“နှစ်သစ်အတွက် အကောင်းဆုံးလက်ဆောင်”
ဒီနေ ့ကနှစ်တစ်နှစ်အတွက်
နှစ်တစ်နှစ်ရဲ ့၊နောက်ဆုံးရက်နေ ့လေးပါ။
ကျွန်မအတွက်တော့၊ ပစ္စုပ္ပန်လို ့ဆိုပါရစေ။
ကျွန်မအတွက်
အကောင်းဆုံးအဖော်မွန်ဖြစ်တဲ့
နှစ်သစ်လက်ဆောင်က၊ ကျွန်မရဲ ့ခန္ဓာကိုယ်မှာ အမြဲရှိနေတဲ့ “ကံ,ဉာဏ်,ဝီရိယ”တွေပါ။
လူတိုင်းက ချမ်းသာချင်ကြပါတယ်။ ဆင်းရဲတာကို မနှစ်မြို ့ကြပါဘူး။
ကျွန်မလည်း ဒီအတိုင်းပါဘဲ။ ချမ်းသာချင်ပါတယ်။
ချမ်းသာချင်တယ်ဆိုပေမယ့်လည်း၊ကျွန်မပြုလုပ်နေတဲ့အလုပ်က၊
ကောင်းမှသာလျင် ကောင်းကျိုးခံစားရမယ်ဆိုတာ
အလိုလိုနားလည်မိပြီးသားပါ။
ကျွန်မပြုလုပ်တဲ့ “အလုပ်”(“ကံ”)မရှိဘူးဆိုပါလျင်၊
အကြောင်းတရားလည်း မရှိ၊ အကျိုးတရားလည်း မရရှိနိုင်တော့ပါဘူး။
ကျွန်မမှာ ပြုလုပ်ချင်တဲ့ “”စိတ်စေတနာ”
တစ်နည်းအားဖြင့် ဆိုရပါလျင် “ကံ”ရှိရပါမယ်။
ကိုယ်ပြုလုပ်လိုက်တဲ့အလုပ်က
အကျိုးရှိလား၊မရှိလားဆိုတာ၊စဉ်းစားဆင်ခြင်တဲ့ဉာဏ်ရှိရပါမယ်။
အကျိုးရှိတယ်,အကျိုးမရှိဘူးဆိုတာ၊ကိုယ်ပိုင်ဉာဏ် ရှိဖို ့လည်း လိုအပ်ပါတယ်။
အကျိုးရှိတာကိုသိပြီး၊လုံ ့လဝီရိယ(ကြိုးစားအားထုတ်မှု)မရှိပါလျင်၊ မလုပ်ပဲနေနေပါလျင်
မချမ်းသာနိုင်ပါဘူး။ ဒီအတိုင်းဘဲနေနေရင်တော့ ၊ ဒုံရင်း,ဒုံရင်းဖြစ်နေမှာလို ့(စကားအရ)
ပြောပြချင်မိပါတယ်။
အခုဆို
လူတိုင်းအတွက်၊အားလုံးအတွက်
နှစ်တစ်နှစ်ရဲ ့ ပြီးဆုံးသွားတော့မယ့်၊ နောက်ဆုံးနေ ့ရက်လေးကို ရောက်ရှိလို ့လာပါပြီ။
၂၀၁ရခုနှစ်မှာ ကိုယ်ဟာ ဒုံရင်းပဲလားဆိုတာ၊ စဉ်းစားကြည့်မိဖို ့တော့ လိုအပ်လာပါတယ်။
ဒုံရင်း,ဒုံရင်းပဲဆိုရင်တော့ ၊ဒုံရင်းမဖြစ်ရလေအောင်
နှစ်သစ်အတွက်၊ လူတိုင်း,လူတိုင်းအတွက်
“အကောင်းဆုံးလက်ဆောင်” လိုအပ်လာနေပါပြီ။
ကျွန်မအနေနဲ ့၊ကျွန်မခန္ဓာကိုယ်မှာရှိနေတဲ့၊”ကံ,ဉာဏ်,ဝီရိယ”ဆိုတဲ့
“အကောင်းဆုံး လက်ဆောင်”ကိုသာလျင် “နှစ်သစ်လက်ဆောင်”အဖြစ်
မြတ်မြတ်နိုးနိုး ရယူချင်မိပါတယ်။
အားလုံးအတွက်
အားလုံးမှာ ရှိနေပြီးသားဖြစ်တဲ့
“အကောင်းဆုံးလက်ဆောင်”(ကံ,ဉာဏ်,ဝီရိယ)ကို
ကိုယ်စီ,ကိုယ်ငှ၊ အသီးသီးရယူနိုင်ကြပါစေ။
7 comments
ကထူးဆန်း
January 1, 2018 at 10:25 am
အန်တီ ဆုတောင်းတဲ့ အတိုင်းပြည့်ဝ ပါစေ ..
ကြည်နူ း ချမ်းသာ ပီတီ ဖြစ်ရသော နှစ်သစ်ဖြစ်ပါစေ ..
aye.kk
January 11, 2018 at 12:58 pm
ကထူးဆန်း
ကြည်နူးချမ်းသာပီတိ နှစ်သစ်
ဖြစ်ဖို ့အတွက် အန်တီရိပ်သာဝင်နိုင်ပါစေသတည်း။
Shar Thet Man
January 2, 2018 at 10:33 am
ပေးတဲ့ဆုနဲ့ပြည့်ပါစေ ..Happy New Year ပါ
aye.kk
January 11, 2018 at 1:00 pm
ရှားသက်မန်
အန်တီကလည်း…
ထပ်တူထပ်မျှပါလို ့….ဆိုပါရစေ။
Thint Aye Yeik
January 11, 2018 at 4:47 pm
အန်တီအေးရေ…
ကိုယ့်ရဲ့ ကံ(အလုပ်)နဲ့ ကိုယ့်ရဲ့ ဉာဏ်၊ ဝီရိယကို ကိုယ် အားကိုးတတ်အောင်
သတိပေးလိုက်တာကိုက…. အန်တီအေး ပေးတဲ့ လက်ဆောင်ပါ။
လက်ဆောင်တွေ ကောင်းစွာ ရရှိပါကြောင်း။
ကျေးဇူးတင် ချစ်ခင်လျက် ရှိပါကြောင်းနဲ့…
အန်တီအေးလည်း အေးချမ်းသာယာပါစေကြောင်း
aye.kk
January 12, 2018 at 11:15 am
ကျေးဇူးပါ
တူမောင်ရေ ့…
တူမောင်လည်း…ကျန်းမာ ချမ်းသာပါစေ။
manawphyulay
February 14, 2018 at 4:15 pm
တီအေးရေ… အားလုံးက မှတ်သားစရာတွေပါပဲ။ မနောတော့ ဒီအတိုင်းပဲ ကျင့်ကြံနေမိပါတယ်။