Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Erasmus Mundus – IMSE Scholarships

etoneSeptember 9, 20101min1691

စင်္ကာပူနိုင်ငံရှိ James Cook University (JCU) တွင် မဟာဘွဲ့တက်ရောက်မည့်သူများအတွက် JCU မှ မြန်မာနိုင်ငံတွင် ပထမဆုံးအကြိမ် စကောလားရှစ် ပေးအပ်သွားမည်ဖြစ်ပါသည်။ ယခုနှစ်အောက်တိုဘာလတွင် JCU သို့ MBA (Master of Business Administration), MIT (Master of Information Technology) နှင့် Joint Master Degree ဖြစ်သည့် MBA+MIT (16 months) အပါအဝင်မဟာတန်းများအတွက် ကျောင်းဝင်ခွင့်လျှောက်ထားမည့်သူများထဲမှ ရွေးချယ် ပေးအပ်မည့် စကောလားရှစ်ဖြစ်သည်။ JCU တွင်အထက်ဖော်ပြပါ Master တန်းများကိုတက်ရောက်မည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် မြန်မာနိုင်ငံမှဘွဲ့တစ်ခုသာ ရရှိရန် လိုအပ်ပြီး လုပ်ငန်းအတွေ့အကြုံနှင့် အခြားသော စာမေးပွဲဖြေဆိုထားရန် မလိုအပ်ပါ။ သို့သော် အင်္ဂလိပ်စာအရည်အချင်းစစ် IELTS/ TOEFL မရှိသူများအနေဖြင့် JCU မှစစ်ဆေးသော Internal English Test ကို Future Way Office တွင်ဖြေဆိုရမည်ဖြစ်သည်။ စင်္ကာပူ JCU မှ စကောလားရှစ်ရသူများသည် (S$ 4000 – 8000) ရရှိနိုင်မည်ဖြစ်ပြီး စကောလားရှစ်စာမေးပွဲကို လာမည့်စက်တင်ဘာလ (၁၁)ရက်နေ့တွင် Park Royal Hotel- Ball Room (3) ၌ နေ့လည် (၂)နာရီမှ ညနေ(၄)နာရီ အထိကျင်းပမည်ဖြစ်သည်။ စာမေးပွဲကျင်းပအပြီးတွင် JCU နှင့်ပတ်သတ်သည့် ပညာရေးဆွေးနွေးပွဲကို ညနေ (၄)နာရီမှ (၅)နာရီအထိကျင်းပပြုလုပ်သွားမည်ဖြစ်သည်။

မြန်မာနိုင်ငံမှဘွဲ့တစ်ခုရပြီးသူတိုင်း အခမဲ့ပါဝင်ဖြေဆိုနိုင်သည့် စကောလားရှစ်စာမေးပွဲဖြစ်ပြီး စာမေးပွဲ၌ General Knowledge နှင့် Multiple Choice မေးခွန်းများဖြေဆိုရမည်ဖြစ်သည်။ ထိုစာမေးပွဲကို အခက်အခဲမရှိ ဖြေဆိုနိုင်ရန် Future Way Education & Services မှ ဆရာ၊ ဆရာမများဖြင့် အခမဲ့ သင်တန်းပို့ချ ပေးမည်ဖြစ်သည့်အပြင် Singapore JCU သို့ အောက်တိုဘာလ Master တန်း ကျောင်းဝင်ခွင့်အတွက် Future Way Education & Services မှတဆင့် ကျောင်းအပ်နှံသူတိုင်းကို လေယာဉ်လက်မှတ် (One Way Ticket) ကိုပါ အခမဲ့ပေးမည်ဖြစ်သည်။ ထို့အပြင် အထူးအစီအစဉ်အဖြစ် စင်္ကာပူနိုင်ငံ JCU မှ Mr.Det Fischer သည် ၁၂ ရက်နေ့ မနက် ၁ဝ နာရီမှ ၁၂ နာရီအထိ တစ်ဦးချင်းဆွေးနွေးလိုသောကျောင်းသား၊ ကျောင်းသူများအတွက် Future Way ရုံးခန်းတွင် တစ်ဦးချင်းအသေးစိတ် ဆွေးနွေးပေးမည်ဖြစ်သည်။

စကောလားရှစ်စာမေးပွဲပါဝင်ဖြေဆိုလိုသူများနှင့် အသေးစိတ်သိလိုသူများသည် အမှတ် (၉)၊ အခန်း(၆)အေ၊ ယောမင်းကြီးလမ်းသွယ် (သမ္မတရုပ်ရှင်ရုံဘေး) သမ္မတကွန်ဒိုရှိ Future Way Education & Services (ဖုန်း – 01-241099 ၊ 254185) ကိုဆက်သွယ်စုံစမ်းစာရင်းပေးသွင်းပြီး စာမေးပွဲအကြိုပြင်ဆင်မှုသင်တန်းကို အခမဲ့တက်ရောက်နိုင်ပါသည်။ James Cook University (JCU) သည် ဩစတြေးလျနိုင်ငံရှိ အစိုးရတက္ကသိုလ်တစ်ခုဖြစ်ပြီး ထိပ်တန်း တက္ကသိုလ်များစာရင်းဝင်ဖြစ်သည်။ JCU တွင် Townsville Campus, Cairns Campus များရှိပြီး Singapore JCU Campus သည်လည်းတစ်ခုအပါအဝင်ဖြစ်သည်။ Singapore JCU သည် ဩစတြေးလျနိုင်ငံသို့သွားရန်မလိုပဲ နိုင်ငံတကာအဆင့်မီ ဩစတြေးလျဘွဲ့ နှင့် မဟာဘွဲ့များ၊ ပါရဂူဘွဲ့များကို စင်္ကာပူတွင်ပင် သင်ယူရရှိနိုင်ပြီး အချိန်မရွေးစင်္ကာပူမှ ဩစတြေးလျသို့ ကျောင်းပြောင်းတက်နိုင်သည်။ ထူးခြားချက်မှာ Bachelor ဘွဲ့ရရှိမည့် Undergraduate တန်းများသည် ၂ နှစ်သာတက်ရောက်ရပြီး Master Degree အတန်းများသည်လည်း ၁ နှစ်သာတက်ရောက်ရသောကြောင့် အချိန်ကုန်ငွေကုန် သက်သာစွာဖြင့် လုပ်ငန်းခွင်သို့ဝင်နိုင်ခြင်းပင်ဖြစ်သည်။ ထို့အပြင် Singapore JCU မှ ကျောင်းပြီးသွားသော ကျောင်းသူ/ကျောင်းသားများအနေဖြင့် စင်္ကာပူတွင်အလုပ်ရှာဖွေနေထိုင်ခွင့် EPEC (Employment Pass Eligibility Certificate) တစ်နှစ်ကိုလျှောက်ထားရရှိနိုင်ကြောင်းသိရသည်။

One comment

  • morenyan

    March 22, 2011 at 3:55 am

    စကောလားရှစ် သတင်းတွေတင်ပေးတာကောင်းပါတယ်။

Leave a Reply