Customize Consent Preferences

We use cookies to help you navigate efficiently and perform certain functions. You will find detailed information about all cookies under each consent category below.

The cookies that are categorized as "Necessary" are stored on your browser as they are essential for enabling the basic functionalities of the site. ... 

Always Active

Necessary cookies are required to enable the basic features of this site, such as providing secure log-in or adjusting your consent preferences. These cookies do not store any personally identifiable data.

No cookies to display.

Functional cookies help perform certain functionalities like sharing the content of the website on social media platforms, collecting feedback, and other third-party features.

No cookies to display.

Analytical cookies are used to understand how visitors interact with the website. These cookies help provide information on metrics such as the number of visitors, bounce rate, traffic source, etc.

No cookies to display.

Performance cookies are used to understand and analyze the key performance indexes of the website which helps in delivering a better user experience for the visitors.

No cookies to display.

Advertisement cookies are used to provide visitors with customized advertisements based on the pages you visited previously and to analyze the effectiveness of the ad campaigns.

No cookies to display.

Bedbugs from Newyork

Zaw WonnaOctober 26, 20101min2936

Bedbugs have spread from hotel rooms to popular spots in New York City, prompting tourists to rethink or downright cancel their bookings to spend the holidays in the Big Apple. ………………………………….

နယူးယောက်မြို့တော်တွင် ဟော်တယ်အခန်းများမှ အထင်ကရ နေရာများအထိ ကြမ်းပိုးများ ပျံ့နှံ့နေမှုကြောင့် အားလပ်ရက် အပန်းဖြေ အလည်လာရောက်မည့် ခရီးသွားများအနေဖြင့် ကြိုတင်အစီအစဉ်များကို ဖျက်ခြင်း သို့မဟုတ် ပြန်လည်သုံးသပ်ခြင်း ပြုရမည့် အခြေအနေ ဖြစ်နေကြောင်း သိရသည်။
မြို့တော်တခွင်တွင် ကြမ်းပိုးများ တွေ့ရှိနေရသည်ဆိုသော သတင်းများကြောင့် ခရီးသွားများ အနေဖြင့် ဟိုတယ်အခန်းများတွင် အိပ်ခြင်း၊ အထင်ကရ နေရာများသို့ လည်ပတ်ခြင်းများ ပြုလုပ်ရန် အတွက် စိုးရိမ်မှုများ ရှိနေကြသည်။
မြို့တော်အာဏာပိုင်များ အနေဖြင့်လည်း ၎င်းကိစ္စသည် ဝင်ငွေ ဒေါ်လာ ဘီလီယံ ၃ဝ ခန့် ရရှိသည့် ခရီးသွားလုပ်ငန်းအပေါ် အကျိုးသက်ရောက်လာမည်ကို စိုးရိမ်နေကြသည်။
အင်ပါယာစတိတ် အဆောက်အအုံ၊ လင်ကွန်းစင်တာ၊ ရုပ်ရှင်ရုံများ၊ လက်လီ အရောင်းဆိုင်များနှင့် ဟိုတယ်အများစုတို့တွင် ကြမ်းပိုးများ တွေ့ရှိရကြောင်း သတင်းများက ဖော်ပြသည်။
သို့သော် ခရီးသွားလုပ်ငန်းများကမူ ကြမ်းပိုးများကြောင့် ကြိုတင်ခရီးစဉ် ပယ်ဖျက်သူ ခရီးသွား တစ်ဦးမျှ မရှိသေးကြောင်းဖြင့် ငြင်းဆိုထားသည်။
သို့သော် ပြတိုက် ထိန်းသိမ်းသူများနှင့် ဟိုတယ်ပိုင်ရှင်များမှာ ဆိုးဝါးသော ကြမ်းပိုးပြဿနာကြောင့် လာရောက်လည်ပတ်သူ ဦးရေ လျော့ကျသွားမည့်အရေး စိုးရိမ်မှုကို ဖော်ပြခဲ့ကြောင်း အာဏာပိုင်များက ဝန်ခံခဲ့သည်။
ယခုနှစ်များအတွင်း ကြမ်းပိုးများ သိသာစွာ တိုးပွားလာခြင်းသည် နယူးယောက်မြို့တော် တစ်ခုတည်းတွင် မဟုတ်ပဲ အမေရိကန်နိုင်ငံ တဝှမ်းလုံးပင်ဖြစ်သည်။ ထိုသို့ ကြမ်းပိုးများ တဟုန်ထိုး များပြားလာမှု၏ အကြောင်းရင်းကို ရှင်းလင်းစွာ မသိရသေးပေ။ သို့သော် ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း တိုးတက်လာမှုနှင့် ပိုးသတ်ဆေးများ သုံးစွဲမှုသည် အကြောင်းရင်း ဖြစ်နိုင်ကြောင်းဖြင့် သိပ္ပံပညာရှင်များက သုံးသပ်သည်။
ကြမ်းပိုးများသည် သွေးမစုပ်ရပဲ တစ်နှစ်ခန့် ရှင်သန်နိုင်ပြီး နေရာများစွာတွင် ပုန်းခိုနေနိုင်သဖြင့် နှိမ်နင်းရန် ခက်ခဲရာတွင် နာမည်ဆိုးနှင့် ကျော်ကြားသော ပိုးမွှားများ ဖြစ်သည်။
တာဝန်ရှိသူများ အနေဖြင့် ၎င်းပြဿနာကို ဖြေရှင်းရန် အတိအကျ မဆုံးဖြတ်နိုင်သေးကြောင်း သိရသည်။    ။

Source: http://empowerednews.net/?p=3181

6 comments

  • ဆူး

    October 26, 2010 at 12:11 pm

    ဒီကြမ်းပိုးတွေ ဘယ်ကနေရောက် သွားတာလဲ မသိဘူး.. လေဆိပ်မှာ အထပ်ထပ် ရှာနေတာ ဒီကောင်တွေ စက်ကွင်းထဲမှာ ပျောက်နေလို့လား.. လေဆိပ်အရာရှိကြီးတွေက လူဝင်မှု ကြီးကြပ်ရေး ဆိုတော့ ကြမ်ပိုးဝင်မှု ကြီးကြပ်တာ မဟုတ်လို့နဲ့ တူတယ်.. ဟေဟေ..

  • kai

    October 26, 2010 at 9:39 pm

    ကြမ်းပိုး(ကြမ်းမှာမနေ ..အိပ်ယာထဲနေတော့ .. အိပ်ပိုး) ..သတ်နည်းကိုတွေ့ဖူးတာပြောပြမလို့..
    အိမ်မှာကြမ်းပိုးရှိတဲ့အခါ .. ပိုးသတ်ဆေးဌာနကိုဖုံးဆက်ခေါ်တာတွေ့ဖူးပါတယ်..။
    ရောက်လာတာက လူတယောက်၊ ခွေးတကောင်၊ ဗူးတဗူးနဲ့ရယ်ပါ။

    ခွေးက .. ဂျပိုးရှိတဲ့နေရာရှာတယ်.။ လူက အဲဒီနေရာကို ဗူးထဲကဆေးနဲ့ဖြန်းတယ်..။
    ဆေးက ကလေးတွေလည်း အန္တရယ်မဖြစ်ပါဘူး. ရိုးရိုးရေခဲစေတဲ့အငွေ့ပါတဲ့..။
    စင်တီဂရ်ိတ်အနှုတ် -၃ဝလောက်ရှိတဲ့ အငွေ့နဲ့ဂျပိုးရှိနိုင်တဲ့အိပ်ယာ၊ ခရီးဆောင်အိပ်။ ဘီဒိုကို မှုတ်ထဲ့တာပါ။
    ဂျပိုးတွေ အအေးမိ သေရောပဲ..။

    မှတ်ထားနော..။ အလေလိုက်နေတဲ့ဂျပိုးတွေကို ..အအေးနဲ့သာ မှုတ်ပလိုက်..။ 🙂

  • ဆူး

    October 27, 2010 at 2:38 am

    သနားစရာ ကြမ်းပိုးပါလား.. မမြင်ကွယ်ရာမှာ ပုန်းပြီး အောက်ကနေပြီး အောက်သွေးစုပ်နေတာ မညှာမတာ.. အအေးမိသေ အောင် သတ်တယ်တဲ့.. ဂျပိုး များ အစည်းအရုံး လုပ်ပြီး ဒီမိုကရေစီ အလေးထားတဲ့ အမေရိကန် တိုင်းပြည်မှာ တရားစွဲ သင့်တယ် ထင်ပါတယ်။ လူ့အခွင့်အရေးဘဲ ရှိပြီး ဂျပိုး အခွင့်အရေးဆိုတာ မရှိတော့.. တရားစွဲလို့ ရမယ် မထင်ပါဘူး။
    ပြောလို့သာ ပြောတာပါ.. ဆူး တို့ ရွာမှာ ဂျပိုးတွေ လွတ်လပ်စွာ နေထိုင်ခွင့်ပြုထားတယ်။ ကြမ်းပိုးမှာလည်း ကြမ်းပိုး အ ခွင့်အရေးနဲ့ ဆိုတော့.. ဒီမိုကရေစီ ရှိတယ် ဆိုရမလားဘဲ။
    ဟဲဟဲ

  • ဆူး

    October 27, 2010 at 12:24 pm

    မနက်က အချိန်လုပြီး ပြောတာနဲ့ တခု ကျန်ခဲ့လို့..
    ဒို့ရွာမှာ ဆို.. ငယ်ထိပ် ကိုက်ပြီး သွေးစုပ်တဲ့ သန်းတောင် အားလုံးက မေတ္တာနဲ့ ခွင့်လွတ်ပေးထားတာ.. ပုန်းရှိုးကွယ်ရှိုး.. အောက်ကနေ ကိုက်တဲ့ ဂျပိုးလောက်ကတော့ ပျင်းတောင် ပျင်းသေးတယ်..
    အင်္ဂလိပ် တယောက် ပြုစုတဲ့ စာတခုမှာ ဆို.. မြန်မာပြည်က အမျိုးသမီး တယောက်ရဲ့ ခေါင်း ကိုယ်နဲ့ အဝတ်အထည်တွေ မှာ သန်းအများဆုံးတွေ့ရှိဘူးတယ် လို့ ဖတ်ခဲ့ရဘူးတယ်။
    ဟိုးအရင် အစဉ် အဆက် သန်းတွေ ကို ထိန်းသိမ်းစောင့်ရှောက်လာတာဆိုတော့.. ဟဲဟဲ.. အခုဆို ပြောစရာတောင် လိုဘူးပေါ့လေ.. သန်းဆိုတာ မှတ်တမ်းတွေမှာကိုက ရှိပြီးသား..

    • zawana

      October 27, 2010 at 1:27 pm

      ဒေါ်လေးဆူးတို့ရွာမှာ အတင်းပြောရင်း သန်းထိုင်တုတ်ကြတာကျတော့ ထည့်မပြောဘူး …

    • kai

      October 27, 2010 at 4:50 pm

      ပါဏာတိပါတာ- သူတစ်ပါးအသက်ကို သတ်ခြင်းမှ၊ ဝေရမဏိသိက္ခာ ပဒံ- ရှောင်ကြဉ်ရကြောင်း ကောင်းမြတ်သောသိက္ခာပုဒ်ကို၊ သမာဒိယာမိ- စိတ်၌ မြဲစွာဆောက် တည်ပါ၏။
      🙁

Leave a Reply