Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Dabo

Mon LayMarch 11, 20194min5912

Beauty blogger လုပ်ဖို့ဝါသနာမပါပေမဲ့ အလှအပကိုခုံမင်ပြီး ကောင်းလွန်းလို့ပြန်ရှယ်ပေးချင်ရုံသက်သက်ပါ မွန်လေးကိုမွေးစတုန်းက အသားဖြူဖြူလေးလို့ အမေကပြောပါတယ်။ နောက်ပိုုင်း အရွယ်ရောက်၊ တက္ကသိုလ်တက်တော့ ပုံတွေထဲပြန်ကြည့်တာ အသားကညိုတိုတို၊ မဲတောင်မဲနေသလားလို့ထင်ရပါတယ်။ အဲတုန်းကဆို အလှလည်းမပြင်တတ်။ သနပ်ခါးဘဲကြားနဲ့ သွားတာပဲ။ သူများတွေလှလှလေးတွေပြင်နေလည်း ကိုယ်ကခါးခါးဘဲကြားနဲ့။ အဲလိုဘဲကြားကလေ ဘယ်လောက်ထိလဲဆိုရင် အလုပ်စဝင်လို့ တတိယမြောက်အလုပ်ကိုပြောင်းတဲ့အထိပဲ။ သနပ်ကခါးကအေးလည်းအေးသလို၊ နေပူဓါတ်လည်းကာကွယ်ပေးတယ်လေ။ အဲဒါနဲ့ တစ်နေ့ရုံးကနေ Asia Plaza ကို Hotel Inspection သွားတော့ ဟိုတယ်ကမမတွေများ လှလိုက်တာ ရွှေမှုန်စားထားသလိုပဲ။ အသားအရေကလည်း ဖြူဖွေးပြီး ဘယ်လိုကြည့်ကြည့် လှနေရော။ အားကျသွားပြီး အဲ့ကနေအပြန် နောက်နေ့မှာတော့ မွန်လေးမိတ်ကပ်စသုံးပါပြီ။ မသုံးတတ်သုံးတတ်ပေါ့နော်။ အလှအပစာအုပ်တွေရှာဖတ်တယ်။ အဲ့မှာ တစ်ပတ် တစ်ခါဖြစ်ဖြစ်၊ ၂ရက် ၁ခါဖြစ်ဖြစ် မျက်နှာကို mask နဲ့ပေါင်းတင်ရင် အသားရည်ဖြူပြီး လှလာ တယ်တဲ့။ အဲဒါနဲ့ ဘယ်mask သုံးရင်ကောင်းမလဲ ရှာကြည့်တယ်။ စမ်းလည်း သုံးကြည့် တယ်။ ဈေးပေါတာကအစ သုံးကြည့်တယ်။ 400တန်သုံးကြည့်တာ ပူလာလို့ ချက်ချင်း ခွာပစ်ရတယ်။ အဲဒါနဲ့ 2500 တန်သုံးတယ်။ တစ်ပတ်ကို ၁ခုနှုန်းသုံးရင် ဈေးမသိသာပေမဲ့ ၂ရက် ၁ခါသုံးရင် ဈေးကတအားသိသာတော့ နောက်တစ်မျိုးကောင်းတာလေး သုံးကြည့် မယ်ဆိုပြီး ရှာတာ Dabo ကိုရီးယား mask လေးကိုတွေ့သွားတာပေါ့။ ခုချိန်ထိသုံးရတာ တော်တော်အဆင်ပြေတယ်။

အမျိုးပေါင်း

သူကအမျိုးပေါင်း ၁၂ မျိုးရှိပါတယ်။ တစ်မျိုးစီမှာ အနံ့ ၁မျိုးစီရှိပြီး အကျိုးကျေးဇူး ၃ မျိုးစီလည်းရှိပါတယ်။

#Hyaluronic

သူကထောပတ်သီးနဲ့ထားတာပါ။ အကျိုးကျေးဇူး က Moisture, Aqua power, Lifting up.

#Placenta

သူက placenta soybean နဲ့လုပ်ထားတာပါ။ အကျိုးကျေးဇူး က Vitality, Energy, Beautiful.

#Aloevera

သူက ရှားစောင်းလက်ပတ်နဲ့လုပ်ထားတာပါ။
Aloe Barbadensis Leaf Juice component သည် အသားအရေအား ရေဓာတ်ဖြည့်ပေး၍ ချောမွေ့စေပါတယ်။ အကျိုးကျေးဇူး က Calming, Relaxing, Moisture.

#Chestnut

သူကသစ်အယ်သီးနဲ့လုပ်ထားတာပါ။ အကျိုးကျေးဇူး က Sebum control, Contraction, Smooth.

#White Pearl

သူကအဖြူရောင်ပုလဲနဲ့လုပ်ထားတာပါ။ ဗီတာမင်သတ္တုဓာတ်ကြွယ်ဝပြီး အသားဖြူစေသည့် ဖန်ရှင်ပါဝင်သည့်အတွက် အသားရေညိုသူများအတွက် ကြည်လင် သန့်ရှင်းဖြူစင် ဝင်းပစေ ပါတယ်။ အကျိုးကျေးဇူး က Whitening, Pure, Shining.

#Collagen

သူကကော်လာဂျင်ဓါတ်နဲ့လုပ်ထားတာပါ။  ကော်လာဂျင်ပါဝင်သည့်အတွက် အရေပြားနံရံများကို ပြန်လည်အားဖြည့်ပေးပြီး အသားအရေကို နဂိုမူလအတိုင်း ပြန်လည်ဖြစ်ပေါ်စေပါတယ်။ အကျိုးကျေးဇူး က Whitening, Pure, Shining.

#Honey

သူကတော့ ပျားရည်ဖြင့် ပြုလုပ်ထားပြီး ပျားရည်မှ ထုတ်ယူရရှိသည့် အဆီအနှစ်များက အသားအရေအား အတွင်းပိုင်းရော အပြင်ပိုင်းကိုပါ ကာကွယ်မှုပေးပါတယ်။ အကျိုးကျေးဇူး က Moisture, Health of Skin, Shinning.

#Red Ginseng

သူကတော့ အနီရောင် ဂျင်စင်းနဲ့လုပ်ထားတာပါ။ အကျိုးကျေးဇူး က Energy, Nourishing, Vitalize.

#Multi-Vitamin

သူကတော့ ရှောက်သီးနဲ့လုပ်ထားတာပါ။ အကျိုးကျေးဇူး က Norishing, Shining, Tone up.

#Snail Gold

သူကတော့ ခရုနဲ့လုပ်ထားတာပါ။ အသက်အရွယ်ရလာတဲ့လူတွေအတွက်သုံးရင်ပိုအဆင်ပြေပါတယ်။ အကျိုးကျေးဇူး က Renovation, Anti-againg, Beautiful.

#Green Tea

သူကတော့ လက်ဖက်စိမ်းနဲ့လုပ်ထားတာပါ။ အကျိုးကျေးဇူး က Norishing, Shining, Vitality.

#Cucumber

သူကတော့ သခွားသီးနဲ့လုပ်ထားတာပါ။ အကျိုးကျေးဇူး က Moisture, Cooling & calming, Clean Energy.

#အသုံးပြုပုံ

1/ လက်ကိုသန့်စင်အောင်အရင်ဆေးပါ။

2/Mask ကပ်ပါ။

3/နာရီဝက်ကြာရင် ခွာပါ။

4/မျက်နှာလေးကိုနှိပ်နယ်ပေးပြီး မျက်နှာသစ်ပါ။ မသစ်ချင်လည်းရပါတယ်။

#အထူးသတိပြုချက်

သုံးပြီးသား Mask ကို ပြန်မသုံးပါနဲ့။

လှပပြီးစိတ်ထားကောင်းတဲ့သူလေးများဖြစ်ကြပါစေ

2 comments

  • ဦးကြောင်ကြီး

    March 11, 2019 at 2:44 pm

    ကြောင်သား စားမီလ ဝါးမီလ ခြစ်ရှားလေး

  • Shar Thet Man

    March 12, 2019 at 11:27 am

    ဟဟဟဟဟဟဟဟ

Leave a Reply