Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

သူတောင်းစား ၏ သမီးကိုရိုက်လိုက်ခြင်း

မမေလးSeptember 23, 20101min38614

( ဒါဟာ ဖြစ်ရပ်မှန်တစ်ခုပါပဲ စိတ်ကူးယဉ်ပြီး ရေးချင်တိုင်း လျှောက်ရေး နေတာမဟုတ်ပါဘူး ခင်ဗျာ မယုံသည်ဖြစ်စေ ယုံသည်ဖြစ်စေခင်ဗျာ ဝတ္တု တစ်ပုဒ်လိုပဲ ခံစားနိူင်ကြပါစေလို့ )

ကျွန်တော်ဟာ ဘဝပေးကုသိုလ်ကံ မကောင်းပါဘူးခင်ဗျာ မိဘမဲ့သားသမီးပါဗျာ လူကတော့ မဆင်းရဲပေမယ့် စိတ်ကတော့ တော်တော့်ကို ဆင်းရဲပါတယ် အမှန်အကန်ကြီးကို ဆင်းရဲတွင်းထဲ နက်နေပါတယ်ဗျာ ဒါကြောင့်လူတောထဲကို မဝင်ရဲသလိုပဲ ခံစားရတယ်ဗျ ကျွန်တော်က ကျေင်းသားဆိုတော့လေ ဘယ်လိုပြောရမှာလဲ ဟိုတစ်နည်းအားဖြင် ့အားငယ်စိတ်ရှိတဲ့သူပေါ့ ကျောင်းက သူငယ်ချင်းတွေ ဆိုရင်လေ ဆိုးချင်သလိုဆိုး ကောင်းချင်သလိုကောင်း ကောင်းကောင်း ဆိုးဆိုး သူတို့နောက်မှာမိဘ ဆိုတာရှိတယ်ဗျ ကျွန်တော်ဆိုရင် ကောင်းကောင်း ဆိုးဆိုး ဘာကြီးပဲဖြစ်နေပါစေဗျာ ဘယ်သူမှာ့ ဂရုကိုမစိုက်တာဗျ ကျွန်တော်ရဲ့အမျိုးတွေလည်း ဂရုမစိုက်တာ ကျွန်တော့် ဘဝကိုခံပြင်းတယ်ဗျာ

မှတ်မိသေးတယ်ဗျ ၁ဝတန်းတုန်းကပေါ့ ကျွန်တော်ဟာ ကျွန်တော်နေတာကို ရန်လာလုပ်တယ်ဗျ စကားနဲ့ဆိုရင်တော့လေ ကျွန်တော်ခွင့်လွတ်ပေးပါတယ် ဒါပေမယ့် ကိုယ်ထိလက်ရောက်ဆိုတော့လေ ကျွန်တော် သည်းမခံနိူင်တဲ့ နောက်ဆုံး ပြန်ထိုးပစ်လိုက်တာ ရုံးခန်းရောက်သွားတယ်ဗျ အင်း ရုံးခန်းရောက်တော့ မိဘခေါ်ခိုင်းတာပေါ့ နှစ်ယောက်လုံးကိုလေ ကျွန်တော် အစ်ကိုပါပဲ ဝမ်းခွဲပေါ့ ရောက်လာတယ် ကျွန်တော်ကိုလေ ရုံးခန်းထဲမှာ ၄ ၅ချက်လောက်ရှိမယ်ဗျ အားရပါးရထိုးတာ ကျွန်တော် တော်တော်ကိုခံလိုက်ရတယ်ဗျ ပြောပြောပြီး ထိုးတာပေါ့နော(မင်းကိုမင်း ဘာထင်နေလဲ လူမိုက်လား မင်းက ငါ့အမျိုးဆိုလို့ သနားလို့ကျောင်းထားပေးတာကို မင်းဒီလိုကျေးဇူးဆပ်သလားတဲ့) ပြောပါသေးတယ် အများကြီးလေ ထားလိုက်ပါတော့

အဲ့ဒီအချိန်ဟိုကောင်ရဲ့မိဘက မရောက်သေးဘူးလေ ထိုးပြီးမှ ရောက်လာတယ် သူ့မိဘတွေကဘယ်လိုပြောတယ် ထင်လဲဗျ ( ငါ့သား ရန်ဖြစ်တယ်ဆိုလို့စိတ်ပူလိုက်တာ ဘာဖြစ်သွားသေးလဲ ငါ့သား ကို ဘယ်ကောင်ထိုးလိုက်တာလဲ ပြောစမ်း အသေကိုသတ်ပစ်မယ် အော် မင်းက ငါ့သားကို ထိုးတဲ့ကောင်လား အေး နောက်တစ်ခါ ဆိုရင် မင်းသေပြီသာမှတ်တဲ့ (သူ့အဖေကပေါ့) ဆရာမကြီးလည်း ကျွန်တော်ကို မျက်စောင်းကြီးနဲ့ဗျ အကိုကဝင်ပြောပါတယ် (ဆရာမကြီး ခင်ဗျာ သူကကျွန်တော်တို့နဲ့ဘာမှာ့မဆိုင်ပါဘူး အမျိုးမို့လို့တာ မကောင်းတတ်လို့ကျောင်းထားပေးတာပါ ဒီတစ်ခါ ရန်ဖြစ်တယ်ဆိုရင် ကျွန်တော်တို့အုပ်ထိန်းသူတွေကို မေးမနေပါနဲ့ ကျောင်းသာထုတ်ပစ်လိုက် ဘာလုပ်မှာလည်း မဟုတ်ဘူးလား ကျောင်းထားပေးတာ ငွေလည်းကုန်တယ် အရှက်လည်းကွဲတယ်) ဒီတစ်ခါတော့ခွင့်လွတ်ပေးမယ် လူကြီးတွေမို့လို့ ငါဘာမှ့ထပ်မပြောချင်ဘူး ပြောရင်ငါပဲမှားတယ်ဖြစ်နေဦးမယ်)တဲ့ ဒါတောင်ကျွန်တော်နာတဲ့ စကားလုံးတွေအများကြီးကျန်သေးတယ်ဗျ ပြောမကောင်းလို့ပါ ဒီလောက်နဲ့ဆိုရပါပြီ နောက်တော့ ဟိုကောင်မိဘကလေ (ငါ့သား ဘယ်နားနာသွားလဲ လာဆေးခန်းသွားမယ် နောက်တစ်ခါ ရန်ဖြစ်ချင်တယ်ဆိုရင် မေမေတို့ကိုခေါ် တစ်ခါထဲ အမုန့်ကိုချေပစ်မယ် ဟွန်း ငါ့ကိုများ ဘာထင်နေလဲ ဘာညာပေါ့နော် ပလိန်းကြီးကို ခွပ်သွားတာဗျ ဒါနဲ့သွားလိုက်ရော ဆရာမကလည်း ကြားတယ်နော် နောက်တစ်ခါဆိုရင် ကျောင်းထုတ်ပြီသာမှတ် သွားတော့တဲ့

ကျွန်တော် ဘယ်လို နားလည်ရမလဲ သူကလည်း ကျွန်တော့်ကို စပြီးထိုးသေးတယ် ကျွန်တော်က ခံလိုက်ရတာဗျ နောက်အစ်ကိုကလည်း ထိုးသေးတယ်ဗျ အဆဲကလည်းခံရသေးတယ်ဗျ ဘာတွေလည်း စဉ်းစားလို့ကိုမရတာ လောကကြီးကပဲ မတရားတာလား နားမလည်နိူင်ဘူးခင်ဗျာ ဘာကြောင့်လဲဗျ သိရင်ဖြေပါဦး နောက်ဆုံး တရားနဲ့ဖြေရတာပေါ့ ဗျာ အရင်ဘဝက အကုသိုလ်ကံကြောင့် ရှေးဘဝက ဝဍ်ကျွေးတွေကို ခုဆပ်နေရတယ်လို့ပေါ့နော

အင်းဗျာ နောက်တစ်နေ့ကျောင်းတောင်မသွားနိူင်ဘူး မျက်ခွက်တစ်ခုလုံးကို ယောင်ကိုင်းနေတာပဲဗျ ဒီလိုနဲ့ ၁ဝတန်း စာမေးပွဲ ဖြေကြတာပေါ့နော အင်း တိုက်ဆိုင်တယ်ဗျ နောက်ဆုံးဖြေတဲ့နေ့ပေါ့ ကျွန်တော်က BIO တွဲပါ ဖြေပြီးပြန် အထွက်ပေါ့ ကျွန်တော်ကို ရွာမှာနေတဲ့ သူငယ်ချင်း ခေါ်တယ်ဗျ လိုက်ခဲ့ရွာကိုပေါ့ မင်းလည်းစိတ်ညစ်နေတာ စိတ်လေးဘာလေးကို ကုစားတဲ့အနေနဲ့ပေါ့ကွာ လာပါ သူငယ်ချင်း မနက်ဖြန် ငါလိုက်ပို့မယ်ကွာတဲ့ ကျွန်တော်လည်း စိတ်ညစ်နေတာ လိုက်သွားတယ်ဗျ သူငယ်ချင်းနှစ်ယောက်ဆိုင်ကယ်လေးနဲ့ပေါ့ဗျ စာအကြောင်းလေးတွေ ပြောရင်း သွားကြတာပေါ့ ဒီလိုနဲ့ဗျာ သူ့ရွာ ကို ရောက်ဖို့တစ်ဝက်လောက် အလိုမှာပေါ့ ဆိုင်ကယ် ဘီးကပေါက်သွားတယ်ဗျ သူငယ်ချင်းနှစ်ယောက်တောင်ဆဲမြောက်ဆဲနဲ့ တွန်းရတာပေါ့နော သိပ်မတွန်းလိုက်ရပါဘူး ရှေ့မှာရွာတစ်ရွာတွေ့တယ် ပျော်သွားတာပေါ့

ဒါနဲ့ဘီးဖာဆိုင်ကိုရှာတာပေါ့ ဆိုင်ကယ်ဘီးဖာဆိုင်တော့ အဲ့ဒီရွာမှာမရှိဘူးတဲ့ခင်ဗျာ နောက်ဆုံး စက်ဘီးဆိုင်မှာ ပဲဖြစ်သလိုဖာကြတာပေါ့ စက်ဘီးဆရာနဲ့သူငယ်ချင်းကဆိုင်ကယ်ကိုပြင်နေတာပေါ့ ကျွန်တော်ကကြာတော့ ပျင်းလာတာနဲ့ရောက်တုန်းရောက်ခိုက်ဒီရွာလေးကို လေ့လာမယ်ပေါ့ သူငယ်ချင်းကို ပြောပြီး လျှောက်သွားတာပေါ့ဗျာ သိပ်မကြာဘူးဗျ ရှေ့အိမ် တစ်အိမ်မှာ ရန်ဖြစ်သံတွေ ကြားရတယ်ဗျ ရန်ဆိုလို့ကျွန်တော်လည်းစပ်စုကြည့်တာပေါ့ တော်တော်ကို စိတ်ဝင်စားဖို့ကောင်းတယ်ဗျ သိချင်လို့ ကျွန်တော်သူတို့ အိမ်နားကို ကပ်ပြီးသူတို့ ပြောတဲ့စကားတွေကို နားထောင်မိတယ်ဗျ ကိုယ့် နားတောင်မယုံဘူးခငိဗျ မျက်လုံးတောင် အပြင်ကို ပြူးထွက်သွားတာပဲဗျ

ဒီလိုသူတို့ပြောတဲ့စကားတွေကလေ (ခွေးမ နင်ဒီနေ့ဒီလောက်ပဲရတာလား စောက်သုံးကို မကျဘူး ဒီငွေလေးတွေနဲ့ ဘယ်လို ထမင်းစားမလဲ ဒီမှာ မိတ်ကပ်ကုန်နေလို့ပါဆို ဝယ်မလို့လုပ်နေတာ ခုနင်အသုံးမကျလို့ ငါဝယ်လို့မရတော့ဘူး နင်တောင်းလာတဲ့ ပိုက်ဆံက (၅၀၀) တောင်မပြည့်ဘူး ဒါလေးနဲ့ဘယ်လိုဆန်ဝယ်မလဲ) တဲ့ ကျွန်တော် ပိုပြီးစိတ်ဝင်စားလာတယ်ဗျ မိန်းမနှစ်ယောက် ရန်ဖြစ်တာဆိုတော့လေ ပြီးတော့အသံ တစ်ယောက်ကအသံစူးစူး နောက်တစ်ယောက်က အသံအိုအို အားမရှိတဲ့အသံမျိုးတွေဗျ ကျွန်တော်စိတ်က အဝေးကနေ နားထောင်ရတာ မတင်းတိမ်နိူင်တော့ဘူးဗျ ဒါနဲ့သူတို့အိမ်နားကို ကပ်တယ် ရွာဆိုတော့ ခြံစည်းရိုးမခပ်တဲ့ အိမ်ခပ်များများလေဗျ ကျွန်တော်အတွက်တော့ မိုက်သွားတယ်ဗျ နောက်အိမ်က ထရံအိမ်ဆိုတော့ ချောင်းရတာ အဆင်ပြေတယ်ဗျ ဒါနဲ့ချောင်းတာပေါ့

ကိုယ့်မျက်စိတောင်မယုံဘူးဗျ အသက်၈၅ ၈ရ လောက်ရှိတဲ့အဖွားကြီးကို အသက်၂ဝ ၂၅ လောက်ရှိတဲ ့မိန်းမကဆဲနေတာဗျ စုံနေတာပဲ သားအမိတွေလို့ထင်တယ်ဗျ အဖွားကပြောတယ်ဗျ( အော် သမီးရယ် ဒီနေ့မိုးရွာလို့အမေ ဝေးဝေးမသွားနိူင်ဘူး ဈေးကလည်းမိုးရွာလို့လူတွေသိပ်မလာဘူး ဒါကြောင့်အမေနဲနဲပဲရတာ နောက်နေ့မိုးမရွာရင် အမေလေ သမီးအဝတ်တစ်ထည်လောက်ဝယ်နိူင်အောင် တောင်းလာခဲ့ပါမယ်နော်) သူ့သမီး ဒီလိုပြန်ပြောတယ်ဗျ( အော် ကောင်မ နင်ဒါမျိုးပြောတာ များနေပြီ တော်တော့ ဘာမှ ထပ်မကြားချင်ဘူး ဒီနေ့ နင်အငတ်နေ ထမင်းမစားနဲ့) တဲ့ သူ့အမေကပြန်ပြောတယ်ဗျ(အော်သမီးရယ် အမေ့ကို သနားပါနော် အမေ ဒါလေးနဲ့ပဲ အသက်ဆက်နေတာ အမေတောင်းရသမျှှ ပိုက်ဆံတောင် အမေ ဘာမှမဝယ်စားဘူး အကုန်လုံးကို သမီးကိုပဲပေးတာပဲ)တဲ့

သေသေချာချာ ခံစားကြည့်ပါ (ခု ရေးနေတဲ့ ကျွန်တော်တော့ မျက်ရည်ကျ နေပြီး ရင်ထဲတော်တော်ကို နာနေတာဗျ ) သူ့သမီးက ( ဘာမှ လာမပြောနဲ့နင်ဒီနေ့တော့ ငတ်ပေတော့ ငါသွားပြီ ) တဲ့ သူ့အမေက ( သမီးရယ် ဒီလိုတော့ မရက်စက်ပါနဲ့နော် အမေ တောင်းပန်ပါတယ် ထိုင်ကန်တော့ ဆိုလည်း အမေ ကန်တော့ပါတယ်နော်)တဲ့ ကျွန်တော် ကြည့်ရင်း ကြည့်ရင်းနဲ့ကိုမျက်ရည်တွေ အတောင့်လိုက်ကိုကျတာဗျ တစ်ကယ်ကို ဝမ်းနည်းတယ်ဗျာ သူ့သမီးက ( လွတ် ဟဲ့ကောင်မ ငါနင့်ကိုရိုက်မှ လွတ်မှာလား လွတ် ) တဲ့ သူက ၊ အမေက (သမီးရယ် အမေ့ကိုသာ အသေ သတ်လိုက်ပါတော့ ) သူသမီးကလေ ( အေး နင်ဒီလောက်သေချင်ရင ်နင့်ဆန္ဒကို ဖြည့်ပေးမယ်ဆိုပြီး လက်နဲ့အားရပါးရကြီး ရိုက်တာ သူကအမေခမျာ သနားပါတယ် ခင်ဗျာ ဘာမှ ပြန်မလုပ်ဘူးဗျ သမီးစိတ်ချမ်းသာရင် ပြီးရောဆိုပြီး ငြိမ်ခံနေတဲ့ပုံဗျ

ဒီလိုဆိုတော့ ကျွန်တော့် ရင်ထဲလေ မီးတောင်ကွဲသလို ထကွဲတာဗျ ရင်ထဲကို တစ်ဆစ်ဆစ် နာလာတာလေ နောက်ဆုံး ကျွန်တော်လေ ဘာမှ့မမြင်တော့ဘူး ဂရုနာဒေါသ ၊ ခွပြင်းဒေါသတွေ ငယ်ထိပ်ကို ရောက်နေပြီ ဘာမှမစဉ်းစားတော့ဘူးဗျ ဒါမျိူးတော့ ကျွန်တော် လူသားတစ်ယောက် အနေနဲ့ဒါမျိုးကို တော်တော်မုန်းတာ ကျွန်တော်လည်းခံဘူးတယ်လေဗျ ဒါနဲ့သူတို့ အိမ်ထဲပြေးဝင်ပြီး ဘာမှ့လည်း မမေးတော့ဘူးဗျ ပြောလည်းမပြောဘူး ပြေးထိုးတာ သူမှောက်သွားတာနဲ့သူပေါ်ကိုခွပြီး စိတ်သွားတိုင်း လက်သီးက လိုက်တာပဲဗျ ဘယ်လောက် ထိုးပစ်လိုက်လဲတောင် မမှတ်မိဘူးဗျ သူငယ်ချင်းလာဆွဲမှ သတိဝင်လာတာ ။

ဝမ်းနည်းမိပါတယ် သူငယ်ချင်းရယ် မင်းကိုပါ ငါထိုးလိုက်တဲ့ အတွက်နော် ငါမုန်းတယ် ဒီခွေးမကို အမေကို ကိုက်တဲ့ခွေးမ ငါသတ်ချင်တာ ဒီခွေးမကို ဘေးဖယ်နေပါကွာ လို့ပြောပြီး ကျွန်တော်ကိုဆွဲလို့ဆို သူ့ကိုပါ ထိုးပစ်လိုက်တာဗျ ၊ သူငယ်ချင်းက နောင့်စိတ်ထိန်းပါကွာတဲ့ နောက်တော့ ကျွန်တော်လေ သူ့အမေကိုလှမ်းကြည့်မိတယ် ( အင်းသမီးလေးတော့ သေပါပြီ မလုပ်ကြပါနဲ့ငါ့သမီးကို နင်တို့ရိုက်ချင်ရင် ငါ့ကိုရိုက်ပါတဲ့ ကြည့်ကြပါဦးဗျာ မိဘမေတ္တာ ဘယ်လောက်ကြီးမားသလဲ သူအရိုက်ခံရတာတောင် သူ့သမီးကို အပြစ်မမြင်ဘူးနော် ကျွန်တော် ငိုမိတယ်ဗျ ခုရေးရင်းတောင် ရင်ထဲ မွမ်းကျပ်နေပြီခင်ဗျာ နောက်ဆက် ဖြစ်တဲ့ဟာတွေတော့ ကျွန်တော် လျို့ဝှတ်ထားပါရစေ ခင်ဗျာ ရေးလို့သိပ်မကောင်းလို့ပါ ဒါဖြစ်ရပ်မှန်တွေပါပဲခင်ဗျ ကျောင်းနဲ့ အချိန် ပြင်ထားတာပါလို့ကျွန်တော် ဝန်ခံပါရစေခင်ဗျာ

ဖြူစင်သောခင်မင်မူဖြင့်စိုင်းနောင့်

( သက်တန့်ချိုမှ ရရှိပါသည် )

14 comments

  • intro

    September 24, 2010 at 12:27 pm

    မူရင်းစာရေးသူ ဝင်ရိုက်တာ မလွန်ပါဘူးဗျာ… သူ့နေရာမှာ ကျွန်တော်ဆိုရင်လဲ စိတ်မထိန်းနိုင်ရင် ဝင်မရိုက်မိသည့်တိုင်အောင် တစ်ခုခု ပြောမိ/လုပ်မိ လိမ့်မယ် ထင်တယ်…

  • Aung Myat Way

    September 7, 2011 at 3:27 pm

    ကျနော်ကတော့လူယာဉ်ကျေးမှုအရအနာတရဖြစ်အောင်
    မလုပ်သင့်ဘူးလို့မြင်ပါတယ် ပညာရှိတွေပြောပြောနေတဲ့
    ဥပဒေဆိုတာလူသားအတွက် ဥပဒေဘက်တော်သား
    ရဲမင်းကြီးတွေရှတယ်နော်ကိုယ်လူ

  • mgmglusoe

    September 7, 2011 at 4:18 pm

    ယဉ်ကျေးမှု အရတော့ မှန်ကန်ပါတယ်… ကံ ကံ၏ အကျိုး ပြုသူ ခံစားရမှာ ပါ၊ သို့ပေမဲ့လည်း ..
    ကျနော် ဆိုရင်လဲ ဘယ်လိုလုပ်မိမယ်ဆိုတာ မပြောတတ်တော့ဘူးဗျာ… တစ်ခုခုတော့ လုပ်မိမှာတော့
    အသေချာပါပဲ…။

  • chitlay

    September 7, 2011 at 4:38 pm

    ဪ … ငရဲမကြောက် ဘာမကြောက် ဒီလိုသမီးတွေလဲ ရှိသေးသကိုး။

  • zawmaung

    September 7, 2011 at 6:16 pm

    မြင်တော့မှ သိ ၊ ကြုံဖူးမှ ယုံ

    e-tone , i use your thread post. Pls allow me .

    There are many , parents ask their daughter to prostitution and children ask parents for the bagging. This can’t blame to the economic only. All depend on the individual and of course one of the factor is bad economic.

  • water-melon

    September 7, 2011 at 7:41 pm

    ခုခေတ်က ငရဲလည်း မကြောက်ကြတော့ပါဘူး။ရိုင်းချင်ရာ ရိုင်းနေတာကြတာ။မိဘဆိုတာ သားသမီးကို ကောင်းစားစေချင်တဲ့ ဆန္ဒဘဲရှိတာပါ။ဝဋ် ဆိုတာကို မကြောက်ကြပါလား။

  • nature

    September 7, 2011 at 8:27 pm

    နားရှိလို့သာကြားရတယ်။ယုံတောင်မယုံချင်ဘူး။

  • thuyaungmel

    September 7, 2011 at 9:11 pm

    တကယ်အဲလို သမီးမျိုးရှိတယ်လား.. မယုံနိုင်အောင်ပါပဲ…. ဗုဒ္ဓဘာသာ မြန်မာနိုင်ငံတော်ကြီးမှာ…. ငရဲမကြောက် ဝဋ်မကြောက်နော်……..

    • kai

      September 8, 2011 at 4:01 am

      ပါတ်ဝန်းကျင်က.အိမ်တွေ…လူတွေ.. ဘာတွေများလုပ်နေကြသလည်း.. ထပ်သိချင်မိသား…။
      အင်း…
      လူသားချင်းဆက်ဆံရေးတွေ… စံနစ်တကျကို .. ပျက်စီးနေတော့တာပါပဲ..။

  • MaMa

    September 8, 2011 at 7:53 am

    အယ်- ဘာမှ မပြောတတ်တော့ဘူး။ ဘကြီးပုစကား ထည့်သုံးလိုက်မယ်။
    အနိစ္စ၊ ဒုက္ခ၊ အနတ္တ…..

  • ကြောင်ကြီး

    September 8, 2011 at 8:09 am

    ဖြစ်သင့်တာ သက်ဆိုင်ရာလွှတ်တော်အမတ်ထံသွားရောက် တိုင်ကြားရမှာ။ ဟိုမှာက လွှတ်တော်ထဲ ဆွေးနွေးချင်လို့ ဘေးလွတ်ရန်လွတ် နိုင်ငံရေးကိစ္စကလွဲရင် ဘာလာလာ လက်ခံတင်ပြပေးမယ်လို့ အမှုပွဲစားကိုတောင် ပြောထားဆိုပဲ…။

  • မီးမီး သော်

    September 8, 2011 at 1:06 pm

    စိတ်မချမ်းသာလိုက်တာနော်။ခုလိုမျိုးသားသမီးတွေများ ငရဲကိုမကြောက်ကြဘူးထင်ပါတယ်။

  • နွယ်ပင်

    September 8, 2011 at 1:34 pm

    ဖတ်ရတာ စိတ်ထဲမကောင်းလိုက်တာ စာရေးသူမပြောနဲ့ စာဖတ်နေတဲ့သူတောင် ခံပြင်းတယ်
    ဒီလို သားသမီးမျိုးလဲ ရှိသေးတာပဲနော ်….

  • မြစပဲရိုး

    July 10, 2015 at 8:41 pm

    ဘာတွေ ဖြစ်ကုန် လည်း မသိ။
    မှတ်ချက်ပေး ထားက http://myanmargazette.net/26674 ဒီမှာ။
    မှတ်ချက် ဘေးပြီး ဘေးကော်လံ က ဟာ ကို ပြန်နှိပ်ဝင်တော့ ပေါ်လာတာ က အခု ပို့စ် ဖြစ်နေရော။
    ကျန်သူတွေ ဝင်ရင် ဒီလိုဘဲလား ဆက်ကြည့်ရမယ်။
    .ကောင်းပါ့။ မဖတ်ဖြစ်တာတွေ ဆက်ဖတ်သွားရတာပေါ့။

    ဒါကတော့ ကလေး ကို ငယ်တုန်းက သွန်သင်မှု အားနဲခဲ့၊ လွဲခဲ့ တာ ဖြစ်ဖို့ များမှာပါ။
    သူ့တာဝန်သူ မကျေခဲ့ တာ လို့ ဘဲ တွေးပြီး သာ ဖြေကြပါတော့။
    တကယ်တော့ ကိုယ်ကိုယ်တိုင် လဲ အမေပါ။

Leave a Reply