Myanmar Gazette Newsletter XIV

kaiMarch 11, 20244min14970

“SAAHAS For Cause ရှဲ့ Spring Mela နွေဦးပွဲတော်”

Artesia, California မှာရှိတဲ့ Artesia Park က Robert O. Little Community Center မှာ SAAHAS For Cause ရှဲ့ Spring Mela အခမ်းအနားကို မတ်၉၊ ၂၀၁၄ က တောင်ပိုင်းအာရှယဉ်ကျေးမှုအလေ့အထတွေကိုပြသပြီး ကျင်းပခဲ့ပါတယ်။ SAAHAS For Cause ဟာ US ကိုပြောင်းရွှေ့အခြေချလာတဲ့ တောင်ပိုင်းအာရှသားတွေအတွက် ပညာရေး၊ ယဉ်ကျေးမှု၊ ဘာသာစကား၊ နေထိုင်ခွင့်၊ တရားဥပဒေရေးရာ စတဲ့ လိုအပ်ချက်တွေကို အခမဲ့ဝန်ဆောင်မှုပေးနေတဲ့ ၂၀၀၉ခုနှစ်က တည်ထောင်ခဲ့တဲ့ Non-profit organization တခုဖြစ်ပြီး Cerritos, California မှာ အခြေစိုက်ပါတယ်။

အခမ်းအနားမှာ လူကြီးတွေအတွက် Yoga နဲ့တရားထိုင်ခြင်းအစီအစဉ်ပါဝင်ပြီး လူကြီး၃၀ကျော် ပါဝင်ကြပါတယ်။ အိန္ဒိယရိုးရာအစားအစာ၊ လက်ဖက်ရည်မျိုးစုံ၊ လက်ဝတ်တန်ဆာတွေ၊ Punjab ရိုးရာယဉ်ကျေးမှုတွေကို ပြသခဲ့ပါတယ်။ လူငယ်တွေကလည်း တေးသီချင်းတွေ သီဆိုပြီး၊ ရိုးရာအကတွေကပြပြီး ဖျော်ဖြေခဲ့ပါတယ်။ အိန္ဒိယမျိုးဆက်သစ်မိန်းကလေးတွေရဲ့ ရိုးရာဝတ်စုံနဲ့ခေတ်ပေါ်ဒီဇိုင်းများပေါင်းစပ်ထားတဲ့ ဖက်ရှင်ပြပွဲဟာလည်း လူအများလက်ခုပ်သံကိုရရှိခဲ့ပါတယ်။ အရင်းအမြစ်တွေဖြစ်ကြတဲ့ Legal Aid Foundation of Los Angeles, St. John’s Community Health နဲ့ St. John’s Legal Services Program, Asian American Advancing Justice Southern California, ABC Adult Schoolsနဲ တို့အပါအဝင်အခြားအရင်းအမြစ်တွေကလဲ သတင်းအချက်အလက်တွေမျှဝေခဲ့ကြပါတယ်။ Janice Hahn, Supervisor, Fourth District ကလဲ သတင်းအချက်အလက်တွေကို မျှဝေဖို့ စားပွဲတခုဖွင့်ခဲ့ပါတယ်။

” ကျမတို့ SAAHAS For Cause ကိုတည်ထောင်ရခြင်းရည်ရွယ်ချက်က ဒီနိုင်ငံကိုပြောင်းရွှေ့နေထိုင်လာကြတဲ့ ကွန်မြူနတီမှာ ငြိမ်းချမ်းမှုနဲ့ဟာမိုနီသဟဇာတဖြစ်ဖို့ပါပဲ။ ငြိမ်းချမ်းဖို့နဲ့သဟဇာတဖြစ်ဖို့အတွက် ဒီနေ့ကျင်းပတဲ့ MELA က Carnival ရာသီပွဲတော်လို့ အဓိပ္ပာယ်ရတယ်။ အာရှတောင်ပိုင်းနိုင်ငံတွေမှာ နွေဦးမှာပွဲတော်တွေကျင်းပကြတယ်။ မိသားစု၊ မိတ်ဆွေ၊ အိမ်နီးချင်း ဘယ်သူတွေပဲဖြစ်ဖြစ် ဒီနေ့ပွဲတော်မှာ ဆုံတွေ့ကြ၊ ပျော်ကြတယ်။ ကျမတို့ရဲ့ အဓိကထားတဲ့ သက်ကြီးတွေ၊ အမျိုးသမီးတွေ၊ လူငယ်တွေနဲ့ Community health ကဏ္ဍ၄ခုလုံးမှာပါဝင်သူတွေအားလုံး ဒီပွဲမှာဆုံကြတယ်။ တယောက်နဲ့တယောက်ဝိုင်းကြ၊ ကူညီကြတယ်” ဟု SAAHA For Cause ကိုတည်ထောင်သူုဖြစ်တဲ့ Payal Sawhney က ပြောကြားခဲ့ပါတယ်။ အခမ်းအနားမှာ အသက်အရွယ်နဲ့ မျိုးဆက်ပေါင်းစုံ လူ၃၀၀ကျော် ပါဝင်ခဲ့ကြပါတယ်။ အခမ်းအနားမှာ Payal Sawhney ကို City of Artesia Mayor Tony Lima က ဂုဏ်ပြုလက်မှတ်ပေးအပ်ခဲ့ပါတယ်။

SAAHAS For Cause ဟာ တည်ထောင်တာ ၅နှစ်သက်တမ်းသာရှိသေးပေမယ့် Cerritos မြို့သာမကLA County နဲ့ Orange County မြို့တွေမှာ ရောက်ရှိလာတာမကြာသေးတဲ့ Immigrants တွေကိုရော၊ Seniors တွေ၊ အမျိုးသမီးတွေ၊ လူငယ်ကျောင်းသားတွေအတွက်ပါ Community Health and Research, Older Adult Wellness, Women’s Wellness, Youth Empowerment စတဲ့ ကွန်မြူနတီမှာလိုအပ်တဲ့အရာတွေကို ဝန်ဆောင်မှုပေးပါတယ်။ ကလေးတွေ ပြုစုပျိုးထောင်ရေးပိုင်းမှာ ကျောင်းပိုင်းဆိုင်ရာမှာရော၊ မိဘတွေဘက်ကလိုအပ်တဲ့ပြုစုပျိုးထောင်မှုတွေအတွက် Hybrid Parenting နဲ့ School district တွေနဲ့ ပူးပေါင်းဆောင်ရွက်ပေးတဲ့ School Parent Support တွေဟာပညာရေးပိုင်းမှာရော ကလေးတွေနဲ့မိဘတွေအတွက် တန်ဖိုးရှိတဲ့ Services တွေဖြစ်ပါတယ်။ အမျိုးသမီးများအတွက် English ဘာသာစကားနဲ့အသံထွက်နည်းပြသင်တန်းတွေကအစ တဦးချင်းဆွေးနွေးတိုင်ပင်ခြင်းတွေ၊ ဥပဒေရေးရာတိုင်ပင်ဖို့အတွက် လွှဲပြောင်းပေးခြင်းတွေအပါအဝင် Yoga/ Meditations တွေဖွင့်ပေးသလို သက်ကြီး Seniors တွေအတွက် ရုပ်ပိုင်း၊ စိတ်ပိုင်းကျန်းမာရေး၊ E-Phone Program, Language Empowerment Program, Technology Classes တွေကို ဖွင့်ထားပေးတယ်။ လူငယ်တွေအတွက် Youth Empowerment မှာတော့ Tech Program, Public Health Program, Research Program, Social Justice Program တွေဖွင့်ထားပါတယ်။ SAAHA For Cause က ဖွင့်ထားတဲ့ Program တွေထဲက ထူးခြားချက်က မျိုးဆက်ကွာဟမှုကို တတ်နိုင်သလောက်ထိန်းချုပ်ဖို့အတွက် သက်ကြီးတွေနဲ့ လူငယ်တွေ ဆက်သွယ်ပြောဆိုနိုင်တဲ့ Language Empowerment Program နဲ့ Tech Program တွေ ဖွင့်ပေးထားတာပါပဲ။ သင်တန်းမှာ လူငယ်တွေက လူကြီးတွေကို ဘာသာစကားနဲ့ နည်းပညာအခက်အခဲတွေကို ကူညီသင်ကြားပေးကြပါတယ်။

SAAHAS For Cause ကိုတည်ထောင်သူုဖြစ်တဲ့ Payal Sawhney ဟာ ယခင်က Non- profit အသင်းများတွင် စေတနာ့ဝန်ထမ်းပါဝင်ခဲ့ဖူးပြီး ကွန်မြူနတီအတွက် အကျိုးရှိမယ့်လုပ်ငန်းတွေကို ထိထိရောက်ရောက်လုပ်နိုင်ဖို့အတွက် သူ့ရဲ့အချိန်ပြည့်အလုပ်ကနေထွက်ပြီး SAAHA For Cause ကို လွန်ခဲ့တဲ့၅နှစ်ကစပြီး အသင်းကိုတည်ထောင်ခဲ့တာဖြစ်ပါတယ်။ ၂၀၀၀ခုနှစ်မှာ US ကိုစတင်အခြေချခဲ့တဲ့ သူမဟာ ဘက်လိုက်မှုတွေ၊ ခွဲခြားဆက်ဆံမှုတွေအပါအဝင် Immigrant တယောက်ကြုံတွေ့ခံစားခဲ့ရတဲ့အတွေ့အကြုံတွေနဲ့ ပြဿနာဖြေရှင်းမှုတွေကို တစုတစည်းထဲနဲ့ ကွန်မြူနတီကို မျှဝေချင်စိတ်ရှိသူဖြစ်တယ်။ ” ကျမတို့အသင်းမှာပါဝင်တဲ့စေတနာ့ဝန်ထမ်းကစပြီး ဝန်ထမ်းတွေ၊ ဦးဆောင်သူတွေဟာ ရွှေ့ပြောင်းအခြေချနေထိုင်သူတွေဖြစ်တာမို့ Immigrants တွေမှာ ဘာအခက်အခဲတွေကြုံနေတယ်။ ဘာတွေလိုအပ်ပြီး ဘယ်လို ဖြေရှင်းရမယ်ဆိုတာကို ကျမတို့ကောင်းကောင်းသိတယ်” လို့ Payal Sawhney က ဆိုပါတယ်။

“လူငယ်တွေဆေးစွဲခြင်းကနေကာကွယ်ကြစို့” ” Join SAAHAS Youth” ဆိုတဲ့ ပိုစတာနှစ်ခုထောင်ထားတဲ့စားပွဲမှာ SAAHAS ရဲ့အသင်းဝင်လူငယ်တွေက အသင်းဝင်အသစ်တွေကို လက်ခံနေပြီး သူတို့ဆောင်ရွက်ချက်တွေကို ရှင်းပြပါတယ်။ ” ကျမ အဌမတန်းထဲက ဒီ Program ကိုဝင်ပါတယ်။ ဘာ့ကြောင့်ဝင်ဖြစ်လဲဆိုရင် ပြောင်းရွှေ့အခြေချလာတဲ့ကွန်မြူနတီကို ကူညီချင်လို့ပါ။ ကျမတို့ TECH Poject က Senior တွေကို ကူညီပါတယ်။ သူတို့လိုအပ်တဲ့ နည်းပညာပိုင်းအခက်အခဲတွေကို ကူညီပေးတယ်။ သင်ပေးတယ်။ စနေနေ့တိုင်းမှာ ဒီ Program ရှိပါတယ်။” လို့ Portola High School က Senior ကျောင်းသူလေး Siya Mishra က ပြောကြားခဲ့ပါတယ်။ ” ဒီ SAAHAS For Cause ကို ဘာလို့ လာသင့်လဲဆိုရင် ကွန်မြူနတီက အသက်အရွယ်စုံတွေနဲ့ ချိတ်ဆက်နိုင်တယ်။ ဒေသအသီးသီးက ကွန်မြူတီတွေနဲ့လဲ ဆက်သွယ်မှုရမယ်။ သင့် ကွန်မြူနတီကို Project မျိုးစုံနဲ့ကူညီနိုင်တယ်။ Seniors သက်ကြီးတွေကစပြီး ဆယ်ကျော်သက်တွေနဲ့ ကလေးငယ်တွေကို ကူညီပေးနိုင်တဲ့အတွက် ပါဝင်သင့်ပါတယ်” လို့ Siya Mishra က လူငယ်တွေကို ဖိတ်ခေါ်ခဲ့ပါတယ်။

မူလတန်းနဲ့ မူကြိုအရွယ်ကလေးတွေကို လက်တွဲကခုန်ခြင်းအစီအစဉ်နဲ့ Yaga ကျင့်ပြီးတဲ့ သက်ကြီးတွေကပါ ကလေးတွေနဲ့အတူ လက်တွဲပြီးကခုန်ခြင်းအစီအစဉ်ကလဲ ပွဲတော်မှာ SAAHAS FOR CAUSE ရဲ့ရည်ရွယ်ချက်နဲ့လုပ်ဆောင်ချက်တွေကို ထင်ဟပ်စေပါတယ်။ ” ကျမတို့ သက်ကြီးတွေအတွက် SAAHAS For Cause က အကျိုးရှိမယ့်အစီအစဉ်တွေချည်းပဲ စီစဉ်ပေးတယ်။ English စာက ကိုယ့်အရင်နိုင်ငံကနေ ဒီကိုရောက်နေတဲ့သူတွေက ကျမတို့ကို သင်ပေးတဲ့အခါ ပိုပြီးတတ်လွယ်တယ်။ ဒီနိုင်ငံမှာမွေးထားတဲ့ကလေးတွေကကျ ကျမတို့ကိုအသံထွက်မှန်အောင်ပြင်ပေးတယ်။ ကျန်းမာရေးအတွက် Yoga လဲ ကျင့်ပေးတယ်” ဟု အခမ်းအနားကိုတက်ရောက်တဲ့ အိန္ဒိယအမျိုးသမီးကြီးတဦးက ပြောကြားခဲ့သည်။ SAAHAS For Cause က အခမဲ့ဝန်ဆောင်မှုပေးနေသည့် ESL နှင့့် မတူ၊ ထူးခြားသည့် Language Empowerment Program အင်္ဂလိပ်စာသင်တန်းမှာ သင်ကြားပေးသူနည်းပြ၃ဦးအနက် ၂ဦးမှာ US တွင် နှစ်အတော်ကြာနေထိုင်နေသည့် first generation immigrants ဖြစ်ပြီး တစ်ဦးမှာ second generation immigrant of South Asian descent ဖြစ်သည်။

အခမ်းအနားကိုတက်ရောက်လာတဲ့ အိန္ဒိယအမျိုးသမီးတော်တော်များများဟာ ရိုးရာဆာရီကိုဝတ်ကြတယ်။ Henna ရိုးရာ လက်အလှဆေးရေးပန်းချီစားပွဲတွေ ဖွင့်ပေးထားတယ်။ အိန္ဒိယအစားအစာ ပဲအမျိုးမျိုး၊ သနပ်၊ ထမင်း၊ လက်ဖက်ရည်၊ စမူဆာ၊ အချိုမုန့်တွေကို လူတွေကိုအမြည်းကျွေးကြတယ်။ ” ဒီပွဲကို ကျမက Corona မြို့က လာတာပါ။ နီးတဲ့ခရီးမဟုတ်ပေမယ့် ကိုယ့်ရိုးရာဝတ်စုံ၊ ဆာရီနဲ့ ရိုးရာအစားအစာတွေကို ပြသချင်လို့ ဒီပွဲကို လာတာဖြစ်ပါတယ်” လို့ ရိုးရာဖက်ခင်း အစားအစာတွေကို ပြသပြီး ဆရာရီဝတ်ထားတဲ့ Sheetal က ပြောပါတယ်။

” Stop The Hate ဟာ သိပ်အရေးကြီးပါတယ်။ ခက်လဲခက်ပါတယ်။ ရန်လိုရွံမုန်းခြင်းတွေဟာ America နေရာအနှံ့မှာဖြစ်ပွားနေတယ်။ California မှာလဲရှိနေတယ်။ ကျမတို့အတွက် ရန်လိုရွံမုန်းခြင်းကို ဖြစ်စေခြင်းအကြောင်းရင်းတွေက Unknown factors တွေပဲ။ လူတွေဟာ တယောက်နဲ့တယောက် မသိကြတဲ့အတွက် ကွဲပြားမှုတွေရှိနေတာကို ဘက်လိုက်မှုအစွဲတွေနဲ့ကြည့်ကြ၊ မြင်ကြတယ်။ မတူကွဲပြားတဲ့အသားအရောင်၊ ပုံစံ၊ ဝတ်စားဆင်ယင်မှုတွေ။ ကျမ ဒီနေ့ ဆာရီကိုဝတ်တာ အကြောင်းရှိတယ်။ လူတွေကို ကျမက ဘယ်သူလဲဆိုတာကိုသိစေချင်တယ်။ ဒီဟာက သဟဇာတဖြစ်စေတဲ့၊ ငြိမ်းချမ်းတဲ့အရာဖြစ်တယ်။ မတူကွဲပြားမှုတွေကို ဇဝေဇဝါတွေမဖြစ်ပါနဲ့။ ဒေါသမထွက်ကြပါနဲ့။ ကိုယ်နဲ့မတူကွဲပြားတဲ့လူတွေဟာ ဘယ်သူတွေလဲဆိုတာကို ဥပမာ- ကျမက ဘယ်သူလဲ။ ဘာလို့ ကွဲပြားလဲဆိုတာကို လာ မေးပါ။” လို့ ရန်လိုရွံမုန်းခြင်းတွေကိုရပ်တန့်ဖို့စကားကို Payal Sawhney က ပြောကြားခဲ့ပါတယ်။

“This resource is supported in whole or in part by funding provided by the State of California, administered by the California State Library in partnership with the California Department of Social Services and the California Commission on Asian and Pacific Islander American Affairs as part of the Stop the Hate program. To report a hate incident or hate crime and get support, go to https://www.cavshate.org/