လို့မြတ်စွာဗုဒ္ဓ ဟောကြားထားတယ်။

      ❖သုရာမေရယကံ မလုံခြုံခဲ့သူဟာ ဖြစ်ရာဘဝမှာ
      ဦးနှောက်မပြည့်ဘူး။ ကျပ်မပြည့်ဘူး ပြောကြတယ်။
      ရူးနှမ်းနှမ်း ဖြစ်တတ်တယ်။

      ဒါ့ကြောင့် လူတွေရဲ့အခြေခံသီလဖြစ်တဲ့
      ငါးပါးသီလလောက်ကို လုံခြုံအောင် စောင့်ထိန်းသင့်တယ်။
      ငါးပါးသီလထဲက တစ်ခုမှ လျော့လို့မရဘူး။

      လူရယ်လို့ ဖြစ်လာတဲ့အခါမှာ-
      အသက်ရှည်ရမယ်။
      ကျန်းမာပြီး အနာကင်းရမယ်။
      ပစ္စည်းဥစ္စာ ရှိရမယ်။
      လူချစ်လူခင် ပေါများရမယ်။
      ဉာဏ်ပညာပြည့်စုံရမယ်။
      ဩဇာရှိရမယ်။
      ရူးနှမ်းနှမ်း မဟုတ်ဘဲ တည်ကြည်သူဖြစ်ရမယ်။
      ငါးပါးသီလလုံခြုံရင် အဲဒီအကျိုးတွေ ရမယ်။
      ဒါမှ လူ့ဘဝမှာ ပြည့်စုံသူလို့ ပြောလို့ရမယ်။
      ငါးပါးသီလ ဖောက်ဖျက်ခဲ့ရင် လူ့ဘဝမှာ
      တစ်ခုခု လိုနေလိမ့်မယ်။

      -【ပါမောက္ခချုပ်ဆရာတော်ဒေါက်တာ
      အရှင်နန္ဒမာလာဘိဝံသ】

      • Wow

        September 9, 2016 at 3:36 pm

        ဒီကိတ်စက ရွာသူအနှောင့်အယှက်ရှိတယ်… နတ်ကနားပေးမှရမယ် :mrgreen:

        • kai

          September 9, 2016 at 5:34 pm

          ဘုန်းကြီးတွေနဲ့.. ကလေးမရှိစင်ဂယ်တွေကတော့ .. ဒီဗိုင်းရပ်စ်ဘယ်ကြောက်ပါ့မလဲ ထင်မိတယ်..။ ဗိုင်းရပ်စ်က.. မွေးလာမယ့်ကလေးမှာ သွားသက်ရောက်တာကိုး..။
          ဆိုတော့…
          သူတို့တွေ.. ကြောက်တတ်သွားအောင်.. နတ်ကန႖ားမပေးပဲ.. အိမ်ထောင်ချပေးရမယ်.. လို့… ထင်..။ :k:

  • ဝင့်ပြုံးမြင့်

    September 3, 2016 at 5:59 pm

    ကျမ အခုနေနေတဲ့ မအူပင်မြို့က အိမ်ရဲ့ ခြေရင်းအိမ်ဟာ ကျောင်းပညာတတ်။ အဖေက ဒုတိယနှစ်အထိ ။ သမီးက အခု ကွန်ပျူတာ တက်နေဆဲ။ အဲဒီအိမ်က လူတွေက ခြင်တောင်မသတ်ဘူး။ ခြင်ကို လာကိုက်မှ သတ်တယ်။ ကိုယ့်ကို မကိုက်ရင် သတ်စရာမလိုတဲ့။ အိမ်မှာ ခြင်ဆေးခွေ တစ်နေကုန် ထွန်းထားတယ်။ ရပ်ကွက်ထဲမှာ လူမညီတော့ ခြင်ကို နိုင်ကို မနိုင်ဘူး။ အဲလို ခြင်မသတ်တဲ့လူတွေ တစ်ပုံကြီးပဲ။ ဘုန်းဘုန်းတွေ ကျေးဇူး။ ဘာသာရေးကျတော့ ပညာတတ်လည်း မခံနိုင်ဘူး။ ပညာတတ်တွေ ဘာသာရေး ဘက်ပါပြီဆိုရင် သူများထက် ပိုဆိုးသေး။

  • kotun winlatt

    September 6, 2016 at 10:31 am

    ဗျို့ သူကြီး ခီညားကြီးကို ဦးဝီရသူနဲ့ တိုင်ပြောမယ် ကျုပ်တို့ ဘာသာကို စော်ကားမော်ကားပြောနေတာ . . .

    • kai

      September 6, 2016 at 3:04 pm

      ဦးဝီရသူကိုကျော်လို့.. ထေရာဝါဒကို အရင်ဆုံးတရားဝင်ဝေဖန်တာ.. ဘယ်သူလို့ထင်နေလို့လဲ..။
      ဟီး..။ :k:

  • Thint Aye Yeik

    September 6, 2016 at 11:27 am

    Aribone ဆိုတဲ့နည်းနဲ့ ရောဂါတစ်ခုခု ကူးစက်လာမှာကို အကြောက်ဆုံးပဲ။ ကိုယ်က လူထူထပ်တဲ့နေရာတို့ မှန်လုံပိတ်ထာတဲ့ ကားထဲတို့
    ဘတ်စ်ကားတို့ထဲ အမြဲလိုလို ရောက်နေတော့ အဲ့နည်းနဲ့ ကူးစက်ခံရနိုင်ချေလည်း များနေတယ်။

    အထူးသဖြင့် နိုင်ငံခြားသားတွေနဲ့ ကားတစ်စီးထဲ မှန်အလုံပိတ် အဲကွန်းဖွင့်ပြီး သွားနေရချိန်က များတော့ ရောဂါတစ်ခုခု ပေါ်ပြူလာဖြစ်နေတဲ့နိုင်ငံက လာတဲ့ နိုင်ငံခြားသားနဲ့များ ကားထဲ ဆုံပြီဆိုရင် တွေးတွေးပြီး လန့်

    • ဝင့်ပြုံးမြင့်

      September 6, 2016 at 12:05 pm

      အံမယ်လေးတော် သူတို့ကြောက်ဖို့လည်း ထားပါဦး။

      • ဇီဇီခင်ဇော်

        September 13, 2016 at 3:48 pm

        မဝင့် ကော်မန့်ဖတ်ပြီး ခွီးလိုက်ရတာကို။

        :k:

        :mrgreen:

  • အောင် မိုးသူ

    September 6, 2016 at 1:07 pm

    အိမ်မှာဆို ညနေစောင်းတာနဲ့ ခြင်းဆေးခွေထွန်းတယ် မထွန်းရင် ဆနွင်းမှိုင်းတိုက်တယ်။ ညဦးလောက်ကစပြီး သိပ်မကိုက်တော့ဘူး။

  • Tint Swe
    Follow
    September 2 at 1:20am · Indianapolis, IN, United States ·

    Zika ဇီကာဗိုင်းရပ်စ်ရောဂါကို ဘယ်လိုကာကွယ်ရမလဲ (ကျန်းမာရေးဝန်ကြီးဌာန)

    ဇီကာဗိုင်းရပ်စ်ရောဂါဆိုသည်မှာ ရောဂါပိုးသယ်ဆောင်ထားသည့် အေးဒီးစ်ခြင်ကျား ကိုက်ခံရခြင်းမှ ကူးစက်ပျံ့နှံ့ဖြစ်ပွား တတ်သော ရောဂါတမျိုးဖြစ်ပါသည်။

    အဆိုပါရောဂါပိုးကို ၁၉၄ရ ခုနှစ်ကတည်းက ယူဂန်ဒါနိုင်ငံရှိ မျောက်များတွင် စတင်တွေ့ရှိခဲ့ပြီး ၁၉၅၂ ခုနှစ်တွင် ယူဂန်ဒါနိုင်ငံနှင့် တန်ဇန်းနီးယားနိုင်ငံများတွင် လူသို့ကူးစက်မှုရှိခဲ့ပါသည်။ ထိုင်းနိုင်ငံတွင် ၂ဝ၁၂ ခုနှစ်က စတင်ဖြစ် ပွားခဲ့ပြီး ၂ဝ၁၄ ခုနှစ်အထိ ဖြစ်ပွားသူစုစုပေါင်း ခုနစ်ဦးရှိကြောင်း သိရှိရပါသည်။

    ဇီကာဗိုင်းရပ်စ်သယ်ဆောင်သော အေးဒီးစ်ခြင်ကျားသည် ရေကြည်ရေသန့်တွင် ပေါက်ပွားသည်။ ရေလှောင်ထားသော အိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင်ကျန်လျက်ရှိသော စွန့်ပစ်ပစ္စည်းများဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက် စသည်တို့တွင်တွေ့ရသည်။ နေ့အချိန်တွင် လူကိုကိုက်ခြင်းမှ တဆင့် ရောဂါကူးစက်ဖြစ်ပွားစေပါသည်။

    ခြင်ကိုက်ခံရပြီး နှစ်ရက်မှ ခုနစ်ရက်အတွင်း ရောဂါလက္ခဏာများ စတင်ဖြစ်ပေါ်လာနိုင်ပါသည်။ ရောဂါကူးစက်ခံရသူ ငါးဦးတွင်တဦး၌ ရောဂါလက္ခဏာပေါ်ပေါက်ကြောင်း သိရှိရပါသည်။ အဓိကလက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီစက်များထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သား/အဆစ်များ နာကျင်ခြင်းများ ဖြစ်တတ်ပါသည်။

    လတ်တလောတွင် ဘရာဇီးနိုင်ငံ၌ ဇီကာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း၏နောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင်များတွင် ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွားလာခြင်းအပေါ် ဆက်စပ်မှုရှိ၊ မရှိသက်သေပြနိုင်ရန် ပညာရှင်များအနေဖြင့် ကြိုးစားလျက်ရှိပါသည်။

    ဇီကာရောဂါအတွက် ကာကွယ်ဆေးမရှိသေးပါ။ ရောဂါလက္ခဏာ သက်သာရန် အတွက်သာ ကုသပေးနိုင်ပါသည်။

    အနားယူခြင်း၊ ရေလုံလောက်စွာ သောက်သုံးခြင်း၊ ဆေးမြီးတိုများနှင့် အခြား အကိုက်အခဲပျောက်ဆေးများကို မသောက်ရန်နှင့် ပါရာစီတမောကိုသာ အညွှန်းအတိုင်း သောက်သုံးရန်နှင့် ဇီကာရောဂါ လက္ခဏာများတွေ့ရှိပါက နီးစပ်ရာ ကျန်းမာရေးဌာန၊ ဆေးရုံ/ဆေးခန်းများသို့ သွားရောက်ပြသ၍ စစ်ဆေးကုသမှု ခံယူရန်လိုအပ်ပါသည်။

    ရောဂါကူးစက်ဖြစ်ပွားမှုမရှိစေရေးအတွက် အကောင်းဆုံး ကာကွယ်နည်း မှာ ခြင်ကျား ပိုးလောက်လမ်း နှိမ်နင်းရေးနှင့် ခြင်ကိုက် ခံရခြင်း မရှိအောင် နေထိုင်ရေးဖြစ်ပါသည်။ အိမ်တိုင်း၊ ကျောင်းတိုင်း၊ ရုံးဌာနတိုင်း၌ ခြင်ကျားလောက်လမ်း တကောင်မျှ မရှိစေရေး အတွက် အောက်ပါတို့ကိုဆောင်ရွက်ရပါမည်-

    ဖုံး – ရေလှောင်ထားသော အိုးခွက်များတွင် ခြင်များ ဝင်ရောက်မဥနိုင်ရန် လုံခြုံစွာ ဖုံးအုပ်ထားရန်

    သွန်- အိုးခွက်နံရံတွင် ကပ်နေသော ခြင်ဥများသေစေရန် အိုးခွက်များ၏ အတွင်းပိုင်းကို တိုက်ချွတ်ဆေးကြော ရန်၊ ခြင်ကျားလောက် လမ်း တွေ့ရှိသော ရေများကို သွန်ပစ်ရန် (သို့မဟုတ်) အခြားအိုး ထဲသို့ ရေစစ်ဖြင့် ပြောင်းထည့်ရန်

    လဲ- ပန်းအိုး၊ နတ်အိုးများ၏ အတွင်းပိုင်းကို တိုက် ချွတ်ဆေးကြော ၍ ရေများကို တပတ်နှစ်ကြိမ် လဲလှယ်ရန်

    စစ် – ခြင်ကျားလောက်လမ်းများ မပါစေရန် ရေဖြည့်သည့်အခါ ရေစစ်ဖြင့် စစ်ထည့်ရန်

    လောင်း – ရေထည့်ထားသော ကြောင်အိမ်အောက် ခံခွက် များနှင့် ရေမြောင်း များတွင် ဒီဇယ်ဆီနှင့် စက်ဆီဟောင်းများ လောင်း ထည့်ရန်

    ထောင် – ဘယ်အချိန်အိပ်အိပ်၊ ဘယ်နေရာ အိပ်အိပ် ခြင်ထောင်ထောင် အိပ်ရန်၊ တတ်နိုင်က ဆေးစိမ်ခြင်ထောင် အသုံးပြုရန်

    မြှုပ် – အသုံးမပြုတော့သော ရေတင်ကျန်နေသည့် စွန့်ပစ်ပစ္စည်း များကို မြေမြှုပ်ရန်

    ရှင်း – အိမ်အတွင်း၊ အပြင် ခြင်များမခိုအောင်းနိုင်ရန် သန့်ရှင်းစွာထားရန်၊ ချုံများ ရှင်းရန်

    ဖွင့် – အလင်းရောင်ရရန် ပြတင်းပေါက်များကို ဖွင့်ထားရန်

    မှုတ် – လူနာရှိက ဆေးမှုတ်မည့်အဖွဲ့ကိုကူညီရန်

    ထို့ပြင် ခြင်ကိုက်မခံရစေရန် ခြင်ဆေးလိမ်းခြင်း၊ အကျႌ လက်ရှည်နှင့် ဘောင်းဘီရှည်များ ဝတ်ဆင်ခြင်း၊ နေအိမ်၌ ခြင်လုံ ဆန်ခါတပ်ခြင်း စသည်တို့ဆောင်ရွက်ရန် လိုအပ်ပါသည်။

    ခြင်ကျားလောက်လမ်း တကောင်မှ မရှိစေရေးအတွက် ဖုံး၊ သွန်၊ လဲ၊ စစ် စသည့် ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းများကို လူတိုင်းပါဝင် ဆောင်ရွက်ခြင်းအားဖြင့် ဇီကာရောဂါ အပါအဝင် သွေးလွန် တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားမှု မရှိအောင် ကာကွယ်နှိမ်နင်းနိုင် မည်ဖြစ်ပါကြောင်း အသိပေး နှိုးဆော်အပ်ပါသည်။

    သတင်းနှင့် ဓါတ်ပုံ – ကျန်းမာရေးဝန်ကြီးဌာန

Leave a Reply