Do & Don’t – Rules for Writers – Must Read!

kaiSeptember 24, 20102min5372294

Xmas

မတူသောအတွေးနှင့် ကိုယ်ပိုင်စာ ချရေးပါ

တိုင်စာတင်လို့ရဖို့ ( Report this post (သတင်းပို့ရန်အတွက်သာ))ထည့်ပြီးနောက်မှာ တိုင်စာတွေ အလွန်များပြားစွာရပါတယ်။ Direct email တွေလည်း အများကြီးရပါတယ်။ အဲဒီမှာ ဝမ်းနည်းစရာကောင်းတာတွေ့ရတာပါ။

၁) – စာခိုးခံရသူတွေအတွက် ဒီဝက်ဘ်ဆိုက်ဖက်က ဖြေရှင်းစာ ရေးပါမယ်။
Mandalay Gazette Website ကို Forum လိုသဘောထားမြင်ကြည့်ပါ။ Member ဖြစ်ပြီးရင် စာတင်ချင်တဲ့သူက စာတွေတင်ချင်သလိုတင်နိုင်တာပါ။ အဲဒီတင်တဲ့စာကို တင်သူကိုယ်တိုင်တာဝန်ယူနိုင်ရမှာပေါ့။ Admin, Editorsတို့ ဘယ်လိုနည်းနဲ့ သူများစာတွေမှန်းသိနိုင်မှာလည်း။ တက်လာတဲ့စာကို Editorက ဘယ်လိုလုပ်တာဝန်ယူနိုင်မှာလည်း၊ ယူအက်စ်မှာ ညအချိန်က မြန်မာပြည်မှာနေ့အချိန်မို ့ နာရီနဲ့မလပ်လည်း ကြည့်မနေနိုင်ပါ။ အယ်ဒီတာအဖွဲ ့ကလူတိုင်း နေ့လည်မှာ ပုံမှန်ရုံးအလုပ်သွားပါတယ်။ MG Website အတွက်အချိန်ပြည့်ဘယ်သူမှ အလုပ်လုပ်မနေပါ။

ဒါပေမဲ့တိုင်စာတချို ့မှာ စာတွေခိုးချနေတာ သတင်းစာက တာဝန်မယူနိုင်တာမို ့ ခိုးချမီဒီယာ၊ သူခိုးအားပေးမီဒီယာ၊ ကော်ပီပေ့စ်မီဒီယာ အစုံပြောကြပါတယ်။ အင်မတန်ဝမ်းနည်းစရာပါ။ ငွေကြေးအရလည်း အလုံးစုံအကုန်အကျခံရတယ်။ ဆဲဆို ပြောကြတာလည်းခံရတယ်။

ဆိုတော့ ..တကယ်လည်း သူများစာတွေကူးတင်ကြတာ အလွန်များပါတယ်။ အဲင်္ဒီအတွက်လောလောဆယ်တော့ တောင်းပန်ရမှာပါပဲ။ တကယ်ကို တောင်းပန်ပါတယ်။
တင်တဲ့စာတွေမှာ ခိုးချ၊ ကော်ပီကူးတာတွေများတော့ ဘယ်အယ်ဒီတာမှလည်း ထိုင်မလုပ်ချင်တော့ပါဘူး။ တရက်တရက်တက်လာတဲ့စာတိုင်းလည်း နာရီနဲ့ချီပြီးမစစ်ဆေးနိုင်ပါဘူး။ ဒီဝက်ဘ်ဆိုက်ကို ဖိုရမ်သဘောနဲ့မြင်ကြစေချင်တာပါ။ မင်န်ဘာတိုင်း ကိုယ့်စာကိုယ်.. ကိုယ့်တာဝန်ကိုယ်ယူကြစေချင်တာပါ။ တခြားဖိုရမ်တွေနဲ့မတူတာက ဒီမှာ တရက်တရက် Log in ဝင်လာရင်လည်း ငေ၊ွပေးတယ်. ကော်မန့်ရေးချင်တာရေး ငွေပေးတယ်. စာတင်ချင်တာတင် ငွေပေးတယ်။ ငွေပေးတာနည်းပေမဲ့ လူအရေအတွက်များတာမို ့ ငွေပမာဏ မနည်းလောက်ဘူးလို့ နားလည်နိုင်ပါလိမ့်မယ်။
ဒီအခွင့်အလမ်းကို တလွဲသုံးကြတာမို ့ ပွိုင့်ပေးစံနစ် အားလုံးပြန်စဉ်းစားရပါတော့မယ်။

မြန်မာပြည်မှာ မဂ္ဂဇင်း၊ဂျာနယ်တွေဆီ သတင်းစာမူပို့ရင် မည်သူမဆိုဟာ ပို ့ချင်တာပို့လို့ရပါတယ်။ တိုက်ကိုရောက်ပြီးမှ အယ်ဒီတာက စာတွေဖွင့်ဖေါက်ပြီး တခုချင်းဖတ် .. ကြိုက်တာကိုရွေးချယ်ပါတယ်။ ရွေးချယ်တဲ့စာမူမှာ စာမူပို ့သူက တာဝန်ယူဝန်ခံထားရတာတွေပါပါတယ်။ ကိုယ်တိုင်ရေးဖြစ်ရတယ်။ တခြားတိုက်ကိုပို ့မထားဖူး ဘာသာပြန်ဆို မူရင်းကို ညွှန်းရတယ်။ စတာတွေက သတင်းသမား၊ စာရေးဆရာ၊ စာရေးဆရာဖြစ်လိုသူတိုင်းလိုက်နာရမဲ့ ပြောပြစရာမလိုတဲ့ စည်းကမ်းတွေပါ။ အဲဒီပို ့လာတဲ့စာတွေကို ဒါတွေက သူတပါးစာမူတွေလို့ အယ်ဒီတာက ဘယ်လိုလုပ်စစ်နိုင်မှာလည်း၊ သိနိုင်မှာလည်း..။

သဘောတူတူပဲ… ဒီဝက်ဆိုက်မှာ တင်ချင်တာလာတင်.. အယ်ဒီတာက ဘယ်လိုသိနိုင်မှာလည်း ..။စစ်နိုင်မှာလည်း..။
ဒါပေမဲ့ အခုလိုကူးယူတဲ့စာတွေအတွက် တောင်းပန်ရမှာပါပဲ။ မူရင်းစာမူ ပိုင်ရှင်တွေအားလုံးကို ခွင့်လွှတ်ဖို့ တောင်းပန်ပါတယ်။နောင်မဖြစ်အောင် ကြိုးစားပါ့မယ်။ လုပ်သင့်တဲ့ အကြံဉာဏ်ကောင်းရှိရင်လည်း ပေးကြပါဦးလို့ တောင်းဆိုပါတယ်။

၂) စာတင်နေသူများ ခင်ဗျား။
ဒီဝက်ဘ်ဆိုက်ဟာ စာရေး။ သတင်းရေးတတ်အောင်အလေ့အကျင့်လုပ်ပေးတဲ့ဝက်ဘ်ဆိုက်ပါ။ အဲဒီကနေ တဆင့်တက်လို့ ပုံနှိပ်သတင်းစာမှာ ထိုက်တန်တဲ့ငွေကြေးရပြီး ပုံနှိပ်ဖေါ်ပြခံရဖို့အခွင့်အလမ်းလဲရှိနေပါတယ်။ ယူအက်စ်မှာ ပုံနှိပ်ထုတ်ဝေတဲ့ တခုတည်းသော မြန်မာသတင်းစာမှာ ထိုက်ထိုက်တန်တန် ဖေါ်ပြခံရမှာပါ။ အဲဒါကို သတိထားကြစေလိုပါတယ်။ အဓိပါယ်မဲ့စာတွေ ဟိုကကူး၊ ဒီကကူးမလုပ်စေချင်ပါဘူး ဝက်ဘ်ဆိုက်ရဲ့ ပထမ စာမျက်နှာဟာ အင်မတန်အဖိုးတန်ပါတယ်။ အဲဒီမှာ ဘာမှန်းမသိ။ ညာမှန်းမသိ စာတက်လာပြီးရော၊ ငွေရပြီးရော သူများစာတွေ ခိုးယူမတင်စေလိုပါဘူး။ ကိုယ့်စာကိုယ်ရေးတယ်ဆိုပြီးလည်း စာတပိုဒ်ရေးလိုက် ပိုစ့်တခုတင်လိုက် မလုပ်ကြစေချင်ပါဘူး။ အဲဒီတင်တဲ့စာကနေ ကိုယ်က ငွေကြေးတန်းဖိုးတခုရယူတယ်ဆိုရင် ကိုယ်လုပ်အားကိုလည်း တန်ဖိုးရှိအောင် ပြန်ပေးစေချင်ပါတယ်။ သေသေချာချာ လုပ်ပါ။ တာဝန်ယူပါ။

သူများပင်ပန်းစွာ တန်ဖိုးထားရေးထားတဲ့စာကို ကူးယူပြီး ပြီးပြီးရောတင်တာဟာ အင်မတန်ကိုရှက်စရာကောင်းပါတယ်။ မူရင်းစာရေးသူဆီက ခိုးယူတာနဲ့တူတူပါပဲ။ ငွေတမျိုုးထဲမဟုတ်ပါဘူး၊ ဂုဏ်သိက္ခာရော ခိုးယူတာပါ။ မလုပ်သင့်ပါဘူး။ အဲဒီစာမျိုးကို ကောင်းလှပါတယ်ဆိုပြီး သတင်းစာမှာ ပုံနှိပ်ဖေါ်ပြလိုက်မယ်။ အဲဒီကမှ ယူအက်စ်က အသင်းအဖွဲ ့တက္ကသိုလ်တခုခုက ဖတ်မိပြီး ဆုပေးမယ်။ ယူအက်စ်ကို စာမူရှင်ကို ခေါ်ယူပြီး ကျောင်းဆက်တက်စေမယ်ဆို်ရင် ဘယ်လိုလုပ်မလည်း.။
အဲဒါကြောင့်နစ်နာရတဲ့ မူရင်းစာရေးသူကို ဘယ်လို လျှော်စားပေးမလဲ…။
(တခါမကဖြစ်ပြီးသွားပါပြီ။ ဒီက စာတပုဒ်ကို ကောင်းလှပါချည်ရဲ့ဆိုပြီး တင်တဲ့သူကို ခရက်ဒစ်ပေးလို့ အီးမေးလ်နဲ့လက်ဆင့်ကမ်းကြရင်း နောက်ဆုံးမူရင်းပိုင်ရှင်က ထွက်လာတော့ အားလုံးအရှက်ရပါတယ်။ မီဒီယာလည်း အင်မတန် သိက္ခာကျပါတယ်။)
သတင်းဆိုရင်လည်း မန္တလေးဂေဇက်ဟာ အေပီ။ အေအက်ဖ်ပီ။ ရိုက်တာ အကုန်လုံးနဲ့ အဆက်အသွယ်ရှိပါတယ်။ တန်ဖိုးရှိတဲ့သတင်းကို လက်လွှဲပေးနိုင်ပါတယ်။
မန္တလေးဂေဇက်ရဲ့ သတင်းစာကို ယူအက်စ်စာကြည့်တိုက်တွေမှာ မော်ကွန်းထား သိမ်းထားတယ်။ အမေရိကန်သံရုံးကဖတ်တယ်။ လွှတ်တော်စာကြည့်တိုက်မှာထားတယ်။ ဒါတွေသိပါသလား..။

ဒီနေ့ အောက်တိုဘာ တရက်ကစပြီး ပုံစံနည်းနည်းပြောင်းပါမယ်။
သတင်းကိုသာ အဓ်ိကထားတင်ပါ။ အင်္ဂလိပ်သတင်းကို ဘာသာပြန်ရေးနိုင်ပါတယ်။ မူရင်း အင်္ဂလိပ်စာတွေကို ပို့စ်မှာ အရင်ဆုံး စာတဝက်လောက်အထိ ကူးတင်ပြပါ။ အပြည့်ဖတ်ချင်သူတွေဖတ်နိုင်အောင် နောက်မှ Website Link ကို ပြပါ။ခေါင်းစဉ်ကိုလည်းအင်္ဂလိပ်စာအတိုင်းဖေါ်ပြပါ။ သတင်းတူ တွေ၂ခုလောက်ဖတ်ကြည့်ပါ။  ပြီးမှ ဘာသာပြန်ပါ။အောက်မှာ Comment နဲ့ဆွေးနွေးသုံးသပ်ကြပါ။ သတင်းတိုင်းဟာ ဖတ်ပြီး ဆွေးနွေးလို့ရပါတယ်။ ကိုယ့်အတွက်လည်း အကျိုးရှိ၊ သူများအတွက်လည်း တန်ဖိုးရှိပါတယ်။
event တွေ။ ဘာသာရေးလှုပ်ရှားမှုတွေ၊ အလှူခံတာတွေ၊ ဟောပြောပွဲတွေကိ်ု ဖလိုင်ယာ၊လက်ကမ်းစာစောင်တွေကနေ ကူးတင်နိုင်ပါတယ်။

ကိုယ်တိုင်ရေးမဟုတ်ရင်၊ မတိကျတဲ့ သတင်းတွေဆိုရင် သက်ဆိုင်သူကို ခရက်ဒစ်တိတိကျကျပေးပြီး (Website URL ရှိရင်  Link နဲ့တကွ)Category မှာ တင်တဲ့စာနဲ့ဆိုင်တဲ့ Category ရယ်။ Copy/Paste Category ကိုပါရွေးပြီးမှ စာတင်စေလိုပါတယ်။ အဲဒီထဲမှာ အယ်ဒီတာက အချိန်ရှိရင်ရှိသလို စိစစ်ပြီး ပွိုင့်ပေးမှာဖြစ်ပါတယ်။

( တချို ့မန်ဘာတွေက သာမန်မန်ဘာမဟုတ်ပဲ Author အဖြစ်အဆင့်မြှင့်ထားပါတယ်။ ပုံမှန် မန်ဘာက Subscriber ဖြစ်ပါတယ်။ အဲဒီသူတွေအတွက် အခုစည်းကမ်းတွေက မသက်ဆိုင်ပါ)

==================

စည်းကမ်းများ

  1. မိမိစာနှင့် အနီးစပ်ဆုံးCategory (တခု)ကိုရွေးချယ်၍ပို့စ်တင်ပါ။Tagထည့်ပါ။Tagကို စာတလုံးစီကော်မာခံပြီးမှထည့်ပါ

  2. Titleကိုတိုတိုရေးပါ။ စာမူရေးသားရာတွင် စာလုံးများကို Spaceခြားပါ။
  3. မြန်မာစာ စာလုံးပေါင်းသတ်ပုံကို သတိထားစစ်ဆေးပါ။
  4. ပြည်ပမြန်မာမီဒီယာ၊Websiteများ၏ သတင်းနှင့်ဆောင်းပါးများ ကူးတင်ခွင့်မရှိ။
  5. သတင်း၊စာမူတွင်မှီငြမ်းကိုးကားခြင်းပါက မူလSourceကိုဖော်ပြရန်။
  6. လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော စာများမတင်ရ။
  7. ဘာသာရေးနှင့် သက်ဆိုင်သောစာများအား ပွိုင့်မပေးပါ။
  8. ကိုယ်တိုင်ရေးစာ မဟုတ်သည်များကို ပွိုင့်မပေးပါ။
  9. မည်သူ့ကိုမှ မည်သည့်အကြောင်းနှင့်မှ ရိုင်းစိုင်းစွာဆဲဆိုခြင်း၊ တိုက်ခိုက်ခြင်းမပြုရ။

ပိုစ့်တိုင်းတွင် (မှတ်ချက်ရေးပြီးသတင်းပို့ပါ) ဟု တောင်းဆိုထားသည်။

အထက်ပါအချက်များနှင့် သက်ဆိုင်သည်ယူဆပါက သတင်းပို့စေလိုသည်။

အယ်ဒီတာများမှ တိုင်ကြားစာများကြည့်ကာ အရေးယူဆောင်ရွက်ပေးမည်ဖြစ်ပါကြောင်း….။

ပွိုင့်ပေးစံနစ်ဖြည့်စွက်

  1. တလအတွင်း (စာမူရှင်မဟုတ်သူများမှ )အဓိပ္ပ ါယ်ရှိသောကော်မန့်(Comment) ၁၀ခုနှင့်အထက်ရေးသားခံရသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။
  2. တလအတွင်း ဖတ်သည့်အကြိမ် (View)၁၀၀၀ နှင့်အထက်ရှိသော စာမူကို ပွိုင့်(၁၀၀)ထပ်ဆောင်းပေးမည်။

========================

ကောမန့်များကို ရှင်းလင်းဖြေဆိုခြင်း..။
– ဖော်ဝပ်မေးတွေဆိုပြီးလည်း သူများစာတွေကို ကူးမတင်ကြစေလိုပါဘူး။ အဲဒါတွေကို စာဖတ်သူတော်တော်များများကလည်း ဖတ်ပြီးသားဖြစ်လို့ပါ။
Mandalay Gazette ကို ဘာသာပြန်ရင်…ရတနာပုံနေပြည်တော်သတင်းစာ ဖြစ်တာမို ့ သတင်းတွေတော့တင်ပေးနိုင်ပါတယ်။
မြန်မာပြည်တွင်းက သတင်းစာ၊ ဂျာနယ်တွေမှာပါတဲ့ ထူးခြားတဲ့သတင်းတွေပေါ့။ ဒီဝက်ဘ်ဆိုက်တည်ထောင်တာရဲ့ရည်ရွက်ချက်တခုဟာ ပြည်တွင်း-ပြည်ပ မြန်မာပေါင်းကူးဖြစ်ချင်တာမို့ဖြစ်ပါတယ်။ အမိမြေမှာ နေ့စဉ်ဖြစ်နေပျက်နေတာတွေ၊ ပြည်တွင်းသတင်းတွေကို ပြည်ပရောက်သန်းနဲ့ချီနေတဲ့မြန်မာတွေ မသိပါဘူး။မဖတ်ဖြစ်ပါဘူး။ အဲဒါကြောင့် ပြည်တွင်းကသတင်းတွေ ကိုယ်တိုင်စာရိုက်ပြီး၊ခရက်ဒစ်ပေးပြီး တင်နိုင်ပါတယ်။ ပြည်တွင်းဂျာနယ်တွေတင်ထားတဲ့ ဝက်ဆိုက်တွေကတော့ တိုက်ရိုက်မကူးချစေလိုပါ။ အဲဒီမှာ သွားဖတ်လည်း ရတာမို ့ပါ။ အဲဒီနောက်မှာမှ ကောမန့်နဲ့ အကောင်းအကျိုးဆွေးနွေးနိုင်ကြမှာလည်းဖြစ်ပါတယ်..။ ကိုယ့်စာမူ၊ သတင်းအတွက် တခြားသတင်းတွေကို ခရက်ဒစ်ပေးပြီး ကိုးကားတာမျိုးတော့ လုပ်နိုင်ပါတယ်။
ကိုယ်တိုင်သတင်းရေးနိုင်ရင်တော့ အင်မတန်ကောင်းပါတယ်။ မြန်မာပြည်တွင်း ရန်ကုန်မှာနေတဲ့သူအတွက် ဥပမာပြောရရင်…ဒီနေ့စကော့ဈေး(ဗိုလ်ချုပ်ဈေး)ရဲ့ ဈေးရောင်းဝယ်နေကြတဲ့ နေ့စဉ်ဓါတ်ပုံတပုံ သတင်းတခုဟာမထူးခြားဟန်ရှိပေမဲ့ ပြည်ပရောက်မြန်မာတွေအတွက်တော့ အမိမြေအလွမ်းလည်းပြေ။ ပြန်လည်းအမှတ်ရစေတာပေါ့နော၊ သတင်းရေးတာမှာ ဘာကြိုတင်သတ်မှတ်စည်းကမ်းမှ လိုက်နာဖို့မလိုပါဘူး။ ကိုယ်သိသလို သူများသိစေရန်ဆိုတဲ့စိတ်ထားပြီး ရေးနိုင်ရင်ဖြစ်ပါပြီ။ သတင်းကမသေချာရင် မသေချာဘူးတော့ရေးပေးပါ။ ကိုယ့်အယူအဆထည့်ရင် ကိုယ့်အယူအဆလို့ရေးပါ။ ဓါတ်ပုံတပုံဟာ စကားအများကြီးပြောတာမို ့ဓါတ်ပုံတပုံတင်လည်း သတင်းဖြစ်တာပါပဲ။
အဲဒါမျိုးတွေတင်နိုင်ပါတယ်..။
– စာလုံးပေါင်းသတ်ပုံတော့ မှားကြမှာပါပဲ။ ဒါပေမဲ့ တတ်နိုင်သလောက် အလေ့အကျင့်လေးလုပ်ပြင်စေချင်တာပါ။ ပွိုင့်မလျှော့ပါဘူး။ ဒါပေမဲ့ မှားတာတွေ့ရင် အောက်မှာ အမှန်သိသူက ကောမန့်နဲ့ပြင်ပေးစေလိုပါတယ်။ အဲဒီလိုနဲ့ မြန်မာစာမမေ့မလျှော့အောင် သတ်ပုံမမှားအောင် လုပ်ကြတာပေါ့နော။
– Tagကို ကော်မာခံတယ်ဆိုတာ..ဥပမာ၊ “လူမျိုးရေး၊ဘာသာရေး၊အသားအရောင် ခွဲခြားမုန်းတီးမှုဖြစ်စေသော” ဆိုတဲ့စာကို Tag လုပ်မယ်ဆိုပါတော့။ လူမျိုးရေး, ဘာသာရေး, အသားအရောင်, ခွဲခြားမုန်းတီးမှု လို့လုပ်စေလိုတာပါ။Tagဟာ Search Engineတွေနဲ့တွဲပြီးလည်း အလုပ်လုပ်တာမို ့ နောက်နောင် နှစ်တွေကြာလည်း ရှာလွယ်ပါတယ်။
– စာမူတွေကိုပွိုင့်ပေးတာဟာ နည်းကောင်းနည်းပါလိမ့်မယ်။ မန ္တလေးဂေဇက်မှာ ဒီဝက်ဘ်ဆိုက်အတွက် လစဉ်ဖယ်ထားတဲ့ငွေရှိပါတယ်။ အဲဒီဘောင်ထဲကနေ (အလျှင်းသင့်သလို)ကောင်းတဲ့စာမူတွေအတွက် ပွိုင့်တိုးပေးသွားမှာပါ။ အယ်ဒီတာအဖွဲ ့ရွေးချယ်စာမူ၊သတင်း ဆိုပါတော့။
– Site Admin >Dashboard မှာ Category ရွေးဖို့ နကိုအတိုင်းရှိပါတယ်။ တခြားသူတွေရော ဒီလိုဖြစ်သလား ရေးကြပါဦး။
– နံပါတ်လေး အချက်ဘာကြောင့်တားသလည်း တနေရာမှာ ရှင်းပြဖူးပါတယ်။ ထပ်ရေးရရင် သူတို့ အပင်ပန်းခံလိုက်ထားတဲ့သတင်းကနေ စာကူးတင်သူမန်ဘာက ပွိုင့်ယူရင် မတရားတာကတချက်။ ပြည်ပရောက်မြန်မာ မီဒီယာအချင်းချင်း မူပိုင်ခွင့်ကိစ်စတွေ စကားမပြောချင်တာက တချက်ပါ။ (အရင်က အဲဒီလိုကူးတင်တဲ့ပို ့စ်တွေအတွက် သူတို့က ကန့်ကွက်စာပို့ ကန့်ကွက်ဖူးပါတယ်။)

294 comments

  • thelark

    November 19, 2010 at 9:05 am

    ………………………Admin ကို ပြောချင်လို.၊ အကြံပေးချင်လို.ပါ……………………
    ********Category တွေ ခွဲထားတာက လိုအပ်တာထက်ပိုများနေသလားလို.ပါ……**************
    Category တွေကို ဆယ်ခုထက်ပို ခွဲမထားသင့်ဘူးထင်ပါတယ်………..Category နဲနဲ နဲ. ကျစ်ကျစ်လစ်လစ် ဖြစ်သင့်တယ်ထင်ပါတယ်၊………….အခုတော့ Category တွေအရမ်းများနေတော့ ကိုယ်ကြည့်ချင်တဲ့ Topic ဘယ်ထဲသွားကြည့်ရမှန်းမသိတော့ဘူး။
    Post တင်တဲ.သူတွေကလဲ Category တွေအရမ်းများတော့ ကိုယ်ရေးတဲ့ Post ကို ဘယ် Category ထဲ ထည့်ရမှန်းမသိတော့ဘူး။ အဲဒီတော့ Category တစ်ခုထဲမှာ ဆိုင်တာတွေရော မဆိုင်တာတွေရော ရှုပ်နေပါတယ်။ ***Admin အနေနဲ. အဲဒါတွေကို ပြန်ပြီး Editing လုပ်ပေးရင် ကောင်းမယ် ထင်ပါတယ်***
    ကြည့်နေကြ၊ Post တင်နေကြ Member တွေ အတွက်ရော၊ New member or visitor တွေအတွက်ပါ ကြည့်လို.အဆင်ပြေအောင် Category တွေ ကို Edit လုပ်ပေးဖို. Admin တွေကို တောင်းဆိုပါတယ်၊

  • white

    November 20, 2010 at 11:01 am

    ကိုကြောင်ကြီးရဲ့အဆိုကို ထောက်ခံပါတယ်ဗျာ။

  • bigcat

    November 23, 2010 at 5:27 am

    ဒီနေ့ ပို့စ်တင်လို့ မရပါ။ ကွန်နက်ရှင်တအားကျပါသည်။ ဒေါ်စုသား ရန်ကုန်ရောက်တဲ့သတင်း တင်မလို့ကြိုးစားနေတာ ဘယ်လိုမှမရပါ။ ကွန်မန့်ပေးဖို့တောင် အချိန်ယူဝင်ရပါသည်။

    • kai

      November 23, 2010 at 7:01 am

      ဘာတွေဖြစ်ပြီး ဒီနေ့လူတွေတအားများလဲမသိပါဘူး..။
      မန်င်ဘာမိန်းကလေးတွေ.. ဒေါ်စုသားဓါတ်ပုံပဲ လာငန်းကြသလားပဲ..။

      ကြားထဲ… မန်းလို့ရှိရင် ..မန်းသူရဲ့ အီးမေလ်းတွေပါ မပါလာအောင်လုပ်နေတာ… အောင်မြင်သွားပုံပေါ်ပါတယ်..။
      အခုကစပြီး .. အားရပါးရ..ဆဲ..အဲ..အဲ…မန်းနိုင်ကြပြီဖြစ်ပါကြောင်း…။

  • bigcat

    November 23, 2010 at 7:09 am

    ကဲဒါဆိုလည်း စဆဲပြီဗျာ။ လီဗျွတ်နဲ့လီဖွတ်ပဲဟေ့…..

  • weiwei

    November 23, 2010 at 7:47 am

    အခုတလော ဒီရွာက လူပေါင်းစုံလာတယ် .. တစ်ခါဖွင့်ဖို့အရေးလဲ အချိန်အများကြီးစောင့်ရတယ် .. ရန်ဖြစ်နေကြတာတွေတွေ့ရတော့ စိတ်ကုန်လာပြီ …

  • ဆူး

    November 23, 2010 at 8:22 am

    ဦးလေး ခိုင်ရေ.. မကြားဝံ့ မနာသာ ဖြစ်အောင် မမြှောက်ပေးနဲ့လေ.. ဒီတိုင်းနဲ့တောင် ဆဲနေကြတာ.. ဦးလေးက စပြီး လမ်းညွန်နေတယ်။ လွတ်လပ်စွာ ပြောပိုင်ခွင့် ရှိပေမဲ့ လွတ်လပ်စွာ ဆဲပိုင်ခွင့်မရှိဘူး ဆိုတာ သိသိကြီးနဲ့ ပြသနာဘဲ

  • kai

    November 23, 2010 at 8:28 am

    (နိုဝင်ဘာလ ၁၄ ရက်) မွန်းတည့် ၁၂ နာရီ၌ ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံးတွင် ဒေါ်အောင်ဆန်းစုကြည်ပြောကြားသောမိန့်ခွန်းကောက်နှုတ်ချက်။

    ကျွန်မ ပြည်သူတွေကို မေတ္တာရပ်ခံ ပါရစေ။ ကျွန်မတို့နဲ့ ဆက်ဆံတဲ့ အခါမှာ ပွင့်ပွင့်လင်းလင်း သတ္တိရှိရှိ ပြောဆို ဆက်ဆံကြပါ။ ကျွန်မတို့ကို ဟိုဟာ ပြောရကောင်းလား၊ ဒီဟာ ပြောရ ကောင်းလားဆိုပြီး။ ကျွန်မတို့ ဘာမှမလုပ်ပါဘူး။ ပြောစရာရှိတာကို ပြောပါ။ သဘောမတူ လို့ရှိရင် သဘော မတူဘူး ဆိုတာကိုတော့ ပြန်ပြောမှာပါ။ ဒါကတော့ ဒီမိုကရေစီရဲ့ အခြေခံလေ။ လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် လွတ်လပ်စွာ ပြောဆိုပိုင်ခွင့် ဆိုတာ လွတ်လပ်စွာ ဆဲဆိုပိုင်ခွင့်နဲ့ မတူဘူးလေ။ တစ်ခါတစ်လေတော့ ကြိမ်းမောင်း တာလေးတော့ ပါချင်ပါမှာပေါ့။ တစ်ယောက်နဲ့ တစ်ယောက် နားလည်အောင် ပြောဆိုဖို့ အင်မတန်မှ အရေးကြီး ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် အမြင်ခြင်း ဖလှယ်ဖို့ အတွက်ကတော့ ကျွန်မတို့ လေ့ကျင့်ယူရ ပါမယ်။ လေ့ကျင့်ယူရင်းနဲ့ ကျွန်မတို့ ပိုပြီး တတ်လာမှာပါ။
    =========
    ဒေါ်အောင်ဆန်းစုကြည်ိကိုချစ်တဲ့သူတွေ.. ဒေါ်စုစကားတော့ နားထောင်မလားလို့ပါ..။
    ဒါကို Writing Guidelinesထဲတင်ထားတာ…
    ဘယ်သူမှသတိထားမိပုံမပေါ်လို့….ဒီမှာတင်လိုက်ပါတယ်…။ 🙂

  • white

    November 23, 2010 at 9:20 am

    ကိုခိုင်ရ
    “မန်းသူရဲ့ အီးမေလ်းတွေ မပါလာအောင်လုပ်နေတာ… အောင်မြင်သွားပုံပေါ်ပါတယ်..။”
    ဒီသတင်းလေးအတွက်တော့ ဝမ်းသာစရာပဲဗျို့။ တစ်ချို့မေးလ်တွေက နာမည်ရင်းတွေနဲ့ မန်းနေရတာလေ၊ ခုတော့ အဆင်ပြေသွားပြီပေါ့။
    ကျွန်တော်လည်း ကိုခိုင်ပြောသလို အခုကစပြီး အားရပါးရ …….. အဲ …… မန်းတော့မယ်ဗျို့။

  • nyeinwailwin

    November 24, 2010 at 8:53 am

    မနက်က တင်ထားတဲ့ “ဗိုလ်ချုပ်မှုးကြီး သန်းရွှေ အရေးပေါ် ဆေးဝါကုသမှု ခံယူရ ” ပို့စ်လေး ပျောက်သွားပါတယ် ..
    အဲဒါဘာဖြစ်လို့ပါလဲ . ဒီပို့စ်က ကို်ယ်တိုင်ရေးတော့ မဟုတ်ပါဘူး အောက်မှာ မူရင်း လင့်ပါထည့်ပေးထားပါတယ် ..
    ဘာကြောင့် ပျောက်သွားလဲ သိချင်လို့ပါ …

  • nyeinwailwin

    November 25, 2010 at 5:10 am

    Admin ရေ ကူညီပါဥိး အခုတစ်လော ပို့စ်တင်ရင်ဘာဖြစ်သလဲ မသိပါဘူး တင်တဲ့ ပို့စ်တွေပျောက်ပျောက်သွားသလို ပုံတင်ရင် အပြင်ကပေါ်တဲ့ ပုံက အထဲကပေါ်တဲ့ ပုံနဲ့က ကွဲနေပါတယ် . အပြင်မှာကိုယ်မတင်ထားတဲ့ ပုံက ပေါ်ပေါ်နေတက်တာ ဘာကြောင့်ပါလဲ ကူညီလို့ရရင် ကူညီပါဦး …

  • kai

    November 25, 2010 at 9:00 am

    ဓါတ်ပုံနံမယ်( name.jpg)ကို .. အင်္ဂလိပ်လို .. တိုတိုရေးကြည့်ပါလား..။
    အရင်ရှိပြီးသားဓါတ်ပုံ နံမယ်တူနေလို့ .. အဟောင်းက တက်လာတာဖြစ်မယ်ထင်ပါတယ်..။

  • bouzour

    November 26, 2010 at 8:13 am

    admin ကျွန်တော်က ဒီဆိုဒ်ကိုရောက်တာ ရက်ပိုင်းဘဲရှိပါသေးတယ်
    အဆင်မပြေတာလေးတခုပြောချင်ပါတယ် ပို.စ်တွေကိုဖတ်ချင်လို ကလစ်လုပ်လိုက်တိုင်း ပေါ်လာတဲ့ စာမျက်နှာမှာ
    “kiva Microfinance ရဲ. advertisement ads ” ကြီးက အမြဲတွေ.နေရာတယ်ဗျာ ပို.စ်ရဲ ကော်လံတဝက် နီးပါးလောက် နေရာယူ ထားတော့ဖတ်ရတာအဆင် မပြေဘူး စပွန်းစဆာ ပေးထားလို.ထည့်ရတာ ဆိုရင်တော့ မပြောလိုပါဘူး techincal ပိုင်းအရ ဖြစ်နေတာဆိုရင် ဖယ်ပစ်လို.ရအောင် ဝိုင်းအဖြေရှာပြီး ဖယ်လိုက်ရင်ကောင်းမယ်ထင်တယ်…

  • ဆူး

    November 26, 2010 at 9:15 am

    ဦးလေး ဘူဇွာရေ.. မန်းလေး ဂေဇက်က အဲဒါလေးနဲ့ အသက်ဆက်နေတာ.. မြင်နေရင်လည်း မသိသလိုသာ ကျော်သွား..

    • bouzour

      November 26, 2010 at 10:29 am

      သေချာလို.လားဗျာ သူ.ရဲ. AboutUs မှာရေးထားတော့
      Mandalay Gazette (ရတနာပုံနေပြည်တော်သတင်းစာ) သည် မည်သည့်အဖွဲ့အစည်း၊ မည်သူတဦးတယောက်ထံမှ ငွေကြေးအထောက်အပံ့ ရယူနေခြင်းမရှိသော လွတ်လပ်သည့် …..သင်နှင့်သင့်လူမျိုးအတွက်မီဒီယာ ဖြစ်သည်။
      ရေးထားတယ်ဗျ ဒါနဲ.စကားမစပ် ဆူးကောဒီမှာရေးတာကြာပြီလား Points ကော ဘယ်လောက်ရနေပြီလဲ ရတဲ့ Points တွေကော အမှန်အတိုင်းပေးတာ ကြားမိလားဗျာ ဘယ်သူတွေကိုယ်တွေ.ရနေပြီလဲ သိရင် ပြောပြပေးပါလား တကယ်ရမယ်ဆိုရင် ရေးချင်တဲ့သူတွေအများကြီးရှိတယ်ဗျ ..

  • kai

    November 26, 2010 at 9:27 am

    $0.15, $0.60, $0.34, $0.40 ပြီးခဲ့တဲ့ရက်တွေကနေ့စဉ်ရနေတာလေး ရေးပြတာပါ..။
    များစေချင်ရင် ..မန်င်ဘာတယောက်ဟာ ၃-၄ရက်တခါ မြင်တဲ့ကြော်ငြာကလစ်လုပ်ပြီး .. အဲဒီရောက်တဲ့ဝက်ဆိုက်နေရာမှာ ၅မိနစ်လောက်ဟိုနှိပ်ဒီနှိပ်လုပ်ပေးရပါတယ်..။ ဝယ်စရာဝယ်ရင်တော့ အကောင်းဆုံးပေါ့နော..။ လုပ်ကြဖို့လည်း တိုက်တွန်းပါတယ်..။
    အတင်းတော့ ကလစ်မလုပ်ပါနဲ့..ရှိတဲ့ ၁ဝပြားပါ ပြန်နှုတ်ပြီး အိပ်စိုက်ရပါလိမ့်မယ်..။ သူတို့ပုံစံက ဆုပေးဒဏ်ပေးပါ..။
    မန္တလေးဂေဇက်ဟာ ..မြန်မာစာနဲ့ရေးတာမို ့.. သူတို့ပေးငွေအရမ်းနည်းတာဖြစ်ပါတယ်.။

    ဆိုတော့ ..ဒါကိုဘာလို့မက်နေသလဲဆိုတော့..ဂိုဂယ်ကကြော်ငြာဖြစ်လို့ပါပဲ..။
    အဲဒီလိုသူတို့ကြော်ငြာထည့်ပေးရင်… ဒီမှာတင်တဲ့စာတွေကို သူတို့ Search Engine မှာပေါ်အောင် မြန်မြန်လုပ်ပေးပါတယ်..။
    သိချင်ရင်..တင်တဲ့ပို ့စ်ကို ၁ဝမိနစ်အတွင်း ဂိုဂယ်မှာရှာာကည့်ပါလား..ချက်ချင်းကို ထိပ်ဆုံးမှာတွေ့ရပါလိမ့်မ်ယ..။
    ဒီနည်းနဲ့.. ကော်ပီပို စ်တွေ..ပို့စ်ထပ်တာတွေလည်းရှာနိုင်ပါတယ်..။

  • ဆူး

    November 26, 2010 at 9:43 am

    မြန်မာက အိုင်ပီတွေက တူနေတော့ ခက်သားလား.. နိပ်ခိုင်းလို့ နိပ်ပြီး အတွေးတူ အိုင်ပီတူ သမားတွေ ထပ်ခါ ထပ်ခါ နိပ်မိရင်.. အနတ်ခံရမှာ စိုလို့.. ကူညီချင်ပါတယ်။ လမ်းလွဲမှာ စိုးလို့။

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:39 am

    ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ
    ကျွန်တော်က ထူတယ်ဗျ
    ရေမရောဘဲကစ်တဲ့အကျိုးဆက်တွေလေ:)
    မဖြစ်ဘူးနောက်ဆို ကဗျာဆရာကြီးပြောသလို
    ဘနားနာကိုအမြည်းလုပ်မှဖြစ်မယ်:P
    သူများခြံထည်းမှာလက်တည့်စမ်းရတာ အားနာတယ်ဗျာ
    သဂျီးခြံထဲမှာပဲမွှေတော့မယ်ဗျို ့:D

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:42 am

    🙂
    😀
    😛

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:43 am

    🙂
    😛
    😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:44 am

    အောင်ပီ:)
    အောင်ပီ:P
    အောင်ပီ:D

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:45 am

    ဟာ မအောင်ဘူးကွ:)
    😛
    😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:46 am

    အလို နှစ်ခုအောင်တယ် 🙂
    😛
    😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:47 am

    အောင်ပြန်ပီဟေ့ 🙂

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:48 am

    အောင်ပီ 🙂
    အောင်ပီ 😛
    အောင်ပီ 😀

  • မိုက်ကယ်ဂျော်နီအောင်ပု

    November 27, 2010 at 9:50 am

    ဪ ဗမာစာပြီးရင် တစ်ပက် ဟုတ်ပါဘူး စပေ့ခြားရတာကိုး 🙂

  • ဆူး

    November 28, 2010 at 3:41 am

    ဘကြီးပု၏ လက်တည့်စမ်းမှုကို သက်သေ အပြည့်အစုံ တွေ့ရှိသဖြင့် စစ်ဆေး မေးမြန်းရန် ခဏလိုက်ခဲ့ပါ။

  • ဆူး

    November 28, 2010 at 7:07 am

    ဗျို့….. အက်ဒမင်ကြီး…
    ဟင်းချက်နည်း ကို Categories တခု အနေနဲ့ လုပ်ပေးပါအုန်း.. ဘာမှ ရေးစရာ မရှိရင် ဟင်းချက်တော့မယ်။ ဟီးဟီး.. ရွာသားတွေ ဗိုက်ဆာ သွားအောင်

    • kai

      November 28, 2010 at 9:25 am

      Food, Drink & Recipes ရှိပြီးသားလေ..တူမကြီးရယ်..။ Health & Fitness အောက်မှာပါ..။
      ရွာသားတွေနေတဲ့ .. ဆိုင်ရာနယ်တွေက ..ထူးထူးဆန်းဆန်း စားစရာလေး၊ ရောင်းကောင်းတဲ့စားစရာတွေမုန့်ပဲသရေစာတွေ. ဟင်းထမင်းတွေလည် း..မီးဖိုချောင်၊ ဟင်းချက်တဲ့နေရာအထိလိုက်စပ်စုပြိး တင်ပေးကြပါနော..။ ကြည့်ပြီး ဗိုက်ဆာလာရင် (ဗိုက်ဆာတဲ့သူ..သားရေကျတဲ့သူများရင်)သတင်းစာထဲ ပုံနှိပ်ဖို့လည်း ရည်ရွယ်ထားပါတယ်..။

  • kopauk mandalay

    November 28, 2010 at 3:40 pm

    ကျနော်ကတော့ စိတ်ထဲမှာ ရှိတာ ရေးချင်တာရေးမယ်။
    သူများကိုမထိခိုက်ဘူးဆိုရင်ပြီးတာဘဲ။
    ကြိုက်တာ မကြိုက်တာကတော့ ဖတ်သူ့အပိုင်း
    ပေးချင်ပေး မပေးချင်နေရေးမှာဘဲ။
    အေး ပေးမယ်ပြောပြီးမှ မပေးလို့ကတော့ …………………………………………..
    မန်းလေးသားနော် သိတယ်မို့လား……………………………………………..

  • meelay

    December 2, 2010 at 9:23 am

    admin ကြီးရယ်… စာလုံးတွေကို ဆိုဒ်နဲနဲထပ်ကြီးပေးပြီး bold လေး လုပ်ပေးပါလား… မဟုတ်ရင် အသက်ငယ်ငယ်လေးနဲ့ မျက်မှန်တပ်ရတော့မယ်…. မဖတ်ရရင်လဲ မနေနိုင်လို့ပါ 🙂

  • moethidasoe

    December 2, 2010 at 10:50 am

    မီးငယ်ရယ် .. မမြင်ရင် ဇွန်းဆွဲလို့ရတယ်လေ .. ctrl + သာ နှိပ်လိုက် ဇွန်း အလိုလို တက်လာမှာ .. ပြန်ထွက်ချင်ရင် ctrl – ပေါ့ .. စမ်းကြည့်ပါ .. စာလုံးကြီးကြီး ကြည်ု့လို့ ရတယ်

  • meelay

    December 2, 2010 at 10:56 am

    adim ကြီးရေ လုပ်ပါအုံး … ဘာတွေ ဖြစ်နေတာလဲ … မီးရဲ့အကောင့်ထဲမဝင်ပဲ ဆူးရဲ့ အကောင့်ဖြစ်လိုက်၊ ဘူဇွာအကောင့် ဖြစ်လိုက်နဲ့

    • kai

      December 2, 2010 at 11:09 am

      မျက်မှန်များ ..တကယ်တပ်ဖို့လိုသွားတာလား…။ 🙂
      နောက်တာပါနော..။ ဆိုဒ်ကအရမ်းလေးနေလို ့.. Browser’s Cache ကိုတင်လိုက်ရင်အမြဲအဲဒီလိုဖြစ်တယ်..။
      ပြန်ပြင်လိုက်ပါ့မယ်..။

  • ဆူး

    December 2, 2010 at 11:19 am

    မီးလေးရေ… ဆူး ဆီမှာလည်း အဲဒီလိုဘဲ.. အကောင့် တခုပြီး တခု ဝင်နေတယ်။ ဘွတူပါဘဲ ကွယ်..

  • cing hau nuam

    December 3, 2010 at 1:40 am

    mandalay gazette ကို ဒီနေ့မှ သိတာ။ Internet ဆိုင် ထိုင်တိုင်း mandalay gazette website ကို ဖွင့်တော့မယ်။

  • Kyaemon

    December 4, 2010 at 8:30 am

    My posting “Daw Suu: FP Mag and Mizzima interviews” is not appearing on the Home Page. It’s about Daw Suu being honored as one of 100 Global Thinkers.

    Also, “US media’s on Wikileaks” is not appearing on the Home Page. They discuss the pros and cons and the limits of secrecy in diplomacy, etc.

    I wonder why.

  • ဆူး

    December 11, 2010 at 4:07 pm

    မန်းလိုက်ရင် ဘာလို့ အဲဒီ စာတမ်း ထွက်ထွက်လာတာလဲ..
    စိတ်ချရ မချရ စောင့်ကြည့်နေတာလား.. ပြောပါအုန်း.. စာတမ်း အတွက် သိပ်မကျေလည်ဘူးနော်.. ဟွမ်း…
    Your comment is awaiting moderation.

    • kai

      December 12, 2010 at 9:36 am

      ဘုရားရေ..
      တကယ်ရော… မော်ဒရိတ်လုပ်ဖို့ .. ခဏပျောက်ခံရလား..။
      မန်းပြီး ချက်ချင်းတက်နေရင်တော့ … အဲဒါ..ဆာဗာကြောင်တာပဲဖြစ်ရမယ်..။
      အင်း..ဆာဗာကြောင်…ဆာဗာကြောင်

      Content
      7,862 Posts
      3 Pages
      69 Categories
      3,578 Tags

      Discussion
      24,541 Comments
      24,541 Approved
      0 Pending
      0 Spam
      564 New Reports

  • bigcat

    December 12, 2010 at 2:29 pm

    အဲဒီစာတမ်းက တခါတလေ ကျနော်လည်း ကြုံတယ်။ ဆာဗာကြေင့်ပါ။ နှစ်မိနစ်လောက်ကြာရင် အော်တိုရီဗြူးလုပ်မယ်ဆိုတဲ့ အသိပေးချက်လည်းတွေ့မိတယ်။ နောက်တော့ သူ့အလိုလို အပ်ဒိတ်လုပ်ပေးတယ်။

  • ဆူး

    December 12, 2010 at 2:32 pm

    မန်းပြီးတာနဲ့ ချက်ချင်း မပေါ်ဘူး.. စောစောက ပြောတဲ့ စာတမ်း ပေါ်နေတယ်။
    စောင့်ကြည့်သူ မဟုတ်ဘဲ ဆာဗာကြောင်တာဆိုရင်တော့ တခုတော့ ဖြစ်နိုင်တယ် မန်းလိုက်တာ အဲဒီ ပိုစ်တွေမှာ ပထမ ဆုံး.. နောက်ပြီး စာရေးနေကျ မန်ဘာ မဟုတ်ဘူး အသစ်တွေ ဖြစ်နေတော့.. အစမ်းကြည့်မယ် ဆိုပြီး တင်လိုက်ပြီး ပြုပြင် တည်းဖြတ်နေတုန်း ဖြစ်နေတဲ့ အတွက်.. သူအပြီး ရေးပြီးတင်တဲ့ အချိန် ကို ခဏနေအုန်းပြတာများလား မသိဘူး။ ကောင်းတဲ့ ဘက်က ထင်တာ ပြောတာပါ

  • kopauk mandalay

    December 12, 2010 at 3:59 pm

    kai
    ရေးပြီးသွားပြီ မနက်ပို့လိုက်မယ်။
    အခုမေးလ်ဖွင့်လို့မရဘူး။
    14-12-2010 နေ့ကျရင် ဓါတ်ပုံပို့လိုက်မယ်။
    စာကတော့ 13-12-2010 မနက်ပို့လိုက်မယ်။

  • kopauk mandalay

    December 12, 2010 at 4:01 pm

    ကို ခိုင်
    ဒီပိုစ်ကို ဒီမှာမတင်ဘူး။
    ခင်များဆီသီးသန့်ပို့ပေးမှာ။

    • kai

      December 12, 2010 at 10:47 pm

      ကောင်မှန်သင့်လျှော်ပါ၏ စာဆိုတော်အမတ်ကြီးမင်း…။

      (ဘုရင်ရုးရုးတာကလည်း ကုရခက်သလားမသိ.. ) 🙂

  • ဆူး

    December 13, 2010 at 7:53 am

    သဂျီးကတော့ ပုလ္လင်ပေါ်က ကို မဆင်းချင်ဘူး..
    မုန့်လုံးစက္ကူကပ် နေတယ်။ အဟမ်း..

Leave a Reply