“ဘဂျီးထွန်း နဲ့ ဂျီးတော်ဘုတ် တို့အိမ်”
ကျော့်မယ် အမလိုချစ်ရတဲ့ အမကြီးတစ်ယောက် တောင်ကြီးမြို့ မယ်ရှိတယ်ဗျ!
အရင် ခင်ဇော်ရဲ့ ထမင်းဆိုင်တွေ အတွက် ကူပေးနေကျ အမပါ။
သူ့ အစွမ်းကတော့ အစားအသောက် တစ်ခုကို တစ်ခါစားဖူး ဖတ်ဖူး ကြားဖူးပြီးရင် ရအောင် ချက်နိုင်စွမ်းရှိတာပါပဲ!
စိတ်ကလည်းမြန်ချက်! ကိုယ်တွေနဲ့ ဘာမှ သေချာမပြောရသေးခင် “ချက်ပြုတ်ပို့ဆောင်” အလုပ်တွေကို စလုပ်တော့တာပါပဲ!
ကိုယ့်မယ် ခုမှ စားညွှန်းရေးပေးဖို့ စာလိုက်စီပေးနေရတုန်း!!
ဆိုတော့ အောက်ပါ အချက်တွေကို အရင်မှတ်ပါ!
၁)တောင်ကြီး မြို့တွင်းသာ ပို့ပေးနိုင်မယ့် အစားအသောက်တွေက သူ့ ဝေါမှာ အရင်ကြည့်ပါ! အစာပလာ ပါဝင်ပစ္စည်း ကောင်းကောင်းသုံးပါတယ်၊ အချိုမှုန့် မသုံးပါ!
၂) ဆိုင်ရာ ပိုင်ရာ ကားဂိတ်ထိ သွားယူနိုင်ကြရင်တော့ စားချင်တဲ့ အစားအသောက်စာရင်း နဲ့ ဘယ်ပို့ရမယ်ဆိုတာကို သူ့ကို ပြောပါ!
အသားကြော်၊ အခြောက်အခြမ်း၊ ခေါပုပ်၊ နှမ်းမနဲ စသည်ဖြင့် မှာလို့ရပါတယ်!
၃) တောင်ကြီးမြို့ပေါ်မယ် ပွဲလမ်းရှိလို့ အိုးကြီးချက် ဆိုရင်လည်း တိုင်ပင်နိုင်ပါတယ်!
မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲ၊ ဒံပေါက်၊ ကြက်ဆီထမင်း၊ ရှမ်းခေါက်ဆွဲ၊ မျှစ်ချဉ်ခေါက်ဆွဲ စသည်ဖြင့် ချက်ခိုင်းလို့ရပါတယ်!
၄) ဒါကတော့ သူ့ စာရင်းထဲ မပါ၊ သူကပြောမှာ မဟုတ်ပေမယ့် သူ့ ကို ပူဆာလို့ရတဲ့ စာရင်းပါ!
ခင်ဇော်ဆီက ပေါက်ကြားတယ်လို့ မပြောပါနဲ့!
ဟိ! 😋😋
- ပဲပုပ် အစို/အခြောက် ကြိုက်သလိုချက်
- တို့ဟူး ကြိုက်သလိုမှာ
- အရွက်မျိုးစုံသုပ် ကြိုက်သလိုလုပ်
- ရှမ်းဟင်းမျိုးစုံ ကြိုက်သလိုပြော
- အကင်မျိုးစုံ သည်ဖြင့်
ခင်ဇော့်နာမည်သာပြော ရိုက်ထုတ်မှာ…
(အဲ) ယောင်လို့ ရိုက်ထုတ်မှာ မဟုတ်ဘူး!
ခင်ဇော့်နာမည်သာပြော ကိုယ့်အမေ ကိုယ့်အဒေါ်ကို ပူဆာသလို ပူဆာပြီး ချက်ခိုင်းလို့ ရပါကြောင်း!
သန့်ရှင်းမှုနဲ့ စေတနာကို အာမခံပါကြောင်း
😍😍😍
(ဟွာ! ခင်ဇော့်နာမည်ပြောပြီးတော့ အကြွေးတော့ မီလုပ်နဲ့ယေ နော်)
😬
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ဒါကတော့ အတည် ကြော်ငြာလေး ဝင်ပါရစေ။ ကိုယ် ဝါသနာပါ လုပ်ချင်ပြီး မလုပ်နိုင်သေးခင် လုပ်နိုင်သူတွေကို ပံ့ပိုးချင်တဲ့ စိတ်နဲ့မို့ စာစီရေးပေးထားတာပါ။
“ဘဂျီးထွန်း နဲ့ ဂျီးတော်ဘုတ် တို့အိမ်” စားသောက်/ချက်ပြုတ်/ပို့ဆောင်လုပ်ငန်း”
–
အနည်းဆုံး အော်ဒါ သုံးပွဲ နှင့်အထက်မှာယူပါက ဝန်ဆောင်ခ မယူပဲ တောင်ကြီး မြို့အတွင်း အိမ်အရောက် ပို့ဆောင်ပေးပါ သည်။
တောင်ကြီးမြို့တွင်းမှ မှာယူလိုပါ လျှင် နှစ်နာရီ ကြိုတင် အကြောင်းကြား ပေးပါ။
–
ဓာတုအချိုမှုန့်လုံးဝ မသုံးပါ။
နေကြာ ဆီ သန့် အသုံးပြုပါတယ်။
–
အလှူမင်္ဂလာ၊ဆွမ်းကျွေး၊ မွေးနေ့ အိမ်တက် မိတ်ဆုံစားပွဲ စသည်တို့ အတွက် လက်ခံဆောင်ရွက်ပေးပါ သည်။
–
နယ်မြို့/တခြားမြို့သို့ ပို့ဆောင်စေလိုသည်ရှိသော် သင့်တော်သောပို့ဆောင်ခဖြင့် တစ်ဖက်မှာ သွားရောက် ယူဆောင်နိုင်သော ကားဂိတ်သို့ ပို့ပေးပါမည်။
–
စနေ/တနင်္ဂနွေနေ့ များနဲ့ ရုံးပိတ်ရက်/ပွဲတော်ရက် အတွက် အထူးဟင်းလျာများကို ကြိုတင်ကြေငြာထားပါမည်။
–
#########################
–
မှာကြားရန် ဖုန်းနံပတ် များကတော့-
09-765283465
09-518 3465
–
#########################
–
ပုံမှန် မှာကြားရရှိနိုင်သော အစားအသောက်များကတော့ –
–
- ကြက်ဆီထမင်း
- အုန်းထမင်း
- မုန့်ဟင်းခါး
- အုန်းနို့ခေါက်ဆွဲ
- ဒံပေါက်
- ကြက်ဆီထမင်း
- ရှမ်းခေါက်ဆွဲ
- ဟင်းပေါင်းထုတ်
- Homemade ခေါပုတ် (ခေါပုတ်ကြော်)
- နှမ်းမနဲ
- ပဲပုပ် အစို/အခြောက်ချက်
- Homemade တို့ဟူးကြော်/သုပ်
- အရွက်မျိုးစုံသုပ်
- ရှမ်းဟင်းမျိုးစုံ
- အကင်မျိုးစုံ
- ငါးဒုက္ခကြော်
- ငါးဖယ်လုံး ငုံးဥ ပဲပြား ဟင်းရည်
- ငါးရှည့် ဆန်လှော်ဆေးခါး (အင်းသားစာ)
- အမဲသား ရှောက်ရွက်နှပ်
- အမဲကလီစာ အချိုချက်
- ကြက်မြေပဲထောပတ်ကြော် (ပျင်းတော်သိမ်ရွက်နဲ့ကြော်တာပါ)
- ကြက် လယ်သမား ကြော်
- ကြက်တောင်ပံ နှမ်းဆီနှပ်
- ကြက်သားလုံးကြော်
- ကြက်အသဲမြစ် ကြော်
- ကြက်ချိုချဉ်
- ကြက်ငှက်ပျောဖူး
- ကြက်ခြေထောက်ပေါင်း
- ကြက်ကျောက်ဖိကြော်
- ကြက်ပြန်ကြော်နှပ်
- ကြက်ပင်စိမ်း သောက်ဆမ်း
- ဝက်စတူး
- ဝက်သားဒုတ်ထိုး
- ဝက်ချိုချဉ်
- ဝက်ငရုတ်ကာင်းနှပ်
- ဝက်ဇီးဖြူနှပ်
- ကင်မ်ချီဟင်းရည်
- ကင်မ်ချီ
- မြေပဲနဲ့ဂျူးကြော် အစပ်
- မုန်ညင်းပေါင်း
- မုန်ညင်းစော
- ရွှေပဲရွက်သုပ်
- မျှစ် အရွက်စုံ ဆန်လှော်
- မျှစ်ဒုက္ခ အစာသွတ်
- ငှက်ပျောဖူး ဟင်းထုပ်
- တိုဖူးခေါက်ကြော်
- ကြွေမုန့်ကင်
- နှမ်းထူ မုန့်ကြွပ် ကင် (သို့) ကြော်
- ဖယုံသီး ဆေးခါး (အင်းသားစာ)
- ဆန်တိုဖူး ပဲပုပ်ဆမ်း
- မြေပဲတိုဖူး ပဲပုပ်ဆမ်း
- သာကူပေါင်း
- ခရမ်းချဉ်သီးပဲပုပ်ထောင်း
- အာလူးထောင်း
- အာလူး ခရမ်းချဉ် ချက်
- ထမင်းဖြူပါ မှာကြားလိုလျှင်လည်း ရရှိနိုင်ပါသည်။
–
######################################
–
နယ်ဘက်နဲ့ အခြားမြို့များသို့ ပို့နိုင်တဲ့ အစားအသောက်များကတော့ –
–
- အသား(မျိုးစုံ)ကြော်
- ခေါပုတ်
- နှမ်းမနဲ
- ငါး ငါးမျိုး နဲ့ မုန့်ဟင်းငါး အနှစ် – မုန့်တပိသာစာကို ၁၃၀၀ဝကျပ် ပါ။
- အမဲသား တစ်ပိသာချက်က ၂၅၀၀ဝကျပ် ပါ။
- ဝက်သုံးထပ်သား တစ်ပိသာချက်က ၁၈၀၀ဝကျပ် ပါ။
- ပျားရည်ငြုပ်ကောင်း ကြက်ကင် (Honey black pepper chicken) – ၂ ကီလိုဂရမ် တစ်ကောင်ကို ၁၄၀၀ဝ ကျပ်ပါ။
- အီတလီ စတိုင်လ် ကြက်ကင် (Smoke Roasted Whole Chick with 100% Italy Spice) – ၂ ကီလိုဂရမ် တစ်ကောင်ကို ၁၄၀၀ဝ ကျပ်ပါ။
- ကြက်ကင် ရိုးရိုး (simple roasted chicken with rosemary) – ၂ ကီလိုဂရမ် တစ်ကောင်ကို ၁၄၀၀ဝ ကျပ်ပါ။
–
##################################
–
၂၀၁၇-၂၀၁၈ နှစ်ကူးပါတီများ New Year Eve ပါတီအတွက် အထူးမှာကြားလို့ရသည်များကတော့ –
–
- ငါး (၅) မျိုးနဲ့ ချက်တဲ့ မော်လမြိုင် မုန့်ဟင်းငါး – တစ်ပွဲစာ ၁၀၀ဝ ကျပ် ပါ။
- အုန်းနို့ခေါက်ဆွဲ – တစ်ပွဲစာ၁၂၀ဝ ကျပ်ပါ။
- ပျားရည်ငြုပ်ကောင်း ကြက်ကင် (Honey black pepper chicken) – ၂ ကီလိုဂရမ် တစ်ကောင်ကို ၁၄၀၀ဝ ကျပ်ပါ။
- အီတလီ စတိုင်လ် ကြက်ကင် (Smoke Roasted Whole Chick with 100% Italy Spice) – ၂ ကီလိုဂရမ် တစ်ကောင်ကို ၁၄၀၀ဝ ကျပ်ပါ။
- ကြက်ကင် ရိုးရိုး (simple roasted chicken with rosemary) – ၂ ကီလိုဂရမ် တစ်ကောင်ကို ၁၄၀၀ဝ ကျပ်ပါ။
- ကြက်တောင်ပံကင် – King Size တောင်ပံ ၄ ခုပါ တစ်ပွဲ ကို ၂၂၀ဝ ကျပ် ပါ။
–
##############################
–
ခရီး ဝေး ညအိပ် ညနေမိတ်ဆွေ များ၊ မိသားစု များ အလိုက် နားခိုလိုသူ များ အတွက် ဆယ်ယောက် လောက်အထိ စီစဉ်ပေးနိုင်ပါသည်။
၂ ယောက်တည်း တစ်ခန်းအတွက်ဆို တစ်သောင်းကျပ် ဖြစ်ပါသည်။
နှစ်ယောက် ထက်ပို မျှပြီး နေမယ်ဆိုလျှင် Extra bed အတွက် သင့်တင့်တဲ့ နှုန်းထား နဲ့ စီစဉ်ပေးပါမည်။
–
လိပ်စာကတော့ –
တောင်ကြီး မြို့ထဲအဝင်မှ အနောက် မြို့ပတ် လမ်းအတိုင်းလာ၍
၂၁၂ ဈေး နား လို့ မေး လာပါ။
ဈေးနားရောက် ရင် ဆက်သွယ် ပါ။
ဘဂျီးထွန်းကိုယ်တိုင်လာ ခေါ်ပါမည်။
–
ဆက်သွယ်ရန် ဖုန်းနံပတ်များကတော့ –
09-765283465
09-518 3465
–
########################















12 comments
Shar Thet Man
December 29, 2017 at 4:25 pm
ဘာများလဲလို့ စားသောက်ဆိုင်ကိုး..စားတောင်စားချင်လာပြီ
kai
December 29, 2017 at 5:58 pm
တောင်ကြီးတွေသာ.. ဟိုက်ကင်းသွား. လိုက်လိုက်တက်နေတာ.. တောင်ကြီးမြို့ကျ တခါမှမရောက်ဖူးသမို့.. ရောက်ရင်တော့ သွားစားမယ်လို့..။
ငါး (၅) မျိုးနဲ့ ချက်တဲ့ မော်လမြိုင် မုန့်ဟင်းငါး – တစ်ပွဲစာ ၁၀၀ဝ ကျပ် ကိုတော့..အထူးစိတ်ဝင်စား..။ :k:
ဇီဇီ
January 2, 2018 at 10:24 am
တဂျီး
တောင်ကြီးကို သွားလည်မယ် သူ ရှိရင် ကြေငြာပေးပါအု။
🙂
ဦးကြောင်ကြီး
December 30, 2017 at 8:48 am
ခြစ်လာဘ်ခင်ဇော်.. နိနတ်ငါ မင်ဂါဆောင်ယဉ် အဲဒီအဒေါ်ဂျီးကို ချက်ခိုင်းမား
ဇီဇီ
January 2, 2018 at 10:25 am
နာ မီးမရော ယွကျားရော ယူပြီးသွားဖီ!
နိ အသဲကွဲလပ်တော့
:k:
ကထူးဆန်း
December 31, 2017 at 2:52 pm
ဆိုင်ရယ်ဖွင့်ထား တာ ဟုတ်ဘူးလာ… အော်ဒါပေးမှ ချက်ကြွေးတာလား
Happy Newyear
ဇီဇီ
January 2, 2018 at 10:23 am
ဆိုင်မဟုတ်ဘူးး
ကိုကိုထူးဆန်းရေ။
အိမ်ချက် အစစ်။
အာ့ တောင်ကြီးဘက်သွားတဲ့ ဧည့်သည်တွေရှိရင် ကြော်ငြာပေးအူးနော်။
ကြိုမှာထားရင် အဲဒီမှာ စားမယ် ဆိုလည်း စီစဉ်ပေးတယ်။ ဒေသစာ စားချင်တာ ပူဆာလို့ရတယ်။
🙂
ဦးကြောင်ကြီး
January 2, 2018 at 12:20 pm
နီဒလောက် ကြော်ငြာနေရအောင် ငါ့စော် ခြစ်ချောလေးကို ကြံနှာလားဟက်
မောင်ရိုး
January 9, 2018 at 9:13 pm
ဈေး သင့်တင့်တဲ့ တည်းခိုဆောင်လေးပါရရင်ကောင်းမယ် ။
ကားဆြာတွေလွှတ်ပေးလို့ရတယ် ။
တောင်ကြီးမှာ စားဖို့ထက် အိပ်ဖို့က ပိုခက် ။
ဘာဘဲဖြစ်ဖြစ် ရောက်ရင်တော့ သွားစားပါဦးမယ်လေ
Thint Aye Yeik
January 11, 2018 at 6:46 pm
လောလောဆယ်တော့ ချက်ထား ပြင်ထားပြီးသားပုံတွေ ကြည့်ပြီး သွားရေ တမြားမြား ကျသွားတယ်ဂျာ
manawphyulay
January 17, 2018 at 2:16 pm
ဟယ် စောစောက မပြောဘူး တောင်ကြီးသွားတုန်းက သိထားရင် အရမ်းအဆင်ပြေတာပေါ့…
ခုတော့ အဝေးကနေ သရည်ကျပြီး နေနေရတော့မယ်…..
ဦး လေး မန်း
January 28, 2018 at 4:54 pm
ပုံတွေကြည့်ပီး စားချင်တာအေ ငတ်ငတ်နဲ့စားလိုက်ရရင် စားပိုးနင့်လောက်တယ်၊ ဟင်းပေါင်းထုတ်ဆိုတာ ဟင်းထုတ်ကိုပြောတာထင်တယ်၊ ရန်ကုန်မှာတော့ အမှတ်တရမှာစားဘူးတယ်။