Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

မြန်မာဂဇက် အယ်ဒီတာ့သင်ပုန်း – ဒီဇင်ဘာ ၂၀၂၄

kaiDecember 30, 20243min2990

နှစ်တခုကုန် နှစ်ကူးပါပြီ။ သင်္ကန္တဆိုသည် ကူးပြောင်းခြင်းမို့ ခရစ်နှစ်သင်္ကြန်ကျပြီဆိုချင်ဆို။ သင်္ကြန်စာ မဟုတ်မူလည်း အချက်အလက်တို့ အရကောက်၍ ဖြစ်ခဲ့ပြီးနှင့် ဖြစ်လာနိုင်ခြေတို့ကို ချရေးပါမည်။
Baba Vanga ၏ ၂၀၂၅ အတွက်ခန့်မှန်းမှုမှာ ဥရောပသို့စစ်မီးကူးစက်လာမည်။ ငလျင်ကြီးများလှုပ်မည်။ တတိယကမ္ဘာစစ် မဖြစ်သေး။အခြားကမ္ဘာမှလူသားများနှင့်အဆက်အသွယ်ရမည်။
Nostradamus အရမူ ၂၀၂၅သည်စိန်ခေါ်မှုများနှင့်ဖြစ်သည်။ ဉက္ကာပျံကမ္ဘာမြေကိုဝင်စောင့်နိုင်ချေရှိခြင်းနှင့် ရှေးပလိပ်ရောဂါကဲ့သို့ ကူးစက်ရောဂါ UK တွင်ဖြစ်နိုင်သည်။ အမေဇုံသစ်တောဒေသတွင် မီးတောင်ပေါက်ကွဲမှုကြီးဖြစ်နိုင်သည်။ ကင်ဆာပျောက်ဆေးကဲ့သို့ ‌ဆေးသစ်အသစ်တွေ့ အောင်မြင်မည်ဟူသတတ်။


“အမေရိကစီးပွားရေး”
ကမ္ဘာ့စီးပွားရေးသည် ထင်သလောက်မဆိုး အကောင်းဖက်ဦးတည်တက်ခဲ့သည်။ အမေရိကားစီးပွားရေးမှာမူ စတော့စျေးကွက် DJIA ( အမြင့်ဆုံး ၄၅၀၁၄.၀၄ ( ဒီဇင်ဘာ ၄ ၂၀၂၄) နှင့် S&P 500 အတက် ဖြင့် စံချိန်သစ်များပင် တင်ကာ 401k ပင်စင်စုဆောင်းငွေဖြင့်သန်းကြွယ်ဖြစ်နေသူများပင် ဦးရေ၆သိန်းဝန်းကျင်ရှိနေသည်။ ၂၀၂၄တွင် အလုပ်လက်မဲ့နှုန်း ၄% ပျမ်းမျှနှင့် ဂျီဒီပီတိုးတက်နှုန်း ခန့်မှန်းသည်ထက်ပိုက ၂.၇% ဖြင့် အမေရိကစီးပွားရေးသည် အကောင်းစားခိုင်မာနေသည့်အခြေအနေတွင်ရှိ၏။ ရွေးကောက်ခံသမ္မတသစ် ထရမ့်မှ လူတဦးချင်းနှင့် ကော်ပိုရေးရှင်အခွန်များဖြတ်/လျှော့ပေးမည်ဆိုထားသဖြင့် စတော့နှင့် စီးပွားရေးဆက်တက်ရဦးမည်ဖြစ်သည်။ သို့သော် Tariffs/အထူးခွန်တို့ တိုးချပါမူ ကုန်စျေးနှုန်းနှင့် ငွေဖောင်းပွမှုဆက်တက်မည်ဖြစ်ရာ လာမည့်နှစ်တွင် စောင့်ကြည့်ကြရမည်တည်း။


“အာဏာရှင်အာဆတ် ရုရှားသို့ ထွက်ရပ်ပေါက်”
မည်သူမှမှန်းထင်မထားသော ရုတ်တရက်ဖြစ်ရပ်ကြီးအဖြစ် ဆီးရီးယားအာဏာရှင်အာဆတ် သူ့တိုင်းပြည်မှထွက်ပြေး၍ ဒီဇင်ဘာ ၈ ရက်နေ့တွင်ရုရှားဆီခရောက်ရှိခိုလှုံခဲ့သည်။ ၁၁ရက်အတွင်းဖြစ်သွားသော ယခုအဖြစ်အပျက်ကြောင့် ၅၃နှစ်ကြာသော အာဆတ်မိသားစု၏ အာဏာရှင်စနစ်အဆုံးသတ်သွားသလို ဘာသာရေးအစွန်းကြမ်းလှသော ဆီးရီးယားအတွက် လက်နက်ကိုင်စုံသူပုန်တို့နှင့် မှန်းဆမရနိုင်သည့် အနာဂတ်ကြီးစောင့်နေလေပေသည်။ ထိုအဖြစ်အပျက်သည် ကမ္ဘာ့ အာဏာရှင်နိုင်ငံများအားလုံးသို့ ကျယ်လောင်သော ခေါင်းလောင်းခေါက်သံဖြစ်၏။


“ဥရောပမြေကျ မြောက်ကိုရီးယန်းစစ်သားများ “
ရုရှားသမ္မတပူတင်နှင့် မြောက်ကိုရီးယားအကြီးအကဲတို့တွေ့ကြပြီးနောက်ဝယ် အောက်တိုဘာ ၂၄ ၌မြောက်ကိုရီးယန်းအထူးစစ်တပ်သားများ ဥရောပမြေ ယူကရိန်းတွင်မြင်လာကြရ စစ်တိုက်ကျဆုံးကြသတင်းတို့တက်လာသည်။ ဤသို့ ဝင်ရိုးစွန်းတန်းဖွဲ့မှုသည် လာလတ္တံ့စစ်ပွဲအနာဂတ်တို့ကိုများစွာပြောင်းနိုင်သည်ဆိုကြ၏။


“ပေဂျာနှင့် ဝေါကီတော့ကီဖေါက်ခွဲမှုများ”
စက်တင်ဘာ ၁၇/၁၈ ရက်နေ့၌ ပေဂျာ/ဝေါ့ကီတော့ကီများပေါက်ကွဲမှုသည် အစ္စရေး-ဟာမားစစ်အတွင်းသို့ ဝင်ပါလာနေသော ဟက်ဇ်ဘိုလာများအတွက် အထူးတုန်လှုပ်စရာဖြစ်ခဲ့သည်။ အရှေ့အလယ်ပိုင်းအီရန်နှင့် ကြားခံစစ်တိုက်နေရသော အစ္စရေးအတွက် ကြီးမားသော အပြောင်းအလဲ၏အစဖြစ်ခဲ့သည်။ ထိုနောက် ၁၀ရက်အတွင်း ဟက်ဇ်ဘိုလာ ထိပ်တန်းခေါင်းဆောင် ကို လုပ်ကြံမှုလည်းအောင်မြင်ခဲ့ကာ ထိုစစ်ရေး /စိတ်ဓာတ်စစ်ဆင်ရေး အသာစီးရသွားမှု သည် အရှေ့အလယ်ပိုင်းဒေသနှင့် ဆီးရီးယားနိုင်ငံတို့၏ အပြောင်းအလဲကြီးအတွက် အစဖြစ်ခဲ့ပါသည်။


အီရန် အစ္စရေး တိုက်ရိုက်စစ်
အီရန်၏ စစ်ရေးခေါင်းဆောင်လုပ်ကြံမှုများမှတဆင့်တက်ကာ အီရန်မှ အစ္စရေးသို့ တိုက်ရိုက် ဒုံးကျည်ဖြင့် ပစ်ခတ်တိုက်ခိုက် မှုကို ဧပြီ ၂၄ တွင် အလုံးပေါင်း ၃၀၀ ခန့် ပစ်ခတ်ခြင်းဖြင့် စတင်ခဲ့သည်၊ အောက်တိုဘာ ၂၈ အစ္စရေးတို့ အီရန်နိုင်ငံတွင်း ပြန်လည်လက်စားချေ ပစ်ခတ်ပြီးနောက် ဟာမားစ်၊ ဟက်ဇ်ဘိုလာတို့မှတဆင့် အီရန်တို့ ကြားခံတိုက်နေသော စစ်ပွဲအဆုံးဟုပင်ဆိုနိုင်သည်။


“Salt Typhoon”
အမေရိကားသို ချိုင်းနားအစိုးရနှင့် ချိတ်ဆက်ထားသည်ဆိုသော ဟက်ကာအုပ်စု၏ ဆိုင်ဘာတိုက်ခိုက်ခံရခြင်းကို ၂၀၂၂ ကထဲကစခဲ့ဟန်ရှိပြီး စက်တင်ဘာတွင် အမေရိက၏ ဆက်သွယ်ရေးစနစ်၊ ဒေတာအချက်အလက်များ၊ အမေရိကန်တို့၏ တည်နေရာပြများအားလုံး ဖေါက်ထွင်းခံရသည်။ နှစ်ကုန် ဒီဇင်ဘာ ၃၀ရက်နေ့တွင်လည်း ကို အမေရိက ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနထပ်မံတိုက်ခိုက်ခံရသည် သတင်းထုတ်ပြန်သည်။


ထရမ့်ပြန်လာခြင်း
အမေရိကသမိုင်းတွင် ယခုကဲသို့ သက်တမ်းတခုထမ်းဆောင်သော သမ္မတ ပြန်ရွေးခံရခြင်းမျိုး (သမ္မတကလိဗ်လန်း (၁၈၈၄/၁၈၉၂) ကတကြိမ်ဖြစ်ဖူးသည်။ ဒုတိယသက်တမ်းတွင် အမေရိကစီးပွားပျက်ကပ်(The Depression of 1893-1897) နှင်တိုးသွားသော သမ္မတ ဖြစ်၏။ ယခုထရမ့်လည်း ၄၅သမ္မတမှသည် ၄၇ သမ္မတအဖြစ်ပြန်လာနိုင်ခဲ့ပြီ။ ဟောက်စ်မှ နှစ်ကြိမ်ပစ်မှုတင်တရားစွဲခြင်း (impeachments)၊ ရာဇဝတ်မှုများဖြင့်အရေးယူထားခြင်း၊ နှစ်ကြိမ်လုပ်ကြံခံရခြင်း တို့မှ ကျော်လွန်၍ မဲပြတ် ( ရွေးကောက်တင်မြှောက်ခံရကာ ပြန်လာနိုင်သော ထရမ့်သည် အမေရိကား၏ရှိနေကျ checks and balances ကိုကျော်လွန်၍ အကျွင်းမဲ့အာဏာ ရထားနိုင်သူလည်းဖြစ်ပါ၏။ ဟောက်စ်တွင် ( ၂၁၅ D- ၂၂၀ R) ။စိနိတ်တွင် (၄၇ D – ၅၃ R) နှင့် နိုင်ငံအမြင်ဆုံးတရားရုံးချုပ်တွင် ၆-၃ ဖြစ်နေ၍ဖြစ်သည်။
ဤသည်မှာ ကမ္ဘာ့စစ်ရေး၊ နိုင်ငံရေး၊ စီးပွားရေးအခင်းအကျင်း၊ အာဏာပါဝါစဉ် ( The New World Order) အားလုံးအတွက် အကြီးဆုံးအပြောင်းအလဲဆီဦးတည်သည် ဖြစ်ပါ၏။ ထရမ့်၏ပေါ် လစီတို့မှာ ရှေးရှေ့အမေရိကသမ္မတအဆက်ဆက်ချခဲ့သော ပေါ် လစီများနှင့်မတူပါ။ သူသည် အော်တိုကရက်အာဏာရှင်များ၏ုထင်ရှားသော ချိုင်းနားသမ္မတ ရှီကျင့်ဖိန်၊ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်နှင့် မြောက်ကိုရီးယားအကြီးအကဲ ကင်ဂျုံအွန်းတို့နှင့် ကောင်းမွန်သောဆက်ဆံရေးထူထောင်လိုသည်ဟု ကြေညာထားသူဖြစ်၏။ နှုကလီးယားစစ်ပလက်နက် သုံးမည်ဖြစ်သော ကမ္ဘာစစ်ကို တားဆီးမည်ပြောထားသူဖြစ်၏။


“တောင်ချိုင်းနားပင်လယ်ပြင်၏ အပြန်အလှန်”
ချိုင်းနား၏ တောင်ချိုင်းနားပင်လယ်ပြင်ပေါ် ပိုင်ဆိုင်မှုနယ်များတိုးတက်ယူနေသလို ဆိုင်ရာဒေသတွင်း အရှေ့တောင်အာရှနိုင်ငံများနှင့်လည်း ဆက်ဆံရေးတင်းမာလျှက်ရှိ၏။ အမေရိကား၏ဝင်ရောက်အားဖြည့်မှုကြောင့်ဖိလစ်ပိုင်နိုင်ငံနှင့် ချိုင်းနားအခြေအနေမှာ အချိန်မရွေးပေါက်ကွဲနိုင်သည်။ အမေရိကားသည် ဖိလစ်ပိုင်တွင်စစ်အခြေစိုက်စခန်းများဖွင့်ထားပြီး စစ်ရေးမဟာမိတ်စာချုပ်ချုပ်ဆိုထားသောနိုင်ငံဖြစ်သဖြင့် ဤအရေးသည် လွယ်လွယ်အေးမည်မထင်။


“ကမ္ဘာ့ငွေကြေး၏ ခရစ်တိုလောက”
ဒေါ်လာငွေနှင့်ယှဉ်ပြိုင်ဖက်ဖြစ်လာမည့် BRICS ၏ငွေကြေးတခုပေါ် ပေါက်လာနိုင်သည်နှင်အတူ အမေရိက၏ ခရစ်တိုငွေကြေးတို့အပေါ်တွင် ဝင်ရောက်ကစားမှုလည်း တိုးလာမည့်ဟန်ရှိသည်။ သမ္မတထရမ့်နှင့်အတူ အစိုးရအဖြစ် အမေရိကစီးပွားရေးကိုင်တွယ်မည့်သူများ မှာ ခရစ်တို တို့ကို စိတ်ဝင်စားသူ ဘီလီယံနာကြီးများဖြစ်သဖြင့် ထရမ့်လက်ထက်တွင် ဒေါ်လာငွေကြေး၏ ကြီးမားသောအပြောင်းများကို မြင်ကြရဖွယ်ရှိပါ၏။ တနည်းအားဖြင့် အမေရိကစီးပွား‌ရေးသည် ခေတ်ပြောင်းလမ်းဆုံကြီးတခုပေါ်တွင်ရပ်နေသည် ဆိုချင်ဆို။


“လက်ယာစွန်းတို့ခေတ်”
၂၀၂၄သည် ကမ္ဘာနိုင်ငံ တို့၏ ရွေးကောက်ပွဲနှစ်ဖြစ်သည်။ ကမ္ဘာလူဦးရေတဝက်မျှရှိသော နိုင်ငံပေါင်း ၇၀မျှတွင် ရွေးကောက်ပွဲကျင်းပခဲ့ပြီး အမေရိကအပါအဝင် ဥရောပနိုင်ငံရွေးကောက်ပွဲများမှာ ညာယိမ်းသွားကြပြီး ဂျာမဏီနှင့် ပြင်သစ်တို့မှာ ညာအစွန်းရောက်များ၏ ပါတီ/ခေါင်းဆောင်များ ခေါင်းထောင်နိုင်ခဲ့ကြ၏။


“အပူဆုံးနှစ် ၂၀၂၄”
ကမ္ဘာပူနွေးလာမှုသည် အချက်အလက်ဖြစ်၏၊ ယခုနှစ် ၂၀၂၄ သည် မနှစ်စံချိန်ထပ်ချိုးကာ လူ့သမိုင်း၏ မှတ်တမ်းထားနိုင်သော အပူဆုံးနှစ်အဖြစ်စံချိန်သစ်တင်ပါသည်။ စက်မှုခေတ်ပြောင်းတော်လှန်ရေးခေတ်ကထက် 1.5 Cပိုပူခဲ့ပြီ။ အပူကြောင့် ဆိုင်ရာဆက်နွယ်မှုများလာနေသည်ဖြစ်ရာ လူနေမရ ဒေသများတိုးလာမည်ဖြစ်၍ နိုင်ငံကြီးတို့သည် ပြောင်းခိုသူ ပြည်ဝင်လူဝင်မှုပြဿနာများတိုး၍ ကြုံကြရရန်ရှိလေသည်။ ၂၀၂၅ သည် ၂၀၂၄ စံချိန်ထပ်ချိုးမည့်ဟန်လည်း ရှိသည်။
လာမည့် ၂၀၂၅ သည် ဂက်စ်ဆီကားနှင့်ဒီဇယ်ကားများသုံးစွဲမှု ၃ပုံ၂ပုံ ကျဆင်းသွားနိုင်ချေနှင့်အတူ OPEC ရေနံထုတ်နိုင်ငံများ၏ အကျနှစ်ဆိုနိုင်သည်။ အရှေ့အလယ်ပိုင်း၏ ရွှေခေတ်တို့ စ၍မှေးမှိန်လာသည် ဆိုပါစို့။ အဆိုပါ အစ္စလမ်မစ်နိုင်ငံများ၏ အပြောင်းဂယက်သည် ကမ္ဘာတဝှမ်းသို့ရိုက်ခတ်မှုကြီးမည်ဖြစ်၏။


“ဘိုးရင်း၏ကပ်ဆိုး”
၂၀၂၄ ဇန်နဝါရီ ၅ Boeing 737 MAX 9 လေယာဥ်အဆင်းတခါး ဘို့ပလပ်ပြုတ်မှုကြောင့် ပျံသန်းနေစဉ်တခါးလွင့်ထွက်သွားမှုဖြင့် အကြေီးအကျယ်နာမည်ပျက်ခြင်းဖြင့်စခဲ့ရသော ဘိုးရင်းသည်ဒီဇင်ဘာ ၂၉ ၂၀၂၄ ည် Boeing 737-800 ၏ မီးလောင်ပေါက်ကွဲပြေးလမ်းဆင်းခြင်းဖြင့်အဆုံးသတ်ခဲ့ရာ ၂၀၂၄ သည်ဘိုးရင်းအတွက် ကံကြမ္မာငင်နှစ်ဟုဆိုရမည်။
လေယာဉ်တို့၏ ဘုရားတဆူဖြစ်သော ဘိုးရင်း၏ပြိူင်ဖက်မှာ ဥရောပ၏ Airbus နှင့် ချိုင်းနား ၏ COMAC တို့ကို စျေးကွက်ကြီးများ ခွဲပေးရမည့်နှစ်တို့စောင့်နေလေသည်။


“အမျိုးကိုစောင့်ရှောက်ခြင်းသည် မင်္ဂလာ”
၂၀၂၄ မြန်မာ့အခြေအနေမှာ ရလဒ်ပြတ်သားစွာ မပေါ်သေး ရှုပ်ထွေးနေဆဲဖြစ်ပါသည်။ မြန်မာပြည်တွင်းစစ်ဋ္ဌာနချုပ်ကြီးများ ၁၄ခုတွင် ၂ခု(ရမခ နှင့် နပခ )လက်လွတ်ထားရသော မြန်မာစစ်တပ်သည် ယခုထိ ရုရှား၏နောက်ခံပေးမှုကို အပြည့်ရထားသေးသည်။ တိုင်းရင်းသားလက်နက်ကိုင်များအားလုံးလိုလို၏ ဒရုန်း၊ လက်နက်ခဲယမ်းမီးကျောက်နှင့် စစ်အသုံးအဆောင်များမူလသည် “ရွေသမင်ဘယ်ကထွက် မင်းကြီးတာမှထွက်”ဟုသာ ဆိုရမည်ဖြစ်၍ မင်းကြီးတာ-ချိုင်းနားမှာမူ မဟာဗျူဟာအရ နောက်ကွယ်မှထိရောက်စွာ ဝင်ကစားဆဲဟု မြင်သည်။ ၂၀၂၅တွင် ရှိသော ရုရှား၏အားအင်ချိနဲ့လာသော အခြေအနေနှင့် အမေရိကသမ္မတထရမ့်၏ပေါ်လစီအပေါ်တွင် မူတည်ပြီး အဖြေထွက်မည်ဖြစ်ပါ၏။ ၂၀၂၅ တွင် နိုင်ငံရေး/စစ်ရေး အပြောင်းအလဲကို တွေ့ကြုံရမည်ထင်သည်။

သေချာသည်မှာ ရွေးကောက်ခံသမ္မတထရမ့်၏ ရွေးကောက်ပွဲ”အထူး”ကတိဖြစ်သော အမေရိကပြည်တွင်းမှ လူများနှင်ထုတ်ရန်ဖြစ်သည်။ အမေရိကသမိုင်းအဆက်ဆက် လူနှင်ထုတ် စစ်ဆင်ရေးကြီးများ ( Alien Enemies Act of 1798, Irish Expulsion (mid-1800s), Chinese Exclusion Act (1882), The Palmer Raids and the “Soviet Ark”(Sedition Act of 1918 ), “Mexican Repatriation”(1930s), “Operation Wetback”(1950-1955) The Deporter-in-Chief/ Obama (2009 -2017)) ကိုလေ့လာပါက တကယ်တန်းပြန်နှင်လွှတ်ချိန်တွင် ခိုးဝင်-တရားမဝင်/တရားဝင်-ရာဇဝတ်မှုကျူးသူ ဟူ၍ စစ်ဆေးနေခြင်း ထက် အမေရိကပြည်ပေါက် အမေရိကန်စစ်ဒဇင်သော မကြည့် စစ်ဆင်ရေးအရ သိန်းချီပါသွားဖူးသည်ကိုတွေ့ရ၏။
ယခု သမ္မတထရမ့်၏ “Operation Aurora” တွင် မည်သူပါသွားမည်နည်းမသိ။ သေချာသည်မှာ လာမည့် လေးနှစ်သည် အမေရိကသမိုင်းတွင် အကြီးဆုံးအများဆုံးနှင်ထုတ်မှုကြီးဖြစ်မည်တည်း ။ဤသည်မှာ အမေရိကသို့ပြောင်းခိုနေသူ အင်မီးဂရန့်များအတွက် သတိကြီးစွာထားစရာဖြစ်၏။

ရှိနေပြနေသော နိုင်ငံရေး စစ်ရေး စီးပွားရေး အညွှန်းကိန်းများအရ ၂၀၂၅သည် အထူးကောင်းသော လာခြင်းဟု ဤသူမမြင်။
ပြီးသွားနိုင်သောစစ်ပွဲများနှင့် အသစ်ပြင်နေသော စစ်ပွဲသဏ္ဍန်များတွေ့ရသည်။ လာနေနိုင်သော ကပ်ကြီးများ နှင်ထုတ်မှုများ တွင်ကိုယ့်နိုင်ငံသား လူမျိုးကို တတ်နိုင်သလောက် စောင့်ရှောက်ကြပါဟူ၍ နှစ်သစ်တိုက်တွန်းလိုက်ရပါကြောင်း။