အဘိုး အချစ်က ဒီလို..
သိပ်ချစ်ကြတဲ့ အဘိုးပွကြီး အဘွားမယ်ခက် နှစ်ယောက် တူတူ နေထိုင်ကြသတဲ့.. အသက်တွေလည်း မငယ်သလို မင်္ဂလာ နှစ်တွေကလည်း ကြာညောင်းလာတော့ တယောက်နဲ့ တယောက် မရှိရင် မဖြစ်သလိုကို ဖြစ်ပြီး သံယောဇဉ်တွေ ဖြစ်နေကြတာပေါ့.. မြင်တော့လည်း တကျက်ကျက်.. မတွေ့တော့လည်း.. တမျှော်မျှော်.. တနေ့မှာတော့ အဘွားကြီး ရုတ်တရက် သေသွားခဲ့တယ်… အဘိုးပွကြီး ခမျှာ အနှစ်နှစ် အလလ က ချစ်ခဲ့ရတဲ့ သူ့ဇနီး.. သေသွားတော့ ဝမ်းနည်း ပက်လက်နဲ့.. တော်တော် စိတ်မကောင်း ဖြစ်နေရှာတာပေါ့ကွယ်.. ရွာက ဓလေ့ တခုရှိတယ် သေပြီ ဆိုရင် ဖျာနဲ့ ပတ်ပြီး.. သဂျိုုင်းကုန်းကို ရွာက လူငယ်တွေ မပြီး လိုက်ပို့ကြတယ်. ဟိုရောက်မှ ကြွင်းတူးပြီး မြှုပ်ကြတယ်။ သဂျိုင်္ုင်းကုန်းကို သွားတဲ့ လမ်း ၂ခုရှိတယ်.. တခုက လမ်းရှည်တယ်.. ကွင်းပြောင်ပြောင်ကို ဖြတ်သွားရတယ်.. နောက်တလမ်းကတော့ လမ်းတိုပါတယ် သစ်ပင်တွေ အုပ်ဆိုင်း နေတော့.. ညဘက် ထို လမ်းကို သွားမိရင်.. သစ်ပင်တွေကြားထဲက ဘာကောင်တွေများ ခုန်ဆင်းပြီး မျက်စိရှေ့ရောက်လာမလဲလို့.. တွေးပူပြီး ကြောက်လန့်တတ်ကြတယ်… ထို့ကြောင့် ရွာသားများ မဖြတ်ဝံ့ကြပါ.. နေ့ အချိန်ဆိုရင်တော့ သစ်ရိပ်ဝါးရိပ်နဲ့ အရိပ်ရတော့ ထိုလမ်းကို အသုံးပြုကြသည်။ အဘွားကြီးကို ထုံစံ အတိုင်း ဖျာလိပ်နဲ့ ပတ်ပြီး ရွာပြင် သဂျိုင်းကုန်း ကို ရွာ လူငယ် တစု သယ်မပြီး လိုက်ပို့ပေးကြတယ်.. အဘိုးပွ ခမျှာ.. စိတ်မကောင်းလို့.. ဝမ်းနည်း ပက်လက် အသည်းအူပြတ်မတက် ခံစားနေရတာနဲ့ အဘွားကြိး နောက်ဆုံး ခရီး ဖျာလိပ်ကြီးကို မြေဖို့တာ မမြင်ရက်လို့ အိမ်မှာ ငိုပြီး နေခဲ့လေ သတဲ့… ဝမ်းနည်း ပူဆွေးပြီး သောကမီးတွေ ဝိုင်းဝိုင်းလည်နေတဲ့ အဘိုးကြီး ခမျှာ.. နေ့ရော ညရော ငိုရတာနဲ့ မျက်လုံးတွေ မဖွင့်နိုင်လောက်အောင်.. အစ်ပြီး.. အလင်းရောင်တောင် မကြည့်နိုင်တဲ့ အထိပါဘဲ….
လူငယ်တစု ဖျာလိပ်နဲ့ သယ်သွားတဲ့ လမ်းကတော့.. ဒုတိယလမ်း လမ်းတို သစ်ပင်တွေ ရှိတဲ့ လမ်းပေါ့.. လမ်းတနေရာမှာ.. သစ်ပင် ကိုင်း အစ တခုနဲ့ ဖျာလိပ်နဲ့ ညိပြိး အဘွားကြီး သေရာကနေ လန့်ပြီး ထအော်သတဲ့..ဟဲ.. ဘယ်အကောင် လုပ်တာတုန်း ငါ ထမိန် လန်သွားပြီ….
လူငယ်တွေ အကုန်လန့်ပြီး.. အဘွားကြီးကို ချပြီး ပြေးကြတယ်.. နောက်တော့ ကွယ်ရာ တခုကနေ အဘွားကြီးကို ချောင်းကြည့်တော့ အဘွားကြီးက သေတာ မဟုတ်သေးဘဲ သတိလစ်နေတာကို သေတယ် ထင်ပြီး ဖျာလိပ်နဲ့ ပတ်သွားမိမှန်း သိတာနဲ့ အဘွားကြီးကို လမ်းမှာ တင် အိမ်ကို ပြန်ခေါ်လာသတဲ့.. အဘိုးပွကြီး ကတော့ မျက်စိတွေ အစ်ပြီး အမြင်မသဲကွဲ ဖြစ်နေတဲ့ အချိန်.. အဘွားမယ်ခက်.. အိမ်ထဲဝင်လာတော့.. ဟင်.. အဘိုးကြီးက.. ငါလို အဘိုးကြီး တယောက်ထဲ နေနေတဲ့ အိမ်ကို ဘယ်က ကောင်မလေးလဲ ပိုင်စိုးပိုင်နက်.. အဘွားမယ်ခက်ကတော့ အသံမထွက်နိုင်ရှာဘူး.. လင်တော်မောင် ပွကြီး မျက်စိကို ကြည့်ပြိး.. မျက်ရည် အဝိုင်းသားနဲ့ ဖြစ်နေတာပေါ့.. စိတ်မကောင်းခြင်းကြီးစွားနဲ့.. အိမ်ပေါ်တက်လာပြီး. အဘိုးကြီး ဘေးမှာ ထိုင်ပြီး အဘိုးကြီးကို ပွေ့ဖက်ပြီး ငိုလိုက်သတဲ့.. ဖြစ်မှ ဖြစ်ရလေ ကိုပွရယ်.. ဆိုပြီး အသံပေးတော့မှ.. အဘိုးပွကြီး.. မိန်းမ အသံကြားတော့ လန့်ပြီး တုန်သွားသတဲ့.. သူ့စိတ်ထဲမှာ ကောင်မလေး တယောက် လေလား.. နတ်မိမယ်လေလား.. အနားတိုးလို့ လာတော့.. မှုန်ဝါးဝါး အကြည့်နဲ့.. ရှက်စိတ်ဖြာနေစဉ်မှာ.. အသံက သူအသိစိတ်ကို ခြိမ်းခြောက်လိုက်သည်။ ဟင်… မယ်ခက်.. နင်မသေဘူးလား.. တော်ကလည်း ရှင်.. ကျုပ် မသေသေးတာ အတင်း မြေမြုှပ်ဖို့ လုပ်တာကိုး.. ရွာထိပ်က သစ်ကိုင်း ကယ်လို့.. ကျုပ်ပြန်နိုးလာတာ.. အဘိုးပွကြီး ဝမ်းနည်းရမလား ဝမ်းသားရမလားနဲ့ နှစ်အတော်ကြာအောင် ထပ်ပြီး ပေါင်းသင်းပြီးနောက် အဘွားမယ်ခက်.. နောက်တကြိမ် သေသွားပြန်သတဲ့.. ဒီတခါမှာတော့ အဘ်ိုးပွကြီး မငိုတော့ဘူး.. သူကိုယ်တိုင် လိုက်ပို့မယ် ဆိုပြီး ကာလသားများကို ပြောလိုက်တယ်.. ပြီးတော့ မင်းတို့ ဒီတခါ သယ်ရင် ဟိုဘက်လမ်းက သွား.. နောက်တခါ ဖျာနဲ့ မညိအောင် ကြားလား လို့.. ကြိမ်းဝါးပြီး အဘွားမယ်ခကို သဂျိုင်္င်းကုန်းသို့ ဖျာနဲ့ ပတ်ပြီး သယ်သွားကြလေသည်။ အမှန်တော့ ဒီတခါ သေတာ သေချာပါသည်။
30 comments
weiwei
November 2, 2010 at 11:37 am
မဟုတ်မှလွဲရော .. မဟုတ်ရင်တော့လွဲမှာပေါ့နော် … အဘိုးများ အဆိပ်ခတ်လိုက်တာလားလို့ သံသယဖြစ်မိတယ် …:D
ဆူး
November 2, 2010 at 11:46 am
ပြန်ရှင်လာရင် ထပ်ပေါင်းရင် နားငြီးမှာ စိုးလို့ နဲ့ တူပါရဲ့
ဆူး
November 2, 2010 at 11:48 am
ဒီပုံပြင်ကလေးက အရင်က အသုံးလုံး စာတတ်မြောက်ရေး အတွက်ထုတ်တဲ့ စာအုပ်ပါ။ စာဖတ်ချင်တဲ့ အဘိုးကြီး အဘွားကြီးတွေ အတွက် ရည်ရွယ်ပြီး ရေးထားတဲ့ ပုံပြင်ပါ။ ဒီမှာ ပျင်းနေလို့ ချရေးလိုက်တာ
mandalaythar
November 2, 2010 at 3:04 pm
အဲဒါဆို ဖတ်မိတဲ့ ငါတို့က အသုံးလုံးတန်းက အဖိုးကြီးတွေ အဖွားကြီးတွေ ဖြစ်ကုန်ပြီပေါ့.. ဟုတ်လား
fatty
November 2, 2010 at 3:16 pm
ဒီကနေ့ကစလို့ …. အဲဒီသွားရာလမ်းတလျှောက် သစ်ကိုင်းတွေအကုန်ရှင်းခိုင်းထားလိုက်တယ် … မိုးရာသီဆို လျှပ်စစ်ကြိုးတွေနဲ့ညိတတ်တယ်မို့လား။ ရပ်ရေးရွာရေးလုပ်တာဘဲလေ ….။
ဆူး
November 3, 2010 at 5:59 am
ဦးလေး ဝတုတ်ကတော့ စပြီနော်.. အဘွားကို တော်တော် ချစ်တယ်ထင်တယ်..
kopauk mandalay
November 2, 2010 at 3:47 pm
ဒါဆိုရင် အဘိုးကြိးငိုတာ ဝမ်းနည်းလို့ ငိုတာမဟုတ်လောက်ဘူး။
လွတ်ပြီကျွတ်ပြီဆိုပြီး ငိုတာဖြစ်လောက်တယ်။ယူရကောင်းမလား မယူရင်ကောင်းမလားလို့ ဝေခွဲရခက်နေသော အပျိုကြီးများ ဒီပုံပြင်ကို ဖတ်ပြီးရင် ယောက်ျားတွေကို ပိုပြီး မယုံတော့လို့ အပျိုကြီးဖြစ်ရန် 99.9999% သေချာသွားကြောင်းပါ။
winkyawaung
November 2, 2010 at 4:18 pm
သဘာဝကိုက အဘိုးကြီးတွေဟာ အငယ်လေးတွေကိုပဲ..ချစ်ချင်ကြတာပေါ့ကွယ်..။
nay phonehlan
November 2, 2010 at 10:13 pm
ဟီး။။ဟီး။ ဟားဟား။။။။။။။။။။။။
bigcat
November 2, 2010 at 11:48 pm
ဒီပုံပြင်ဟာ ကျုပ်တို့အမျိုးသားထု တရပ်လုံးကို စော်ကားလိုက်တာပဲ၊ ကန့်ကွက်ပါတယ်။
kai
November 2, 2010 at 11:55 pm
ဒီပုံပြင်ဟာ ကျုပ်တို့အမျိုးသားထု တရပ်လုံးကို စော်ကားတာကို တင်ပေးတဲ့အတွက်.. အယ်ဒီတာရော..။ အယ်ဒီတာ့ကလေးရော။ ခွေးရော..။ စာတွေတင်ပေးတဲ့ ဝက်ဘ်ဆိုက်ရော..။
ဝက်ဘ်ဆိုက်ကို လက်ခံထားတဲ့ တိုင်းပြည်ရော. တိုင်းပြည်အုပ်ချုပ်တဲ့ သမ္မတအိုဘားမားရော..။
အိုဘားမားကို ထောက်ခံတဲ့ ဥရောပတိုက်ကလူတွေရော..။ အိုဘားမားကို အသေမသတ်တဲ့ အယ်ကိုင်ဒါရော.. အပြင်းအထန်..ကန့်ကွက်ပါတယ်..။
အဲ..ကျန်သေးတယ်. အဲဒီစာတွေဖတ်လို့ရအောင်တင်ပေးတဲ့ ဇော်ဂျီဖွန့်ရော..။ ဖွန့်ကို အင်တာနက်မှာမြင်အောင်လုပ်ပေးတဲ့ ကွန်ပျူတာရော..။ ကွန်ပျူတာထုတ်တဲ့ကုမ္ပဏီရော.. ဝင်းဒိူးထုတ်တဲ့ မိုက်ခရိုဆော့ကိုရော ကန့်ကွက်ပါတယ်..။
အပြင်းအထန်ကို ရှုံ ့ချပါတယ်.။ 🙁
bigcat
November 3, 2010 at 12:10 am
ဒါတင်ဘယ်ကမလဲ အယ်ဒီတာ့ကို မွေးဖွားပေးခဲ့တဲ မြန်မာပြည်ရော၊ မြန်မာရယ်လို့ စတင်ခေါ်လို့ရအောင် လုပ်ခဲ့တဲ့အနော်ရထာမင်းကိုရော၊ မြန်မာရယ်လို့သီးခြားဖြစ်အောင် အတုခိုးခွင့်ပေးခဲ့တဲ့ တရုတ်နဲ့ကုလားကိုရော၊ ယနေ့ခေတ်မြန်မာစကားရယ်လို့ ဖြစ်လာအောင် တီထွင်ခဲ့သူများကိုရော ကန့်ကွက်ပါတယ်။
ဆူး
November 3, 2010 at 6:04 am
ဖြစ်မှ ဖြစ်ရလေ.. အ သုံး လုံး အဘိုးကြီးတွေ ဒီမှာ ရန်လာဖြစ်နေကြပါလား.. အဘိုးတို့ ရန်မဖြစ်ကြနဲ့ အိမ်က အဘွားကြီး ကျန်းမာရေးကောင်းတယ်.. အိမ်ပြန်ပြီး.. မြေးထိန်းရင်း ဆော့လိုက်ပါအုန်း.. မြေးနဲ့ ပြောတာနော်..
weiwei
December 27, 2011 at 2:57 pm
သူကြီးနဲ့ ကြောင်ကြီးကန့်ကွက်တာကို ကန့်ကွက်ပါတယ် …. 🙂
ဆူး
December 27, 2011 at 3:07 pm
ဟုတ်တယ် လုံးဝ ကန့်ကွက်သင့်တယ်။ အမျိုးသားရေး တာဝန်.. အဲ မှားလို့ အမျိုးသမီးရေး တာဝန် အရ လုံးဝ ကို ကန့်ကွက်ပါတယ်။
နွယ်ပင်
December 27, 2011 at 3:59 pm
အဘိုးတို့ချစ်တက်ပုံများနော် နောက်တစ်ခါ သစ်ကိုင်းနဲ့ညှိရင် အဖွားနာမှာဆိုးလို့ထင်ပါတယ်
နောက်တစ်လမ်းက ပြောင်းပြီးသွားခိုင်းတာ ………. 😛
MaMa
December 27, 2011 at 4:41 pm
အင်းးးးးးးးးးးးးးးးးး ကန့်ကွက်တဲ့အဖိုးကြီးတွေ ကြည့်ရတာ အိမ်ကအဖွားကြီး ရှေ့မှာမို့ ဟန်ရေးပြပြီး ဒို့အရေး အော်ပြနေတာ။ စိတ်ထဲကတော့ အပြည့်အဝ ထောက်ခံနေသလိုပဲ 😆
inz@ghi
December 27, 2011 at 4:53 pm
အဘိုးကလည်း အဘွားကို ..ကြောက်တယ် ကြောက်တယ်ဒဲ့….
အဖေကလည်း အမေ့ ကို ထိတ် တယ် ထိတ်တယ်နဲ့ …
ကိုယ်ကလည်း ဆူးကို …ပြောပါမယ် ….လန့် …အဲ့လေ. .ချစ်ဒယ်……
ခိခိ…
(သည်သီချင်းကို ဂီ ဆိုတယ်လို့ မမှတ်ဘဲ….
အာလဖွား ကြီး ဆူး ၏ ချစ်ချစ်ကြီးနေရာမှ ခံစားနားစဉ်ပေးပါရန်..)
ဆူး
December 27, 2011 at 4:59 pm
တော်သေးတာပေါ့ ဆူး ချစ်ချစ်ကြီး နေရာ မှ ဆိုလို့.. မဟုတ်လို့ကတော့ အဆက်မပြတ် ထွက်နေတဲ့ သေနပ်ထဲက ကျည်ဆန်တွေ မောင်ဂိ ကို ဇကာ ကျအောင် လုပ်ပလိုက်မှာ ဘာမှတ်နေလဲ.. ဟွန့်..
hmee
December 27, 2011 at 6:03 pm
အခုလိုမျိုး ခပ်ဆင်ဆင်တူတဲ့ ဝတ္ထုတို တပုဒ် ဖတ်ဖူးတယ် ဆူးေ၇။ ဆရာဖေမြင့်ရေးတယ် ထင်တာပဲ။ အဖွားကြီးသေလို့ အဖိုးကြီးက ငိုတာ မတိတ်တော့ဘူး။ ဒါနဲ့ ပတ်ဝန်းကျင်က ဝမ်းမနည်းပါနဲ့ အဖိုးရယ်ဆိုပြီး ဝိုင်း နှစ်သိမ့်တော့။ ငါ သူ့အတွက် ဝမ်းနည်းတာ မဟုတ်ဘူး ငါ့အတွက်တဲ့။ ဒီအဖွားကြီး သေရင်စောစောသေတာမဟုတ် သန်တုန်းမြန်တုန်းဆို နောက်တယောက်ထပ်ရဦးမယ်။ အခုလို အိုမှ သေမယ်ဆိုလည်း ငွေတွေ ထားခဲ့ပေါ့ အခုတော့ သူ့ကုရတာနဲ့ကုန်ပြီ။ ဟိုဘက်လမ်းက အဖိုးကြီးဆို အသက်ကြီးပေမဲ့ ငွေရှိတော့ အငယ်လေးရသေးတာ ငါ့မှာတော့ အသက်ကကြီး ငွေမရှိနဲ့ ဘယ်လိုလုပ်နောက်တယောက် ရမှာတုန်း ဒါကြောင့် ငါ့ကိုယ်ငါ သနားလို့ ငိုတာဟဲ့တဲ့။ အဲ့ ဝတ္ထုတိုလေး ဖတ်တုန်းကလည်း သဘောကျလိုက်တာ အရမ်းပဲ။ 🙂
ဆူး
December 28, 2011 at 8:30 am
အဘိုးပြောတဲ့ သူ့ရဲ့ သူငယ်ချင်း မိန်းမသေလို့ ငိုတာ မိန်းမရယ် ငါတော့ ရှုံးပြီ.. ရှုံးပြီ ဆိုပြီး တကယ် အဲလို ငိုတာတဲ့ အမရေ.. ဝတ္တုမဟုတ်ဘူး တကယ် ရှိဖူးတယ်။ အဲဒီ အဘိုးက သူ့မိန်းမ မသေခင်မှာ ဆေးရုံအကြာကြီးတက်ရတယ်။ အမှန်တော့ အဲဒီ အဘိုးကြီး အဘွားကြီးက သူဌေးတွေ ပိုက်ဆံတွေ အများကြီးကုန်သွားတယ် မရှင်ဘူး ဆိုပြီး ရှုံးပြီ ဆိုပြီး ငိုတာ.. သေလို့ ၁နှစ်မပြည့်သေးဘူး နောက်ထပ် မိန်းမ တယောက် ယူလိုက်တယ်။
အခုတော့ အဲဒီ အဘိုးကြီးလည်း သေရှာပြီ.. သူ့ရဲ့ အငယ်လေးလည်း သေပြီ ကြာတော့ ကြာပြီ။
inz@ghi
December 28, 2011 at 8:39 am
အဲ့သည့်အဖိုးဂျီး လူပြန်ဖြစ်တယ်…
အရင်ဘွက ရှုံးခဲ့တာတွေ ကို အတိုးချပြီး ပြန်ရှာမဟဲ့ ဆိုပီး
မာကတ်တင် ပညာ သင်ယူပီး နိုင်ဂျံဂါးမှာ လုပ်စားနေဒယ် လို့
သတင်းအတိအကျ ရဒယ်. …
မိန်းမ ကိုလည်း အတည်ယူရင် အရင်ဘွကလို ရှုံးမှာစိုးလို့ ..
အတည်မယူဘဲ …၃လတန်သည် ၆လတန်သည်
ဝရံတီ ပေးပီးတွဲနေသည် တဲ့ …ခိခိ….
ကြေးမလောင်
December 28, 2011 at 12:27 pm
ဟယ်.. ကြောက်စရာကြီး.. အကြွေးအတင်းလိုက်တောင်းတဲ့ ချစ်တီး ကျနေတာပဲ.. ကောင်မလေးတွေက ဘာအကြွေးများ ယူမိလဲ မသိဘူး။
အံ့ပါရဲ့..
unclegyi1974
December 27, 2011 at 8:37 pm
မိန်းမ မိန်းမဆိုတာ ဘာလဲဗျ သီချင်းကြားဖူးပါတယ်
အခုတော့
သီချင်းပြောင်းဆိုရမလိုဖြစ်နေပြီ
ကြည့်လည်းရေးကြပါအုန်းကွယ်
nature
December 27, 2011 at 8:53 pm
အဖွားအရင်မသေပဲ အဖိုးအရင်သေသွားရင်ကော ဘယ်လမ်းက သွားမယ်လို့ထင်ကြသလဲ။
windtalker
December 27, 2011 at 8:54 pm
၃၉ ဗိုက်ပူကြီး လို များလား မသိ
TTNU
December 27, 2011 at 10:41 pm
အဖွားကြီးပြန်လာတဲ့အချိန်မှာ အိမ်ကိုအရင်မပြန်ဘဲ ခြံအပြင်ကနေ
အကဲခတ်ကြည့်သင့်တယ်၊ ဆက်မငိုတော့ဘဲ သီချင်းဆိုနေသလားဘာလားပေါ့။
ဆူး
December 28, 2011 at 8:35 am
ပျော်နေမယ် မထင်ပါဘူး။ ဇတ်လမ်းထဲမှာ ထိုင်ငိုနေတယ် ဆိုတော့ အတော် ဝမ်းနည်းနေပုံရပါတယ်။ အဖွားကြီးတောင် သနားပြီး ဖက်ငိုလိုက်သေးတယ်။
ကြောင်ကြီး
December 28, 2011 at 10:32 am
တော်တန်တိတ်… အဖွားကြီး၊ အဖိုးကြီးနှစ်ဦးစလုံး မရှိတော့ဘူး၊ ကြောင်ကြီးပဲရှိတယ်။ ယူချင်ယူ၊ မယူချင် သူတို့နောက်လိုက်ကြ….။
ကြေးမလောင်
December 28, 2011 at 12:24 pm
ဥကြောင် က လိုက်သွားမလို့လား။
ရွာထဲမှာ ကြောင်ခေါင်ရှောင် မရှိတော့ပဲ ဖြစ်သွားအုန်းမယ်။
လိုက်နဲ့ အုန်းနော်။