Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သဒ္ဒါကြည်လင် ပါရမီရှင်အပေါင်းတို့ခင်ဗျား

ပြီးခဲ့တဲ့ sunday တုန်းက
သန်လျင်က သဘာဝ တရားရိပ်သာကို ကျနော် ရောက်ခဲ့တယ်။

သဘာဝတရားရိပ်သာ တည်ထောင်သူ ဆရာတော် ဦးဥတ္တမသာရ ရဲ့
ဦးဆောင်မှုနဲ့ ဖွင့်ထားတဲ့ ကုသိုလ်ဖြစ် သွားနှင့်ခံတွင်း ဆေးခန်းလေးကို သွားခဲ့တာပါ။

သဘာဝတရား ရိပ်သာ
ဝန်းအတွင်းမှာပဲ ဖွင့်ထားတဲ့
အဲ့ဒီ ကုသိုလ်ဖြစ် ဆေးခန်းလေးရဲ့
အမည်ကတော့ ”မိဘမေတ္တာ”တဲ့။
——————-

အဲ့ဒီ ဆေးခန်းလေးအကြောင်း
ပြောရရင် လုပ်အားဒါန ပြုနေကြတဲ့ သွားဆရာဝန်မလေးတွေ
ချောကြောင်း လှကြောင်းကို
ထည့်မပြောမိအောင်
ရှောင် ရေးရပါမယ်။
ရှောင်ရေးမယ် ဆိုပေသိ ပြောမိပြီ။
:k:

မိဘမေတ္တာ ကုသိုလ်ဖြစ်-
သွားဆေးခန်းလေးဟာ အခုဆိုရင်
အခန်း ခပ်ကျဉ်းကျဉ်းလေးမှာ ဖွင့်ထားရပါတယ်။

မြန်မာ့ဂဇက် ရွာသူားတွေ စုပေါင်း
လှူဒန်းထားတဲ့ အဆောက်အဦရဲ့
ဘေးမှာ ရှိပါတယ်။

ဆရာတော်ရဲ့ လမ်းညွှန်မှုအောက်မှာ
သီလရှင် ဆရာလေး သုခဝတီ
အပါအဝင် ဆရာဝန်ကြီးတွေ
ဦးဆောင်ပြီး တက်တက်ကြွကြွ
လှုပ်ရှားနေတာကို တွေ့ခဲ့ပါတယ်။

တစ်ပါတ်မှာ နှစ်ရက်
(ကြာသပတေးနေ့နဲ့ တနင်္ဂနွေ မနက် ၉နာရီကနေ ၁၂နာရီအထိ) ဖွင့်လှစ်ပြီး သွားရောဂါဝေဒနာရှင်တွေကို
အခမဲ့ ကုသပေးနေတာပါ။

လူနာတွေအနေနဲ့
လူနာမှတ်တမ်းစာအုပ်လေး
လုပ်ချိန်မှာ ၅၀ဝကျပ် ပေးသွင်းရုံနဲ့ သွားရောဂါ ဝေဒနာကို အခမဲ့
စောင့်ရှောက်ကုသမှု ခံယူနိုင်ပါတယ်။

(အလှူငွေ ထည့်ဝင်ဖို့ နှိုးဆော်ထားပြီး အလှူခံသေတ္တာ ချထားပေမဲ့
တကယ်တော့ ချို့တဲ့နွမ်းပါးသူ
အဖိုးအဖွားတွေ လာရောက်
ကုသတာ များတဲ့အတွက်
အလှူခံ သေတ္တာကလေးထဲမှာ
လှူငွေ များများ မရှိပါ။)

များသောအားဖြင့် သွားတွေ
မရှိတော့တဲ့ အဖိုးအဖွားတွေ
အံကပ် ပြုလုပ်ခြင်း သွားနာ
သွားကိုက် သွားနှုတ်ကုသခြင်းတွေကို မအားလပ်နိုင်အောင်
ဆောင်ရွက်ပေးနေတာ မြင်ခဲ့ရပါတယ်။

လုပ်အားပေးနေတဲ့ သွားဆရာဝန်
ငါးယောက်လောက်ရှိပေမယ့်
လူနာကတော့ တစ်နေ့တခြား
ပို ပို များလာတယ်လို့ သိရပါတယ်။

ဒီဆေးခန်းလေးကို လာရောက်
ပြသနေတဲ့ သွားဝေဒနာ ခံစားနေရသူအများစုက သဘာဝတရားရိပ်သာ
ဝန်းထဲက အဖိုးအဖွားတွေ
ဆိုပေမယ့် ဒီဆေးခန်းဟာ ပြင်ပ
ရပ်ရွာမှ လာရောက်
ပြသသူတွေကိုလည်း မခွဲခြားပဲ
ကုသပေးပါတယ်။

လူနာ များလာတာနဲ့အမျှ
ဆေးခန်းကလေးက
ကျဉ်းကျပ်လာပါတယ်။

လိုအပ်တဲ့ ဆေးဝါးနဲ့
ကုသမှုဆိုင်ရာ ပစ္စည်းပစ္စယတွေလည်း ပို လိုအပ်လာကြောင်း သိရပါတယ်။

ဒီဆေးခန်းလေး
ရေရှည် ရပ်တည်နိုင်အောင်ရယ်. . .
အခုထက် ပိုပြီး ချဲ့ထွင် ဆောင်ရွက်ပေးနိုင်အောင်ရယ် အလှူရှင်တွေရဲ့ အကူအညီ လိုအပ်နေတယ် လို့
သိရပါတယ်။

သဘာဝတရားရိပ်သာထဲ
ရောက်လာတဲ့ အဖိုးအဖွား
ယောဂီတွေအတွက်
နေစရာ အဆောက်အဦး
လိုအပ်ချက်ရှိပါတယ်။

ဆေးခန်းနေရာအသစ်အဖြစ်
ဖွင့်မယ့်နေရာထဲမှာ ယောဂီတွေကို ထား ထားရတဲ့အတွက် ဒီဘက်
ဆေးခန်း ကျဉ်းကျဉ်ကလေးထဲမှာပဲ
ကပ်ကပ်သပ်သပ် ကုသပေးနေရတာ
ဖြစ်ပါတယ်။

မိုးတွင်းကြီး မရောက်ခင်မှာ
မပြီးနိုင်သေးတဲ့ ဆောက်လက်စ
အဆောက်အဦးတွေ လက်စသတ်နိုင်ဖို့လည်း လိုတဲ့အတွက်. . .
အလှူငွေနဲ့ လှူဖွယ်ပစ္စည်းတွေ
လိုအပ်နေတယ်လို့ (ကုသိုလ်ဖြစ် ဆေးခန်းကို ဦးဆောင်နေသူ- ဆရာလေး သုခဝတီထံက) သိရပါတယ်။

အဲ့ဒီအတွက်
တတ်နိုင်သလောက် ထည့်ဝင်
လှူဒါန်းကြဖို့ တိုက်တွန်းလိုက်ပါတယ်။
—————–

ဖြစ်စေချင်တာက
”မြန်မာ့ဂဇက် အွန်လိုင်းမိတ်ဆွေအများ စုပေါင်းကောင်းမှု” အဖြစ်နဲ့ လှူချင်တာပါ။

ဆိုတော့. . .
ရွာထဲက လှူဒါန်းသမှု ပြုချင်သူ
မိတ်ဆွေများအနေနဲ့ ကိုယ်တိုင်
သွားရောက်
လှူဒါန်းလိုက လှူဒါန်းနိုင်တဲ့အပြင်. . .

မြန်မာ့ဂဇက် အွန်လိုင်း မိတ်ဆွေများ ဆိုတဲ့ ခေါင်းစဉ်အောက်မှာ ပါဝင်
စုပေါင်း လှူဒါန်းပေးကြဖို့လည်း
နှိုးဆော် တိုက်တွန်းလိုက်ပါကြောင်း။

ပါဝင် လှူဒါန်းလိုပါက
မိဘမေတ္တာ ကုသိုလ်ဖြစ်
သွားဆေးခန်း- ဖုန်း 09965485709 ကို ဆက်သွယ် လှူဒါန်းနိုင်ပါတယ်။

ကျနော့်အနေနဲ့ကတော့
အလှူငွေ ကောက်ခံလို့ ရသလောက်
ကောက်ခံပြီး လတ်တလော
လိုအပ်နေတဲ့ ဆေးခန်းသုံး
ပစ္စည်းတစ်ခုခုကို
အဲ့ဒီဆေးခန်းက တာဝန်ရှိသူတွေနဲ့
တိုင်ပင်ပြီး လှူဒါန်းမယ်လို့ ရည်ရွယ်ထားပါတယ်။

စုပေါင်း လှူဒါန်းလိုသူ
မိတ်ဆွေများအနေနဲ့ ကျနော့်
KBZ Bank ATM အကောင့်နံပါတ် 999 307 999 200 70801
အကောင့်အမည် U THURA ကို
တစ်ထောင်ကျပ်မှ စပြီး
လွှဲပေးနိုင်ပါတယ်။

ဘယ်သူက-
ဘယ်နေ့မှာ-
ဘယ်လောက် လွှဲ ပို့လိုက်တယ်-
ဆိုတာကို လွှဲပြီးတာနဲ့ ကျနော့်ဖုန်း
09961223080 ကို
ဖုန်းဆက်၍ဖြစ်စေ Massage
ပို့၍ ဖြစ်စေ အသိပေး
အကြောင်းကြားပေးပါ။

လွှဲပို့ငွေ ရောက်ရှိကြောင်း
စစ်ဆေးပြီးတာနဲ့ ဘယ်သူ
ဘယ်နေ့က ဘယ်လောက်
လှူဒါန်းငွေ လွှဲထားကြောင်း
ဒီပိုစ့်အောက်မှာ comment
လာ ပေးထားပါမယ်။

2017 /Jun လ 4ရက်နေ့မှ
သွားလှူ ဖြစ်မယ်လို့
မျှော်မှန်းထားပါတယ်။

လှူတဲ့နေ့မှာ
ထည့်ဝင်လှူဒါန်းကြသူတွေထဲက
လိုက်နိုင်သူတွေ
အတူလိုက်ခဲ့ကြဖို့လည်း ဖိတ်ပါတယ်။

 

လေးစားစွာ. . .

 

သင့်အေးရိပ်

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

 

12 comments

  • ဇီဇီ

    May 16, 2017 at 12:16 pm

    ပိုက်ဆံ ၅ သောင်း ထည့်မေ။
    ခန။
    ဘယ်သူနဲ့ ဘယ်လိုလွှဲရမယ်ကတော့ ကြံစည်လိုက်အူးမယ်။

    :k:

    • သင့်အေးရိပ်

      May 16, 2017 at 12:47 pm

      ရေးးးးးးးး
      သာဓုx၃ မမဂျီး။
      ဒီလကုန်ပြီး ပထမ တနင်္ဂနွေမှ သွားလှူမှာဆိုတော့ ကြားမှာ အချိန် ရှိပါသေးတယ်။
      😆

    • သင့်အေးရိပ်

      May 17, 2017 at 3:37 pm

      မှတ်ထားလိုက်ပြီ။
      သာဓုခေါ်ပါကြောင်းနဲ့ ကျေးဇူးတင်ပါကြောင်း။

      အခုဆိုရင် . . .
      မမဂျီးခင်ဇော်က ၅သောင်း
      လုံမလေးမွန်မွန်က ၂သောင်း။
      မောင်သူရ ၂သောင်း။
      အခုလက်ရှိ ၉သောင်း ရပါပြီ။
      😆

  • kai

    May 17, 2017 at 11:00 pm

    စုပေါင်းအလှူထဲ.. ၁ဝဒေါ်လှလှူမယ်…။
    … လှူတဲ့သူတွေစုပြီး သွားရင်သုံးဖို့စရိပ်အတွက် ၂ဝဒေါ်လှလှူမယ်..။

    • သင့်အေးရိပ်

      May 18, 2017 at 12:15 pm

      😀
      ကျေးဇူးပါ သူကြီး။

      ဆေးခန်းအတွက် ၁ဝ ဒေါ်လှ ထပ် ရပါပြီ။
      ——–
      အဲ့နေ့ လိုက်တဲ့သူတွေ သွားလာဖို့ကိုလည်း
      သူကြီးရဲ့ အလှူ ဒေါ်လှ၂ဝနဲ့ သုံးပါမယ်။
      😀

  • သင့်အေးရိပ်

    June 1, 2017 at 4:09 pm

    မြန်မာ့ဂဇင်သတင်းစာ အယ်ဒီတာ-
    ဦးခိုင်(သူကြီး)-10 usd
    မကြီးခင်ဇော်- 50,000 mmk
    မွန်မလေးလုံလုံ+အံဇာ-20,000 mmk
    သင့်အေးရိပ်+?? – 24,000 mmk
    ဇင်မာတင်ဝင်း+မုစိ- 6000 mmk

    လောလောဆယ် လက်ခံရရှိသော
    စုစုပေါင်း အလှူငွေ မြန်မာကျပ် 1သိန်းနဲ့
    us$ 10 ရှိနေပြီ ဖြစ်ပါကြောင်း။

    (ဒါ့အပြင်
    ဦးခိုင်(သူကြီး)က ငွေလှူဖို့ သွားတဲ့နေ့မှာ
    သွားလာသူတွေ သုံးဖို့ 20 usd ကိုလည်း
    သပ်သပ် ပေးလှူထားပါကြောင်းးး)

    လာမယ့် ဆန်းဒေး- 4-Jun-2017 မနက်
    9:00amမှာ ဆူးလေ မြို့တော်ခန်းမရှေ့ကနေ
    သန်လျင် သဘာဝတရားရိပ်သာကို အလှူငွေ
    သွားရောက် ပေးအပ်မှာ ဖြစ်ပါတယ်။

    လိုက်ပါလိုသူများကိုလည်း ကြိုဆိုပါကြောင်း။

    လေးစားစွာ. . .

    မောင်သူရ(သင့်အေးရိပ်)
    09961223080

  • Swal Taw Ywet

    June 7, 2017 at 1:48 am

    သာဓု
    သာဓု
    သာဓု ပါခင်ဗျာ။
    ပြန်လာ ဖြစ်မှဘဲ ဆုံကြပါ့မယ်။
    ခုလောလောဆယ်
    ကျနော်တင်ထားတဲ့ ပို့စ် ကလေးသာ
    ဖတ်ကြည့်ပါတော့။
    ရွှင်လန်းချမ်းမြေ့ ကျန်းမာကြပါစေ။
    With respect,
    Swal Taw Ywet.

    • သင့်အေးရိပ်

      June 7, 2017 at 9:18 am

      ရွာ တွေ့ဆုံပွဲလေးတွေကို လွမ်းတယ်ဗျို့

  • သင့်အေးရိပ်

    June 7, 2017 at 9:16 am

    ၄ရက် ၆လ ၂၀၁ရ မနက်ပိုင်းမှာ
    သန်လျင်မှာ ရှိတဲ့ သဘာဝတရားရိပ်သာ ဆရာတော် ဦးဥတ္တမသာရ ဦးစီးပြီး ဖွင့်ထားတဲ့ မိဘမေတ္တာ ပရဟိတ သွားဆေးခန်းကို သွားရောက် လှူဒါန်းခဲ့ပါတယ်။

    အလှူငွေကတော့ စုစုပေါင်း
    မြန်မာငွေ တစ်သိန်းနဲ့ US$10 ဖြစ်ပါတယ်။

    မမကြီး ခင်ဇော်- ၅၀,၀၀ဝ ကျပ်။
    လုံမလေး မွန်မွန်+အံစာတုံး-၂၀,၀၀ဝ ကျပ်။
    သင့်အေးရိပ်+?- ၂၄,၀၀ဝ ကျပ်။
    ဇင်မာတင်ဝင်း+မိစု- ၆၀၀ဝ ကျပ်။
    ဦးခိုင်(Myanmar Gazette)-10$
    စုစုပေါင်း ၁သိန်းနဲ့ ဒေါ်လာ ၁ဝ ဖြစ်ပါတယ်။

    “မြန်မာ့ဂဇက်နှင့် online မိတ်ဆွေတစ်စု
    ကောင်းမှု”ဆိုပြီး ပြုခဲ့တဲ့ ကုသိုလ်ကို
    အမျှ ဝေပါတယ်။
    သာဓုခေါ်ကာ ပီတိဖြာနိုင်ပါကြောင်း

    😆

  • kai

    June 7, 2017 at 4:44 pm

    ဆိုတော့.. ဘယ်နှယောက်ကသွားကြတာဒုံး..။
    ဘာပဲဖြစ်ဖြစ်လေ..။ ရွာသူားတွေ.. စုစုစည်းစည်းနဲ့.. တွဲမလုပ်ကြတာတောင် ကြာပြီလို့.. ခံစားမိ..။ :k:

    • သင့်အေးရိပ်

      June 7, 2017 at 6:51 pm

      ရွာသားဆိုလို့ ကျနော်နဲ့ မိုးမင်းသားပဲ
      ပါတယ် သူကြီးရေ။ မွန်မွန်တို့က မအားကြဘူး။
      ကျနော့်မိတ်ဆွေ နှစ်ယောက်လည်း ထပ်
      လိုက်ပါ အားဖြည့်တယ်။

      ပုံတွေကိုတော့
      မိဘမေတ္တာ ကုသိုုလ်ဖြစ် ဆေးခန်းရဲ့ fb page မှာရော
      ကျနော့် fb ပေါ်မှာပါ တင်ထားပါတယ်။

      ပုံတွေ ဒီပိုစ့်ထဲကို ဖြည့်ထည့်ချင်တာ။
      ကွန်ပြူတာကလည်း ပျက်။
      အက်ဒစ်ကလည်း လုပ်မရသမို့ fb မှာပဲ တင်ထားလိုက်တော့တယ်။
      ——————-

      ဒီတစ်ခါက အကြီးအကျယ်ကြီးလည်း မလှူလိုက်နိုင်။
      ရွာသူားတွေ အများကြီးလည်း မစုစည်းလိုက်နိုင်။

      😆

Leave a Reply