ရီပြလို့ မရလို့ပါ ….
အန်ကယ်ကြီးတင်တဲ့ သွားဒုက္ခအကြောင်းဖတ်ပြီး ကျွန်မရဲ့ သွားဒုက္ခတွေထဲက မှတ်မှတ်ရရလေးတစ်ခုကို ပြန်ပြောပြချင်လို့ပါ။ တရုတ်ပြည်မှာ ကျောင်းတက်နေစဉ် ကျွန်မရဲ့အရှေ့သွားအပေါ်သွားက ကြက်သားကြော်အရိုးတစ်ခုကိုကိုက်မိစဉ် ပဲ့ထွက်သွားပါတယ် … နဂိုကထဲကလဲ သိပ်မကောင်းလို့ပါ … အရှေ့သွားဆိုတော့ မဖြစ်မနေ ဆေးရုံပြေးရတာပေါ့ .. ဆေးရုံရောက်တော့ လေဆာသုံးပြီးဖာလိုက်ရုံနဲ့အဆင်မပြေနိုင်ဘူးတဲ့ .. အရောင်လွဲပြီး ရီလိုက်ရင် သိသာနေမယ်လို့ပြောပါတယ်။ အဲဒီသွားကလဲသိပ်မကောင်းလို့ ငုတ်တိုဖြစ်အောင်ကျောက်စက်နဲ့စားလိုက်ပြီး အသစ်ပြန်စွပ်ဖို့အကြံပေးပါတယ် … ကောင်းသလိုသာလုပ်ပေါ့ဆိုပြီး သူတို့လုပ်ပေးတယ့်အတိုင်း သီးခံလိုက်ပါတယ် … တရုတ်ဆရာဝန်တွေအရမ်းစိတ်ရှည်ပါတယ် … သွားတစ်ချောင်းကို ဆရာဝန် ၄ ယောက်ပြောင်းပြီး ကုပေးပါတယ်။ သူတို့က တစ်ယောက်ကို တစ်လိုင်းစီပဲကိုင်ပါတယ်။ သွားကိုစားလိုက်ပြီး သွားပုံယူပြီး သွားအတုအပ်ထားစဉ် တစ်ပတ်အတွင်းမှာတော့ ပလပ်စတစ်အသားလိုဟာတစ်မျိုးနဲ့ယာယီသွားအတုလုပ်ပြီး စွပ်ပေးထားပါတယ်။ အမာမစားဖို့မှာလိုက်တယ်။ တစ်ပတ်ပြည့်တော့ သွားအတုနဲ့သေချာတပ်ဆင်ပေးလိုက်တယ်။ သွားက နဂိုကထက်ပိုလှသွားလို့ ကျွန်မလဲကျေနပ်သွားပါတယ်။ ကုန်ကျစရိတ်ကတော့ ကျွန်မရဲ့ ၃ လစာကျောင်းစရိတ်နဲ့ညီမျှပါတယ်။ အဲဒီလိုနဲ့ဝမ်းသာအားရဖြစ်မယ်မှ မကြံသေးဘူး … ၂ ရက်လောက်နေတော့ ကျွတ်ထွက်သွားပါတယ်။ မသိမသာလေးတပ်ထားပြီး ဆေးရုံပြေးရတာပေါ့။ ဆေးရုံရောက်တော့ ကျွန်မကိုတာဝန်ယူတဲ့ဆရာဝန်ဂျူတီမဟုတ်လို့ တခြားဆရာတွေက သူတို့နဲ့မဆိုင်ဘူးတဲ့။ ပိုက်ဆံထပ်ပေးရင်တော့ လုပ်ပေးမယ်လို့ပြောတယ်။ ကျွန်မလဲ စိတ်တိုတာနဲ့ မလုပ်ဖူးဟာဆိုပြီး ပြန်လှည့်လာလိုက်တယ်။ ကျွန်မဆရာဝန်ကို နောက်ထပ် ၃ ရက်စောင့်ရမှာပါ။ စဉ်းစားသာကြည့်ပါတော့ သွားအတုကချောင်နေတော့ တပ်ထားလို့မရပါဘူး။ မတပ်ထားရင်လဲ ရီပြလို့မရပါဘူး။ အစားစားတာကတော့ ဘေးသွားနဲ့စားလို့ရတယ် နာလဲမနာတော့ပြသနာမရှိဘူးပေါ့။ ဘယ်သူ့နဲ့မှ မျက်နှာချင်းမဆိုင်ပဲ အခန်းထဲမှာ ၃ ရက် တိတိနေနေရပါတယ်။ အဲဒီအချိန်မှာ တိုက်တိုက်ဆိုင်ဆိုင် ကျွန်မမိတ်ဆွေမိသားစုတစ်ခုက ကျောင်းပိတ်ရက်မှာ လာလည်ချင်ပါတယ်လို့ ဖုန်းဆက်ပါတယ်။ ကျွန်မလဲ အားနာနာနဲ့ပဲ … စိတ်တော့မရှိပါနဲ့ .. ကျွန်မရီပြလို့မရလို့ပါ .. နောက်အပါတ်မှ လာလည်ပါလို့ ပြန်ပြောလိုက်ရပါတော့တယ် …
12 comments
bigcat
October 31, 2010 at 5:00 pm
ငယ်ငယ်တုန်းက လက်ဝှေ့ထိုးလား။ သွားမကောင်းဘူးဆိုလို့ မေးတာပါ။
weiwei
October 31, 2010 at 5:19 pm
သကြားလုံးနဲ့ချောကလက်ကို ဗူးလိုက် အထုပ်လိုက် စားခဲ့မိတဲ့ အကျိုးဆက်ထင်တာပဲ ..
ဆူး
November 1, 2010 at 3:18 am
အခု ရီပြနိင်ပြီလားဟင်.. မရီပြနိုင်တော့လည်း အိန္ဒြေကြီးတဲ့ မင်းသမီးကြီးလိုပေါ့.. ခပ်တည်တည်ကြီး..
weiwei
November 1, 2010 at 3:21 am
ဟဲဟဲ …
တာရာလင်း
November 1, 2010 at 5:00 am
မဝေ … ရှေ့သွားလေးဆိုတော့ ရယ်လိုက်ရင် ဒေါ်ဂွက်ထော်လိုပဲအတော်လှမှာနော်… စကားပြောရင်လည်း သွားနှစ်ခုကြားက လေတဟူးဟူးနဲ့အတော်ပျော်ဖို့ကောင်းမှာနော်… အဟက် အဟက်
weiwei
November 1, 2010 at 5:06 am
တာရာလင်း ကလည်း ငယ်ရာကကြီးလာတာ ဆိုတော့.. သွားကျိုးဘူးတဲ့ အတွေ့အကြုံ ရှိပြီး သားဆိုတော့.. ကိုယ်ပိုင်ခံစားချက်နဲ့ တူပါရဲ့… ခံတွင်းအေးပြီး နေလို့ကောင်းတယ်နော် ..
Aunti Moe
November 1, 2010 at 5:08 am
ကောင်းကောင်းနားလည်တယ်။ ဒီခံစားချက်ကို……။
မိုက်ကယ်ဂျော်နီအောင်ပု
November 1, 2010 at 5:40 am
ဗျို ့ သကျိုး မမ ကိုကို ဦးဦး ဒေါ်ဒေါ် တို ့နေကောင်းကြပါသလား
ကျွန်တော်အောင်ပုက တော့ သွားမကျိုးဘူးဗျို ့
နွားဖြစ်လို ့ကတော့ ရောင်းလို ့ရမှာသေချာတယ်
ဆူး
November 1, 2010 at 7:26 am
အော်.. ဖြစ်မှ ဖြစ်ရလေ..ဈေးကောင်းရချင်တာနဲ့ မိုက်ခဲ ထော်လာဂျီ အောင်ပု ကနေ တင်းကုတ် အောင်ပု ဖြစ်ရလေတော့ ပါတကား…
လင်းဝေကျော်
November 1, 2010 at 7:42 am
ရှေ့သွားကျိုးပြီး ဒုက္ခရောက်နေတဲ့ အစ်ကိုရှိတယ်။
အဲသလိုပဲ တပ်လိုက် ကျွတ်လိုက်။
သွားဆေးတက္ကသိုလ်က ဆရာတွေရော…
အပြင်က သွားဆရာဝန်ကြီး ငယ်တွေကော စုံလို့ပါပဲ။ ပြန်ကျွတ်တာပဲ။
နောက်ဆုံးတော့ နယ်က သွားစိုက်ဆရာ ( ဆရာဝန်မဟုတ် ) က လုပ်ပေးလိုက်တာ နှစ် ၂ဝကျော်နေပြီ။ ပြန်မကျွတ်ဘူး။ သူ့ကို သွားကျိုးနေမှန်းတောင် သတိမထားမိဘူး။
အခုနောက်ပိုင်းမှ သူ့ကိုသိတဲ့သူတွေတောင် သူသွားကျိုးတာ မသိလောက်ဘူး။
မြန်မာ သွားစိုက်ဆရာတွေကို အားကိုးကြည့်ပါ။
ဆူး
November 1, 2010 at 7:45 am
ဒီကနေ့ မရီနိုင်ပါ.. တင်ဖို့ ကြိုးစားတဲ့ ပိုစ်.. ရေးလက်စ အလုပ်ရှိတာနဲ့.. ထပြီး လုပ်.. ပြန်လာတော့ ဆက်ရေး.. ရေးလို့ မပြီး တပြီးမှာ.. ထပ်ပြီးတော့.. လုပ်စရာပေါ်လာလို့.. သိမ်းပြီး နောက်မှ ရေးမယ် တွေးလို့ သိမ်းလိုက်တာ.. Problem loading page ဖြစ်သွားတယ်.. မရီနိုင်ပါဘူး.. အစက ပြန်ရိုက်ကတော့မယ်.. ကံကောင်းစွာနဲ့ back နဲ့ ပြန်သွားပြီး.. စာကူးလိုက်သည်.. ကူးပြီးနောက်တွင် နောက်တခါ ကောင်းတဲ့ အချိန်ကို စောင့်.. အခုမှ တင်လို့ပြီးတယ်.. မရီနိုင်ကြောင်း လာပြောတာ..
weiwei
November 1, 2010 at 7:57 am
တရားရအောင် နက်က ပြနေတာ … နောက်တစ်ပတ်လောက်နေရင် တရားရှင်တောင်ဖြစ်သွားနိုင်တယ်နော် …