ဖိုးဖိုးတို့ခေတ်ကအချစ် …..
မဝေ နဲ့ တက္ကသိုလ်မှာဆုံခဲ့ကြပုံက ရုပ်ရှင်ဇာတ်ကားတွေထဲကလို ဆန်းဆန်းပြားပြား မဟုတ်ပေမဲ့ နဲနဲတော့ …. ပြောစရာဖြစ်နေပေမည်။
ရန်ကုန် တက္ကသိုလ်ကို ကျနော် တောင်ကြီးကောလိပ်က ပထမနှစ်ပြီးတော့ပြောင်းလာရသည်။ တတိယနှစ်ရောက်မှ ရန်ကုန်တက္ကသိုလ်၏
ပင်မ ကျောင်းဆောင်ကြီးတွေဘက်ကိုရောက်ဖူးသည်။ ဒုတိယနှစ်တနှစ်လုံး ရာမညဆောင်မှာသာကျောင်းတက်ရသည်။ ရာမညဆောင်က
ပြည်လမ်းမကြီးဘက် .. လှည်းတန်းကားဂိတ်ဖက်နီးတာမို့ ပင်မ ဆောင်ကြီးများနှင့် နဲနဲအလှမ်းဝေးသည်။
ကျနော်ဆိုတဲ့ကောင်ကလဲ … နယ်ကပြောင်းလာခါစမို့အူလည်လည် …အဆောင်ကနေ စာသင်ခန်းထဲသို့သာတန်းဝင်သည်။ ဟိုဟိုဒီဒိ
လျှောက်လိမ့်တာမျိုးမရှိ … အလွန်ဆုံ့း …ဦးချစ်လဘက်ရည်ဆိုင်လောက်သာသွားထိုင်တတ်သည်။ …..အဲဒီစာသင်နှစ်တနှစ်လုံး
ပင်မ ဆောင်ကြီးတွေဘက်မရောက်ဖြစ်တော့ … ဘယ်လောက်စည်ကားသလဲဆိုတာလဲမသိ ….။ အူလိုက်ပါဘိ။
တတိယနှစ်ရောက်တော့ … ပင်မ သိပ္ပံ ဆောင်ကြီးမှာ ကျောင်းစတက်ရသည်။ ကျောင်းဆောင်ကြိးကလည်း ခန့်ညားလှပါလား ….
တက္ကသိုလ်ကျောင်းသူတွေကလည်း လှလိုက်တာ …မြင်မြင်သမျှငေးယူရသည်။ … ငန်းကြောထလိုက်တာလို့ထင်ကြပုံပင် …….
ကျေင်းသူတွေက အုပ်စုလိုက် … စာအုပ်လေးတွေကိုယ်စီလက်ကကိုင်ကြတာများသည်။ တချို့ကတော့ လွယ်အိတ်လွယ်ကြပါ၏။
ကျနော်အတန်းစတက်ဖိို့ သိပ္ပံဆောင်ကြီးထဲဝင်လိုက်သည် … ကော်ရစ်တာတလျှောက် လျှောက်လာရင်း ညာဘက်ခြမ်းမှာ ယောကျာင်္းလေး
အိမ်သာတွေ့တာနဲ့ ချိုးဝင်လိုက်သည်။ ဟ … အိမ်သာကလည်း အထဲတော်တော်ဝင်ရသည် … အထဲမှာအထပ်ထပ် ကာထားလိုက်သေးသည်။
ဘယ်ချိုး …ညာကွေ့ဝင်မှ… အထဲရောက်တော့သည်။ လားလား ….အထဲကမြင်ကွင်း … မိန်းမလှလေး တယောက် သူ့ကိုယ်သူ အောက်ငုံ့
ကြည့်ပြီး ..သူ့လုံချည်ကို ကျကျနန ပြင်ဝတ်နေပါတော့သည်။ ကျနော်ကလည်းမြင်နေရမှတော့ …ကြည့်မိတာပေါ့ …အတွင်းခံ စကပ်
အဖြူရောင်ပါမြင်နေရသည်။ …ကျနော်သိလိုက်ပြီ … ယောကျာင်္းအိမ်သာမဖြစ်နိုင် …အခုမှထွက်ပြေးလို့ကလည်းလွတ်မည်မထင် ….
ဟိတ်ဟိတ်ဘာလုပ်တာလဲ ….ကျနော်..ကျနော် ..မှားဝင်မိတာပါဗျာ …ဆိုပြီးတချိုးထဲလစ်ရတော့သည်။ ……
အပြင်ရောက်တော့ အသေအချာမော့ကြည့်ပါသေးသည်။ GENTS ..လို့ရေးထားတာဘဲလေ ….။ တက္ကသိုလ်ကျောင်းသားများ၏ အစအနောက်သန်ပုံ
ကိုစတွေ့လိုက်ရခြင်းပင် …။ ဒါနဲ့မပြီးသေး … မချောလေးကအုပ်စုလိုက်ကျနော့နောက်က လိုက်လာကြသည်။ ….. ကျေနပ်ပုံမပေါ် ……..။
အတန်းထဲမဝင်ဘဲသိပ္ပံ ကင်တင်း ထဲဝင်ထိုင်လိုက်ရသည်။ မရ ..။ ကျနော့်စားပွဲ လာထိုင်ကြသည်။ နေပါအုံး ယူကဘယ်မေဂျာကလည်း … ဒေးကလား
အဆောင်ကျောင်းသားလား … ကျနော့မှာမနဲရှင်းပြရသည်။ ……နောက်တော့နောက်တော့ ….ကျနော့ခပ်ဒူဒူ ခပ်အအ ခပ်ရိုးရိုး …ရုပ်ဖြောင့်ဖြောင့်
ပုံစံကို …. မဝေ …စိတ်ဝင်စားသွားဟန်တူသည် ။ သူတို့ကဒေးကျောင်းသူတွေ …။
…..နောက်တော့မဝေ ကို ကျနော်ချစ်တယ်လို့ …ရိုးရိုးလေးဖွင်ံပြောမိပါသည်။ ….
…………….. မျတ်မိပါသေးတယ် မဝေ ….အဲဒီနေ့က မဝေရဲ့ နှင်းဆီဖျော့ဖျော့ ..နှုပ်ခမ်းဖူးဖူးလေးပေါ်ကို ညင်ညင်သာသာလေး နမ်းမိလိုက်သည်။
….. မဝေ ကျနော့ကိုစိတ်မဆိုးခဲ့ပါ …..ကျနော်တို့တတွဲတွဲနှင့် ပျော်ခဲ့ကြပါသည်။ …ဒါပေမဲ့လေ …ဖူးစာမဆုံချင်တော့ …ကျနော်နဲ့ မဝေ …
ဘဝလက်တွဲဖော် တွေမဖြစ်ခဲ့ကြပါ ….. ကျနာ်မဝေကိုပေးခဲ့သောစာများ …. မဝေကျနော့ကိုပေးခဲ့သောစာတွေ …အခုထိရှိတုန်းပါ …။
…………………..ဟိုတလောက ကိုရီးယားကားတကားကြည့်တော့ မဝေ ကို သတိရမိပါသေးသည်။ …မဝေသည် IRIS ကားထဲက မင်းသမီးနှင့်
ချွတ်စွတ် တူနေပါသည်။ …….။
…..
3 comments
bigcat
October 14, 2010 at 5:04 am
(ဦး) ဖက်တီးကို
ချက်ကြီးလို
ရှက်ပြီးငို
ဆက်ပြီးမဆိုတော့
မထင်လိုက်နဲ့။
တွေ့ပြီးမကြာ
ရှေ့ထီးကာ
ဖြည့်ဆီးတာ
ကန်ဘောင်တလျောက်
ချောင်းသူအပြည့်။
search123
October 14, 2010 at 5:07 am
ဖိုးဖိုး တို့ ခေတ် က Love Scene လည်း အခု ခေတ် ကို မီတယ်နော်။
michaelaungpu
October 14, 2010 at 12:59 pm
ဖိုးဖိုး ပွဲကြမ်းလိုက်တဲ့ ဇာတ်ထုပ်ဘယ်တော့ခင်းမလဲ