Using Technology to Lean English (4) – Prof; Myo Kyaw Myint

kaiNovember 24, 20232min5630

ယခုလတွင် အားလုံးက မျှော်လင့်တောင့်တနေကြသည့် ChatGPT အကြောင်း ဖော်ပြပေးမည် ဖြစ်ပါသည်။ ChatGPT မှာ တကယ်တော့ Chat Generative Pre-trained Transform ၏ အတိုကောက် ဖြစ်ပါသည်။ တနည်းအားဖြင့် A large language model – based chatbot ဖြစ်ပြီး Open AI မှ November 30, 2022 နေ့တွင် စတင်ခဲ့ပါသည်။ ChatGPT Website ကို သွားခဲ့လျှင် အောက်ဖော်ပြပါ introduction ကို အားလုံး တွေ့မြင်ရပါလိမ့်မည်။

Introduction ChatGPT
We’ve trained a model called ChatGPT which interacts in a conversational way. The dialogue format makes it possible for ChatGPT to answer followup questions, admit its mistakes, challenge incorrect premises, and reject inappropriate requests.
ChatGPT ကို အသုံးချလိုလျှင် တပြားတချပ်မျှ ပေးစရာ မလိုပါ။ basic version မှာ အားလုံးအတွက် free ဖြစ်ပါသည်။ ChatGPT မှာ AI ခေါ် Artificial Intelligence ကို အသုံးပြုပြီး လူသားများနှင့် အပြန်အလှန် စကားပြောနိုင်ပါသည်။ မေးခွန်းများကိုလည်း ဖြေပေးပါသည်။ မိမိသိလိုသည့်ကိစ္စများကို မေးမြန်းရုံ မကပါ။ e-mail များ၊ essay များ၊ ဆောင်းပါးများ ရေးခိုင်း၍လည်း ရပါသည်။ ဉပမာ အနည်းငယ် ဖော်ပြပေးလိုက်ပါသည်။
ChatGPT ကို ဤကဲ့သို့ ခိုင်း၍ ရပါသည်။
Give me ideas: What to do with my kids’ artwork
Brainstorm names for a newborn baby
Write an e-mail to Taylor Swift
Plan a trip to see the Northern Lights
Summarize the given article in 200 words
ChatGPT ကို အောက်တွင်ဖော်ပြထားသည့် လုပ်ငန်းများအတွက် အသုံးချနိုင်ပြီး လက်ရှိ လူတော်တော်များများက တကယ်ဝင်အသုံးပြုနေကြပါသည်။
. Code computer programs and check for bugs in code.
. Compose music.
. Draft emails.
. Summarize articles, podcasts or presentations.
. Script social media posts.
. Create titles for articles.
. Solve math problems.
. Discover keywords for search engine optimization.
. Create articles, blog posts and quizzes for websites.
စာရေးသူတို့ မြန်မာလူမျိုးများသည် ခေတ်မှီသူများပီပီ၊ အများစုမှာ ChatGPT ကို အသုံးပြုနေကြပြီ ဖြစ်ပါသည်။ ထိုသို့ အသုံးပြုနေကြသူများအနေဖြင့် သတိထားရန် လိုအပ်သည့် အချက်လေးများ ရှိပါသည်။ အချက်များစွာ ရှိသည့်အနက် အရေးကြီးဆုံး ၃ချက်မှာ
Bias
Lack of privacy and security and
cheating in education and work တို့ ဖြစ်ပါသည်။
တတိယအချက် cheating အကြောင်း ဦးစွာ သတိပေးလိုပါသည်။ အထူးသဖြင့် ကျောင်းသူကျောင်းသားများအနေနှင့် ChatGPT ကို သုံးသည့်အခါ plagiarism မဖြစ်စေရန် အထူးသတိပြုစေလိုပါသည်။ ကျောင်းတိုင်း၌၊ college တိုင်း၌ plagiarism ကို ဖော်ထုတ်ပေးနိုင်သည့် Writing.com သို့မဟုတ် Copyleaks စသည့် online tools များကို ဆရာ၊ ဆရာမများက အသုံးချနေကြသည်ဖြစ်ရာ ChatGPT က ရေးသားပေးသည့် essay လေးများ၊ paragraph လေးများကို မိမိကိုယ်တိုင် ရေးသားသယောင်နှင့် ဆရာ၊ ဆရာမတို့ထံ မပို့မိစေရန် သတိပြုကြဖို့ လိုပါသည်။
စာရေးသူတို့ မြန်မာ ခလေးများမှာ ရိုးသားကြတာ သေချာပါသည်။ သို့သော် အများက မိုးခါးရေ သောက်နေချိန်၊ မိမိပါ လိုက်ပြီး မသောက်မိစေရန် သတိပေးခြင်း ဖြစ်ပါသည်။ ChatGPT က code ပါ ရေးနိုင်သည့်အတွက် cell – phone တို့၊ cpmputer တို့ကို ကောင်းကောင်း ဒုက္ခပေးနိုင်သည့် malware များ၊ program များ ရေးသားနိုင်သည့်အတွက် လူအများစုအတွက် cybersecurity မှာ တော်တော်လေး ရင်လေးစရာ ဖြစ်လာပါသည်။ အထူးကြောက်စရာ တချက်ကတော့ ChatGPT ကို အသုံးပြုပြီး အခြားလူတစုံတယောက်ကို impersonate လုပ်ဖို့ လွယ်ကူပါသည်။ တနည်းအားဖြင့် အခြားလူတယောက်၏ ရေးသားဟန် ပြောဆိုဟန်တို့ကို အတုယူ၍ တဖက်သားအယောင်ဆောင်ပြီး၊ တဖက်သား၏ အမည်ခံပြီး ဆောင်းပါးများ၊ essay များ၊ e – mail များ ရေးသားပြီး တဖက်လူကို ကောင်းကောင်း ဒုက္ခပေး၍ ရပါသည်။ နောက်ဆုံး သတိပြုရန်အချက်ကတော့ Bias ဖြစ်ပါသည်။
ChatGPT မှာ input ဟု ခေါ်သည့် Training data ကို အသုံးပြုပြီး output ထုတ်လုပ်ပေးသည့် chatbot တခု ဖြစ်ပါသည်။ input မှာ bias ရှိနေလျှင် တနည်းအားဖြင့် လူမျိုးတမျိုးကို ဦးစားပေးထားခဲ့လျှင်၊ အနောက်တိုင်း ယဉ်ကျေးမှုကို ဦးစားပေးထားခဲ့လျှင် ထွက်လာမည့် Output မှာလည်း တဖက်စွန်း ရောက်နေမည် ဖြစ်ပါသည်။ ယနေ့ ChatGPT ကို develop လုပ်နေသည့် လူအများစုမှာ အနောက်တိုင်းသားများ သို့မဟုတ် အနောက်တိုင်းတွင် ပညာသင်ယူထားသည့် ပညာတတ်များဖြစ်ကြသည့် အလျောက် ChatGPT ၏ input မှာ Bias ရှိနေမှာ သေချာလှပါသည်။
နိဂုံးချုပ်အနေဖြင့် ChatGPT ၏ စွမ်းဆောင်နိုင်မှုလေးတခုကို နမူနာအဖြစ် တင်ပြလိုပါသည်။ စာရေးသူက ChatGPT ကို weather နဲ့ ပတ်သက်လို့ Haiku လေးတပုဒ်ရေးပေးဖို့ တောင်းဆိုလိုက်သည့်အခါ ဖေါ်ပြပါ ကဗျာလေး ပြန်ပို့ပေးခဲ့ပါသည်။

Autumn leaves now fall
Cool breeze whispers through the trees
Nature’s beauty calls